Subscribe:

Thursday, April 16, 2009

အမှတ်တရ




Sembawang သင်္ကြန်


ပျိုမေတို့ကလည်း မောပါဘူးတဲ့


မမတို့ကလည်း ကမှာပဲတဲ့


ဦးလေးကြီးကလည်း ဆိုချင်တာပေါ့လို့


တရုတ်သီချင်းနဲ့ အပီဟဲနေတာ


လည်ချောင်းကွဲရင်ကွဲပါစေ ဆိုမှာပဲတဲ့


ပျော်ပျော်ပါးပါး အားပေးနေတာ


တပျော်တပါးအားပေးနေတာ


မြိန်ရေရှက်ရေဆွဲနေတာ


သက်ကြီးပူဇော်ပွဲပါ


သက်ကြီးရွယ်အိုတွေကို ပူဇော်နေတာပါ


ချစ်စရာ သားတို့သမီးတို့ရဲ့ ကဗျာရွတ်ပွဲပါ


သားငယ်သမီးငယ်တို့ ၃၈ဖြာ မင်္ဂလာကဗျာရွတ်ဟန်ပါ


၃၈ဖြာမင်္ဂလာကဗျာရွတ်ဆိုနေတာပါ


သင်တန်းကဆရာဆရာမတွေကို လက်ဆောင်ပစ္စည်းပေးနေတာပါ


ချစ်စရာသမီးငယ်ကပုံပြင်ပြောပြနေတာပါ


ကမှာပဲကမှာပဲ


မမတို့ကလဲမမောနိုင်မပန်းနိုင်ပါပဲ


မောင်ဆိုတော့မယ်ကမှာပေါ့


မယ်သီတာ


ချစ်ရေးဆိုနေတဲ့ ဒဿဂီရိ


ဒဿနဲ့သီတာ


သူတို့ကလည်း အတွဲညီနေတာ


ဒီပုံတွေကတော့ ၁၂.၄.၂၀၀၉ရက်နေ့ တနင်္ဂနွေနေ့ မနက်၉နာရီက စင်္ကာပူ နိုင်ငံမှာရှိတဲ့ ဆမ်ပါဝမ်း ဓမ္မဥယျာဉ် ဘုန်းကြီးကျောင်းက ကြီးမှုးကျင်းပတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲလေးပါ။ ဆန်ပါဝမ်းပါ့ခ်မှာ မြန်မာ့ဓလေ့ ထုံးစံမပျက် သင်္ကြန်ပွဲကို ပျော်ရွှင်စွာ ကျင်းပပါတယ်။ အဲဒီမှာ မြန်မာများရဲ့ မြန်မာရိုးရာ အစားအစာတွေကို လာသမျှ လူများကို စတုဒီသာ လှူဒါန်း ကျွေးမွေးပါတယ်။ ဆိုင်းဝိုင်းအဖွဲ့ သားများနဲ့ ၀ါသနာရှင်တွေ သီချင်းဆိုပါတယ်။ ဘိုးဘွားသက်ကြီး ပူဇော်ပွဲကိုလည်း ကျင်းပတယ်။ ပြီးတော့ချစ်စရာ သားလေးတွေ သမီးလေးတွေက ၃၈ဖြာ မင်္ဂလာကဗျာ ရွတ်ဆိုကြတယ်။ ဓမ္မဥယျာဉ် ဘုန်းကြီးကျောင်းရဲ့ ဘာသာစကား ပြောသင်တန်းမှ ကျောင်းသားကျောင်းသူ တွေကလည်း ၀ါသနာအရ သီချင်းလေးတွေနဲ့ လာရောက်ကြတဲ့ ပရိသတ်ကို ဧည့်ခံဖျော်ဖြေ ပေးကြပါတယ်။ ပြီးတော့ သင်တန်းမှ ဆရာ၊ဆရာမများကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပါတယ်။ ဒီလိုနဲ့ ညနေလေးနာရီမှာ အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းလိုက်ပါတယ်။ ဒါကတော့ စင်္ကာပူ နိုင်ငံရဲ့ တစ်ရက်တည်းသော သင်္ကြန်ကာလလေးကို မြန်မာရိုးရာ ယဉ်ကျေးမှုနဲ့ အညီ ကျင်းပပြုလုပ်ခဲ့တာပါ။

ရေခြားမြေခြား နိုင်ငံခြားမှာ ကျင်းပတယ် ဆိုပေမယ့်လည်း အခုလို မြန်မာ့ရိုးရာ ယဉ်ကျေးမှုမပျက် အောင်မြင်စွာ ကျင်းပပေးနိုင် ခဲ့တဲ့အတွက် ဘုန်းဘုန်းအပါအ၀င် ကော်မတီဝင်မှ လူကြီးများ အားလုံးကို ကျေးဇူးလည်း တင်ပါတယ်။နောင်နှစ် နောင်နှစ်တွေမှာလဲ ဒီလိုအောင်အောင် မြင်မြင်စည်စည်ကားကား ကျင်းပပေးနိုင် ပါစေလို့ မျှော်လင့်ပါတယ်။ (ဗီဒီယို ဖိုင်ကိုတော့ နောက်နေ့မှ ဆက်လက် တင်ပေးပါ့မယ်)

8 comments:

  1. ပျော်စရာကြီးနော်...
    မြန်မာပြည်အလွမ်းပြေပေါ့

    ReplyDelete
  2. 16 Apr 09, 23:31
    vanko: နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ပျော်ရွှင်ချမ်းမြေ့ပါစေ..
    16 Apr 09, 21:14
    vanko: မက်မက် ရေလာလောင်းတယ်။ အတက်နေ့မို့ အသကုန်လောင်းသွားတယ်။ ((((((ဗွမ်း))))) အိုးမဲတစ်ခြမ်း မြေဖြူတစ်ခြမ်းသုတ်တယ်။ ဟား ဟား အတော်လေး လှသွားပြီ။ :P
    16 Apr 09, 20:47
    4everlove: နှစ်ကူး သင်္ကြန် အခါကိုကျော်လွန် ဖြတ်သန်းပြီး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့စေကြောင်းဆုတောင်းပေးပါတယ် :)
    16 Apr 09, 20:47
    4everlove: သင်္ကြန်အတက်နေ့မှာ ရေလာလောင်းသွားတယ်နော် … ဗွမ်း.. ဗွမ်း … ဗွမ်း …
    16 Apr 09, 20:05
    mayD: ၂၀၀၉ခုနှစ်ရဲ့ သင်္ကြန်နှစ်သစ်မှာ blogမောင်နှမအားလုံး စိတ်၏ လိုအင်ဆန္ဒများ ပြည့်စုံနိုင်ကြပါစေ
    16 Apr 09, 18:35
    မိုးသောက်(ရှမ်းလေး): ရေလာလောင်းတာ.. ဗွမ်း... ဗွမ်း....
    16 Apr 09, 17:17
    ကိုကိုမောင်: နှစ်သစ်ကို ပျော်ရွှင်မှုနဲ့ ကြိုဆိုနိုင်ပါစေ။
    16 Apr 09, 17:16
    ကိုကိုမောင်: ကွန်မင့်ပေးတာ မရလို့။
    16 Apr 09, 16:21
    နေလင်း: တူမလေးရေ. သင်္ကြန် နောက်ဆုံးနေ့ ရေခဲရေ အေးအေးလေးနဲ့ တစ်ကိုယ်လုံးရွှဲအောင်လောင်းလိုက်တယ်... ဟဲ ဟဲ... နောင်နှစ်မှာ ပြန်လည်ဆုံစည်းကြပါစို့...
    16 Apr 09, 15:24
    လွင်ပြင်ထဲက ဝဏ္ဏ: ရတနာမိုင်ထင်ရဲ့.. ပျော်စရာအချိန်လေးတွေကို သင်္ကြန်ကနေ ယူဆောင်လာတယ်..။
    16 Apr 09, 13:37
    ဖိုးဂျယ်: တီတီမက်နဲ့ မမဒွင်းရေ ရေလာလောင်းတယ် ဗွမ်း ဗွမ်း ဗွမ်း ဗွမ်း
    16 Apr 09, 12:56
    အိုက်ခီလောက်: ရေလာပက်ပြီနော်..... ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးးအတက်နေ့ရောက်ပြီ နောက်ဆုံး ရေလောင်းပြီ
    16 Apr 09, 12:56
    အိုက်ခီလောက်: ရေလာပက်ပြီနော်..... ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးးအတက်နေ့ရောက်ပြီ နောက်ဆုံး ရေလောင်းပြီ
    16 Apr 09, 12:36
    တောင်ပေါ်သား: ပျော်ရွှင်ဖွယ် နှစ်ကူးလေးဖြစ်ပါစေ လိုအင်ဆန္ဒများ ပြည့်ဝပါစေလို ဆုလာတောင်းပေးပါတယ်
    16 Apr 09, 12:03
    megumi: မံမီလို အဝတ်ကို ဝတ်ပြီး ရေပက်ခံထွက်ပါတယ်ရှင့်။ :P :P
    16 Apr 09, 09:55
    backdrop: new backdrop
    16 Apr 09, 09:17
    Dream: ပို့လိုက်ပါပြီ အစ်မ မမရေ.. အစ်မလည်း စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ
    16 Apr 09, 04:44
    mama: hei dream. i like this myapayar song. can u send my gmail. pls
    16 Apr 09, 04:18
    အောင်ဦး: နှစ်သစ်မှာ တရားနာ သီလယူနိုင်ကြပါရန်။
    16 Apr 09, 02:22
    ကိုသားငယ်: ရ၀တ ငှက်ကထ ဆီကရေပူပေါင်းဝယ် ဆော့တာ ဟီးးး
    « prev · 1 – 100 ·

    16 Apr 09, 02:21
    ကိုသားငယ်: မုန့်လုံးရေပေါ်စားချင်တယ်ဗျို့........
    16 Apr 09, 02:21
    ရဲဝင့်သူ: “ချင်းမိုင်ဆွန်ခရန်” လာခံစားပါဦးဗျ။
    16 Apr 09, 02:15
    ချစ်ခြင်းခြေရာ: နေ့တိုင်းကျောင်းတက်နေရလို့ ဒီနေ့မှရောက်ပါတယ် သပြေခက်နဲ့ရေပက်သွားပါတယ် မုန့်လုံးလဲစားသွားပါတယ် ပျော်ရွှင်ဖွယ် သင်္ကြန်ဖြစ်ပါစေဗျာ
    15 Apr 09, 21:40
    ဝေလေး: မုန့်လုံးရေပေါ်စားချင်နေတာ.... အတော်ပဲ... ရေလောင်းသွားတယ်ဗျို့.... ဗွမ်း ဗွမ်း
    15 Apr 09, 18:43
    မြစ်ကျိုးအင်း: ရေပုံးလိုက်လောင်းသွားကြောင်း

    ReplyDelete
  3. မက်မက်ရေ...
    ပြည်ပသင်္ကြန်လေးက တမူထူးလို့ ပျော်ရွှင်ဖွယ်လေးပါပဲနော်...

    ခင်တဲ့

    ReplyDelete
  4. မက်မက်ရေ
    နှစ်သစ်မှာပျော်ရွှင်ပါစေ

    ReplyDelete
  5. 18 Apr 09, 11:23
    mayD: good morning dream ရေ...
    18 Apr 09, 10:18
    tech: have a good weekend
    18 Apr 09, 10:05
    ဗီလိန်: ရောက်ခဲ့တယ်ဗျ။
    18 Apr 09, 05:46
    မိုးစက်: အမရေ...မင်္ဂလာ ရှိသောနှစ်သစ်ဖြစ်ပါစေ ခင်ဗျာ...
    18 Apr 09, 01:56
    ကွီနိုင်း: “ဘစ်ဂျလီ မုန်တိုင်း ရခိုင်ကို ဝင်မည်” တဲ့ ညီမရေ...။
    18 Apr 09, 01:23
    မေအိခင်: ဒီကလေးလေး တော့ပြဿနာပဲ - နှစ်ဆန်းတစ်ရက်နေ့ မှာ အဲလောက် အချစ်ကြမ်းရင် တနှစ်လုံး တော့ အန်တီမေတော့ --ဒန်
    18 Apr 09, 01:06
    ရဲဝင့်သူ: “မုန်တိုင်းသတင်း”
    18 Apr 09, 01:00
    မေအိခင်: အာဝါးပေးသွားတာသရဖူကြီးတော့ပြုတ်ကျတော့မလို့  ဒီကလေး တယ်အချစ်ကြမ်း ကိုး
    17 Apr 09, 22:55
    သဉ္ဇာ: မက်မက် အရေးကြီးတယ် ပိုက်ဆံအပြည့်ထည့်ပြီး အိမ်ကိုအမြန်လာပါ ဒါပဲ
    17 Apr 09, 22:32
    ကွီနိုင်း: နှစ်သစ်မှာ ချမ်းမြေ့  သာယာပျော်ရွှင်မှု့အပေါင်းနဲ့ပြည်စုံပြီး လိုရာဆန္ဒများ ပြည့်ဝပါစေဗျား...။
    17 Apr 09, 22:19
    drwinthein: မင်္ဂလာနှစ်သစ်ပါ မက်မက်ရေ.. ချမ်းမြေ့ပါစေ...
    17 Apr 09, 21:19
    မောင်ကေင်း: မမက်မက် တစ်ယောက်.. မင်္ဂလာရှိသော နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေလို့ ဆုတော်းပေးပါတယ်။။။
    17 Apr 09, 20:30
    ညလေး: မင်္ဂလာပါ ဒရင်းမ်ရေ... နှစ်သစ်မှာ ပျော်ရွှင်ပါစေ
    17 Apr 09, 19:29
    Naingko: :D
    17 Apr 09, 19:29
    Naingko: မြန်မာနှစ်သစ်မှာ တရားများများထိုင်နိုင်ပါစေ
    17 Apr 09, 18:55
    thaw: လေ့လာသွားပါတယ်ခင်ဗျ စဉ်းစား
    17 Apr 09, 17:22
    ပုလဲ: နှစ်သစ်မင်္ဂလာလေးပါ မမလေးရေ ကျန်းမာပျော်ရွှင်ပါစေ :)
    17 Apr 09, 16:58
    free download lovers: hi my friend how are you today?? :) :D, i hope you are in great condition :) keep smile and cheers :
    17 Apr 09, 16:23
    ကိုကိုမောင်: မက်မက်ရေ.. မင်္ဂလာနှစ်သစ်ပါ။
    17 Apr 09, 16:21
    ကိုကိုမောင်: နှစ်သစ်မှာ ရွှင်လန်းဝမ်းမြောက်နိုင်ပါစေ။
    17 Apr 09, 15:25
    Win Zaw: နှစ်သစ်မှာ ရွှင်လန်း ချမ်းမြေ့ ပျော်ရွှင်ပါစေ :P :glad:
    17 Apr 09, 15:13
    WWKM: ပျော်ရွှင်ချမ်းမြေ့ပါစေ ညီမလေးရေ။
    17 Apr 09, 12:53
    အိုက်ခီလောက်: မင်္ဂလာရှိတဲ့နှစ်သစ်ဖြစ်ပါစေ။ နှစ်သစ်မှာ အရာခပ်သိမ်း အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်စိတ်ဧ။်ချမ်းသာခြင်း ကိုယ်ဧ။် ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ
    17 Apr 09, 11:02
    gbeth: have a great weekend peeps :)
    17 Apr 09, 10:05
    ဖိုးစိန်: နှစ်သစ်မှာစိတ်၏ချမ်းသာခြင်းကိုယ်၏ကျမ်းမာခြင်းနှင့်ပြည့်စုံပါစေဗျာ
    17 Apr 09, 07:25
    megumi: မင်္ဂလာနှစ်သစ်ဖြစ်ပါစေရှင်။
    17 Apr 09, 06:46
    mama: happy new year မက်မက်
    17 Apr 09, 01:07
    ရွှေပြည်သူ: မင်္ဂလာရှိသော ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေ မက်မက်ရေ...

    ReplyDelete
  6. ပျော်စရာကြီးဗျာ ....

    ReplyDelete
  7. တီတီမက်... ဘာပုံမှ မမြင်ရပါ... မက်မက်လည်း နောက်နှစ်မှာ ဒီ့ထက်မက ကဲနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါသည်။ :P

    ReplyDelete
  8. မမက်မက်ရေ.. အခုမှ ဖိုတိုမြင်မိတယ်..
    ဒသဂီရိနဲ့မယ်သီတာကို အတွဲညီတယ်ဆိုပဲ...
    အမတော့ ရာမ ရဲ့ မျှားချက်ထိတော့မယ်..
    ဟဲဟဲ.. စတာပါ.. မမက်မက်...
    မျှားနဲ့ မပြစ်အောင် ရာမကိုအာဝါးပေးလိုက်ရင်ရပြီ..
    မမက်မက်.. ကောင်းမွန်သောစာပေများဆက်လက် ရေးသားနိုင်ပါစေ...:) :P

    ReplyDelete