Subscribe:

Monday, January 12, 2009

ဘဝ

ဘာသာမသိ၊
သာသနာမရှိ
ဘာဝနာမငြိတဲ့
တို့တွေ..ခန္ဓာ
ကြုံသလိုနေခါ
စေရာလိုစေခဲ့ပြီးပြီ။

ဘ၀ထွေထွေ
သံသရာကွေ့မှာ
ပျော်ချင်တိုင်းပျော်
မော်ချင်တိုင်းမော်
ဖော်ချင်တိုင်းတိုင်းလည်းဖော်ခဲ့ပြီ။



ကဲချင်တိုင်းကဲ
လွဲချင်တိုင်းလွဲ
လဲချင်တိုင်းလဲ
လဲချက်ကွဲချက်တိုင်းလည်းနာခဲ့ပြီ။

ဓမ္မမသိ၊တရားမရှိ
စားလည်းဒီစိတ်
သွားလည်းဒီစိတ်
တဏှာဖက်နွယ်
မောဟပယ်မှ တို့များအသွား မှန်လှမယ်။

မာနတံခွန် ထွတ်ခေါင်ထိပ်ဖျား
တလူလူလွင့်တော့
ဤဘ၀တို့များ လူဖြစ်ရှုံးတော့မယ်။

မာန်ကိုချ၊မာနကိုပယ်
တဒင်္ဂလူ့ရွှာ တိုတိုမှာ
အနေမြတ်ဖို့ အသေတတ်အောင်
တရားရဖို့လိုလိမ့်မယ်။

ဘာရယ်ညာရယ် မဟုတ်ပါဘူး..စာရေးရမှာ ပျင်းနေလို့ ဆားချက်လိုက်တာပါ... မရေးတတ်လို့ အမှားပါရင် နားလည်ပြီး ဖတ်ပေးနော်။ ကျေးဇူး.. :))

11 comments:

  1. အင်း ကဗျာကောင်းလေး တစ်ပုဒ်ပါနော်။ တရားသံဝေဂရစရာလေးပေါ့။ ခေါင်းစဉ်လေးက ပိုကောင်းတယ်။ ဘယ်သူပေးတာပါလိမ့်နော်။ :P

    ReplyDelete
  2. မွန်မြတ် အသိပေးတဲ့ ကဗျာလေးပဲ မက်မက်
    တော်တယ်ကွယ့် :)
    -တဒင်္ဂလူ့ရွှာ တိုတိုမှာ
    အနေမြတ်ဖို့ အသေတတ်အောင်
    တရားရဖို့လိုလိမ့်မယ်- ဟုတ်ကဲ့
    မှတ်သားသွားပါတယ်
    ကျေးဇူးလဲတင်ပါ၏
    အာဝါးးးးးးးးးးးးးးလည်းပေးခဲ့ပါ၏ :)

    ReplyDelete
  3. အောင်ဦးJanuary 12, 2009 at 12:59 PM

    ကဗျာကောင်းလေး တစ်ပုဒ်ပါပဲ အစ်မ။
    ပုထုဇဉ်လူသားတွေရဲ့ ဘ၀ သရုပ်ကို ပေါ်လွင်စေပါတယ်။ အရင်ကလဲ ကဲချင်တိုင်းကဲခဲ့ကြပြီပဲ။ အခုလက်ရှိ ခန္ဓာက သက်သေပဲပေါ့။ မာန်ကို ချ မာနကိုပယ် ဖို့ ဆိုတာလဲ အရေးကြီးတဲ့ အချက်ပါပဲ။ ဒိဋ္ဌိ၊ တဏှာ၊ မာန ဆိုတာ သံသရာ နယ်ချဲ့တဲ့ တရားတွေပဲ။ အနေမြတ်ဖို့ထက် အသေသတ်ဖို့ က ပိုအရေးကြီးပါတယ်။ အနေလဲမြတ်မယ်၊ အသေလဲ တတ်မယ်ဆိုရင် ပိုပြည့်စုံတာပေါ့။

    စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပါစေ.. မက်မက်

    ReplyDelete
  4. မအိပ်မက်ရေ တရားပေါက်သွားပြီပေါ့ သာဓု ခေါ်ရတော့မယ်ပေါ့ ကောင်းပါတယ်ဗျာ အဲ့လိုအတွေးလေးတွေရှိတာ အားပေးပါတယ် :)

    ReplyDelete
  5. tHE bEST ;;;;;;;

    http://winzaw-mdy.blogspot.com

    ReplyDelete
  6. မက်မက်ရေ...
    ကဗျာလေး ကောင်းလိုက်တာကွာ...

    [ကဲချင်တိုင်းကဲ
    လွဲချင်တိုင်းလွဲ
    လဲချင်တိုင်းလဲ
    လဲချက်ကွဲချက်တိုင်းလည်းနာခဲ့ပြီ။]

    အမှန်တရားတွေနော်....

    ReplyDelete
  7. သက်တန့်January 12, 2009 at 10:07 PM

    ဆားချက်တာနဲ့ မတူပါဘူး မက်မက်ရေ...
    ကဗျာကောင်းလေး တစ်ပုဒ်ပါ... :)
    ဒီလိုမျိုးတွေ ဆားချက်မယ်ဆို ချက်သာချက်...

    ReplyDelete
  8. ကောင်းတယ် ညီမလေးရ..တော်တယ်.း)

    ReplyDelete
  9. ကဗျာလေးကောင်းတယ်ဗျ.. အမှန်တရားတွေပဲနော်..
    တကယ် သေတတ်ဖို့ လိုတယ်ဗျ..။

    ReplyDelete
  10. တန်ဖိုးရှိတဲ့ကဗျာလေးဖတ်ရလို့ ကျေးဇူးတင်ပါတယ် ညီမလေးရေ...

    ReplyDelete
  11. မရေးတတ်လို့တဲ့ ရေးများရေးတတ်ရင် တော့
    ကဗျာဖတ်ပြီး တခါထဲ တောထွက်မိမှာအမှတ်ပဲ

    ReplyDelete