လူ့ဘ၀မှာ လူတွေဟာ ဖြစ်ချင်တာတွေ မဖြစ်ရ ၊ မဖြစ်ချင်တာတွေ ဖြစ်ရနဲ့ ကံကြမ္မာရဲ့ လှည့်ကွက် ဇာတ်ခုံကြီးမှာ ပျော်ပျော်ကြီး ကနေကြ ရတာပေါ့။ဘ၀ဟာ တစ်ခါတစ်ခါ ကော်ဖီခါးခါး တစ်ခွက်လို ဖြစ်ပြီး တစ်ခါတစ်ခါ ၀ိုင်တခွက်လို ပျင်းရှတတနဲ့။ ပူလောင်မှုတွေ ဆင်းရဲမှုတွေနဲ့ လုံးလည်လိုက် နေရတယ်။ပုထုဇဉ်လူသားတို့ရဲ့ ထုံးစံအရ ဆန္ဒနဲ့ ဘ၀ဟာ တစ်ထပ်ထဲ မကျတဲ့အခါ အလိုမကျတာတွေ ၊ မကျေနပ်တာတွေ ။ကြုံကြ ဆုံကြ ရတော့တာပဲ။အလိုပြည့် တဲ့အခါ ပျော်ကြ ၊ မော်ကြနဲ့ အမျိုးမျိုး အဖုံဖုံပါပဲ။
ဒီတော့ လူသားအားလုံးမှာ သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒ ရှိသလို မက်မက်မှာလဲ ရှိတာပေါ့။ လူသားထဲက လူသားတစ်ယောက် ဖြစ်တဲ့အတွက် လောဘလဲ ရှိတယ်၊ ဒေါသလဲ ရှိတယ်။ မောဟနဲ့လည်း ပြည့်နေတာပဲ။ ဒါတွေကိုပဲ စွန့်လွတ်ဖို့ မတတ်နိုင်တော့ အသိတရားနဲ့ ယှဉ်ပြီးနည်းပါးအောင် ပဲလုပ်လိုက် ရပါတယ်။
မက်မက်က ကိုယ်ဖြစ်ချင်တဲ့ အရာတစ်ခု ၊ လိုချင်တဲ့ အရာတစ်ခု ဆိုရင် မရရအောင် လုပ်ယူတတ်တဲ့ အကျင့်လေး ရှိတယ်။ အဲဒီအတွက်တော့ ကိုယ်ကလည်း မလောပါဘူး။ အချိန်ပေးတယ်။ ငယ်ငယ်တုန်း ကဆိုရင် ကိုယ်လိုချင်တဲ့ အရာဆိုရင် တောင့်တလို့ ချက်ချင်း မရတဲ့အခါ မလောပါဘူး။ စောင့်နေပေးလိုက်တယ်။ အဲဒီလိုချင်တဲ့ ဆန္ဒစိတ်က ပြင်းပြင်းပြပြ ရှိနေတော့ သုံးလေးရက် အတွင်းမှာ ရခဲ့တယ်။ တချို့အရာတွေဟာ ရက်ပိုင်းလောက်ပဲ ကြာတတ်သလို တစ်ချို့အရာ တွေကတော့ နှစ်နဲ့ကြာ တတ်ပါတယ်။ အဓိကကတော့ စိတ်လေး တစ်ခုပါပဲ ။ လောကမှာ မဖြစ်နိုင်တာ မရှိဘူး ၊ မဖြစ်သေးတာပဲ ရှိတယ်မလား။ ကိုယ်ဒီနေ့ မရပေမယ့် နောက်နေ့မှာ လိုချင်တဲ့ ဆန္ဒ ပြည့်ရင်ပြည့် မှာလေနော့်။
ကဲ...ပြာတာလူး ငှက်ပြာမလေးရေ.. မက်မက်ရဲ့ ဖြစ်ချင်တဲ့ စိတ်ကူးဆန္ဒ လေးကတော့ တကယ်လို့သာ ကိုယ့်ရဲ့ ဆန္ဒသာ တစ်ထပ်တည်း ကျခဲ့မယ်ဆိုရင် ကိုယ့်ကိုယ်ပိုင် ကြိုးစားမှုကြောင့် ရရှိလာတဲ့ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်ချင်တယ်။ ဒါက မသေချာတဲ့ အနာဂတ် စိတ်ကူးယဉ် မှုပါပဲ။ အခုချိန်မှာ ကိုယ့်ဘ၀က သုံညအဆင့် မှာပဲရှိ နေသေးတော့ အဲဒီစိတ်ကူးတွေဟာ အခုချိန်မှာ လေထဲတိုက် အိမ်ဆောက်နေရ သလိုပါပဲ။ ဘာပဲပြောပြောလေ ဒါက ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုပါ။ :)
နောက်တစ်ခုကတော့ အခြေအနေအရ ကိုယ်ချစ်တဲ့သူနဲ့ အိမ်ထောင်ကျ ခဲ့မယ်ဆိုရင် အများနဲ့ မတူတဲ့ လှပသာယာတဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေး မိသားစု တစ်ခုကို ဖန်တီးဖို့ ဆန္ဒလေး ရှိထားပါတယ် ။ ဘယ်လိုဖန်တီးမလဲ ဆိုတာတော့ အသေသတ် မပြောပြဘူး ၊ အော်..မှားလို့ ..... အာဝါးးပေးရင် ပေးလိုက်...လုံးဝပဲ...မပြောပြဘူး...အဟား... :P
နောက်ဆုံး မက်မက်ရဲ့ မဖြစ်မနေ အကောင်အထည် ဖော်ရမယ့် ဆန္ဒကတော့ အရင်ကလဲ မက်မက်တစ်ခါ ရေးဖူးပါတယ်။ အဲဒီဖြစ်ချင်တဲ့ ဆန္ဒလေးကို အမြဲပဲ စိတ်ကူးနဲ့ ကျင်းပပြီး ကြည်နူးပီတိ ဖြစ်နေခဲ့ ရတာပါ။ ဒါကို လက်တွေ့မှာ ဘယ်တော့ကျမှ အကောင်အထည်ဖော် ခွင့်ရမလဲ မပြောတတ်ဘူး။ ကိုယ်မသေခင်တော့ အဲဒီဆန္ဒလေး ပြည့်ဝရင် အတိုင်းထက် အလွန်ပေါ့ဗျာ။ အဲဒါကတော့ အသံမစဲ ပဌာန်းပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပချင်တာပါ။ တောင်းဆုပြု တိုင်းသာပြည့် မယ်ဆိုရင် အဲဒီဆန္ဒလေး အမြန်ဆုံး ပြည့်စုံရ ပါလို၏။
ကဲ...ဒီလောက်နဲ့ပဲ ကျေနပ်လိမ့်မယ် ထင်ပါတယ် ညီမလေး ငှက်ကလေးရေ။ အခုတစ်လော စိတ်တွေအရမ်း စိတ်ထွေးနေလို့ စာရေးရတာ မုဒ်မရဘူး ဖြစ်နေတာပါ။ အကြွေးဆပ်တာ နောက်ကျသွား တဲ့အတွက် နားလည်ပါနော့်။ လာလည်ကြတဲ့ စာဖတ်သူ အပေါင်းကိုလဲ ကျေးဇူးတင်ပါတယ်။
မက်မက်ရေ...
ReplyDeleteဖြစ်ချင်တဲ့ဆန္ဒသာ တကယ်ပြည့်မယ်ဆို နှစ်နဲ့ချီပြီး ကြာမယ်ဆိုရင်လည်း...
စောင့်မှာပဲ... စောင့်မှာပဲ...
ဟဟဟ...
မက်မက်ရဲ့ ဆန္ဒလေးတွေလည်း အမြန်ဆုံး ပြည့်ဝပါစေဗျား...
အာဝါးးး...
မက်မန်းသီးရေ
ReplyDeleteအဘွားကြီး ဖြစ်တဲ့အထိ အဘိုးကြီးကို စောင့်နေမယ်ဆို
တဲ့ ဇွဲလေးတော့သဘောကျ အဲမှားလို့  ဖြစ်ချင်တာရှိရင်
တစ်နေ့ နေ့ တော့ ဖြစ်လာမယ်ဆိုတာကို သဘောကျ
တာကိုပြောတာပါ။ :)
ဆန္ဒတွေ ပြည့်တဲ့နေ့ ကျရင် အသံမစဲ ပဌာန်းပွဲ ထက်
ကာရာအိုကေ တို့  ဘာတို့ လုပ်ပါဟ။။ ဝင်ဟဲရအောင်လို့ 
:)
ခင်မင်ခြင်းများစွာနှင့်
ဦးဦးအလယ်လွန်
အသံမစဲ ပဌာန်းပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပချင်တာပါ။ တောင်းဆုပြု တိုင်းသာပြည့် မယ်ဆိုရင် အဲဒီဆန္ဒလေး အမြန်ဆုံး ပြည့်စုံရ ပါလို၏တဲ့လား...
ReplyDeleteဒီဆန္ဒလေးက အရမ်းကိုမွန်မြတ် ကျက်သရေရှိတဲ့
တောင်းဆုလေးပဲ မက်မက်
တောင်းတဲ့ဆုနဲ့ ပြည့်ပါစေလို့ ဆုတောင်းပေးပါတယ်။
ဖြစ်ချင်တာတွေ ပြည့်ဝပါစေဗျား
ReplyDeleteတီတီလေးမက်မက်ရဲ့ ဖြစ်ချင်တဲ့ဆန္ဒလေးတွေ ပြည့်ဝပါစေဗျာ။ အဆင်ပြေပျော်ရွှင်နိုင်ပါစေနော်။
ReplyDeleteခင်မင်စွာဖြင့်
ကိုတိုးလေး
မက်မက်ဖြစ်ချင်တဲ့ အသံမစဲပဌာန်းပွဲလေ အမြန်အကောင်အထည် ဖော်နိုင်ပါစေ။ တကယ်ကောင်းတဲ့ ဆန္ဒလေးပါ။
ReplyDeleteချစ်ချစ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို ချစ်ချစ်ချစ်တဲ့မောင်က
ReplyDeleteအတတ်နိုင်ဆုံး ပါရမီဖြည့်ပေးမှာပါ...
ဘာကြောင့်လဲဆိုတော့ ချစ်ချစ်ကို ချစ်လို့ ပေါ့ ချစ်ရယ်
ချစ်ချစ်စိတ်တိုင်း ဆန္ဒလေးကိုသာပြောလိုက်
ချစ်ချစ်ချစ်တဲ့မောင် ဖြည့်ဆည်းပေးမယ်နော်
ချစ်ချစ်ချစ်တဲ့မောင်
မောင်ချစ်တဲ့ချစ်ချစ်
ပျော်ရွှင်ပါစေ
ချစ်ရဲ့မောင်
ဖွတ်ချိန်း)
မက်မက်ရေ
ReplyDeleteမက်မက်လေးရဲ့ ဆန္ဒတွေက မဖြစ်နိုင်တာမပါပါဘူးကွယ်။ နောက်ပြီး နှစ်နဲ့ ချီပြီးဇွဲကောင်းတတ်တဲ့ မက်မက်အတွက် ဆန္ဒတွေ အကယ်ဖြစ်လာမှာပါ။
တော်သေးတာပေါ့ , ပဋ္ဌာန်းလေးနဲ့ ပိတ်လိုက်လို့ ဘာသာရေးကို လူတွေဦးစား မပေးကြတာများပါတရ်
ReplyDeleteဘာလို့လဲဆိုတော့ မျက်မြင်ကိုယ်တွေ့ မထိတွေ့ မဖြစ်မြောက်သေးလို့ထင်ပါ့, ကျွန်တော်လဲ နဲနဲကြီးကျယ်တတ်တယ်ဗျာ, သူများကိုပဲ ပြောနေတာပဲ
ကျွန်တော်လဲ ဘူမထားပါဗျာ...
အစ်မဆန္ဒနဲ့လက်တွေ့ ထပ်တူကျနိုင်ပါစေနော်
မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး
ReplyDeleteမဖြစ်သေးတာပဲ ရှိတာပါ
မှန်တာပေါ့ ဘတ်ဘဘ်ရေ
ဘတ်ဘတ် ရဲ့ ဆန္ဒလေး အမြန်ဆုံးပြည့်ဝမှာပါ
ပြည့် ပါစေလို့ လည်းဆုတောင်းပေးမယ်နော်
အသံမစဲ ပဌာန်းပွဲ လုပ်ဖြစ်ရင်လည်း
လက်တို့ လိုက်ဦးနော်
တူတူ လှူဒါန်းရအောင်ပေါ့
အသံမစဲ မဟာပဋ္ဌာန်းပွဲကြီး အောင်မြင်ပါစေ။
ReplyDeleteမက်မက်ညစ်နေတာလဲ ပြောင်စင်နိုင်ပါစေ။
လိုအင်တွေ လိုသလောက် ပြည့်စေဗျား။
ယောင်းမက်ရယ် ကျေနပ်ပါတယ် မုဒ် မရတဲ့ကြားက ရေးပေးတာ ကျေးဇူးပါနော် အသံမစဲ ပဌန်းပွဲ ကျင်းပရင် ခေါ်ဟယ်နော် သိလား ဦးလူထွင်းကိုလဲ လက်တို့ရတာပေါ့ အဟက်အဟက်
ReplyDeleteစီးပွားရေးလုပ်ငန်းရှင်ဖြစ်ရင်ပြောနော် ပိုက်ဆံချေးရအောင် အယ် အိမ်ထောင်ကျရင်လဲပြောဦး သိလား လာစားရအောင် အဟီးးး
အော် အလာနောက်ကျတာ ခွင့်လွှတ်နော် မနေ့က လာမလို့ အကိုရယ်ပေါ့ အပြင်သွားမယ်ပြောပြီး အိမ်မှာပဲနေလို့ ဘာမှမလုပ်ရဘူး ဟွန်းးးးး လူကို စိတ်ကိုလေရောပဲ တာ့တာ သူများအိမ်လျှောက်မန့်ရဦးမယ် ဘိုင်
မက်မက်ရေ
ReplyDeleteဆန္ဒတွေ အားလုံးပြည့်ပါစေကွယ်
ခင်မင်စွာဖြင့်
သီဟသစ်
လောကမှာ မဖြစ်နိုင်တာ မရှိဘူး ၊ မဖြစ်သေးတာပဲ ရှိတယ်မလား။ ကိုယ်ဒီနေ့ မရပေမယ့် နောက်နေ့မှာ လိုချင်တဲ့ ဆန္ဒ ပြည့်ရင်ပြည့် မှာလေနော့်။
ReplyDeleteမက်မက်လေးရေ
မှန်တာပေါ့ကွယ်
မက်မက်တော်တယ်
ချစ်ခင်လျက်
မမရေ ဖြစ်ချင်တာတွေပြည့်ဝပါစေလို့ဆုတောင်းပေးပါတယ်ရှင်.။ အာဝါးးး
ReplyDeleteမမမို့မက်ရေ .. ဆန္ဒနဲ့ ဖြစ်တည်မှုများ ထပ်တူကျပါစေ .... နေမကောင်းဘူးလား ... ဖြစ်ချင်တာတွေများ ဖြစ်မလာသေးလို့လား စာရေးကျဲနေတယ် ... အသစ်လေး မျှော်နေတယ် ... :)
ReplyDeleteနေဒေး။
ဖြစ်ချင်တာတွေ မဖြစ်၊ မဖြစ်ချင်တာတွေဖြစ် ပါစေနဲ့လို့ ............................................
ReplyDeleteလူ့သဘာဝအလျှေက် ဖြစ်တတ်တဲ့သဘောသဘာဝတွေကို လူတွေက သတိမထားမိတာ များပါတယ်လေ.။ မိမိကိုယ်မှာ လောင်မြိုက်နေတဲ့လောဘမီး၊ဒေါသမီး၊မောဟမီးတွေကို မိမိကိုယ်မိမိ ပြန်မမြင်ယောင်မိတဲ့အခါ မမ မက်မန်းသီး ရဲ့စာသားတွေကို သတိရလိုက်ရုံမျှဖြင် မီးသုံးမီး ငြိမ်းနိုင် ကြပါစေလို့ ......။
ReplyDeleteမမ မက်လို့ထော်တာကျိတ်ချိုးနဲ့နော်... တူညားထော်လို့တားတားထော်တာနော် ..တားတားက အဓုမှရောက်ဖူးတာ..
အခုမှလေ့လာဆဲပါ..။
မမမက်မန်းသီးရေ..။
အစဉ်အားပေးလျှက်
စည်သူ..။
ဆန္ဒတွေပြည့်ဝပါစေ
ReplyDeleteမနှေးအမြန်ပြည့်ပါစေ :D