Subscribe:

Monday, October 27, 2008

ဘယ်သူ့ကိုအချစ်ဆုံးလဲ?

လက်ထပ် ထားပြီးတဲ့ Asian ယောင်္ကျားတွေမှာ
ဇနီးတစ်ယောက်နဲ့ ရည်းစားတစ်ယောက်ရှိရင်
သူတို့ရဲ့အချစ်တွေကဇနီးကိုပိုလို့ချစ်ကြပါတယ်တဲ့

လက်ထပ်ထား ပြီးတဲ့ American ယောင်္ကျားတွေမှာ
ဇနီးတစ်ယောက်နဲ့ ရည်းစားတစ်ယောက်ရှိရင်
သူတို့ရဲ့အချစ်တွေက ရည်းစားကိုပဲပိုပါတယ်တဲ့။

လက်ထပ်ထား ပြီးတဲ့ Arabယောင်္ကျား တွေမှာတော့
ဇနီးလေးယောက် ရည်းစားလေးယောက်ရှိသော်လည်းပဲ
သူတို့ရဲ့ အချစ်တွေက အိမ်ဖော်မလေး တွေကိုပဲပိုပြီး အချစ်ပိုပါတယ်တဲ့

ဟဲဟဲ.. ကဲ..ဦးဦးတို့ကရော..ဘယ်သူ့ကိုအချစ်ပိုကြလဲ...???

ဒါကြောင့်လေ..မက်မက်က အတွေးလေး ၀င်လာလို့ ရေးမိလိုက်တယ်..ဟဲဟဲ..စိတ်ဆိုးရဘူးနော်.. ဟီးဟီး.. :P

အော်...ယောက်ျား..ယောက်ျား..
မာယာတစ်သိန်းနဲ့ ပလီပလာ လှည့်ဖျား
ကွယ်ရာဖောက်ပြား
သင်ဟာယောက်ျား

အော်..မိန်းမ...မိန်မ..
အကြင်နာစိတ်နဲ့ အသေအချာချစ်ခဲ့
နောင် သံသရာ မဆုံးတဲ့
ထာဝရ...ချစ်မဲ့....
အိုဘ့ယ်..ထိပ်ထား...

ကဲ...ဦးဦးတို့.. ချိတ်ချိုးနဲ့နော်.. ခင်ယို့ရှတာ.. ဟီးဟီး..

22 comments:

  1. အဲ..ဗဟုသုတ ကြွယ်ဝတဲ့ တူမလေး
    ဦးဦးတွေကို စိတ်ဆိုးအောင် စတယ်ပေါ့
    အာရှနဲ့ ဥရောပနဲ့ အမေရိကနဲ့
    အကွာကြီးပါဗျား
    မြန်မာနဲ့ တစ်ခြားနိုင်ငံသားတွေနဲ့လည်း
    ကွာမှာပါပဲ
    မြန်မာ ယောက်ျားလေး တွေကတော့ သိပ်မာယာ များဟန် မတူပါဘူးနော်
    အဟမ်း အဟမ်း တူမလေးက ဘာကိုစိုးရိမ် နေတာလဲ..ချင့်ယုံပေါ့နော်..ဘယ်ဟာမှ အပြတ်မပြောနိုင်ဘူးကိုး။
    :P:P:P

    ReplyDelete
  2. “သြော်မိန်းမ
    မိန်းမမာယာ သဲကိုးဖြာနဲ့
    ပြင်းပါ့အဆိပ် မြွေမျိုးနဲ့တူ
    သူတို့အညှို့ ခံရရင်တော့
    ဒီဘ၀ ဆုံးပြီးတာမှတ်...“

    Dream ရေ အနော့်တို့ယောက်ျားတွေကို ထိလို့ စပ်မိလိုက်တာ စိတ်ဆိုးဘူးနော့်

    ReplyDelete
  3. မက်မက်ရေ ဗီဗီက အယ့်ဒိ ၃ ညိုးလုံးဟုတ်ဝူး။ ဗီဗီက အက်ချကီးမိုး။

    ReplyDelete
  4. စိုင်းစိုင်းလားရှိုးOctober 27, 2008 at 9:28 PM

    ''အော် မိန်းမ မိန်းမ''
    နဒီပမာ
    ကွေ့ကောက်ကာဖြင့်
    ဟိုတောင်တိုက်စား
    ဒီကမ်းပါးဝေ့
    ဒီ ဖြင့်ဒီမှာ
    ဟို ဖြင့်ဟိုပေါ့
    ရောက်သည့်နေရာ
    ခရာတာတာဖြင့်
    နဒီမြစ်ရိုး
    အဖြစ်ဆိုးပြီပေါ့။
    မှတ်ထားကွ ငါကွ

    ReplyDelete
  5. တူမကြီးရေ ...

    တူမကြီး ပိုစ့်လေး ဖတ်မိလေတော့
    Asian ယောက်ကျားဖြစ်ရတာပဲ ဂုဏ်ယူသကွဲ့။
    အဲ ယောက်ျားတွေ အပေါ်မှာ သုံးသပ်ချက်လေးနဲ့ စပ်လျဉ်းလို့ဖြင့် မြင်တဲ့ သဘောလေး ပြောရရင် -

    ယောက်ျားတို့သည် ကောက်ကွေ့၏ ဆိုတဲ့ စကားလည်း မရှိ ...

    ယောက်ျားမာယာ သဲကိုးဖြာရယ်လို့လည်း မကြားစဖူး ...

    ယောက်ျားတို့မည်သည် မပေါင်းလည်းခက် ပေါင်းလည်း ခက်၊ မရှိမကောင်း ရှိမကောင်း ဟူ၍လည်း စာချိုးမရှိ ... တဲ့ တူမကြီးရဲ့

    အဲလို စာချိုးတွေ၊ စကားတွေ ရှိနေတာ၊ ဖြစ်နေကြတာကတော့ မိန်းမတွေ ရှိနေလို့နဲ့ မိန်းမတွေအတွက်ပဲ ဖြစ်တော့သကိုး ... (စဉ်းစားကြည့်ပေတော့)

    တူမကြီးလိုပဲ စတာ .... :D

    ခင်မင်လေးစားစွာဖြင့်

    ReplyDelete
  6. သက်တန့်October 28, 2008 at 1:00 AM

    မက်မက်...
    မိုက်တယ်ကွာ...
    ချိတ်ချိုးစရာလား...
    တီတီကတော့ စိတ်ဆိုးပါဘူး... :P

    ReplyDelete
  7. ဟုတ်လား..အာဒပီတွေကိုအားကျတယ်

    ဟီး..မြန်မာတွေကိုလေးစားတယ်

    အမေရီကန်တွေကိုတော့အော့ကျောလန်တယ်

    ဟီး ..အမှန်တွေပဲနော်

    ReplyDelete
  8.ေ၇းတတ်ပါ့ ရေးတတ်ပါ့
    တွေးလည်းတွေးတတ်ပါ့ အေး ဘုန်းကြီးပဲဝတ်တော့မယ် အဟီး

    ReplyDelete
  9. သေချာတာတော့ဘယ်ဟာမှမဖြစ်သင့်ပါဘူး။
    မဖြစ်သင့်တာကိုစဉ်းစားနေတဲ့
    ဒေါ်မက်မက်ကိုက ဟုတ်သေးဘူးထင်တယ်နော.......
    ဖြေရှင်းချက်ထုတ်ပါ...ဒါပဲ.. :P

    ReplyDelete
  10. အင်း ဟုတ်သလိုလို ၊၊ ဟုတ်မှာပါလေ ၊၊

    ReplyDelete
  11. အန်တီဒွင်းရေ မသိဘူးဝေ့ ..
    လူပျိုပဲ ရှိသေးတယ် အဟဲ ..
    ကိုယ့်ဇနီးကိုပဲ ချစ်ရမှာပေါ့ ...
    ယောက်ကျားလေးတွေ အကြောင်းမေးပြီးရင် တော့
    အပေါ်က နောင်တော်တွေ ရေးထားတဲ့ အချက်လေးတွေ
    ပြန်ဖြေရှင်းပါဦးဗျို့ .. မိန်းမ ဟူသည် .... တဲ့ အဟီး ..
    မသိချင်ယောင်ဆောင်မနေနဲ့နော် ဟဲဟဲ ပြန်လာကြည့်ဦးမှာ

    ReplyDelete
  12. ဒီအထဲဒို့မပါဘူးနော် အလြိုကြီးတော့ ၀ါးလုံးချေးသုတ်ရမ်း
    တာတော့ကောင်းပါဘူးနော် ဒို့ဆို ဒို့ကိုကပ်မဲ့သူတောင်မရှိလို့ တယောက်ထဲအထီးကျန်နေတာ နှစ်ပေါင်း ၃၀နီးပါးရှိပြီ

    ReplyDelete
  13. ကိုအလှတရားပြောတာ၊ အပေါ်ကနောင်တော်တွေပြောသွားတာနဲ့တင် စုံစိသွားပြီလေ..။ ဦးလေးလဲ မပြောတတ်တော့ဘူးနော့်..။ ပြောတတ်တာလေးတစ်ခုတော့ရှိတယ်..။ ကိုယ့်ကိုယ်ကိုပဲ ပိုချစ်တယ်လို့...။ အဟဲ..စတာနော်..။ ဦးဦးသိဘူး.။

    ReplyDelete
  14. လုံးဝမဟုတ်ကြောက်း ထပ်လောင်း ပြောဆိုပါသည် ။ :P
    လူတစ်ယောက်ချင်းစီ၏ စိတ်ဓာတ်နှင့်သာ သက်ဆိုင်ပါ
    လိမ့်မည် ။ ကိုယ်ဘက်ကိုယ် နိုင်အောင်ယက်ထား
    ကြ ဗျို့  ပုရိသတို့ ရေ ။ :D

    ReplyDelete
  15. ဘယ်သူမှ မလွှတ်ပါလားနော်။။။။ ကြောက်ကြောက် :P

    ReplyDelete
  16. သယ်ချင်း
    --
    အော်..ယောက်ျား..ယောက်ျား..
    အကြင်နာစိတ်နဲ့ အသေအချာချစ်ခဲ့
    နောင် သံသရာ အဆုံးတိုင်
    ထာဝရ...ချစ်မဲ့....
    အိုဘ့ယ်..ယောက်ျား...
    http://winzaw.mdy.blogspot.com

    ReplyDelete
  17. ဟိုက်......ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း... နေပါလား...ဟီ...ဟိ..... မှန်မမှန်သိအောင်
    အမေ့အားကိုးနဲ့ မိန်းမယူကြည့်လိုက်ဦးမယ်။ :P
    Heartmuseum

    ReplyDelete
  18. ကျတော်ကတော့ ကိုယ်ကိုကိုယ်တောင် မချစ်တတ်ပါဘူးဗျာ။ သို.သော် ချစ်သူလေးကိုတော့ အရမ်းချစ်တတ်တယ်ဗျ။ ဟဲဟဲ ၀င်ရောက်ကြွားသွားယုံမျှသာ ပုံ/ ခပ်ပိန်းပိန်းကောင်လေး

    ReplyDelete
  19. သားက ဖေဖေ့လိုပဲ လူပျိုကြီးလုပ်မှာ...။ သိဘူး...။

    ReplyDelete
  20. အဟားး ညီမလေးကတော့ ပြဿနာရှာပြီ။

    တီတီဝါတော့ တိဘူးနော်။
    ဦးဥာဏ်က တီတီဝါ ကို အရမ်းချစ်။ အဟတ်ဟတ်

    ချစ်တဲ့
    မမ၀ါ

    ReplyDelete
  21. အဟားးးး ကဗျာလေးကတယ်မိုက်ပါလား..
    တော်တယ်မက်မက်.....

    ReplyDelete
  22. ပေါက်ပေါက်ရှာရှာ မက်မက်ရယ်... ဖတ်ပြီးရယ်နေမိတယ်...း))

    ReplyDelete