Monday, June 30, 2008
ဘ၀ကိုစာမျက်နှာကျော်ဖတ်လို့ရနိုင်သည်မဟုတ်ပေ။
ကံကောင်းခြင်း၊ကံဆိုးခြင်းဆိုတာ
ပထမအရွယ်တွင် လောကီချမ်းသာကို လို၍ အားထုတ်ခဲ့ သည်ရှိသော် ဤနေပြည်တွင် ပထမအဆင့် ကြွယ်ဝသော သူဌေးမောင်နှံ တို့ဖြစ်ခဲ့ရာ၏။ လောကုတ္တရာ ချမ်းသာကို လို၍အား ထုတ်သည်ရှိသော် လင်သည် အရဟတ္တမဂ် ကိုဆိုက်၍ မယားသည် အနာဂါမိဂ်ကို ဆိုက် ရာ၏။
ဒုတိယအရွယ်တွင် လောကီ စီးပွားကို အားထုတ်သော် ဤနေပြည်တွင် ဒုတိယ အဆင့်ကြွယ်ဝသော သူဌေးမောင်နှံ ဖြစ်ရာ၏။ လောကုတ္တရာ စီးပွားကို အားထုတ်သော် လင်သည် အနာဂါမိမဂ်၊ မယားသည် သကဒါဂါမ်မဂ်ကို ဆိုက်ရောက် ရာ၏။ ဒုတိယ အရွယ်လွန်စတွင် လောကီစီးပွားကို အားထုတ်သော် တတိယအဆင့် အကြွယ်ဝ ဆုံးသော သူဌေးမောင်နှံ ဖြစ်ရာ၏။ လောကုတ္တရာ စီးပွားကို အားထုတ်သော် လင်သည် သကဒါဂါမိမဂ်၊ မယားသည် သောတာ ပတ္တိမဂ်ကို ဆိုက်ရာ၏။ ယခုကား အခါလွန်လေပြီ ဖြစ်သောကြောင့် ရေခန်းခြောက်နေသော အိုင်အနီး၌ ငေးမှိုင်နေသောဗျိုင်းအို မောင်နှံပမာ ဖြစ်ကြလေပြီ...အာနန္ဒာ။
Sunday, June 29, 2008
28.06.2008 နေ့အတွက်
တကယ်တော့
မလိုချင်ခဲ့တာမဟုတ်ဘူး
အဝေးကြီးဝေးနေလို့မမျှော်လင့်ရဲတာပါ။
နောက်ကျတယ်ဆိုလည်း
အိမ်မက်တော့မက်ခွင့်ပေးပါ။
ပျံသန်းခွင့်မရှိဘူးသိရက်နဲ့
ငါအတောင်ပံတွေ
သိမ်းဝှက်ထားရတော့မှာလား
မင်းရင်ခွင်မှာမနေရလည်း
ငါ့ကမ္ဘာမှာလသာခွင့်ရှိပါတယ်။
နှုတ်မဆက်တော့ပါဘူး
မဆုံတွေ့တော့မယ့်နေ့အတွက်ပေါ့။
Saturday, June 28, 2008
ရထားကြီးစီးပြီးလည်လည်သွားကြမယ်..
လိုက်ချင်ရင်ကြိုတင်စာရင်းပေးထား။ ဟီးဟီး..
်free ခေါ်သွားမှာနော်..လိုက်မှာလား? :P
Dreamရဲ့ရထားနဲ့လိုက်လို့မရရင်ကိုRepublic မှာသွားစီးနော်။
အခမဲ့ခေါ်သွားမှာ... :P
ယုံကြည်စေချင်
နင်ယုံရဲ့လား
ပေါ့ပျက်ပျက်
ရယ်သွမ်းသွေး
လောကကြီးကို
အရေးမထားတဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက်
လေးနက်ခြင်းတွေရှိတယ်။
နင်သိရဲ့လား
မထီမဲ့မြင်နဲ့
လောကကြီးအတွက်
ကဗျာမဆန်တဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက်
နူးညံ့တဲ့သံစဉ်တွေရှိတယ်။
နင်ထင်ရဲ့လား
ပြုံးစပ်စပ်မျက်နှာပေးနဲ့
ပျော်ရွှင်ခြင်းးသာရှိတဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက်
လွမ်းဆွေးခြင်းဆိုတာရှိတယ်။
နင်မြင်နိုင်လား
မချစ်တတ်ဘူး
နင်ထင်ခဲ့တဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက်
ချစ်ခြင်းအပြည့်ရှိတယ်။
နင်သိထားပါ
လွတ်လပ်ပွင့်လင်း
ဟန်ဆောင်ခြင်းကင်းတဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
ပြင်းထန်တဲ့
မာနတွေရှိတယ်။
ကံကောင်းခြင်း၊ကံဆိုးခြင်းဆိုတာ၂
ဘုရားမိန့် လိုက်သည့် အသက်တွင် မသေဘဲ ရှိခဲ့ကြောင်း လျှောက်ထားပြန်သည်။
သည်တော့ ဘုရားရှင်က "အသင်ပုဏ္ဏား ငါဟောလိုက် ပြီးသည့်နောက် သင်မည်သည့် အမှုများကို ပြုသနည်း။"
"အရှင် ဘုရားဟော လိုက်သည့် အတိုင်း နောက်ဘ၀တွင် မျောက်ဖြစ်သွား သည်ရှိသော် ချမ်းသာစွာ နေနိုင်ရန်
ဆက်ရန်ရှိ သေးတယ်နော်၊ နောက်နေ့လည်း လာခဲ့။သိလား။
Friday, June 27, 2008
ကံကောင်းခြင်း၊ကံဆိုးခြင်းဆိုတာ
အချိန်၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုတာတွေ ပေါ်မှာ မူတည်တယ် ဆိုလည်း မမှားနိုင်ပါဘူး။ Dream ဖတ်ဖူးတဲ့ စာအုပ် တွေထဲက ပုံပြင်လေး တွေနဲ့ နှိုင်းယဉ် ကြည့်ရအောင်နော်။ တရုတ်ပညာရှိကြီး လင်ယုတန်၏ ပုံပြင်လေးပါ။ ပုံပြင်နာမည်က"တရုတ်ခွစာကြီး"တဲ့။
"မြင်းတစ်ကောင် တိုးလာတာနဲ့ ကံကောင်းတယ်လို့ ဘာကြောင့်ပြောတာလဲ"
ရှေးနည်းအတိုင်းပင် ခွစာကြီးကို ဆက်မပြော ကြတော့ သည်လိုနှင့် နောက်ရောက် လာသော မြင်းရိုင်းကို သားဖြစ်သူက စီးကောင်းကျင့်ရာ မြင်းပေါ်မှ လိမ့်ကျပြီး ခြေကျိုးသွား သည်နှင့် ခြေထောက် ကလေး ထော့နင်း ဖြစ်သွားရှာ လေသည်။ အိမ်နီးချင်းတွေက စိတ်မကောင်းကြ။ "ခင်ဗျားကံဆိုးတယ်ဗျာ" "ဘာဖြစ်လို့လဲ" "ခင်ဗျားမှာ ဒီသား တစ်ယောက်ပဲ ရှိတာ ခြေကျိုး သွားတာကိုး။" "ကျူပ်သား ခြေကျိုးတာနဲ့ ကံဆိုးတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ" ရှေးနည်းအတိုင်း ခွစာကြီးကို ဆက်ပြီး ဘာမျှမပြော ကြတော့ချေ။ သည်လိုနှင့် တစ်နေ့တော့ ပြည်နယ်ချင်း စစ်ဖြစ်ကြရာ ပြည်နယ် ဧကရာဇ်က တစ်နယ်လုံးရှိ ရဲယောင်သန်မာ သူလူငယ် မှန်သမျှ စစ်ထဲလိုက်ရမည်ဟု အမိန့်ထုတ်ပြန် ခေါ်ငင်သွားရာ သူ့သားလေး တစ်ယောက်သာ ခြေထောက် ထော့နင်း ဖြစ်နေသောကြောင့် ချမ်းသာရာရခဲ့၏။ သည်တော့ အိမ်နီးချင်းတွေက တရုတ်ကြီး ကံကောင်းတယ်.... ဟူသတဲ့။
Thursday, June 26, 2008
အသက်ရှည်အောင်
အသက်ရှည်တာတောင်ချစ်သူလေးနဲ့ဆိုတော့မကောင်းဘူးလားးဟင်....
အသက်ရှည်ပြီးဘ၀ရဲ့မောပန်းမှုတွေကိုရယ်မောရင်းနဲ့အပန်းဖြေကြရအောင်.......။
နွားတစ်ကောင်၏မှတ်တမ်း
ချစ်သူအိမ်မှာကျွန်တော်ရောက်နေ၏။ကျွန်တော်တို့နှစ်ယောက်ဆိုဖာကြီးပေါ်မှာ
အတူယဉ်တွဲထိုင်ကြ၏။ကျွန်တော်ကချစ်သူကိုတင်းတင်းကျပ်ကျပ်ဖက်လိုက်၏။
ချစ်သူကလည်းကျွန်တော်ကိုတင်းတင်းကျပ်ကျပ်ပြန်ဖက်၏။သို့သော်သိပ်မကြာပါ။ သူမရုတ်တရက်ထရပ်လိုက်၏။ပြီးမီးခလုတ်ကိုလှမ်းပိတ်လိုက်၏။
ကျွန်တော်အရိပ်အခြေကိုကောင်းကောင်းနားလည်လိုက်ပါသည်။သြော်..သူအိပ်ချင်ရှာပြီကိုး....
ကျွန်တော်သနားစိတ်ဖြင့်ထပြန်ခဲ့ပါသည်။
(တော်တော်အတယ်နော်...ဟင်း..မပြောချင်ဘူး။။ :P )
ပုံမှန်အနေအထား
"ဟဲ့..နင့်ချစ်သူကနင့်ကိုနမ်းတဲ့အခါသူ့မျက်နှာကဘယ်လိုဖြစ်နေသလဲ၊ပြောပြစမ်းပါဟယ်"
"ဘယ်သိမှာလဲ၊ငါကအနမ်းခံရတိုင်းမျက်စိကိုစုံမှိတ်ထားတာဟဲ့..."
(မေးစရာလား၊နော်... :P )
မရိုက်ပေါင်ရှင်
ခင်ပွန်း-"မင်းကိုဟိုငနဲကရည်းစားစကားလိုက်ပြောတာ၊ဘာလို့ငြိမ်ခံခဲ့ရတာလဲ၊ပါးဆွဲပြီးရိုက်လိုက်ပါလား။"
ဇနီး - "အိုတော်... မရိုက်နိုင်ပေါင်၊အပျိုလို့အထင်ခံရနည်းသလားရှင့်."
(ဘာလို့ရိုက်ရမှာလဲနော်.. သနားပါတယ်။ :P )
ငါ့ဟာကွ
ဟိုတယ်တစ်ခုမှာနှစ်ယောက်အိပ်ခန်းကိုငှားပြီးခါမှတစ်ယောက်ခန်းသို့ပြောင်းရွေ့ပေးပါရန်
ဟိုတယ်မန်နေဂျာကမေတ္တာရပ်ခံလာသဖြင့်ကိုမြငွေသည်တစ်ယောက်ခန်းသို့ပြောင်းရွေ့ပေးလိုက်ပါ၏။
မန်နေဂျာကထိုအခန်းသို့သမီးရည်းစားစုံတွဲတစ်တွဲအတွက်နေရာပေးလိုက်၏။
မိမိနေရမည့်အခန်းသို့ရောက်ခါမှယခင်အခန်းတွင်ခုတင်ခြေရင်း၌မိမိ၏ထီးကောက်မေ့ကျန်နေခဲ့ကြောင်းကို
ကိုမြငွေသတိရ၏။ထို့ကြောင့်ထီးပြန်ယူရန်ထိုအခန်းသို့သွားလေ၏။အခန်းအပြင်ဘက်တံခါးသို့အရောက်တွင်
အတွင်းမှသမီးရည်းစားစုံတွဲ၏စကားပြောသံများကိုကြားရသဖြင့်ခေတ္တနားစွင့်နေမိ၏။
"ခင်ရယ်၊ဟောဒီရွှေရောင်ဆံပင်လှလှလေးတွေကဘယ်သူ့ဟာလဲဟင်.."
"အို..မောင့်ဟာပေါ့၊မောင်ကလည်း"
"ဟောဒီသမင်မျက်လုံးလေးတွေကရော။"
"မောင်ဟာပဲပေါ့။"
"ဟောဒီနှင်းဆီဖူးလေးလိုနှုတ်ခမ်းလေးတွေကရော"
"မောင့်ဟာ၊မောင့်ဟာ"
"ဟောဒီဆင်ဆွယ်လိုလက်မောင်းလေးတွေကရော၊"
"အို..မောင့်ဟာပဲပေါ့။"
ထိုကဲ့သို့မေးလာရာပဉ္စငါးပါးကုန်ခါနီးလာ၏။ အပြင်ကနားထောင်နေသောကိုမြငွေ
အတော်ကိုစိုးရိမ်စိတ်ဝင်လာ၏။ထိုကြောင့်အပြင်မှနေ၍လှမ်းအော်ပြောလိုက်လေသည်။
"အထဲကကျေးဇူးရှင်လေး၊ကုတင်ခြေရင်းမှာချိတ်ထားတဲ့ထီးကောက်ကြီးကတော့
မင်းဟာမဟုတ်ဘူးနော်။အဲဒါငါ့ဟာကွ။" ဟူသတည်း..
(တော်သေးတာပေါ့၊ :P )
မြန်မာသွေးမှတင်ဆက်သော
ရယ်မောခြင်းဟာအသက်၇မိနစ်ပိုရှည်စေတယ်လို့
ဆေးပညာရှင်အချို့ကပြောသည်ကိုမှတ်သားဖူးပါတယ်။
ထိုပြင်"ပြေပြေလည်လည်"ဆိုသောဗွီဒီယိုဇာတ်ကားထဲမှ
မင်းသားကြီးအောင်လွင်ပြောသောစကားလေးကိုအထူးသဘောကျမိပါ တယ်။သူက"ကျန်းမာပြီးအသက်ရှည်မှအကြာကြီးချစ်လို့ရမှာ"ဟု ပြောပါသည်။ထို့ကြောင့်ကိုယ့်ရဲ့ချစ်သူခင်သူများကိုအသက်ရှည်စေလိုပါသည်။
တစ်နည်းဆိုရသော်
အကြာကြီးချစ်လိုပါသည်။ဟာသတစ်ခုကိုရယ်မော၍အသက်၇မိနစ
်ခန့်ပိုရှည်သည်ဆိုလျှင်ဟာသ၁၀ခုလောက်ဆိုလျှင်မိနစ်၇၀တောင်ပို၍
အသက်ရှည်လာနိုင်ပါသည်။ထိုအဆိုမှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေ ရယ်မောရသည့်ခဏတော့အမောပြေ၊အပန်းပြေဖြစ်၍စိတ်ရွှင်လန်းစေ
သည်မှာအမှန်ဖြစ်ပါသည်။ချစ်သူခင်သူများကိုရယ်မောစေလိုပါသည်။
တနည်းအားဖြင့်အမောအပန်းများပြေပျောက်စေလိုပါသည်။
ဝန်ခံလိုပါသည်။ဟာသအများစုသည် စာရေးဆရာကြီးများ၏
စာအုပ်များထဲမှကောင်းနိုးရာရာများကိုရွေးထုပ်ထားခြင်းဖြစ်ပါသည်။
မြန်မာသွေးအဖွဲ့မှမည်သည့်ဟာသကိုမည်သူရေးသည်ဟူ၍မဖော်ပြ
တော့သည်ကိုတော့နားလည်ပေးစေလိုပါသည်။မိမိချစ်သူ၊ခင်သူ၊
တွယ်တာရသူများသို့လက်ဆင့်ကမ်းဝေငှပေးလိုက်ပါ။
သူတို့တွေရယ်မော၍အသက်ရှည်လျှင်အကြာကြီးချစ်လို့ရပါသည်။
တုံးလို့ကြိုက်
ဧဒင်ဥယျာဉ်တွင်ဖြစ်သည်။
အာဒမ်ကဘုရားသခင်ကိုမေး၏။
"ဘာကြောင့်များဧ၀ကိုသိပ်လှအောင်ဖန်တီးခဲ့ရတာလဲဘုရား"
"မင်းအာရုံစိုက်မိအောင်လို့"
"ဘာကြောင့်များဧ၀ကိုသိပ်ချိုသာအောင်ဖန်တီးခဲ့ရတာလဲဘုရား"
"ဒါမှမင်းသူ့ကိုချစ်မိမှာပေါ့။"
ဤအချက်ကိုအာဒမ်ကခေတ္တမျှစဉ်းစား၏
"ဒါဖြင့်ဘာကြောင့်များဧ၀ကိုသိပ်တုံးသိပ်အအောင်ဖန်တီးခဲ့ရတာလဲဘုရား"
"ဒါမှပဲမင်းကိုသူကြိုက်တော့မှာပေါ့ကွာ" ဟူသတည်း။
ရေလာမြောင်းပေး
ကောင်မလေး- "ရှင်ကျွန်မကိုနမ်းနေတာဖေဖေမမြင်စေနဲ့နော်"
ကောင်လေး- "ကိုယ်မင်းကိုမနမ်းရပါလား"
ကောင်မလေး- "ဟုတ်ပါတယ်၊တကတည်းမှပဲ..နမ်းမယ်ဆိုရင်ပြောတာပါ"။
ဟိုတယ်နှလုံးသား
ကျွန်မမှာဟိုတယ်နှလုံးသားရှိပါတယ်နော်
ဘာကိုပြောတာလဲဟင်၊ကျွန်တော်နားမလည်ဘူး
နောက်တစ်ယောက်အတွက်အမြဲတမ်းအခန်းရှိနေတယ်လေ။
ကျုပ်ကိုလည်းကုပေးပါလား
ပန်းခြံတခုအတွင်းမှခုံတန်းတခုတွင်သမီးရည်းစားစုံတွဲတစ်တွဲထိုင်နေသည်။
ခုံတန်း၏တစ်ဖက်စွန်းတွင်လည်းအဖိုးအိုတဦးစာအုပ်ဖတ်နေလေသည်။
သမီးရည်းစားစုံတွဲတွတ်တီးတွတ်တာပြောသမျှကိုအဘိုးကြီးအတိုင်းသားကြားနေရ၏။
မိန်းကလေးက"မောင်၊ခေါင်းနည်းနည်းမူးလာတယ်"
ကောင်လေးကနဖူးလေးကိုနမ်းလိုက်၏။ထို့နောက်"မူးသေးလားဟင်"
“ဟင့်အင်း၊ပျောက်သွားပြီ"
အတန်ကြာသောအခါမိန်းကလေးက
"မောင်၊ဇက်ကြောတွေတက်လာသလိုပဲ"
ကောင်လေးကလည်တိုင်လေးကိုခပ်ဖွဖွနမ်းလိုက်၏
"ဘယ်လိုနေသေးလဲ"
"အင်း..သက်သာသွားပြီ"
ခဏကြာသော်...
"မောင်၊လက်တွေကလည်းဘယ်လိုဖြစ်တယ်မသိဘူး၊တဆစ်ဆစ်နဲ့"
ကောင်လေးကဘယ်ညာလက်အစုံကိုတယုတယနမ်းပေးလိုက်၏။
တဖက်တွင်ထိုင်နေသောအဘိုးကြီးအတော်ကိုနားကြားပြင်းကတ်လာ၏။
ထို့ကြောင့်လှမ်းပြောလိုက်၏။
"ဟေ့..ဒီမှာမောင်ရင်၊ဖြစ်နိုင်ရင်ဦးကိုလည်းကူညီစမ်းပါဦးကွ၊ဦးမှာလိပ်ခေါင်းဖြစ်နေလို့"
တဲ့
LOVE အဓိပ္ပါယ်
LOVE (အချစ်)ဟူသည်
L...Lake of Sorrow (၀မ်းနည်းပူဆွေးရေအိုင်)
O...Ocean of Tears (မျက်ရည်သမုဒ္ဒရာ)
V...Valley of Death (မရဏတောင်ကြား)
E...End of Live (ဘ၀နိဂုံး) ပါတဲ့...
Wednesday, June 25, 2008
ကံကြမ္မာ
့အကောင်းကိုလည်းပေးမှာပ၊ဲ
အဆိုးကိုလည်းပေးမှာပဲ ။
ဓါးတစ်လက်ကို
အနှောင့်ဘက်ကမ်းပေးတာရှိသလို၊
အသွားဘက်က
ကမ်းပေးတာလည်းရှိမှာပဲ။
အနှောင့်ဘက်ကကမ်းပေးတော့လည်း
အလွယ်တကူယူလိုက်တာပေါ့။
အသွားဘက်ကကမ်းပေးတော့လည်း
အခုမင်းယူသလိုအနှောင့်ဘက်ကပတ်ယူလိုက်တာပေါ့။
ကော်ဖီကောင်းကောင်းဆိုတာ...
Dream ဆီကိုလာရောက်ကြတဲ့သူငယ်ချင်းတွေကိုအမောပြေ
Dream ကကော်ဖီနဲ့ဧည့်ခံရမှာပေါ့။ကော်ဖီကိုဘယ်လိုပုံစံသောက်
ချင်လဲပြော။Cappuccino,Chocolate,Ice Coffee and Coffeeအစုံရှိတယ်။
သူငယ်ချင်းတို့သောက်ချင်တာကရွေးပြီးသောက်လိုက်လေ။
ကဲဘာသောက်ချင်လဲပြော။ဒီမှာclick
လုပ်ပြီးသောက်နော်။
Tuesday, June 24, 2008
တွယ်ရာမဲ့နွေစိတ်ကူး
ခေတ်ကာလတွေ တရွေ့ ရွေ့ ပြောင်းလို့ 
ပျားတွေက နွေဥယျာဉ်တွေထဲ
ခေါက်တုံ့ လူးလားပျံသန်းနေကြတုန်း.....
လမင်းက
ကုမုဒြာကြာတွေကို ပြုံးကြည့်နေတုန်း......
လျှပ်ပန်းတွေက တိမ်ထုကို
ဝင်းလက်တဲ့အနမ်းတွေနဲ့  ဖြတ်သန်းလိုက်ပြီး
ရယ်မောရင်း လှစ်ကနဲ ပြေးခွာတုန်းမှာ.......
......ဟာ သစ်ပင်တွေ မိုးတိမ်တွေနဲ့ အတူ
ထောင့်တစ်ထောင့်မှာ တစ်ကိုတည်းရပ်နေမိတယ်...
ပန်းပွင့်ကဆန်းဆသော်တာကိုငေးကြည့်နေသလို
............ကလည်းသူ့ နှလုံးသာကိုသိုသိပ်ပြီး
အိပ်မက်တွေကို ငေးကြည့်နေမိတယ်...........
ငေးရင်က
နွေလေညင်းလို
ဦးတည်ရာမဲ့ လွင့်ပါးလျက်................
အချစ်ဆိုသည်မှာ
အချစ်ဆိုတာဘာအရောင်လဲ...
လူတယောက်ကိုချစ်ရင်"ဒါနောက်ဆုံးအချစ်"
လို့ထင်မှတ်ပြီးချစ်မှပေးဆပ်ခြင်းကိုနားလည်မယ်။
လူတယောက်ကိုချစ်ရင်"ဒါနောက်ဆုံးတရက်"
လို့ထင်မှတ်ပြီးချစ်မှတန်ဖိုးထားရမှန်းနားလည်မယ်။
ချစ်နေတဲ့အချိန်တန်ဖိုးထားပြီးချစ်တတ်မှအချစ်စစ်တဲ့။
မချစ်နိုင်တော့တဲ့အချိန်စွန့်လွတ်တတ်မှအချစ်စစ်တဲ့။
လူတယောက်ကိုချစ်ရင်..
နားလည်ပေးတတ်ရမယ်။
အပြန်အလှန်နားလည်မှုကိုလည်းယူတတ်ရမယ်။
တောင်းပန်တတ်ရမယ်။
ကျေးဇူးတင်ကြောင်းလည်းပြောတတ်ရမယ်။
အမှားကိုဝန်ခံတတ်ရမယ်။အမှားကိုပြင်တတ်ရမယ်။
ကြင်နာတတ်ရမယ်။ခွင့်လွတ်တတ်ရမယ်။
ရင်ဖွင့်တတ်သလို
သူပြောတာကိုနားထောင်ပေးတတ်ရမယ်။
သည်းခံတာမဟုတ်ဘဲ
လက်ခံတာဖြစ်ရမယ်။
Monday, June 23, 2008
it can't wait day 30
မင်္ဂလာပါ။Dreamရဲ့သူငယ်ချင်းတွေကိုကြက်ကြော်နဲ့ပတ်သတ်ပြီး
တောင်းပန်စရာတစ်ခုရှိပါတယ်။Dream ရဲ့computerပိုင်းဆိုင်ရာ
အတွေ့အကြုံအားနည်းမှုအရphoto uploading လုပ်ရာမှာ
အဆင်မပြေမှုအနည်းငယ်ရှိပါသောကြောင့်postsတွင်photo
မပေါ်လာရခြင်းနှင့်ပတ်သတ်၍ကြက်ကြော်စားရန်
ဖိတ်ကြားထားသောသူငယ်ချင်းများ
အားလုံးကိုမလေးမစားနောက်ပြောင်သလိုဖြစ်
သွားရသည့်အတွက်Dreamမှအနှူးအညွတ်တောင်းပန်ပါတယ်။
ဒီနေ့Dreamရဲ့သူငယ်ချင်းတွေကိုE-mailထဲကနေပြီး
ဟာသလေးတခုရှာထားပါတယ်။အားလုံးသိရအောင်မျှဝေ
ပေးလိုက်ပါတယ်နော်။ဟာသတခုအနေနဲ့ပဲသတ်မှတ်ပြီးကြည့်နော်..
ကြည့်မယ်ဆိုရင်clickလုပ်လိုက်လေ..
Burma:It Can't Wait Day 30
ကြည့်ပြီးရင်တော့
့ကောင်းပါတယ်ကောင်းပါတယ်ပေါ့... :P ဟီးဟီး
ဒါလေးနဲ့ပဲကျေနပ်တော့နော်...ဟီးဟီး စိတ်ဆိုးနဲ့ဦးနော်..…
ကြက်ကြော်ကိုတော့နောက်နေ့မှပဲစားတော့။
Dream ကြော်ထားလိုက်မယ်။သိလား....
Sunday, June 22, 2008
ပုဇဉ်းနှင့်ပတ်သတ်၍ဖြေရှင်းချက်
ဆိုတဲ့ခေါင်းစဉ်နဲ့new posts ရေးခဲ့ပါတယ်။ဒီပုံပြင်နဲ့ပတ်သတ်ပြီး
Dreamတခုပြောချင်ပါတယ်။ကြာတော့ကြာခဲ့ပါပြီ။
လွန်ခဲ့တဲ့၂နှစ်လောက်ကDreamရဲ့Emailထဲကို
သူငယ်ချင်းတစ်ယောက်ကforwardနဲ့ပေးပို့ထားတာပါ။
ဒီပုံပြင်လေးကိုသိပြီး၊ဖတ်ပြီးသူတွေရှိသလို
မသိသေးမဖတ်ဘူးသေးသူတွေလည်းရှိပါတယ်။
အဲဒီလိုမဖတ်ဘူသေးသူတွေဖတ်ရအောင်မူရင်း
အတိုင်းစာရိုက်ပြီးပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။
လာရောက်ဖတ်ရှုကြတဲ့သူငယ်ချင်းတွေကိုလည်းကျေးဇူးတင်ပါတယ်။
တကယ်တော့ဒီပုံပြင်လေးဘယ်ကလာလို့မူရင်း
ရေးသားသူဘယ်သူဆိုတာမသိပါဘူး။
မသိသေး၊မဖတ်ရသေးတဲ့သူငယ်ချင်းတွေကို
သိရအောင်မျှဝေပေးခြင်းသာဖြစ်ပါတယ်။
ဒီပုံပြင်နဲ့ပတ်သတ်၍တစုံတရာမှားယွင်းဖော်ပြခဲ့မိပါက
မူရင်းရေးသားသူကိုထိခိုက်စေလိုခြင်း
စော်ကားစေလိုခြင်းဆန္ဒတစုံတရာမရှိပါကြောင်း
ကဗျာဝိညာဉ်နှင့်တကွသူငယ်ချင်းများအားလုံးကို
Dreamမှအသိပေးပြောကြားလိုပါတယ်။
Friday, June 20, 2008
ကဲနေ့စဉ်ဘယ်လိုတရားထိုင်ရမလဲဆိုတာ.....
ဘယ်လိုမှတ်ရမယ်ဆိုတာကိုသင်ပေးမယ်နော်။ :P
ဒီလိုလေးလဲကောင်းပါတယ်။ :p
နွေဦးရင်ခွင်
သိပ်ချောက်ချောက်ချားချားကြီးတော့ မဟုတ်ပါဘူး
လေရူးတွေတိုက်နေတဲ့နွေဦးလို
မငိုဘဲမျက်ရည်ကျနေရုံပါပဲ...
ရွက်ဝါတွေကြွေနေသလိုပေါ့... ။
ရှပ်တိုက်ပြေးလွှားနေရတဲ့မြေပြင်
မင်းရင်ခွင်ဖြစ်သင့်စေချင်ခဲ့
အိပ်မက်ရဲ့အပြင်ဘက်
ခြေတစ်ဖက်မှမချနိုင်သေးသရွေ့တော့
ဦးမော့နေသေးတဲ့မာနတချို့ဟာ
ဝေးကွာခြင်းရာသီထဲ
စိမ်းဝေဆဲဖြစ်နေဦးမှာ... ။
အီကွေတာရပ်ဝန်းက
အမြဲစိမ်းသစ်တောတွေရဲ့အတွင်းဘက်
တစ်ချက်လောက်စောင်းငဲ့ကြည့်စမ်းပါ
ရွက်ဝါတချို့
စိမ့်ဝင်သွားခဲ့တဲ့မြေပြင်
ရင်ခွင်တစ်ခုဖြစ်ခဲ့ရင်။
်
Thursday, June 19, 2008
ပုစဉ်းတစ်ကောင်၏ပေးဆပ်အချစ်
အေးချမ်းတဲ့မြို့လေးတစ်မြို့မှာတစ်ဦးကိုတစ်ဦးအရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးရှိတယ်။
သူတို့ဟာအမြဲမခွာတတွဲတွဲပဲနေ့တိုင်းပင်လယ်ဘေးကိုသွားပြီးနေထွက်၊
နေ၀င်ချိန်ကိုသွား
ဒါပေမဲ့တနေ့မှာအတော်တဆကားတိုက်မှု့ကြောင့်ကောင်မလေးအပြင်းအထန်
ထိခိုက်ဒဏ်ရာရပြီးမေ့မျောသွားခဲ့တယ်။အိပ်ရာထဲမှာပဲငြိမ်သက်စွာ
လဲလျောင်းနေရတယ်။နေ့ဘက်ဆိုရင်ကောင်လေးကကောင်မလေး
အနားမှာနေပြီးသူ့နာမည်ကိုတတွတ်တွတ်ခေါ်ဆိုတယ်။ညဘက်ဆိုရင်
ဘုရားကျောင်းသွားပြီးကောင်မလေးကျန်းမာလာစေဖို့ဘုရားသခင်ထံဆုတောင်း
တယ်။အချိန်တွေတဖြည်းဖြည်းကုန်လွန်သွားခဲ့ပြီးကောင်လေးခမျာငိုရလွန်းလို့
မျက်ရည်တွေတောင်ခမ်းလုနီးနေပြီ။ကောင်မလေးကမေ့မျောနေဆဲပဲ။
ဒါပေမဲ့ကောင်လေးကလက်မလျော့ခဲ့ဘူး။ဘုရားသခင်ဆီဆုတောင်းမြဲဆုတောင်းတယ်။
ဒီလိုနဲ့တစ်ညမှာဘုရားသခင်ကကောင်လေးရဲ့မလျော့တဲ့ဇွဲနဲ့
ကောင်မလေးအပေါ်ထားတဲ့မေတ္တာတရားကြောင့်သူ့အပေါ်သနား
သက်ဝင်ပြီးမျှော်လင့်ချက်တစ်ခုပေးလိုက်တယ်။ဘုရားသခင်က
ကောင်လေးကို"ကောင်မလေးရဲ့အသက်ကို့ကိုယ်ဘ၀နဲ့လဲနိုင်မလား?".
လို့မေးတယ်။ကောင်လေးကတွေဝေမနေဘဲလှဲလှယ်နိုင်
ကြောင်းချက်ချင်းပြန်ဖြေတယ်။"ဒါဆိုကောင်းပြီ။
ကောင်မလေးအမြန်နှိုးလာဖို့အသင်ပုစဉ်းဘ၀နဲ့
သုံးနှစ်အသွင်ပြောင်းရမယ်။အသင်သဘောတူနိုင်သလား?"
လို့ဘုရားသခင်ကမေးပြန်တယ်။ကောင်လေးကမဆိုင်းမတွပဲ
သဘောတူကြောင်းချက်ချင်းပြန်ဖြေတယ်။မိုးလင်းတာနဲ့ကောင်းလေးဟာ
ပုစဉ်းတစ်ကောင်အသွင်ပြောင်းသွားခဲ့တယ်။ပုစဉ်းလေးကဆေးရုံဘက်
ကိုအလျှင်အမြန်ပျံလာတယ်။လူနာခန်းထဲဝင်ကြည့်တော့ကောင်မလေးက
နှိုးနေပြီးဆရာဝန်တစ်ဦးနဲ့စကားပြောနေတာကိုတွေ့တယ်။
သူတို့ပြောနေတာကိုပုစဉ်းကမကြားရဘူး။တစ်ပတ်နှစ်ပတ်နေတော့
ကောင်မလေးကျန်းမာလာပြီးဆေးရုံကဆင်းခဲ့တယ်။ဒါပေမဲ့သူမပျော်ဘူး။
နေရာအနှံကောင်းလေးကိုလိုက်စုံစမ်းတယ်၊လိုက်ရှာတယ်။
ကောင်လေးဘယ်ပျောက်သွားမှန်းဘယ်သူမှမသိကြဘူး။
ကောင်လေးကပုစဉ်းအသွင်နဲ့ကောင်မလေးဘေးမှာရစ်ဝဲပျံသန်း
နေပေမဲ့ကောင်မလေးကိုသူခေါ်လို့မရဘူး။ပွေ့ဖက်လို့မရဘူး။
ကောင်မလေးကိုပဲငေးစိုက်ကြည့်နေခဲ့ရတယ်။ဒီလိုနဲ့နွေရက်တွေ
တဖြေးဖြေးကုန်လွန်ပြီးဆောင်းဦးကိုရောက်လာခဲ့တယ်။
ဆောင်းလေညင်းတွေကြောင့်သစ်ရွက်တွေတဖြုတ်ဖြုတ်ကြွေကုန်တယ်။
ပုစဉ်းဒီနေရာကခွာရတော့မယ်။နောက်ဆုံးအကြိမ်အဖြစ်
ကောင်မလေးရဲ့ပုခုံးထက်နားကိုသူအရဲစွန့်ပြီးသွားနားလိုက်တယ်။
နူးညံတဲ့ကောင်မလေးရဲ့ပါးပြင်ကိုထိလိုက်တယ်။
သေးငယ်တဲ့ပါးစပ်နဲ့ကောင်မလေးရဲ့ပါးပြင်ကိုရှိုက်နမ်းလိုက်တယ်။
ကောင်မလေးသတိမထားမိခင်မှာသူတဆိတ်ထပျံလာခဲ့တယ်။
မျက်စိတမှိတ်အတွင်းမှာပဲနွေဦးရာသီကိုရောက်လာခဲ့တယ်။
နွေရောက်တာနဲ့ချက်ချင်းပဲပုစဉ်းဟာကောင်မလေးနားကို
အရောက်ပျံသန်းလာခဲ့တယ်။ဒါပေမဲ့သူရင်းနှီးတဲ့ကောင်မလေးရဲ့
ဘေးမှာခန့်ငြားတဲ့သူစိမ်းကောင်လေးတစ်ယောက်ကိုသူတွေ့
လိုက်တော့ပျံသန်းနေတဲ့သူ့တောင်ပံတွေလေဟာနယ်တ၀က်
တပျက်မှာအရပ်တန့်ခံလိုက်ရတယ်။လူတွေကကောင်မလေးကားတိုက်ခံရတာ
ဘယ်လောက်ပြင်းထန်ကြောင်း၊ဒဏ်ရာတွေကိုကုသပေးတဲ့
ဆရာဝန်ဟာကောင်မလေးအပေါ်ဘယ်လောက်ဂရုစိုက်ကြောင်း၊
သူတို့ရဲ့အချစ်တွေဟာစံတင်ထိုက်တဲ့အကြောင်း၊ကောင်မလေးဘ၀က
အရင်လိုပျော်ရွှင်ချမ်းမြေ့နေနိုင်ပြီဖြစ်တဲ့အကြောင်းပြောသံတွေကိုပုစဉ်းကြား
လိုက်ရတယ်။ပုစဉ်းရင်ကွဲရပြန်တယ်။ဆရာဝန်ကောင်လေးနဲ့ကောင်မလေး
ပင်လယ်ဘေးသွားပြီးနေ၀င်နေထွက်ကြည့်တာကိုသူအမြဲတွေ့နေရပေမဲ့
တစ်ခါတလေကောင်မလေးရဲ့ပုခုံးထက်မှာခဏသွားနားတာကလွဲလို့
သူဘာမှမတတ်နိုင်ခဲ့ဘူး။ပုစဉ်းလေးဟာရင်ထဲကဝေဒနာတွေကိုကြိတ်မှတ်ခံစားရင်း
ဒီနှစ်နွေဟာခါတိုင်းနွေထက်ပိုရှည်လျားနေတယ်လို့ထင်မိနေတယ်။
ကောင်မလေးနားမှာရစ်ဝဲပျံသန်းနေလည်းခွန်အားတွေဆုတ်လျော့နေတယ်။
ဆရာဝန်ကောင်လေးနဲ့ကောင်မလေးရဲ့တီးတိုးစကားပြောသံနဲ့ရယ်သံတွေက
သူ့ကိုအသက်ရှုကျပ်စေတယ်။သုံးနှစ်မြောက်နွေရာသီမှာတော့ပုစဉ်းဟာ
ကောင်မလေးကိုခဏခဏသွားမကြည့်တော့ဘူး။
သူနားနေကျကောင်မလေးရဲ့ပုခုံကို
ဆရာဝန်ကောင်လေးကတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားတယ်
သူ့တောင်ပံနဲ့နားနေကျကောင်မလေးရဲ့ပါးပြင်ဟာလည်းဆရာဝန်ကောင်လေး
ကတယုတယနမ်းနေတယ်။ပုစဉ်းရင်ကွဲတကောင်ကသူ့တို့ဘေးမှာ
ရစ်ဝဲနေတယ်ဆိုတာကိုချစ်တင်းနှောပြီးကြည်နှူးနေတဲ့နေတဲ့သူတို့
နှစ်ယောက်သတိထားမိမှာမဟုတ်ဘူး။ကောင်မလေးကလည်း
အတိတ်ဆိုတာကိုလုံးဝမေ့သွားခဲ့ပြီလေ။သတ်မှတ်ထားတဲ့သုံးနှစ်ဆိုတဲ့
အချိန်ကိုရောက်ဖို့တရက်အလိုမှာကောင်မလေးနဲ့
ဆရာဝန်ကောင်လေးတို့လက်ထပ်လိုက်ကြတယ်။ဘုရားကျောင်းထဲ
သူပျံဝင်ပြီးကောင်မလေးရဲ့ပုခုံးထက်မှာနားလိုက်တယ်။
ကောင်မလေးနဲ့ဆရာဝန်ကောင်လေးရဲ့ဘုရားသခင်ထံ
သစ္စာခံယူနေတဲ့အသံကိုသူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးကကောင်မလေးရဲ့လက်ကိုလက်ထပ်
လက်စွပ်စွပ်ပေးပြီးနမ်းလိုက်
တာကိုသူငေးကြည့်နေမိတယ်။သူ့ပါးပြင်ပေါ်မှာ
မျက်ရည်တွေစီးကျလာခဲ့တယ်။
“အသင်နောင်တရနေပြီလား”?ဘုရားသခင်ကပုစဉ်းကိုမေးတယ်။
”နောင်တလုံးဝမရပါဘူးလို့မျက်ရည်တွေကိုသုတ်ရင်းသူပြန်ဖြေတယ်။”
ဘုရားသခင်က”မနက်ဖြန်ဆိုလူ့ဘ၀အသွင်ပြောင်းလို့
ရပြီလိုပြောတော့ပုစဉ်းကခေါင်းခါပြီး
ပုစဉ်းအဖြစ်နဲ့ကျွန်တော်တစ်သက်လုံးနေပါရစေတော့”တဲ့။
တစ်ချို့ကံတရားကလက်လွတ်ဆုံးရှူံးဖို့စီရင်လာပြီးသားပါ။
တစ်ချို့ဖူးစာကပေါင်းစပ်ဖို့ကံပါမလာခဲ့ဘူး။
လူတစ်ယောက်ကိုချစ်တာရယူပိုင်ဆိုင်မှမဟုတ်ပါဘူး။
ဒါပေမဲ့လူတယောက်ကို
ရယူပိုင်ဆိုင်ပြီးရင်တော့ကောင်းကောင်း
တန်ဖိုးထားချစ်တတ်ရမယ်။
ကဲစာဖတ်ပရိတ်သတ်ကြီးရေ…..
သင့်ရဲ့ပုခုံးပေါ်မှာရောဒီလိုပုစဉ်းလေးတစ်ကောင်နားခဲ့ဖူးပါသလား၊?
အထူးသဖြင့်မိန်းကလေးတွေပေါ်မှာနားရင်သေချာသတိထားနော်....
Wednesday, June 18, 2008
အမှတ်တရကဗျာ
လေးစားရသောBloggerအစ်ကိုတစ်ယောက်မှမွေးနေ့လက်ဆောင်အဖြစ်အမှတ်တရ
ကဗျာလေးစပ်ပြီးပေးပို့ထားပါတယ်။အဲဒီကဗျာလေးကိုအမှတ်တရအဖြစ်
Postမှာတင်လိုက်ပါတယ်။
မြတ်းနိုးမိခြင်း....
နှောင်ရစ်တင်းသည့်....
ချစ်ခြင်းအစ..
သမုဒယအပူ...
သူမှသူဆိုတဲ့အစွဲ...
ရင်ထဲမြေ့ကျွမ်း....
ကိုယ်ပဲလွမ်းမယ်....
တမ်းတမြိုက်ဆူ....
ကိုယ်ပဲယူမယ်...
သူ...မသိစေ......
ရှိပါစေတော့...
ကြာလေလေဝေး...
ဝေးလေလေမေ့...
မေ့လေလေပျောက်..
အိမ်မက်လောက်သာ....
ထင်ပါစေကွယ်.....
အဓိပ္ပာယ်ပြည့်စုံသောဒီကဗျာလေးကို
အရမ်းနှစ်သက်ပါတယ်။ကျေးဇူးလည်းအရမ်းတင်ပါတယ်............လို့
အထိမ်းအမှတ်မင်္ဂလာ
ပူဇော်ထိုက်သူကိုပူဇော်ခြင်း၊ကျေးဇူးတင်ထိုက်သူများကိုကျေးဇူးတင်ရှိခြင်းဟာ
မင်္ဂလာတစ်ပါးမဟုတ်ပါလားရှင်..
ဒီနေ့ဆိုရင်Crazydreamlover ဆိုတဲ့Blogလေးမွေးဖွားလာတာနှစ်ပတ်သားရလာပါပြီ။
စာဖတ်ခြင်းသာဝါသနာပါခဲ့သောDreamတစ်ယောက်ကိုCrazydreamloverblog
ရယ်ဆိုပြီးဖြစ်လာအောင်Dream၏စိတ်ခံစားမှုများကိုblogပေါ်မှာရေးသားခွင့်
ရအောင်တွန်းအားပေးခဲ့ကြသောDreamမေ့မရနိုင်သောအဝေးတနေရာစီမှ
(--)နှင့်(--)ပုဂ္ဂိုလ်နှစ်ဦးကိုလည်းDreamမှကျေးဇူးတင်ရှိပါတယ်။
Dreamရဲ့Blogလေးဟာအထိန်းအကွပ်မရှိဘဲယိုင်ယိုင်နဲ့နဲ့နှင့်လမ်းလျှောက်နေရချိန်မှာ
တည့်မတ်ပြုပြင်ပေးခဲ့ပြီးအစစအရာရာအကူအညီပေးခဲ့သော၊စိတ်ဓာတ်ခွန်အားမြှင့်
တင်ပေးခဲ့သော၊Dream၏ရင်တွင်းခံစားမှုများ၊သောကများကိုမငြီးမညူ
နားထောင်ပေးပြီးထပ်တူထပ်မျှခံစားစာနာပေးသောDreamလေးစားရသော
Bloggerဆရာအစ်ကိုများထဲမှတစ်ဦးဖြစ်သူ(ကို.....)ဖြစ်သူကိုလည်းအထူး
ကျေးဇူးတင်ရှိပါတယ်။
Dreamလေးစားရတဲ့အတုယူအားကျခဲ့ရတဲ့Bloggerဆရာအစ်ကိုအစ်မတွေ
အားလုံးအပါအ၀င်DreamBlog၏ရင်တွင်းခံစားမှုများကိုနိုင်ငံအသီးသီး၊
ဒေသအသီးသီး၊နေရာအသီးမှမျှဝေခံစားဖတ်ရှုပေးကြသောသူငယ်ချင်းများစွာ
ကိုလည်းDreamမှကျေးဇူးတင်ရှိပါကြောင်း
Crazydreamloverနှစ်ပတ်မြောက်နေ့အထိမ်းအမှတ်အဖြစ်ပြောကြားလိုပါတယ်။
ပူဇော်ထိုက်သူကိုပူဇော်ခြင်း၊လေးစားထိုက်သူကိုလေးစားခြင်း၊
ကျေးဇူးတင်ထိုက်သူကိုကျေးဇူးတင်ရှိခြင်းဟာမြင့်မြတ်သော၊
ကောင်းမြတ်သောမင်္ဂလာဖြစ်တယ်လို့Dreamလက်ခံယုံကြည်ပါတယ်။
စာဖတ်သူများနှင့်Bloggerအစ်ကိုအစ်မများကိုအစဉ်လေးစားလျှက်
Crazydreamlover
***အားလုံးကောင်းမြတ်သောမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ***
ကာယကံရှင်များ၏ဆန္ဒအရနာမည်များကိုထိန်ချန်ထားခြင်အား
စာဖတ်သူများနားလည်ပေးစေလိုပါတယ်။
Monday, June 16, 2008
ဖော်ဝေးငှက်၏လွမ်းတေးသံ
သူငယ်ချင်းရေ..နင်နားထောင်မယ်ဆိုရင်ငါလေနင့်ကိုပြောပြချင်တဲ့
စကားတွေအများကြီးရှိတယ်ဟာ။
အဲဒီထဲကမှနင့်ကိုပုံပြင်တပိုဒ်ကိုအရင်ဆုံးပြောပြမယ်နော်။
ပုံပြင်ကငှက်လေးနှစ်ကောင်ရဲ့အကြောင်းပါ။
ဟိုးတနေ့သောအခါက...တဲ့
ငှက်နှစ်ကောင်ရဲ့ဘ၀အစဟာဖြူစင်ခြင်းတွေနဲ့အစပြုခဲ့ကြတယ်။
တနေ့တော့ကံကြမ္မာရဲ့ပန်းချီဆရာကငှက်နှစ်ကောင်ရဲ့
ဘ၀ကိုလှပတဲ့ဆေးစက်လေးတွေနဲ့ ဆေးရောင်ခြယ်ခဲ့တယ်။
ဒီလိုနဲ့နှစ်ကောင်လုံးဟာအချစ်ကြီးချစ်အပျော်ကြီးနေခဲ့ကြတာပေါ့။
ဒါနဲ့တနေ့မှာမမျှော်လင့်တဲ့မုန်တိုင်းတခုကသူတို့
နှစ်ဦးကြားကိုဝင်ရောက်တိုက်ခတ်လာပါရောလား။
ငှက်မလေးကအဲဒီလေပြင်းမုန်တိုင်းတွေရဲ့ကြားမှာသူ့
ချစ်သူကိုရှာနေလေရဲ့။ကံတရားရဲ့ရက်စက်မှုကြောင့်
သူချစ်သူဟာရက်စက်လှတဲ့မှန်တိုင်းနဲ့အတူဟိုးအဝေးကြီး
ကိုလွှင့်မျှောရောက်ရှိသွားလေရဲ့။ငှက်မလေးကတော့
မုန်တိုင်းတိုက်နေတုန်းမှာသူ့ချစ်သူကိုမတွေ့ရပေမဲ့မုန်တိုင်းပြီးလို့
လေပြေလာရင်သူ့ချစ်သူကိုတွေ့ရမှာပဲဆိုတဲ့စိတ်နဲ့
ခုချိန်ထိမျှော်လင့်စိတ်နဲ့ရှာနေလေရဲ့။ဒါပေမဲ့
ငှက်ကလေးကတော့မုန်တိုင်းဒဏ်ကြောင့်အတိတ်မေ့
ပြီးမာယာတောထဲကကြီးမားတဲ့ရွှေအိမ်စံပေါ်မှာသွားသောင်တင်နေလေရဲ့။
ငှက်ကလေးကတော့အတိတ်မေ့နေတာဆိုတော့
ငှက်မလေးကိုသတိမရဘဲမာယာတောထဲကရွှေအိမ်စံမှာအပျော်ကြီးပျော်နေတာပေါ့။
ငှက်မလေးခမျာမှာတော့မစားနိုင်မအိပ်နိုင်နဲ့
သူ့ချစ်သူငှက်ကလေးအလာကိုစောင့်စားနေရင်းနဲ့ 
အလွမ်းဝေဒနာတွေကိုခံစားရင်း
အလွမ်းသီချင်းတွေဆိုငြီးနေတယ်ဆိုပဲ။
တနေ့မှာကံတရားကသူကိုသူ့ရဲ့ချစ်သူအတိတ်မေ့နေတဲ့ငှက်လေးနဲ့
ပြန်တွေ့ပေးပါလေရောဆိုပဲ..
ငှက်မလေးဟာသူ့မျှော်လင့်ချက်အတိုင်းပန်းချီလေးကို
အသက်သွင်းဖို့သူ့ချစ်သူသတိရအောင်အမျိုးမျိုးကြိုးစားရှာတာပေါ့၊
သူဘယ်လိုပဲကြိုးစားကြိုးစားသူ့ရဲ့မျှော်လင့်ချက်တွေဟာအရာ
မထင်လာပါဘူး။သူ့ရဲ့ချစ်သူငှက်လေးကတော့လက်ရှိ
အတိတ်မေ့တဲ့ဘ၀မှာပဲပျော်နေပြီးမာယာတောထဲကရွှေအိမ်စံအိမ်ကြီးဆီ
ကိုပဲပျံသန်းသွားတော့တယ်။ငှက်မလေးကတော့ချစ်သူနဲ့
ဝေးရတဲ့ကျိန်စာအတိုင်းတယောက်ထဲခံစားနေရတာပေါ့။
ဒီလိုနဲ့ငှက်မလေးကသူ့ချစ်သူနဲ့ဝေးရာမှာကွဲကြေသွားတဲ့
နှလုံးသားတစုံနဲ့သူ့ရဲ့မျှော်လင့်ချက်ပန်းချီကားလေးကိုရင်မှာပိုက်ပြီး
သူ့ချစ်သူငှက်ကလေးအတွက်နေ့တိုင်းနေ့
တိုင်းအလွမ်းတေးသီချင်းတွေသီဆိုနေသတဲ့လေ။
ကဲသူငယ်ချင်းရေ...ပုံပြင်လေးကတော့ဒါပါပဲ။်
i wanna help you to fly
I want to help you fly, But not away from me. I want what's best for you, But fear what that might be. There is no paradox More difficult than this:
That I would die for you, Yet not give up your kiss. So do not mind my madness; Fly bravely, if you must: I'll watch you, happy in your joy, And teach my heart to trust.
လရောင်အောက်ကမိန်းမလှ
ဒါကတော့ လရောင်အောက်က မိန်းမလှ ပန်းလေးပါ။
Englishလိုတော့Epiphyllum ပေါ့။
ဘ၀ဆိုတာလည်း ဒီပန်းလေး လိုပါပဲ။ရရှိလာတဲ့ လူဖြစ်ရတဲ့ ခဏတာ အချိန်လေး အတွင်းမှာ တယောက်ကို တယောက် အမုန်းမပွားပဲ ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် ပြီးဆုံး သွားရရင် သိပ်ကောင်းကြ မှာပဲနော်..
Epiphyllumပန်းနှင့်လူ့ဘဝ
ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားပါ။ ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့ သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။
ကိုယ့်ဘ၀ကို ကူညီတဲ့ လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။ သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်း ပေးခဲ့သူ ဖြစ်လို့ပါပဲ။
ကိုယ်ချစ်ခဲ့ဖူးတဲ့ လူနဲ့ဆုံ တဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်း ပြောပါ။ သူ့ကြောင့် အချစ်ကို ပိုနားလည် စေခဲ့လို့ပါပဲ။
ကိုယ်မုန်းခဲ့ ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင် ခဲ့လို့ပါပဲ။
ကိုယ်နဲ့အတူ နေနေတဲ့၊ ကိုယ့်ကို အဖော်ပြု နေသူကို လုံးဝ ကျေးဇူးတင်ပါ။ သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာ တွေကို ကိုယ်ရနေ လို့ပါပဲ။
ကိုယ့်ကို သစ္စာဖောက် သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြော နှုတ်ဆက်ပါ။ သူ့ကြောင့် လောကကြီး အကြောင်းကို ကိုယ်နားလည် ခဲ့လို့ပါပဲ။
ကိုယ်တိတ်တခိုး ချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင် ဖို့တောင်းဆုပြုပါ။ သူ့ကိုကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင် ခဲ့လို့ပါ။
ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင် ကြောင်းပြောပါ။ ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာ လေးတွေ ထင်ကျန်အောင် သူနင်းလျှောက် ခဲ့လို့ပါပဲ။
တစ်ခါပဲ ဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။
Epiphyllum ပန်းက တစ်သက်မှာ တစ်ခါပဲ ပွင့်ပြီး ပန်းပွင့်ချိန် ၄- ၅နာရီသာ ကြာမြင့်တဲ့ ပန်းမျိုးဖြစ်တယ်။ တစ်သက်မှာ တစ်ခါဖူးပွင့်ရတဲ့ တိုတောင်းချိန်ကို သူဂရု မစိုက်ခဲ့ဘူး ။ဖူးပွင့်ရဲတဲ့ အစွမ်းသတ္တိကိုပဲ သူထုတ်ပြခဲ့တယ်။ အင်္ဂလိပ်အခေါ်=Epiphyllum တရုတ်အခေါ်=昙花
မြန်မာအခေါ် =......ဇောင်းကြမ်းပင် (cactus) မျိုးနွယ်စု၊ မှုလပေါက်ပွားရာဒေသ တောင်အာဖရိက၊ မက်ဆီကို ပူပြင်းခြောက်သွေ့သော သဲကန္တာရ နေရာများတွင် ပေါက်ရောက်၊ ပန်းပွင့်ကြီးမျိုးဖြစ်၊ ပွင့်ဖတ် လှံချွန် ပုံသဏ္ဍာန်၊ ညအချိန်တွင် ပွင့်ပြီး မနက်မှာ ညှိုးနွမ်း၊ ပန်းပွင့်ချိန် ၄-၅နာရီ သာကြာမြင့်၊ ညအချိန်မှ ပွင့်တတ် တဲ့အတွက်“လရောင်အောက် က မိန်းမလှ” ဟုတင်စား ကြပါတယ်။ ထို့ကြောင့် အချို့လူများက အချိန်တိုတောင်းခြင်းကို ဤပန်းနှင့် ခိုင်းနှိုင်းကြပါတယ်။
Sunday, June 15, 2008
အိမ်မက်ထဲမှသခင်သိစေဖို့
ကံကောင်းခြင်းတွေ ယူဆောင်လာတဲ့
အိပ်မက်သခင်ရေ…
အိပ်မရတဲ့ညပေါင်းများစွာ
ဖြတ်သန်းနေရင်း
အိပ်မက်ထဲမှာ ဆုံခဲ့ဖူးတဲ့
အတိတ်နေ့လေးတွေကို ပြန်လည် သတိရနေရင်း
အားငယ်မှုတွေ အားပြန်ပြည့်ခဲ့
သခင်ရဲ့ အရင်တုန်းက အားပေးမှုဟာ
ခုထိ သံသရာရှည်နေဆဲပါ သခင်
နေ့တနေ့ရဲ့နံနက်စာ
Dream ဒီနေ့ အားနေတာနဲ့ dream လေးစားရတဲ့ အစ်ကိုအစ်မတွေဆီကို အလည်သွားပါတယ်။ အဲဒီထဲက ကိုအနက္က..အဲမှားလို့ ....ကိုအနက်ရောင် အိမ်မက်ရေးတဲ့ ၀တ်ရုံတခုရဲ့ ရာဇ၀င်နဲ့ နံနက်စာလေးကို အရမ်းနှစ်သက်ပါတယ်။ ကိုBDရေး သလိုပါပဲ ဒီဝတ်ရုံဟာ အရာရာကို ပြောင်းလဲပေး ခဲ့ပါတယ်။ dreamတို့ ချစ်သူနှစ်ဦးကို ကွဲစေခဲ့တာ ဒီဝတ်ရုံလေးကြောင့်လည်း တစိတ်တပိုင်းပါတယ်။ ကိုBDရေးတာ ဖတ်ပြီးရင်ထဲမှာ အရမ်းခံစား ရပါတယ်။ သူ့ကိုလည်း ခုချိန်ထိ မမေ့နိုင်ဘဲ သတိရနေ ပါသေးတယ်။ dreamမှာ အခွင့်အရေး ထပ်ရှိရင် အဲဒီဝတ်ရုံနဲ့ ၀တ်ရုံရှင်လေးကို .......???? ဒါပေမဲ့ ခုတော့... dreamဆီကို သူပြန်လာမှာ မဟုတ်ဘူးဆိုတာ သိနေပေမဲ့လည်း မျှော်လင့်ချက်လေးနဲ့ စောင့်နေတယ်ဆိုတာ သူစေချင်လိုက်တာ။ ခုတော့လည်း အိမ်မက်တပိုဒ် လိုပါပဲလေ ...သူရွှေအိမ်စံမှာ ပျော်နေရင် ပြီးတာပါပဲ....
နံနက်စာကိုတော့ သူငယ်ချင်းတွေလည်း စားရအောင် ဖော်ပြပေး လိုက်တယ်နော်..
ကျွန်တော်နှင့် နံနက်စာ
ကျွန်တော်။ ။ကိုယ့်ကို“အိပ်မက်” တစ်ပွဲပေးကွာ ညီလေး....“မျှော်လင့်ချက်” များများထည့်… “ အတိတ်ဆိုး” တွေမထည့်နဲ့… “အနာဂတ်” ရွှဲရွှဲလေးစမ်းကွာ …“ခံစားချက်” ကိုထည့်ရင် ဒီအတိုင်း မထဲ့နဲ့ ကပ်ကြေးလေးနဲ့ ညှပ်ပြီးထည့်… အဲမေ့လို့… မင်းတို့ဆိုင်မှာ ရှိမယ်ဆိုရင်တော့ “ဘ၀”ကို နဲနဲလေး ပါးပါးလှီးပြီး ထည့်ကွာ…။ ဘ၀ဆိုတာက ပါးပါးလှီးထား မှကောင်းတာ… အတုံးလိုက် အတစ် လိုက်ဆို သိပ်မကောင်းဘူး။ လူကို ဒုက္ခပေး တတ်တယ်။
ကောင်လေး။ ။ ဟုတ်ကဲ့ အစ်ကို…အော်…ဒါနဲ့…“မျက်ရည်” ထည့်အုံးမလား အစ်ကို??
ကျွန်တော်။ ။အေး…ရှိရင်တော့ ထည့်ကွာ!နဲနဲပေါ့… အိပ်မက်ဆိုတာက မျက်ရည်ပါမှ ကောင်းတာကွ။
ကောင်လေး။ ။ဘာသောက် အုံးမလဲ အစ်ကို….“ဖြစ်ချင်တာလား”…“ဖြစ်သင့်တာလား”…???
ကျွန်တော်။။ကိုယ်ကတော့ “ဖြစ်သင့်တာ” သောက်နေကျကွ… ဒါပေမယ့် ဒီတစ်ခါတော့ အပြောင်း အလဲလေး ဖြစ်အောင် “ဖြစ်ချင်တာ” တစ်ခွက်ပေးကွာ …“နောင်တ”တော့ လျော့ထည့်ကွာ ညီလေး … ငါ့ဘ၀မှာ“ ဖြစ်သင့်တာတွေ” ချည်းသောက် နေရတာ ကြာတော့လည်း စိတ်ကုန်လာပြီ....။
ဒီလိုနဲ့ပဲ… ကျွန်တော့်ရဲ့ နံနက်စာကို “မျက်ရည်နဲနဲ ပါတဲ့ အိပ်မက် တစ်ပွဲ” …“ နောင်တနဲနဲ လျော့ထည့် ထားတဲ့ဖြစ်ချင်တာ တစ်ခွက်”နဲ့ကို အပြီးတိုင် နှုတ်ဆက် ထွက်ခွာပြီးလို့ ....................
Saturday, June 14, 2008
ခေါင်းစဉ်မရှိသော စာတစ်ပိုက်
မေလ3ရက်နေ့ တွင်စတင်ဖြစ်ပွားခဲ့သောနာဂစ်မုန်တိုင်း၏ရက်စက်မှုအောက်တွင်
ဆိုးရွားစွာအလူးအလိမ့်ခံစားခဲ့ရသောမြန်မာပြည်သူပြည်သားတို့ ၏
လွှင့်ပါးပျောက်ဆုံးပျက်စီးသွားကုန်သောအသက်အိုးအိမ်စည်းစိမ်များနှင့်
သက်ရှိသက်မဲ့များကိုကျန်ရှိနေသောမိသားစုနှင့်
ထပ်တူထပ်မျှအထူးဝမ်းနည်းကြေကွဲရပါကြောင်းနှင့်
များစွာစိတ်မကောင်းဖြစ်မိပါကြေ
ကူည
နိုင်င
ကျေးဇူးတင်ပီတိဖြစ်ဂုဏ်ယ
Crazydreamlover
ကမ်းလင့်လက်များ
ပြဇာတ်တပုဒ်လိုခဏတာအချိန်လေးအတ
ငါတို့ ရဲ့ဘ၀တွေအဆုံးတိုင်ပျောက်ကွယ်
ကြိုးစားပြီး..အို..ဆောက်တည်ခဲ
ရေပြင်ကြီးရဲ့ရက်စက်မှုအောက်မှ
ပိုင်ဆိုင်ခဲ့သမျှငါတို့ ဘ၀ဟာ၊မမြဲခြင်းတရားတဲ့လား။
ဆုံးရှုံခဲ့ပြီလူ့ အသက်ပေါင်းများစွာ၊မိသားစုတိုင
နှလုံးသားထဲမှာပွင့်ဝေဆဲမေတ္တာ၊
ကြင်သူမိဘသားသမီးများစွာ၊ပြန်ဆုံဆည်းခွင့်ရနိုင်ပါ့မလား။
ရေပြင်ကျယ်ကြီးထက်မှာအချစ်နဲ့ ဘ၀တွေဆုံးကာပျက်စီးသွား
ပြန်လည်အစားထိုးရနိုင်မလား၊ပျော
ဆုံးရှုံးပျောက်ကွယ်ချိန်မှာနှစ
ဒီမြေပေါ်အတူကြီးပြင်းတို့ သွေးရင်းများ၊လက်တွဲခုချိန်မှ
အကြင်နာတွေနဲ့ ဖေးကူပါ။
အမေပျောက်လို့ လိုက်ရှာကလေးငယ်ပေါင်းများစွာ
ငိုကြွေးလို့ဟစ်အော်မိခင်ကြားနိုင်ပါ့မလား။
အပြေးအလွှားလိုက်ရှာဖေးကူလည်းမတွေ့ ပါ။
ထွေးပိုက်ဖို့ ရာဖခင်ရောပြန်လာမလား။
ကြင်သူမိဘသားသမီးများစွာပြန်ဆံ
မာယာအပြည့်နဲ့မုန်တိုင်းအောက်မှာတွဲလက်ပြုတ
ငါ့ရဲ့နှုတ်ခမ်းတွေရမ်းရောင်ခြေ
အသက်ပျောက်ခဲ့ပြီငှက်ငယ်လေးမျာ
ရုပ်ဝတ္ထုတွေမျောပါ၊သစ်ပင်မနှံ့ အပြား၊
ရေပြင်ကြီးရဲ့ရက်စက်မှုမှာအရာရ
သန်းခေါင်ယံညရဲ့ဆုတောင်းများစွာ
ပြန်လည်အစားထိုးရနိုင်မလား၊ပျော်ရွှင်စရာမိသားစုကမ္ဘာလေးများ။
ဆုံးရှူံးပျောက်ကွယ်ချိန်မှာနှစ်သိမ့်မှုကိုငါတို့ ပေးနိုင်မလား။
စာနိုင်မှုနဲ့ ဖေးကူမလား၊ဒီမြေပေါ်အတူကြီးပြင်းတို့ သွေးရင်းပါ၊
လက်ကမ်းအခုချိန်မှာလက်ကမ်းလို့ ကူပါ၊အကြင်နာတွေနဲ့ ဖေးကူပါ။
ဆုံးရှူံးခဲ့တဲ့တို့ ဘ၀တွေအတူပြန်လည်တည်ဆောက်ကြမယ်။
အနွေးထွေဆုံးဒီအချစ်များနဲ့ ။ရင်ဆိုင်ကြစို့ ၊လက်တွေအတူတွဲထား၊
ဘ၀တွေတခေါက်ပြန်လှစေဖို့ ၊အကူအညီဖြစ်စေရမယ်တို့ ရဲ့လက်များနဲ့ ။
မင်းအချစ်နဲ့လက်များပေးလိုက်ပေါ့ဘ၀များစွာ
ရှင်သန်ဖို့အသစ်နေရာကူညီသူကိုစောင့်စား။
အချစ်ကမ်းလင့်လက်များ၊၀မ်းနည်းမှုတွေနဲ့ကြေကွဲနေတဲ့နာကျင်ဖွယ်ရာ
ဘ၀တွေအဖော်မဲ့.....
Friday, June 13, 2008
အမုန်းစည်းလေးခြားမှာစိုးတယ်
မလေးနက်ဘူးထင်လို့လား....
ပြောခဲ့တဲ့စကားတွေကို
မုသားဖက်တယ်ထင်လို့လား...
ရင်တွင်းကချစ်ခြင်းတွေကို
အတုအယောင်တွေလို့ ထင်လို့ လား...
အနေဝေးလို့ 
သွေးအေးသွားမယ်ထင်လို့ လား
သံသယတွေပိုကဲလာရင်
အမုန်းစည်းလေးခြားမှာစိုးမိတယ်...
နားလည်မှုလေးတွေနဲ့ 
အမုန်းမရှိတဲ့ကမ္ဘာလေးဆီလှမ်းချင်လို့ 
ဒို့ လက်ကိုမြဲမြဲကိုင်ထားစမ်းပါ...
ယုံကြည်မှုလေးတွေနဲ့ အပြုံးဆက်ပြီးလှမ်းမှာပေါ့
ဒို့ ရင်ထဲကလေးနက်တဲ့ချစ်ခြင်းက
မုသားဖက်တဲ့အတုအယောင်မဟုတ်တာမို့ 
အနေဝေးရင်သွေးအေးသွားဖို့ 
ဖြစ်နိုင်ပါ့မလား...စဉ်းစားလေ...
ဒီတစ်ခါ...အမှိုက်ကားလာရင်...
သံသယလေးတွေအရင်သွားပစ်လိုက်နော်....
နေနိုင်သူကြီးသို့ 
Dreamသတိရလို့ ပါ
အဆက်အသွယ်ပြတ်သွားတာတစ်လကျော်သွားပြီ
သတိရလိုက်.....လွမ်းလိုက်.....အိပ်မက်မက်လိုက်နဲ့ 
အဓိပ္ပါယ်မဲ့နေ့ရက်များစွာကိုလဲဖြတ်သန်းခဲ့ပြီးပြီ
သိခဲ့တဲ့အချိန်အနည်းငယ်လေးနဲ့မလိုက်အောင်
ရင်ထဲမှာစွဲလမ်းမှုတွေဖြစ်နေခဲ့ပြီ
နာမည်မသိ.....ဖုန်းမသိ....အိမ်မသိပေမဲ့
g mailလိပ်စာလေးတစ်ခုကိုရင်မှာပိုက်ပြီး
onlineမီးစိမ်းလေးပြမဲ့အချိန်ကိုမျှော်နေမိတယ်...
မျှော်တာမျှော်နေပေမဲ့တကယ်တန်းတော့ကိုယ်က
Deleteနဲ့ Remove listထဲမှာပါနေခဲ့တာလားမသိ...
လောကကြီးမှာလေ
အဖေ
၎နှစ်သားတုန်းက ငါဖေဖေကြီးကဘာမဆိုလုပ်တတ်တယ်။
၅နှစ်သားတုန်းက ငါ့အဖေကြီးမသိတာမရှိဘူး။
၆နှစ်သားတုန်းက ငါ့အဖေကမင်းအဖေထက်တတ်တယ်ကွ။
၈နှစ်သားတုန်းက တို့အဖေကအကုန်းလုံးတော့လည်းအတိအကျ မသိဘူး။
၁၀နှစ်သားတုန်းက အဖေတို့ငယ်ငယ်တုန်းကနဲ့အခုနဲ့ကတခြားဆီပဲ။
၁၂နှစ်သားတုန်းက အင်းအဲဒါကတော့အဖေလည်းဘယ်သိပါ့မလဲ၊သူကအသက်သိပ်ကြီးပြီဆိုတော့
ကလေးတုန်းကအကြောင်းတွေမမှတ်မိနိုင်တော့ဘူး။
၁၄နှစ်သားတုန်းက အဖေတော့ထည့်မပြောပါနဲ့၊သူကရှေးရိုးသမားကြီး။
၂၀နှစ်သားတုန်းက အဘိုးကြီးလား ...ထားပါ၊အောက်နေပြီ၊လုံးဝအောက်နေပြီ။
၂၅နှစ်သားတုန်းက အဖေလည်းနည်းနည်းပါးပါးတော့သိတယ်၊မသိလို့လည်းမဖြစ်ဘူးလေ၊လူကြီးပဲဟာ။
၃၀နှစ်သားတုန်းက အဖေ့ကိုနည်းနည်းပါးပါးမေးကြည့်ရင်ကောင်းမယ်ထင်တယ်၊
ဘာပဲပြောပြောသူကအတွေ့အကြုံအများကြီးရှိတယ်။
၃၅နှစ်သားတုန်းက အဖေ့နဲ့တိုင်ပင်ပြီးမှပဲဒီကိစ္စအတွက်ငါတစ်တစ်ခုခုလုပ်နိုင်မယ်။
၄၀နှစ်သားတုန်းက အဖေသာဆိုရင်ဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲမသိဘူး၊အဖေကအတွေ့
အကြုံစုံတယ်အမြော်အမြင်လည်းရှိတယ်။
၅၀နှစ်သားတုန်းက ဒီကိစ္စအခုနေသာအဖေနဲ့တိုင်ပင်ခွင့်ရမယ်ဆိုရင်ဘယ်လောက်ပေးရပေးရ
ငါပေးပါတယ်၊အဖေအရည်အချင်းတွေသူရှိတုန်းကကောင်းကောင်းသတိမထားခဲ့
သိပ်နှမြောမိစရာကောင်းတယ်၊
တကယ်ဆိုငါ့အဖေဆီကပညာအများကြီးရလိုက်ဖို့ကောင်းတယ်။
ဟိုဟိုဒီဒီရှာတွေ့သမျှ
ယောကျာင်္းနှင့်မိန်းမ
အိုဘယ့် မိန်းမ
အိုဘယ့်ယောက်ျား
ီိ
နှစ်မျိုးပေါင်းလိုက်ရင်တော့
ပါးနပ်တဲ့ ယောက်ျားနဲ့ ဥာဏ်ရှိတဲ့ မိန်းမတွေ့ရင် ရိုမက်တစ်ဆန်တဲ့ အချစ်မျိုး ဖြစ်လာနိုင်တယ်။ ပါးနပ်တဲ့ ယောက်ျားနဲ့ အူတူတူ မိန်းမနဲ့ ဆိုရင် တိတ်တိတ်ပုန်း အချစ်တွေ ဖြစ်လာနိုင်တယ်။ ဥာဏ်ရှိတဲ့ မိန်းမနဲ့ တုံးအတဲ့ ယောက်ျား တွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။ ယောက်ျားရော မိန်းမပါ ငထုံငအ တွေဆိုရင်တော့ ကိုယ်ဝန် ရသွားနိုင် ပါတယ်တဲ့ :P မိန်းမတွေဟာ အနာဂတ်အတွက် စိတ်ပူကြတာ ယာက်ျားရ သွားတဲ့အထိပဲ။ ယောက်ျား တွေကျတော့ မိန်းမမရမချင်း အနာဂတ် ဆိုတာကို ခေါင်းထဲ မထည့်ကြဘူး။ အောင်မြင်တဲ့ ယောက်ျားဆိုတာ သူ့မိန်းမ သုံးဖြုန်းတာ ထက်ပိုရှာနိုင်တဲ့ လူကိုခေါ်တာ အောင်မြင်တဲ့ မိန်းမကျတော့ အဲသလို ယောက်ျားမျိုး ရှာနိုင်သူကို ခေါ်တာတဲ့..
၇၂နာရီဖျားသွားခြင်း
ကျမလက်တွေတုန်နေမိတယ်။G mail password တခုကိုရိုက်ဖို့ ကျမဘာကြောင့် ဒီလောက် စိတ်လှူပ်ရှား ရတာပါလိမ့်? စက္ကန့်တွေ ရွေ့လျားနေသလို ကျမရင်ခုန်သံတွေလည်း တထိတ်ထိတ်နဲ့ တိုးလာတယ်။ Chatsဆိုတဲ့ နေရာကို Mouseရွေ့ဖို့ ကျမလက်တွေ ခေတ္တရပ်တန့် သွားတယ်။ ကျမစဉ်းစားတယ် …ဘာရည်ရွယ်ချက်လဲ? ကျမမောင့်ဆီက လိုချင်တာ ဘာလဲ? ကျမဘာကြောင့် မောင့်gmailကို checkလုပ်ချင် ရတာလဲ? မေးခွန်းတွေ များပေမယ့် အဖြေက တခုတည်းပါ။
မောင် ကျမအပေါ် ရိုးသားမှူ ဘယ်လောက် ရှိလဲဆို တာပါပဲ။ ဟုတ်တယ်၊ ကျမသိချင်တာ ဒါပါပဲ။Mouseကို နှိပ်လိုက်တယ်။ Chat pageတွေ အများကြီး တက်လာတယ်။ အဲ့ဒီထဲကမှ တခုဆို တခု တည်းပါပဲ… မောင်။ကျမဖွင့် ဖတ်လိုက် မိတယ်။ အား….….…." ကျမအသံ ကုန်ဟစ်ပြီး၊ အော်ပစ် လိုက်ချင်ပါတယ်။ မောင်ဆိုတဲ့ လူသားတယောက် အပေါ် စိတ်ဆိုး မာန်ဆိုး ဖြစ်ရမှာထက်၊ ကျမကိုယ် ကျမပဲ အပြစ်တင် မိပါတယ်။ ဒါက ကျမတောင်းဆိုလို့ မောင်က ကျမကို သိစေခဲ့တာ ပဲလေ။ တပြိုင်နက် တည်းမှာပဲ “မသိသင့်တဲ့အရာ တခုဟာ တစွန်းတစ လေးတောင် မသိတာ အကောင်းဆုံး” ဆိုတာ ကျမလက်ခံ သွားပါတယ်…မောင်။ မောင်က ကျမကို ချစ်တယ်ဆို တာထက် သူမကို မြတ်နိုးပါသတဲ့ မောင်က ကျမကို လွမ်းတယ် ဆိုတာထက် သူမကို တမ်းတ ပါသတဲ့။ မောင်က ကျမကို တွေ့ချင်တယ် ဆိုတာထက် သူမနဲ့ တွေ့ဆုံခွင့်ကို အရူးအမူး မျှော်လင့် မိပါသတဲ့။ ၀မ်းနည်းစရာ ကောင်းတာက ကျမတန်ဖိုးထားတဲ့ မောင့်စကားတွေက ကျမအတွက် သီးသန့် ဖြစ်မနေခဲ့ဘူး။ ပိုပြီးဝမ်းနည်းစရာ အကောင်းဆုံးက လေလှိုင်းပေါ်က မောင့်အနမ်း တွေကို ကျမဘယ်လို ရူးသွပ် ရင်ခုန်ရ တော့မှာလဲ…မောင်။ကျမလွတ်မြောက် ချင်မိတယ်။ ဘယ်သူ့ ဆီကပါလိမ့် ?မောင့်ဆီကလား ?ဒီလောကကြီး ထဲကလား? ကျမခေါင်း အရမ်းနောက် သွားတယ်။ sign out လုပ်လိုက်တယ်။ မောင့်chat listကို ဖတ်ကြည့်မိတဲ့ အချိန်က တကယ့်ကို မိနစ် အနည်းငယ်ပဲ ကြာခဲ့တာပါ။ ဒါပေမဲ့... အဲဒီနေ့က စပြီး ၃ရက်လောက် ကျမဖျား သွားတာတော့ အသေ အချာပါပဲ။ ရှူး….တိုးတိုးလေး နေပေးကြပါ…. ကျမက လေးနဲ့မြား ကို မောင်မရွယ်ခင် ကတည်းက မြင်ရုံနဲ့ အလဲလဲ အပြိုပြို ဖြစ်နေတဲ့ သူဆိုတာ မောင့်ကို ကျေးဇူးပြုပြီး မပြောပြ ကြပါနဲ့နော်။။။။။
ခံစားချက်ခြင်း ထပ်တူညီလို့ တင်ထားတာပါ။
Thursday, June 12, 2008
ကမ္ဘာအကြီှးဆုံးအရာ
Dreamရဲ့သူငယ်ချင်းတွေကိုmailထဲကဓာတ်ပုံလေးတွေကိုရှာပြီးမျှဝေပေးတာပါ။
very intriguing human engineering
the wonder of God' s knowledge
FROM THE
GUINNESS BOOK OF WORLD RECORDS
ENGINEERING FEATS
Basilica of our Lady of Peace, Yamoussoukro o.
Inside sitting capacity…18,000 Outside overflow capacity….100, 000
WORLD'S BIGGEST INDOOR SWIMMING-POOL
World Water Park…..Edmonton,Albert, Canada………SIZE….5Acres
WORLD'S BIGGEST OFFICE COMPLEX ………… CHICAGO
Chicago Merchandise Mart…..Illinois,USA
WORLD'S BIGGEST SHOPPING MALL
South China Mall,Dongguan, China………892,000
meter-square
Shops on 6 floors
WORLD'S BUSIEST AIRPORT……………NEW YORK
J.F.K International Airport , New York…………USA
WORLD'S WIDEST BRIDGE………AUSTRALIA
Sydney harbor bridge,
Australia……..16 lanes of car traffic…..8 lanes in the upper floor, 8 in the lower floor
WORLD'S LONGEST BRIDGE……………CHINA
Songhai Bridge,China
………32.5 kilo meters
WORLD'S BIGGEST PASSENGER-SHIP
MS Freedom of the Seas……4300 passenger Capacity Inside
WORLD'S BIGGEST PLANE……………AIRBUS
Airbus A380….555 Passengers
WORLD'S BIGGEST BUS
Neoplan Jumbo-cruiser...2 in 1 bus…double deck bus…170 passenger capacity
WORLD'S HIGHEST STATUE…………….BRAZIL
CHRIST THE REDEEMER STATUE…..RIO.D.J………BRAZIL
WORLD'S TALLEST BUILDING………DUBAI
Burj Dubai…900 meters high. To be finally completed 2008
WORLD'S LARGEST PALACE………………….ROMANIA
Palace of the Parliament…..Bucharest, Romania….more than 500 bedrooms,55 kitchens,120
sitting rooms
WORLD'S BIGGEST STADIUM……….BRAZIL
MARACANA STADIUM RIO D.J..BRAZIL……CAPACITY…199
WORLD'S COSTLIEST STADIUM………ENGLAND
New WEMBLEY STADIUM, London….90,000
capacities…cost….$1.6 billion
MOST COMPLEX INTER-CHANGE………TEXAS
Interstate 10 Highways Interchange…Houston, Texas.
WORLD'S BIGGEST EXCAVATOR
Built by KRUPP of Germany…….45,500tons……95 meters high……215 meters long
WORLD'S LARGEST MOSQUE………………PAKISTAN
Shah Faisal
mosque…..Islamabad…Pakistan
Inside hall capacity ….35, 000 outside overflow capacity…… 150,000
WORLD'S BIGGEST HOTEL………LAS VEGAS
MGM Grand Hotel….Las Vegas….6, 276 rooms
WORLD'S MOST EXPENSIVE HOTEL …DUBAI…U.A.E
Burj Al Arab Hotel, Dubai….only 7 Star Hotel in the World Cheapest room…$1000 per night.…..Royal suit…$28,000 per night
WORLD'S BIGGEST CHURCH BUILDING………NIGERIA
Winners` C hapel…….Canaanland …Otta…..…Nigeria
Inside Sitting Capacity……50,000 Outside Overflow Capacity……250,000
WORLD'S BIGGEST ROMAN-CATHOLIC CATHEDRAL…………IVORY-COAST
ကမ္ဘာ့အရက်စက်ဆုံးမြန်မာပြည်မှလူသတ်သမားTHIS IS THE FAMOUS KILLER THAN SHWE WHO KILL THE MYANMAR PEOPLE IN BURMA.HE IS THE MOST SCALY KILLER IN THE WORLD.