Subscribe:

Friday, June 13, 2008

၇၂နာရီဖျားသွားခြင်း

ကျမလက်တွေတုန်နေမိတယ်။G mail password တခုကိုရိုက်ဖို့ ကျမဘာကြောင့် ဒီလောက် စိတ်လှူပ်ရှား ရတာပါလိမ့်? စက္ကန့်တွေ ရွေ့လျားနေသလို ကျမရင်ခုန်သံတွေလည်း တထိတ်ထိတ်နဲ့ တိုးလာတယ်။ Chatsဆိုတဲ့ နေရာကို Mouseရွေ့ဖို့ ကျမလက်တွေ ခေတ္တရပ်တန့် သွားတယ်။ ကျမစဉ်းစားတယ် …ဘာရည်ရွယ်ချက်လဲ? ကျမမောင့်ဆီက လိုချင်တာ ဘာလဲ? ကျမဘာကြောင့် မောင့်gmailကို checkလုပ်ချင် ရတာလဲ? မေးခွန်းတွေ များပေမယ့် အဖြေက တခုတည်းပါ။

မောင် ကျမအပေါ် ရိုးသားမှူ ဘယ်လောက် ရှိလဲဆို တာပါပဲ။ ဟုတ်တယ်၊ ကျမသိချင်တာ ဒါပါပဲ။Mouseကို နှိပ်လိုက်တယ်။ Chat pageတွေ အများကြီး တက်လာတယ်။ အဲ့ဒီထဲကမှ တခုဆို တခု တည်းပါပဲ… မောင်။ကျမဖွင့် ဖတ်လိုက် မိတယ်။ အား….….…." ကျမအသံ ကုန်ဟစ်ပြီး၊ အော်ပစ် လိုက်ချင်ပါတယ်။ မောင်ဆိုတဲ့ လူသားတယောက် အပေါ် စိတ်ဆိုး မာန်ဆိုး ဖြစ်ရမှာထက်၊ ကျမကိုယ် ကျမပဲ အပြစ်တင် မိပါတယ်။ ဒါက ကျမတောင်းဆိုလို့ မောင်က ကျမကို သိစေခဲ့တာ ပဲလေ။ တပြိုင်နက် တည်းမှာပဲ “မသိသင့်တဲ့အရာ တခုဟာ တစွန်းတစ လေးတောင် မသိတာ အကောင်းဆုံး” ဆိုတာ ကျမလက်ခံ သွားပါတယ်…မောင်။ မောင်က ကျမကို ချစ်တယ်ဆို တာထက် သူမကို မြတ်နိုးပါသတဲ့ မောင်က ကျမကို လွမ်းတယ် ဆိုတာထက် သူမကို တမ်းတ ပါသတဲ့။ မောင်က ကျမကို တွေ့ချင်တယ် ဆိုတာထက် သူမနဲ့ တွေ့ဆုံခွင့်ကို အရူးအမူး မျှော်လင့် မိပါသတဲ့။ ၀မ်းနည်းစရာ ကောင်းတာက ကျမတန်ဖိုးထားတဲ့ မောင့်စကားတွေက ကျမအတွက် သီးသန့် ဖြစ်မနေခဲ့ဘူး။ ပိုပြီးဝမ်းနည်းစရာ အကောင်းဆုံးက လေလှိုင်းပေါ်က မောင့်အနမ်း တွေကို ကျမဘယ်လို ရူးသွပ် ရင်ခုန်ရ တော့မှာလဲ…မောင်။ကျမလွတ်မြောက် ချင်မိတယ်။ ဘယ်သူ့ ဆီကပါလိမ့် ?မောင့်ဆီကလား ?ဒီလောကကြီး ထဲကလား? ကျမခေါင်း အရမ်းနောက် သွားတယ်။ sign out လုပ်လိုက်တယ်။ မောင့်chat listကို ဖတ်ကြည့်မိတဲ့ အချိန်က တကယ့်ကို မိနစ် အနည်းငယ်ပဲ ကြာခဲ့တာပါ။ ဒါပေမဲ့... အဲဒီနေ့က စပြီး ၃ရက်လောက် ကျမဖျား သွားတာတော့ အသေ အချာပါပဲ။ ရှူး….တိုးတိုးလေး နေပေးကြပါ…. ကျမက လေးနဲ့မြား ကို မောင်မရွယ်ခင် ကတည်းက မြင်ရုံနဲ့ အလဲလဲ အပြိုပြို ဖြစ်နေတဲ့ သူဆိုတာ မောင့်ကို ကျေးဇူးပြုပြီး မပြောပြ ကြပါနဲ့နော်။။။။။

ခံစားချက်ခြင်း ထပ်တူညီလို့ တင်ထားတာပါ။

3 comments:

  1. ma ei
    love ဆိုတာပေးဆပ်ဖို့လို့ခံယူကြည့်ပါ...

    ReplyDelete
  2. look out, , why do you use in blog's image our Holy Man , the scripture Buddha, if u want to say your drying suffering. Religious person never do like this.

    ReplyDelete
  3. အိမ်မက်May 13, 2009 at 6:33 PM

    အဲဒါ အဖြစ်မှန်လား???? ရှိရင်းစွဲ သံမှိုက ပိုပြီးတော့ ခိုင်မာသွားပြန်ပြီ.... :(

    ReplyDelete