Subscribe:
Tuesday, November 11, 2008
Alphabet တွေမှပြောသောစကားများ
ဒီတစ်ခါတော့ ကိုယ့်နာမည်ကို အင်္ဂလိပ်လို ပေါင်းပြီး သင်ဟာ ဘယ်လိုလူမျိုး၊ ဘယ်လိုစိတ်ဓာတ် ရှိတဲ့လူလဲ ဆိုတာကို ကြည့်ကြရအောင်နော်။ မိမိနာမည်ကို အင်္ဂလိပ်လို ချရေးလိုက်ပါ။ အဲဒီမှာ စာလုံးတစ်လုံး ချင်းစီရဲ့ အဓိပ္ပါယ်လေးတွေကို ဖတ်ကြည့်ရင်း သင့်ရဲ့ စိတ်နေ စိတ်ထားကို သိနိုင်ပါတယ်တဲ့။ ၁၀၀% မှန်ရမယ်လို့ မဆိုလိုပါဘူး။ တိုက်ဆိုင်ရင်လည်း တိုက်ဆိုင်မယ်။စာလုံးတိုင်း စာလုံးတိုင်းမှာ သူ့အဓိပ္ပါယ်နဲ့ သူရှိပါတယ်တဲ့။
ဥပမာ ပြောမယ်နော်၊ အိပ်မက် ဆိုတာကို အင်္ဂလိပ်လို ပေါင်းတော့ DREAM ဒါဆိုရင် သူ့အဓိပ္ပါယ် လေးတွေ ကြည့်ကြ ရအောင်နော်
D-အယုံလွယ်သူ
R-အပေါင်းအသင်းမင်တတ်သူ
E-စိတ်လှုပ်ရှားလွယ်သူ
A-ရင်ထဲခံစားရသည့် အရာကို ထုတ်ဖော် မပြောတတ်သူ
M-ကိုယ်လုပ်ခဲ့သည့် အရာအတွက် အောင်မြင်မှု အလွယ်တကူ ရရှိခံစားနိုင်သူ
ဆိုပြီးသိနိုင်ပါတယ်။
အစအဆုံးဖတ်ချင်ရင်တော့
A-ရင်ထဲခံစားရသည့် အရာကို ထုတ်ဖော် မပြောတတ်သူ
B-အရာရာသတိရှိသူ
C-အရှက်ကြီးသူ
D-အယုံလွယ်သူ
E-စိတ်လှုပ်ရှားလွယ်သူ
F-လူတိုင်းရဲ့ချစ်ခင်ခြင်းကိုခံရသူ
G-အကောင်းမြင်ဝါဒရှိသူ
H-သမာသမတ်မရှိသူ
I-အမြဲပျော်ပျော်နေတတ်ပြီး၊သူတစ်ဖက်သားကိုလည်းပျော်စေတတ်သူ
J-မနာလိုတတ်သူ
K-အသစ်အဆန်းကို အမြဲစမ်းသပ်နေသူ
L-အချစ်ကို ကိုးကွယ်သူ
M-ကိုယ်လုပ်ခဲ့သည့် အရာအတွက် အောင်မြင်မှု အလွယ်တကူ ရရှိခံစားနိုင်သူ
N-အလုပ်အကိုင် အတည်အကျ မလုပ်ချင်ဘဲ ခဏခဏ ပြောင်းတတ်သူ
O-ပွင့်လင်းတတ်သူ
P-ဖော်ရွေတတ်ပြီး နာလည်မှု့ မပေးနိုင်သူ
Q-တစ်ကိုယ်ကောင်းဆန်သူ
R-အပေါင်းအသင်း မင်တတ်သူ
S-စိတ်အပြောင်းအလဲမြန်သူ
T-စိတ်သဘောထား အင်မတန်ကြီးမြတ်သူ
U-အဆင့်အတန်း ခွဲခြားတတ်သူ
V-ခန္ဒာကိုယ်အချိုးအစားပြေပြစ်ချောမောသူ
W-တစ်ကိုယ်တည်းသီးသန့်နေလိုသူ
X-သူများအပြောမခံချင်သူ
Y-အကြောင်းမရှိဘဲ စိတ်ပူပန် တတ်သူ၊စိုးရိမ် ကြောင့်ကြနေသူ
Z-အမြဲရန်လို တတ်သူ၊ပြဿနာတွေကို ဖန်တီးသူ
ဒီလောက်ပါဘဲ။ သင်တို့ နာမည်ကိုလည်း အင်္ဂလိပ်လို စာလုံးပေါင်း ကြည့်ပြီး၊ ကိုယ်ဟာ ဘယ်လိုလဲဆိုတာ သိနိုင်တာပေါ့နော်။
မေးလ်ပေးပို့သည့် နိုင်ငံခြားသား သူငယ်ချင်းတစ်ယောက်ရဲ့ မေးလ်ကို ဆီလျော်အောင် မြန်မာမူ ပြုလိုက်တာပါ။
တစ်စုံတစ်ရာ မှားယွင်းခဲ့သည် ရှိသော် ဘာသာပြန်သူ မက်မက်ခေါ် Dream ၏ညံ့ဖျင်းမူကြောင့်သာ ဖြစ်ပါသောကြောင့် နားလည်ပေး နိုင်လိမ့်မည်ဟု မျှော်လင့်မိပါကြောင်း၊
:) :)
15 comments:
  1. မှတ်သားသွားပါတယ် ညီမလေး...
    ဒါဆိုရင် ဖြိုးဝေအောင် တို့ ဥက္ကာဇော် တို့ကို
    တွက်ပေးထားပါဦးနော်။
    မမ ရဲ့ မောင်ငယ်လေးတွေလေ။
    သဘောကောင်းတယ်။
    လိမ္မာကြတယ်။။ ဟဟ
    သွားတော့မယ်။။ ပြန်ပြီ. ဖွသွားတာလေ။း)
    လာဆူကြလိမ့်မယ်။ အဟီးးး
    ReplyDelete
  2. အင်း A ကဘာလဲကွယ့်
    ReplyDelete
  3. အဟင့် မမ၀ါ ဖွသွားပြီ အဟီး ဟီး ( ငိုတာနော် မသိမှာ စိုးလို့ :D )
    မထူးပါဘူး တီတီဒွင်း အဲ့ဒီနာမည်လေးနဲ့ တွက်ပေးဦးနော် အဟီး ..
    နာမည် ၈ လုံးရှိတာ ၇ လုံး တူတယ်
    တစ်လုံးပဲ မတူတာ
    အဲ့ဒါတောင် မကောင်းလို့ မတူတာ အဟဲ
    နာကွ :P
    ReplyDelete
  4. ဟဟ
    ညီမလေးရေ..နောက်နှစ်ယောက်ကျန်သေးတယ်လာ
    ပြောတာ နေမျိုးဆွေ နဲ့ ကိုရဲ တို့ကိုလဲ တွက်ပေးထားပါဦး ။
    ဟိုကောင်လေးကတော့ နဲနဲဆိုးတယ်။အဟတ်
    ထဖွသွားပြီ.. တာ့တာ
    ReplyDelete
  5. တီတီပယဲနာမည်မှာ G ပါတယ်ကွယ့် အဟီးးး
    ဖတ်ရတာတော့ပျော်စရာကောင်းတယ်
    ကျေးဇူးတင်တယ်နော် မက်မက်
    ReplyDelete
  6. စိုင်းစိုင်းလားရှိုးNovember 12, 2008 at 12:24 AM
    shinyehtut ကိုတွက်ပေးထားပါ မှားလျင် ဆုချမည်။
    ReplyDelete
  7. ဦးနော်ကတော့မှန်တယ်ဗျ..
    တီတီငယ်ကတော့ မမှန်ပေါင်..
    ကယေးယေးကတော့ တိဖူးတိဖူး ဗိုက်ချာဒယ်.. :D
    ခင်တဲ့
    ဦးနော်၊ တီတီငယ်၊ ကယေးယေး
    ReplyDelete
  8. ကောင်းပါ့ဗျာ။ ဒါမျိုးလေးတွေ အမြဲတမ်းတင်ဆက်နေတော့ ကိုတို့ဗဟုသုတတွေ တိုးပွားရတာပေါ့နော်။ ကျေးဇူးတင်၏။
    ခင်မင်တဲ့
    တက်လူငယ်...
    ReplyDelete
  9. L-အချစ်ကို ကိုးကွယ်သူ
    A-ရင်ထဲခံစားရသည့်အရာကို ထုတ်ဖော်မပြောတတ်သူ
    M-ကိုယ်လုပ်ခဲ့သည့် အရာအတွက် အောင်မြင်မှု အလွယ်တကူရရှိခံစားနိုင်သူ
    I-အမြဲပျော်ပျော်နေတတ်ပြီး၊
    သူတစ်ဖက်သားကိုလည်းပျော်စေသောသူ
    N-အလုပ်အကိုင် အတည်အကျ မလုပ်ချင်ဘဲ ခဏခဏ ပြောင်းတတ်သူ...
    မှန်တယ်လို့ ပြောရမှလား ..မှားတယ်ပြောရမယ်
    စိတ်ပျော်ရွှင်စရာလေးပါ
    မီးလေးကျေးဇူးနော်
    ReplyDelete
  10. ဒါဆိုရင်အိမ်က ရင်ထဲခံစားရသည့် အရာကို ထုတ်ဖော် မပြောတတ်သူ၊ အဆင့်အတန်း ခွဲခြားတတ်သူ၊
    အလုပ်အကိုင် အတည်အကျ မလုပ်ချင်ဘဲ ခဏခဏ၊
    အကောင်းမြင်ဝါဒရှိသူ၊ တစ်ကိုယ်တည်းသီးသန့်နေလိုသူ၊
    ရင်ထဲခံစားရသည့် အရာကို ထုတ်ဖော် မပြောတတ်သူ၊
    အမြဲပျော်ပျော်နေတတ်ပြီး၊သူတစ်ဖက်သားကိုလည်းပျော်စေ
    ဖော်ရွေတတ်ပြီး နာလည်မှု့ မပေးနိုင်သူ၊
    သမာသမတ်မရှိသူ၊ အကြောင်းမရှိဘဲ စိတ်ပူပန် တတ်သူ၊စိုးရိမ် ကြောင့်ကြနေသူ၊ ပွင့်လင်းတတ်သူ
    ကြီးဖြစ်နေပြီပေါ့နော
    ReplyDelete
  11. J ဆိုကတည်းက မနာလိုတတ်သူ ဆိုပဲ...
    တိန်ခနဲနေအောင် ထိတာပဲဗျာ။ Joyလို့ ဘာလို့များ မရေးလဲ မသိဘူးနော်။ ဟဟ...
    ReplyDelete
  12. DREAM ရေ---
    လာဖတ်သွားပါတယ်---
    ဗဟုသုတ--တယ်စုံတဲ့ မိန်းခလေး
    စာစုံဖတ်တာကောင်းတာပေါ့--
    ဒီပိုစ့်လေးက တမျိုးပျော်စရာကောင်းပါတယ်---
    ReplyDelete
  13. ဘာပဲဖြစ်ဖြစ် ဒါလေးက အပျင်းပြေသလို သုတလည်းရပါတယ်။ ဒါမျိုးလေးတွေ ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။
    ReplyDelete
  14. မှန်ပါပေတယ် တူမကြီး ... တော်တယ် မုန့်ကျွေးမယ်
    ခင်မင်လေးစားစွာဖြင့်
    ReplyDelete