Subscribe:

Monday, June 8, 2009

ဒွိဟစိတ်


စားမယ် ၊ မစားဘူး။
သွားမယ် ၊ မသွားဘူး။
နားမယ် ၊ မနားဘူး။
အိပ်မယ် ၊ မအိပ်ဘူး။
ခေါ်မယ် ၊ မခေါ်ဘူး၊
နေမယ်၊ မနေဘူး။
ပြောင်းမယ် ၊ မပြောင်းဘူး။
ချစ်တယ်၊ မချစ်ဘူး။
မုန်းတယ် ၊ မမုန်းဘူး။
ပျော်တယ် ၊ မပျော်ဘူး။
စိတ်ညစ်တယ် ၊ စိတ်မညစ်ဘူး။


((((((((( အား)))))))))))))))))))

မသိတော့ဘူး ၊ ဘာမှကို မသိတော့ဘူး :( စိတ်ရှုတ်လာပြီ။ဘာလုပ်ရင် ကောင်းမလဲ ? Yes Or No တစ်ခုခုတော့ လုပ်မှဖြစ်မယ် ။ ပြောကြပါဦး။

21 comments:

  1. ခေါ်ဘူး ခေါ်ဘူး ခေါ်ဘူး ခေါ်ဘူး ခေါ်ဘူး ခေါ်ဘူး ခေါ်ဘူး
    ပျင်းလို့ ဆော့ကြည့်တာ :D တီမက် ချိတ်ညစ်နေတာလား .. ညစ်နဲ့ ညစ်နဲ့ ကိုဖိုးချိန် မျောက်က ကပြမယ်တဲ့ :D

    ReplyDelete
  2. ပြောမယ်... ဘာလုပ်ရမယ်ဆိုတားးးးးးးး
    “လုပ်မယ်၊ မလုပ်ဘူး”
    အဲဒိ တစ်ခုကျန်သေးတယ် ..... အဲဒါပဲလုပ် ... ဟီး။

    ReplyDelete
  3. စားချင်စား
    သွားချင်သွား
    အိပ်ချင်အပ်
    မခေါ်လဲနေ
    မနေချင်လဲပြောင်း
    မချစ်လဲဖြစ်တယ်
    မုန်းလဲစိတ်မဆိုးဘူး
    ပျော်လဲဂရုမစိုက်ဘူး
    စိတ်ညစ်ရင်လဲ ထိုင်အော်နေ
    ဒါဖဲ
    ရက်ချင်ရက်
    နိုးချင်နိုး
    လုပ်ချင်တာလုပ်
    ဒါဖဲ
    ဒါဖဲ
    ချစ်ချစ်ရဲ့ဖွတ်ချိန်

    ReplyDelete
  4. အာဗွားးးးးးး ချစ်ယောင်းမက်ရေ ညီမလဲ ဘာလုပ်ရမှန်းမသိဘူးကွယ် လေတယ် ဂယ်ပဲ ရာသီဥတုကြီးကလဲ မှိုင်းမှိုင်းကြီး လူကို ပိုပြီး မျက်ရည်ဝဲစေတယ် ယောင်းရယ် အကြံလေးပေးပါဦး ဘာလုပ်သင့်သလဲ လို့ အဟင့် ပြောရင် ငိုချင်လာပြီ ရွှတ် (နှစ်ညှစ်သံ)
    သွားပြီနော် ပြောရင်း သူများအိမ်ညစ်ပတ်တော့မယ် ညီမ လုပ်တာနဲ့တင် ဟိဟိ
    ဘိုင်

    ReplyDelete
  5. မက်မက်လေး ချစ်တယ်/မချစ်ဘူးဆိုတဲ့ကိစ္စမှာတော့ ဒွိဟမဖြစ်နဲ့နော်၊ ဒွိဟဖြစ်ရင် အပျိုကြီးဖြစ်ပီသာမှတ်။ အဟတ်--အဟတ်--

    ReplyDelete
  6. ဘာဖြစ်နေတာလဲမက်မက်ရေ...တူမလေး စိတ်ရှုပ်အောင် ဘယ်သူလုပ်...းD

    ReplyDelete
  7. Yes (or) No တစ်ခုတော့ဖြစ်မယ်
    No ဆိုရင် သဇင်ကိုကြိုက်တယ်
    (Noအဖွဲ့ထဲ့ကသဇင်တော့ မဟုတ်ဘူး ကျွန်တော့်နှလုံးသားထဲက သဇင် )
    အဟိ... ကြွားသွားတယ်

    ReplyDelete
  8. စားမယ် အိပ်မယ် သွားမယ် :P

    ReplyDelete
  9. သက်တန့်June 9, 2009 at 4:30 AM

    မက်မက်ရေ...
    ရက်စ် အော် နိုး...
    ဒူး အော် ဒိုင်း... ;)

    ReplyDelete
  10. မက်မက်ရေ လာလည်တယ်၊ လာမလည်ဘူး :)

    ReplyDelete
  11. ဒွိဟ တိဟ စတုဟလေးတွေ ထပ်မလာလို့ တော်သေးတယ်။

    ReplyDelete
  12. ဘတ်ဘတ်ရေ
    မန့် မယ် မမန့် ဘူး
    ပြောမယ် မပြောဘူး
    ဂွတ်တယ် ဂွတ်ဘူး
    ဘာတွေလဲသိတယ်
    ဘာတွေမှန်းကို မသိတော့ဘူး
း)

    ReplyDelete
  13. အဲ့ဒါလေ ဘာဖြစ်နေတယ်ထင်လည်း သိလား
    ရူးကြောင်မူးကြောင်ဖြစ်နေတာ
    ခမည်းလိုတယ် သိလား ဂျီးထော်မတ်ရ
    ဘွားထော်မတ်က ပိုသိတယ်
    သူ့ ဟာသူ့ ကွန်နက်ရှင်လိုင်းလေးမကောင်းတိုင်း
    ကော်နက်ရှင်ရယ် ပြုတ်ကျတော်မူပါ
    အိမ်တစ်ကာနာမည်လိုက်ဖျက်လွန်းလို့ ပါ
    အရှင်သာ မျက်နှာသာလိုက်ရင် ဘလောက် ရွာရှိလူများအားလုံး သေဖွယ်ရာပဲဖြစ်ပါတော့တယ်

    ReplyDelete
  14. တူမတော်ရေ ကျနော့်မှာ လည်း ဒွိဟတွေနဲ့ ပါ ဗျာ

    Http://upasaka969.woardpress.com

    ReplyDelete
  15. အဲဗျား.. ဟီး.. ဘယ်လိုဖြစ်တာလဲဟင်..း)

    ReplyDelete
  16. ပြောမယ်.. ပြောဘူး..
    အဲလေ..
    ယောင်ကုန်ပြီ..

    ReplyDelete
  17. ကိုတိုးလေးJune 10, 2009 at 1:40 AM

    yes or No တစ်ခုတော့ဖြစ်မယ်နော်သိလား မင်းမော်ကွန်းသီချင်းဆိုသွားတယ် အဆင်ပြေပါစေနော်။ စားမယ် အိပ်မယ် လည်မယ်။

    ReplyDelete
  18. မဟာဆန်June 11, 2009 at 1:37 AM

    လျှောက်လည်မယ် ၊ ဘလော့ဂင်းမယ် ဆိုရင်တော့ ဒွိဟ ဖြစ်မှာ မဟုတ်ဘူး...တစ်ခုတည်းကို သေသေချာချာ ဆုံးဖြတ်နိုင်မှာ သေချာတယ်...ဟီး

    ReplyDelete
  19. အကျယ်ကြီးမအော်နဲ့လေ တိုးတိုးအော် သူညားတွေကြားကုန်ပြီးရယ် ဒီကလေး သိပ်ငိုတာပဲ ချော့တော့ဘူး ဟွင့်

    ReplyDelete
  20. မန့်မယ်.... မမန့်ဘူး... :P

    ReplyDelete