Subscribe:

Sunday, June 28, 2009

ခရီးသွားရင်းကုသိုလ်ယူပါ







Hey you , over there

Don't cut queue, don't you dare

Wait your turn to board the train

What's the rush

There's no train



Hey you, pretending to sleep

Nodding and drooling on the reserved seat

Not pregnant, old or really in need

Excuse me

While i give you a kick !



Hey you, standing there

Next to the door without a care

There's space behind, can't you see

Please move inside, don't block me

Before you go in , let them out

Before you sit , look around

Just got on? move to the back

A happy journey starts like that



Before you go in , let them out

Before you sit, look around

Just got on ? move to the back

A happy journey starts like that

A happy journey starts like that

A happy journey starts like that



Every one listen

Be gracious

Thank you



စင်္ကာပူ နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး မီးရထား (MRT ) နှင့် Bus တွေမှာ အချိန်တိုင်း ခဏခဏ ကြော်ငြာပေးနေတဲ့ နိုးဆော်စာလေးပါ။ သက်ကြီးရွယ်ကြီး၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင် နှင့် မသန်မစွမ်းတွေကို ထိုင်စရာ နေရာ ဦးစားပေးဖို့နဲ့ အတက်အဆင်းမှာ စောင့်ဆိုင်းပြီးမှ အတက်အဆင်း လုပ်ဖို့ကို အမြဲသတိပေး နေတာပါ။



စင်္ကာပူက ဟာသမင်းသား Phua Chu Kang ကRap စာသားလေးနဲ့ Happy Journey Starts Like That ဆိုပြီးသီချင်း ဆိုပြတော့ အဲဒါလေးကို ကြည့်ပြီး မြန်မာနိုင်ငံက လိုင်းကားတိုးစီး ကြရတဲ့ လူတွေကို မျက်စိထဲ ပြေးမြင်မိပြီး တစ်ယောက်ထဲ ပြုံးမိပါသေးတယ်။



သံဃာတော်များ အတွက်သာ သို့မဟုတ် သံဃာတော်များ ဦးစားပေးပါ ဆိုတဲ့စာကပ် ထားပေမယ့် မတ်တပ်ရပ် တွယ်စီးနေ ကြရတဲ့ မယ်သီလရှင်နှင့် သံဃာတော်တွေ၊ အမျိုးသမီးများကို ဦးစားပေးပါ ဆိုပြီး ထိုင်နေတဲ့ သူတွေက ယောင်္ကျားသားများ၊ ဆူးလေဘုရား မြို့တော်ခန်းမ နားက ဘတ်စ်ကားဂိတ်မှာ နေရာတစ်ခု ရဖို့ ပစ္စည်းတွေ ကားပေါ်ပစ်တင်ပြီး သူသူငါငါ အလုအယက် တိုးတက်နေတဲ့ ရဟန်းရှင်လူ ယောင်္ကျား ၊မိန်းမများ။



ဒီနေရာမှာ ယောင်္ကျားတော်တော် များများက မိန်းကလေးတွေကို ဦးစားပေးရမှန်း မသိဘဲ အလုအယက် ထိုင်ခုံဦး ကြတာကို ကိုယ်တွေ့ကြုံ ခဲ့ရပါတယ်။ အဲဒီအခါတုန်းက ယောင်္ကျား တစ်ယောက်ပေါ့ဗျာ ကားပေါ်ကို မက်မက်အရှေ့က အတင်းတိုးလုပြီး တတ်တော့ အဲဒီသူကို တစ်ချက်ပဲ စေ့စေ့ကြည့်ပြီး ကိုယ်ကပဲ သူ့ကို ဦးစားပေး ပြီးတတ်ခိုင်း လိုက်ပါတယ်။ စိတ်ထဲကတော့ အော်....သူတို့က စိုးရိမ်ရတဲ့ သတ္တ၀ါကိုးလို့ ရေရွတ်မိပါတယ်။ (ယောင်္ကျား အားလုံးကို မဆိုလို ပါဘူးနော်။ စာနာသနား ဦးစားပေး တတ်တဲ့သူတွေလဲ ရှိပါတယ်။ဒါပေမယ့် ရှိတော့ရှိတယ် ရှား(နည်း)တယ်။ အဟဲ....ကြာနီကန် ဆရာတော် လေသံနဲ့ ပြောလိုက်တာ။ :P တော်နေ ရန်လာတွေ့ မှာစိုးလို့။ အဟတ်.... :P



မြန်မာနိုင်ငံမှာလည်း လူတိုင်းလူတိုင်း နိုင်ငံကြီးသား ပီသလာအောင် မထသ ကဦးစီး ကွတ်ကဲပြီး အခုလို လူတွေသိသင့်ရမယ့် လိုက်နာရမယ့် အကြောင်းလေး ကိုရိုက်ပြပြီး MRTVကဖြစ်ဖြစ်၊ MWD ကဖြစ်ဖြစ် အမြဲတမ်း ထုတ်လွင့် ပြသမယ် ဆိုရင်ဖြင့်.......အဟမ်းအဟမ်း..... :P



ကဲ...မိတ်ဆွေ ခရီးအကွာအ၀း အနီးအဝေး မကြည့်ဘဲ သင်လဲ တစ်ပါးသူကို နေရာပေး တတ်ပါစေ ။ ဘယ်ကိုပဲ သွားသွား ခရီးသွားရင်း ကုသိုလ်ယူလို့ ရပါတယ်နော့်။




21 comments:

  1. ဟုတ်တယ် မက်မက်ရေ. အဲဒိလိုပဲ အားနွဲ့ရှာသူမို့ ထိုင်ခုံကို ဦးစားပေးထိုင်လိုက်ရတဲ့ အဖြစ် ရန်ကုန်မှာ နေစဉ်က ခဏခဏ ကြုံရပါတယ်။

    ReplyDelete
  2. ခရီးသွားရင်း ကုသိုလ်ယူ ဆိုသလို စာဖတ်ရင်းလည်း ကုသိုလ်ယူလိုက်ပါတယ် .. မငုံကို ဦးစားပေးပြီး ၁ ပေးလိုက်ပါတယ် .. :P

    သူများဆိုရင်တော့ ဖယ်ပေးမယ် .. မမမို့မက်တော့ မရဘူး ... အတင်းပိတ်ထားမှာ ... :D

    ထင်လား အဲလို ... ??
    ဘယ်လုပ်ပါ့မလဲ ... လွယ်အိတ်ပစ်တင်ပြီးကို နေရာဦးပေးမှာ ... :D

    နေဒေးသစ်။

    ReplyDelete
  3. ကျွန်တော်က ရှားတယ်ဆိုတဲ့ လူထဲမှာပါတယ် အစ်မ မှတ်ထားအုံး.....
    တကယ်ပြောတာ မယုံမရှိနဲ့ ဂဋ္ဌုန်ငပိချက် :P

    ReplyDelete
  4. ဟုတ်ပါ့ဗျာ အဟေဟေ

    ReplyDelete
  5. လန်ဒန်မှာတော့ ကိုယ်ဝန်ဆောင်တွေ မသန်မစွမ်းတွေနှင့်လူကြီးလူအိုတွေကို ယာဉ်ပေါ်မှာ ဦးစားပေးလေ့ရှိပါတယ်။
    မက်မက်လာခဲ့လေ။ ဦးစားပေးပေးမယ်။ အဟီး။

    ReplyDelete
  6. အခုလက်ရှိ ခေတ်ကြီးက
    ကောင်းတာလုပ်ဖြစ်ဖို့ သင်ပေးကြရတယ်နော်...
    မကောင်းတဲ့ အလုပ်ကြတော့ သင်ပေးစရာမလိုဘဲနဲ့ကို လုပ်တတ် လုပ်ချင်နေကြတယ်။

    ReplyDelete
  7. ညီမလေးရေ
    ငယ်ပေမဲ့ အတွေးအခေါ်ကောင်းလေးရှိတာလေးစားမိပါတယ်။
    လူတိုင်းသာအဲလိုတွေးတတ်ရင်လောကကြီးပိုလှပလာမှာ။သိလား။

    ReplyDelete
  8. အင်း
    တခါတလေတော့လည်း စိတ်ဆိုးမိတယ် ..
    တခါတလေတော့လည်း သူတို့လည်း ခရီးဝေးသွားရမှာမို့ထင်ပါတယ်လို့ တွေးပေးလိုက်ပါတယ် ဒွင်းရယ်
    စလုံးက သရုပ်ဆောင်တွေကိုတော့ ကြည့်ရတာ ဘယ်လိုမှအဆင်မပြေဘူး .. ဟီး :D

    ReplyDelete
  9. မက်မန်းသီး က ကုသိုလ်တွေပဲ ဇွတ်လုပ်နေတယ်။ သာဓု သာဓု ။ ရှားတယ် ထဲမှာ ပါတယ် :)

    ReplyDelete
  10. ဒီပို့စ်လေးကိုဆတ်ရင်း ကုသိုလ်ယူသွားပါတယ်...။

    ဘာပဲဖြစ်ဖြစ် မေ့လျော့နေတာလေးတွေ သတိထားအောင် ရေးပြပေးသလိုပါပဲ....

    ခင်မင်စွာဖြင့်
    ဂျစ်

    ReplyDelete
  11. အင်း...ဟုတ်တယ်နော်...အဲ့ဒါလဲ ကုသိုလ် တစ်မျိုးပဲ...နောင့် ဆိုရင် reserve seat ဆိုရင် နေရာလွတ်နေတာတောင် သွားမထိုင်ရဲဘူး...။ ကိုယ်ထိုင်နေတဲ့ နေရာက priority seat မဟုတ်ပေမယ့် အဘွား၊ အဘိုးတွေ တတ်လာရင် အဲ့လိုနေရာက လူတွေက မျက်နှာပြောင်နဲ့ ဆက်ထိုင်နေလို့..မနေနိုင်တဲ့ ကိုယ် ဖယ်ပေးရတာက ခဏခဏ.. ဒါပေမယ့် မက်မက် ပြောသလို အဲ့ဒါလဲ ကုသိုလ် တစ်မျိုးပဲလေ...။ ကောင်းတဲ့ ပိုစ့်လေး ပါပဲ..။

    ReplyDelete
  12. ချစ်ကုသိုလ်လုပ်သမျှ မောင် ပါဝင်ပါတယ်

    ချစ်ချစ်ကိုချစ်လွန်းတဲ့

    မောင်ချစ်တဲ့ချစ်ချစ်ရဲ့မောင်

    ဖွတ်ချိန်

    အဟီးး

    ReplyDelete
  13. ဆရာတော် ဦးကောသလ္လပြောသလိုပါပဲ။ နာရီဝက်စာ တစ်နာရီစာ ထိုင်ခုံလေးကိုမှ လက်မလွှတ်တတ်ရင်.....................

    ReplyDelete
  14. စိုင်းစိုင်းလားရှိုးJune 29, 2009 at 3:45 AM

    ကဲနေရာ ပေးလိုက်ပြီဗျာ....

    ReplyDelete
  15. ကဗျာလေးတွေ့လို့ လာဖတ်တာပါ၊

    စင်္ကာပူကို လွမ်းသွားတယ်၊ Phua Chu Kang ကို လဲ သတိရလိုက်တာ၊

    ကုသိုလ်မယူတတ်တဲ့ လူတွေ မျက်စိထဲ မြင်သွားလို့လဲ ပြုံးတော့ပြုံးမိပါတယ်

    ReplyDelete
  16. လမ်းသွားရင်း ခ၇ီးလျှောက်ရင်း ကုသိုလ်ယူတတ်အောင် လာ သင် ပါတယ် ဗျာ။

    ငြိမ်းချမ်းပါစေ။

    ဥပသကာ

    ReplyDelete
  17. သီဟသစ်June 30, 2009 at 8:46 AM

    မက်မက်ရေ

    ကုသိုလ်ယူမှာပေါ့ကွယ်
    ဒီသီချင်းကြီးကတော့ MRT သွားတိုင်းကြားရလို့ မုန်းနေပြီ
    :D


    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  18. ဟုတ်တယ်ဗျာ။ ဦးစားပေးရမှာပေါ့။ မှန်ပါတယ်ဗျာ။

    ReplyDelete
  19. အင်း ကားစီးတာပဲဖြစ်ဖြစ် ရထားစီးတာပဲဖြစ်ဖြစ် ရပ်ပြီးစီးတာ အပြောလွတ်တယ် နောက်ဆို မတ်တပ်ရပ်ပြီးစီးတော့မယ် ကုသိုလ်လည်းရသွားတယ် အပြောအဆိုလည်းလွတ်တယ် အမြင်လည်းရှင်းတယ်
    ဂျီးထော်မတ် ဟုတ်တယ်နော်

    ReplyDelete
  20. အားလုံးပြောသလိုပဲ ပီားပီား အကျိုးရှိတဲ့ ပိုစ်လေးကို လာဖက်သွားပါတယ် မမမက်မက်။ အာဝါးးးးးးးးး

    ReplyDelete