တစ်နေ့မှာ မိခင်ဖြစ်သူ ခြင်္သေ့မကို သားဖြစ်သူ ခြသေ့င်္လေးက မေးပါတယ်။ အမေ သားတို့ရဲ့ ပျော်ရွှင်မှု ဆိုတာ ဘယ်မှာလဲ?ဒီိအခါမှာ မိခင် ခြင်္သေ့မက ပျော်ရွှင်ခြင်းဆိုတာ သားရဲ့ အမြီးပေါ်မှာ ပေါ့လို့ပြန် ဖြေသတဲ့။
ဒါနဲ့ခြင်္သေ့လေးက သူ့ရဲ့အမြီးကို ဖမ်းယူနိုင်ခဲ့ရင် ပျော်ရွှင်မှု ဆိုတာကို သူပိုင်ဆိုင် နိုင်မယ်ထင်ပြီး ဖမ်းကာယူ ပါတော့တယ်။ ဒါပေမယ့် တစ်နေ့လုံး အမြီးကို ဖမ်းယူကာ ဆော့ကစား သော်လည်း အမေပြောတဲ့ အမြီးပေါ်မှာ ရှိတယ်ဆိုတဲ့ ပျော်ရွှင်ခြင်း ဆိုတာကို ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။
ဒါကို အမေဖြစ်သူ ခြင်္သေ့မကြီးကို ပြောပြတော့ ခြင်္သေ့မကြီးက သား ပျော်ရွှင်ခြင်း ဆိုတာ တကူးတက ခက်ခက်ခဲခဲ လိုက်ရှာနေစရာ မလိုပါဘူး။ သားရဲ့အမြီးကို လှုပ်ရမ်းနိုင်သလောက် စောင့်ရှောက်လှုပ်ရမ်း နေခြင်းဖြင့် သားရဲ့ပျော်ရွှင်ခြင်း ဆိုတာဟာ သားနဲ့ အတူရှိ နေတာပေါ့လို့ ပြန်ဖြေသတဲ့။

ကဲ...ပုံပြင်လေးကတော့ ဒါလောက်ပါပဲ။ တကယ်တော့ ပျော်ရွှင်ခြင်း ဆိုတာ တမင်တကာ ဖန်တီးလုပ်ယူ လို့ရတာ မဟုတ်ပါဘူး။ ကိုယ်ပိုင်ဆိုင်တဲ့ ဘ၀လေးမှာပဲ ရောင့်ရဲကာ စိတ်ချမ်းသာအောင် နေခြင်းဖြင့် ပျော်ရွှင်မှု ဆိုတာကို ခံစားရမှာပါ။ လူသားတိုင်း ကိုယ့်ရဲ့ပျော်ရွှင်ခြင်း အစစ်အမှန်ကို ရှာဖွေနိုင် ကြပါစေ။
**သင့်ရဲ့ဘ၀ကို အတိုအရှည် ရွေးချယ်လို့ မရပါဘူး ၊ဒါပေမယ့် သင့်ဘ၀ကို ဘယ်လိုနေထိုင် ရမလဲ ဆိုတာကို
သင်စေစား ညွှန်ကြားလို့ရ နိုင်ပါတယ်။
**သဘာဝရဲ့ ရာသီဥတုကို သင်ထိန်းချုပ်လို့ မရပါဘူး၊ ဒါပေမယ့် သင့်ရဲ့စိတ် အခြေအနေ ကိုတော့သင် ထိန်းချုပ်လို့ ရနိုင်ပါတယ်။
**သင့်ရဲ့ထင်မြင် ယူဆချက်(သို့) ရှုမြင်ပုံတွေကို ပြောင်းလဲလို့ မရပါဘူး၊ ဒါပေမယ့် သင်ပြုံးနေ နိုင်ပါတယ်။
**တစ်ပါးသူကို သင်ထိန်းချုပ် လို့မရပါဘူး၊ ဒါပေမယ့် သင့်ကိုယ်သင်တော့ ထိန်းချုပ်လို့ ရပါသေးတယ်။
**မနက်ဖြန် (သို့) အနာဂတ်ကို သင်ကြိုမမြင် နိုင်ပါဘူး။ ဒါပေမယ့် ယခုပစ္စပ္ပုန် အချိန်ကို လိမ္မာပါးနပ်စွာနဲ့
သင်အသုံးချ နိုင်ပါသေးတယ်။
**အရာရာကို အောင်မြင်မှု သင်မရ နိုင်ပါဘူး ၊ ဒါပေမယ့် သင့်ရဲ့ ကြိုးပမ်းမှုတွေ၊ ရည်ရွယ်ချက်တွေကို အထမြောက်အောင် အကောင်းဆုံး ကြိုးစားဆောင်ရွက် နိုင်ပါတယ်။
သင်နှင့်တကွ လူသားအားလုံး မိမိရဲ့ နေ့စဉ်လူနေမှု ဘ၀မှာ အကောင်းဆုံးနဲ့ ထာဝရ ပျော်ရွှင်မှု ကိုလက်ဝယ် ပိုင်ဆိုင် နိုင်ပါစေ။

အင်း ... ၁ ယူကြည့်ဦးမယ် ... :D
ReplyDeleteပျော်ရွှင်မှုဆိုတာကို လက်ဝယ်ပိုင်ဆိုင် ရရှိနိုင်ဖို့ ဘာတွေ လိုအပ်နေပြီလဲဆိုတာ သိခဲ့ရပါပြီ ...
ReplyDeleteဆင်ခြင်ကြည့်မယ် ..
ကြိုးစားကြည့်မယ် ..
အကောင်းဆုံးနဲ့ ပျော်ရွှင်မှု အမြင့်မားဆုံး ဘဝတစ်ခုဖြစ်အောင် နေထိုင်ပုံဖော်ကြည့်မယ် ...
နေဒေးသစ်။
စာလာဖတ်ပါတယ်။
ReplyDeleteပျော်ရွှင်ချမ်းမြေ့ပါစေ။
မောင်မောင်
ပုံပြင်လေးတွေ ဗဟုသုတတွေ
ReplyDeleteမျှဝေပေးလို့ ကျေးဇူးပါဘတ်ဘတ်ရေ
ခင်တဲ့
ဝသန်
ဟုတ်တယ်နော့
ReplyDeleteဟုတ်တယ်
ပျော်ရွှင်မှု ပျော်ရွှင်မှု
ReplyDeleteပျော်ရွှင်မှုဟာ ပျော်ရွှင်မှုမှာဘဲ ရှိပါလားနော်။
ပျော်ရွှင်မှုဆိုတာလား
ReplyDeleteပျောက်ဆုံးနေတာကြာပေါ့
ခေါင်းလဲ မမိ အမြီးလဲစမ်းလို့မရတဲ့ ပျော်ရွှင်မှုတွေ
ဘယ်အချိန်ပြန်ရမလဲတော့မသိ
မျှော်နေမိပါသေးတယ်
တစ်ချိန်ချိန်ပေါ့ ပြန်ရမယ်လို့မျှော်လင့်ပါတယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ပျော်ရွင်မှုကို ဆိုတာ ကိုယ်တိုင်ဖန်တီးယူရမဲ့အရာတွေ
ReplyDeleteပဲမဟုတ်လား။ အားလုံးကို ကျေနပ်နိုင်မယ်ဆိုရင်
ဘဝဟာ နေပျော်ပါတယ်။ ပျော်ရွှင်ခြင်းကို ရှာဖွေတင်
ပြပေးထားတဲ့ မက်မန်းသီး ကို ကျေးဇူးပါ။
ခင်မင်ခြင်းနှင့်
ဦးဦးအလည်လွန်
ဟယ်.. ကြည့်စမ်း.. အမြီးဖမ်းနေတာကိုး.. (င်္ခြသေ့ကလေး)
ReplyDeleteဟဲဟဲ နောက်သွားတယ်..
အင်းးပြောကြည့်မယ် မမပျော်ရွှင်မှုဆို ညီမ အတွက်တော့ လုပ်ချင်တာ လုပ်ပြီး ကဲချင်တာ ကဲလို့ ရရင် အဲဒါ ပျော်ရွှ့င်မှုပဲ ဟုတ်ဘူးလား
ReplyDeleteနောက်ထပ်ပျော်ရွှင်မှု တခုပြောပြမယ် ကိုရီးယားသွားပြီး ကိုရီးယားကောင်လေးတွေကို အာဘွားပေးနိုင်မယ်ဆိုရင်လေ မဟာပျော်ရွှင်မှုပဲ ဟေးးးးးးးး ဟားဟားးးးးး
ဘိုင် တာ့တာ ယောင်းလေးရေ ပျော်ရွှင်ပါစေ ယောင်းလေးနော်
ပျော်ရွှင်မှု့ကို ဘယ်လိုယူသင့်တယ်ဆိုတာ မှတ်သွားတယ်။ မက်မက်ရေ
ReplyDeleteဒွင်းရေ ..
ReplyDeleteဖတ်ပြီး မှတ်သွား၏ :D
ပျော်ရွှင်ပါစေ
**မနက်ဖြန် (သို့) အနာဂတ်ကို သင်ကြိုမမြင် နိုင်ပါဘူး။ ဒါပေမယ့် ယခုပစ္စပ္ပုန် အချိန်ကို လိမ္မာပါးနပ်စွာနဲ့
ReplyDeleteသင်အသုံးချ နိုင်ပါသေးတယ်။ ဒီစာသားလေးကို အကြိုက်ဆုံးပဲမက်၂ရေ
ပျော်ရွှင်မှုကို တစ်ကြိမ်မျှလောက်တော့ ကြုံဖူးချင်တယ်။
ReplyDeleteပျော်ရွှင်မှုကိုဘယ်လိုယူရလည်းဆိုတာကိုဖတ်သွားတယ် တီတီလေး မက်မက်ရေ အဆင်ပြေပျော်ရွှင်ပါစေနော်။
ReplyDeleteခင်မင်လျက်
ကိုတိုးလေး
မှတ်သားသွားပါတယ်ဗျား...။
ReplyDeleteကျွန်တော်ကတော့ ပျော်ရွင်ချင်းကိုဘာနဲ့သတ်မှတ်ရင်
ReplyDeleteကောင်းမလဲဆိုတာကိုတွေးနေတယ်။ အခုရက်ပိုင်းအတွင်း
စိတ်ညစ်နေလို့။ အဟဲ
တီမက် :( တူလေးကိုလည်း ပျော်ရွှင်မှုတစ်ခုလောက် ပြောပြပေးပါလား ။ နော် ပျော်ရွှင်မှုဆိုတာကို ခံစားချင်တရ် ။ ပျော်ရွှင်မှုဆိုတာကို ကြုံဖူးချင်လိုက်တာ ....
ReplyDelete(ကိုရဲ)
အိမ်ရောက်ရင် အမေ့ကို ပြန်မေးရအုံးမယ် ....
ReplyDeleteသားမှာ အမှီးပါလားလို့ ... :D