Subscribe:

Wednesday, January 14, 2009

ကလေးတစ်ယောက်၏သုံးသပ်ပုံ

တစ်နေ့မှာ အလွန်ချမ်းသာလှတဲ့ အဖေဖြစ်သူက သူ့သားလေးကို တောမြို့လေး တစ်မြို့ကို အလည်အပတ်သွားရောက်ပြီး ဆင်းရဲသားတွေရဲ့ နေထိုင်မှုဘ၀ကို ပြချင်လို့သားကို ခေါ်သွားပါတယ်။ အဲဒီတော မြို့ရွှာလေးမှာ နှစ်ရက်တစ်ည လောက်နေပြီး သူတို့ရဲ့ အားလပ်ရက်ကို ကုန်ဆုံးကာ ဆင်းရဲသားတွေရဲ့ ဘ၀ကို တွေးတောလေ့လာ နေတာပေါ့။ ဒီလိုနဲ့ အိမ်အပြန်လမ်းမှာ အဖေဖြစ်သူက သားကို မေးတယ်။
အဖေဖြစ်သူ ။ ။ ဘယ်လိုလဲ သား ဒီခရီးမှာ ပျော်ရဲ့လားကွ။
သားဖြစ်သူ ။ ။ပျော်တာပေါ့ အဖေရာ။
အဖေဖြစ်သူ ။ ။ဒါဆို ဒီခရီးစဉ်လေးနဲ့ ပတ်သတ်ပြီး အဖေ့ကို ပြောပြပါဦး၊ သားဘယ်လို သင်ခန်းစာတွေ ရလိုက်လဲ၊ အဖေ့ကို ပြောပြပါဦး။
သားဖြစ်သူ ။ ။ ဟုတ်ကဲ့သားတို့မှာ ခွေးတစ်ကောင်ပဲရှိတယ်၊ သူတို့မှာ ခွေးလေးကောင်တောင် ရှိတယ်ဆိုတာ ပထမအချက် အနေနဲ့ တွေ့လိုက်ရတယ် ဖေဖေ၊ သားတို့မှာ ကစားဖို့ ဥယျာဉ်ခြံ သေးသေးလေး ပဲရှိပေမယ့် သူတို့မှာ မဆုံးနိုင်တဲ့ ရှည်လျားတဲ့ ချောင်းငယ်နဲ့ လှပတဲ့ ကွင်းပြင်ရှိတယ်။ သားတို့ရဲ့ ဥယျာဉ်မှာ အလင်းရောင်အတွက် မှန်မီးအိမ်လေးတွေ ရှိပေမယ့် သူတို့မှာ ညတစ်ညရဲ့ လင်းလက်တောက်ပတဲ့ ကြယ်လေးတွေ ရှိတယ်။ သားတို့ရဲ့ အိမ်တံဆပ်မြိတ်မှာ လသာဆောင် ရှိပေမယ့် သူတို့မှာ မိုးကုတ်စက်ဝိုင်း တခုလုံးရှိတယ်။ သားတို့မှာ နေထိုင်စရာ မြေကွက်သေးသေးလေး ပဲရှိပြီး သူတို့မှာတော့ သားတို့ထက် အဆပေါင်းများစွာ ကျယ်ပြန့်တဲ့ လယ်ကွင်းပြင် ကြီးရှိတယ်။ သားတို့ကို အခကြေးငွေ ပေးပြီးလုပ်ကျွေး ပြုစုနေတဲ့ အစေခံတွေ ရှိတယ် သူတို့မှာတော့ သူများဆီက အခကြေး ငွေရယူပြီး လုပ်ကျွေးနေရတယ်။ သားတို့က ကိုယ်စားမယ့် အစာကို ၀ယ်စားနေ ရချိန်မှာ သူတို့က ကိုယ်စားဖို့ ကိုယ်စိုက်ပျိုး နိုင်ကြတယ်။ သားတို့မှာ ဥစ္စာပစ္စည်းတွေကို ထိန်းသိမ်းကာကွယ် ဖို့အတွက် ခိုင်ခံတဲ့ တိုက်တာအဆောက်အဦး နံရံတွေ ပဲရှိတယ်။ သူတို့မှာ ပတ်ဝန်းကျင်က ကာကွယ်ပေးတာကို ခံရတယ်ဖေဖေ။

အစရှိသဖြင့် သားဖြစ်သူက သူ့ထင်မြင်ချက်လေးတွေကို အဖေဖြစ်သူကို တရစပ် နှိုင်းယှဉ်ပြောပြနေတာပေါ့။ သားဖြစ်သူရဲ့ စကားကို ကြားတော့ အဖေဖြစ်သူက ဘာပြောလို့ ပြောရမှန်း မသိအောင် ဆွံအသွား ခဲ့ရတယ်လေ။ ဒါနဲ့သားဖြစ်သူက ထပ်ပြီးတော့ ကျေးဇူးပါပဲ အဖေ၊ အခုဆို သားတို့ ဘယ်လောက်ဆင်းရဲ သလဲဆိုတာ သားသဘောပေါက် သွားပါပြီဖေဖေ၊

ကဲ.. ဒါလေးကို ဖတ်ပြီးတော့ နဲနဲတော့ အံ့သြစရာများ ဖြစ်နေမလား မသိဘူးနော်။ တကယ်တော့ ကိုယ့်မှာမရှိတာကို စိုးရိမ်ပူပန် လောဘနဲ့ ဟန်လုပ်နေ မယ့်အစား ကိုယ့်မှာ ရှိတာကိုပဲ ရောင့်ရဲတင်းတိမ်တတ်တဲ့ စိတ်လေးမွေးပြီး ကျေးဇူးတင်တတ် ရမယ်လေနော်။

အမှန်တော့ လူတိုင်းလူတိုင်းဟာ ပြည့်စုံတဲ့ သူဆိုတာ မရှိပါဘူး၊ အဲလိုပဲ ကိုယ့်မှာရှိလာတဲ့ အရာတွေကို မျှဝေဖလှယ်ပြီး တစ်ယောက်နဲ့တစ်ယောက် လက်တွဲကူညီကာ ကျင့်ကြံသုံးစွဲ အသုံးပြုကြမယ် ဆိုရင်ဖြင့် အရာအားလုံးက အသေးအမွှားကအစ အာလုံးပြည့်စုံ နေမှာပါ။ ပတ်ဝန်းကျင်ကြီးလည်း လှပနေမှာပါနော်။
ဟုတ်ကဲ့..ကျေးဇူးပါပဲနော်။

15 comments:

  1. ကောင်းပါတယ်ခင်ဗျာ၊ သုံးသပ်ပုံသုံးသပ်နည်းကတော့ :)

    ReplyDelete
  2. အင်း...ကောင်းပါတယ်။ ဘာဆက်ပြောရမှန်းမသိတော့ဘူး။ ဂျီးတော်မက်မက်ရဲ့ ပို့စ်တွေက ကောင်းတာတွေများလွန်းလို့။ :P

    ReplyDelete
  3. အစ်မရေ..
    စာတွေလာဖတ်ပါတယ်။ သားဖြစ်သူရဲ့ သုံးသပ်ချက်လေးက အင်မတန်ကောင်းတယ်။ တဘက်က လူသားတွေအတွက်လဲ အားအင်ဖြစ်စေသလို ချမ်းသားတယ်ဆိုတဲ့ မာန် မာန မရှိတာလဲ ဖော်ကျူးလိုက်တာပဲလေ။ လောကကို လှတဲ့ မျက်လုံးနဲ့ ကြည့်တတ်တဲ့ သဘောလဲ ပါမယ်ထင်တယ်။
    ဘာပဲဖြစ်ဖြစ်ပါ.. ရေးသားဖြန့်ဝေတာ ကျေးဇူးပါ အစ်မ။

    ReplyDelete
  4. တီတီမက်ရေ ကောင်းလိုက်တဲ့ သုံးသပ်ချက်လေးဗျာ
    ပတ်ဝန်းကျင်ပေါ်အမြင်လေးက လှတယ်နော်
    တားအိမ်ကလူတွေလဲ အဲ့လိုမြင်ရင် ကောင်းမယ်ဗျာ
    ခုတော့ ချိတ်ညစ်တယ် သူတို့က ကလေးပြောသလို
    ဆင်းရဲနေတာ မသိရှာဘူး

    ReplyDelete
  5. စိုင်းစိုင်းလားရှိုးJanuary 14, 2009 at 3:58 PM

    ဟုတ်ပါ့မက်မက်ရယ် ရှိတာလေးနဲ့ပဲတင်းတိမ်နော်။ ကောင်းမွန်တဲ့ စာလေးပါ။

    ReplyDelete
  6. သက်တန့်January 14, 2009 at 7:27 PM

    နေတတ်ရင် ကျေနပ်စရာပါ...
    မနေတတ်ရင်တော့... :)

    ReplyDelete
  7. ဘ၀အသိပေးစာကောင်း ပေမွန်တွေ လာဖတ် ပါတယ်။

    ReplyDelete
  8. အစ်မ
    ဘ၀နေမှာ နေပျော်အောင်
    တွေးတတ် မြင်တတ်ဖို့
    ကောင်းမွန်တဲ့ အသိတွေ ယူသွားပါတယ်။

    ReplyDelete
  9. တူမတော်
    ကျနော်ကတောသားဆိုတော့ ကလေးပြောတာကို
    ခံစားမိတယ်။
    "ဆည်းဆာနေညိုချမ်းဝယ်
    ရွှေရည်သန်းကာ လွှမ်းရှာရော့မယ်"
    ဟဲဟဲ။
    မသုံးသပ်သွားဘူးနော်
    ခံစားသွားတယ်။
    ပြန်ပြီ........။:D

    ReplyDelete
  10. စာတဲ့က သားတစ်ယောက်ပြောတဲ့အတိုင်း မျက်ဝန်းထဲမှာ နှိုင်းယှဉ်ကြည့်မိတယ်
    မှန်တယ်နော်
    တန်ဖိုးရှိတဲ့ပို့စ်ပါ မက်မက်လေးရေ
    တီပယဲလည်း ကျေးဇူးတင်ပါတယ်နော် :)

    ReplyDelete
  11. ရှိတာနဲ့ရောင့်ရဲတင်းတိမ်တတ်ဖို့ ပညာပေးတဲ့ပိုစ့်လေးပါ

    ReplyDelete
  12. ဒါမျိုးလဲရတယ်ပေါ့ ကောင်းတယ်ဗျာ သုံးသပ်
    သွားပုံလေး ဟုတ်တယ်ဗျ လူအတော်များများ
    ဟာ အဲဒီစိတ်ရှိနေတာ

    ReplyDelete
  13. သားဖြစ်သူဖြေသွားတဲ့ အဖြေလေးကိုသဘောကျတယ်
    ကျေးဇူးပါ

    ReplyDelete
  14. အတွေးကောင်းလေးပဲဗျို့
    မျှဝေပေးတာကျေးဇူးပါ....။

    ReplyDelete
  15. တော်လိုက်တဲ့ တီဒွင်း ...
    နာ့တီဒွင်းလို့ မပြောရဘူး :D

    ReplyDelete