Subscribe:

Wednesday, May 27, 2009

ငွေစုစာအုပ်လေး


မင်္ဂလာပွဲ အပြီးမှာ အမေက ကျွန်မကို ငွေ1000 ထည့်ထားတဲ့ ငွေစုစာအုပ်လေးကို မင်္ဂလာလက်ဖွဲ့ အဖြစ်ပေးပါတယ်။

"သမီး အခုဆိုရင် သမီးဟာ အိမ်ထောင်သည် ဘ၀ကို ရောက်ရှိသွားပြီ။ ဒါကြောင့် သမီးရဲ့ ဘ၀မှာ ပျော်ရွှင်ရ တဲ့အခါ အမှတ်တရ ဖြစ်စေတဲ့အခါ ကြုံလာခဲ့ရင် ဒီငွေစု စာအုပ်လေးမှာ ငွေစုပြီး ဘာအတွက်ကြောင့် ငွေစုလိုက်ရလဲ ဆိုတာ မှတ်တမ်းလေး လုပ်ထားပါ သမီး။ သမီးမှာ အမှတ်တရ များများရှိရင် သမီးငွေများများ စုမိလေပါပဲ။ သမီးခင်ပွန်းကိုပါ ပြောပြပြီး နှစ်ယောက်အတူတူ လုပ်ဆောင်ကြပါ။ နှစ်ကုန်တဲ့ အခါမှာ သမီးတို့မှာ ပျော်စရာ ဘယ်လောက် ပိုင်ဆိုင်ခဲ့ကြ လဲဆိုတာ သိလာပါလိမ့်မယ် သမီး။"

အမေ့စကားကို နားမှာကြားယောင်ရင်း ဇနီးမောင်နှံ နှစ်ယောက် အမေ့လက်ဆောင် ငွေစုစာအုပ် လေးနဲ့အတူ အိမ်ကိုပြန်လာ ခဲ့ကြတယ်။ အမေ့ရဲ့ အိုင်ဒီရာ ကောင်းလေးကို နှစ်ယောက်လုံး သဘောတူပေမယ့် ဒုတိယ အကြိမ်မြောက် ငွေစုစာအုပ်မှာ ငွေစုဖို့ ဘယ်လိုသိ နိုင်မလဲ ဆိုပြီးတွေးတော ခဲ့မိကြပါ သေးတယ်။

ဒီလိုနဲ့ တစ်နေ့မှာ သူမတို့ ငွေစုဖို့ အကြောင်းလေး ဖန်လာခဲ့ပါတယ်။

လက်ထပ်ပြီး နောက်ပိုင်း ဖေဖ၀ါရီလ ၁၇ရက်နေ့မှာ ပထမဆုံး ကျရောက်တဲ့ ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့အမှတ်တရ အဖြစ်ငွေ 100 ကိုငွေစု စာအုပ်လေးမှာ စတင်ပြီး ထည့်လိုက်ပါတယ်။

မေလ၁ရက် နေ့မှာတော့ သူမအလုပ်က လစာတိုးခြင်း ခံရတဲ့အတွက် အမှတ်တရ အဖြစ် ငွေ300 ထည့် လိုက်ပါတယ်။

မေလ ၂၀ ရက်နေ့မှာ ပါရီကို လေ့လာရေး အပျော်ခရီး ထွက်တဲ့အတွက် အမှတ်တရ အဖြစ်ငွေ 200 စုမိခဲ့ ကြပါတယ်။

ဧပရယ် ၁၅ ရက်နေ့မှာ သူမ ကိုယ်ဝန်လွယ် ရတဲ့အတွက် အမှတ်တရငွေ 2000 စုလိုက်ပါတယ်။

ဇန်န၀ါရီ ၁ ရက်နေ့မှာ ခင်ပွန်းဖြစ်သူ ရာထူးတိုးခြင်း ခံရသည့်အတွက် ငွေ1000 စုလိုက်ပါတယ်။

စသည်ဖြင့် ငွေစုလာလိုက်တာ……………


တစ်နေ့တော့ အိမ်ထောင်သည် တို့ရဲ့သဘာဝအရ အသေးအမွှား ပြသနာလေး မှစ၍ အကြီးအကျယ် စကားများ ရန်ဖြစ်ကြ ပါတော့တယ်။ ကမ္ဘာပေါ်မှာ စိတ်ပျက်စရာ အကောင်းဆုံး လူနဲ့မှ လက်ထပ်မိ ရလေခြင်း ဆိုပြီးလည်း နောင်တတရား ကိုယ်စီနဲ့ တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြော ကြတော့ဘူး။ နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ သူတို့ရဲ့ စံထားလောက်တဲ့ အချစ်ဆိုတဲ့ ခံစားချက်ဆိုတာ မရှိကြတော့ဘူး။

တစ်နေ့တော့ အမေဖြစ်သူထံ သူမရောက်လာပြီး “သမီးဘယ်လိုမှ ဆက်လက်သည်းမခံ နိုင်တော့ဘူး။ သမီးတို့ နှစ်ယောက် လမ်းခွဲကွာရှင်းကြဖို့ သဘောတူလိုက်ပြီ။ ဒီလိုယောင်္ကျားမျိုးနဲ့ လက်ထပ်ဖို့ ဘယ်လိုစိတ်ကူးနဲ့ ဆုံးဖြတ်ချက် ချမိခဲ့ လိုက်လဲဆိုတာ ကိုယ့်ကိုကိုယ် စဥ်းစားလို့ မရဘူး အမေ။” ဆိုပြီးပြောတော့

“ဟုတ်လားသမီး။ သမီးဘယ်လိုမှ ကြံကြံခံ ရပ်တည်လို့ မရနိုင်တော့ရင် သမီးလုပ်ချင်တာကို လုပ်ချလိုက်ပါ ၊ အဖြစ်နိုင်တဲ့ အရာဆိုတာ မရှိပါဘူး။ဒါပေမယ့် သမီး၊ အဲဒီလို မလုပ်ဆောင်ခင်အရာတစ်ခုကို ပထမဆုံး လုပ်ဆောင်လိုက်ပါ။”

“သမီးတို့ မင်္ဂလာ ပွဲတုန်းက အမေလက်ဖွဲ့ ပေးခဲ့တဲ့ ငွေစုစာ အုပ်လေးကို မှတ်မိသေးလား သမီး။ အဲဒီစာအုပ် လေးထဲက ပိုက်ဆံတွေကို အကုန်ထုတ်ယူပြီး သုံးစွဲပစ်လိုက်ပါ။ အိမ်ထောင်ရေး အဆင်မပြေ မသာယာတဲ့ မှတ်တမ်းကို သိမ်းမထားသင့်ဘူး သမီး။”

“ဟုတ်တယ်၊ အမေပြောတာ မှန်တယ်။” ဒါနဲ့ သူမတစ်ယောက် ငွေတွေထုတ်ယူပြီး ဘဏ်အကောင့်ကိုပါ ပိတ်ပစ်လိုက်ဖို့ စိတ်ကူးနဲ့ ဘဏ်ကိုထွက် လာခဲ့လိုက်တယ်။

ဘဏ်ကိုရောက်တော့ ဘဏ်အကောင့်ကို ပယ်ဖျက်ဖို့အတွက် ရှည်လျားလှတဲ့ လူတန်းရှည်ကြီးမှာ ကိုယ့်အလှည့် ရောက်ဖို့ကို ထိုင်စောင့်ရင်း ငွေစုစာအုပ်လေးကို နောက်ဆုံးအကြိမ်အဖြစ် ထုတ်ကြည့် လိုက်ပါတယ်။ သူမ ငွေစုစာ အုပ်လေးကို အပြန်ပြန် အလှန်လှန် လှန်လှောကြည့်ရင်း အတိတ်က နှစ်ယောက်သား ပျော်ရွှင်ကြည်နူး ခဲ့ရတဲ့ ပျော်ရွှင်စရာ နေ့ရက်လေးနဲ့ ပိုင်ဆိုင်ခဲ့ရတဲ့ အမှတ်တရ အဖြစ်လေးတွေက သူမရဲ့ နှလုံးသားမှာ ပုံရိပ်ထင်ဟပ် လာပါတယ်။

အတိတ်က အကြောင်းအရာ လေးတွေကို ပြန်လည်မြင်ယောင်ရင်း မျက်ဝန်းမှာ မျက်ရည်များ စို့တတ်လာကာ ၀မ်းနည်းခြင်း များစွာနဲ့ ချက်ချင်းအိမ်ကို ပြန်လာခဲ့တယ်။ အိမ်ကိုရောက်တော့ ခင်ပွန်းဖြစ်သူထံ ငွေစုစာအုပ်လေး ကိုပေးရင်း မကွာရှင်းခင် အရင်ဆုံး အထဲက ငွေတွေကို ထုတ်ယူသုံးစွဲ ခိုင်းလိုက်ပါတယ်။

နောက်တစ်နေ့မှာ ခင်ပွန်းဖြစ်သူက သူမကို ငွေစုစာအုပ်လေး ပြန်လည်ပေး အပ်ခဲ့ပါတယ်။
အထဲမှာ ငွေ5000 နဲ့ မှတ်တမ်းလေး ထပ်ဖြည့်ထားတာကို တွေ့ရှိလိုက်ရတယ်။ အဲဒါကတော့ ကုန်လွန်ခဲ့တဲ့ နှစ်တွေမှာ ကျွန်တော့ဇနီးကို ဘယ်လောက်ချစ် ခဲ့တယ်ဆိုတာ ဒီနေ့မှာ ကျွန်တော်သိရှိ လိုက်ပါတယ်၊ ဒီနှစ်တွေမှာ ပျော်ရွှင်ခြင်းတွေ အများကြီး သယ်ဆောင်လာ ခဲ့ပေးတဲ့ မင်းကိုသိပ်ချစ် ပါတယ်တဲ့။

အဲဒီလိုနဲ့ ဇနီးမောင်နှံ နှစ်ယောက် ငွေစုစာ အုပ်လေးကို ဘေးမှာချပြီး တစ်ယောက်နှင့် တစ်ယောက် ဖက်ပြီးငိုကြ ပါတော့တယ်။

ကဲ…အချိန်တန်တော့ သူတို့ငွေ ဘယ်လောက်စုမိ ခဲ့ကြလဲ ဆိုတာ သိကြလား။

တကယ်တော့ သူတို့စုမိတဲ့ ငွေပမာဏက အဓိက မဟုတ်ပါဘူး ။ သူတို့ရဲ့ ဘ၀မှာ ပိုင်ဆိုင်ခဲ့ ကြရတဲ့ သာယာတဲ့ အိမ်ထောင်မှု ၊ ပျော်ရွှင်မှု၊ အမှတ်တရ ဖြစ်မှုတွေက အိမ်ထောင်မှု ဘ၀ရဲ့ အထိမ်းအမှတ်တွေပါ။

တစ်ချိန်ချိန် ဘ၀မှာ ကျဆုံးသွား ခဲ့ရင်လည်း ကျရှုံးခဲ့တဲ့ နေရာမှာပဲ ၀မ်းနည်းပူ ဆွေးပြီး မနေပါနဲ့။ အဲဒီကျရှုံး ခဲ့ရတဲ့ နေရာကနေပဲ ဘာကြောင့် ကျရှုံးခဲ့ရလဲ ဆိုတာကိုပဲ ကြည့်ပြီး ကြိုးစားထပြီး ရှေ့တက်လှမ်းပါ။ ဘ၀ဆိုတာ အမှန်ကန်ဆုံး အမှားတွေနဲ့ ပြည့်နေတဲ့ အရာပါ။

စာဖတ်သူ အသင်တို့ အားလုံးလည်း ဒီပုံပြင်လေး ထဲကလိုပဲ အတုယူ အတွေးပွား နိုင်ကြပါစေ ။ ဤစာစုလေးကို Bank Saving Passbook ပုံပြင်လေးမှ ဘာသာပြန်ပါသည်။
:D

22 comments:

  1. အဟီးး
    ဆိုက်ပရပ်စ် ကဘဏ်တွေမှာဆို ဘယ်လို လုပ်မလဲ
    ဆားဗစ်က အပြည့် စောင့်စရာမလိုတော
    သေချာတယ် ပြတ်ပီးပဲလားမသိ...
    ကျနော် ကတော့ဗျာ
    သိပ်ဦးနှောက်ခြောက်မခံချင်သေးလို့
    အိမ်ထောင်ပြုဖို့ မစဉ်းစားသေးဘူးလေ
    ငယ်ရွယ်နုပျိုနေသေးတယ်ဆိုတော့လဲ
    စဉ်းစာချိန်ကျန်ပါသေးတယ်လေ
    နောက်ဆုံးတစ်ပိုဒ်ကိုကြိုက်တယ်

    “တစ်ချိန်ချိန် ဘ၀မှာ ကျဆုံးသွား ခဲ့ရင်လည်း ကျရှုံးခဲ့တဲ့ နေရာမှာပဲ ၀မ်းနည်းပူ ဆွေးပြီး မနေပါနဲ့။ အဲဒီကျရှုံး ခဲ့ရတဲ့ နေရာကနေပဲ ဘာကြောင့် ကျရှုံးခဲ့ရလဲ ဆိုတာကိုပဲ ကြည့်ပြီး ကြိုးစားထပြီး ရှေ့တက်လှမ်းပါ။ ဘ၀ဆိုတာ အမှန်ကန်ဆုံး အမှားတွေနဲ့ ပြည့်နေတဲ့ အရာပါ။”

    အပြည့်အဝ ထောက်ခံပါတယ်
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်

    ReplyDelete
  2. အသစ်တင်တာတွေ့လို့ ပြေးလာတာ..။ ဒါတောင် နံပတ် ၁ မရလိုက်ဘူး...ဟောဟဲ...ဟောဟဲ
    မောလိုက်တာ မက်မက်ရေ
    ရေလေးတခွက်လောက်း)

    storyline လေး GOOODddd.....တယ်

    ReplyDelete
  3. POSB ဘဏ်စာအုပ်လေးပြထားတာတွေ့ တော့ မက်မန်း
    သီးများ မာကလာဆောင်တယ် ထင်သွားတယ် အဟီး။။။
    ဖတ်ရင်းဖတ်ရင်းနဲ့ မှ မဟုတ်မှန်း သိသွားတာ။ ကောင်း
    တာလေးတွေ မှတ်သွားတရ်။။။။

    ခင်မင်ခြင်းနှင့်
    ဦးဦးအလယ်လွန်

    ReplyDelete
  4. I think, Ma 99 aldy translated it last year. http://nineninesanay.blogspot.com/2008/10/blog-post_05.html

    Anyway we can read two versions. Thanks.

    ReplyDelete
  5. အမရေ.. စာပေလေးက အိမ်ထောင်ကျမဲ့သူတွေ.. ကျနေတဲ့သူတွေအတွက် သတိပေးစကားလေးပါပဲ..
    သိသင့်တယ်အမ...
    ဘဏ်မှာမစုနိုင်ရင်လည်း ကိုယ့်မိသားစု စုဗူးလေး လုပ်ပြီးစုရင်လည်း အဆင်ပြေပါတယ်..
    ဘာကြောင့်စုရလဲဆိုတဲ့ မှတ်တမ်းလေးလည်း ထားတာကောင်းပါတယ်...
    ဒါမှ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေတဲ့အချိန်မှာ ဒီမှတ်တမ်းလေးတွေ ဖတ်ပြီး ကြည်နူးအားပေးမှုရရှိမှာကို..
    အဆင်မပြေတဲ့အချိန် ကျရှုံးနေတဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် မှတ်ထားတဲ့ မှတ်တမ်းလေးကို ဖတ်ရင်း အပြုံးခွန်အားတွေ ပေးစွမ်းနိုင်ပြီး အေးချမ်းသာယာတဲ့ အိမ်ထောင်လေး ဖြစ်လာမှာ မဟုတ်လား...
    အမစာပေလေးက အိမ်ထောက်ကျမဲ့သူတွေအတွက် အကျိုးရှိမဲ့စာပေလေးပါပဲ.. ကျေးဇူးပါအမ...
    ကူးယူသွားပါတယ်...
    အမ.. စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

    ReplyDelete
  6. အဲဒီယောကျာင်္းမို့ဗျာ ကျုပ်သာဆို ဘဏ်ထဲရှိတာ
    နိုက်ကလပ်တို့၊ အနိပ်ခန်းတို့၊ ကေတီဗွီတို့မှာ သွားကဲမှာ. ဟိဟိဟိ မိန်းမစုထားတဲ့ ပိုက်ဆံဆိုတာ သုံးရခဲလို့လေ ဟိဟိဟိ

    ReplyDelete
  7. အဟား... ဦးဦးဖွတ်ချိန်ကလဲ.... အရွယ်တင်ပြီး ရုပ်ကြနေပြီးတော့များ..ဟွင့်..မသိတာ ခက်မယ်...

    တီတီတစ်ချာ... အမောပြေ အာဝါးး ပေးမယ်.. ဟိဟိ..ပြီးမှ ရေသောက်...နော်...

    ဦးဦးအလယ်လွန်ကို အမေရိကန်ဗွီးရှင်းက တိုက်တေနီယန်ကိုင်းနဲ့ လုပ်ထားတဲ့ အကောင်းစား မျက်မှန်တလက် လက်ဆောင်ပေးမယ်.... UOB Bank book လား POSB လား သေခြာမကြည့်ပဲ ပြောသွားတယ်... ဟတ်ဟတ်... လူဆိုး..

    တီတီဝါကလည်း ကွန်မန့်ပေးတာတောင် တီတီကွန်း စတိုင်လ်နဲ့ ... ဟတ်ဟတ်.... တော်တော်နောက်... ပိုက်ပိုက်စုနော်..တီတီ... :P

    ကျေးဇူးပါ မောင်ကောင်းရေ... အစ်မကို ဆုတောင်းပေးတဲ့အတွက် အင်မတန် ပီတိဖြစ်ပြီး အမောပြေ ရပါတယ်.......... မောင်ကောင်းလဲ စိတ်ချမ်းသာ ပါစေ။ :D

    အူးအူးအိန် ကလဲ ကိုယ့်ဂုဏ်ကိုယ်ဖော် နေပြန်ပြီ..သိပ်မကြော်ငြာနဲ့ သိလား..
    တော်နေ ကောင်မလေးတွေက ထွက်ပြေးနေမှ လူပြိုကျန်ရစ် ဖြစ်နေဦးမယ်.. ဟတ်ဟတ် :P

    ဦးဦးကာကြီးရေ ကျေးဇူးပါ... :D

    ReplyDelete
  8. Anonymous ..>>>>

    thank you so much ..

    any way Thank u 4 visit 2 my blog & ur info .

    ReplyDelete
  9. လျှာထုတ် လျှာထုတ် မုန့်ဖက်ထုတ် ... ဟိဟိ...

    မုန့်ဖက်ထုတ် မစားချင်ဘူးနော် ဦးနော်... မကြိုက်လို့ပါ..... အဟား... :P

    ReplyDelete
  10. မက်၂ရဲ့ ငွေစုစာအုပ်လေးကို ကြိုက်တယ် ..

    ReplyDelete
  11. အင်းးး မရှိသေးဘူး မမရေ မမရော ရှိပြီလား ငွေစုဖို့ :P

    ReplyDelete
  12. ကောင်းပါ့ဗျာ ပို့စ်လေးက ဒီလိုလေး ဘ၀သင်ခန်းများ ပေးနိုင်သောပို့စ်များလဲ ထပ်ပြီးထပ်ပြီး ရေးသားနိုင်ပါစေဗျာ

    ReplyDelete
  13. ဘတ်ဘတ်ရဲ့ ငွေ စုစာအုပ်လေးကိုကြည့်ပြီး
    ငွေ စုဦးမှ
း)

    ReplyDelete
  14. အာ ဂျီးထော်မတ် ညား ယောက်ကျား ရပီယားရို့ 
    ဒါဆိုဘွားထော်မတ် ဘယ်လောက်စုပြီးနေပီယဲဟင်

    ReplyDelete
  15. ဆောင်းMay 28, 2009 at 10:09 PM

    အလိုတော် ကျမ နောက်ကျသွားတာ မှ ၁၉တဲ့။ စဖတ်လိုက်ကထဲက အတော် နောက်ကျသွားတာ သိလိုက်တယ် ဖိတ်စာလဲ မရလို့  နေနှင့်အုန်း ကြိမ်းထားမိတယ် ဖတ်ရင်းနဲ့  မနစ်က ဖေဖေါ်ဝါရီမှာ မင်ဂလာဆောင်တာလို့ မှန်းမိသေး နောက် ဆက်ဖတ်ရင်း... ဟော့တော့ ရန်တွေ ဖြစ်ကုန်ပြီ.. အားပေးမှလို့  ပြန်လျော့လာတယ် ငိုတယ် ဆိုတော့ ဒီက တီတီက စိတ်မကောင်းဘူးလေ.. နောက်ဆုံးတော့ ဘာသာပြန်ဆိုတာနဲ့  အင်း... ဆိုပြီး ကော်မဲန့်  ရေးလိုက်ရတာပေါ့

    ReplyDelete
  16. စာအရေးကောင်း တယ်
    ရည်ရွယ်ချက်လေးလည်း ကောင်းတယ်

    အားပေးလျက်ပါဗျာ

    ReplyDelete
  17. တီတီလေးမက်မက်ရေးတာ အတွေးကောင်းတယ်ဗျာ။ အိမ်ထောင်သည်ဘဝမှာဖြစ်ပျက်နေတာလေးတွေကိုရေးထားတာတော်တော်လေးကိုဖတ်လို့ကောင်းပါတယ်။ ကျွန်တော်ဆိုရင်လည်းမိန်းမစုထားတဲ့ပိုက်ဆံကို အကုန်သုံးပြစ်လောက်တယ် သုံးရခဲ့လို့လေ။

    ReplyDelete
  18. တူမကြီးရေ..

    မင်းအန်တီကိုလည်း ပြောရမယ်ကွာ။ မဟုတ်ရင် သူကစိတ်ဆိုးပြီးကွာသွားရင်.. ဦးဦးပိုက်ဆံတွေပါ..ပါသွားမှာ စိုးလို့

    :P

    ReplyDelete
  19. " သူတို့စုမိတဲ့ ငွေပမာဏက အဓိက မဟုတ်ပါဘူး ။ သူတို့ရဲ့ ဘ၀မှာ ပိုင်ဆိုင်ခဲ့ ကြရတဲ့ သာယာတဲ့ အိမ်ထောင်မှု ၊ ပျော်ရွှင်မှု၊ အမှတ်တရ ဖြစ်မှုတွေက အိမ်ထောင်မှု ဘ၀ရဲ့ အထိမ်းအမှတ်တွေပါ " ဆိုတဲ့ စကားကို နောက်ဆုံးပိတ်မှာ ဖတ်လိုက်ရတော့ ငွေတောင် ပြေးပြီး စုချင်သွားတယ် .. တကယ်တော့ ငွေစုချင်တာ မဟုတ်ပါဘူးလေ .. မိန်းမယူချင်သွားတာပါ :D

    ReplyDelete