ဒေါက်...ဒေါက်... ဒေါက်...
အခန်းတံခါး ခေါက်သံကြား၍ ဒေါ်နှင်းဆီ တစ်ယောက် နားနေရာမှ အခန်းအပြင်သို့ ထွက်လိုက်သည်။ မည်သူမျှ မတွေ့။ ဒီလိုနဲ့ အိမ်တံခါးမကြီးကို ဖွင့်ကြည့်သည် မတွေ့။ စိတ်ထင်လို့ ဖြစ်မှာပါလေ အထင်ဖြင့် အိမ်အလုပ်ကို ဆက်လုပ်နေလိုက်သည်။ သားသမီး များကလည်း ကျောင်းသွား၊ ယောင်္ကျားဖြစ်သူကလည်း အလုပ်သွား နေသဖြင့် ဒီအိမ်ကြီးမှာ သူမတစ်ယောက်ထဲ ကျန်နေခဲ့လေသည်။ သူမတို့ ဒီအိမ်ကြီးကို စပြောင်းလာ ကတည်းက စိတ်မှာ တစ်ခုခုကို ခံစားနေရသည်။ သူမတို့ဧ။် ၀င်ငွေနဲ့ သက်သက်သာသာ ရလိုက်သောကြောင့်သာ ဒီအိမ်ကြီးကို ၀ယ်လိုက်နိုင် ခြင်းဖြစ်သည်။
သူမအတွေးတို့ ပျံ့လွင့်နေတုန်း တရှပ်ရှပ် အသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ အနီရောင် ၀တ်စုံနှင့် မိန်းကလေးတစ်ဦး အခန်းတွင်းသို့ ပြေးဝင်သွားသည်ကို တွေ့လိုက်ရသည်။ သူမ ကြက်သီးမွေးညင်းများ တဖြန်းဖြန်း ထသွားလေသည်။ သို့နှင့် ထိုမိန်းကလေး ၀င်သွားရာ အခန်းတွင်းသို့ လိုက်ကြည့်သည်။ မည်သူမျှ မတွေ့။
ဒီလိုနဲ့ ညနေကျတော့ ခင်ပွန်းဖြစ်သူ ဦးခန့်သာ ပြန်လာတော့ နေ့ခင်းက အကြောင်းကို ပြောပြမိသည်။
"မိန်းမရယ်.... မင်းမလဲ...ကိုယ်တို့က မနေ့ကမှ ပြောင်းလာတာ မဟုတ်လား....ဒီတော့ စိတ်ထဲထင်မိ ထင်ရာတွေ ဖြစ်နေတာ နေမှာပါကွာ...စိတ်ထဲထည့် မထားပါနဲ့ကွာ... ဟုတ်ပြီလား.."
ယောင်္ကျားဖြစ်သူဧ။် အားပေးစကားများကြောင့် ဒေါ်နှင်းဆီ တစ်ယောက် စိတ်သက်သာရာ ရသွားလေသည်။ သားသမီး များကိုတော့ ကြောက်မှာစိုးလို့ မပြောခဲ့။ဒီလိုနဲ့ သူမတို့ မိသားစု ညအိပ်ရာ ၀င်ခဲ့ကြလေသည်။
ဒေါ်နှင်းဆီ တစ်ယောက် မနက်စာ ပြင်ဆင်နေရင်းမှ...
"သားနဲ့သမီး ဘယ်လိုဖြစ်လာ ကြတာလဲ.. မနက်စောစောစီးစီး မျက်နှာလဲ မကောင်းပါလား ။"
"သားတို့ညက အိပ်လို့မရဘူး မေမေ။"
"သမီးလည်း အိပ်လို့ မရဘူး မေမေ၊ ကိုကိုနဲ့သမီး ညကကြောက်လွန်းလို့ အသံတောင် မထွက်နိုင်ဘူး မေမေ။ သမီးတို့ အိပ်ပျော်သွားရင် အနီရောင်ဝတ်နဲ့ မိန်းမကြီး တစ်ယောက်က ထွက်သွား... ထွက်သွားလို့ လာလာပြောတယ် မေမေ။" သမီးလေးမှာ ပြောနေရင်း ကြောက်လွန်း၍ ငိုနေလေသည်။
"ဟုတ်တယ်မေမေ၊ သားကိုလည်း ခြေထောက်ကို လာလာဆွဲတယ်။ ပြီးတော့ မလိုလားတဲ့ မျက်နှာနဲ့ သားကို စိုက်ကြည့်တယ်မေမေ။"
ကော်ဖီသောက်နေရင်း သားနဲ့သမီး စကားများကို နားထောင်နေရင်းမှ အဖေဖြစ်သူ ဦးခန့်နဲ့ အမေဖြစ်သူ ဒေါ်နှင်းဆီတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိလေသည်။ ပြီးနောက် ဦးခန့်သာမှ "သားနဲ့သမီး ရယ်... ဖေဖေတို့က ပြောင်းလာတာ နှစ်ရက်တစ်ပိုင်းပဲ ရှိသေးတယ် မဟုတ်လား၊ ဒီတော့ အိပ်ရာ အပြောင်းအလဲ ကြောင့်ဖြစ်တာ နေမှာပါကွယ်။ ပြီးတော့ သားတို့၊ သမီးတို့က သန့်ရှင်းရေးတွေ လုပ်ထားတော့ ပင်ပန်းပြီး စိတ်ကယောင်ချောက်ခြား ဖြစ်တာ နေမှာပါကွယ်။ ဒီတခါ အိပ်ရင် ဘုရားရှစ်ခိုးပြီး အိပ်နော်သားနဲ့သမီး၊ သားတို့သမီးတို့ အပြောင်းအလဲကြောင့် စိတ်အထင်နဲ့ ကြောက်နေတာပါ။ မကြောက်နဲ့တော့နော် သားနဲ့သမီး။ ဖေဖေနဲ့ မေမေတို့လဲ ရှိနေတာပဲကွယ်... နော်..ဟုတ်ပြီလား..ကဲ..သောက်စရာ စားစရာ ရှိတာသောက်။ ပြီးရင် ကျောင်းသွားဖို့ ပြင်ဆင်တော့။"
"ဟုတ်ကဲ့ ဖေဖေ။"
"ကဲ.ကဲ..မေကြီးရေ... သားနဲ့သမီးကို ကော်ဖီထည့် ပေးလိုက်ပါဦး "ဆိုပြီး ဒေါ်နှင်းဆီဘက် လှည့်၍ ပြောပြီးနောက် မိသားစု စကားလက်ဆုံကျကာ မနက်စာကို စားသောက်ကြလေသည်။
နေ့စဉ်ရက်ဆက် နေ့တိုင်းဒီအဖြစ်နဲ့ ဒေါ်နှင်းဆီ တစ်ယောက်ကြုံ နေလေတော့ စိတ်ထဲမသက်မသာ ရှိနေရလေသည်။ နေ့လည်နေ့ခင်းမှာတောင် တစ်ယောက်ထဲ မနေရဲ လောက်အောင်ကို ဖြစ်နေရသည်။ အနီရောင်ဝတ် မိန်းကလေးမှ သူမတို့ကို အမျိုးမျိုး နှောင့်ယှက်နေ လေတော့သည်။ ယောင်္ကျားဖြစ်သူမှာလည်း ခဏခဏ ကျန်းမာရေး မကောင်း၊ ဒေါ်နှင်းဆီ ကိုယ်တိုင်လည်း မကြာခဏ ကျန်းမာရေးချူခြာ၊ သားနဲ့သမီးကလည်း ဖျားလိုက်ကောင်းလိုက်နဲ့။ တစ်ယောက်တမျိုး ကျန်းမာရေး ချူခြာနေကြလေသည်။ သွားလိုက်ရတဲ့ ဆေးခန်းကလည်း ခဏခဏ။ ဆေးခန်းကိုလည်း ကန်ထရိုက် ဆွဲထားသလား ထင်မှတ်လောက်အောင်ပါ။ ဒီလိုနဲ့ ကြာလာတော့ ရိုးလို့သွားလေသည်။နင်လည်း နင်နေချင် သလိုနေ ငါတို့လည်း ငါတို့နေ ချင်သလို နေမယ်ဆိုပြီး နေထိုင်လာခဲ့လေသည်။
တစ်နေ့ ကျောင်းပိတ်ရက်မှာ သားဖြစ်သူကိုခေါ်ပြီး ဒေါ်နှင်းဆီတစ်ယောက် ဈေးသို့ ဈေးဝယ်ထွက်လာစဉ်
"လူလေးတို့က အခုမှ ဒီရက်ကွက်ကို ပြောင်းလာတာ မကြာသေးဘူးနဲ့ တူတယ် ဟုတ်လား။ "
"ဟုတ်ကဲ့အဘ၊ သားတို့ ပြောင်းလာတာ မကြာသေးပါဘူး ။"
"လူလေးတို့က ဘယ်အိမ်ကို ပြောင်းလာကြတာလဲကွဲ့။"
"သမီးတို့ အိမ်နံပါတ် xxxx ကို ပြောင်းလာကြတာပါ အဘ"ဟုဒေါ်နှင်းဆီမှ ၀င်ရောက်ဖြေ ဆိုလေသည်။
"အော်... ဟုတ်လားသမီး။ နေရတာ အဆင်ရော ပြေရဲ့လား သမီး။ "
အဖိုးကြီးဧ။် ရီဝေေ၀ မျက်နှာမှာ အဖြစ်မှန် တစ်ခုခုကို ဖုံးကွယ်ထား လိမ့်မည်ဟု ဒေါ်နှင်းဆီ ရိပ်မိလေသည်။ ထို့ကြောင့်လည်း သူမ မရမက မေးမည်ဟု အဖိုးကြီးအား
"အဘ၊ သမီးတို့ကို ပတ်ဝန်းကျင် အကြောင်းလေး အဘ သိသလောက် ပြောပြပါလား၊ အထူးသဖြင့် သမီးတို့ အခုနေနေတဲ့ အိမ်နဲ့ ပတ်သတ်ပြီး တော့ပေါ့ အဘရယ်။ "
"သမီးတို့နေတဲ့ အိမ်နဲ့ပတ်သတ်ပြီး အဘဘာမှ မသိပါဘူးကွယ်။"
"အဘ တခုခုကို ဖုံးကွယ်ထား တယ်ဆိုတာ သမီးရိပ်မိပါတယ် အဘရယ်။ သမီးတို့ကို သနားရင် ပြောပြပါလား၊ အခု ဒီအိမ်ကြီးကို စပြောင်းလာထဲက သမီးတို့ မိသားစု တစ်ယောက်ပြီး တစ်ယောက် ကျန်းမာရေး ချို့တဲ့ကြတယ်။ ဆေးခန်းသွားပြတော့လည်း ဘာရောဂါမှ မယ်မယ်ရရ ရှာလို့မရဘူး အဘ၊ ပြီးတော့ အိမ်မှာ ကျွန်မတို့ မိသားစုအပြင် တစ်ယောက်ယောက် ရှိနေတယ်၊ အနီရောင်ဝတ် မိန်းမတစ်ဦးကို ခဏခဏ တွေ့နေရတယ် အဘ၊ သမီးတို့ကို သနားရင် ပြောပြပါလား အဘရယ်။ သမီးတို့ကို ကူညီပါနော်။
ဒေါ်နှင်းဆီဧ။် အသနားခံ တောင်းပန်မှုကြောင့် အဖိုးကြီးမှ မနေသာတော့ပဲ၊
ကောင်းပါပြီ သမီး ၊သမီးသိချင် တယ်ဆိုလို့ အဘပြောတာပါ၊ တကယ်တော့ အင်မတန် ကြေကွဲစရာ ကောင်းတဲ့ ဇာတ်လမ်းလေး တစ်ခုပါ သမီးရယ်။ ဇာတ်လမ်းက ဒီလိုပါ..........

ဟီး..ဟီး...ချိဒေါ့ဖူး..ဒုတိယပိုင်းက To Be Continue နော်... ခစ်ခစ်.... အာဝါးးးးးးးးးးးးးးးးးး :P .......
ကောင်းခန်းရောက်မှ ဖြတ်တယ် .. ကိုရီးယားကား ပြနေတာ ကျနေတာပဲ :D
ReplyDeleteလူဇိုးမလေး ဖတ်ကောင်းတုန်းရှိသေး တော်တော်ဆိုးတယ်၊ မြန်မြန်ရေးကွယ်
ReplyDeleteဆက်သိလို့ ဆက်ရေးရင် ထပ်ငြိသွားမှာ သေချာတယ် ..စာဖတ်သူတွေ ... ဦးရုပ်ရေးရင် ပြောပါတယ်..
ReplyDeleteဟိဟိ ..။
အနီလွှမ်းခြုံ ညဥ့်အာရုံကြား
ဆေးသားပြယ်မှိန် တိမ်မှိန်ကွယ်ပျောက်
အလင်းရောက်လည်း ....
င့ါ၏အနား .. ငါ့အမြင်များထဲ
ရိပ်ကနဲနဲ့ သိမ့်ကနဲ့ဖြစ်တာ
အော် ... ဘယ်သူပါလိမ့် ...
စိုးထိတ်ကြိတ်မှိတ် တိတ်တိတ်နေလည်း
င့ါသည်ငါ့အစွမ်း င့ါအလှမ်းများလည်း
တုံ့ဆိုင်းခြင်းမှ မှင်သေတက်လျှက်
စိတ်အဆက်က တစ်ခါပြန်မိ
သူ့အသွင်ထိ ...
အော် .. မမြဲခြင်းတရားကြားက
မမြင်သလို မြင်သလိုလေးပါလား ...ဟိဟိ
ဟုတ်ပါ့ဗျာ....
ReplyDeleteကိုရီးယားကား ကြည့်နေတဲ့အချိန်
မီးပြတ်သလိုမျိုးပဲ
ဘတ်ဘတ်တို့ ကတော့
မြန်မြန်ကွန်တိန်းနျူးနော်
း)
တဂျယ် ညိတ်ဂျိုး သွားပြီ၊ကောင်းခန်းရောက်မှ ဖြတ်ချလိုက်တယ် ဟီး၂
ReplyDeleteအဆင်ပြေပျော်ရွှင်ပါစေဗျာ
မပေးရဲပေးကြည့် အာပွားဆိုပြီးလုပ်စားနေတာ ဟွန်း
ReplyDeleteမမက်မက် တစ်ကယ်ထင်ပြီးလုပ်လိုက်မှ တလွဲတွေ
အရူးလုပ်သွားတယ်
အာပွားလို့ ပြောထားတယ်နော် ပေးရင်ပေးမပေးလို့ ကတော့ ဟွန်း မခဲမကျေဘူး
ဒါပဲ
ဆူဆူအောင့်အောင့်နဲ့ ပြန်ပြီ
ဆက်ရေးပါဗျာ
ReplyDeleteစောင့်မျှော်နေပါတယ်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
ဗျိုး ဒါက ဘာတုန်း တန်းလန်းကြီးထားခဲ့တယ်.. ဗြဲ
ReplyDeleteအာ.... တန်းလန်းကြီး.....
ReplyDeleteညန်ညန်ဆက်ရေးနော်...
တော်တော်ဆိုးတာပဲ...ကောင်းခန်းရောက်ခါမှ မီးပျက်သွားသလိုပဲ...မြန်မြန်ဆက်ရေးနော် မမက်မက်
ReplyDeleteဇာတ်ရှိန် အရမ်းတက်နေပြီး....
ခင်မင်ခြင်းနှင့်
တလနွန်
အော မြန်မြန် ဆက်ရေးပါဗျိ. (ရဲကြီး)
ReplyDeleteကောင်းလိုက်တာဗျာ
ReplyDeleteအားပေးနေပါတယ်
နောက်လည်းလာမှာပါ
နောက်ဆိုရင် စာရေးဆရာမတစ်ယောက်
ဖြစ်ပါစေလို ဆုမွန်တောင်းလိုက်ပါတယ်
ကောင်းလိုက်တာဗျာ
ReplyDeleteအားပေးနေပါတယ်
နောက်လည်းလာမှာပါ
နောက်ဆိုရင် စာရေးဆရာမတစ်ယောက်
ဖြစ်ပါစေလို ဆုမွန်တောင်းလိုက်ပါတယ်
မကြောက်ပါဘူး..
ReplyDeleteမြန်မြန်ရေးပါ မက်မက်။
အား မြန်၂လုပ်နော် သူများကို တန်းလန်းကြီး မထားခဲ့နဲက ဟီး၂ မက်၂ရေ မြန်၂တင်နော်ညီမလေး လိမ်မာတာ် အာဝါး ၁၀၀၀၀၀
ReplyDeleteကောင်းနေပီ -- အဘိုးကြီး က ပြောပြတော့မှာကို--သူ မပြောတော့ ဦးလတော့ ပြောတော့မယ် -- အိမ် အလည်လာရင် --အိမ်သာဝင်ချင်လာလို့ကွယ်
ReplyDeleteဟီး
ပျော်ရွှင်ပါစေ
အယ်တော့ တန်းလန်းကြီး လုပ်ပြီ ဆက်ရေးကွာ မရဘူး အခုပဲဖက်ချင်တယ် အဲလေ အခုပဲ ဖတ်ချင်တယ်
ReplyDeleteသြော်... ဒင်းက ဆံ့တငံ့ငံ့နဲ့ လူတွေကို ဒုက္ခပေးလိုက်တယ်ပေါ့လေ။ ဒင်းတော့ နာတော့မယ် ကလေးလဲမဟုတ် ခွေးလဲ မဟုတ်နဲ့ ဂျဂါးကလဲ အဲလေ စကား မပီတာကလဲလား လျှာခင်ပဲတိုနေတာလား၊ ဟိုနူနာရောဂါသည်တွေလို နှာတိုလို့ပဲလား၊
ReplyDeleteသူငယ်နာပဲမစင်တာလား၊ တခုခုတော့ တခုခုပဲ
နှောက်တို နှာမြိုး မနှုတ်နဲ့ တိတား
ဖတ်လို့ကောင်းနေပါတယ် ဆိုမှ လုပ်ရက်လေတယ် နော်...
ReplyDeleteစိတ်ဝင်စားလာပြီ ..... ဘယ်လိုအတိတ်ဇာတ်လမ်းလေး ရှိတယ်ဆိုတာ မြန်မြန်ပြောပြပါနော်... ကြောက်စရာကောင်းတဲ့ သရဲဇာတ်လမ်းလေးတွေ ကြည့်ချင်ဖတ်ချင်တယ် ... ဟိ..။
မက်မက် အနီရောင် ၀တ်စုံပိုင်ရှင်လေးက သီလရှင်လေးလားမသိဘူးနော်။ ခေါင်းပိုင်းကိုလဲ မမြင်ရဘူး။ မက်မက်ကလေး ကိုယ်တိုင်များလား။
ReplyDeleteဘာဘဲဖြစ်ဖြစ် ဆက်ရေးပါ။ မျှော်ရတာ မောချင်စရာကြီး။
အမလေး ဒုတိယပိုင်းဖတ်ပြီးမှ ပထမပိုင်းဖတ်တာ.
ReplyDeleteကြက်သိးဖြန်း၂ထသွားတယ်...
မီးမီးကြောက်ကြောက်...
မမလည်းလေ... ဒီအိမ်ရောက်မှ နေမကောင်း ခဏ
ခဏ ဖြစ်နေလို့ တခုခုများလားလို့ထင်နေတာ...
အဲလိုဆိုရင်တော့ ဒွတ်ခ..း)း(
အင်း.. တော်သေးတာပေါ့ အပိုင်း (၂) တင်ပြီးမှ လာဖတ်မိလို့ မဟုတ်ရင် တန်းလန်းကြီး ဖြစ်ဦးမယ်..
ReplyDeleteကယ် မက်မက်ရေ (၂) သွားဖတ်ဦးမယ်..
ရေးထားတာက စိတ်ဝင်စားဖို့ ကောင်းတယ်..