Subscribe:
Saturday, May 30, 2009
ငွေ
ငွေ..ငွေ..ငွေ..ငွေ
ငွေ…ငွေ…ငွေ…ငွေ
လောကကြီးမှာ ပြောသမျှပြီးတာ ငွေ..ငွေ..ငွေ
မယားအလှချစ်တာ ယောက္ခမချစ်တာ ငွေ..ငွေ..ငွေ
ငွေငွေ….ငွေငွေ
အမုန်းပွားတဲ့သူ ပြုံးဖို့စွမ်းတာ ငွေ….ငွေ….ငွေ
ရောက်တဲ့ အရပ်မှာ အပေါင်းအသင်း ဆံ့တာ ငွေ….ငွေ…..ငွေ
တိုက်တွေ ဆောက်တာ ဒီငွေ..ဒီငွေ..
ကားတွေ စီးတာ ဒီငွေ…ဒီငွေ…
ချစ်သူကွဲစေ…..ဒီငွေ..ဒီငွေ…
မုန်းသူများစေ…ဒီငွေ..ဒီငွေ
အကြံအောင်နေတာ ငွေ..
မာန်ထောင်နေတာ ငွေ….
အရာရာဟာ ငွေသာဆုံးမို့ တန်ဖိုးဖြတ် မရပေ
သက်ရှိလူတွေ ငိုစေ ရယ်စေ အမိန့်ပေး နိုင်တာငွေ
လူက လုပ်တဲ့ငွေ လူကို ခြောက်လှန့်နေ
သက်မဲ့ငွေ..သက်မဲ့ငွေ….
လူကို ပြန်ပြီး ဆရာကြီး လုပ်လို့နေ…
ကံကြမ္မာ မျက်နှာသာ ပေးတော့ သူဌေးကြီးတွေ သူဌေးကြီးတွေ
ကံကြမ္မာ မျက်နှာတင်းတော့ ဆင်းရဲစေ မွဲကြစေ။
ငွေမရှိတော့ လူရာမ၀င် မခေါ်ချင် မပြောချင်
အထင်သေး အမြင်သေး အဝေးက ရှောင်ကြ ဟန်မကျ စရာအခြေ
လူမှာသာ ငွေရှိရင်လေ ငွေမပါရင်နေ လူသာလာပါစေ။ ငွေမျက်နှာနှင့် အားလုံးအဆင်ပြေ။
စားပါဗျ၊ သောက်ပါဗျ၊ ကျန်းမာတော် မူပါစလို့
ဟိုကနှုတ်ဆက် ဒီကနှုတ်ဆက် မျက်နှာချိုသွေး အလေးတယူ ကြည်ဖြူပါသလေ၊
ဒီဇမ္မူမှာလေ ငွေပေတံနှင့် လူကိုတိုင်း ထင်တိုင်းကျဲလို့နေ။
အမြင်ကတ်စရာကွဲ့ လူတွေ လူတွေ ငွေမျက်နှာနဲ့ လူတွေ လူတွေ
အရာရာဟာ ငွေတာသုံးလို့ တန်ဖိုးဖျက်လို့နေ၊
သက်ရှိလူတွေ ငိုစေ ရယ်စေ အမိန့်ပေးနိုင်တာငွေ
လူကလုပ်တဲ့ငွေ လူကို ခြောက်လန့်နေ
သက်မဲ့ငွေ သက်မဲ့ငွေ လူကိုပြန်ပြီး ဆရာကြီး လုပ်လို့နေ။
ဟဲ…ဟဲ………အဆိုတော် အနိုင် သီဆိုထားတဲ့ သီချင်းလေး ထဲက စာသားလေးပါ။ အင်မတန်မှ အဓိပ္ပာယ် ပြည့်ဝလှပါတယ်နော်။ :D ကဲ..ဦးဦးဝသန်ရေ..ကျေနပ်မယ် ထင်ပါတယ်နော်။
တကယ်တော့ ငွေအကြောင်း ပြောရမယ် ဆိုရင်ဖြင့် ပြောမကုန်ပါဘူး။ မက်မက်တို့လဲ အတူတူပါပဲ။ ငွေကိုကိုယ်က မခင်လို့လား တော့မသိဘူး။ ငွေကလည်း ကိုယ့်ကိုမခင်ဘူး။ ကိုယ့်အနာမှာ ကြာကြာမနေဘူး။ ခဏပဲနေပြီး နောက်တော့ ပြန်ထွက်သွားတယ်။ ဟီး... :P
မက်မက်က တစ်ခုတော့ ကိုယ့်ကိုကိုယ် ယုံကြည်တယ်။ အဲဒါက ဘာလဲဆိုတော့ အရင်ဘ၀က လုပ်ခဲ့တဲ့ ဒါနအကျိုးဆက်နဲ့ ယခုဘ၀မှာ ပြုလုပ်နေတဲ့ ဒါနကုသိုလ် ရဲ့အကျိုးဆက်ကြောင့် မက်မက်တစ်ယောက် ဆင်းရဲနေ ပေမယ့်လဲ မပူမပင်နဲ့ ကိုယ်လိုချင်တာကို ချက်ချင်းရပြီး ကိုယ်သုံးချင် တာကိုလည်း စိတ်ကြိုက်သုံး နေရတယ် ဆိုတာပါပဲ။ ပြီးတော့ ကိုယ့်မှာ ငွေမရှိ ပေမယ့်လည်း အချိန်တန် ရင်ငွေက ဘယ်ကဘယ်လို ရောက်လဲမှန်း မသိဘူး။ ဒါဟာ ဘာကြောင့်ဆို ဒါနဆိုတဲ့ ပေးကမ်းလှူဒါန်းမှုရဲ့ အကျိုးကြောင့် မချမ်းသာ ပေမယ့်လဲ သူ့ဟာနဲ့ ငွေပြတ်ပေမယ့် အလိုလို အဆင်ပြေ သွားတတ်တယ် ဆိုတာကို ယုံကြည်နေလို့ပါပဲ။
ကိုယ်ပြုသော အမှုကံ ခံစား စံစား ရသူကြီးတွေပါပဲ။ ကဲ.. ဘတ်ဘတ်ရေ.. ဒီလောက်နဲ့ ကျေနပ်တော့နော်။
(တက်ဂ်ပို့လေးကို အင်မတန် အဓိပါယ် ပြည့်စုံတဲ့ သီချင်းလေး နဲ့အတူ မအားတဲ့ ကြားထဲက ဆားချက်လိုက် ရတာပါ။ ဘတ်ဘတ်ရေ အဲလိုဆားချက်ပြီး တက်ဂ်ကို ရေးပေးလိုက်ရလို့ အားလဲနာပါတယ်။ စာဖတ်သူ တွေကိုလဲ တကယ်ကို အားနာပါတယ်။ အခုချိန်မှာ စားရေးဖို့ကိုလုံးဝ အချိန်မရ တဲ့အတွက် တောင်းပန်ပါတယ်။ ၅၀ ပေးပါနော်...အော်..မှားလို့.... :D ဟီး ... နားလည်ပေးပါနော်။ တကယ်တော့ မက်မက်တစ်ယောက် မြွေကိုက်နေတာ.. :P
11 comments:
  1. ရ၀ူး ရ၀ူး
    ကျေနပ်ဖူး
    သီချင်းကြီးပဲဆိုနေတယ်
    မြွေကိုက်တယ် ဆို တော့
    နာလားဟင် ??
    ဟီးဟီး စတာပါ
    ခင်လို့  ဘတ်ဘတ်ကို
    ကျေ ပါတယ် မအေးစိန်
    အဲလေ
    ကျေပါတယ် ဘတ်ဘတ်စိန်
    စိန် ဆို လို့ ကို စိန် က သူ့ ကို ခေါ်လားဆို ပြီးတော့
    လာနေ ဦးမယ် သွားပြီ
    ဘတ်ဘတ် ရေ
    ခင်မင်စွာဖြင့်
    ReplyDelete
  2. မမရေ လာတယ်နော် အရှုတ်တွေလုပ် အဲလေ ယောင်လို့ အလုပ်တွေ ရှုတ်နေတယ် ထင်ပါ့ ဟုတ်ရားးးးး အာဘွားးးးးးးးးးး
    ReplyDelete
  3. အင်း....
    မက်မက်တစ်ယောက်တော့
    အဆိုတော်လုပ်စားတော့မယ်ထင်တယ်
    ပို့စ်တိုင်းကို သီချင်းပဲဆိုနေတော့တယ်
    မဖြစ်သေးပါဘူး
    ထုတ်လုပ်သူတစ်ယောက် အမြန်ရှာပေးမှ
    မက်မက်ပြောသလိုပဲ
    ပိုက်ဆံမရှိနေပေမယ့် လိုချင်တာကိုရနေခြင်းကလည်းကုသိုလ်ပါ
    ပြည့်စုံပါတယ်
    လိုချင်တာကိုတာစိတ်ထဲ စွဲနေလိုက်
    ရကိုရတယ်မဟုတ်လား
    စိတ်ချမ်းသာပျော်ရွှင် လူချမ်းသာပျော်ရွှင်ပါစေမက်မက်ရေ
    ချစ်ခင်စွာဖြင့်
    ဖိုးစိန်
    ReplyDelete
  4. ပို့စ်လေးကို အားရပါးရဖတ်ပြီး သိချင်းလိုက်ဆိုသွားပါတယ် မက်၂ရေ
    ReplyDelete
  5. ကိုတိုးလေးMay 30, 2009 at 11:57 PM
    ပိုစ့်ထဲမှာက သီချင်းက အမြဲတမ်းကိုဆိုနေရတာဆိုတော့ အဆိုတော်များလုပ်အုံးမလားအသိဘူးနော်။ အဆင်ပြေပျော်ရွှင်ပါစေ မက်မက်ရေ။
    ReplyDelete
  6. မက်မက်လေးရေ
    မှန်ပါပေတယ်ကွယ်
    ငွေဆိုတာ
    မရှိမကောင်း
    ရှိမကောင်းပါ
    ချစ်ခင်စွာ
    ReplyDelete
  7. ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်၊ ငွေဆိုတာရေလိုသုံးရင် လုပ်သမျှတင့်တယ်သတဲ့
    တချိန်တုန်းက ငွေဆိုတာ လူတွေရဲ့ အသုံးခံပစ္စည်းပေါ့ဗျာ.. ခုတော့ လူဆိုတာ ငွေရဲ့ အသုံးခံပစ္စည်းဖြစ်နေပြီဗျ။ လိုက်လေဝေးလေဆို သလိုပေါ့ ငွေနောက်လိုက်ရင်း....................။
    ReplyDelete
  8. မက်မက်ရေ.. မူးနေလားဟင်.. တို့ ဦးလေးတစ်ယောက် မူးရင် အဲဒီ သီချင်းဆိုတတ်လို့ ဟီးးးးးးး :P ခင်လို့ စတာနော်
    ReplyDelete
  9. မက်မက်ပြောသလိုပဲ
    ငွေကိုကိုယ်က မခင်လို့လား
    ငွေကလည်း ကိုယ့်ကိုမခင်ဘူး။
    ကိုယ့်အနားမှာ ကြာကြာမနေတာမဟုတ်ဘူး...
    လုံးဝကို မနေတာ..ဟီးးးးးး
    ReplyDelete
  10. Money is something But I dont have anything!
    ReplyDelete
  11. ငွေအကြောင်းတွေ နားထောင်ရတော့ ငွေရဖို့ ငွေရှာနိုင်ဖို့ ငွေနောက်ကို လိုက်နေရတဲ့ ကိုယ့်ကိုယ်ကိုယ်တောင် မကျေမနပ် ဖြစ်မိတယ် ... သက်မဲ့တွေကလည်း သက်ရှိတွေကို ပြန်ခိုင်းနိုင်သေးတာပဲနော်
    ReplyDelete