Subscribe:
Sunday, May 3, 2009
သောက16 ပါးနှင့်အန္တိမတင်းမာမှု
ဒဿန ဆရာက လောကီဆိုင်ရာ သောက (Anxieties) တရားကို ဟောသောအခါ ၀န်ရိုးနှင့် တန်ပြန်ဝင်ရိုး (Pole and ounterpales) တို့အကြောင်းကို အခြေခံတည်ပြီး ဟောပါတယ်။ ၀င်ရိုးသည် တကယ့်အစစ်အမှန် လက်တွေ့ဘ၀ Real life တွင်ရှိပြီး တန်ပြန်ဝင်ရိုးသည် ဖြစ်စေချင်သော စိတ်ကူးဘ၀ Imagined life တွင်ရှိုသည်။ ဤ၀င်ရိုး နှစ်ခု မကိုက်ညီရာမှ တင်းမာမှု Tension တွေဖြစ်ပေါ်လာသည်။ ဤတင်းမာမှု တို့ပင်လျှင် သောကတွေဟု ဒဿန ဆရာက ပဏာမ အဓိပ္ပာယ် တွေပေးသည်။ သောကတို့တွင် ဘာသာရေးက ဟောသော သောကတို့ လည်းရှိသည်။ နိစ္စဓူဝ လက်တွေ့ကြုံတွေ့ နေရသော သောကတို့ လည်းရှိသည်။ အခြေခံကျကျ လောကအလုံးစုံနှင့် ဆိုင်သော သောကတို့ လည်းရှိသည်။ အထူးစပါယ်ရှယ် ပုဂ္ဂိုလ်လိုက် သောကတို့ လည်းရှိသည်။
ပုဂ္ဂိုလ်လိုက် သောကတို့သည် မိမိ၏ အခြေယိုင်နေသော လောကကို မူတည်၍ ပို၍ပို၍ သိမြင်လာလေလေ၊ မိမိကိုယ်ကို ပို၍ပို၍ အာရုံစူးစိုက် မိလာလေလေ၊ မိမိ၏ ခံစားမှုသည် ပို၍ပို၍ အကဲဆတ် လာလေလေ၊ သောကသည် ပို၍ပို၍ ပြင်းထန်လာ လေလေဖြစ်တော့သည်။ မည်သို့ပင်ဖြစ်စေ သောကအားလုံးသည် လူတို့အား တို့မောင်းရိုက်မောင်းသော နှင်တံ Goods များသာဖြစ်ကြသည်။ အားနည်းသူ တို့ကိုမူ ခံနိုင်ရည် မရှိသည်အထိ နှင်တံက ရိုက်ပါ၏။ သို့သော် တဖက်မှ ကြည့်လျှင် လူသားလောက တစ်ခုလုံးအား ဤနှင်တံနှင့် တို့ပေး၊ရိုက်ပေး ရန်ကား မရှိမဖြစ် လိုအပ်ပြန်သည်။
ပျော်ရွှင်သော လောကတွင် သောကအားလုံးသည် ကစားစရာ Game များဖြစ်ကြကုန်၏။ အခြားသော လောကတွင်ကား သောကတို့သည် နာကျင်မှု Pains များဖြစ်ကုန်ကြ၏။ လူနှစ်ဦးသည် တူညီသော အခြေအနေ၌ပင် တစ်ဦးက သောကကို နာကျင်မှု အဖြစ် ခံစားမိနိုင်၏။ အခြားတစ်ဦးကမူ ဂိမ်းအဖြစ် ခံစားမိနိုင်သည်။စင်စစ်တွေး ကြည့်ပါက သောကသည် ချို့တဲ့မှု တစ်ရပ်ပင်ဖြစ်သည်။ ဤချို့တဲ့မှုက နာကျင်မှုကို မွေးထုတ်သည်။ ဂိမ်းသည်လည်း ချို့တဲ့မှု တရပ်ပင်ဖြစ်၏။ သို့သော် ဤချို့တဲ့မှုက ပျော်ရွှင်နှစ်သိမ့်မှု ကိုပေးပါတယ်။
လေ့လာမိ ရသလောက် တွေ့ကြုံနေရတဲ့ သောကစာရင်း များကတော့
၁။ဘ၀၏ အဓိပ္ပာယ်ကို မသိသော သောက
၂။အနာဂတ်ကို မသိသော သောက
၃။သေခြင်းကို စိုးရိမ်သော သောက
၎။အမှန်ကို ရွေးချယ်ရသော သောက(မိမိရွေးချယ်မှုသည် မှန်ပါ့မလား။ ရွေးကောရွေးချယ် နိုင်ပါ့မလား)
၅။အခြားသူတို့နှင့် အတူရသော သောက(အားလုံးသည် မိမိအား”အခြားသူ” ဟုမြင်ကြကုန်၏။ မိမိကိုယ် နှိုက်ကပင် အခြားသူ ဖြစ်နေတတ်သည်။)
၆။တာဝန်ဝတ္တရားတို့နှင့် ပတ်သတ်သော သောက
၇။ချစ်ခြင်းမေတ္တာနှင့် စေတနာ ထားရှိရန် မစွမ်းဆောင်နိုင်သော သောက (သူများကို ကူညီရန် မစွမ်းဆောင်နိုင်သော သောက)
၈။အခြားသူတို့က မိမိအား ချစ်ခင်မြတ် နိုးမှုကို မရရှိသော သောက။
၉။အများပြည်သူ တို့နှင့်ဆိုင်သော သောက၊ (လူမူရေး၊ တရားမမျှတမှု ၊ငတ်မွတ်ခေါင်းပါးမှု ၊လူမျိုးရေး မုန်းတီးမှု စသည်တို့……)
၁၀။ရည်မှန်းချက် သောက။(မိမိဖြစ် ချင်သလို ဖြစ်နေသလား၊ အခြားသူက ဖြစ်စေချင်သလို မိမိဖြစ် နေသလား)
၁၁။လူ့အသိုင်း အ၀ိုင်းအတွင်း မိမိဂုဏ်ဒြပ် နှင့်ဆိုင်သော သောက(လူတန်းစား၊ ဇာတိ၊ အဆင့်အတန်း စသည်တို့)
၁၂။ငွေကြေးသောက(ဘ၀ဧ။် လိုအပ်ချက်တို့ကို မိမိတို့ ရှိနေသလား။ ဘ၀ဧ။် လိုအပ်ချက်တို့မှာ အခြေအနေ အားလျော်စွာ ဖြစ်မည်။)
၁၃။ အချိန်ကာလနှင့် ပတ်သတ်သော သောက( မိမိ လုပ်ချင်တာ ကိုလုပ်ဖို့ မိမိ၌ အချိန်ရှိရဲ့လား )
၁၄။ ကာမဂုဏ် သောက
၁၅။အလုပ်သောက (မှန်ကန်သည့် အလုပ်ကို မိမိ လုပ်နေရသလား။ လုပ်အပ်လို့သာ လုပ်နေရသည့် သဘောလား၊) နှင့်
၁၆။ ကျန်းမာရေး သောက တို့ဖြစ်ကြပါတယ်။
မောင်စူးစမ်း စာအုပ်မှ မှီငြမ်းပါတယ်။ ဟုတ်ကဲ့..ကျေးဇူးပါပဲနော်။
7 comments:
  1. လေ့လာမှတ်သားသွားပါတယ်
    အရင်ကတကယ်မသိပါဘူး
    အခုမှသိတာပါ
    သောက(၁၆)ပါးကတကယ်သိကောင်းစရာပါ
    သောကကြောင့်ဒုက္ခရောက်ရတဲ့အတွက်
    ဒုက္ခတရားတွေမှာဘာတွေပါဝင်ပါသလဲဆိုတာဆက်ရေးပါ
    မျှော်နေပါတယ်
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်
    ReplyDelete
  2. သောက(၁၆)ပါးကို အပြင်မှာ တစ်ခုမဟုတ်တစ်ခု ရင်ဆိုင်နေရတတ်ပါတရ်။ အဲဒါကို pains အဖြစ် မသတ်
    မှတ်ပဲ games အဖြစ် ကစားကြတာပေါ့။ မမက်မက်ရဲ့ 
    ပိုစ့်ကောင်းလေးကို ဦးဦး ဖတ်မှတ်သွားပါတရ်။
    ခင်မင်ခြင်းနှင့်
    တလနွန်
    ReplyDelete
  3. သောက(၁၆) ပါးကို လေ့လာဖတ်ရှု မှတ်သားသွားပါတရ်။ Pain အဖြစ်ကနေ Game
    အဖြစ်ပြောင်းလဲနိုင်ဖို့ ကိုလည်းကြိုးစားပြုပြင်နေပါတရ်
    ခင်မင်မှုအားဖြင့်
    ReplyDelete
  4. စိုင်းစိုင်းလားရှိုးMay 3, 2009 at 9:45 PM
    သောကတွေ သောကတွေ မက်မက်ရေ မောဟတွေ များနေရင် သောကတွေ ပွားနေရဦးမှာပဲ ။ သေချာဖတ်ရှုမှတ်သားသွားပါကြောင်း
    ReplyDelete
  5.ွGame ဖြစ်အောင်ကြိုးစားရမှာပေါ့လေ... :)
    တကယ်စစ်မှန်တဲ့ ဝေမျှမှုလေးတွေပါပဲ။ ဒွင်းကိုရော.. မူရင်းရေးသားသူ ဆရာစူးစမ်းကိုရော ကျေးဇူးပါ။
    ReplyDelete
  6. ဖတ်ရူမှတ်သားသွားပါတယ်ဗျာ... ဒွင်းဒွင်းက
    ဒါမျိုးလဲ ရသဗျ.. ကောင်မလေး မဆိုးဘူး.....
    ReplyDelete
  7. အဲဒီ၁၆ခုဖတ်ပြီး နေရင်းထိုင်ရင်း သောကဖြစ်ချင်ချင်ဖြစ်သွားပြီ.. :(
    ReplyDelete