Subscribe:

Friday, April 10, 2009

စလယ်ဝင်အိုး

အခုရက်ပိုင်းမှာ လူမှုရေး ပြသနာတွေရယ် မိသားစု ပြသနာတွေရယ် ဖြေရှင်းနေရတဲ့ အခါ မက်မက်ရဲ့ ဖေဖေနဲ့မေမေ့ကို အရမ်းကို သတိရမိတယ်။ သတိရတိုင်းလည်း ငိုနေခဲ့ရတယ်။ ပြသနာတွေ နဲ့ ရင်ဆိုင်နေ ရတဲ့အခါ ငါ့ဖေဖေနဲ့ မေမေသာ ငါ့အနားမှာ ရှိရင်ဆိုတဲ့ အတွေးတွေနဲ့ မျက်ရည်အိုင် ခဲ့ရတယ်။

ဒီရက်ပိုင်းမှာ မက်မက်ဘယ်လိုမှ မအားတာရယ်၊ ပြသနာတချို့ကို ဖြေရှင်းနေတာရယ်၊ အင်တာနက် အခက်အခဲ ဖြစ်နေတာရယ်ကြောင့် ဘယ်လိုမှ ဘလော့ဘက်ကို မလှည့်နိုင် သေးတာကို ကျေးဇူးပြု၍ နားလည်ပေးပါနော်။ အားလုံးကို သတိရပါတယ်။ အိမ်တွေကို လာလည်ပြီး စာတွေ ဖတ်ဖို့လည်း အကြွေးတွေ တင်နေပါတယ် ။ အဆင်ပြေတဲ့ အခါ မရောက်ရောက်အောင် လာခဲ့ပါ့မယ်နော်။ အခုတော့ မက်မက် ဆိုထားတာ မဟုတ်တဲ့ “စလယ်ဝင်အိုးလေး “ဆိုတဲ့သီချင်းလေးကို နားထောင်လိုက်ပါနော်။




ဖေဖေရယ် မေမေရယ် ကြင်စတုန်းက စလယ်ဝင် အိုးလေးကိုသုံးကာ ထမင်းချက်ပြုတ် စားသောက်လို့ နေလာခဲ့တယ် ရက်တွေလတွေ ကုန်လွန်ကာ သွားတော့ သားတွေ သမီးတွေ အချစ်တွေရယ် တိုးပွားခဲ့လေတယ် စလယ်ဝင် ဒီအိုးကလုံလောက်မှုကို မပေးစွမ်းနိုင်တယ် သားတွေ သမီးးတွေ အကုန်လုံး စားနိုင်ရေးအတွက် ရည်မှန်းကာ အိုးကြီးဝယ်။တပျော်ပါးကွယ် စားလာတဲ့အခါ ပျော်မြူးစရာ လူ့ဘုံခန်းဝါ အဖေအမေ မေတ္တာ ပေးဝေနှီးကာ အတောင်စုံတဲ့အခါ တလမ်းစီ ခွဲခွာ ကိုယ်ပိုင် အသိုက်အမြုံ လွှမ်းခြုံတဲ့ အခါ အဖေအမေများမှာ ကြည့်ကာ ၀မ်းသာ ဒီတော့မှ အဘိုးအဖွား အဖြစ်နဲ့ စလယ်ဝင် ဒီအိုးလေး ပြန်သုံးစွဲ ကြပြန် မရိုးနိုင်တဲ့ မေတ္တာတွေပါ စလယ်ဝင်အိုးလေး ဇာတ်လမ်းစမှ ဇာတ်လမ်းဆုံး တိုင်ပါ

10 comments:

  1. အဆင်ပြေပါစေ။ အစစအရာရာပေါ့။

    ReplyDelete
  2. စိတ်မကောင်းဘူးလေ
    သီချင်းလေးကိုနားထောင်သွားပါတယ်
    ကျနော်ခင်တဲ့မက်မက်တစ်ယောက်
    အချိန်တိုတိုအတွင်း
    နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့
    ရင်ထဲကဆုတောင်းပေးပါတယ်

    ReplyDelete
  3. မက်မက်ရေ အဆင်ပြေပါစေ
    အားမငယ်နဲ့နော်။

    ReplyDelete
  4. ညီမလေး မက်၂ရေ ပျော်ရွင်ပါစေ ..

    ReplyDelete
  5. မက်မက်ရေ...
    စလယ်ဝင်အိုးလေး လာနားထောင်သွားတယ်ဟေ့..
    ဒီသီချင်းလေးက ဘယ်အချိန်နားထောင် နားထောင် ကောင်းနေတာပါပဲ..

    မက်မက်ရေ အဆင်ပြေပျော်ရွှင်ပါစေကွယ်..

    ဦးနော်တီငယ်..

    ReplyDelete
  6. အဆင်ပြေပါစေ တီတီမက်ရေ

    ReplyDelete
  7. တီတီဒွင်းရေ ..
    နှစ်သစ်မှာ
    စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့
    ပြည့်စုံပါစေနော်

    (မြန်မာဖောင့်က ဘယ်နားကျပျောက်သွားလို့လဲ)

    ReplyDelete
  8. ကြည့်ရှုသွားပါတယ်ရှင်
    ကောင်းတယ်

    ReplyDelete
  9. မက်မက်လေးရေ---
    နားထောင်သွားပါတယ်--
    မက်မက်အားရင် လာလည်ပါအုံး--
    ပိုစ့်အဟောင်းမှာသီချင်းဟောင်းလေးတင်ထားတယ်--

    ReplyDelete
  10. ကျမပျောက်စေနဲ့ဗျို့ အဲဒါအရေးကြီးဆုံးပဲ ကျရင်
    ပြန်ကောက်ထား...။ ဒီလိုပဲ ဘ၀ဆိုတာ နိမ့်လိုက်
    မြင့်လိုက်နဲ့ ဘ၀မှာဘယ်အရာမှမမြဲဘူး။
    ဆြာကြီးလုပ်သွားတယ် ဒါဗျဲ
    ရေးလဲလောင်း အိုးမဲတော့ မရှိလို့ စက်ဆီတွေသုတ်သွားတယ် အားရပါးရ။

    ReplyDelete