သိပ်ချစ်ကြတဲ့ ချစ်သူနှစ်သူ နှစ်ယောက်၊ တစ်ယောက်အပေါ် တစ်ယောက် နားလည်ခြင်းတွေနဲ့ သူတို့အချစ်ကို တည်တန့်အောင် တည်ထောင်ထားကြတယ်။ မိဘတွေကလည်း သဘောတူ၊ အတွဲကလည်း ညီဆိုတော့ နေနဲ့လ ရွှေနဲ့မြ ပုံပမာ ကဲ့သို့ မြင်သူတိုင်း အားကျရတဲ့ ချစ်သူစုံတွဲလေးပါပဲ။
ဒီလိုနဲ့ မိဘတွေ အလိုတော်အရ နှစ်ဘက်ဆွေမျိုး မိတ်ဆွေ သင်္ဂေဟ များစွာရှေ့မှာ မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပကြခဲ့တယ်။ ပန်းခင်းထားတဲ့ ပျားရည်ဆမ်း ခရီးကို နှစ်ဦးသား ပျော်မဆုံးနဲ့ အချစ်တွေနဲ့ ထုံမွန်းခဲ့ ကြပါတယ်။ နှစ်ဘက်မိဘတွေ လက်ဖွဲ့တဲ့ အိမ်အသစ် လေးမှာပျော်မဆုံး မော်မဆုံး နဲ့ဘ၀ကို တည်ဆောက် ကြတာပေါ့။ အရိပ်လို တစ်ယောက်နားက တစ်ယောက်မခွာရက်ခဲ့။
"သဲရေ.... ကိုယ်ဒီနေ့ အိမ်ပြန်နောက် ကျမယ်နော်... ကိုယ့်ကို ထမင်းစား မစောင့်နဲ့တော့။"
"ဘယ်သွားမလို့လဲ....မောင်... ဘာပဲဖြစ်ဖြစ် သဲစောင့်နေပါ့မယ်...မောင်သာ စောစောပြန် လာခဲ့နော်။"
"မောင်.... အလုပ်ကိစ္စ နဲနဲရှိလို့ပါ။ သဲ...စောင့်ချင်တယ်ဆိုလဲ သဘောပဲ။" ပြောပြောဆိုဆို ထွက်သွားသော လင်ဖြစ်သူ ကိုထွန်းနောင် ကျောပြင်ကို ကြည့်ရင်း သဲသက်ထွေး တစ်ယောက် ကျန်ရစ်ခဲ့လေသည်။
လက်ထပ်ပြီး သိပ်မကြာ ခင်မှာပဲ ကိုထွန်းနောင် တစ်ယောက် တစ်နေ့ထက် တစ်နေ့ အလုပ်ကို အကြောင်းပြုပြီး အမြဲတမ်း အိမ်ပြန်ချိန် နောက်ကျနေ တတ်တာကို သဲသက်ထွေး တစ်ယောက် ရိပ်မိသော်လည်း မေးလိုက်လျှင် မောင်ငြိုငြင် သွားမှာကိုလည်း မလိုချင်ခဲ့။ ချစ်လွန်းအား ကြီး၍လည်း မမေးရက်ခဲ့။ အိမ်ပြန်လာလျှင်လည်း မိန်းမဖြစ်သူ သဲသက်ထွေးကို တမင်တကာ ရှောင်ရှားနေတာကို သဲတစ်ယောက် မခံစား နိုင်တော့ပေ။ ဒီတော့ သဲသက်ထွေး ထုတ်မေးရပြီပေါ့။
"မောင်....အလုပ်မှာ ပင်ပန်းလာလို့လား ဟင်။ ဒါမှမဟုတ် သဲကို စိတ်ဆိုးနေတာလား။ သဲကို စိတ်ဆိုးရင် ပွင့်ပွင့်လင်းလင်း ပြောပြပါ မောင်ရယ်။ ဒါမှမဟုတ်... မောင်....နောက်..တစ်....ယောက်...များ..."
သဲသက်ထွေး ထိုသို့ပြောရင်းမှ အသံသိမ်ဝင် သွားလေသည်။ မျက်ဝန်းမှ မျက်ရည်များ ပါးပြင်ပေါ်သို့ အလိုလို လိမ့်ဆင်းကျလာကာ သူမ မကြားချင်သော စကားကို မောင့်နှုတ်ဖျားမှ မထွက်လာ စေရန်ဘဲ မျှော်လင့်မိလေသည်။
"အာ...သဲ...ကလဲကွာ...မောင် အလုပ်မှာ နဲနဲပင်ပန်း လာလို့ပါကွာ.....သဲကို မချစ်လို့ မဟုတ်ပါဘူး။ သဲကိုမောင် အချစ်ဆုံးဆိုတာ သဲလည်း သိမှာပါကွာ။ ကိုယ့်မိန်းမလောက် နောက်ထပ်ချစ် ရမယ့်သူ မရှိစေရ ပါဘူးကွယ်.....ကဲ.....ကျေနပ်ပြီလား....အိပ်တော့နော်....သဲ...စိတ်မကောင်း စရာတွေ မတွေးနေ ပါနဲ့ကွာ..."
သဲသက်ထွေး တစ်ယောက် ကိုထွန်းနောင်ဧ။် နှစ်သိမ့်စကားကြောင့် ကျေနပ်သွားရကာ ကိုထွန်းနောင် ရင်ခွင်သွင်းသို့ တိုးဝင်ကာ
"သဲကို ဘယ်တော့မှ ခွဲမသွား ပါနဲ့နော်....မောင်.....သဲ...မောင့်ကိုယုံပါတယ်"
ကိုထွန်းနောင် တစ်ယောက် ဇနီးချောလေး သဲသက်ထွေးအား ထွေးပွေ့ထား လိုက်လေသည်။ မောင်တစ်ယောက် တစ်ခါတစ်ခါ အလုပ်ကိစ္စ အကြောင်းပြကာ အိမ်ပြန်ချိန် နောက်ကျရုံ တင်မက တစ်ခါတစ်ခါ အလုပ်ကိစ္စဖြင့် ခရီးသွား ရမည်ဆိုကာ တပတ်လောက် ခရီးထွက် နေရသည်။ အလုပ်ကိစ္စ ဆိုသဖြင့် သူမအနေနှင့် ဘာပြောရမည်နည်း မည်သို့မျှ မတတ်နိုင်ပါလေ။ ခဏခဏ ခရီးထွက်နေ ရသဖြင့် သူမလည်း လင်ယောင်္ကျား မရှိတဲ့ ခရီးထွက်ချိန်မှာ မိဘအိမ်သို့ ပြန်နေလေသည်။ သူမတစ်ယောက်ထဲ မောင်မရှိတဲ့ နေ့ရက်များကို မဖြတ်သန်းချင်ပေ။
"သဲ..ရေ...ဒီတစ်ခါ မောင်ခရီး ထပ်ထွက်ရမယ်။ အခုတခေါက် နဲနဲကြာမယ် နဲ့တူတယ်။ အဲဒါ သဲ မေမေတို့နဲ့ သွားနေလိုက်......မောင်ပြန်လာရင် သဲကို မောင်လာခေါ်မယ်နော်...သဲကို တစ်ယောက်ထဲ ထားထားသွားရတာ မောင်စိတ်မ ချဘူးကွာ..... ဖြစ်နိုင်ရင် မောင်နဲ့ တစ်ခါတည်း ခေါ်သွားချင်တယ်။"
"အော်.. ဘယ်တတ်နိုင်မှာလဲ မောင်ရယ် အလုပ်ကိစ္စနဲ့ သွားတာပဲ သဲ နားလည်ပါတယ်။ မောင် စိတ်ချလက်ချသာ သွားပါ သဲ.... မေမေတို့နဲ့ ခဏသွား နေလိုက်ပါမယ်။ မောင်ပြန်ရောက်မှ သဲလာခဲ့မယ်။ မောင်ရောက်မယ့် နေ့ကို ကြိုပြီး ဖုန်းဆက်ပေါ့ မောင်ရယ်....”
"ငါ့မိန်းမက လိမ္မာ သိတတ် လိုက်တာကွာ....ဒါကြောင့် မောင်က ချစ်နေရတာ....မောင်လည်း အလုပ်ကိစ္စ ပြီးတာနဲ့ ဟောဒီက မောင့်အချစ် တုန်းလေးဆီ ချက်ချင်းကို ပြေးလာမှာပါကွာ....သိပ်မကြာပါဘူး တစ်လ နီးပါးလောက်ပါပဲ။"
သဲသက်ထွေး တစ်ယောက်ဘယ် တတ်နိုင်မှာလဲ...ချစ်လင် ကိုထွန်းနောင် ပြောတော့လည်း နားထောင်ရ သည်ပဲပေါ့။ ဒီလိုနဲ့ အိမ်ကို တံခါးပိတ်ပြီး မေမေတို့ အိမ်သို့ သူမ ပြောင်းရွှေ့ခဲ့ လေသည်။ သူမ သိပ်ချစ်တဲ့ မောင် ၊ ခရီးက ပြန်လာမယ့် ရက်ကို လက်ချိုးရေတွက်ရင်း အထီးကျန်စွာ နေ့ရက်တိုင်းကို ဖြတ်ကျော်နေရချိန် ဆယ်ရက်လောက် အကြာမှာ မိမိတို့ရဲ့ အိမ်ကလေးကို သန့်ရှင်းရေး လုပ်ရန်နှင့် အလွမ်းပြေ သွားရောက်ကြည့် လိုက်တဲ့အခါ...........
သူမအံ့သြခြင်း များစွာနဲ့ မိန်းမ ဖိနပ်တရံကို အိမ်ရှေ့ခန်းမှာ တွေ့လိုက်တော့......နောက် သူမတို့နှစ်ယောက် အိပ်ခန်းမှ မိန်းမတစ်ယောက်ဧ။် ရယ်မောသံကိုပါ သူမကောင်းစွာ ကြားမိလေသည်။ သူမတော်တော် အံသြထိတ်လန့် မိသွားလေသည်။ ဟုတ်ပါသည်.....မောင့်အသံမှ မောင့်အသံ အစစ်..... ဒါဆို မိန်းမအသံက....အို.......ဘုရား....ဘုရား....ဒါဆို မောင်......မောင်..မောင်.....သူမ စိုးရိမ်တကြီးနဲ့ ထိတ်ထိတ်ပြာပြာ ဖြစ်ခဲ့ရပါပြီ.....သူမဘာလုပ်ရမည်နည်း....သူမဒေါသတွေ တဟုန်ထိုးတတ် လာလေတော့သည်။
သူမ အကြောအချဉ်တွေ ရပ်ဆိုင်းသွား သလိုခံစားရပြီး အရူးတစ်ယောက်နှယ် ငါ့ကိုလုပ် ရက်လိုက်တာ...ငါ့ကို သစ္စာဖောက်တယ်.... ငါ့ကို သစ္စာဖောက်တယ် ....မုန်းတယ်.....မုန်းတယ် .... ပါးစပ်မှလည်း တတွတ်တွတ် ပြောဆိုပြီး အရူးတစ်ယောက်နှယ် အိမ်နောက်ဖေး ဘက်ဆီ ပြေးထွက်သွားကာ ဓားတစ်ချောင်း ယူလာခဲ့လေသည်။ အဲဒီနောက် အခန်းတံခါးကို ဆွဲဖွင့်ကာ ကြည့်လိုက်စဉ် သေချာပါတယ်.....မောင်မှ မောင်အစစ်၊ ဘေးမှာလဲ မိန်းမတစ်ယောက်....မိမိတို့ လင်မယား နှစ်ယောက်သာ အိပ်သည့် ကုတင်တွင် ဘယ်က မိန်းမနှင့် မောင် ဖောက်ပြားသနည်း.....သူမဒေါသ အရှိန် မည်သို့မျှ လျှော့လို့ မရတော့ပေ။
အခန်းထဲသို့ ရုတ်တရက် ၀င်ရောက်လာမှုကြောင့် ကိုထွန်းနောင်နှင့် မိန်းကလေး ဖြစ်သူတို့မှာ ထိတ်လန့် သွားလေသည်။ ကိုထွန်းနောင်မှလည်း သူခိုးလူမိ သွားသည့်နှယ်...
“ရှင်...လုပ်ရက်တယ်နော်....ကိုထွန်းနောင်...ကျွန်မက ရှင့်အပေါ်မှာ ဘာတွေများ မကျေနပ် စရာတွေ လုပ်ခဲ့လို့ ဒီလိုပြောင်းလဲ သွားရတာလဲ ရှင်ဟာ သစ္စာဖောက်.........တော်တော် ယုတ်မာတဲ့ သစ္စာဖောက်... အေးအေးလေးနဲ့ မိန်းမကွယ်ရာမှာ ဖောက်ပြားတယ်...သစ္စာဖောက်..ရှင့်ကို အရှင်မထားဘူး...”
ပြောပြောဆိုဆို သဲသက်ထွေး တစ်ယောက် ကိုထွန်းနောင်တို့ အတွဲနားကို တိုးကပ်လာလေသည်။
“သဲ..သဲ...မလုပ်ပါနဲ့ကွာ.... ကိုယ်ရှင်းပြပါရစေ.....”
“ဘာ....အခုလို လက်ပူးလက်ကြပ် မိနေတာတောင် ရှင်က ဘာရှင်းပြ ချင်သေးတာလဲ.... ဘာမ လာရှင်းပြ မနေနဲ့ ....... မကြားချင်ဘူး.....ကျွန်မ ဘာဆို ဘာမှ မကြားချင်ဘူး....ရှင့်ကိုလည်း သတ်မယ်.... ရှင့်ကောင်မ ကိုလည်း သတ်မယ်.... ရှင်တို့တွေကို အရှင်မထားဘူး.... “
“သဲ...သဲ...မလုပ်ပါနဲ့ကွာ... “
(((((အားးးးးးးးးးးးးးးး)))))
နှစ်ယောက်သား ရုန်းရင်းဆန်ခတ်ဖြင့် ရင်ဝတွင် ဓားထိုးစိုက်မိ သွားလေသူုကတော့.......အချစ်ကြီးလို့ အမျက်ကြီး သွားရရှာတဲ့ သဲ.........သက်........ထွေး..........
လင်မယားနှစ်ယောက် စကားများတာကို ကြည့်ရင်းမှင်သက် မိနေသော မိန်းကလေးမှ
“ကို.....ကို.... ကို... လူသတ်မိပြီ....”
ပြောပြောဆိုဆို ထွန်းနောင်ရဲ့ ချစ်သူအသစ်လေး နန္ဒာတစ်ယောက် သူနှင့်ဝေးရာသို့ ထွက်ပြေး သွားလေသည်။ ကိုထွန်းနောင်တစ်ယောက် အခုမှ နောင်တကြီးစွာ ရပြီး ဇနီးဖြစ်သူ အားပွေ့ဖက်ကာ ငိုကြွေးနေလေသည်။
"သဲ...သဲ....မောင့်ကို ခွင့်လွတ်ပါကွာ.....မောင်မှား သွားပါတယ်....သဲအပေါ်မှာ မောင် သစ္စာဖောက် မိပါတယ်.."
မကြာမီ...ရဲသားများ ဖမ်းဆီးခြင်း ခံရတဲ့ ကိုထွန်းနောင်တစ်ယောက် သူဧ။်မိုက်ပြစ်ကို ပြန်လည်ပေးဆပ်ရင်း ထောင်ဒဏ် ကျခံနေ ရလေသည်။ မိဘဖြစ်တဲ့ သဲသက်ထွေးရဲ့ မိခင်နဲ့ ဖခင်ကတော့ သူတို့ရဲ့ သမီးလေး အပြစ်မရှိဘဲ သေဆုံးခဲ့ ရတဲ့အတွက် မည်သို့မျှ ဖြေဆည်လို့ မရနိုင်ပေ။ ဒါကြောင့် သူတို့ဧ၊် သမီးလေးအား သူမ မင်္ဂလာ ဆောင်ခဲ့စဉ်က ၀တ်ခဲ့သော အနီရောင် ၀တ်စုံလေးကို ၀တ်ဆင်ပေးပြီး ထိုအိမ်၌ပင် အသုဘ အခမ်းအနားကို ကျင်းပခဲ့ပြီး ကောင်းမွန်စွာ သဂြိုလ်ခဲ့လေသည်။
"ကဲ...သမီး.....အဘ သိသလောက် ဇာတ်လမ်းလေးက ဒါပါပဲကွယ်.....အဲဒီနေ့က စပြီး သဲသက်ထွေး တစ်ယောက် မကျွတ်မလွတ်နိုင်နဲ့ အခုအိမ်ကြီးမှာ ယနေ့အထိ ရှိနေခဲ့တာပေါ့။"
“အဘ...ဒါဆို သူ့ယောင်္ကျား ကိုထွန်းနောင် ဆိုတဲ့လူကရော..... ပြန်လွတ်လာပြီလား...”
“ပြန်လွတ်လာတာပေါ့ သမီးရယ်.... ဒါပေမယ့် ပြန်ထွက်လာ ပြီးတဲ့နောက် အဲဒီ အိမ်မှာပဲ နေထိုင်ရာမှာ သဲသက်ထွေးရဲ့ နှောင့်ယှက်မှု ဒဏ်ကို မခံနိုင်လို့ အိမ်ကြီးကို ရောင်းပြီး မကြာခင်မှာပဲ အဲဒီစိတ်နဲ့ပဲ သေဆုံးခဲ့ ရတာပေါ့....သမီးရယ်....”
“နောက်ပြောင်းလာတဲ့ အိမ်သားမှန် သမျှလည်း သူမနှောင့်ယှက်လို့ မနေရဲဘဲ ပြောင်းပြေးကြရတာ ကြီးပါပဲ........သူ့အိမ်မှာ မည်သူမျှ နေတာကို သူကြိုက်ပုံ မပေါ်ဘူးလေ......ဒါကြောင့် တမျိုးမဟုတ် တမျိုးနဲ့ လိုက်နှောင့်ယှက် နေတာပေါ့....အခုဆို သမီးတို့ လက်ထက်တောင် ရောက်နေပြီမလား...”
“အော်....ဖြစ်မှဖြစ်ရလေ အဘရယ်... မသဲသက်ထွေးရော ကိုထွန်းနောင်ရော သနားစရာ ကောင်းလိုက်တာ....နော်....အကြောင်းမသိ ခင်ကတော့ သမီးတို့ အရမ်းကြောက်တယ် အဘ.... အခု အဘပြောပြတော့ သူကိုကြောက် စရာလို့ မမြင်မိဘဲ သနားတယ်....အဘရယ်...”
“ဒါပေါ့ သမီးရယ်......... အချစ်ကြီးတော့ အမျက်ကြီးသွား ရရှာတာပါ....ကောင်မလေးက အေအေးလေးနဲ့ ချစ်စရာ လေးပါ... အင်မတန် သိတတ်တဲ့ မိန်းကလေးပါကွယ်....ကဲကဲ...သမီးတို့လည်း လုပ်စရာရှိတာ လုပ်ကြ... နေတောင်စောင်းတော့မယ်.....အဘလဲ သွားစရာလေး ရှိလို့ သွားလိုက်ဦးမယ်သမီးရေ...”
“ဟုတ်ကဲ့အဘ...အခုလို ပြောပြပေးတာ အဘကို အင်မတန် ကျေးဇူးတင်ပါတယ်...နောက်ကြုံကြိုက် ရင်လည်း သမီးတို့ အိမ်ကို ၀င်ပါထွက်ပါအဘ...”
“အေးအေး...ကောင်းပြီ သမီး”
သူမတို့ အရှေ့မှ ထွက်သွားသော အဘ ကိုမျက်စိတစ်ဆုံး လှမ်းကြည့်ရင်း ဒေါ်နှင်းဆီတစ်ယောက် အတွေးပေါင်း မြောက်မြားစွာနဲ့ ကျန်ခဲ့လေသည်။ သားဖြစ်သူဧ။် ခေါ်မှုကြောင့် သတိဝင်ကာ အိမ်သို့ ပြန်လာခဲ့လေသည်။ အိမ်သို့ရောက်သော် ယောင်္ကျားဖြစ်သူ ဦးခန့်သာအား ပြောပြမိလေသည်။ ထို့နောက်တွင်တော့ မိသားစု လေးဦး စုံစုံညီညီနဲ့ ဆုတောင်းပွဲ လုပ်လေသည်။
အနီရောင် ၀တ်ရုံရှင်မလေး သဲသက်ထွေး နှင့်ငြိမ်းချမ်းရေး ယူလိုက်ကြသည်။ သူမတို့မိသားစုနဲ့ မိတ်ဆွေဖွဲ့ပါရန်နဲ့ သူမတို့ မိသားစုအား မနှောင့်ယှက်ပါရန် မေတ္တာရပ် ခံလေသည်။ ထို့နောက်တွင်တော့ အနီရောင် ၀တ်ရုံမလေးနှင့် ဒေါ်နှင်းဆီတို့ မိသားစု ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားလေသည်။ ဤအိမ်ကြီးတွင်လည်း သူမသဘောတိုင်း သွားလာလှုပ်ရှား နေလေသည်။
သားနှင့် သမီးမှလည်း ညဘက်ကို အနီရောင်နှင့် မမကို တွေ့သော်လည်း မကြောက်လှန့် တတ်တော့ပေ။ တခါတခါ သားလေး ညနက် သည်အထိ စာကျက်နေရင် ဘေးမှာ အနီရောင် ၀တ်ရုံရှင် မသဲသက်ထွေးမှ စောင့်ကြည့်နေလေသည်။ တဖြည်းဖြည်းနှင့် ကလေးတွေနဲ့ သူမပို၍ ရင်းနှီးကျွမ်းဝင် လာလေသည်။ အိပ်ခါနီးဆို သူမအိမ်အတွင်း ၀င်ရောက်လျှောက် သွားနေလေသည်။ တခါတခါ ကလေးတွေနဲ့ သူမ ဆော့နေလေသည်။ တခါတခါ ကလေးတွေ အိပ်လျှင်လည်း သူမ တယောက်အခန်း ထဲမှာပင် ကလေးတွေ နိုးလာချိန်ထိ စောင့်နေလေသည်။
နောင်နှစ်၂၀ကြာသော်.....ကလေးတွေလည်း ဘွဲ့ရ အလုပ်လုပ်ရင်း တနေ့တော့
“မေမေ သားတို့ အိမ်ပြောင်းကြ ရအောင်နော်.....သားနဲ့ညီမလေး နှစ်ယောက်ပေါင်းပြီး xxxxxx မြို့နယ်က ကွန်ဒိုတိုက်ခန်း ၀ယ်လိုက်ပြီ မေမေ။”
“ဟုတ်တယ်...ဖေဖေနဲ့ မေမေ။ကိုကိုက ဖေနဲ့မေ့ကို အံသြသွားအောင် ကြိုမပြောတာပါ။ အခု သမီးတို့က အိမ်အသစ်မှာ ထားပြီး ဖေဖေနဲ့ မေမေကို တဖန်ပြန် လုပ်ကျွေးချင် လို့ပါနော်။”
“ပြီးတော့ ဒီနေ့ဟာ ဖေနဲ့မေတို့ရဲ့ နှစ်ငါးဆယ်မြောက် မင်္ဂလာ ရက်မြတ်နေ့ ဖြစ်တဲ့အတွက် ဖေနဲ့မေ့ကို လက်ဆောင်အဖြစ် ကွန်ဒိုဝယ် ပြီးသားတို့က ထားချင်တာပါ။”
“သားတို့ရဲ့ သိတတ်တဲ့ စိတ်ဓာတ်လေးကို ကျေးဇူးတင် ပါတယ်ကွယ် သမီးနဲ့ သားရယ်.... ဒါပေမယ့် အမေနဲ့ အဖေက ဒီအိမ်လေးကို တော်တော် သံယောဇဉ်တွယ် နေတယ်လေ။”
“နားလည်ပါတယ် မေမေ။ သမီးတို့လည်း မပြောင်းချင်ပါဘူး။ ဒါပေမယ့် သမီးတို့ရဲ့ လုပ်ငန်းအခြေနေနဲ့ ဒီအိမ်မှာ နေတာထက် ကွန်ဒိုတိုက်ခန်းမှာ ပြောင်းနေတာက ပိုသင့်တော် မယ်ထင်လို့ ကိုကိုနဲ့သမီး စီစဉ်လိုက် ရတာပါ...သမီးတို့လည်း ဒီအိမ်လေးကို သံယောဇဉ် ရှိပါတယ်....ဒါပေမယ့် မတတ်နိုင်ဘူးလေ မေမေရယ်။”
“အေးပါ....သမီးရယ် အမေတို့ နားလည်ပါတယ်... ဘယ်တတ်နိုင်မှာလဲ..သင့်တော်ရာကို ပြောင်းနေကြရမှာပဲလေ...”
သို့နှင့် ဦးခန့်သာနှင့် ဒေါ်နှင်းဆီတို့ ဒုတိယမိ အိမ်ပြောင်းဖို့ စီစဉ်နေကြရပါပြီ။ မင်္ဂလာဦး လက်ထက်ထဲက ပစ္စည်းများကို ယူပြီး မလိုအပ်သည့် ပစ္စည်းများကို လွင့်ပစ်သင့်လွတ်ပစ်ပြီး ပေးကမ်းသင့်သည်များကို ပေးကမ်းနေလေသည်။
“ဖေဖေ...ဒီဗီဒိုကို ယူဦးမလို့လား.....မယူရင် သူများပေး လိုက်မယ်နော်....ဖေ...”
“အမေတို့လည်း မလိုအပ်ဘူး သား...သူများတွေ လိုအပ်တဲ့သူ ရှိရင် ပေးရအောင် အပြင်ကို ထုတ်လိုက်ကြကွယ်...”
ဒီလိုနဲ့ သားဖြစ်သူနဲ့ သူ့သူငယ်ချင်းတို့ ဘီဒိုကို ရွှေ့ထုတ်လိုက်စဉ် မထင်မှတ်ထားသော မြင်ကွင်းတစ်ခု ဒေါ်နှင်းဆီ မြင်တွေ့လိုက် ရလေသည်။ သို့နှင့်
“ကိုခန့်သာ.....ဒီမှာလာ ကြည့်စမ်း ပါဦးတော်... ဒီမှာ...”
“ဟေ....ဘာတုန်းဟ....”
ဒေါ်နှင်းဆီ ထိုးပြရာသို့ ဦးခန့်သာ ကြည့်လိုက်စဉ် နှစ်ယောက်သား အံသြခြင်း များစွာနဲ့အတူ ပါးစပ် အဟောင်းသား ဖြစ်သွား ရလေသည်။ စာရွက်ဝါ၀ါကြီး အောက်မှ ခြောက်သွေ့နေသော သွေးစွန်းကွက် အ၀ိုင်းလေးက သေဆုံးသူ သဲသက်ထွေးဧ၊် ၀ိဥာဏ်ကို ချုပ်ထားတယ် ဆိုတာ ဦးခန့်သာနှင့် ဒေါ်နှင်းဆီတို့ အလိုလို သိရှိလိုက်လေသည်။
သဲသက်ထွေး မိဘများက သမီးအပေါ် အချစ်ကြီးလွန်း၍ သမီးဧ။် သွေးနှင့်အတူ သူတို့သမီးလေးအား သူသိပ်ချစ်တဲ့ ယောင်္ကျားဧ၊် သတ်ဖြတ်ခြင်း ကိုခံရပေမယ့် သူတို့လင်မယား အတူနေခဲ့တဲ့ ဒီအိမ်လေးထဲမှာ သူမဧ။် ၀ိဥာဉ် ဘ၀ကို အေးချမ်းစွာ ဖြစ်သန်းနေစေရန် စေသနာ နှင့်ပိတ်လှောင် ထားခဲ့ လုပ်ဆောင် ခဲ့တာကို မည်သူမျှ မသိခဲ့ မသိလိုက်ကြပေ။ သူမအတွက် မိဘများဧ။် ချစ်ခြင်းမှာ သူမဘ၀ တစ်ခုလုံးကို နစ်မွန်းစေခဲ့လေသည်။ ယခုတော့ သူမအတွက် လမ်းဖွင့်ပေး ခဲ့တာလား၊ သူမဧ။် ကုသိုလ်ကံကပဲ ကျွတ်ချိန်တန် ခဲ့တာလား မပြောတတ်ပေ။
ထို့ကြောင့် ဦးခန့်သာနှင့် ဒေါ်နှင်းဆီတို့မှာ ဆရာခေါ်၍ ပိတ်လှောင် ခံထားရသည့် သေဆုံးသူ သဲသက်ထွေး ၀ိဥာဏ်လေးအား ပြန်လည်ဖွင့်ပေး ခဲ့လေသည်။ ရွှေစက္ကူ ငွေစက္ကူ များမီးရှို့၍ သူမအတွက် ကုသိုလ်ကောင်းမှု ပြုလုပ်ကာ သူမဧ၊်ဝိဥာဉ် ဘ၀ကို လွတ်လပ်ခွင့် ပေးလိုက်လေသည်။ ထို့နောက်တွင်တော့ ဤအိမ်ကြီးတွင် အနီရောင် ၀တ်ရုံပိုင်ရှင် ၀ိဥာဉ်လေးမှာ သူမတို့ မိသားစုအား ထာဝရ နှုတ်ဆက်ထွက်ခွာ သွားလေသည်။ လက်ပြနှုတ်ဆက် ပျောက်ကွယ်သွားသော အနီရောင် မိန်းကလေးအား မျက်ဝန်းမှ မျက်ရည်စများနှင့် ပီတိဖြစ် ၀မ်းသာနေ ရရှာသော ဒေါ်နှင်းဆီ အပါအ၀င် မိသားစု အားလုံးဧ။် ရင်ထဲမှာတော့******ဒီဇာတ်လမ်းလေးက စင်္ကာပူမှာ ဖြစ်ပွားခဲ့တဲ့ တကယ့်အဖြစ်အပျက် ဇာတ်လမ်းလေး တစ်ပုဒ်ကို စိတ်ကူးယဉ် ခံစားရေးသား လိုက်တာပါ။မက်မက်ရဲ့ စာအရေးအသား ညံမှုကြောင့်သာ ဖတ်လို့မကောင်းခဲ့ရင် နားလည်ပေးပါ။ အခုလို ပထမပိုင်းရော ဒုတိယပိုင်းရော မငြီးမညူ ဖတ်ပေးတဲ့ အတွက် ကျေးဇူးပါနော်... :D