Subscribe:

Sunday, April 19, 2009

The Wife and The Window


မောင်နှင့် ကျွန်မတို့ ပတ်ဝန်းကျင် အသစ်နဲ့ အိမ်အသစ်ကို ပြောင်းလာခဲ့တယ်။ တစ်ခုသော မနက်ခင်းမှာ မောင်နှင့်ကျွန်မ နံနက်စာ စားသောက်နေရင်း အိမ်နီးချင်း မိန်းမတစ်ယောက်က အ၀တ်ထုတ်လှန်း နေတာကို တွေ့လိုက်ရတယ်။

မောင်ရေ ကြည့်စမ်းပါဦး။ ဒီမိန်းမ အ၀တ်လျှော်တာလဲ မဖြူဘူး။ သူမအ၀တ်ကို ဖြူအောင် ဘယ်လိုလျှော်ရမလဲ ဆိုတာ မသိဘူးနဲ့ တူပါတယ်။ ဖြစ်နိုင်ရင် ဆပ်ပြာမှုန့် ကောင်းကောင်းလေး သုံးသင့်တယ်နော်။ ဒီအခါမှာ မောင်က တချက်လှမ်းကြည့်ပြီး ဘာမှမပြောဘဲ နှုတ်ဆိတ် နေခဲ့ပါတယ်။

အိမ်နီးချင်း မိန်းမက နေ့တိုင်းနေ့တိုင်း အ၀တ်ထုတ် လှန်းနေတာကို ကျွန်မတွေ့တိုင်း အထက်ပါ အတိုင်းပဲ မှတ်ချက်ပေး ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်လလောက် ကြာတော့ ကျွန်မအရမ်းကို အံ့သြခဲ့ ရပါတယ်။ ဘာကြောင့်ဆိုရင် အဲဒီမိန်းမ ထုတ်လှန်းနေတဲ့ အ၀တ်တွေက အရမ်းကို ဖြူဖွေးသန့် ပြန့်နေတာ တွေ့လိုက်ရတယ်လေ။

မောင်ရေ လာကြည့်ပါဦး ။ သူမအခုတော့ အ၀တ်အစားတွေ့ ဘယ်လိုဖြူအောင် လျှော်ရတယ်ဆိုတာ သိသွားပြီနဲ့ တူတယ်နော်မောင်။ သူ့ကို ဘယ်သူက သင်ပေးလိုက်တာလဲ မသိဘူးနော်။ ဒီတော့ကျွန်မ ချစ်တဲ့မောင်က

မောင်မနက်က အစောကြီး ထပြီး အိမ်ပြူတင်းပေါက် မှန်တံခါးတွေ သုတ်ပြီး သန့်ရှင်းရေး လိုက်တာလေ။

ကဲ..ဒီဇာတ်လမ်းကို ကြည့်ခြင်း အားဖြင့် မက်မက်တို့ နေ့စဉ် လူနေမှု ဘ၀မှာ….

ဘာအရာကိုပဲ ကြည့်ကြည့် သန့်ရှင်းတဲ့ မှန်ပြတင်းမှ တစ်ခြားသူ ဘာလုပ်တယ် ဆိုတာကိုပဲ ကြည့်သင့်ပါတယ်။ သူတစ်ပါးကို အပြစ်ရှာ ဝေဖန်မှု မပြုခင် အကောင်းဆုံးကတော့ မိမိရဲ့ အခြေအနေမှန်ကို ပြန်လည်ဆန်းစစ်ပြီး ကိုယ့်ကိုကိုယ် မေးမြန်းသင့်ပါတယ်။ ထို့နောက်မှသာ ပြောဆိုဆက်ဆံ ဝေဖန်မှု ပြုသင့်ပါတယ်။

အကယ်၍ တစ်စုံတစ်ယောက် အပေါ်မှာ မိမိက အကောင်းမြင်တတ်တဲ့ စိတ်ထားရှိ ခဲ့မယ်ဆိုလျှင် သင်ဟာဒီလောကမှာ အကောင်းဆုံးသော ပုဂ္ဂိုလ်တစ်ဦး ပါပဲတဲ့။ ရိုးသားကြင်နာခြင်းက လူတစ်ယောက်အတွက် အရေးပါ အဖိုးတန်တဲ့ အရာဆိုရင် တရားမျှ တခြင်းက ဒီလောကအတွက် ပိုမြင့်မြတ်၊ ပိုလိုအပ်ပါတယ်။ အများအားဖြင့် လူတွေမှာ ရိုးသားကြင်နာမှုတွေ စာနာထောက်ထားမှုတွေ မကင်းမဲ့ ခဲ့ပေမယ့် တရားမျှတမှု ကင်းမဲ့ခဲ့ကြတယ်။ ဒါကြောင့် မိမိကိုယ်မိမိ တရားမျှတတဲ့ တရားသူကြီး အဖြစ်ခံယူဖို့ သူတစ်ပါးအပေါ် အကောင်းမြင် တတ်အောင် ကြိုးစားကြပါစို့။

The Wife and the Window ဆိုတဲ့ Story လေးကို မတောက်တစ်ခေါက် ဘာသာပြန် ရေးသားလိုက်ရခြင်းပါ။ မူရင်းအင်္ဂလိပ် ပုံပြင်ရဲ့အဓိပ္ပါယ် ဆိုလိုရင်းကို အတတ်နိုင်ဆုံး ရေးသားလိုက် ရပေမယ့် ဆိုလိုရင်း မထိရောက်ခဲ့ရင် မက်မက်၏ စာအရေးအသား ညံဖျင်းမှုကြောင့်ပါ။

23 comments:

  1. တော်တယ်...း) အာဝါးးးးး
    ဒါနဲ့ ပုံကြည့်ရတာ ရင်ခုန်စရာကြီး ... :P

    ReplyDelete
  2. ဟိန်းညီApril 20, 2009 at 3:07 AM

    ဘွားဘွားမက်ရေ
    အရမ်းကောင်းတာပဲ
    ဘွားဘွားကဒါတွေလည်းရတာပဲနော်...
း)

    ReplyDelete
  3. မက်မက်လေးရေ ... ပို့စ်လေးကို ကြိုက်တယ်ကွယ်
    ကောင်းလိုက်တား)
    အင်းးး တီတီလည်း ပြတင်းပေါက်မှန်တွေ သုတ်လိုက်ဦးမယ်ကွယ် ဟီးးး
    အာဝါးးးးးးးးးးးးးးးး :)

    ReplyDelete
  4. ဇာတ်သိမ်းတကြောင်းထဲနဲ့ပဲ အားလုံးလင်းသွားတော့ သည်။အလွန်ကောင်းသော ပို့စ်လေးပါ။
    ဆက်ရေးပါမက်မက်ရေ

    ReplyDelete
  5. ပြူတင်းပေါက်က မိန်းမချောလေးက
    မက်မက်လားဟင်
    ပျော်ရွှင်ပါစေ

    ReplyDelete
  6. မက်မက်လေး ကရေးတယ်တယ်နော်...။

    စာလေးကိုဖြူးလို့ ...။

    မက်မက်ပြောသလိုကြိုးစား ပါဦးမည်..။

    ReplyDelete
  7. အင်း ဟုတ်ပါ့ အကောင်းမြင်အောင် လေ့ကျင့်ရတော့မယ်
    နက်အကောင်းတဲ့ကြားက လာဖတ်သွားတယ် အတင်းကိုအရောက်လာတာ ရောက်လာရကျိုးနပ်ပါတယ်
    တန်သွားတယ် ဖတ်ရတာလေ
    ကျေးဇူးပါပဲ မက်မက်

    ReplyDelete
  8. အဲဒါပေါ့ဗျ သူများမျက်ချေးသာ မြင်တယ် ကိုယ့်
    မျက်ချေးကိုယ် မမြင်ဘူးဆိုတာ။ လူတိုင်းဖြစ်တတ်ကြတဲ့ အဖြစ်လေးပါပဲ။

    ReplyDelete
  9. အမရေ.. သူတစ်ပါးကို အကောင်းဘက်ကကြည့်တာ အကောင်းဆုံးပါပဲ.. အမြဲတမ်းရင်ထဲမှာ ရှိသင့်တဲ့ အတွေးအခေါ်လေးပါ..
    အမြဲအကောင်းမြင်ဝါဒလေး လက်ကိုင်ထားနိုင်ပါစေ..

    ReplyDelete
  10. ဟားဟား.... မိန်းကလေးဆိုတာ ဒီလိုမျိုးကိုဖြစ်နေရမယ် .......
    ဟိဟိ...

    ReplyDelete
  11. အသိတစ်ခုရလိုက်ပါသည်။ ကျေးဇူးပါ။

    ReplyDelete
  12. မက်မက်ရေ
    စိတ်သဘောထားလေး ကောင်းတယ်။

    အဆင်ပြေချမ်းမြေ့ပါစေဗျား။

    ReplyDelete
  13. ပို့ စ်လေးကောင်းတယ် မက်မက်ရေး-)

    ReplyDelete
  14. ဒီပို့စ်လေးကို ဖတ်ပြီး တော်၂လေးကို အသိတရားရသွားပါတယ် မက်၂ တော်၂ကောင်းတယ်..လူတိုင်း အကောင်းမြင်တတ်ပါစေ..

    ReplyDelete
  15. ဟုတ်ပ.. အိမ်ရောက်မှ ပြတင်းပေါက်မှန်တွေ လိုက်သုတ်အုံးမယ် :D
    ကောင်းတဲ့ ပိုစ့်လေးပါပဲ။

    ReplyDelete
  16. စိုင်းစိုင်းလားရှိုးApril 22, 2009 at 8:55 PM

    ဟုတ်တယ်နော် အသိလေးတစ်ခု ပေးတာပဲ.... ကျေးဇူး မက်မက်...

    ReplyDelete
  17. သက်တန့်April 23, 2009 at 1:05 AM

    မက်မက်ရေ...
    မျက်လုံးမှာလည်း မျက်ချေးတွေနဲ့ပါလား... :P
    သုတ်လိုက်ဦးနော်...

    မှတ်ချက်...
    ကိုယ့်မျက်ချေးကို သူများမျက်ချေးဟု ထင်မှတ်ပြီး ပြောသွားခြင်းဖြစ်သည်... :D

    ReplyDelete
  18. အတွေးအသိတစ်ခုကို အလေးပေးထိတဲ့ ပို့စ်ကောင်းလေးပါ ..။

    ဆက်လက် အဓွန့်ရှည်ပါစေ ..။

    ReplyDelete
  19. ကောင်းတယ်ဗျိုး..
    လာဖတ်တယ်ဗျာ...ခုမှရောက်ဖူးတယ်...

    ReplyDelete
  20. ဖတ်ပြီး ကိုယ့်ကိုကိုယ် မေးမိတယ်... ကိုယ်လည်း ညစ်ပေနေတဲ့ ပြတင်းပေါက်မှန်ကတဆင့် ကြည့်မိတာတွေ ဘယ်လောက်များခဲ့ပြီလဲလို့... ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ် မက်မက်လေးရေ

    ReplyDelete
  21. အဲ့ ဒါ Perception ကို ပြောင်းပေးလိုက်တာပဲ။ယူတတ်အနှစ်ထုတ်တတ်ရင် စာတိုလေးက Attitude ကိုပြောင်းပေးနိုင်တယ်။ကျေးဇူးပါ။

    ReplyDelete
  22. ပညာပေး ပိုစ့်လေးပဲ
    သဘောကျပါတယ်

    ReplyDelete
  23. အကောင်းမြင်စိတ်လေး မွေးဖို့ အသိလေး ပိုရသွားပါတယ်။ ပို့စ်လေးအတွက် ကျေးဇူးပါ ခင်ဗျာ။

    ReplyDelete