Subscribe:
Monday, May 25, 2009
သီချင်းစကား(သို့)ထားခဲ့ဖူးတဲ့ရည်းစားများ
ထားခဲ့ဖူးသော ရည်းစားများတဲ့.. ထပ်တက်ဂ်ခံ ထိတော့တာပဲ...ချက်ချင်းရေးပေး ချင်ပေမယ့် ဘယ်လိုမှ မအားတာနဲ့ အချိန်တွေ လွန်ကုန်တယ်...ခုတော့ မဖြစ်ဘူး အချိန်ဆွဲ ထားလို့လဲ မကောင်းဘူး အာနာစရာ...ဒါပေမယ့် ဘယ်လိုရေး ပေးရပါ့မလဲ .... စဉ်းစားစမ်း မက်မက်...နင်စဉ်းစားစမ်း...
ဦးတလနွန်။ ။ဟာ..မက်မက်...နင်..ဘယ်တွေ ပျောက်နေတာလဲ...
မက်မက် ။ ။မအားလို့လေ ဦးဦးရေ...အခုတောင် ဦးဦးရေး ခိုင်းထားတဲ့ တက်ဂ်ပို့စ် အကြောင်းကို ဘယ်လိုရေး ရမလဲ ဆိုတာကို စဉ်းစားနေတာ
ဦးတလနွန်။ ။ဟေ..ဟုတ်လား...ကောင်းတယ်...ကောင်းတယ်...စဉ်းစားစဉ်စား...ငါလည်း သိချင်လှပြီဟ....
မက်မက် ။ ။ဟာ...ဦးဦးအလယ်လွန်ကလဲ.....ဒွတ်ခဖဲ...ရေးဖို့ကို စဉ်းစားလို့ မရလို့ မစဉ်းစား ချင်ပါဘူး ဆိုနေမှ.....ဇွတ်...ချစ်ကောင်းသီချင်း ထဲကလို ပြောရမှာလား..."မိုးကောင်းကင် အကြောင်းလဲ မစဉ်းစားချင်ဘူး ..... ငါ့ဘ၀ ငါ့အကြောင်းလဲ မစဉ်းစားချင်ဘူး ....အာရုံပြတင်းပေါက်ကို ၀င်မလာ ကြနဲ့ဦး...
ဦးတလနွန်။ ။ဟင်.....မက်မက်ကို အရင်က ထားခဲ့ဖူးတဲ့ ရည်းစားအကြောင်း အချစ်အကြောင်း မေးတာလေ
မက်မက်။ ။ဟားဟ....အော်...ဒါလား...မပြောဘူး အသေသတ်...ဒါဘဲ(ဟိုဟာကြက်....ဟီးး :P ) ကဲပါ... ဒါဆိုရင်တော့....
နှလုံးသားထဲက တေးသံ နာခံလေရော။ ဘ၀တစ်ခု လုံးနဲ့ရင်းကာ ရင်ထဲက တေးသံတွေ ကမ္ဘာကုန် ကျယ်သ၍ တည်စေသော် တည်ပါစေသော်~~~~မှန်ရာကို သစ္စာဆိုပါမည် ဘုရားသခင်ထံ တိုင်တည်ဖူးပါသည်။ ရင်မှာ တစ်ယောက်ထဲ ချစ်ခဲ့ဖူးပါသည် မင်းကလွဲ၍ ဘယ်သူ့မှ ကိုယ်မချစ်သည်~~ကြင်နာသူ သိစေချင်ပါသည် ကိုယ့်စေသနာ ဖြူစင်ခဲ့ပါသည်။
မက်မက်ကလဲ အဲဒီ ထားခဲ့ဘူးတဲ့ ရည်းစား အကြောင်းပဲ ပြောပြနေတာလေ....ဟိုးအရင် တုန်းထဲက ဟာတွေ စစ်တမ်းကောက်နေရင် မက်မက်လည်း မမှတ်မိတော့ဘူး..ခစ်ခစ်..ဒီတော့ စိုင်းစိုင်းလိုပဲ ပြောလိုက်မယ်....
နားထောင်ကြဟေ့....နားထောင်ကြဟေ့...အားလုံးနားထောင်ကြ... :P
လူတိုင်းမှာ အမှတ်တရ ကိုယ်စီတော့ရှိတယ်.. ဒီတော့ငါ့ မှာလဲရှိတယ်...လွမ်းလွန်းလွန်းလို့...ဆွေးလွန်လွန်းလို့ ....ငါ့ရင်ထဲက ချစ်လွန်းလွန်းလို့....ဘ၀ဟာ ကြမ်းပေမယ့် အချစ်ကို နမ်းချင်ခဲ့ အရာတိုင်းဟာ နင့်အတွက် ငါအရမ်းနင့်ကို လွမ်းနေခဲ့....အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းတော့ မဟုတ်တာတော့ သေချာတယ်..ဒါဆိုရင် စွန့်လွတ်ခြင်းလား...ကျနော်ကတော့ အချစ်ဆိုတာ ချစ်နေဖို့ လို့ပဲမြင်တယ်။ အဲဒီတော့ သူကျနော့နားမှာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျနောကတော့ ချစ်နေမှာပါပဲ.....ဟဲ....ဟဲ
ဦးတလနွန်။ ။ဟိုက်ရှားပါး....မက်မက်ကလဲ အလာကြီးပါလား.... ဟားဟား... ( အပြန်မှ မဟုတ်တာနော် :P )
မက်မက်။ ။ဒါပေါ့ ဦးဦးရ....သိတယ်မလား...ဟဲဟဲ....ဦးဦးတလနွန်နော်...တလနွန် ကနေ နှစ်လနွန် ဖြစ်သွားမယ်...ဟင်း...ဟင်း...သူများကို နောက်တယ်ပေါ့လေ....ဟုတ်လား.... :P
ဦးတလနွန်။ ။ဟာ...မဟုတ်ပါဘူး.....မက်မန်းသီး လေးကလဲ....စတာပါ...ကဲ....ပြောပြပါဆို...
မက်မက်။ ။ဟာဂျာ...ပေါနေဒါဖဲ...ဟာဖဲ...ဟာဖဲ...ဟာဖဲ....ဟာကို...ဦးဦးအလယ်လွန်ကရဲ.....ဇွတ်...ထရေးက အထုမှ နယ်နယ်ရေးဖဲ ချိတေးဒါကို ဘယ်ကထား ခဲ့ဖူးတဲ့ ရီးချားအကြောင်းတွေ ရာမေးနေတာရဲ မတိဖူး.... မမှတ်မိတော့ဘူး...ခစ်ခစ်.. ဒါကြောင့် မက်မက်က မချစ်ဖူး သေးသူမို့လို့ ဆုန်သင်းပါရ် လိုပဲပြောလိုက်မယ်....
မချစ်ဖူးသေးလို့ မယုံရဲ ဘူးကွယ်
နာကျင်ကြေကွဲ လွမ်းမှာကို စိုးတယ်
တို့အသည်းနုနု ဖူးသစ်စ ပန်းအရွယ်
အရဲစွန့် ချစ်မယ်ဆိုလဲ မရဲ
တွေ့ဖူးခဲ့သမျှ အချစ်ရေးတိုင်းမှာ
နာကျင်ကြေကွဲ လွမ်းနေတာများတယ်
အသဲကွဲကြေ ဘ၀ပျက်ခဲ့ကြတယ်
ဒါကြောင့်မို့ကွယ် အချစ်ကို တကယ်ကြောက်တယ်
တည်ငြိမ်ရင့်ကျက်ဖို့တော့ တို့လိုမယ်
ချစ်ခရီးလမ်းလေး အတွက် အရွေးမှားခဲ့ရင်
ရွှေသမင်လိုက်မှား ကျားကိုဝင်တိုးမယ်။
တချစ်ထဲပဲချစ်ချင်တယ်
တပွင့်ထဲပဲ စွဲပန်မယ်
ဒါကို လေးလေးနက်နက် မင်းနားလည်ထားကွယ်
အနက်ရှိုင်းဆုံး ချစ်ချင်တယ်
ဘ၀ဆုံးထိ သစ္စာမပြယ်
အပေါ်ယံ ဆေးဆိုးအချစ်ကို မလိုလားတယ်။
ဦးတလနွန်။ ။အားပါးပါး..... မက်မက်ကလဲ လန်ထွက်နေတာပဲ...ငါ့ကို ပြန်ဖြေတာတောင် သီချင်းစာသား လေးတွေနဲ့ ပြန်ဖြေတယ်...ဟားဟား....
မက်မက် ။ ။ဒါပေါ့...မက်မက်က ရည်းစားဆိုရင်...
ရည်ရွယ်မှန်းဆထား ခဲ့ရတဲ့ ချစ်သူဟာ မာယာနှလုံးသားမျိုး ရှိနေခဲ့ရင် မဟုတ်သေးဘူး
(မင်းမဟုတ်ဘူး )
ယုံကြည်တွေးတောထားတဲ့ ချစ်ရသူဟာ အကြင်နာကင်းမဲ့တဲ့အပြုအမူရှိရင်
( မင်း မဟုတ်ဘူး )
ကိုယ့်နှလုံးသားက ရှိတဲ့အချစ် တန်ဖိုးပေး ရွေးလို့မရတဲ့အဖြစ်
(မင်း မဟုတ်ဘူး )
စိတ်ကူးများထဲက ရှိတဲ့အချစ် မျှော်လင့်ခြင်း အလင်းရောင်မပေးတဲ့အဖြစ်
(မင်းမဟုတ်ဘူး )
ဒီလိုရက်စက် ခြင်းများနဲ့ သစ္စာမတည် ဟန်ဆောင်ခြင်း သက်သက်ရဲ့ အချစ်နဲ့ ကိုယ့်ကို လာမချစ်နဲ့ (မင်းမဟုတ်ဘူး )
အမည်းစက် မစွန်းထင်းတဲ့ အချစ်ကိုသာ တံခါးဖွင့် ပေးပါရန် အသင့်ပါ ....
(မလာခဲ့နဲ့ မင်းမဟုတ်ဘူး )
ကိုယ့်နှလုံးသားက ရှိတဲ့အချစ် တန်ဖိုးပေး ရွေးလို့မရတဲ့အဖြစ်
(မင်း မဟုတ်ဘူး )
စိတ်ကူးများထဲက ရှိတဲ့အချစ် မျှော်လင့်ခြင်း အလင်းရောင် မပေးတဲ့အဖြစ်
(မင်းမဟုတ်ဘူး )
ရည်ရွယ်တမ်း တရတဲ့ ချစ်သူဟာ အဖြူစင်ဆုံး နှလုံးသားမျိုး ရှိနေရမယ် ...
(မဟုတ်သေးဘူး မင်းမဟုတ်ဘူး ..တကယ်ကို မင်း မဟုတ်ဘူး ....)
ကိုယ့်ချစ်သူက အဲဒီသီချင်း စာသားလေး ထဲကလို မျိုးဆိုရင် ငြင်းလိုက်မှာ... ခါချပစ်လိုက်မှာ..... ဟဲ....ဟဲ... ငယ်ငယ်တုန်းကတော့ ကိုယ်ကမကြိုက် ခဲ့ပေမယ့် ကိုယ့်ကိုကြိုက်တဲ့ ချစ်တဲ့သူတွေက များကြီးပဲ...(ကြုံတုန်းကြွားတာ:P)။ လူတိုင်းလူတိုင်းတော့ ရည်းစားတွေတော့ ထားကြတာပဲလေ...ကိုယ်တကယ် ကြိုက်ခဲ့လား မကြိုက်ခဲ့လား ဆိုတာပဲ ကွာတယ်။ ငယ်ငယ်တုန်းက ငယ်စိတ်၊ ကြီးလာတော့လဲ ကြီးလာတဲ့ အလျှောက်ပေါ့လေနော်....ဟီး...ဟီး....
ဦးတလနွန်။ ။အမယ်မယ်...မယ်မင်းကြီးမ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပဲ ....ဟားဟား.. မှတ်သားလောက်ပါတယ်.....
မက်မက် ။ ။ဒါပေမယ့်လဲ ဦးဦးအလယ်လွန်ရေ...ကလေးဘ၀မှာ တုန်းကတော့ ရည်းစားနဲ့ ကွဲပြီဆိုရင် လူတိုင်းက ဒီလိုအဖြစ် မျိုးလေးနဲ့ ကြုံခဲ့တတ် ကြပါတယ်။တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားချင်း မတူတဲ့အခါ ကွဲကြပြန်ရော...အဲဒီအခါကျတော့ လေးဖြူ သီချင်းလေး လိုမျိုးပါပဲ....
(မင်းဘ၀ နေပျော်ဖို့ မပေးဆပ်နိုင် တဲ့ဘ၀ ငါ့ကို လှည့်ကြည့်မ နေပါနဲ့....နင်လိုရာ ပျံသန်း....~~~~ငှက်ကလေး အဝေးကို ပျံတော့ ငါဆွဲ~~~~မထားရက်ဘူး အဝေး ~~~~အဝေးကို ပျံတော့ ဘ၀ကို~ ~~မင်းတစ်ယောက်ထဲ .... ရှေ့ဆက်ဦး...ငါမတား ချင်တော့ဘူး...~~~~) ဆိုပြီး ကွဲကြပြန်ရော။ သူတို့ပဲ ကွဲ၊ကွဲ နိုင်လွန်းတယ်နော်... ခစ်~.....ခစ်
ဦးတလနွန်။ ။အာ....မက်မက်...နင့်ဟာက နဲနဲမြင့် လွန်းနေပြီ...ငါမလိုက် နိုင်တော့ဘူး...နားလဲ မလည်တော့ဘူး....ငါကလဲ ဟေမာနေ၀င်း ပြောသလို နင့်ကို ပြောလိုက်ချင် တော့တာပဲ...
မက်မက် ။ ။ဘယ်လိုမျိုးများလဲ ဦးဦးအလည်လွန်ရ..
ဦးတလနွန်။ ။ဟိုလေဟာ... ရှင်းရှင်းပြောပါလား...ရှင်းရှင်းပြောပါလား...ခပ်ရှင်းရှင်းပြောကွယ်.....အဲလိုလေဟာ နင်ကလဲ...
မက်မက် ။ ။ဟားဟား...ဦးဦးကလဲ လန်ထွက်နေတာပဲ... မဆိုးဘူး တော်လာပြီ.....ဦးဦးလဲ ပေါတတ်လာပြီ .... မက်မက်နီးပါးကို ပေါတတ်လာပြီ...ဟားဟကြာရင်ဂေါက် လာလိမ့်မယ်...သတိထား.... :P
ဒါဆို ဦးဦးအလယ်လွန်က ဟေမာနေ၀င်း လိုပြောတော့ မက်မက်ကလည်း မခိုင်လိုမျိုး ပြန်ပြောပေး ရမှာပေါ့...ဘာလို့ဆို သီချင်းစာသား တွေထဲမှာ မက်မက်ပြောချင်တဲ့ စကားလုံး လေးတွေပါတာကို ဦးဦးက နားမှမလည်တာကိုး......ဟုတ်တယ်မလား......ဟဲဟဲ.. နားလည်သင့်ပြီနော်...
ဒီအချိန်မှာ နားလည်သင့်ပြီ....နားလည်ပါ့မလား......ကိုယ်လိုချင်တာဟာ လွတ်လပ်တဲ့ အချစ်များ မချစ်လို့ မဟုတ်ဘူးနော်.....ကြာရှည်မှာ ငြီးငွေ့လို့...နားလည်ပါ့မလား...ကိုယ်လိုချင်တာ အချုပ်အနှောင်မဲ့ အချစ်များ ကိုယ်လိုချင်တာ အကြင်နာတရား ဘောင်တွေ ပုံစံတွေပါရင် လက်မခံဘူး......မင်းသိရဲ့လား.... :P
ဦးတလနွန်။ ။အေး...မက်မက်ရယ်...ညည်းပြောလဲ ငါခံရ တော့မှာဘဲ၊ ငါတို့က အသက်အရွယ်ကလည်း တော်တော်ကြီးပြီလေ။ဒါကြောင့် နားကို မလည်တော့ဘူး.... :P
မက်မက်။ ။ဟင်..အခုချိန်ထိ ပြောတာကို နားမလည် သေးဖူး ဟုတ်လား......ဦးဦးက တော်တော် ပိန်းတာပဲ.... ဟားဟ..ဦးဦးက ဝေးပါ့...ဟွန့်...ဒါဆို ဒီနားလာခဲ့...ကျော်သူစိုးလို တိုးတိုးလေး ပြောပြမယ်... :P
ကမ္ဘာကြီးရဲ့ အပေါ်မှာငါနေ၊
စိတ်ကူးမှာ အမြဲသာယာနေ
နောက်ဆုံးလူတစ်ယောက်
အချစ်တံခါးကို လာ၍ လာခေါက်....(ဒေါက်..ဒေါက်...ဒေါက်)
လာ..လားလာ...လာ...လာ...
ငါတိုးတိုးပြောပြမယ်...
မယုံဘူးဆို ဒီနားလာပါ..
တိုးတိုးပြော ပြမယ်ကွာ...
လာ...ခဲ့ပါ ..လာ..လာ.....
ငါတိုးတိုး ပြောပြမယ်
လာ..လာ..လာ....
ငါတိုးတိုးပြောပြမယ်....
လာလာ..လာ..လာ..လာ...
ငါသိပ်ချစ် လွန်းခဲ့တယ်...
ခစ်..ခစ်..... အဲလိုမျိုး တိုးတိုးလေးပဲ ပြောပြတော့မယ်နော်....ကဲ....ရှင်းပြီလား...:P
ဦးတလနွန်။ ။ဟားဟား...ဟားဟား...အေးအေး.....ဟားဟား... ရယ်ရတယ်ဟေ့...မက်မက်ရေ....
မက်မက်။ ။အင်...ဦးဦးအလယ်လွန်ကလဲ ပေါရဲလိုက်တာ....ခစ်...ခစ်...မက်မက်မှာကတော့ ပေါတာဆိုလို့ ပိုက်ဆံပဲ ရှိတယ်...ဟိဟိ... :P
ဦးတလနွန်။ ။"ဟိုက်"သေစမ်းဟဲ့...ငါ့ကို ဘလိုင်းကြီး နှိပ်ကွတ်သွားပြန်ပြီ...ဒီကောင်မလေးတော့... :D
မက်မက် ။ ။ကဲ...ကဲ....မက်မက်ကို အခုလို တက်ဂ်လို့ ဦးဦးနဲ့ အတူတူ ပေါခွင့်ရ တဲ့အတွက် ဦးဦးအလယ်လွန်ကို ကျေးဇူးတင်ပါတယ်... :P
တစ်ခါတစ်ခါ လူတိုင်းကို ပျော်အောင်ဟာသ လုပ်ပေမယ့်လည်း တစ်ခါတစ်လေ စုတ်ပြတ်သတ်နေတဲ့ ငါ့ရင်ထဲက အသဲနှလုံးကို ဘယ်သူမှမြင်မှာ မဟုတ်ပါဘူးကွာ.... :( ဗြဲ..၀ဲ...အဲ..အဲ့.... ဟတ်ဟတ်... :P
18 comments:
  1. သေသင့်တယ် သိလား..ဖတ်မိတဲ့ ကျုပ်သေသင့်
    တယ်သိလား။ ဘယ်လိုမှပြောမရတဲ့သူကို
    ဘာမှကိုမပြောတော့ပဲ အေးဆေးသာ လှည့်ပြန်သွားပြီဗျာ။
    ReplyDelete
  2. အရူးမလေး..
    ဘာတွေရေးမှန်းမသိဘူး...
    အိမ်ပြောသလိုပဲ.. ဖတ်မိလို့ ကျုပ်ပါသေသင့်ပါတယ်..
    အဟားဟား
    လူနောက်... မချစ်တော့ဘူး..း))
    ReplyDelete
  3. ဒါမှ ဦးနော် တူမ..း)
    ပေါ ပေါ ဖြေးဖြေး ပေါ နားနားပြီး ပေါဦးကွယ်.. (မျိုးကြီး)
    ဦးနော်
    ReplyDelete
  4. အဟွမ်း ဟွမ်း
    ရက်စက်ပါပေ့။။။။။။(တွတ်ပီ ဒီနေ့ ကံမကောင်းပါလား)
    သူ့ နဲ့ အန်တာဗျူး ရတာ ငါ့ခဗျာ ပိန်းတာရော ပေါတာရော ဟေမာနေဝင်းသီချင်းဆိုရတာရော စုံနေတာပဲ။။။(ငိုချင်တယ် ဗြဲ )
    >>>>>>(တစ်ခါတစ်ခါ လူတိုင်းကို ပျော်အောင်ဟာသ လုပ်ပေမယ့်လည်း တစ်ခါတစ်လေ စုတ်ပြတ်သတ်နေတဲ့ ငါ့ရင်ထဲက အသဲနှလုံးကို ဘယ်သူမှမြင်မှာ မဟုတ်ပါဘူးကွာ.... :( ဗြဲ..၀ဲ...အဲ..အဲ့.... ဟတ်ဟတ်... :P)>>>>>
    သူငယ်ချင်းလေးမက်မက် ခံစားနေတာကို ကြည့်ပြီး
    သီချင်းနှစ်ပုဒ်ထပ်ပေါင်းပြီး မက်မက်အတွက် ပေါပေးဟစ်ပေးလိုက်ပါတယ်(အဟဲ ဟဲ)
    ၁)ဘယ်သူ ကယ်နိုင်မလဲ အသည်းကွဲတဲ့ရောဂါ
    လွယ်လွယ်နဲ့ လည်း မပျောက်နိုင် အသည်းကွဲတဲ့ရောဂါ
    အကြွေးတွေနဲ့ မင်း ကုသပေးးးးး ဆရာဝန်လေးးး
    ၂)အရွယ်မရောက်ခင်က ရည်းစားထားချင်
    ဟိုအပြစ်တင် ဒီအပြစ်တင်
    ကမ္ဘာနှင့်ချီပြီးတော့ ပြောရင်
    ဟိုတစ်အုပ်မှာ မက်မက်ဘလော့မှာ
    စကားလုံးတွေနဲ့  အသည်းကွဲစာ
    ဘာမှမဆိုင်ဘူးလားမသိ။။(မက်မက်နဲ့ ပေါင်းမှတော့
    ပေါပြီးထင်ပါ့ :) :) :) )
    ခင်မင်ခြင်းနှင့်
    တလနွန်
    ReplyDelete
  5. ဥပုသ်စောင့်တဲ့နေများဒီလာမိရင် ဥပုသ်ကျိုးမှာ .. သီချင်းတွေလိုက်ဆိုမိနေလို့ .. :P
    ReplyDelete
  6. :)
    သီချင်းတွေနဲ့ဖြေတယ်ပေါ့လေ......
    နောက်ဆုံးက ငိုတာလား ရီတာလား ငိုလိုက်ရီလိုက်လုပ်တာလား.... :D
    ReplyDelete
  7. ကိုတိုးလေးMay 25, 2009 at 8:31 PM
    သီချင်းတွေနဲ့ဖြေထားတယ်လား............. တဂ်ပိုစ့်လေးကိုသီချင်းတွေနဲ့ဖြေထားတယ် ရီရတယ်နော်။
    ReplyDelete
  8. မက်မက်လေးရေ
    တကယ်ကိုဖတ်လို့ ကောင်းတယ်ဟေ့။
    ReplyDelete
  9. ဘုရား...ဘုရားး...oMG... အလာတွေ အပြန်တွေ..
    ကာရာအိုကေ ဆိုင်ရောက်လာတယ်ထင်နေတာ
    မက်မက်တစ်ယောက်
    ဖင်လှုပ်ဆိုတာတွေ ခါးလှုပ်ဆိုတာတွေ တစ်ကိုယ်လုံးခါပြီး ဆိုသွားတဲ့ သီချင်းတွေက
    ဆိုသွားတဲ့ သူ့အတိုင်းပဲ လန်ထွက်နေတာပဲ
    အဟီးးး
    သြော် အနိစ္စ ဒုက္ခ အနတ္တ
    ရှေးရှေးက ဘုရားလောင်းတောထွက်တာ မက်မက်လို အဆိုကောင်း အကကောင်းတဲ့သူ
    များလို့နေမှာ
    အဟီးး
    ခင်မင်စွာဖြင့်
    ဖိုးစိန်
    ReplyDelete
  10. မက်၂ကတော့ လုပ်ချလိုက်ပြန်ပြီ ဟုတ်နိုး၂ နဲ့ဖတ်နေတာ ဆုံးသာသွားတယ် ဘာမှကို မပါဘူး ဟီး၂
    ReplyDelete
  11. မျက်စိကိုလည်နေတာဘဲ။ ၀င်္ကဘာထဲ ၀င်ပြီး လျောက်လည်နေရသလိုဘဲ။ မိုးခါးပြောသလို ဥပုသ်စောင့်ပြီး လာခဲ့ရင် ဥပုသ်တွေ အပြန်ပြန်ကျိုးလောက်တယ်။ သီချင်းပေါင်းစုံလဲ ရတတ်ပါ့။
    ဒါပေမဲ့ ငြင်းလို့မရတာကတော့ ဖတ်လို့တော့ အကောင်းသား။
    ပျော်ရွှင်ပါစေ မက်မက်။
    ReplyDelete
  12. တယ်ဟုတ်ပါလားဗျ... သီချင်းတွေကတော့ ရှယ်တွေချည်းပဲ...ဟာဟ
    ReplyDelete
  13. မက်မက်လေးရေ
    လာဖတ်သွားတယ်နော်
    သီချင်းလည်းနားထောင်သွားတယ်
    ပျော်ရွှင်ပါစေ
    ReplyDelete
  14. အမလေး ယောက်မရေ (အကိုပေးထားတယ်နော် မယူရင်မမ အပျိုကြီးဖြစ်မှာကြောက်လို့နောက်ပြီး မိဘတွေ ဒုက္ခပေးနေမှာ စိုးလို့ အဟိ ) မရေးတော့ လဲ မရေးဘူး ရေးတော့ လဲ အရှည်ကြီးပါလား (စာကိုပြောပါတယ် )
    အိမ်နဲ့ မမဝါပြောသလိုပါပဲ ဖတ်မိတဲ့ ကျွန်တော်မျိုးမကြီး သေသင့်ပါတယ် ဗြဲဟဲ
    လေတယ်နော် ဂယ်ပဲ စိုင်းစိုင်းလဲ အလွတ်မပေးဘူး လေးဖြူလဲ တွယ်တာပါပဲ လား ဟရိုးးး
    ဂိုးးပြီ နောက်တခါ လာမခေါ်နဲ့ လာဘူး ဒါဗြဲ
    ReplyDelete
  15. ဒီအသက် ဒီအရွယ်ရောက်မှ ရည်းစားမရှိဘူးဆိုတော့လဲ...
    ကျွန်တော်လည်း သီချင်းလေးပဲဆိုပြတော့မယ်။
    အသက်လေးဆယ်၊ လူတွေမေးတယ်၊ ဘယ်တော့များမှ စားရမှာလဲ၊
    ဟန်ဆောင်ရပြီ၊ လူတွေမသိအောင်
    အပြုံးလေးနဲ့ လိမ်ရပြီ....
    (မိုးမိုး သီချင်းပါ)
    :D
    ReplyDelete
  16. ဗြဲ
    အစအဆုံး သီချင်းပဲဆိုသွားတယ်
    ဘာမှလည်းမပါဘူး
    ရည်းစားအကြောင်းပြောပါတယ်
    ဘာပဲရေးရေးဖတ်လို့ ကောင်းပါတယ်
    ဘတ်ဘတ်ရေ
    ခင်မင်စွာဖြင့်
    ReplyDelete
  17. သက်တန့်May 26, 2009 at 11:05 PM
    မက်မက်ရေ.. အဟမ်း အဟမ်း...
    မက်မက်ရေ.. အဟွတ် အဟွတ်...
    မက်မက်ရေ.. အဟမ်း အဟွတ်...
    မက်မက်ရေ.. အဟွတ် အဟမ်း...
    ဘာမှဟုတ်ဘူး...
    သီချင်းစာသားလေးတွေ ကောင်းလို့ လိုက်ဆိုကြည့်မလို့ လည်ချောင်းရှင်းတာ...
    ဟဟဟ...
    ထွက်မကြည့်မချင်း တံခါးလာခေါက်ပြီး
    ထွက်ကြည့်မှ အရူးသိုင်းကွက်နင်းနေရင်
    အဲ့ဒီ တံခါးလာခေါက်တဲ့သူကို တင်းပုတ်ကြီးကြီးနဲ့သာ သမပစ်လိုက်...
    ကြာတယ်... ညှာမနေနဲ့... သိလား မက်မက်...
    မြှောက်ပေးတာ... ဟီးဟီး...
    တီတီ အပါဘူးနော်... :P
    ReplyDelete
  18. ရည်းစားအကြောင်းတော့ ဘာမှ သိမသွားဘူး .. မေ့တေ့တေ့ ဖြစ်နေတဲ့ သီချင်းတွေတော့ တော်တော်များများ ပြန်မှတ်မိသွားတယ် ... လန်ထွက်နေတာပဲ .. အဟီးဟီး :D
    ReplyDelete