Subscribe:

Friday, April 24, 2009

ဘ၀သင်ခန်းစာ


ပျော်စရာကောင်းတဲ့မိသားစု

လက်ထပ်ပြီး ၁၁နှစ်အကြာမှ သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံ နှစ်ယောက်မှာ ယောကျာင်္းလေးတစ်ဦး ဖွားမြင်ခဲ့ပါတယ်။ တစ်ဦးတည်းသော သားလေးဖြစ်တဲ့အတွက် သူတို့အတွက်တော့ သားလေးဟာ တန်ဖိုးဖြတ်မရတဲ့ ရတနာ တစ်ပါးပါပဲ။ ရှိသမျှ အချစ်တွေက သားလေးဆီမှာ ပုံနေတော့ တာပါပဲ။

ဒီလိုနဲ့ သားလေးနှစ်နှစ်သား ရောက်လာခဲ့ပါတယ်။ တစ်နေ့မနက်ခင်းမှာ ယောင်္ကျားဖြစ်သူက အဖုံးဖွင့်ထားတဲ့ ဆေးပုလင်းကို တွေ့ပါတယ်။ ဒါပေမယ့် အလုပ်သွားဖို့ နောက်ကျနေတဲ့အတွက် အဖုံးပွင့်နေတဲ့ ဆေးပုလင်းကို မပိတ်တော့ပဲ ဇနီးဖြစ်သူကို ဆေးပုလင်း အဖုံးပိတ်ပြီး ဆေးသေတ္တာထဲ သိမ်းလိုက်ဖို့ ပြောပြီး အလုပ်ကို အလောတကြီး ထွက်သွားလိုက်ပါတယ်။ ဇနီးဖြစ်သူကလည်း အိမ်နောက်ဖေးမှာ ဟင်းချက်နေတော့ ပုလင်းကို သိမ်းဖို့မေ့သွား ခဲ့တာပေါ့။

အဲဒီမှာ သားလေးက ဆေးပုလင်း ကိုတွေ့တော့ ကလေးတို့ ထုံးစံအတိုင်း ဆော့ကစား တော့တာပေါ့။ ဆော့ရင်းနဲ့ ဆေးပုလင်းထဲက ဆေးတွေကို အကုန်သောက် ပစ်လိုက်ရော။ အရွယ်ရောက်နေတဲ့ လူကြီးတွေအတွက် ဆေးတစ်ခွက်စာဟာ ကလေးတွေ အတွက်မှာတော့ အဆိပ်ဖြစ် လာခဲ့ပါတယ်။ ဒီလိုနဲ့ သားဖြစ်သူက ဆေးတွေသောက်လို့ မကြာခင်မှာ လဲကျသွားတော့ အမေလုပ်သူက ပြေးထွက်လာပြီး ကလေးကို ဆေးရုံတင် ပို့ရတာပေါ့။ မကြာခင်မှာပဲ သားဖြစ်သူ ကလေးက ဆေးရုံမှာပဲ အသက်မဲ့ သွားရပါတယ်။

ဒီတော့မှ သေသွားပြီ ဖြစ်တဲ့ သားလေးကို ကြည့်ပြီး အမေလုပ်သူက သတိလစ် သွားခဲ့ပါတယ်။ ယောင်္ကျားဖြစ် သူကိုလည်း ဘယ်လိုမျက်နှာ ပြရမလဲ ဆိုတာတွေးပြီး အင်မတန် ကြောက်ရွံစိုးရိမ် နေပါတယ်။ ဒါပေမယ့် ယောင်္ကျားဖြစ်သူ ဆေးရုံကို ရောက်ရှိလာတဲ့ အခါမှာ သူတို့ရဲ့ သားလေးအလောင်း ကိုမြင်တော့ မိန်းမဖြစ် သူကိုကြည့်ပြီး စကားလေး လေးလုံးပဲ ပြောလိုက်ပါတယ်။ ကဲ.. အဲဒီလေးခုသော စကားလုံးက ဘာဖြစ်မလဲ မသိဘူးနော်။ ဘာလို့ထင်လဲ?

တကယ်တော့ ယောကျာင်္းဖြစ်သူ ပြောလိုက်တဲ့ လေးလုံးသော စကားက " I LOVE YOU DARLING"တဲ့။ ယောင်္ကျားဖြစ်သူ ရဲ့တကယ့် ရင်ထဲက ဖြစ်ပေါ်လာတဲ့ အပြုအမူနဲ့ မမျှော်လင့်ထားတဲ့ အားပေးနှစ်သိမ့် တုံပြန်မှု စကားလေးပါ။ ကလေးက တကယ်ကို သေဆုံးသွား ခဲ့ပါတယ်။ ကလေးအသက် ပြန်ရှင်ဖို့ သူလည်းမလုပ်ဆောင် နိုင်တော့ပါဘူး။အကယ်၍သာ သူကလည်း အချိန်လေး နဲနဲပေးပြီး ဆေးပုလင်းကို သိမ်းခဲ့လိုက် မယ်ဆိုရင် ဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး။ အခုချိန်မှာမှ အပြစ်တင်ဖို့လည်း မလိုအပ်ပါဘူး။ ဒီအချိန်မှာ အမေဖြစ်သူကို အပြစ်ရှာ နေလို့လည်း ဘာမှထူးမလာ တော့ပါဘူး။ သူမလည်း သားလေးကို ဆုံးရှုံးခဲ့ ရသူပါပဲ။ အခုချိန်မှာ သူမတကယ် လိုအပ်နေတာက ယောင်္ကျားဖြစ်သူရဲ့ အားပေးနှစ် သိမ့်မှုပဲ ဖြစ်ပါတယ်။ ဒါကတော့ သူမအတွက် သူလုပ်ပေးနိုင်တဲ့ အကောင်းဆုံးသော လက်ဆောင်ပါပဲ။

တစ်ခါတစ်ရံမှာ မိသားစုမှာပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ အသိမိတ်ဆွေကြား မှာပဲဖြစ်ဖြစ် ကျွန်မတို့တွေဟာ မည်သူ့မှာ တာဝန်ရှိတယ်၊ မည်သူ့မှာ အပြစ်ရှိတယ် ဆိုပြီး အချိန်ကုန်ခံကာ ပြောဆိုကြပါတယ်။တစ်ယောက်နဲ့ တစ်ယောက် ထောက်ပံ ကူညီမှုမှာ လူသားတွေရဲ့ ခင်မင်မှု ချစ်ခင်မှုမှာ နွေးထွေးမှုတွေ လုံးဝလျှော့ နည်းနေပါတယ်။

ဒီတော့ ခွင့်မလွတ်သင့်တဲ့ သူတွေကို ခွင့်လွတ်ရင်း ချစ်ပြလိုက်ခြင်းဖြင့် ကမ္ဘာမှာ အလွယ်ဆုံး အလုပ်ကို လုပ်ဆောင်ပြလိုက်ပါ။ ဒါကြောင့် မည်သည့်အရာ ကိုမဆို တန်ဖိုးထားပါ။ ခွင့်လွတ်နားလည် ပေးခြင်းဖြင့် နာကျင်မှုတွေ၊ စိတ်သောက ရောက်မှုတွေ၊ ၀မ်းနည်းပူဆွေး ရမှုတွေကို မတိုးပွားပါစေနဲ့။

ကမ္ဘာမှာ လူသားတိုင်း ဒီလိုပြသနာ ဖြစ်ရပ်မျိုး လေးတွေနဲ့ ကြုံဆုံနေရ တတ်ပါတယ်။ ဒါကြောင့် မနာလိုခြင်း၊ မနာဖြစ်စေသော အရာများ၊ ခွင့်မလွတ် တတ်မှုတွေ ၊ တကိုယ်ကောင်း ဆန်မှုတွေနဲ့ ကြောက်ရွံ့စိုးရိမ် တတ်မှုတွေကို ခ၀ါချလိုက်ပါ။ ဒါဆိုရင် ပျော်ရွှင်ခြင်းနဲ့ စိတ်ချမ်းသာခြင်းစတဲ့ အရာအားလုံးကို သင်ထင်သလောက် မခက်ခဲဘဲ လွယ်လွယ်ကူကူ ရှာဖွေတွေ့ ရှိလာပါလိမ့်မယ်။

ဒီပို့စ်လေးကိုတော့ A LESSON FOR LIFE ဆိုတဲ့ ပုံပြင်လေးကနေ ဘာသာပြန် ပေးထားတာပါ။ မူရင်း အင်္ဂလိပ်ဘာသာရဲ့ ဆိုလိုရင်း အနှစ်ကို ထိရောက်အောင် အနီးစပ်ဆုံး ရေးပေးတာပါ။ လိုအပ်ချက်များ ရှိရင်မက်မက်ရဲ့ အင်္ဂလိပ်စာ အားနည်းချက်ကြောင့် ဖြစ်ပါတယ်။ အခုလို ဖတ်ပေးတာလည်း ကျေးဇူးတင်ပါတယ်။ :) အာဝါးးးးးးးးးးးး :P


27 comments:

  1. စကားလုံးလေးက လေးလုံးထဲဆိုတော့ ...
    ရေးစရာများနေတယ် .. အဲလိုတော်တာ ..ဟိဟိ

    ကလေးထပ်ယူ .. ပေါ့ ..။
    မှားတာတော့ သေချာတယ် ..
    စဉ်းစားတာ ကောင်းလို့လေ ..။

    အဆုံးသတ်တော့ သိဘူးဗျာ ..တီတီမွက်မွက်ရယ် ..။

    ReplyDelete
  2. အား ....
    ပို့စ်ကို အဆုံးထိ မမြင်ရတော့ အဆုံးသတ်ပြီ ထင်နေတာ..။ အဲတော့ အဲလို မန့်မိတာ ..ဟီး
    ခုတော့ အကုန်ဖတ်ရတော့ သိသွားင်္ပြီ ..။

    အဖြစ်ကဆန်းသားနော်..။ အဆုံးသတ်ထိ မြင်မိတာက
    စကားလေးလုံးမှာ တစ်နေတာ ..

    အဆုံးထိ ဖတ်ဖို့ ကူညီပေးတာ ကျေးဇူး မက်မက်

    နှစ်သိမ့်မှုကို အခြေခံလို့ ဖြစ်တည်မှုကို ပေါ်ထွန်းစေတာလေး ကြိုက်တယ် ..။

    ReplyDelete
  3. ဘာသာပြန်တော်တယ်။
    အကျိုးရှိတဲ့စကားတွေ မှတ်သားသွားပါတယ်။

    စကားမစပ်၊ အာဝါးတော့ ယူဘူး။ ဟိ ဟိ။ :P

    ReplyDelete
  4. ပေါ့လျော့မှုပေါ့ဒီတော့ ကလေးကကြားက ဓါးစာခံ ဖြစ်ရတာပါ။

    ReplyDelete
  5. ခွင့်မလွတ်သင့်တဲ့ သူတွေကို ခွင့်လွတ်ရင်း ချစ်ပြလိုက်ခြင်းဖြင့် ကမ္ဘာမှာ အလွယ်ဆုံး အလုပ်ကို လုပ်ဆောင်ပြလိုက်ပါ။
    ဒီစာသားလေးတော့ ကြိုက်တယ်အမရေ...
    အမြဲတမ်းခွင့်လွှတ်နိုင်ပါစေ....
    ခွင့်လွှတ်တယ်ဆိုတာ သူတော်ကောင်းတွေရဲ့အလုပ်ပါ..
    မှတ်သားစရာလေးတစ်ခုရလိုက်ပါတယ်...
    အမဆီစာလာဖတ်ရင် အမြဲတမ်းမှတ်သားစရာ ကျန်အောင်တော့ ဖတ်ပါတယ်အမ..
    မှတ်သားစရာလေးတွေပေးတဲ့အတွက် ကျေးဇူးပါအမ..

    ReplyDelete
  6. မိုးသွေးငယ်April 24, 2009 at 10:48 AM

    မက်မက် ကပြောတော့ လေးလုံးထဲဆို..
    ခုတော့ ရှစ်လုံးကြီးတောင်..။ဘာပဲဖြစ်ဖြစ်..
    မှတ်သားစရာ တခုတော့ ရပါတယ်။ဘာသာပြန်
    ပေးတဲ့ အတွက်နဲ့ ဖတ်လို့ ရအောင် ပို့စ်အဖြစ် တင်ပေးတာကျေးဇူးပါ။..အဟတ်..နောက်ဆုံး ကဟာတော့ မလုပ်နဲ့..ဟဲဟဲ။
    ခင်တဲ့
    အားလုံးကိုပျော်စေချင်သူ

    ReplyDelete
  7. စိုင်းစိုင်းလားရှိုးApril 24, 2009 at 4:24 PM

    မက်မက် ဒီရက်ပိုင်း တစ်ခုခု ပြောင်းလည်းနေတယ်လို့ ရေးတဲ့ စာတွေကို လေ့လာမိတယ် ။ ကောင်းပါတယ်ဗျာ

    ReplyDelete
  8.ှုအကောင်းဆုံး နှစ်သိမ့်မှုလေးပါ... I love you! တဲ့...

    ReplyDelete
  9. အတွေးများစွာနဲ့ ဆွဲဆောင်မှုရှိတဲ့ပိုစ်ပဲ သို့လော.. သို့လော နဲ အတွေးများစွာနဲပြန်သွားပါပြီး
    သိဘူးလေးလုံးဆိုတာ,
    “မင်းပါလိုက်သွား” တဲ့

    ReplyDelete
  10. အရမ်းကောင်းတဲ့  Post လေးပါပဲ
    မက်မက်လေးကတော်လိုက်တာ
    အဲ့ လိုတန်ဖိုးရှိတဲ့ စာလေးတွေဖော်ပြပေးတာ
    အာဝါးးးးးး နော် ။
    ပျော်ရွှင်ဖွယ်နှစ်သစ်လေးဖြစ်ပါစေ မက်မက်ရေ

    မက်မက်ရဲ့ 

    တီတီပန်းခင်း

    ReplyDelete
  11. မက်မက်ကကော အမျိုးသားနေရာမှာဆိုရင် I love you, darling ပြောမလားဘဲ။

    ReplyDelete
  12. ယောက်ျားကိုတော့လေးစားတယ်
    တခဏလေးအတွင်းမှာတောင် သူအများကြီးတွေးနိုင်တယ်
    အဲ့လို ဒေါသတို့အရာရာကင်းဖို့ဆိုတာ တကယ်မလွယ်ဘူး
    အဓိပါယ်ရှိလိုက်တာ မက်မက်ရယ်...
    ကျေးဇူးတင်ပါတယ်ကွယ်
း)

    ReplyDelete
  13. ရောက်တယ် ဖတ်တယ် ဘာ သာ ပြန်ထား တာ ဆိုပေမဲ့
    မြန်မာ ၀တ္ထု ဖတ်ရ တဲ့ အတိုင်း ပဲ .. တကယ်

    ReplyDelete
  14. အမရေ.. မောင်ကောင်းအနေနဲ့ပဲ ပြန်ရေးပေးတာပါ..
    အော..ဒီပိုစ့်ဖတ်ပြီး မင်းသားနေရာဝင်ခံစားကြည့်ပါတယ်
    ကျနော်တော့ ဒီနေရာမှာဆို.. စကားနှစ်ခွန်းပဲပြောမိမယ်..
    မမက်မက်ဖြေကြည့်ပါ့လားနော်...
    အမကို မေးခွန်းပြန်ထုတ်ခဲ့မယ်..
    အဖြေကတော့ အင်္ဂလိပ်လိုပါပဲ.. :P
    သီချင်းတွေဆိုရင် အမြဲတမ်း ကြားကြားနေရတဲ့စကားလေးပေါ့.. :P
    ပျော်ရွှင်ပါစေ အမမက်မက်...

    ReplyDelete
  15. အင်း.... ယောကျာ်းလုပ်တဲ့လူက လေးစားစရာပဲနော်။ ဒီအချိန်မှာ ဒေါသသာရှေ့ထားခဲ့မယ်ဆိုရင် မဖြစ်သင့်တာတွေ ထပ်ဖြစ်ကုန်မလားပဲ။ ပို့စ်လေးတစ်ကယ်ကောင်းပါတယ်။

    ReplyDelete
  16. ဂွတ်တယ်... ဘာသာပြန်ဆိုပေမယ့် ဖတ်ရတာ အရသာမပျက်၊ ပေးချင်တဲ့ msg လည်းပေါ်လွင်တယ်။

    ReplyDelete
  17. ဘ၀နေနည်းအနုပညာအပိုင်းအစလေးတခုပဲဆိုပါတော့။ ကောင်းတယ်ဗျာ။ ဖိတ်သွားတဲ့နို့တ၀က်အတွက်ငိုကြွေးနေလို့အပိုပဲဆိုတဲ့စကားလေးလိုထင်ပ။ တ၀က်ကြီးများတောင်ကျန်နေသေးတာပဲနော်။

    ReplyDelete
  18. ကျွန်တော်ထင်တာကတော့
    We killed our son
    လို့ထင်ပါတယ်ခင်ဗျာ။နောင်တဆိုတာ နောင်မှရတယ်လေ။

    ReplyDelete
  19. ကံတရားပေါ့

    သို့

    ကံကြမ္မာပေါ့

    ReplyDelete
  20. ငါဆိုရင်တော့ I LOVE YOU DARLING
    လို့ပြောမှာ။
    ဟဟဟဟဟဟဟ

    ReplyDelete
  21. အရေးအသားကော ဘာသာပြန်တာကော ရမ်းရမ်းကောင်း၏။ ခုလို သင်ခန်းစာအကြောင်းတွေ ပြောပြတဲ့ တီမက်ကိုလည်း အာဝါးးး

    ReplyDelete
  22. မက်မက်လေးရေ
    ကလေးကိုသနားနေမိတယ်
    မိဘ နှစ်ဦးလုံးမှာ တာဝန်ရှိတာပေါ့နော်
    ယောင်္ကျားက တခါတည်း အဖုံးပိတ်ပြီးသိမ်းခဲ့ ရမယ်
    ဇနီးကလည်း ခင်ပွန်းမလုပ်ခဲ့ရင်တောင် အရင်ဆုံး
    ဟင်းအိုးကို ထားခဲ့ပြီး ဆေးပုလင်းကို လာသိမ်းရမယ်
    ကလေးဆုံးသွားပြီဆိုတော့
    နှစ်ယောက်လုံးမှာတာဝန်ရှိတယ်
    ယောင်္ကျားပြောတဲ့ စကားလေးလုံးကလည်း
    ကလေးအသက်နဲ့ယှဉ်လိုက်တော့ တန်ဘိုးမဲ့နေပါပြီ
    ခစ်ခင်စွာဖြင့်

    ReplyDelete
  23. အတွေးနက်နက်နဲ့ အရေးသွက်သွက်လေးရေးထားတဲ့
    ပညာပေး..ပြောခဲ့တဲ့စကားလုံးကနည်းပေမယ့်
    စဉ်းစားခဲ့ရတဲ့စကားလုံးအရေအတွက်ကအများကြီးပေါ့
    ကောင်းတယ် နောင်တမရမိအောင်
    ကြိုတင်ကာကွယ်တာအကောင်းဆုံးပေါ့

    ReplyDelete
  24. အမရေ.. အမဖြေတာလေးမှန်ပါတယ်ဗျာ...
    ဒီအဖြေကတော့လူတိုင်းအတွက်ပါ..
    ဒါပေမယ့်.. အမအတွက်တော့ မှန်ဘူး...
    အမသာမင်းသမီးနေရမှာဆို မင်းသားက နှစ်လုံးပဲပြောမယ်ထင်တယ်...အဲ့ဒါကတော့..
    arr bwree !!!
    မြန်မာလိုလဲဒါပါပဲအမ....
    အမအာဝါးကြီးက အာဘွားပေးတာမဟုတ်ဘူး..
    အိပ်ချင်လို့ သန်းတာကြီးဖြစ်နေတယ်အမ..
    ပြင်လိုက်ပါဦးအမ....:P
    အမပျော်ရွှင်ပါစေ...
    ပျော်စရာတစ်ခုအနေနဲ့သာ ပြောဆိုပါသည်..:) :)

    ReplyDelete
  25. အရာရာကို အကောင်းမြင်တတ်တာ အားလုံးအဆင်ပြေပါတရ်။ ကောင်းတဲ့ ပိုစ့်ပါ။

    ခင်မင်ခြင်းနှင့်
    တလနွန်

    ReplyDelete
  26. Nice post.
    I cann't type mm font now. :D

    With love,

    T T War

    ReplyDelete
  27. အရမ်းကောင်းတဲ့  Post လေးပါပဲ ညီမရေ..
    ရိုးရိုးလေးဆိုပေမယ့် တွေးစရာလေးတွေပါတယ်လေ။

    လူတစ်ယောက်ကို မုန်းလိုက်ဖို့လွယ်ပေမယ့် ခွင့်လွတ်တတ်ဖို့ဆိုတာက ခက်တယ်လို့ ထင်တယ်။

    ReplyDelete