Subscribe:

Tuesday, April 28, 2009

တွေ့ချင်တဲ့ဆယ်ယောက်

အန်ကယ်လ်ကာကြီးက မက်မက်ရေ သမီးကို တွေ့ဖူးချင်ဆုံး ဆယ်ယောက်မှာ ထည့်ရေးထားတယ်။ ဆိုဒ်ကို လာလည်ဦးတဲ့။ ဟုတ်ကဲ့ ဦးကာ.. လာလည်မယ်...ကိုယ်ကလည်း မက်မက်အပြင် ဘယ်သူများ ပါသေးတာလဲလို့ စပ်စပ်စုစု သွားဖတ်လိုက်ပါတယ်။ဦးကာနော်လို့ မက်မက်ကို တွေ့ရင်တော့ မုန့်မုန့်ဝယ် ကျွေးရမယ်နော်လို့ ...အဟား....ပြောလို့ မှမကြာ... မက်မက်ကိုလည်း တက်ခ်ပါတယ်တဲ့။ ရေးပေးပါတဲ့။ ဟင်... ဦးကာကြီးကလည်း ဘယ်မှာ တက်ဂ်ထားတာလဲ မက်မက်တော့ မတွေ့ပါဘူးလို့ ပြောလိုက်တော့ အခု ဂျီတော့ခ်မှာ ပြောနေတယ်လေတဲ့၊ အခုပဲ တက်ဂ်လိုက်ပါတယ်။ ရေးပေးရမယ်တဲ့။ ဟင့်..ဦးကာကြီးကလည်း ဇွတ်။ စတိုင်အသစ်နဲ့ မလိုင်အနှစ်.. အဲ..လေ.. မှားလို့... စတိုင်အသစ်နဲ့ ဂျီတော့ခ်မှာပဲ တက်ခ်လိုက်ကြောင်း ပြောတာတဲ့။ ဟတ်ဟတ်.. ရယ်ရတာပဲ။

အင်းလေ... ပြောမနာ ဆိုမနာ ကိုယ့်ဦးလေး ဆိုတော့လည်း ရေးပေးပါ့မယ်လို့ ကတိပေးလိုက်တယ်။ ဒီတော့ မက်မက်ကလည်း စဉ်းစားရပါပြီ။ ကိုယ်ကတွေ့ဖူးချင်တဲ့ ဦးဦးတီတီတွေက အများကြီး။ တကယ်ဆို ဖြစ်နိုင်ရင် မက်မက်ဆီ လာလည်တဲ့ အစ်ကို အစ်မ အားလုံးကို တွေ့ဖူးချင်တာပါ။ဒါပေမယ့် သူတို့က ဆယ်ယောက်ပဲ ရေးရမယ်ဆိုလို့ ဆယ်ယောက်ပဲ ရေးလိုက်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် စိတ်ရှိတိုင်းသာ ရေးလိုက်ရရင်တော့ ဘလော့မျက်နှာ သုံးလေးခုလောက် နာမည်လင့်တွေနဲ့ ပြည့်နေမှာ မြင်ယောင်သေး။ တစ်ချို့ဘလော့ကာတွေ တော်တော်များများကို တွေ့ဖူးပေမယ့် မတွေ့ဖူးသေးတဲ့ ဘလော့ကာတွေလည်း အများကြီး ရှိပါသေးတယ်။

အဟား... ဒီတော့ သတ်မှတ်ထားတဲ့ အတိုင်း ဆယ်ယောက်ကိုပဲ ထည့်ရေးလိုက်ပါတယ်။မက်မက်ကို တွေ့ဖူးချင်တဲ့ ဦးကာကြီး ၊တီတီဝါနဲ့ တီတီပယဲ တို့နဲ့ကျိန်းသေ တွေ့ရမယ့်လူဆိုတော့ မက်မက်ရေးမယ့် ဆယ်ယောက်ထဲမှာ ထည့်မရေး တော့ဘူးနော်။ တကယ်တော့ မက်မက်ဘလော့ကို လာလည်သူ မည်သူ့ကိုမဆို မက်မက်က တကယ်တွေ့ချင်တာပါ။ တွေ့ချင်တဲ့ ဆန္ဒကလည်း ပြင်းပြပါတယ်။ကံတရားက တွေ့ဆုံဖို့ အခွင့်အရေး ပေးခဲ့မယ် ဆိုရင်ပေါ့လေနော့်။

၁။စလုံးမရေလို့ အမြဲခေါ်တတ်တဲ့ လေးစားကြည်ညို စရာကောင်းပြီး အမေးအဖြေတွေကို ဒိုင်ခံဖြေပေးတဲ့ ဘုန်းဘုန်းဦးကောဝိဒ(မြိတ်)
၂။ သစ္စာရေစင် အမြဲတိုက် ကျွေးပေးတဲ့ ဦးဝင်းမြင့်နဲ့တီတီမေဟန်
၃။မက်မက်လေးကို မွေးဖွားပေးလိုက်တဲ့ ပျော်ပျော်နေတတ်ပြီး စိတ်မဆိုးတတ်တဲ့ ဦးနော်နဲ့ ချစ်စရာမယ်မယ်
၎။မြန်မာ့သမိုင်းကြောင်းများကို လူငယ်တွေ သိအောင်ဗဟုသုတတွေ မျှဝေပေးတဲ့ တီတီဇင်
၅။မက်မက်လေးရေလို့ အမြဲခေါ်ပြီး ၀လွန်းလို့ မနက်ဖြန်ပေါင်း များစွာနဲ့ အစာလျှော့စား မယ်လို့ပြောတဲ့ BMI 27.1တီတီဆောင်း
၅။ ဒရင်းလေးရေ တီတီကလည်း ချစ်ပါတယ်၊ သတိရပါတယ်လို့ ပြောတတ်တဲ့ မက်မက်ကလည်း ချစ်တဲ့ တီတီမေ
၆။ချစ်မက်ရေလို့ အမြဲခေါ်ပြီး အာဝါးပေးတဲ့ တီတီငွန်
၇။မက်မက် ခွိုက်တရန် ကျောင်ဝ်ကေးဝေါ်လို့ပြောတဲ့ တီတီတင်ချာ
၈။မက်မက်လိုချင်တာကို အမြဲကူညီပေးတတ်တဲ့ မသင်းမေ ယောင်္ကျား ဦးဦးပန်းဂျဂါး
၉။အကြွေးဆပ် ရမှာစိုးလို့ အမြဲတမ်း ပုန်းနေရပြီး လူတွေ့မခံရဲတဲ့ ဦးအိမ်
၁၀။ဇာတ်မင်းသားတွေ ထမင်းငတ် မှာစိုးလို့ ဇာတ်မင်းသား မလုပ်စားတဲ့ ဇာတ်မင်းသား ဦးဦးဖိုးစိန်

ဟူးးးးးးးး ဆယ်ယောက်တော့ ပြည့်သွားပြီ။ ဦးဦးကာကြီးလဲ ကျေနပ်လိမ့်မယ် ထင်ပါတယ်။ တကယ်တော့ ဒီဆယ်ယောက်အပြင်ကို တစ်ခြားအစ်ကို ၊အစ်မ ဘလော့ကာ တွေကိုလည်း တွေ့ဖူးချင် ပါတယ်လို့ ရေးသားရင်း....... အားဝါးးးးးးးးးးးးးးးးးးးးး အမြှောက်တစ်သိန်း... ခစ်ခစ်... ဟုတ်ကဲ့..ကျေးဇူးပါပဲနော်။ :P

20 comments:

  1. ဆောင်းApril 28, 2009 at 8:51 AM

    မက်မက်လေးကို လည်း တွေ့ ချင်တာ ဘဲ ။ ပထမဆုံး မန့် ရတာ ပျော်မိသေးတယ်။
    ဒါနဲ့ တီတီရဲံ ဘီအမ်အိုင်က ၁.၇၂ဘဲ ရှိပါတယ် ညာဘက်က ကြည့်၇င်

    ReplyDelete
  2. အင်း.. အပျိုကြီးမက်မက်တို့ကတော့ကွာ...
    လူကို သက်သက်မဲ့ နာမည်ဖျက်သွားသေးတယ်။ မသင်းမေကို အတော်သဘောကျနေတယ် ဟုတ်လား။ ပြောမဆုံးတော့ဘူး။ ဘယ်တုံးကတည်းက သေစေချင်နေတယ် မသိပါဘူး။ :(
    တွေ့ချင်တယ်လည်းပြောသေး မသေမင်း နဲ့လည်းပေးစားသေးတယ်။ မခေါ်တော့ဘူး... ဟွန်း..

    သတိထားပါ အပျိုကြီး.. ဟွင်း.. ဟွင်း.. ဟွင်း..

    ReplyDelete
  3. အောင်မာ... ဒင်းကများကျုပ်လိုဉ္စာပေါ ရုပ်ချော၊ သဘောကောင်း ၊မနောဖြူ၊အူစဉ်း၊

    ReplyDelete
  4. အောင်မာ... ဒင်းကများကျုပ်လိုဉ္စာပေါ ရုပ်ချော၊ သဘောကောင်း ၊မနောဖြူ၊အူစဉ်း၊ ဘယ်နဲ့ဗျာ အယ်လွန်းဝါနဲ့ တူတယ်ပြောပြီး လာကြောင်တဲ့သူကကြောင် လွင်မိုးနဲ့ တူလို့ မိတ်ဆက်ပါရစေဆိုပြီင်္း စကားလာပြောသူကပြော
    တကယ်ပဲ စိတ်ရှုပ်တယ်...။
    ဟိဟိဟိ လာသေးတယ် ရုတ်ရက်ကြည့်ရင် ခွေးလိုလို အဲလေ.. ဒွေးလိုလို ခပ်ဆင်ဆင်မို့ လာမေးကြည့်တာပါ ဒွေးနဲ့ ဘာတော်လဲ ဆိုပြီးတော့
    ရောပေါ သောကောနဲ့ လာရောတာလေ
    အံမယ်... ညီးကျတော့ရော ဘာထူးလဲ
    အူးအူး ဂိမ်..အင်.. မှားပြန်ပြီ... ဦးဦးအိမ်
    ဦးဦးအိမ်နဲ့ ညာတာပါတေးနဲ့ ကျုပ်မေးကို လာတောင်းသွားတာကျတော့ ထည့်မပြောဘူးလား....။ အဟစ်ဟစ်ဟစ်ဟစ်ဟစ်ဟစ်

    ReplyDelete
  5. အခုလက်ရှိဖြစ်ခဲ့တာ ညီးအသိပဲလေ... ကျုပ်ညာပြောတာမဟုတ်မှန်း သိပါတယ်နော်...
    အဟစ်ဟစ်ဟစ်ဟစ်

    ReplyDelete
  6. ဇာတ်မင်းသားလေးဖိုးစိန်(အဲ)ယောင်လို့
    မက်မက်လုပ်မှဇာတ်မင်းသားဘဝရောက်ရတယ်လို့
    တွေ့ချင်တယ်ဆိုတော့ဇာတ်ကတာများကြည့်ချင်လို့လား
    မျောက်ကတော့ကောင်းကောင်းရတယ်..
    မက်မက်ကိုလည်းကျနော်ကတွေ့ဖူးချင်ပါတယ်..
    အာဘွားအမြှောက်တစ်သိန်းကိုတော့နည်းနည်းလန့်တယ်
    အဟီးးးး

    ReplyDelete
  7. ချိတ်ချိုးတယ် .. အနော်မပါလို့ ..

    ရှာကီလာမက်မက် တွေ့ချင်တဲ့ သူငယ်ချင်း မိတ်ဆွေတွေ အားလုံး ဆုံတွေ့စေချင်ပါတယ်။
    ပျော်ရွှင်ပါစေ။

    ReplyDelete
  8. စိတ်သဘော ထားကြီးတဲ့ မက်မက် မတက်ဂ်တတ် လို့ တက်၈်တတ်အောင် သင် ပေး ခဲ့ ပြီးတော့ စပါယ် ရှယ် တက်ဂ် လို့ပြော ပေး ခဲ့ သေး တယ် ဗျာ။

    ကျေးဇူး ပါ ဗျာ

    ReplyDelete
  9. ဟင်.. မက်မက်ကရဲ အဲလိုကြီးကြော်ငြာချာယားရို့
    တူညားဒွေ တိကုန်ပီပေါ့ရို့
    ချက်ချာကြီး ခွီးခွီး......

    ချစ်မက်ကိုလည်း အရမ်းအရမ်းပဲတွေ့ချင်နေပါတယ်ရို့.....

    တွေ့မှ အာဝါး အကြီးကြီးပေးမယ်နော်... ဟိဟိဟိ

    ReplyDelete
  10. ဟင့် ဟင့်၊ နာလည်းပါဘူး။
    ဟင့် ဟင့် ၊ ခေါ်တော့ဘူး။ :(

    ReplyDelete
  11. မက်၂တွေ့ချင်သူတွေအားလုံးနဲ့တွေ့ဆုံနိုင်ပါစေရှင်.

    ReplyDelete
  12. အင်းနာ့လည်းပါဘူး အဟိ အဟိ ရီချင်လို့ 
    ချိတ်ဆိုးတယ် မပါရို့ ပြန်ထည့်ပေးပါ မပါတဲ့လူများအားထည့်ပေးပါ
    တောင်းဆိုပါတယ် မက်မက် ရေ

    ပျော်ရွှင်ပါစေဗျာ
    ခင်မင်လျှက်
    အိုက်ခီလောက်

    ReplyDelete
  13. တီလည်း မက်မက်ကိုတွေ့ချင်ပါတယ်
    တီတီပယဲဆိုတဲ့အသံလေးကို လူချင်းတွေ့ရင်အခေါ်ခံချင်လို့လေ
    ဟီးးး
    တူမလေး ကျန်းမာပါစေကွယ်း)

    ReplyDelete
  14. ကျနော်တော့ မမက်မက်ကိုတက်ခဲ့ဦးမယ်.. အပျိုကြီးဖြစ်ရတဲ့အကြောင်းရင်း အချက်(၂၀)ဆိုပြီး..
    ဟဲဟဲ..နောက်တာအမ..
    နောက်တစ်ခါ ဘလော့မှာ သီချင်းလာဆိုရင်တော့
    တကယ်တက်ခ် ခိုင်းမယ်.. သစ်ပင်ပေါ်ကို..:P
    အမသီချင်းထဲကအတိုင်း.. စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေ...

    ReplyDelete
  15. အဟား.. တီဆောင်း... နော်.. ၀ိတ်ချမယ်ဆိုပြီး အစားတွေ နင်းကန် စားနေတယ်.. ၁၇.၂ကနေ ၁၇၀ကျော်သွားမယ်နော်..ဟိဟိ..

    ဦးဦးပန်းဂျဂါးကလည်း ဟွင့်.. ဒီအပျိုကြီးကို ပဲလာလာ ထိခိုက်နေတယ်... မသင်းမေနဲ့ တိုင်ပြောမယ်.. ဟတ်ဟတ်... အမယ်.. ရှက်ရမ်းရမ်းနေတာမလား..အဟား...

    အမလေး..ဦးအိမ်ရယ်... ဦးအိမ်ပေါတာ..မက်မက်သိတပေါ့.. ဟတ်ဟတ်.. ဆေးတောင် ကုမရလို့ ဆရာဝန်တွေ တောင် လက်လျှော့ထားတာပဲ... ဟတ်ဟတ်...

    အူးအူးဖွတ်ချိန်ကလည်း အာဝါး အမြောက်တစ်သိန်းတော့ မပေးတော့ဘူး ... ဦးဦးဖွတ်ချိန်ကို အောင်ဘွား အယောက်တစ်သိန်းပဲ ပေးလိုက်မယ်နော်.. ဟားဟား..

    ဟင့်.. ချိတ်ချိုးပါနဲ့ ဦးဦးဝင်းဇော်ရယ်... ဦးဦးဝင်းဇော်ကိုလည်း တွေ့မှာပါ... နော်... အဲဒီခါကျတော့ မောင်နှမတွေ ပျော်ပျော်ပါးပါးကြီးပေါ့နော်... အဟား..

    ကျေးဇူးပါ ဦးကာကြီးရေ.. တက်ဂ်တော့လည်း မက်မက်ကရေးပေးရမှာပေါ့.. မုန့်ကျွေးဖို့တော့ ပြင်ထားတော့... :P

    ရူး..တိုးတိုး.. တီတီတင်ချာ.. ဒူမှ တိဖူး..နော်.. လျို့ဝှက်ချက်ကို ......ခစ်ခစ်
    တွေ့ရင်တော့ အာဝါး အကြီးကြီးကို ပေးဦးမှာ.. ပူနဲ့.. :P

    နိုပါနဲ့ ဂုရုကြီးရယ်... အတူတူတွေ့ကြမယ်.. ရှယ်တွေ့မှာနော်... ဟဲဟဲ...အဲ့ကျ မုန့်ဝယ်ကျွေးမယ်.. အာဝါးလည်းပေးမယ်... တစ်တစ်..နိုနဲ့ ... မထော်ဖဲဒေါ့ မနေနဲ့နော်.. :P


    အဟား..အူးခီ..မပါတဲ့သူစာရင်းထဲမှာ အူးခွီကို အရှေ့ဆုံးအပေါ်ဆုံးမှာ ထည့်ပေးမယ်.. မူးမူးနေလို့ အမြည်းတွေ လိုက်တောင်းတယ်ဆိုပြီး ကြော်ငြာပေးမယ်...နော့်.. :p စိတ်တော့ မဆိုးပါနဲ့.. အရက်ဖိုး ပေးလိုက်မယ်.. သွားသောက်သွား..း)

    တီတီပန်းကဗျာကိုလည်း မက်မက်က တွေ့ဖူးချင်ပါတယ်... ဗဟုသုတတွေ ပြန်လည်ဖြန့်ဝေ ပေးတဲ့ ဘလော့ပိုင်ရှင်လေး မို့လို့ အထူးတွေ့ချင်ပါတယ်... အာဝါးးးနော် တီ..

    တီတီပယဲကို တွေ့ချင်နေတာ.. အဲ့ကျ အာဝါးး အများကြီးပေးမယ်ေ်နာ်.. တီတီပယဲလို့လဲ ထော်မှာနော်.. ခစ်ခစ်

    အန်ကယ်လ်ကောင်းကလည်း အပျိုကြီး ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို သုတေသန လုပ်ပြီး စာတမ်း ပြုစုမလို့လား..အဟား.. သစ်ပင်ပေါ်တော့ မတတ်ခိုင်းပါနဲ့နော်... တော်နေ ပြုတ်ကျသွားမှဖြင့်.. ဟင့်.. :P


    မက်မက်ဆီကို လာလည်သူများ စိတ်ဧ။် ချမ်းသာခြင်း အပေါင်းနဲ့ ပြည့်စုံပါစေ... လို့ မက်မက်ကလည်း မေတ္တာပို့ပါတယ်။။

    အခုဒီပို့စ်မှာ ပါသူရော မပါသူရော အားလုံးကို တကယ်တွေ့ချင်တာပါ...နော်... အာဝါးးးးး))

    ReplyDelete
  16. တီတီမက် ဂျယ်လီလာကျွေးဦး
    မစားရတာ ကြာနေ ဖီမထော်ဖဲ နေရိုက်မှာနော်

    ReplyDelete
  17. တွေ့ချင်တဲ့လူတွေနဲ့ဆုံတွေ့နိုင်ပါစေ မက်မက်ရေ... :)

    ဟိ ကွန်မန့်တွေဖတ်ပြီးရယ်သွားရတယ်.. တစ်ကယ်ပဲ.. :D

    ReplyDelete
  18. မတွေခြင် လည်း........
    တွေ့ မယ်........
    ဒါဘဲ............. :) :P

    ReplyDelete
  19. တွေ့ ချင်တဲ့ အထဲမှာလည်းပါဘူးး(
    ဒါပဲနော် နောက်ဆိုရင်ပါ သိလား
    ဟီး
    ဒါပဲနော်
    ဘတ်ဘတ်

    ReplyDelete
  20. သက်တန့်May 3, 2009 at 3:09 AM

    မက်မက်ရေ...
    အာဝါးးး အားဆေး ပေးသွားတယ်... :-*

    ReplyDelete