Subscribe:

Tuesday, December 29, 2009

မွေခံထိုက်စေ


အမေ
*******

ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေ ရှိတယ်…။

မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေ ရှိတယ်။

ချစ်သဒ္ဓါ ဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ
အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ

သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား
အိမ် မြေ ကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။

ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေ ဟာ အမေ ပဲလေ…။ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


သားသမီးတိုင်းသို့...
***********************

ဖေဖေရယ်... မေမေရယ်
သားသားမီးမီး ချစ်ပါကွယ်၊
သားသားမီးမီး ဘာတွေရှိ
ချစ်စရာတွေ အားကြီးရှိ၊
ချစ်စရာကောင်းတဲ့ ကလေးငယ်
ဘာတွေဖြည့်ကျင့်တယ်၊
ပြောလွယ်ဆိုလွယ် စိတ်ကောင်းထား
ယဉ်ကျေးလိမ္မာ ဖြည့်ကျင့်ပွား၊
ူငါများတို့ အကျိုးငှာ
ဗုဒ္ဓလမ်းစဉ် တုခိုးပါ၊
ဗုဒ္ဓလမ်းစဉ် တုခိုးတော့
ချစ်စရာကလေး ဖြစ်တာပေါ့။

(ယဉ်ကျေးလိမ္မာတရားပွဲမှ-)


ဒီကဗျာကတော့ မောင်လေးဖိုးသားမှ အမေတိုင်းအတွက် ရေးသားထားတာ ဖြစ်ပါတယ်။ ကဗျာလေးကို ကြိုက်လွန်းလို့ ကူးယူထားတာပါ။ အမေများနေ့ကို သတိတရနဲ့ ပြောပြပြီး သားသမီးတိုင်းသို့ ကဗျာလေးကို ပေးပို့ပေးတဲ့ ကိုအောင်ဦး(ဓမ္မရသ) နဲ့ အမေကဗျာလေးကို မေးလ်ပို့ပေးတဲ့ မောင်လေးဖိုးသား (အဖြုရောင်မေတ္တာ) တို့ကိုကျေးဇူးတင်ပါတယ်။ အမေများနေ့မှာ အမှတ်တရ အနေနဲ့ သူတို့ပို့ပေးတဲ့ ဒေါက်တာ အရှင်ကောဝိဒ (မစ္ဇျဂုဏ်ရည်) မွေခံထိုက်သူ ဖြစ်ပါစေ ဆိုတဲ့ ပီဒီအက်ဖ် ဖိုင်လေးကို ဒေါင်းလုတ်လုပ် ပြီးဖတ်နိုင်အောင် တဆင့်ဖော်ပြပေး လိုက်ပါတယ်နော်။ အားလုံးပဲ အမေများနေ့မှာ မိဘများရဲ့ အမွေခံထိုက်တဲ့ သားကောင်း သမီးကောင်း သားလိမ္မာ သမီးလိမ္မာ ဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။


အမေများနေ့မှာ http://www.dhammathukha.com ကနေပြီးတော့ ဆရာတော် အရှင်တိက္ခညဏ မှ တရားတော် ဟောကြားခြင်းအား စင်္ကာပူစံတော်ချိန် ၇း၃၀ တွင် တိုက်ရိုက်ထုတ်လွင့်မှာ ဖြစ်ပါတယ် ဆိုတာကို သတင်းကောင်း ပါအပ်ပါတယ်နော်။ ကဲ..မိတ်ဆွေတို့ရေ.... 30.Dec.09 ဗုဒ္ဓဟူးနေ့ ညချမ်းချိန် ၇း၃၀ မိနစ်မှာ လာရောက် တရားနာ ကြွခဲ့ပါနော်။



Saturday, December 12, 2009

မက်မက်နဲ့သူမဧ။်ယုံကြည်ရာများ

ညီမပန်းရင့်နဲ့ နေ့အိပ်မက်တို့က တက်ဂ်ထားတာတော့ ကြာပါပြီ...ဘယ်လိုမှ မအားတာရယ် အခြေအနေ မပေးသေး တာရယ်ကြောင့် စာရေးတာ ကြာနေခဲ့ ပါတယ်။ ပြီးတော့လဲ စာရေးဖို့ မုဒ်မရှိတာလဲ ပါတယ်လေ။ အဟဲ...တက်ဂ်တဲ့ သူတွေတောင် မေ့နေပြီလား မသိဘူး.....ခေါင်းစဉ်က ယုံကြည်ရာတဲ့.....အင်း... မက်မက်ရဲ့ အဓိက ယုံကြည်မှု တွေကတော့ နံပါတ်တစ်...သစ္စာတရား ၊နံပါတ်နှစ်.. မေတ္တာဓာတ်.. နံပါတ်သုံး....ကံ၊ကံဧ။် အကျိုးနဲ့ ၊ နံပါတ်လေး ၀ဋ်ကြွေးတို့ကို ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်တဲ့ မက်မက်နဲ့ တီတီဒွင်းတို့ တူဝရီး နှစ်ယောက် အလွန်ကို ယုံကြည်ပါတယ်။

သစ္စာတရား

သစ္စာတရားရဲ့ အင်အားကြီးမား ထက်မြတ်ပုံကတော့ အံ့မခန်းပါပဲ။ လူသားတိုင်း အခက်အခဲ တစ်စုံတစ်ရာနဲ့ ကြုံလာပြီ (ထွက်ပေါက်ပိတ်နေ)ဆိုရင် သစ္စာပြု ၊ သစ္စာတိုင် ကြပါတယ်။ သစ္စာတရားက အခက်အခဲနဲ့ ကြုံချိန်မှာ အင်မတန်မှ အရာရောက်ပါတယ်။ (မိမိဘက်ကတော့ မှန်ကန်နေဖို့ လိုပါတယ်နော်)။သစ္စာနဲ့ ပတ်သတ်လို့ ကိုယ်တွေ့ကြုံကြိုက် ခဲ့ရတာတွေက ငယ်ငယ်လေးထဲက အများကြီး ရှိပါတယ်။ နောက်ကြုံမှ ပို့စ်အဖြစ် တင်ပြပေး ပါမယ်နော့်။

သာဓက အနေနဲ့ မြတ်စွာဘုရားရှင် တစ်ခုသော ဘ၀မှာ ငုံးမင်းဖြစ်စဉ် အခါက တောမီးလောင်တာကို သစ္စာတိုင်တည် လိုက်တာကြောင့် ဟုန်းဟုန်းထ တောက်လောင်နေတဲ့ တောမီးဟာ ချက်ချင်း အတိငြိမ်း သွားတာတွေ၊ သမ္ဗုလာဒေ၀ီ မင်းသမီးလေးရဲ့ သစ္စာတော်ကြောင့် ကြင်ယာတော် ဗြဟ္မဒတ်မင်းရဲ့ သားတော် အိမ်ရှေ့မင်းသားလေး သောတ္ထိသေနဟာ နူနာရောဂါ စွဲကပ်ခြင်းမှ ပျောက်ကင်းချမ်းသာ ရာရသွား တာတွေဟာ ဘုရားဟော ဇာတ်တော်မှာ အထင်အရှား ရှိတဲ့ သစ္စာတရားရဲ့ အကျိုး ကျေးဇူးတွေပါ။

ဒါကြောင့် အရာရာကို (အခက်အခဲ)ကျော်လွှားနိုင်တဲ့ သစ္စာတရားကို အကြွင်းမဲ့ ယုံကြည်ပါတယ်။

မေတ္တာဓာတ်

မေတ္တာတရားရဲ့ တန်ပြန်သက်ရောက်မှု လေးကလဲ အံ့မခန်းပါပဲ။ လူတစ်ယောက်ဟာ မိမိအပေါ်ကို သေလောက်အောင် မုန်းတီးနေပါစေ၊ ဒေါသဖြစ်နေပါစေ။ မိမိဘက် ထိုသူ့အပေါ်ကို အမုန်းမပွားဘဲ မေတ္တာဓာတ်နဲ့ ဆက်ဆံတုန့်ပြန် ခဲ့မယ်ဆိုရင် အရာရာကို အောင်မြင်နိုင်ပါတယ်။ ဒီနေရာမှာ မေတ္တာဆိုတာ တဏှာဘက် မနွယ်တဲ့ (တနည်းအားဖြင့် တဏှာစွဲကပ်ခြင်း မရှိတဲ့ အရာမျိုးပါ)။ တုန့်ပြန်မှု တိုင်းမှာ တန်ပြန်တုံပြန် မှုလေးတွေ ရှိတတ်ကြပါတယ်။ သူမကောင်းပေမယ့် ကိုယ်ကကောင်းအောင် နေပြ၊ လုပ်ဆောင်ပြ မယ်ဆိုရင် ကိုယ့်မေတ္တာ ရောင်ပြန်ထင်ဟပ်စေ တတ်ပါတယ်။ မေတ္တာနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံတွေ လူတိုင်းလူတိုင်း ကြုံဖူးကြ မှာပါနော်။

သာဓကအနေနဲ့ မြတ်စွာဘုရားရှင်ဟာ ရန်မူတိုက်ခိုက်လာတဲ့ (မာန်နတ်၊ အာဠာဝက ဘီလူး၊ နာဠာဂီရိဆင်ရိုင်း၊ အဂုင်္လိမာလ၊ စိဉ္စမာန မိန်းမယုတ်၊ သစ္စက ပရိုဗိုဇ် ၊ နန္ဒောပနန္ဒ နဂါး၊ ဗကဗြဟ္မာ)ကိုအောင်နိုင် တော်မူခြင်းဟာ ကြီးမားတဲ့ မေတ္တာတော် ဓာတ်ကြောင့်ပါ။ ဒါတွေဟာ တုနိုင်းမရတဲ့ ဂေါတမ မြတ်စွာဘုရားရှင်ရဲ့ ကြည်ညိုစရာ မေတ္တာဓာတ်နဲ့ ထင်ရှားခဲ့တဲ့ အောင်ခြင်းရှစ်ပါးပါ။

ဒါကြောင့် အရာရာကို အောင်နိုင်တဲ့ မေတ္တာဓာတ်၊ မေတ္တာတရားကို မက်မက်ယုံကြည်ပါသည်။

ကံ၊ကံဧ။်အကျိုး

ကံဆိုတာ အလုပ် ၊ အလုပ်ဆိုတာ စေသနာလို့ လူတိုင်းသိပါတယ်။ ဒါကြောင့် စေသနာသည် ကံမြောက်ပါတယ်။ လူတွေက ပြောကြပါတယ် စေသနာကောင်းရင်ကံကောင်းမယ် စေတနာဆိုးရင် ကံဆိုးမယ်လို့။ မှန်ပါတယ်။ သတ္တ၀ါတစ်ခု ကံတခုလေ။ ကိုယ့်ကံကို ကိုယ်ကိုယ်တိုင် ပြုလုပ်နေ ကြတာပါ။ မည်သည့်အရာကို လုပ်ဆောင် နေပါစေ။ စိတ်သန့်သန့်နဲ့ လုပ်ဆောင်ပါ။ ကိုယ်ပြုတဲ့ အမှုကံကို တန်ပြန်အကျိုး သက်ရောက် စေပါတယ်။ကိုယ်ပြုတဲ့ အမှုကံ ခံစား၊ စံစားရမှာပါလေနော်။

(ဒီနေရာမှာ ဆရာတော် ဦးဃောတိတ ဟောကြားတဲ့ တရားတော်အရ ကံလေးမျိုး ရှိတာကို သိရပါတယ်။ အဖြူကံ၊ အမည်းကံ၊ အမည်းအဖြူ ရောတဲ့ကံ ၊ အမည်းအဖြူ မရောတဲ့ ကံ ဆိုပြီး ရှိပါတယ်။ အဖြူကံဆိုတာ ကုသိုလ်ကံကို ခေါ်ပါတယ်။ အမည်းကံ ဆိုတာကတော့ အကုသိုလ်ကံပါ။ အမည်းအဖြူ ရောတဲ့ ကံဆိုတာ ကတော့ ကုသိုလ်၊ အကုသိုလ် ရောနှောနေတဲ့ကံ၊ အမည်းအဖြူ မရောတဲ့ ကံဆိုတာ ကတော့ အကုသိုလ် လဲမဖြစ် ကုသိုလ်လဲ မဟုတ်တဲ့ ကံပါ။(တနည်းအားဖြင့် ၀ိပသနာကံပေါ့လေ)။ ပြုလုပ်တဲ့ အပေါ်မှာ မူတည်ပြီး အကျိုးပေးပါတယ်။

ဒါကြောင့် ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မယ်ဆိုတဲ့ ကံကံဧ။် အကျိုးကို မက်မက်ယုံကြည်ပါတယ် ။

ဝဋ်

ဝဋ်မှာ အမြဲ ငရဲမှာ အပဆိုတာ ကြားဖူးကြမှာပါ။ ငရဲဆိုတာကို ၀ိပသာနာကံနဲ့ ပြန်လည်ခြေဖျက် ယူလို့ရပေမယ့် ၀ဋ်ကိုတော့ ချေဖျက်ယူလို့ မရပါဘူး။ ဘုရားရှင်တောင် ဘုရားဖြစ်တဲ့ အခါမှာ တစ်ခုသော ဘ၀က ပြုလုပ်ခဲ့တဲ့ အတိတ်က အမည်းကံကြောင့် ၀ဋ်ကို ရှောင်လွဲလို့ မရဘဲ ပေးဆပ်ရပါတယ်။ အရှင်မောဂ္ဂလန်လဲ ရဟန္တာ ဖြစ်ပေမယ့် တခုသော ဘ၀က ပြုလုပ်ခဲ့တဲ့ မိဘတွေကို ရိုက်သတ်ခဲ့တဲ့ အတိတ်ကံက နောက်ဆုံးဘ၀မှာ ရဟန္တာ ဖြစ်နေတာတောင် ကိုယ်ပြုခဲ့တဲ့ အမည်းကံကြောင့် ၀ဋ်ကြွေးကို အကြေပေးဆပ် ရပါသေးတယ်။ဘာလိုပဲ ဖြစ်ဖြစ် ကိုယ်ပြုလုပ် ခဲ့မိတဲ့ ကံဟာ ဘ၀ပေါင်း များစွာကို အရိပ်လို လိုက်၍ အကျိုးပေးပါတယ်။ ကံနဲ့ဝဋ်ကို ဆက်စပ်နေ ပါတယ်နော်။ ဒါကြောင့် ဆက်စပ်နေတဲ့ ကံနဲ့ဝဋ်ကိုလဲ ယုံကြည်ပါတယ်လို့ ဖြေကြားရင်း ညီမပန်းရင့်နဲ့ ညီမနေ့အိပ်မက် တို့ရေ ကျေနပ်လိမ့်မယ် ထင်ပါတယ်နော်။ တကယ်ကို မအားလို့ နောက်ကျမှ ရေးပေးမိတာ စိတ်မကောက်နဲ့..နော်....အာဝါးးး.. အမြှောက်တစ်သိန်း ပေးလိုက်ပါတယ်နော့်။....း)


Thursday, December 3, 2009

ခုတ်မယ်၊ထစ်မယ်၊ပါးပါးလှီးမယ်

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ရတနာသုံးပါးကို ကြည်ညိုလေးစား ဦးခိုက်ကြသော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ် ကောင်းကျိုးပေးမည်၊ မကောင်းတာလုပ် မကောင်းမှုများ အကျိုးရ မည်ဟူ၍ ဟောကြားခဲ့ တော်မူသည်။ မိမိ၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ပစ္စည်း၊ ကိုယ်ပိုင်ဥစ္စာများဖြစ်သည်။ ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရား ပေါ်၌သာ တည်လေသည် ဟူ၍ မြတ်စွာ ဘုရားရှင်၏ ဒေသနာတော် များရှိခဲ့သည်။

သို့သော် . . . . .''ဟာ ... မင်းတို့က တတ်လည်း တတ်နိုင်ရဲ့သားနဲ့၊ ပိုက်ဆံလည်း ရှိသားနဲ့ ဘာလို့ ဒီနာရေး ကူညီမှု အသင်းကိုမှ သွားပြီး အကူအညီ တောင်းရတာလဲ'' ဘာဖြစ်လို့ ကိုယ်ပိုင် အခေါင်း (Coffin) နဲ့ မီး မသဂြိုလ်တာလဲ''စသည် ... စသည် စကားသံများ၊ တီးတိုး သံများသည် ကျွန်တော့် အဒေါ်ဝမ်းကွဲတော် သူ၏ နာရေးကိစ္စတွင် အဒေါ်၏ သားဖြစ်သူ၊ ကျွန်တော်၏ ညီဝမ်းကွဲအား သူတို့၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်း တစ်ချို့မှ ပြောကြားလိုက်သော စကားရပ်များပင် ဖြစ်တော့သည်။ ကျွန်တော်၏ ညီဝမ်းကွဲမှ ကျွန်တော့်အား ပြန်လည်၍ ပူဆွေးသောက အပူမီး များထဲမှ အားယူကာ တီးတိုး ပြန်လည် ပြောပြ၍ ကျွန်တော် သိလိုက်ရခြင်းပင်။

ဤတွင် ကျွန်တော့်တွင် ရှင်းပြရန် တာဝန်ရှိလာသည်။ ကျွန်တော့် ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင် အသိနှင့် ရှင်းပြသည်ထက် ကျွန်တော်တို့၏ ခေါင်းဆောင်ကြီးဖြစ်သော၊ ကျွန်တော်တို့ ကြည်ညို လေးစားသော မန္တလေးမြို့၊ ဗြဟ္မစိုရ် ကျောင်းတိုက် ဆရာတော်ကြီး မဟာဓမ္မ ကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တတိက္ခ ဟောကြားခဲ့သော ယဿ သတို့သား တရားတော်ထဲမှ လူများ အယူသီး ပုံများ၊ အစွဲကြီးပုံများ၊ တလွဲ ဆံပင် ကောင်းမှုများကို ထုတ်နှုတ် ရှင်းပြ ပါမည်။

ဆရာတော်ကြီးသည် ဤယဿ သတို့သား အရဟတ္တ ဖိုလ်တည်ခန်း တရားတော်ကို အမျိုး၊ ဘာသာ ၊ သာသနာ အတွက် ဟောကြား ခြင်းပင်ဖြစ်သည်။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာ သုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြ သော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု အားနည်း မှုများကို တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ် ကောင်းကျိုး ပေးမည်၊ မကောင်းတာ လုပ် မကောင်းမှုများ အကျိုး ရမည် ဟူ၍ ဟောကြား ခဲ့တော်မူသည်။ မိမိ၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင် ပစ္စည်း၊ ကိုယ်ပိုင် ဥစ္စာများ ဖြစ်သည်။ ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရား ပေါ်၌သာ တည်လေသည် ဟူ၍ မြတ်စွာ ဘုရားရှင်၏ ဒေသနာ တော်များ ရှိခဲ့သည်။

သို့သော် လူအများစုသည် နာရေး ကိစ္စများတွင် အယူသီး ကြသည်။ နာရေး ကိစ္စကြောင့် စီးပွား ပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံး တတ်တယ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်စေတယ် ။ စသည် ... စသည်ဖြင့် ဘိုးဘေး ဘီဘင် လက်ထက်ကတည်းက အယူ သီးမှုများ၊ အရိုး စွဲမှုများ၊ အမှား စွဲများ ရှင်သန်လာခဲ့သည်။


ယနေ့ခေတ် လူ တော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အတွေ့အထိ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြကာ မိမိကိုယ်ကို မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု ထင်နေ ကြသည်။ မြင်နေကြသည်။ အမှန် စစ်စစ် ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘ (သို့မဟုတ်) အ မင်္ဂလာများသာ ဖြစ်တော့သည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့အားလုံး ရေမချိုးဘဲနှင့် ရက်ပေါင်း (နှစ်ဆယ်) ခန့် နေကြည့်သော် မိမိတို့ ခန္ဓာမှ အပုပ်နံ့များ တထောင်းထောင်း ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘ ချည်းပင် ဖြစ်တော့သည်။ မည်သည့်အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။

မြတ်စွာဘုရားရှင်သည် လူများ ၉၆ ပါးသော ရောဂါဖြစ်ပွား ရခြင်းနှင့် ပတ်သက်၍ ရှေးယခင်ကာလ ကမ္ဘာဦးစ ကာလတွင် လိုချင် တပ်မက်မှုကြောင့် ဖြစ်ပေါ်သော ရောဂါ၊ ဆာလောင်မွတ် သိပ်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါ၊ အိုမင်းရင့်ရော်မှု ရောဂါ ဟူ၍ သုံးမျိုး သာရှိခဲ့ သည်ဟူ၍ ဟောကြား ခဲ့သည်။ ဤတွင်မှတိရစ္ဆာန်များကို သတ်ဖြတ်စား သောက်ခြင်းမှ အစပြု၍ ရောဂါ ၉၆ ပါးတို့သည် လူတို့တွင် ဖြစ်ပေါ်လာ ရတော့သည်။

မြတ်စွာဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းရာ၌ 'ခိုက်သည်' ဟူ၍ မဟောကြားခဲ့ပါ။ အမှန်စင်စစ် တိရစ္ဆာန်မသာ (ဥပမာ - ကြက်၊ ဝက်၊ ပုရစ်...) ကို ဝမ်းဗိုက်အတွင်းသို့ သွင်းမှသာ ခိုက်မည်ဖြစ်သည်။ ဒူလာ အညောင်းရောဂါသည် သည် ကြက်သားစားကြည့်၊ သွေးတိုးရောဂါရှိလျှင် ဝက်သာ စားကြည့်၊ ပုရစ်စား ကြည့်လျှင် သေသည် အထိ ခိုက်မည် ဖြစ်သည်။ ဦးနှောက်သွေးကြော ပြတ်၍ သေသည် အထိ ခိုက်မည်ဖြစ်သည်။ ဤတွင် မြတ်စွာဘုရား၏ အယူနှင့် လူအတော် များများ၏ အယူတို့သည် ဆန့်ကျင်ဘက် ဖြစ်နေတော့သည်။

ဆုံးပါးသွားတဲ့ လူမသာကို အိမ်ထဲ မသွင်းကောင်းဘူး၊ အိမ်ရှေ့က မဖြတ်ရဘူး၊ အိမ်ပေါက်ဝက မထုတ်ရဘူး ဟူ၍ အယူသီးမှုများနှင့် ရှုပ်ထွေး နေတော့သည်။ ရွာ အပြင်ဘက်တွင် သေလျှင် ရွာထဲ မသွင်းရဘူး၊ အရပ် အပြင်ဘက်တွင် သေလျှင် အရပ် ထဲ မသွင်း ကောင်းဘူး။ သွင်းလျှင် ရွာ နာတယ်၊ အရပ် နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ် ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး အားလုံး နီးပါး အယူသီးမှုက စိုးမိုး လွှမ်းခြုံမှုကို ခံနေရသည်။

ဤသို့ဆိုလျှင် မနက်တိုင်း မနက်တိုင်း အိမ်ရှင်မများ ဈေးမှ အပြန်ကို ကြည့်လိုက် စေချင်သည်။ ခြင်းတောင်းလေး နှင့်ဈေးဝယ် ပြီးပြန်လာသည့် အခါတွင် ခြေထောက်လေး နှစ်ချောင်းကို ဈေးခြင်းတောင်း အတွင်းမှ အပေါ်ပေါ်အောင် ဟင်းသီးဟင်းရွက်များကို အောက်မှ ခုကာ ပြန်လာပုံကို တွေ့ကြရ မည်ဖြစ်သည်။ ဤ ခြေထောက်ကား ကြက်၊ ဝက် စသည့် တိရစ္ဆာန်၏ ခြေထောက်ပင်။ ဤသို့သော ကြက်၊ ဝက်၊ ဆိတ်၊ ငါး စသည့် တိရစ္ဆာန် မသာပေါင်း စုံတို့ကို မိမိတို့အိမ်တွင်းသို့ ဂုဏ်ယူဝင့်ကြွားစွာ သွင်းကြသည်။ အဆုံးစွန်ဆုံး မြွေမသာ လည်းသွင်း၊ ပုရစ်မသာ လည်းသွင်း၊ ဖား မသာလည်း သွင်းကြတော့သည်။

'လူမသာတော့ မသွင်းဘူးတဲ့' လူသေလျှင် အိမ် နောက်ဘေး သယ်သွား၊ ပြီးရင် တံစက်မြိတ် ရေ လက်ပြန် ရေနှင့် ရေချိုးပေး၊ ဆပ်ပြာတိုက်၊ ရေသုတ်၊ အဝတ်အစား ဝတ်ပေး၊ သနပ်ခါး လိမ်း၊ ဆံပင် ထုံးပေး၊ နှုတ်ခမ်းနီ၊ ပါးနီ ဆိုးပေး၊ နှင်းဆီပန်း ပန်ပေးနှင့် စသည့်ဖြင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက်ပြ နေကြ တော့သည်။ အလောင်း လှအောင် လုပ်တာတဲ့၊ ပြုံးပြုံးလေး သေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်း ကဆံပင်ကို ဖြတ်ပြီး ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ ဘာဖြစ်လို့လဲ မေး ကြည့်တော့သူ့ကို အိမ်မှာ နှစ်ညတောင် သိပ်ထားရဦးမှာတဲ့။ သေတာတောင် အချုပ်အနှောင် ခံရတဲ့ ဘဝ၊ အမှန်စင်စစ် တရားလေး တွေ့ပြီး ပြုံးပြုံးလေးသေမှ အလောင်းလှမည်ဖြစ်သည်။

ယခုမူ ဈေးမှ သယ်လာသော တိရစ္ဆာန် မသာများကို အိမ်ထဲသွင်း၊ မီးဖိုချောင်ထဲ သယ်၊ ရေဆေး၊ ဓားသွေး၊ ခုတ်ထစ် ပိုင်းဖြတ်၍ ချက်ပြုတ်၊ စားပွဲပေါ် တင်ကာ မိသားစု ဝိုင်းဖွဲ့ပြီး စားသောက်ကြသည် မဟုတ်ပါလား၊ အရိုးကိုပင် နူးနေအောင်လုပ်ပြီး စားကြသည်။ ပါးစက်ထဲ ညက်ညက် ကြေအောင်ဝါး၊ မျိုချ၊ ဝမ်းဗိုက်ထဲသို့ ရောက်သွားတော့သည်။ ဤနေရာတွင် လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သင်္ချိုင်းပင်၊ လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသင်္ဂြိုလ် စက်ပင်ဖြစ်တော့သည်။ တိရစ္ဆာန် မသာကျတော့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာ ကျတော့ အိမ်ထဲသို့ပင် အသွင်းမခံ မှုတို့သည် အဆိုးဝါး ဆုံးသော အယူသီးမှု။ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက် လာမှုပင် ဖြစ်တော့သည်။

တစ်ဖန် လူသေ ပါးစပ်ထဲသို့ ငွေတစ်မတ် ထည့်ခြင်းသည် ''ကူးတို့ခ'' ဟု ဆိုကြပြန်သည်။ လူသေ အသက်မရှိသော ခန္ဓာသည် ငွေတစ်မတ်နှင့် မည်သည့် ကားကို စီး၍ ရမည်နည်း။ အချို့သော သူတို့က ပါးစပ်ထဲမှ ငွေတစ်မတ်ကို နှိုက်ယူ ပြန်သည်။ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့၊ နောက် နာရေး မော်တော်ယာဉ်လည်း ရောက်ရော ခြေက မထုတ်ရဘူး၊ ခေါင်းက မထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံနဲ့ မထိရဘူး၊ လှေကားက မဆင်းရဘူးနှင့် ''ဘူး'' များ ပဲ့တင် ထပ်လျှင်ပင်၊ နောက်ကြေးစည်ထု၊ ကနဖျင်း ဖျက်ခြင်းများ ပြုလုပ်တော့သည်။

ရေအိုးခွဲ လိုက်ခြင်းသည် သေသူအား အိမ်သို့ ပြန်မလာ နိုင်အောင် အိုးစား ခွဲခြင်းဟု ဆိုသော်လည်း မော်တော်ယာဉ်ပေါ်သို့ တင်သောအခါ ခေါ်မသွားရဘူး၊ ပစ်သွား ပြီလား ဟူ၍ ငိုကြ ယိုကြ နှင့်ပင်၊ အယူအစွဲ၊ အယူသီးမှုတို့နှင့် ဆန့်ကျင်ဘက် လုပ်ရပ်များပင်၊ သုဿာန်တွင် ဝေငှသည့် ယပ်တောင်၊ လက်ကမ်းစာစောင်မှ အစ အကုန်ယူကြသည်။ သေသူ၏ ပုဆိုး၊ လုံချည်၊ အင်္ကျီ၊ ခုတင်၊ ခြင်ထောင်၊ မွေ့ရာများကို ဘုန်းကြီးကျောင်း သို့ပို့ခြင်းသည် အိမ်မှာ ခိုက်မှာစိုး၍ ဖြစ်သည်ဟု ယူဆကြသည်။ ကန့်လန့်ကာ (ခန်းဆီး)ချုပ်၍ ဦး/ဒေါ်...ဘယ်သူ၏ ကောင်းမှုဟု စာတမ်းထိုးကာ ဘုန်းကြီးကျောင်း မျက်နှာစာအောက်မှာ ကုသိုလ်ရ အောင်ဆွဲပေး၊ ချိတ်ပေးရန် တောင်းဆို လျှောက်ထားကြသည်။

အိမ်တွင် ခိုက်မှာ စိုး၍ ဟု ဆိုကြသည်။ ဤသို့ဆိုလျှင် ဘုန်ကြီးကျောင်းများ၊ ဘုန်းကြီးများ ကျတော့ ခိုက်ချင် ခိုက်ပါ စေဟူသော သဘောများ လားဟု စဉ်းစားမိပြန်သည်။ ဤကဲ့သို့ ခိုက်မှာကို ကြောက်ကြလျှင် သေဆုံးသွားသူ၏ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး စသည်တို့ ဘယ်များ ရောက်ကုန်ပြီလဲ၊ ဘုန်းကြီးကျောင်းသို့ ခိုက်မှာစိုးလို့ဟူ၍ ပေးပို့လှူဒါန်းခြင်းကို မမြင်မိချေ။

ရပ်ကွက်ထဲတွင် ဆုံးပါးသွားပါက နာရေး မော်တော်ယာဉ်ကို 'ဒီဘက်က မထွက်ရဘူး၊ ဟိုဘက်က ထွက်' ဆိုတဲ့ စကားမျိုး ရပ်ကွက်တိုင်း လိုလိုတွင် အစဉ်ကြားရမြဲ၊ အဘယ်ကြောင့်ဆို ဒီဘက်အခြမ်းက သေသူတွေ များနေလို့ဗျာ၊ ကဲ.... အဲဒါဆိုရင်တော့ ဒီတစ်ခါ ဟိုဘက်က လူတွေ သေစေလိုတဲ့ သဘောလားဗျာ၊ အကယ်၍ များ ဒီဘက်ကလည်း အထွက်မခံ၊ ဟိုဘက်ကလည်း အထွက် မခံခဲ့လျှင် မည်ကဲ့သို့ သင်္ဂြိုလ်မည်နည် ဟု စဉ်းစားစေချင်သည်။

ဤသို့သော အစွဲအလမ်း၊ အယူသီးမှုတို့ကြောင့် ရှေးယခင် ကတည်းက မြန်မာ လူမျိုးများတွင် 'နာရေး ကူညီမှုအသင်း' ဟူ၍ မရှိခဲ့ခြင်းပင်။ အမှန်မှာ ဈာပန ပြာချသည့် အလုပ်သည် အမှန်တကယ် မြင့်မြတ်သော အလုပ်ပင် ဖြစ်သည်။ အနိမ့်ကျ ဆုံးသော ကုသိုလ်အလုပ်သည် မြင့်မြတ်သော ဖြူစင်သော စိတ်ဓါတ်ရှိ သူတို့၏ အလုပ်ပင် ဖြစ်တော့သည်။ ဆင်းရဲ ဒုက္ခရောက် နေသူတို့အား သနားညှာတာ ရိုင်းပင်းကူညီ သူတို့ပင် ဖြစ်တော့သည်။ သူတစ်ပါး၏ ဒုက္ခကို ကယ်တင်သူတို့ အလုပ်သည် နာရေးကူညီမှု အသင်း၏ လုပ်ရပ်ပင် ဖြစ်တော့သည်။

ဤသည်ကို ဂုဏ်မရှိသော အလုပ်၊ ခိုက်သည့်အလုပ်.....ဟူ၍ အယူသီး ကြသည်။ သုဘရာဇာဟူ၍ ခေါ်ကြသည်။ မေးချင်၊ ခေါ်ချင်၊ ဆေးဖော် ကြောဖက်ပင် မလုပ်ချင်ကြပေ။ ဤသည်မှာ တရားသဘောနှင့် ဝေးစွာ အယူ သီးကြခြင်းပင် ဖြစ်တော့သည်။ မြန်မာ လူမျိုးများသည် လူအယောက် ၁ဝဝ တွင် ၉ဝ ခန့်ရှိသည်။ ဥပမာ- အလောင်း တစ်လောင်းအတွက် ကုန်ကျစရိတ်မှာ ငါးထောင်ကျပ် ကုန်ကျမည်ဆိုလျှင် အလောင်း ၂ဝ တွက် ငွေတစ်သိန်း ကုန်မည်။ တစ်နှစ်လျှင် ၃၆၅ သိန်း ကုန်ရမည် ဖြစ်သည်။ ဤသို့ တစ်နှစ်လျှင် အနည်းဆုံး ၃၆၅ သိန်းဝင်မည့် ကုမ္ပဏီများ၊ ဖက်စပ် လုပ်ငန်းများ မရှိနိုင်၊ မည်သည့် ကုမ္ပဏီ လုပ်ငန်းမှ ဤသို့ မမြတ်နိုင်။

သို့သော် ကျွန်တော်တို့သည် ဤသို့ မြေမြှုပ်ခ၊ မီးသင်္ဂြိုလ်ခ များယူ၍ ဘဝကို ရပ်တည်ကြသော သူများမဟုတ်၊ မိမိဝမ်းကို မိမိရှာဖွေ စားသောက်ရင်းနှင့် စေတနာ့ ဝန်ထမ်း အခမဲ့ ကုသိုလ် ယူနေ ကြသူများပင် ဖြစ်သည်။ ကျွန်တော်တို့၏ နာရေးကူညီမှု အသင်းကြီးသည် လူမျိုး၊ ဘာသာမရွေး၊ ဆင်းရဲ၊ ချမ်းသာမရွေး ခုနှစ်ရက် သားသမီးတို့၏ နာရေးကိစ္စ အဝဝကို အခမဲ့ ကုသိုလ်ဖြစ် လုပ်ဆောင်ပေးနေသော အသင်းအဖွဲ့ပင် ဖြစ်သည်။ ဤကဲ့သို့ အခမဲ့ သယ်ယူပို့ ဆောင်ပေးခြင်း၊ အခမဲ့ ကုသိုလ်ယူခြင်း၊ အခမဲ့ နာရေးကူညီခြင်း လုပ်ငန်းများတွင် အယူသီးမှုများ၊ အစွဲမှား မှုများ၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒ များသည် အတားအဆီး၊ အနှောင့်အယှက်၊ အဟန့် အတားများ ပင် ဖြစ်တော့သည်။


ထို့ကြောင့် 'လူ့ဘုံ ထုထုံးစံ၊ ကဲ့ရဲ့ဒဏ်ဖြင့်၊ ရန်မာန် ပိတ်သည်း၊ ခရီးခဲ၌၊ စိတ်ဇွဲ သန်သန်၊ နောက် မပြန်ဘဲ၊ ရဲမာန် ရဲဆေး၊ ရဲ စိတ် မွေးလျက်၊ ရဲသွေး နီနီ၊ စီရရီဖြင့် ဦးတည်မပျက်၊ ရှေ့သို့ဆက်လော့၊ ဟူသော မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး (အမရပူရ)၏ သြဝါဒ ဆုံးမစာအရ ကျွန်တော်တို့သည် ကျွန်တော်တို့၏ အနှောင့်အယှက်၊ အတား အဆီးများဖြစ်သော အယူသီးမှု၊ အစွဲအလန်း၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒများကို ဖြူစင် သန့်ရှင်း ထက်မြတ်သော တရား ဓမ္မတည်း ဟူသည့် ဓားဖြင့် ခုတ် တန်ခုန်၊ လှီး တန်လှီး၊ ဖြတ် တန်ဖြတ်၍ ခုနှစ်ရက် သားသမီး တို့၏ နာရေး (လူမှုရေး) တို့ကို ရိုးမြေကျသည် အထိ ရဲစိတ်၊ ရဲမာန်မွေးကာ ပန်းတိုင် ရောက်သည် အထိ ရှေ့ဆက် လျှောက်လှမ်းတော့မည်ဟု သံဓိဋ္ဌာန် ချမှတ်လိုက်သည်။

မက်မက်ရဲ့ အလေးစားရဆုံး အမြင့်မြတ်ဆုံး အလုပ်ကို လုပ်ဆောင်နေသူ တစ်ဦးဖြစ်တဲ့ နာရေးကူညီမှု အသင်းကို စတင်တည်ထောင်သူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးကျော်သူရဲ့ ဖေ့ဘွတ်မှ ခုတ်မယ်၊ထစ်မယ်၊ပါးပါးလှီး မယ်ဆိုတဲ့ ရေးသားချက်များကို ပြန်လည်ဖော် ပြပေးတာ။ မြန်မာတွေ တကယ်ကို အယူအဆတွေ ပြောင်းလဲ သင့်နေပြီလို့ ထင်မြင်မိပါတယ်။



Wednesday, November 18, 2009

*ဖြူးဆရာတော်ကျန်းမာရေး*

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcv3lQV-jcOm2t0PGMC6sG33SyAhyvXx7vp6RFCnEkyuDjTx7LnlPoosu0fs-15_jx9rEB9SsNmn_uiH9dIULQteRpVRPIK5JUbvFuW_fWas_LAkIeTYk4BYIvOwTooh_dtLKWiDeYrZk/s1600/phyu01a.jpg

ကျေးဇူးတော်ရှင် နိုင်ငံကျော် ဓမ္မကထိက ပြည်တွင်းပြည်ပ သာသနာပြု ဖြူးဆရာတော် ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ ဖလန်ကောက်ဆေးရုံ (PRARAM 9 HOSPITAL)၊ စတုတ္ထထပ် အတွင်းလူနာဆောင် အခန်းအမှတ် (၃)တွင် ကျောက်ကပ်ရောဂါ ဝေဒနာကို ဆေးကုသမှု ခံယူလျှက်ရှိ နေပါသည်။

ဆရာတော်သည် လွန်ခဲ့သော ၂-နှစ်က ကျောက်ကပ်အစားထိုး ခဲ့ရာမှ ကျောက်ကပ်သို့ ပိုးဝင် ရောက်မှုကြောင့် ယခုအချိန်တွင် အရေးပေါ်ကုသမှု ခံယူလျှက် ရှိပါတယ်။

ဆေးရုံတွင် အထူးကု ဆရာဝန်ကြီး များနှင့် ခေတ်မှီစက် ကိရိယာများဖြင့် ကုသလျှက်ရှိရာ ကုသစရိတ်မှာ တစ်ရက်လျှင် ကျပ်သိန်း(၃၀)ခန့် ကုန်ကျလျှက် ရှိပါသည်။ ယခုအချိန်အထိ ကုန်ကျငွေမှာ ကျပ်သိန်းငါးရာ ကျော်လာပြီ ဖြစ်ပါသည်။

သို့ပါသောကြောင့် ဆရာတော် ဘုရားကြီ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ကြည်ညိုကြသော တပည့်ဒါယကာ၊ ဒါယိကာမများ အနေဖြင့် ဘေသဇ္ဇဒါန ကျန်းမာရေး ဆေးအလှူ တော်အတွက် စွမ်းနိုင်သမျှ ကုသိုလ်တော် ပါဝင်လို ကြပါလျှင် အောက်ပါ ဖုန်းနံပါတ် များသို့  ဆက်သွယ်လှူဒါန်း နိုင်ကြပါကြောင်း ကုသိုလ် အကျိုးမျှော်၍ အသိပေး နှိုးဆော်ကြေညာ အပ်ပါသည်။




ထိုင်းနိုင်ငံ
ဦးစန္ဒောဘာသ
ဦးအဂ္ဂဝရ (ခေတ္တ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ)
ဖုန်းနံပါတ်။ ။+၆၆ ၈ ၁၄၃၉ ၄၅၉၆။
ဆန်စစ်ကရစ်ယူနီဗာစီတီ၊ ဗာရာဏသီ၊ အိန္ဒိယ
ဓမ္မရက္ခိတ ဖြူးမဟာစည်၊ ရန်ကုန် နှင့်
မဟာစည်သာသနာ့ရိပ်သာ၊ ဖြူးမြို့။

စင်္ကာပူနိုင်ငံ
ကိုညီညီလွင်+ မစမ်းမြ
ဖုန်းနံပါတ်- +၆၅ ၉၀၀၉၆၈၂၀၊ +၆၅ ၉၈၅၁၇၆၆၀

မြန်မာနိုင်ငံ
အကျိုးတော်ဆောင်အဖွဲ့ -
ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာ၊
အမှတ်(၅)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ကမာရွတ် ဘူတာအနီး၊ ရန်ကုန်မြို့။
ဖုန်း - ၀၁-၅၃၀၀၆၈ ၊ ၅၀၁၈၄၆ (Ext- ၁၈၁) ၊ ၀၉၅၀ - ၁၇၅၅၄


ကြည်ညိုလေးစား ခင်မင်ရပါသော ဆရာတော် အရှင်သူမြတ်များ၊ ဓမ္မမိတ်ဆွေများနှင့် ဓမ္မဘလော့ဂ်ဂါ ညီအကို မောင်နှမအပေါင်းတို့ (ဘုရား)ရှင်.....

ကျေးဇူးတော်ရှင် နိုင်ငံကျော် ဓမ္မကထိက ဖြူးဆရာတော် ဘုရားကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ နှင့် ဗုဒ္ဓသာသနာ တော်အတွက် အားထုတ် ကြိုးပမ်းဆောင်ရွက် လုပ်ဆောင်ခဲ့ မှုများကို အာရုံပြု ကြည်ညို နှလုံးသွင်း၍ အောက်ပါသတင်း စာသားကို ဓမ္မမိတ်ဆွေများ၏ ကိုယ်ပိုင် အင်တာနက် ၀က်ဘ်ဆိုဒ်များနှင့် အီးမေးလ်များ မှတဆင့် ထပ်ဆင့်ဖြန့် ဖြူးဝေမျှ ပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ် ပါတယ်ရှင်...

လေးစားစွာဖြင့်
Dream

ဘာသာရေး ဆောင်းပါးများကို ရေးသားသော ဦးဝိမုတ္တိသုခ မှမေးလ်ပို့ ပေးလာတဲ့ ဆရာတော်ဧ။် ကျန်းမာရေး အခြေအနေ ဖြစ်ပါတယ်။ ဘလော့ဂ်ဂါ မောင်နှများမှလဲ မိမိတို့ တတ်နိုင်တဲ့ ဘက်မှနေ၍ သဒ္ဒါတရား နည်းများမဆို ကုသိုလ်ပါဝင် လှူဒါန်း နိုင်ကြပါစေရန် တဆင့်ပြန်လည်ဖြန့်ဝေ သတင်းပေး လိုက်ပါတယ်ရှင်...

Tuesday, November 10, 2009

Mobile Phone နှင့်သိကောင်းစရာ


ယနေ့တိုးတက် လာနေတဲ့ အိုင်တီနည်းပညာ ခေတ်ကြီးထဲမှာ အရေးအပါဆုံး ဆက်သွယ်မှု အလွယ်ကူ ဆုံးကတော့ မိုဘိုင်းဖုန်း အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ အခုလို တိုးတက်လာနေတဲ့ ခေတ်ကြီးထဲမှာ နီးနီးဝေးဝေး ဆက်သွယ်ရေး အတွက် မရှိမဖြစ်က မိုဘိုင်းဖုန်း မဟုတ်ပါလားနော်။ အဲဒီလို အသုံးပြုဖို့ အတွက် ကိုယ့်ဝယ်ထားတဲ့ Mobile Handset ဟာ မူရင်းစက်ရုံထုတ် ပစ္စည်းအစစ်အမှန် ဖြစ်ရဲ့လား? အရည်အသွေးရော ကောင်းရဲ့လား ဆိုတာကို သိဖို့ လိုအပ်လာ ပါပြီနော်။ ကဲ..ဒါဆိုရင် ဘယ်လိုစစ်ဆေးမှာလဲ ဒါကလွယ်ပါတယ် ။ ကိုယ်ဝယ်ထားတဲ့ Mobile handset ကွာလ်တီမှန်ရဲ့ လားဆိုတာ ဒီလိုအချက် လေးတွေနဲ့ စမ်းသပ်စစ်ဆေးလို့ ရပါတယ်။ ကဲ....မိတ်ဆွေ သင်လည်း အခုချိန်မှာ သင့်မိုဘိုင်းဖုန်း ကိုထုတ်ပြီး စမ်းလုပ်ကြည့် လိုက်ပါလား။

*#06# ဆိုတာကို နှိတ်ပြီးခေါ်ကြည့်လိုက်ပါ။ သင့်မိုဘိုင်းရဲ့ မျက်နှာပြင်မှာ ကဏန်း၁၅လုံး ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက ၇လုံးမြောက်နဲ့ ၈လုံးမြောက် ကဏန်းကို စစ်ဆေးကြည့် လိုက်ရုံပါပဲ။
( Eg. ****** 7th 8th ******* )

၇လုံးမြှောက်နဲ့ ၈လုံးမြှောက် ကဏန်းဟာ 02သို့မဟုတ် 20ဆိုရင် သင့်မိုဘိုင်းဖုန်းဟာ ဆက်သွယ်ရေး ဧရိယာမှာ အသုံးပြုရတာ အလွန်ကို ညံ့တဲ့ အရေသွေး ဖြစ်ပါတယ်။

အကယ်၍ ၇လုံးမြှောက်နဲ့ ၈လုံးမြှောက် ကဏန်းဟာ 08 သို့မဟုတ် 80 ဆိုရင် ဂျာမဏီနိုင်ငံ ကထုတ်လုပ်တဲ့ ပစ္စည်းဖြစ်ပြီး အသုံးပြုရာမှာ အသင့်အတင့် ရှိပါတယ်။

အကယ်၍ ၇လုံးမြှောက်နဲ့ ၈လုံးမြှောက် ကဏန်းဟာ 01 သို့မဟုတ် 10 ဆိုရင် ဖင်လန်နိုင်ငံက ထုတ်လုတ်တဲ့ ပစ္စည်းဖြစ်ပြီး အသုံးပြုရာမှာ ကောင်းမွန်တဲ့ အရေအသွေး ပဲဖြစ်ပါတယ်။

အကယ်၍ ၇လုံးမြှောက်နဲ့ ၈လုံးမြှောက် ကဏန်းဟာ 00 ဆိုရင် တော့ မူရင်းမိုဘိုင်းဖုန်းရဲ့ ပင်မစက်ရုံရဲ့ ထုတ်လုပ်တဲ့ ပစ္စည်းဖြစ်ပြီး အသုံးပြုရာမှာ အကောင်းဆုံး အရေသွေးရှိတဲ့ ဖုန်းပဲဖြစ်ပါတယ်။

အကယ်၍ သင့်မိုဘုန်းရဲ့ ၇လုံးမြှောက်နဲ့ ၈လုံးမြောက်ဟာ 13 ဖြစ်နေတယ်ဆိုရင် အဇာဘိုင်ဂျန် လိုနိုင်ငံမျိုးရဲ့
ဆက်သွယ်ရေး တပ်ဆင်မှု မှာဆိုရင် သင့်ရဲ့မိုဘိုင်းဖုန်းဟာ အင်မတန် ညံ့ဖျင်းတဲ့ အရေအသွေးဖြစ်ပြီး အသုံးပြု တဲ့အခါမှာ သင့်ရဲ့ ကျန်းမာရေး အန္တာရယ်လည်း ကျရောက်နိုင်ပါတယ်။

သင်မသိသေးတဲ့ သင့်ရဲ့မိုဘိုင်းဖုန်း လုပ်ဆောင်ချက်ကတော့

စိုးရိမ်ဖွယ်ရာ အန္တာရယ်နဲ့ ကြုံကြိုက်တဲ့ အခါ မိုဘိုင်းဖုန်းတွေမှာ မိနစ်အနည်းငယ်အတွင်း ဘေးအန္တရယ်မှ လွတ်မြောက်စေဖို့ ဖြေရှင်းပေးနိုင်တဲ့ အရေးပေါ် ခလုတ်တွေ ရှိပါတယ်။

အရေးပေါ်နဲ့ ကြုံကြိုက်တဲ့အခါ

ကမ္ဘာတ၀န်း ကမ္ဘာ့သုံး အရေးပေါ်နံပါတ်ဖြစ်တဲ့ 112 ကို နှိတ်ခေါ်လိုက်ပါ။ သင်နဲ့ အနီးစပ်ဆုံး အသံလွှင့် ကွန်ရက်ရဲ့ အရေးပေါ် နံပါတ်ကို အလိုအလျှောက် ဆက်သွယ် ရှာဖွေပေးမှာ ဖြစ်ပါတယ်။ ကဲ..ခေါ်ဆိုမယ်ဆိုရင် ဖုန်းကီးပတ်ဒ်တွေ ဘယ်လိုပဲ လော့ခ်ချထားတာတောင် နှိတ်ခေါ်လို့ရပါတယ်။ ဒါကြောင့် အရေးပေါ်နဲ့ ကြုံကြိုက်နေရင် အကူအညီ ရရှိအောင် 112 ဆိုတဲ့ ဂဏန်းသုံးလုံးကိုတော့ မှတ်မိဖို့တော့ လိုတာပေါ့နော် မိတ်ဆွေ။

အရန်ဓာတ်ခဲသိုမှီးထားပေးခြင်း

တစ်ခါတစ်ခါ တိုက်ဆိုင်မှုတွေကြောင့် ဖုန်းဓာတ်အားနည်းသွားတဲ့အခါမျိုးနဲ့ ကြုံဖူးကြမှာပါနော်။ တနေကုန် ဖုန်းအပြောများခြင်းကြောင့် ဖုန်းဓာတ်ခဲ မရှိတဲ့ အခါနဲ့ ကြုံကြိုက်ရင် စိတ်မချမ်းမသာ ဖြစ်ကြရပါတယ် ။အဲဒီလို တိုက်ဆိုင်တဲ့ အမှတ်မထင်တဲ့ နေ့ရက်မှာ အကြောင်းတစ် ခုခုကြောင့် ဓာတ်ခဲအား ကုန်သွားရင် ပဲဖြစ်ဖြစ်၊ ဓာတ်ခဲအား ပြန်သွင်းဖို့ အဆင်မပြေ ခဲ့ရင်ပဲ ဖြစ်ဖြစ် တကယ်အရေးနဲ့ ကြုံကြိုက်ရင် အသုံးပြုဖို့ Nokia ဟန်းဖုန်းတွေမှာ သီးသန့်အရန်အဖြစ် သိမ်းထားတဲ့ ဓာတ်ခဲအား ရှိပါတယ်။ ဒါကို အသုံးပြုချင်ရင်တော့ *3370# ကိုနှိတ်လိုက်ပါ။ ဖုန်းအော်တိုရီစတပ် ဖြစ်သွားပြီး ဘတ်ထရီ ၅၀% တိုးလာတာကို တွေ့ရပါလိမ့်မယ်။ ကဲ...ဒါဆို သင်ဘတ်ထရီ ကုန်သွားလို့ အရေးကြီး ဖုန်းခေါ်ဆို လက်ခံတဲ့အခါ စိတ်ပျက်စရာ မလိုတော့ဘူးပေါ့ ။


မိုဘိုင်ဖုန်း ခိုးယူခံရခြင်းမှ ဘယ်လိုကာကွယ်မလဲ

ဒါကတော့ အပေါ်မှာ ပြောခဲ့တဲ့ *#06# ဆိုတာကို နှိတ်ကြည့်ပြီး ပေါ်လာတဲ့ ဖုန်းစီရီယယ် နံပါတ် 15 လုံးကို မှတ်သားသိမ်းထား ရမှာပေါ့။ အကယ်၍ သင့်ဖုန်း ပျောက်ဆုံးတာ ပဲဖြစ်ဖြစ် ခိုးယူခံ ရတာပဲဖြစ်ဖြစ် ကြုံခဲ့ရင် သင်မှတ်သား သိမ်းဆည်းထားတဲ့ သင့်ဖုန်းရဲ့ စီရီယယ် နံပါတ် ၁၅ လုံးကို ဖုန်းဆိုင်က နားလည်တတ်ကျွမ်းတဲ့ နည်းပညာရှင် ကိုပေးပြီး သင်hand set ကိုသုံးလို့ မရအောင် ပိတ်ပင်တား ဆီးခိုင်းလိုက်ပါ။ ဤသို့ လုပ်ဆောင်ခြင်းဖြင့် ခိုးယူသူဟာ သင့်ဖုန်းကဒ်ကိုပဲ ယူလို့ ရပေမယ့် သင့်ဖုန်းကို မည်သို့မျှ အသုံးပြုလို့ ရမှာ မဟုတ်ပါဘူး ။

(ဤသို့လုပ် ဆောင်ခြင်းက သင့်ဖုန်းကို ပြန်လည် ရရှိအောင် မစွမ်းဆောင် နိုင်ပေမယ့် အနည်းဆုံးတော့ သူခိုးကလဲ ဘယ်လိုမှ အသုံးပြုလို့ မရပါဘူး၊ အဟောင်းဆိုင်မှာ ပြန်သွင်းရောင်း ချလို့လဲ မရပါဘူး။ အကယ်၍ လူတိုင်းသာ မိမိတို့ရဲ့ မိုဘိုင်းဖုန်း ပင်နံပါတ်ကို မှတ်သားမှု ပြုလုပ်ထားပြီး ပျောက်ဆုံးသွား တဲ့အခါ ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် မိုဘိုင်းဖုန်း ခိုးယူခံ ရခြင်းမှ ကာကွယ်နိုင်ပါတယ် ။ ကဲ....မိတ်ဆွေ ဘယ်လိုလဲ.... ပျော်သွားလား...)

ဒီနည်းလမ်းများကို သိသူတွေ ရှိပါတယ်။ သို့ပေမယ့် မသိသေးသော သူများအတွက် ရည်ညွှန်း ရေးသားပါတယ်။ သိပြီးသူများ အတွက်ကတော့ ဆောရီးပါ.. မသိသေးသူများ အတွက်ကိုတော့ ဗျောတီးပါ။အဲ..ဟုတ်ပေါင်...မှားကုန်ပြီ...အာဝါးးးးးးးးးပါ.....လို့....နော်........... ဟိ..ဟိ.. :P


Saturday, October 24, 2009

Dသို့မဟုတ်Mag

1. What is your name – Dream

2. A four letter word – Dawn

3. A boy’s name – DaVinci ("Mona Lisa" [1503-1506] by Leonard da Vinci.) ;-P

4. A girl’s name – Demi Moore (Sister of Demi mag mag ) :P

5. An occupation –Director General of Dream Creator Co., :P

6. A color - Dustry Rose

7. Something you’ll wear – Diamond ,Dress , Denim Jeans

8. A food – Dumpling (Dim sim , Dim sam )

9. Something found in the bathroom – Dove shower cream

10. A place – Dream World

11. A reason for being late –Dreaming

12. Something you’d shout – Dangerrrrrrrrrrrrrrrrrrrr

13. A movie title – Dead Or Alive (Nice Episode) ဟဲဟဲ....ကဲ..ရွေးနော်...

14. Something you drink –Drum Cocktail (ဒကာခံတိုက်ချင်ရင် စိတ်မဆိုးပါ...အဟား)

15. A musical group – Diamond Rio (နားထောင်ကြည့်နော်.....အဲဒီဂရုက အဆိုတော် တွေအကုန် အသံကောင်းတယ်..)

16. An animal – Dragon (တခါတခါ နဂါးမှန်း သိအောင် အမောက်ထောင်ချင်လို့ :P)

17. A road name – Dover (Singapore) (ကိုဘိုကြီး နေတာလေ..ဘယ်ရမလဲ D နဲ့စတာဆိုတော့ သူ့နေတဲ့ နေရာပဲ ထည့်လိုက်တာပေါ့

18. A type of car – Daewoo

19. The title of the song – Deep in my Heart { Britney Mag Mag တော့မဟုတ်ဘူးနော်..အဟီးးး Britney Spears ပါ}

20. A verb – DO THE BEST (ဘယ်အရာမဆို အကောင်းဆုံး လုပ်ဆောင်ရင် အကောင်းဆုံး အကျိုးရလာဒ်ကို ခံစားရ မှာပါနော့်)

တီတီဒွင်းက ဖြေပြီးသွားပြီ ဆိုတော့ အောက်မှာ မက်မက်လေးရဲ့ အဖြေကို ဆက်လက်အားပေး လိုက်ပါဦးနော်....


1. What is your name – မက်မက်

2. A four letter word – မပြောပြဘူး

3. A boy’s name – မိုးအောင်ရင်

4. A girl’s name – မိုနာလီဇာမက်မက် :P (ဟောလီဝုဒ်က မင်းသမီး အချောအလှလေး ... ခစ်ခစ်):P

5. An occupation – မာကပ်တင်း (marketing)

6. A color – မရမ်းရောင်(တကယ်ကြိုက်တာက ခရမ်းရောင်ပေါ့.. မနဲ့စပြီး ခရမ်းနဲ့ နီးစပ်တဲ့ အရောင်ကိုရွေးလိုက်တာ)

7. Something you’ll wear – မြန်မာဆန်ဆန်အကျီ င်္(မထင်... :P)

8. A food – မုန့်လုံးရေပေါ်

9. Something found in the bathroom – မှန်

10. A place – မန္တလေး, မြန်မာ

11. A reason for being late – မသိဘူးလေ

12. Something you’d shout - မိုက်ရိုင်းလိုက်တာကွာ...

13. A movie title – မိုးလောက်ကြီး ချစ်တယ်( သရုပ်ဆောင်က မို့မို့မက်မက် ) :P

14. Something you drink – မန်ကျီးဖျော်ရည် (ကျန်းမာရေးနဲ့ညီတယ်နော်.. ဟိဟိ )

15. A musical group – မိုက်ကယ်လ်ဂျက်ဆင်(Michael Jackson) ခုတော့လဲလေ..ပုံပြင်ထဲမှာ ချန်ထားရက်သူရေ.. အဟား...လွမ်းလို့ :P

16. An animal – မျောက်(ကိုဘိုကြီး အခေါ် စိန်မျောက်မျောက်ဆိုတဲ့ မောင်ချစ်တဲ့ချစ်ချစ် ၊ချစ်ချစ်ချစ် တဲ့မောင် ဖိုးစိန် မဟုတ်ဘူးနော်... :P)

17. A street name – မင်းလမ်း(ငါ့လမ်းမဟုတ်လို့ :P)

18. A type of car – မတ်ခ်တူး (သရုပ်ဆောင်မတူးနဲ့တော့ မမှားနဲ့နော်)

19. The title of the song – မုန်းမုန်းမေ့မေ့ (မုန်းမေ့ပါဘူးနော်..)

20. A verb – မုန်းတယ် မုန်းတယ်....အမြှောက်တစ်သိန်း...သွား..လူဆိုး.. ခစ်ခစ် :P


ကိုဘိုကြီးခေါ် ကိုမိုးခိုသားလည်း ဒီလောက်နဲ့ ကျေနပ်လိမ့်မယ် ထင်ပါတယ်နော်။ တက်ဂ်တဲ့ အတွက်လဲ ကျေးဇူးပါ။ ညီမပန်းရင့်ရဲ့ တက်ဂ်ကိုတော့ အချိန်နဲနဲ ပေးပါဦးနော်။ မကြာမီ လာမည် မျှော်...ဒန်တန်းတန်.... :P


Saturday, October 10, 2009

ပညာရှိဧည့်သည်

ရွာတစ်ရွာမှာ လူချမ်းသာလို့ ပြောလို့ရတဲ့ မြင်း၁၉ ကောင် ပိုင်ဆိုင်တဲ့ အဖိုးအို ကွယ်လွန်တော့ သူ့လက်ထဲမှာ သူ့ပိုင်ဆိုင်မှုတွေကို ခွဲဝေပေးတဲ့ အထောက်အထားအဖြစ် သေတမ်းစာ တစ်စောင်ကို တွေ့ရပါတယ်။ သေတမ်းစာ အရ သူပိုင်တဲ့ မြင်းတွေထဲက တ၀က်ကို သူ့သားအရင်း ဖြစ်သူကို ပေးစေပြီး ၊ ကျန်တာထဲက ငါးကောင်ကိုတော့ ရွာထိပ်က ဘုန်းကြီးကျောင်း နဲ့ လေးကောင်ကိုတော့ သစ္စာရှိတဲ့ သူ့အလုပ်သမား ကိုပေးစေ ခဲ့ပါတယ်လို့ ရေးထားတာကို တွေ့ရှိရပါတယ်။


ရွာသူကြီးက သေတမ်းစာကို ဖတ်ကြည့်ပြီး ခေါင်းကုတ်မဆုံး ဖြစ်နေတော့တာပေါ့။ ဘယ်လိုလုပ် မြင်း၁၉ကောင်ကို သားလုပ်သူကို ခွဲဝေပေးရ မလဲပေါ့ ၊၁၉ကောင်ကိုလဲ တ၀က်ပိုင်းဖို့ ပိုနေတဲ့ မြင်းတစ်ကောင်ကိုလဲ ခွဲခြမ်းလို့ မရဘူးလေ။ ဒါကို ဆုံးဖြတ်ဖို့ရာ ဝေခွဲမရ ဖြစ်နေတာ နှစ်ပတ်နီးပါး ကြာလာတော့ အနီးအနား ရွာပတ်ဝန်းကျင်က ပညာရှိ ကိုခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ မြင်းစီးလာတဲ့ လူစိမ်းဧည်သည့် တစ်ယောက်က ရွာသူကြီးကို သူ့တို့တွေ့နေတဲ့ အခက်အခဲကို ကူညီမယ်လို့ ပြောလိုက်ပါတယ်။

အခြေအနေ အရပ်ရပ်နှင့် လူချမ်းသာ အဖိုးကြီး ပိုင်ဆိုင်သော မြင်း၁၉ကောင်ထဲက သားဖြစ်သူအား တ၀က်တိတိပေးပြီး ငါးကောင်ကို ရွာဦးကျောင်းတိုက် နှင့်တကွ လေးကောင်ကို သစ္စာရှိ အလုပ်သမား အားပေးရမည့် အကြောင်းကို ရွာသူကြီးက ထိုဧည်သည်အား ပြန်လည်ရှင်းပြ နေလေသည်။ ဧည့်သည်ပညာ ရှိမှလဲ ချက်ချင်း နှောင့်နှေးခြင်း မရှိစေဘဲ ပြသနာကို ဖြေရှင်းပေး ပါ့မယ်လို့ ရွာသူကြီးကို ပြောလိုက်ပါတယ်။

သူဟာ မြင်း၁၉ ကောင်ကို တန်းစီပြီး ထားလိုက်ပြီး နောက်ဆုံးမှာ သူ့ရဲ့မြင်းကို ၂၀မြောက်အဖြစ် အတူတူပေါင်း ထားလိုက်ပါတယ်။ ပြီးတဲ့နောက်မှာတော့ အကောင်၂၀ထဲက တ၀က်ဖြစ်တဲ့ ၁၀ ကောင်ကို သားဖြစ်သူအား ပေးလိုက်ပါတယ်။

မြင်းကောင်၂၀ထဲက လေးပုံပုံတော့ ၅ကောင်ရပါတယ်။အဲဒီငါးကောင်ကို ဘုန်းကြီးကျောင်း ကော်မတီ အဖွဲ့ကို လှူလိုက်ပြီး နောက်တခါ အကောင်နှစ်ဆယ်ကို ငါးပုံတခါ ထပ်ပုံလိုက်တော့ လေးကောင်ရ လာပါတယ်။ ဒီမြင်းလေးကောင် ကိုတော့ သစ္စာရှိ အလုပ်သမား ကိုပေးအပ်ခဲ့ လိုက်ပါတယ်။ ၁၀+၅+၄=၁၉ကောင်။ ၂၀မြောက်မြင်း ကတော့ သူ့ကိုယ်ပိုင် မြင်းဖြစ်လို့ အလျင်အမြန် မြင်းပေါ်တတ်စီးပြီး ပညာရှိစကား အနည်းအကျဉ်း ပြောကြားကာ မြင်းကိုစီးပြီး ထွက်ခွာသွား ပါတော့တယ်။

ရွာသူကြီးနှင့်တကွ ရွာသူရွာသားများ အားလုံးဟာ လေးစားခြင်း ၊ အံ့သြခြင်းနဲ့ ပါးစပ်အဟောင်း သားဖြစ်ပြီး မှင်တတ်သွား ခဲ့ကြတာပေါ့။ ပညာရှိ ဧည့်သည်ရဲ့ ဆုံးမစကားကို ရွာသူရွာသားများက နောင်လာနောင်သား မျိုးဆက်တွေ အတွက်ပါ သူတို့ရဲ့ နှလုံးအသွေး အသားထဲမှာ ကမ္ဘည်း ထိုးထားခဲ့ကြတာ ယနေ့တိုင်ပါပဲ။

ပညာရှိကြီးရဲ့ စကားကတော့

ကျွန်တော်တို့ရဲ့ လူနေမှု ဘ၀မှာ နေ့စဉ်လုပ်ဆောင်ရမယ့် အရေးကိစ္စ တွေမှာ ဖြူစင်သော စိတ်ထားနဲ့ ဘုရားရှင်ကို တိုင်တည် ဦးတည်ထားပြီး နေ့တစ်နေ့ကို စတင်လုပ်ဆောင်ပါ။ ဘ၀မှာ အမြဲတမ်း ပြသနာတွေ ရင်ဆိုင်နေရပြီး မကျော်လွှား နိုင်ဘူးလား(ဥပမာ အထက်က ပြသနာကို မဖြေရှင်း နိုင်ဘူးလို့ ခံစားထားတဲ့ ရွာသားတွေလိုပေါ့၊ )

နေ့စဉ်လူနေမှု ဘ၀မှာ ဘုရားရှင်ကို ဦးထိပ်ထား မယ်ဆိုရင် ကြီးမားတဲ့ ပြသနာနဲ့ ကြုံရမယ့် အခါမှာ သေးငယ်စွာ နဲ့ပဲကြုံရပြီး သေးငယ်တဲ့ ပြသနာဆိုရင် ပျောက်ကွယ် သွားပါတယ်။ဥပမာ ဘာနဲ့တူ သလဲဆိုရင် ရေခဲနဲ့ သွားတူပါတယ်။ ရေခဲကို အပူပေးရင် ရေအဖြစ် အသွင်ပြောင်းသွားပြီး နောက်ဆုံးမှာတော့ ရေခိုးရေငွေ့ အဖြစ်နဲ့ ပျောက်ကွယ် သွားပါတယ်။

ဒါဆိုရင်နေ့စဉ် ဘုရားကို ဘယ်လိုဦးထိပ် ထားမလဲ? နေ့စဉ် ဘုရားရှိခိုးပါ၊ စစ်မှန်တဲ့ ယုံကြည်မှု ဖြူစင်တဲ့ ကြည်ညိုမှု တွေနဲ့ နေ့စဉ် ဘုရား ရှိခိုးပါ။ ပြီးရင်တရားထိုင်ပါ။တရားထိုင်ခြင်းဟာ အကောင်းဆုံး ဘုရားစိတ် တိုက်ရိုက်ဖြစ်စေတဲ့ စွမ်းအင် ရရှိမှာပါ။

စစ်မှန်တဲ့ ယုံကြည်မှု နဲ့မကိုးကွယ် ၊ မကြည်ညိုရင် ရေမရှိတဲ့ လှေငယ်လိုပါပဲ၊ မြေပေါ်မှာ လှေကို ဆွဲငင်ယူရင် ခက်ခဲပင်ပန်းပြီး ရေပေါ်မှာ လှေကို ဆွဲယူရင် အခက်အခဲ မရှိဘဲ ဆွဲယူလို့ ရပါတယ်။ ကျွန်တော်တို့ရဲ့ ဘ၀ လှေလေးကိုလည်း ယုံကြည်မှုနဲ့ ကြည်ညိုမှု ရေပြင်မှာ လှော်ခတ်ရင် အခက်အခဲ မရှိဘဲ လွယ်ကူစွာ လှော်ခတ်နိုင်မှာပါ။မိမိတို့ရဲ့ မြင့်မြတ်ရိုးသားပြီး စစ်မှန်တဲ့ ပကတိ ရိုးသားဖြူစင်တဲ့ စိတ်ဓာတ်လေးကို ရင်းနှီးမြုပ် နှံထားခြင်းဖြင့် မြတ်ဘုရားရဲ့ သားတော် သမီးတော် အဖြစ်ခံယူပါ။

ပုံပြင်လေးကတော့ ဒါပါပဲ။ ဒီပုံပြင်လေး ဖတ်လိုက်ရပြီး ရလာတဲ့ အသိတရားကတော့ လူတွေဟာ ဘုရားမေ့ တရားမေ့ ဖြစ်နေကြရတယ်။ဣဿာ မစ္ဆရိယတွေ များကြတယ်။ ဘာလုပ်လုပ် အဆင်မပြေတဲ့ သူတွေရဲ့ ဘ၀မှာ ဘုရားတရားသည်သာ ကိုးကွယ်ရာပါ။ ဘုရားဆိုလို့ လူမျိုးခြား ဘာသာခြား တွေအတွက်လည်း မိမိတို့ ဘုရားသည်သာ ကိုးကွယ်ရာပါ။

EVERY GOD IS GREAT ( Every Religion is Great ) လို့မက်မက်ကတော့ သတ်မှတ်ပါတယ်။ ဘယ်ဘာသာမဆို မိမိတို့ ဘုရားသည်သာလျှင် တုနှိုင်းမဲ့ပါ။လူမျိုးတိုင်း၊ ဘာသာခြားတိုင်းက ကိုယ့်ဘာသာကို ကိုယ်လေးစား ယုံကြည်ကြပါတယ်။

မိတ်ဆွေတို့ ဆိုရင်ရော ဒီလို မြင်း၁၉ကောင်ကို ခွဲပေးရ မယ်ဆိုတဲ့ အခက်အခဲမျိုး ကြုံလာခဲ့ရင် ဘယ်လိုဖြေရှင်းမလဲနော်။ ၁၉ကောင်ကို တ၀က်ဖြစ်အောင် ဘယ်လိုခွဲမလဲ ။ သေတမ်းစာအရ တ၀က်တိတိလို့ ဆိုထားတဲ့ အတွက်ကြောင့် ဆယ်ကောင် တိုက်ရိုက်လဲ ပေးလို့မဖြစ်၊နော့်။

ဒီပုံပြင်ထဲကလို ပညာရှိ လူစိမ်းရဲ့ လုပ်ရပ်လို ဖြတ်ထိုးဥာဏ်နဲ့ ပြသနာကို ဖြေရှင်းပေးနိုင် ကြပါစေ ။ ပညာရှိ လူစိမ်းရဲ့ စကားကိုလဲ နှလုံးသွင်း မှတ်သားနိုင်ပါစေ၊ လျှပ်တပြက် ဥာဏ်နဲ့အရာရာကို ထိုးထွင်းသိမြင်ပြီး စစ်မှန်တဲ့ တရားနည်းနဲ့ ဖြေရှင်းပေးနိုင် ကြပါစေ၊လို့ ဆုတောင်းရင်း

ဒီပုံပြင်လေး ဖတ်မိပြီး နားထောင်ဖူးတဲ့ မစိုးရိမ်ကျောင်း ဆရာတော်ကြီးရဲ့ ဆုံးမစာကို အဆိုတော် ကိုင်ဇာက နားဝင်ချိုတဲ့ သံစဉ်လေးနဲ့ တီးခတ်ထားပြီး သီဆိုထားတာကို သတိရ မိပါတယ်။ လူတိုင်းလိုက် နာရမယ့် အရာပါနော်။

နေထွက်နေ၀င် ကိုးဂုဏ်ရှင် နေ့စဉ်ရှိခိုးမယ်။
အနန္တငါး ဂုဏ်တော်များ ညွှတ်တွားကန်တော့မယ်။

မျက်နှာသစ်ရင် ရေကိုမြင် နေ့စဉ်မေတ္တာ ပွားပါ့မယ်။
သစ်ရင်းသစ်ရင်း လျှော့ယိုယွင်း ရုပ်ဆင်းသတိ ထားပါ့မယ်။

တန်းတူတွေ့ရင် မေတ္တာဝင် ၊ မ၀င်နိုင်က ပြိုင်တတ်တယ်။
ပြိုင်မယ့်အစားမေတ္တာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

ကိုယ့်အောက်တွေ့ရင် ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်တယ်။
နိုင်မယ့်အစား ကရုဏာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

ကိုယ့်ထက်သာရင် မုဒိတာဝင် ၊ မ၀င်ဣဿာ ယိုင်တတ်တယ်။
ယိုင်မယ့်အစား မုဒိတာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

ရုပ်ကိုလဲပြင် စိတ်လဲပြင် ပြင်ဆင်နိုင်က ပြုတိုင်းလှ။
သုခနိဗ္ဗာန် တိုင်လိမ့်မယ် သုခနိဗ္ဗန် တိုင်လိမ့်မယ်။

Thursday, October 1, 2009

တက်ဂ်သုံးတက်ဂ်

တစ်ယောက်ထဲ ချစ်ခဲ့တဲ့
မင်းလေးနဲ့
ကိုယ်ခံစားရတာတွေ
အနှိုင်းအဆမဲ့
အတုံ့အလှည့်များ မရတော့ရင်နေ
ဘာမှမရှိ တော့ရင်နေ ကိုယ်ကျေနပ် သွားမှာပဲ
ထာဝရအရှုံး......
ဒီကတော့ချစ်..ချစ်လိုက်ရတာတွေ
ယုံကြည်ပြီးစတေး၊ စတေးခဲ့တဲ့ အချစ်တွေလေ
တကယ်ကို ရူးသွားမလား ဘ၀တစ်ခုကို မင်းယုံကြည်ပေး.....

ရိုမီယို၊ဂျူးလီယက်
မမှီနိုင်ဘူးဆို
အာဒံ၊ဧ၀ထက်
တိုးချစ်မယ်ဆို
ခုတော့လဲလေ ပုံပြင်ထဲမှာ
ချန်ထားရက်သူရေ
ငါနဲ့ဝေးပြီးတော့ မနေနိုင်ဘူးဆို
ငါတစ်ယောက်ထဲပဲ သိပ်ချစ်တယ်ဆို
ခုတော့လဲလေ ငါနဲ့အဝေးကို ထွက်သွားရက်သူရေ
နင်...ရက်စက်တယ်။

လိုချင်တဲ့ အချစ်စစ်ကို
လိုက်ရှာ
မလိုချင်တဲ့ အပေါစား အချစ်တွေနဲ့ပဲ
ကြုံနေရ
လောကကြီးကို
စိတ်နာ၊
ငါရူးပြီလား...
နင်ချစ်ခဲ့တာ ငါမဟုတ်ဘူး ၊ တကယ်ချစ်ခဲ့တဲ့ ငါဟာအရူးပါ။

စမ်းသပ်မမြင် နိုင်သော
ရောဂါ၊
စက်နဲ့ရှာဖွေလဲ
မတွေ့ရပါ။
ပျောက်ဖို့သေချာသော
ဆေးမရှိ၊ အသဲကွဲ
ရောဂါလေ
မင်းကြောင့် ငါခံစား ခဲ့ရတာ
မင်းကုမှ
ပျောက်နိုင်မှာ... ဘယ်သူကယ် နိုင်မလဲ
အသဲကွဲတဲ့ရောဂါ လွယ်လွယ်နဲ့လဲ မပျောက်ပါ
အသဲကွဲ တဲ့ရောဂါ အကြင်နာတွေနဲ့ မင်းကုသပေး...ချစ်သူရေ..

ကိုဇောင်း တက်ဂ်ထားတဲ့ ခုတလော ညည်းမိတဲ့ သီချင်းများ နားထောင်ရင်း မက်မက်ကို အသဲကွဲ နေတယ်လို့တော့ မထင်နဲ့ဦးနော်။ အဟား....အနှစ်သက်ဆုံးခေတ်ပေါ် သီချင်းနဲ့ စာသားတွေပါ ... အရမ်း ကြိုက်ပါတယ်။

နောက်ညီမလေး ပန်းရင့်က တက်ဂ်ထားတဲ့ ကိုယ့်ကိုအမြင် ကပ်ရခြင်း အကြောင်းရင်းများကို ပြောပြရရင်မက်မက်က ဆယ့်သုံးရက်နေ့မှာမွေးတဲ့ လေးကဏန်းသမား တစ်ယောက်ပါပဲ။ ဒါကြောင့် လေးကဏန်း သမားတွေရဲ့ အကြောင်းတွေကို နဲနဲပြောပြ ချင်ပါတယ်။

(4)ဂဏန်းသမား တွေဟာ လူ့ဘောင်လူ့လောကထဲမှာ တော်တော်ထင်ပေါ်မှု ရှိတတ်ကြ တဲ့သူတွေ ဖြစ်ပါတယ်။ ကောင်းချင်လည်းကောင်းမယ် ဆိုးချင်လည်းဆိုမယ်။ ဒါပေမယ့် ထင်ပေါ်ကျော်ကြားမှု ရှိတတ်ကြတယ်။ မိရိုးဖလာ ဓလေ့ထုံးတမ်းတွေကို ယုံကြည်မှု နည်းပြီး လက်တွေ့ကျသူများဖြစ်တယ်။

အစဉ်အလာ တစ်ခုကို ဖျက်သိမ်းပြီး စနစ်သစ် တည်ထောင်တဲ့ နေရာမှာ စံပြဖြစ်တဲ့ သူတွေဟာ (4)ဂဏန်း သမားတွေ ဖြစ်နေတာကို တွေ့ရပါတယ်။အလွန် သိလွယ်တတ်လွယ်တယ် ။ တစ်ထွာပြရင် တစ်တောင်မြင်တတ်တယ်။ ဉာဏ်ကောင်းတယ်။ တီထွင်ဉာဏ် အလွန်ရှိတယ်။ ခေတ်ဟောင်း၊ စနစ်ဟောင်း၊ အတွေးအခေါ်ဟောင်းတွေကို တော်လှန် ချင်စိတ်များ တတ်တယ်။ အရာရာကို အဆင်ပြေ ချောမွေ့စွာနဲ့ မရတတ်ပါဘူး။ ခက်ခက်ခဲခဲနဲ့မှ ရတတ်တာပါ။ နေရာတိုင်းမှာ အတိုက်အခံ တွေများတယ်။

ကိုယ် အဆင်မပြေ မှုတွေများလွန်းလို့ စိတ်တွေညစ် လွန်းမက ညစ်နေတာပါ။ အလုပ်မှာ အတိုက်အခံတွေ အထဲမှာ မရူနိုင် မကယ်နိုင်အောင် ခံစားနေ ရပါတယ်။ နေ့တိုင်းနီးပါး ခံစားရတာတွေ များလာတော့ စိတ်မွန်းကြပ်တယ်၊ စိတ်ဖိစီးမှုတွေ များနေပါတယ်။ အလုပ်မှာ ကိုယ့်ကိုအမြဲလိုလို ပြသနာ ရှာနေတဲ့ မလေးရှား အိန္ဒယ ကုလားမ ရှိပါတယ်။ ကိုယ်လဲအလုပ်မှာ ခဏခဏ လုပ်ကြံခံ နေရတာပါ။ အလုပ်မှာ ပျော်ရွှင်မှု မရှိတော့ပဲ စိတ်တွေညစ်လွန်း နေတော့ တစ်ယောက်ထဲ ဆိုအတွေးလွန် နေတတ်တယ်။

ညဖက်ဆိုလဲ အိပ်မရတာက များနေပြီ။ ဒီဝဍ်က ဘယ်တော့များမှ ကျွတ်နိုင်မှာလဲ ဒါကြောင့် အွန်လိုင်းမှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပဲ အချိန်းဖြုန်း ပစ်လိုက်တယ်။ အဲ့ကုလားမ ထာဝရ ပျော်ရွှင်ပါစေ လို့ပဲမေတ္တာ ပို့ပါတယ်။ ကုလားမဒဏ်ကို မခံနိုင်တဲ့ စလုံးမလေးမ ၂ယောက်ကတော့ အလုပ်က ထွက်သွားပါပြီ။ ကိုယ်လဲ ဘယ်အတိုင်း အတာအထိ ခံနိုင်ရည် ရှိမလဲ မသိဘူး။ သူမစိတ်ချမ်း သာပါစေ လို့မေတ္တာ ပို့သရင်း မချစ်သော်လဲ ကျမနဲ့ အတူရှိ နေသောအရာ တက်ဂ်ပို့လေးကို ရေးပေးလိုက်ပါတယ်။ မုန်းသော်လဲ အတူရှိ နေသော အရာမှာ ထိုကုလားမသာလျှင် ဖြစ်ပါတယ်။း))

အလုပ်မှာလဲ အခုတလော အွန်လိုင်းသုံး လို့မရ၊ ဘလော့လဲလည်လို့ မရပါဘူး။ အရာရာကို စောင့်ကြည့်ခံ နေရတာဆိုတော့ ကိုယ်ကလဲ မလှုပ်သာ မလှည့်သာပါဘူး။ ဆင်ခြင်နေ ရတာပေါ့လေ။ နဂိုထဲကမှ ကိုယ့်ကို ပြစ်ချက်ရှာနေတာ မဟုတ်လား။ အိမ်က ကွန်ပြူတာနဲ့ ဘလော့လည်မယ် ဆိုတော့လဲ ၀င်းဒိုးက မကောင်း၊ ၀ပ်ဆိုဒ်က ဖွင့်မရ၊ ကွန်နက်ရှင် ကကျနဲ့။ ဟင့်..စိတ်ညစ်တယ်။ အဲဒီလို ကံဆိုးနေတော့ အကုသိုလ်ကံ အကျိုးပေးရင် အပြုံလိုက် ပေးတာနော်။ ကံဆိုးမလေး မက်မက်သွားရာ မိုးလိုက်လို့ရွာ ၊ ခွေးလိုက်လို့ဟောင် ခလုတ်တိုက်လို့လဲ ဖြစ်နေတယ်...အဟား..ဘ၀ကလဲ ဆိုးပါ့နော်။း(

ဒါပေမယ့် ဘလော့လည်ဖို့ အချိန်မရ ပေမယ့် ရတဲ့အချိန်မှာ ရရင်ရသလို လည်ပတ်ပြီး စာတွေ ဖတ်ပါတယ်။ ကွန်နက်ရှင် အခြေအနေ အရနဲ့ ကွန်ပြူတာ ၀င်းဒိုးမကောင်းတာကြောင့် ၀ပ်ဆိုဒ်တွေ ဖွင့်ရတာ နဲနဲများများ အခက်အခဲ ရှိနေပါတယ်။ အဲဒီအခက် အခဲတွေကို အခုတော့ ဖြေရှင်းပြီး သွားပါပြီ။

မက်မက်မြွေ ကိုက်ခံ နေရတုန်း ကူညီပေးတဲ့ ကိုအိမ်၊ ကိုမိုးသွေးငယ်၊ တို့ကို အထူးကျေးဇူး တင်ပါတယ်။ နောက်ပြီး မက်မက်ကွန်ပြူတာကို ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံ ၀င်းဒိုးအသစ် တင်ပေးတဲ့ ကိုပုလုကွေး၊ ကိုမီကို တို့ကို အထူးကျေးဇူး တင်ပါတယ်။ တကယ်ပါ။ အွန်လိုင်းမှာ ခင်တယ်ဆိုပေမယ့် တကယ့်မောင်နှမတွေ အရင်းတွေလို အခက်အခဲကို ကူညီဖြေရှင်း ပေးတဲ့အတွက် ၀မ်းသာမိပါတယ်။

နောက်တစ်ခုက ညီမလေး ပန်းနဲ့ ညီမလေး ၀က်ဝံလေးတို့ တက်ဂ်ထားတဲ့ အမြဲရောက်ဖြစ်ပြီး အကြိုက်ဆုံး ဘလော့ငါးခုတဲ့။ ဒါကတော့ ဟင့်...ကလေးကို အခက်အခဲ ဖြစ်အောင် တက်ဂ်တယ်။

အမြဲရောက် တာကတော့ ကိုဝင်းမြင့် ပြုလုပ်ထားတဲ့ ဓမ္မသုခဆိုဒ်ပါ။ နေ့တိုင်းတရားနာ ခွင့်ရအောင် ပြုလုပ်ပေးထားတဲ့ ဆိုဒ်လေးကို ကြိုက်ပါတယ်။ အိုင်ဒီယာလေး တော်တော်ကောင်းမွန်တဲ့ ဆိုဒ်လေးတစ်ခုပါပဲ ဓမ္မသုခ ညီအစ်ကို မောင်နှမ များကလဲ နွေးထွေးမှု ရှိပါတယ်။ ရင်ထဲကြည်နူး ရပါတယ်။

လူငယ်ပေမယ့် အသိစိတ်ဓာတ်က အင်မတန် ရင့်ကျက်ပြီး ဘာသာရေးမှာ အသိနဲ့ ဗသုတုသ ကြွယ်ဝပြည့်စုံတဲ့ မောင်လေးအောင်ဦးရဲ့ ဓမ္မရသ ဆိုဒ်လေးပါ။ နှစ်သက်မိပါတယ်။

နောက်တစ်ခုက မောင်လေး မောင်ကောင်းပါ။ အသက်အရွယ် အများကြီး ငယ်ပေမယ့် ဘာသာရေး အသိတရား ရှိပြီးအရမ်းတော်တဲ့ မောင်လေးရဲ့ ဓမ္မမေတ္တာ ဘလော့ပါ။ ကြိုက်မိပါတယ်။

နောက်တခုက လူငယ်ပေမယ် အသိကြွယ်တဲ့ မွေးလတူ မောင်လေးဖြစ်တဲ့ သူငယ်ချင်း တေဇာရဲ့ ဆိုဒ်လေးပါ။ စာအရေး အသားမှာ အတွေးခေါ် လေးတွေနဲ့ လေးနက်မှုတွေ ဗဟုသုတတွေ ပါပါတယ်။ ဒါကြောင့် ကြိုက်မိပါတယ်။

နောက်တခုက ဘလော့ရပ်ဝန်းကို ရောက်တာ မကြာသေးတဲ့ စာအရေးအသား အရမ်းကောင်းတဲ့ ကိုရန်ကုန်သား ရဲ့ဘလော့ပါ။ စာရေးဆရာတွေ ထမင်းငတ်အောင် ရေးသားနိုင်တဲ့ သူပါ။ (အရေးအသား ကောင်းလွန်းလို့ပါ)း)


အလုပ်မှာ အဆင်မပြေမှုတွေ များလွန်းလို့ တကယ်ကို မက်မက်စိတ်တွေ ရှုတ်နေတာပါ။ တက်ဂ်ပို့စ်လေးကို ရေးပေးတာ နောက်ကျသွား တဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်။ အာဝါးးးနော်။ တက်ဂ်ပို့ ခေါင်းစဉ်သုံးခုကို တခါတည်း ပေါင်းရေးပေး လိုက်တဲ့ အတွက် စိတ်မဆိုး ပါနဲ့နော့်။ :)



Tuesday, September 15, 2009

ကျေးဇူးတင်ရှိပါတယ်


ပျော်စရာ အမှတ်တရ စက်တင်ဘာလေးမှာ မက်မက်အတွက် အမှတ်တရလေးတွေ ဖန်တီးပေးတဲ့ ဘလော့ကာ အစ်ကို၊အစ်မ၊ မောင်၊ညီမတွေ အားလုံးကို မက်မက်က ကျေးဇူးအထူး တင်ရှိပါတယ်။ အဲဒီနေ့တုန်းက တကယ်ကို ပျော်ရွှင်ခဲ့ ရပါတယ်။ မက်မက်မွေးနေ့လေးမှာ ကဗျာလေးတွေ ပုံလေးတွေ ကဒ်လေးတွေ ပေးပို့ပေးကြတဲ့ အစ်ကို၊အစ်မတွေနဲ့ မောင်၊ညီမလေးတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ တကယ်ကို မထင်မှတ်ထား စရာတစ်ခုက ကိုမိုးစက်အိမ်၊ ကိုဝသန်မိုး(ဘတ်ဘတ်)၊ ကိုကိုမောင်(ပန်းရနံ့) ၊ ကိုဘိုဘို(မိုးကုတ်)တို့က မက်မက်အတွက် အမှတ်တရလေး ဖန်တီးပေးပြီး သူတို့ဘလော့မှာ ပို့စ်အဖြစ်နဲ့ တင်ကာ အမှတ်တရ မွေးနေ့ပွဲ ကျင်းပ ဂုဏ်ပြုပေး တဲ့အတွက် ပြောမပြ တတ်အောင်ပဲ ၀မ်းသာပီတိ ဖြစ်ရပါတယ်။ အမှတ်တရ လက်ဆောင်လေး အဖြစ်နဲ့ တသက်လုံး သတိရ နေမှာပါ။ အရမ်းလဲ ပျော်ရွှင်ရပါတယ်။တနေရာ စီနေပြီး ဝေးကွာပေမယ့် သူငယ်ချင်းတွေက အဲ့လို ချစ်စရာ ကောင်းတာနော်။ ကျေးဇူးအထူး တင်ပါတယ် ဘော်ဘော်တို့ရေ။ live.dhammathukha.com မှာ မက်မက်အတွက် ရည်စူးပြီး တရားတော် ထုတ်လွင့်ပေးတဲ့ ကိုဝင်းမြင့် ၊ မမေဟန်၊ ကိုအောင်ဦးတို့ကို ကျေးဇူးအထူး တင်ပါတယ်။ နောက်ပြီး ဦးကာကြီးလို့ ခေါ်တဲ့ ဦးဦးပသကာ က မက်မက်အတွက် မွေးနေ့အတွက် ရည်စူးပြီး ဘုရားမှာ သွားရောက်ပြီး အလှူအတန်း နှင့်တကွ ဂုဏ်တော် ပုတီးစိတ် ပေးတဲ့အတွက် ကျေးဇူတင် မိပါတယ်။ ကြည်နူးပီတိ ဖြစ်မိပါတယ်။ တန်ဖိုးမ ဖြတ်နိုင်တဲ့ ခင်မင်မှုကို ရရှိမိ တဲ့အတွက် ပျော်တယ်။ :D ပြီးတော့ EAST COAST မှာရော ၊ အိမ်မှာပါ လာရောက်တဲ့ ဘလော့ကာ သူငယ်ချင်းတွေနဲ့ ဘလော့ကာ မဟုတ်တဲ့ သူငယ်ချင်း တွေကိုပါ အထူးကျေးဇူး တင်ပါတယ်။ ပြီးတော့ ကွန်မန့်မှာရော စီဘောက်မှာပါ လာရောက် ပြောကြားသွားတဲ့ နှုတ်ဆက် စကားတွေနဲ့၊ နှုတ်ဆက် ဆုတောင်းတွေ ၊ ကဗျာတွေ ကလဲ မက်မက်အတွက် ပီတိဆေးပါပဲ။ တအားကို ပျော်ရပါတယ်။ ဒါကြောင့် အားလုံးကို ကျေးဇူးအထူး တင်ပါတယ်နော့်။ နောက်နှစ် နောက်နှစ် ကြရင်လဲ လာစားကြ ဦးနော်.. :P

အားလုံးကို အာဝါးးးးးးးးးးးးးးးးးးးးးးးး အမြှောက်တစ်သိန်း နော်။ :P

Saturday, September 12, 2009

အမှတ်တရစက်တင်ဘာ

ဒါကတော့ မောင်လေးအောင်ဦး (ဓမ္မရသ)နှင့် အစ်ကိုကြီးဝင်းမြင့်နဲ့ အစ်မမေဟန်တို့မှ မွေးနေ့မင်္ဂလာ အမှတ်တရ လက်ဆောင်အဖြစ် တရားတော် ထုတ်လွင့်မယ့် ဖိတ်ကြားလွှာပါ။ )ဓမ္မသုခ ညီအစ်ကို မောင်နှမများ အားလုံးကို မက်မက်က ကျေးဇူးအထူး တင်ပါတယ်။ မောင်နှမတွေ အားလုံးကို တနင်္ဂနွေည ၉.၀၀မှာ တရားနာ ကြွရောက်ဖို့လဲ ဖိတ်ကြားပါတယ်နော်...

ရှိသမျှ မက်မက်ရဲ့ ဘလော့ကာ မောင်နှမတွေကို မွေးနေ့လေးမှာ အကောင်းဆုံး စားသောက်ဆိုင်ကို ခေါ်သွားပြီး ကျွေးမွေးဖို့ စိတ်ကူးထားတာပါ။ဒါပေမယ့် အခြေအနေအရ ဒီDREAM ဘလော့လေး ပေါ်မှာပဲ ခန်းမငှားပြီး ကျင်းပပြီး ဧည့်ခံကျွေးမွေး လိုက်ပါတယ်နော်.. :P ၊ဘာလို့ဆို ဒီစက်တင်ဘာလမှာ ကျရောက်တဲ့ မက်မက်ရဲ့ မွေးနေ့နဲ့အတူ တချိန်ထဲ တရက်တည်း ကျရောက်တဲ့ ဖွားဖက်တော်ကြီး မင်းကျန်စစ်နဲ့လဲ တချိန်တည်း တရက်တည်း ဖြစ်နေလို့ ပါပဲ။ ဟဲဟဲ...အခုတော့ သူကမင်းကျန်စစ် မဟုတ်တော့ဘူး။ သင်္ခါရမောင်မောင်တဲ့.... အဲ...မှားလို့.. သိင်္ဂါရမောင်တဲ့......နာမည်လေးက ထူးထူးခြားခြား လေးပါပဲ။

အဲ...သူလဲ ဆယ့်သုံးရက်ဖွား စက်တင်ဘာ မင်းသားလေးပဲပေါ့။ :D နောက်ပြီး မက်မက်သိသလောက်၊ မှတ်မိသလောက်ပေါ့လေ။ ဆယ့်လေးရက်နေ့မှာ ဆိုရင် ကိုနတ်ရှင်နောင် ၊ ၁၆ရက်နေ့မှာ ဆိုရင် ကိုတေဇာ၊ ၁၉ရက် နေ့မှာဆိုရင် အစ်မကြယ်စင် နတ်သမီး ၊ ၂၁ ရက်နေ့မှာ ဆိုရင် ကိုမျက်လုံး တို့ရဲ့မွေးနေ့ လေးတွေပါ။ အားလုံးကို မှတ်မှတ်ရရလေး မှတ်မိနေတာ လေးတွေပါ။ ဒါတွေဟာ မက်မက်နဲ့ ထပ်တူတဲ့ သွေးသောက် စက်တင်ဘာ ဖွားတွေပါ။

နောက်ပြီး....မက်မက်မွေးနေ့ မတိုင်ခင် မွေးနေ့ကျ ရောက်သွားတဲ့ မောင်နှမ တွေကတာ့ ၁ရက်နေ့မှာတော့ တစ်ယောက်သောသူ ချစ်ရသူရဲ့ မွေးနေ့လေးပေါ့ရှင်။ ဟဲဟဲ... ၃ရက်နေ့မှာ ဆိုရင်ဖြင့် ပြောမနာ ဆိုမနာ သူငယ်ချင်း ကိုဟိန်းညီ၊ ၈ရက်နေ့မှာ ဆိုရင်ဖြင့် ညီမဝေလေးနဲ့ ကလေးငယ်လေး ၊၉ရက်နေ့မှာ ကိုလင်းကြယ်ဖြူ၊၁၂ ရက်နေ့မှာ ညီမလေး မြူးရှယ်ရီ တို့ပါပဲ.....အားလုံးကို အမှတ်တရ ဖြစ်နေစေမှာပါ။

စက်တင်ဘာလရဲ့ ဒီလိုအမှတ်တရ နေ့လေးမှာ ဓမ္မသုခ ညီအစ်ကို မောင်နှများကလဲ မက်မက်နှင့်တကွ စက်တင်ဘာလဖွား ညီအစ်ကို ညီအစ်များ အားလုံးကို အမှတ်တရ အဖြစ် ဆရာတော် အရှင်ရေ၀တ (ဖားအောက်တောရ) ဟောကြားတော်မူမည့် တရားတော်ကို ထုတ်လွင့်ပေးသွားမှာ ဖြစ်ပါတယ်။ အားလုံးသော မိတ်ဆွေ သူငယ်ချင်းများကို စင်္ကာပူနိုင်ငံရဲ့ ညချမ်းအချိန် ၉နာရီတွင် http://www.live.dhammathukha.com မှာမက်မက်နဲ့ တရားအတူ နာယူနိုင်ကြ ပါစေရန် ခင်မင်လေး စားစွာဖြင့် ဖိတ်ကြား ပါတယ်နော်။

နောက်ပြီး....မွေးနေ့ပွဲကို ကျင်းပတဲ့အခါ ဘာကြောင့်ကိတ်မုန့်ပေါ်မှာ ဖယောင်းတိုင် ထွန်းညှိကြ သလဲဆိုတာကို သူငယ်ချင်း တစ်ယောက်မှ ဖော်ဝပ်ဘ် မေးလ်ပို့လို့ ဖတ်ခဲ့ရတဲ့ ဆောင်းပါးလေးကို ပြန်လည်ပြောပြ ချင်ပါတယ်။

မွေးနေ့ပွဲများ ကျင်းပတဲ့အခါ မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင် ထွန်းသောဓလေ့ဟာ မြန်မာတွေရဲ့ ထုံးတမ်းစဉ်လာလည်း မဟုတ်ပါဘူးတဲ့ ။ သိပ္ပံအမြင် သိပ္ပံသဘော တရားတို့နှင့် သက်ဆိုင်ခြင်းလည်း မရှိပါတဲ့။

အင်္ဂလိပ် လူမျိုးတို့က မွေးနေ့ကိတ် အပေါ်တွင် ဖယောင်းတိုင်ထွန်း ပေးခြင်းသည် မွေးနေ့ရှင်ကို ဂုဏ်ပြုရာ ရောက်လို့ပါတဲ့။ နောင်လာမည့် အသက်တစ်နှစ်တာအတွက် ဖယောင်းတိုင် အလင်းရောင်က ကံကောင်းခြင်း လက်ဆောင်များကို ယူဆောင်လာနိုင် လိမ့်မည်ဟု ယုံကြည်ကြလို့ ဖြစ်ပါတယ်တဲ့။

မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင်ထွန်းသော ဓလေ့ကို ရှေးခေတ် ဂရိလူမျိုးတို့က စတင်ခဲ့သည်ဟု လေ့လာတွေ့ရှိ ရပါတယ်။ ဂရိတို့ ကိုးကွယ်သော ဇုနတ်မင်းကြီးနှင့် ၄င်း၏ကြင်ယာတော် လီတို တို့တွင် အမြွှာညီအစ်မ နှစ်ဦးရှိပါတယ်။ တစ်ဦးမှာ အပိုလို နတ်သမီး ဖြစ်ပြီး ကျန်တစ်ဦးမှာ အာတီးမစ် နတ်သမီး ဖြစ်တယ်တဲ့။ အပိုလို နတ်သမီးသည် လကိုစောင့်ရှောက်သော တာဝန်ကို ယူရပြီး အာတီးမစ် နတ်သမီးသည် အမဲလိုက် သူများနှင့် ကလေးသူငယ်များကို စောင့်ရှောက် ရသည်ဟု ယုံကြည်ကြပါတယ်။ ထို့ကြောင့် အာတီးမစ် နတ်သမီး၏ ရုပ်ပုံတွင် လေးနှင့်မြားကို ထည့်သွင်းရေး ဆွဲလေ့ရှိပါတယ်။

အဆိုပါ အာတီးမစ် နတ်သမီးကို ကိုးကွယ်သူများသည် လစဉ် လဆန်း ၆ ရက်နေ့တိုင်းတွင် သူမအတွက် ပြုလုပ်ထားသော နတ်ကွန်း၌ ကိတ်မုန့်များကို သွားရောက်လှူကာ ပူဇော်လေ့ ရှိကြပါသည်။ ကိတ်မုန့်များကို အ၀ိုင်းပုံ ပြုလုပ်ထားကြပြီး ကိတ်မုန့်ပေါ်တွင် ဖယောင်းတိုင် သေးသေးလေးများကို ထွန်းညှိပူဇော် ခဲ့ကြပါသည်။

အဆိုပါ အလေ့အထသည် အလယ်ခေတ် တိုင်အောင် ပျံ့နှံ့လာခဲ့ပြီး ထိုခေတ်က ဂျာမန် လယ်သမား ကြီးများသည် မွေးနေ့ကိတ်များတွင် ဖယောင်းတိုင် ထွန်းညှိကြကြောင်း သိရှိရပါသည်။ သူတို့သည် မွေးနေ့ရှင် ကလေးငယ် မနိုးခင် မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင် ထွန်းညှိထား ကြပါသည်။ ဖယောင်းတိုင်ကိုလည်း ကလေး၏ လက်ရှိအသက်ထက် တစ်နှစ်ပေါင်းပြီး ထွန်းပေးထား ရပါသည်။ ဥပမာ ကလေးအသက် ၆ နှစ်ဖြစ်ပါက ဖယောင်းတိုင် ၇ တိုင် ထွန်းထားပေး ရပါသည်။ ၄င်းဖယောင်းတိုင်များကို အခြားအစားအသောက်များ စားသုံးပြီးမှ နောက်ဆုံးကြမှ မီးမှုတ်ရပါသည်။

ဖယောင်းတိုင် မီးမှုတ်ရာတွင်လည်း တစ်ကြိမ်တည်းနှင့် ဖယောင်းတိုင် အားလုံးငြိမ်းအောင် မီးမှုတ်နိုင်မှသာ ဆုတောင်းပြည့် သည်ဟုယုံကြည် ကြပါသည်။ ထို့အပြင် မိမိလိုချင်သော ဆုတောင်းကို အသံထွက် တောင်းလိုက်လျှင် ဆုတောင်းမပြည့် ဖြစ်တတ်သည် ဟုလည်းယုံကြည် ခဲ့ကြပါသည်။ နောက်ပိုင်းတွင် ဂျာမန်တို့၏ အဆိုပါ မွေးနေ့ကိတ် အလေ့အထသည် တဖြည်းဖြည်းပျံ့နှံ့လာပြီး မွေးနေ့များတွင် မွေးနေ့ကိတ်နှင့် ဖယောင်းတိုင်သည် ခေတ်စားလာ ခဲ့တာပါတဲ့။

ဒီတော့ မက်မက်နဲ့အတူ စက်တင်ဘာလဖွား မွေးနေ့ရှင်တွေကို မက်မက်ကနေပြီး မွေးနေ့ကိတ်ပေါ်မှာ ဖယောင်းတိုင်လေး ထွန်းညှိပြီး ဆန္ဒပြုပါတယ်။ (ဘာတွေဆန္ဒ ပြုသလဲ ဆိုတာကတော့ မပြောပြဘူးနော်...ဟဲဟဲ)

စက်တင်ဘာလဖွား မွေးနေ့ရှင်မောင်နှများ အားလုံးရေ.....Happy Birthday ပါ။






ကြွကြပါ။ ကြွကြပါ။ ဟဲဟဲ.... လွတ်တဲ့နေရာမှာသာ ထိုင်ကြနော်။



ဒါက Mushroom soup ...ရှယ်ပဲ..သောက်လို့ကောင်းတယ်..



ဒါကလဲ သောက်လို့ကောင်းတယ်....

ဒါက Chicken lasagna ပါ... အပေါ်က ချိစ်နဲ့..မိုက်တယ်....

ဒါကRoasted Lamb Rack ပါ။ ကင်ထားတာ မွေးနေတာပဲ..


ဒါကတော့ Chicken Shib kebab ပါ

ဒါက Donald kebab ပါ

Roasted Chicken Breast



ဒါကတော့ ဆိုင်ကနေ အော်ဒါမှာထားတဲ့ ကနေဒီယန်း 2for1 pizza ပါ


အချိုပွဲ အဖြစ်ကျောက် ကျောတုံးလေး စား။

ဒါလေးကတော့ အအီပြေ စတော်ဗယ်ရီ ဖျော်ရည်ပေါ့။နော့်။

မပါမဖြစ်...၀ိုင်နဲ့ပေါ့.. နော်..ချီးယားစ်....... :P



ပြန်မယ်ဆိုရင်တော့ မက်မက်ရဲ့ အမှတ်တရ အဖြစ်နဲ့ ဒီလက်ဆောင်လေး ယူသွားဦးနော်၊ အိမ်ရောက်မှ ဖွင့်ကြည့်... နော်.... သိလား.... အာဝါးးးးး :P



မနှစ်က မက်မက်ရဲ့ မွေးနေ့မင်္ဂလာကို တက်ရောက်ခဲ့တဲ့ ကိုရင်နော်ခင်လေးငယ်၊ မောင်ဖိုးစံ၊ ကိုချစ်ဦး၊ ကိုရီပဘလစ်၊ မသက်ဇင်၊ မဇနိ၊ ဦးဥာဏ်၊ မ၀ါ၊ ဟန်သစ်ငြိမ်၊ လူသစ်၊ ခင်ဦးမေ၊ ကိုစွမ်း၊ မယ်ဂုမိ၊ ကိုဇောင်း၊ ကိုရှင်ရဲထွက်၊မလားရှိုးသူ၊ ကိုကဒေါင်းညင်သာ ၊ ကိုဖြိုးအဲဗားဂရင်း၊ မအေပီ၊ ကိုအောင်ကြည်မင်း၊ မလုလု၊ မဂရင်းဂဲလ်လဲ့လဲ့၊ မဝေလေး၊ ကိုဖေသိန်း၊ မရွှန်းမီ၊ မဗေဒါ၊ ကိုနတ်ရှင်နောင်၊ ကိုဇင်ယော၊်ကိုလင်းဦး(စိတ်ပညာ)၊ မမေမိုး၊ မရွှေပြည်သူ၊ ကိုမျိုးဝင်းဇော်၊ ကိုသံလုံငယ်၊ ကိုအောင်ကြည်မင်း၊ ကိုဘလက်ဒွင်း၊ ကိုစိုင်းဝဏ္ဏ၊ မပန်းခရမ်းပြာ၊ ကိုမိုးကြယ်(ရွှေညီအစ်ကိုများ)၊ ကိုမောင်ငယ်၊ ကိုငယ်၊ မသက်တန့်၊ ကိုရန်အောင်၊ ကိုမောင်မျိုး၊ မစိုးမြတ်နန္ဒာ သက်လွင်၊ ကိုမစ္စတာ ဒီဘီအေ၊ ညီမလေး မြေလတ်နှင်းဆီ၊ ကိုဝင်းဇော်နဲ့ နောက်အကျဆုံး လာနွှဲသွားတဲ့ ငှက်ကလေးတဖြစ်လဲ ၀က်လေးတို့ကို မက်မက်က အမှတ်တရနဲ့ အမြဲအမှတ်ရ နေမှာပါ။

တီတီဒွင်းက နေပြီးတော့ မက်မက်လေး အတွက်လက်ဆောင် စာသားလေး ပေးပို့ပါတယ်။ ကျေးဇူးပါ တီတီဒွင်းရေ...အဲဒါမို့လို့ တီတီဒွင်းကို မက်မက်က ချစ်နေရတာ.... :P

ဖြတ်သန်းခဲ့ရတဲ့ ဘ၀တိုတို အတွင်းမှာ
ချစ်ခြင်း မုန်းခြင်း အတူတွဲလို့
ကကြိုးစုံအောင် ကခဲ့ရတဲ့
လူ့ဘ၀ဇာတ်ခုံပေါ်က
ဟန်ဆောင်အပြုံးတွေ
ဟန်ဆောင်သြဘာသံတွေ
ဟန်ဆောင်ချီးမြှောက်မှုတွေ
ဟန်ဆောင်...........
ဟန်ဆောင်...........
ဟန်ဆောင်...........
............................တွေ
ငိုနဲ့အပြုံး ရောယှက်လို့.........

အံ့တုလို့ခဲမနိုင်
တနေကွယ် ကံကုန်မယ့်
ချိန်ခါရယ် ရောက်လာတော့
သေမင်းရယ်.....
နင့်ဆီလာဖို့ နီးပြန်ပါပေါ့

အော်.....
မွေးခြင်းမှ အစပြု အိုမင်းခြင်းကို ဖြတ်ကျော်လို့
အခုတော့ ငါသည်လည်း ဇရာကို အဖော်ပြု
သေရွာကို လှမ်းဖို့ တစ်နှစ်နီး ခဲ့ပြန်ပေါ့။

နောက်ပြီး ဘော်ဘော်ကြီး မိုးစက်အိမ်မှလဲ မက်မက်ကို မွေးနေ့ကဗျာလေး အမှတ်တရ စပ်ဆိုပေးတာကို ကျေးဇူးတင်ပါတယ်။ အတိုင်းအဆ မရှိ အင်မတန် ၀မ်းသာပျော်ရွှင် ရပါတယ်။


ရှုပ်ရှုက်ခတ်နေတဲ.
" သောတအာရုံ " ကြားမှာ
ရှိုက်သံ ပြင်းပြင်းတွေနဲ.
" နိစ္စဓူဝ " ကိုဖြတ်သန်းရင်း
နေ၀င်တာတောင် ကဗျာမဆန်နိုင်သော
ခပ်ကျဉ်းကျဉ်း ကမ္ဘာ. ရွာလေးတစ်ခုမှာ
ခါးမှန်းသိသော ကော်ဖီပူပူတစ်ခွက်ကို
သကြားမထည်. နိုင်သော သူမ ...

တိတ်ဆိတ် ငြိမ်သက်ခြင်းကို
ဂီတလို စီးမျောရင်း
ခပ်ဖွဖွ ပြုံးလိုက်တဲ.
မခို.တရို. ညင်သာမှုနောက်မှာ
ပွင်.လင်းခြင်း အိမ်မက်တွေကို
ကဗျာဆန်စွာ ရွတ်ဖတ်နေတတ်သော သူမ ...

ရင်.ကျက်ခြင်း ရေသောက်မြစ်ကို
ဥပက္ခာပြု နမ်းရှိုက်ရင်း
မာယာတွေ ရှင်းတဲ.
စကားလုံး အဘိဓာန်တွေအောက်မှာ
ကာရန်မဟန် ကဗျာမဆန် တဲ.
ငယ်ဘ၀ရဲ. တိတ်တခိုးသံစဉ်များကို
မနားတမ်း ပြန်လည်တီးခတ်ရင်း
" က " ကွက်ဆန်းများဖြင်.
မျက်ဝန်များကို ညင်သာစွာ
လှုပ်ခတ် နှိုးတတ်သော သူမ ...

အိမ်မက်စေတမန် နဲ.
အိမ်မက် ဗိမာန် ရဲ.
ဆက်သွယ်ချက်ကို
ကောင်းစွာ မသိပေမဲ.
ဝါကျတွေ အဆုံးမှာ
အပြုံးတွေ ထပ်နေတတ်သော
ပန်းနုရောင် အိမ်မက်သင်ခင်မ ...

အိမ်မက် အပိုဒ်ခွဲ များစွာတိုင်
ရာစုသစ်ရဲ. နယ်မြေသစ်များစွာကို
သိမ်းပိုက် ရှင်သန်းရင်း
တစ်နေ.မှာ ...
စစ်ကိုင်းလမ်းမှ ပြန်လာနိုင်ပါစေ .....။.....။


မက်မက်ကို ဂျီးထော်မတ် ၊ ဘွားထော်မတ်လို့ အမြဲခေါ်တတ်တဲ့ ကိုအိုင်ခီလောက်ကလဲ ကဗျာလေးနဲ့ ဘတ်ဒေးကို ဂုဏ်ပြုပေးပါတယ်။ အင်မတန် ၀မ်းသာပီတိ ဖြစ်ရပါတယ်။ ကျေးဇူးပါနော်...အရက်တော့ မတိုက်ဘူး..ဟိဟိ... :P

လာစမ်းပါ လေနီကြမ်းတွေ
တိုက်ခတ်ပါစေ မုန်တိုင်းတွေထန်ပါစေ
ငါ့ဟာ တွေဝေပြီးမပြတ်သားနေမယ့်လူမဟုတ်ဘူး
လူတစ်ကာရဲ့ မျက်လုံးတွေမေ့ထားလိုက်
ဖြူစင်တဲ့စိတ်ထား တောင်တွေလို မြင့်တက်လို့ 
အဆိုးအကောင်းများပြည့်နှက်နေလို့ 
ဒီလူဘဝကြီးထဲ ငါဟာတစ်ယောက်တည်း
မရပ်ပဲကူးခတ်နေမလို့ 

ဘဝ ပင်လယ်ပြင်ကြီးထဲ
ခိုင်မာ တဲ့ကျောက်သားတွေ ပြောင်းလဲပါစေ
ငါတစ်ယောက်တော့မပြောင်းလဲနိုင်

ရဲရင့်တဲ့ငယ်ရွယ်သူ့ တို့ ဘဝ
မကြောက်ဖူးလား တို့ ငယ်ရွယ်သူများ
အရာရာကိုကျော်ဖြတ်သွားချင်ကြတယ်
စိတ်ဓတ်တွေ အားတင်းထားကျ
ငါ့တို့ စိတ်ဓာတ်တွေ ဘယ်တော့မှမပြောင်းလဲနိုင်ဘူး
လူလိုတွေးပြီးရှင်သန် စေမယ့် ချစ်ခြင်းတွေ
အိမ်မက်လို ခဏလေးနဲ့ ပျောက်ကွယ်သွားပေ့မယ့် 
တို့ ရင်ခွင်မှာ ထာဝရတည်တံနေမှာပါ

ကဲ ဂျီးထော်မတ်ရေ မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာအထိ ပြုံးပျှော်နိုင် ပါစေဗျာ။ ဆုတောင်းပေး လိုက်ပါတယ် ချစ်တဲ့လူနဲ့ လည်းအမြဲ ပျှော်ရွှင်နိုင် ပါစေလို့  ထပ်ပြီးအပို ဆုတောင်းပေး လိုက်ပါကြောင်း၊

ကိုမင်းကိုချစ်လို့ခေါ်တဲ့ ကိုဂျေးကလဲ အမှတ်တရ ဆုတောင်းကဗျာလေးနဲ့ လှမ်းနှုတ်ဆက်ပါတယ်...ကျေးဇူးပါ ကိုဂျေးပါ...အင်မတန် ပျော်ရွှင်ရပါတယ်...

အတွေးတစ တွေးမရလို့
ကွန်ပြူတာရှေ့ ငုတ်တုတ်လေးနဲ့
မထွက်နိုင်တဲ့စာလုံးတွေကို ရှာဖွေရင်း
ပြက္ခဒိန်ကိုငေးကြည့်မိတယ်...
September 13 တဲ့ Highlight လေးနဲ့
မမက်ရဲ့ မွေးနေ့ပဲ...
အချိန်တွေက စက္ကန့်ကမိနစ်
ရက်တွေက ရက်မှလ၊နှစ်
ပြောင်းလဲနေတာ ဓမ္မတာဖြစ်
အဲ့ဒီကြားက မပြောင်းလဲခြင်းတွေ
မမေ့နိုင်တဲ့ အကြောင်းလေးတွေ
မထင်မှတ်ပဲ ခင်ခဲ့ကြတဲ့ Blogger
သူငယ်ချင်းတွေကိုယ်စား
ကျွန်တော်က ဒီကနေဆုတောင်း
မမက်တစ်ယောက် ကျန်းမာစေကြောင်း
ချမ်းသာစေကြောင်း အရာရာတိုင်း
ချောမွတ်အဆင်ပြေ အလုပ်အဆင်ပြေလို့
ဘ၀လမ်းတွေ ပန်းခင်းလမ်းလေးဖြစ်ပါစေ...


ကိုစည်သူစိုးမှလဲ အမှတ်တရ ဘတ်ဒေးကဒ်လေး မေတ္တာလက်ဆောင် ပေးပို့လာပါတယ်. ..ကျေးဇူးပါ ကိုစည်သူရေ... တကယ်ကို ပျော်ရွှင်ကြည်နူး ရပါတယ်။


တီတီတန့်တန့်ကလဲ တူမတော် မက်မက်အတွက် အမှတ်တရ လက်ဆောင်လေး ပေးပို့လာပါတယ်။ နှစ်ယောက်စာ ပေးတယ်လို့တော့ ပြောတာပဲ.....အာဝါးးးပြန်ပေးရမှာ ဆိုတော့ ဘယ်လိုခွဲ ပေးရမှာလဲ မသိဘူး ..ဟိဟိ..တီတီ့ကိုပဲ ပေးလိုက်မယ်နော် .....ပြန်ခွဲယူလိုက် ...အဟား... အာဝါးးးး အမြှောက်နှစ်သိန်းပါ တီတီတန့်တန့်ရေ... :P လက်ဆောင်လေးအတွက် ပျော်ရွှင်မိပါတယ်။


အစ်မ၀ါဝါခိုင်မင်းကလဲ မက်မက်မွေးနေ့ကို အမှတ်တရ လက်ဆောင်တွေ ပေးပို့ရင်း ဘတ်ဒေးဝှစ်နဲ့ လှမ်းနှုတ်ဆက် ခဲ့ပါတယ်...ကျေးဇူးပါ တီတီဝါရေ....အာဝါးးးးးးးးး...အတိုင်းအဆမသိ ၀မ်းသာပျော်ရွှင် မိပါတယ်။





ညီမလေး ပန်းရင့်ရောင်လေးကလဲ မွေးနေ့မရောက်ခင် တပတ်အလိုထဲက ပေးပို့ထားပေးတဲ့ မွေးနေ့လက်ဆောင် လေးတွေပါ။ အာဝါးးးးးးအမြှောက်တစ်သိန်းပါ ညီမလေးရေး..... တကယ်ကို ကြည်နှုးမိပါတယ်။ ၀မ်းသာပါတယ်။




မောင်လေးဖိုးသား တဖြစ်လဲ ပြည့်စုံအောင်က အစ်မတော် မက်မက်ကို မွေးနေ့ကဗျာလေး စပ်ဆိုပေး ထားပါတယ်... (ဓားမြတိုက်ထားတာလေ...ဟိဟိ..) ကဗျာလေး ဖတ်ပြီး ၀မ်းသာကြည်နူး ပျော်ရွှင်ရပါတယ် မောင်လေးရေ...ကဗျာလေးက
*အသစ်တဖန်*

လွင့်ပြယ်ပြိုပျက်
တားဆီးမရ
ဖန်တီးမရ
ကုန်ဆုံးခဲ့ပြီးပြီး
ဟော.. ခုတဖန်ပြန်လို့
ရောက်ခဲ့ပြန်ပြီ
သမီးလေး မက်မက်ရဲ့မွေးနေ့…။

အင်း…
ကုန်တော့ကုန်သွားပြီ
ဘာတွေများ ကျန်ခဲ့ပါလိမ့်
ဘာတွေများ လုပ်ခဲ့ပါလိမ့်
ငါ့အတွက်
ငါ့မိဘအတွက်
ငါ့ဆွေမျိုးအတွက်
ငါ့မိတ်ဆွေ
ငါ့လူမျိုး
ငါ့တိုင်းပြည်…
အို… နောက်ဆုံး
ငါ နောက်ထပ် လည်ပတ်ရမယ့်
သံသရာစက် အတွက်…။

မက်မက် ဘာတွေတွေး
တီဒွင်းမေးနေတယ်လေ..။

အင်း… အဲ
လုပ်တော့ လုပ်တယ် ဟီး..
ဟိုလိုလို ဒီလိုလို..။

အော်.. မဟုတ်ဘူးလေ မက်မက်ရယ်..
ပြန်စဉ်းစားကြည့်စမ်း
သမီး လုပ်ခဲ့တာတွေ အများကြီးပါ..
ကောင်းတာတွေကော
ဆိုးတာတွေကော
ကိုယ့်အတွက်လည်းပါ
အများအတွက်လည်း ဟုတ်
ငါ့ သမီးလေး လုပ်ခဲ့ပါတယ်ကွယ်..
ဟုတ် တယ် ဟုတ်..။

ဟုတ်…။

တော်ပြီးသားပါးကွယ်
တီဒွင်းသမီးက..။

သမီး.. မက်မက်
ဆက်လက်ပြီး
အားစိုက်လိုက်စမ်းပါ..။

နောက်ထပ် နောက်ထပ်
အများကြီး အားကြီး
ကြိုးစားခွင့်တွေ
တိုးပွားခွင့်တွေ
လုပ်ပိုင်ခွင့်တွေ
နောင် တွေ့ကြုံလာရဦးမယ့်
သမီးရဲ့ မွေးနေ့တွေ
ကဗျာဆန်ဆန်
ကာရံလှလှ
ကြွကြွရွရွ တင့်တယ်ဖို့
တီဒွင်း သမီးရဲ့ လက်ထဲမှာ
ရှိနေတယ်လေ..။

လောကအလယ်မှာ
ရှင်သန်နေတဲ့သမီး
လောကကြီးကို
မေတ္တာတွေနဲ့ ပွေ့ဖက်
ကောင်းတာမှန်သမျှ လုပ်ဆောင်
စိတ်ကောင်းလေးကို
လက်ကိုင်ထားလို့
နောင်လာမယ့် မွေးနေ့တွေကို
ရင်ဆိုင်ပျော်မွေ့
စိတ်အားကိုမြှင့်လို့
ကျော်ဖြတ်လိုက်စမ်းပါ
ကူးခတ်လိုက်စမ်းပါ
လှလှပပ
ပျံသန်းပြလိုက်စမ်းပါ
ဒီမွေးနေ့နဲ့ အတူပေါ့..။

ခင်စရာ အရမ်းကောင်းတဲ့ ဘော်ဒါကြီး ၀သန်မိုးကလဲ ကဗျာလေး ဆက်ဆိုပေးပါတယ်။ ကျေးဇူးပါ ဘတ်ကြီးရေ.... ဘတ်ဘတ်ကလဲ ဘတ်ဘတ်စပ်ဆိုတဲ့ ကဗျာလေးကို ကြိုက်နှစ်သက်မိပါတယ်။ ၀မ်းသာပျော်ရွှင် ရပါတယ် ဘတ်ဘတ်ရေ..... အာကြီးကြီး ရေ၀ါးးးအာဝါးးးးး အဟား...


သက္ကရာဇ် တစ်ခုကို ဖြိုလို့ 
နောက်ထပ် သက္ကရာဇ်တစ်ခုကို ရောက်ခဲ့ပေါ့
အိပ်မက် များစွာနဲ့  လူတွေကို အလင်းရောင်ပေး
အိပ်မက် သခင်မလေး ။

အာဝါး ဆိုတဲ့ ချစ်စဖွယ် စကားဆိုတဲ့
မက်မက် မွေးနေ့ ရောက်ခဲ့ပြန်ပေါ့။
ခင်မင်ပျူငှါ သူနှုတ်ဆက်တာ
သူ့ အိမ်ရောက်တော့ အာကြီးကြီးရေးဝါးးးး။

မိုင်တိုင်တစ်ခုရဲ့ အမှတ်တရ
ဘလော့ဂ်ဂါ ဘ၀မှာ ရသအဖြာဖြာနဲ့ 
ရာဇ၀င် များကို သူမပြောခဲ့တယ်
အတိုင်းမသိ တန်ဖိုး အနဂ္ဃပါ ။

ရှေ့ ဆက်ခရီး လျှောက်မယ့်လမ်းလည်း
သာယာတင့်တယ် ပန်းခင်းလမ်း တမည်
သတိနဲ့  အသိ ယှဉ်တွဲသိလျက်
မဂ်လမ်းတိုင်အောင် လျှောက်လှမ်းနိုင်စေ
တောင်းဆုခြွေသည်
ရာဇ၀င်များနဲ့ 
အိပ်မက် သခင် မက်မက်ရေ ။

မောင်လေး စာချစ်သူမှလဲ မွေးနေ့ကဗျာလေး ပေးပို့လာပေးပါတယ်။ ၀မ်းသာပီတိ ဖြစ်ရပါတယ် မောင်လေးရေ..

နာမည်လေးက မက်မက် တဲ့..
ကောင်းကင်ထက်က ကြယ်စင်လေး
အနေထိုင်က ရှင်းတယ်။
အသိဥာဏ်တွေက လင်းတယ်။
နေမင်းက ပေးတဲ့ အလင်းထက်
သူ့ကိုယ်ပိုင် အသိပညာအလင်းကိုပဲ
မက်မက်မောမော တွယ်တာတတ်တယ်။
ဟော.....ရောက်လာပြီပေါ့..
မမမက်မက်ရဲ့ Happy Birthday
ယနေ့မှစ၍…
နောင် အနာဂတ်ရဲ့ မနက်ဖြန်ပေါင်းများစွာတိုင်အောင်.
အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်ပါစေ

ညီမလေး ရည်မွန်ထိပ်ထားလေးမှလဲ ဆုတောင်းပေးပါတယ်...အာဝါးးပါညီမလေးရေ... ကျေးဇူးအထူး တင်ပါတယ်..ပျော်လဲပျော်ရွှင် မိပါတယ်။

မဂ်လာပါ
မမ မက်မက်ရဲ့ အသက် ( -- ) နှစ်ပြည့် မွေးနေ့မှသည်..
နောင်အနာဂတ် ရဲ့ မနက်ဖြန်ပေါင်းများစွာတိုင်အောင်

အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်ပါစေ...
အရာရာတတ်သိနားလည်တဲ့သူလဲ ဖြစ်ပါစေ....

နောက်ဘလော့ဂါ အစ်ကို ကိုချစ်စိုးမှလဲ မက်မက်မွေးနေ့ အတွက် မအားတဲ့ ကြားထဲက တကူးတက ကဗျာလေး စပ်ပေးထား ပါတယ်။ ကျေးဇူးအထူး တင်ပါတယ် အစ်ကိုကိုချစ်စိုးရေ....

မသေချာခြင်း နှစ်ဆ
သေချာခြင်း တစ်ဆ
ရောစပ်ထားတဲ့ ဒီခရီးမှာ
သေချာတဲ့ ကာလတစ်ခု
မင်းအတွက်ဖြစ်စေသင့်တယ်။

ရင်ထဲက ဖြတ်စီးသွားတဲ့ မြစ်တစ်စင်း
မျိုးသုဉ်းမှုမရှိအောင် ကြံဆောင်ရင်း
မှန်ဘောင်ကျဉ်းခြင်းလဲ ဝေးစေပေါ့။

အခက်အလက် ဝေဖြာ
သေချာတဲ့ သစ်ပင်ရိပ်
ချွေးသိပ်ရင်း အနားယူ
အားအကူတွေ ညီမျှစွာ
ရောစပ်ရင်း.......
ကျရောက်တဲ့မက်မက် မွေးနေ့ကစလို့
နမ်းခဲ့ဖူးတဲ့ လက်တစ်စုံကို
ဗဟိုပြုပြီး
လေဟာနယ်အပြင်ရောက်အောင်
ခရီးဆက်ကြစို့လေ။ ။

ဘုန်းဘုန်းနာယက လင်္ကာရ မှလည်း သမီးလေး မက်မက်အတွက် အမှတ်တရ မွေးနေ့ကဗျာလေးကို ပေးဖို့ဂုဏ်ပြု ခဲ့ပါတယ်။ အရမ်းကို ကြည်နူးပျော်ရွှင် ရပါတယ်။ ကျေးဇူးပါ ဘုန်းဘုန်းရေ.... ဘုန်းဘုန်းလဲ ကျန်းမာပျော်ရွှင် နိုင်ပါစေလို့ ဆုတောင်း ပေးပါတယ်။

မွေးနေ့လက်ဆောင်ကဗျာ

ကောင်းကင်ပြာကြီး၊ ကြည်ကြည်လင်၊

သမီးလေး အိမ်မက်၊ မွေးနေ့ပင်၊

ချစ်ကြသူတွေ ၀ိုင်းဆုတောင်း၊

အသက်ရယ်ရှည်လို့ မာစေကြောင်း။

ကျရောက်လာတဲ့ မွေးနေ့မှာ

မျက်နှာဝင်းလဲ့ ပျော်လို့သာ၊

အိမ်မက်ဆိုတဲ့ သမီးလေး၊

ချစ်သူခလို့၊ အမုန်းတွေဝေး။

ဖေကြီးချစ်တဲ့ သမီးရယ်၊

လက်ဆောင်စကားလေးပါးချင်တယ်၊

မွေးနေ့သမယ ရောက်လေတိုင်း၊

ကုသိုလ်ပုည တိုးဝေလှိုင်း၊

အမေ့ကို ရှိခိုး၊ ဦးညွတ်ကိုင်း၊

အဖေ့ကို မြတ်နိုး မေတ္တာရှိုင်း။

သမီးလေးရဲ့ ကျရောက်သော မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ သာယာပျော်ရွှင်သော ကိုယ်စိတ်နှလုံးဖြင့် ဘ၀ခရီး လျှောက်လမ်း နိုင်ပါစေ။ အမေ့ကို ပြုစုစောင့် ရှောက်နိုင်သော သမီးကောင်း ရတနာလေး ဖြစ်ပါစေ။

မေတ္တာဖြင့်

ဖေကြီး

ဘုန်းဘုန်း စင်္ကြာဝဠာ မှလဲ မက်မက်အတွက် အမှတ်တရ လေးပေး ပို့ခဲ့ပါတယ်။ အရမ်းကို သဘောကျပါတယ်။ ပျော်လဲပျော်ရွှင်ရပါတယ်။ ကျေးဇူးပါ ဘုန်းဘုန်းရေ။ ဘုန်းဘုန်းလဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ သာသနာကို ဆက်လက် ထမ်းဆောင် နိုင်ပါစေလို့ သမီးမက်မက်က မေတ္တာပို့ပါတယ်။





ချစ်ချစ်ချစ် တဲ့မောင်က မောင်ချစ်တဲ့ ချစ်ချစ်အတွက် မွေးနေ့လက်ဆောင်အဖြစ် မောင်ချစ်တဲ့ ချစ်ချစ်အတွက် ချစ်ချစ်ချစ် တဲ့မောင်က ကဗျာလေး စပ်ဆိုပေးပို့ လာပါတယ်။ (ဖတ်ရင်းနဲ့ လျှာလေဖြတ် သွားပြီ) ..အဟီးး ....အရမ်းပျော်ရွှင် ရပါတယ်။ ကျေးဇူးအထူးပါ ပြောမနာ ဆိုမနာ ခင်ရတဲ့ သူငယ်ချင်း ကိုဖိုးစိန်ရေ....


အိပ်မက်စကား

ဟိုးးး…

အဝေးဆီမှာကျန်ရစ် အလွမ်းနှစ်တဲ့ခြေရာတွေ

ဒဏ္ဍာရီလို အရိပ် တိတ်တဆိတ်ဝေဝါး

သာယာကြည်နူး ရိုးသားဖူးတဲ့

နှလုံးသားတွေနဲ့ ပျော်ဖူးခဲ့ပါရဲ့…။

သံယောဇဉ်ထား ရင်ခွင်ကြားယှက်ဖောက်

ဝိုင်ချိုတွေသောက်ခဲ့ကြရင်း

တို့တွေ နေဖူးခဲ့ပါရဲ့….။

ဒါ အိပ်မက်လား…

အိပ်မက်တစ်ခုဆိုရင်တောင်

ဒီလိုအိပ်မက်တွေ မှာ ရောင်စုံ ပန်းများစွာပွင့်လန်းနေတယ်လေ..။

အိပ်မက်လေးရေ….

အဖြူရောင်ပန်းကလေးတွေက ပြောနေတယ်…။

လောကကြီးမှာ မင်းက ဖြူစင်တဲ့ နှလုံသားကို ပိုင်ဆိုင်တယ်တဲ့။

အနီရောင်ပန်းလေးတွေက ပြောပြန်တယ်..။

မင်းက သတ္တိရှိရှိ ရဲရဲရင့်ရင့် နဲ့

ဘဝကိုရင်ဆိုင်နေပါတယ်တဲ့လေ…။

အဝါရောင်ပန်းလေးတွေက

မင်းပျော်ပါစေလို့ ဆုတောင်းပေနေလေရဲ့။။

အပြာရောင်ပန်းလေးတွေကတော့

လောကကြီး အိပ်မောကြလို့

အိပ်မက်များစွာမက်တဲ့ အချိန်မှာ

ထာဝရ ငြိမ်းချမ်းနိုင်ပါစေတဲ့…။

ရောင်စုံပန်းလေးတွေကတော့

တညီတညွတ်တည်း ဦးညွတ်လိုက်တယ်…

စက်တင်ဘာ အိပ်မက်မင်းသမီးလေးရေ….

“Happy Birthday ” ပါတဲ့….။


နောက်ပြီးပြောမနာ ဆိုမနာ မောင်နှမ အရင်းနဲ့မခြား အရမ်းခင်စရာ ကောင်းတဲ့ ဦးကိုကိုမောင် ကလဲ မွေးနေ့အတွက် ကဗျာလေးနဲ့ သူ့ဘလော့မှာ ဂုဏ်ပြု ကျင်းပပေး ခဲ့ပါတယ်။ တကယ်ကို မထင်မှတ် ထားပါဘူး။ အရမ်းပျော်ရွှင် ရပါတယ်။ ကျေးဇူးပါ ဦးဦးရေ....

အရူးအမူးအိပ်မက်ရှင်

အသဲကွဲနေ့ရက်တွေကို ခေါင်းအုံးအိပ်ရင်း
ရူးသွပ်မှုတွေပြည့်နှက်နေတဲ့ အိပ်မက်တစ်ခုကို
အနာဂါတ်လပြည့်ဝန်းဆီ မှန်းမျှော်ရင်း
လိုလားမှုပြည့်သိပ်စွာနဲ့
သူ ဖန်တီးတည်ဆောက်ခဲ့တယ်။

စကြာဝဠာတိုင် အပြေးသွားနေတဲ့
အိပ်မက်ရွက်ပြတ်တောထဲမှာ
ငိုခြင်း ရယ်ခြင်း ငိုရယ်ခြင်းတွေနဲ့
ချစ်ခြင်း မုန်းခြင်း ချစ်မုန်းခြင်းတွေနဲ့
ခံစားမှုတွေကို အရည်ဖျော်သောက်ရင်း
သက္ကရာဇ်တွေကို ၀ါးမြိုခဲ့တာ
အခုဆို
နှစ်အစိတ်ကျော်ကြာခဲ့ပေါ့။

ဖော်ရွှေမှုတွေ စိန်စီထားတဲ့ သူမရဲ့ ရက်သန်မှာ
တစ်ခါတစ်ရံ ကာရန်အလွဲလေးတွေရှိခဲ့ပေမဲ့
ဝင်ရောက်နားခိုသူတွေကို
အပြုံးမပျက် ပြုံးလျက်နဲ့
မိုနာလီဇာ့ဟန်ပန်ကို ကော်ပီကူးရင်း
အဟင်းဟင်း.. အဟီးဟီး မပျက်ခဲ့ပါဘူး။

ကူညီဖို့ဆို နိုင်ငံရပ်ခြားကို
တစ်နာရီ မိုင်သန်းချီပြီး
ဈာန်ရ သူတော်စင်မြတ်တွေလို
ချက်ချင်းသောက် ချက်ချင်းပျောက် ချက်ချင်းရောက် ဆိုသလို
တုံတုံ တစ်ခါမြည်ရုံနဲ့
မာရသွန်ပြေးပြီး ကူညီတတ်သူပါ။

ဘာသာရေး ရပ်ဝန်းမှာလဲ
တရားပွဲတစ်ခါရှိရုံနဲ့
ဘလော့ဂါ နယ်ပယ်ကို ဖိတ်ခေါ်မှုတွေ ပလူပျံချီပြီး
အလှူရှင်တွေကို တပ်လှန့်လို့
ဝိမုတ္တိရသကို
ချိုမြိန်စွာ သောက်သုံးတတ်သူလေးပါ။

ရာမလက္ခဏပုံပြင်တွေကို
သင်ရိုးညွန်းတန်း အနေနဲ့ဘဲ မှတ်ယူပြီး
လက်တွေ့ဘ၀ဆန်ဆန် ကာလတစ်လျောက်
စူဠသုဘဒ္ဒါကို
ချောင်ချိုးထိုးနေလေရဲ့ ။

ဘာလိုလိုနဲ့
နှာခေါင်းနှစ်ပေါက်က အသက်ရှူခွင့်ရတာ
အေဒီရဲ့ သတ်မှတ်ချက်တွေကို
အတော်များများ
အတိတ်မှာ ချန်ရစ်ထားခဲ့လေပြီ။

ဖြတ်သန်းလာသူ ရူးသွပ်မှု အိပ်မက်ရှင်အတွက်
အနုရုဒ္ဓါ မထေရ်မြတ်ကဲ့သို့
ရာစုနှစ်တွေကို ပိုင်ဆိုင်နိုင် ပါစေသား။ ။

ဦးရီးတော် မိုးသွေးငယ် မှလဲ တူမတော် မက်မက်လေး အတွက်ဆိုပြီး ကဗျာဆုတောင်း လေးကို ချစ်စရာ ဖလပ်လေးနဲ့ မအားလပ် တဲ့ကြားက အချိန်ယူ ပြုလုပ်ပြီး ပေးပို့ခဲ့ ပါတယ်။ အရမ်း ၀မ်းသာ ပျော်ရွှင် ရပါတယ် ဦးရီးရေ.....ကျေးဇူးကမ္ဘာပါ။း) ကြိုက်တဲ့ဟာ တစ်ခုပဲ တင်ဆိုပေမယ့် နှစ်ခုလုံး ကြိုက်လို့ ၂ခုလုံးကို အမှတ်တရ တင်လိုက်တယ်...ဟိဟိ ( ဘယ်ရမလဲ ငါ့ဦးရီးတော် လက်ရာကို အဲ့လိုကြွား ပစ်လိုက်တာ... :P)။ ကျေးဇူးပါ ဦးရီးတော်နော်။

mm001

Photobucket



မောင်လေး လင်းသံစဉ် မှာလဲ အစ်မမက်မက် အတွက်တဲ့ ဆိုပြီးကဗျာလေး ပေးပို့လာပါတယ်။ သူကလဲ မအားရတဲ့ အထဲကနေ မဖြစ်မနေ စပ်ဆိုပေး ထားတာပါ။ ကျေးဇူးအထူးပါ မောင်လေး အိပ်မက်ခြေရာရေ။ အရမ်းပျော်ရွှင် မိပါတယ်။ ကြည်နူးမိပါတယ်။ နောက်ကျမှ တင်ဖြစ်တဲ့အတွက် စိတ်မဆိုးနဲ့နော်။ ကွန်ပြူတာနဲ့ ရန်ဖြစ်ထားလို့ပါ။ အဟီးးးး :P

သူငယ်ချင်း
မင်း..မွေးနေ့မှာပျော်ရွှင်ပါစေပေါ့ကွာ
သံသရာဆိုတာ မြို့ပတ်ရထားတစ်စင်းလို့ဆိုရင်
မင်းငြင်းမှာလား..
လည်ရင်းပတ်ရင်းတစ်ပတ်ပြည့်ရင်းပေါ့ကွာ
လောကဓံဆိုတာတွန်းရင်းတိုက်ရင်းနဲ့မှ
ထုသားပေသားကျဘ၀နဲ့ ပိုမိုပြီးပြည့်စုံတာကွ..။

ငါကတော့မင်းကို
သူများတွေပြောကြသလို ပစ်တိုင်းထောင်တဲ့ ပစ်တိုင်းထောင်ဆိုတဲ့
ပစ်တိုင်းထောင်ဘ၀မျိုးမဖြစ်စေချင်ဘူး..သူငယ်ချင်း..
ငါက မင်းကိုအပစ်ခံပြီးထောင်နေရတဲ့ဘ၀မျိုးထက်
ကိုယ်တိုင် ရင်ကော့ခေါင်းမော့နေရတဲ့ဘ၀မျိုးကိုရစေချင်တယ်သူငယ်ချင်း..

ရိုးရိုးကျင့်မြင့်မြင့်ကြံတဲ့ သူငယ်ချင်း
ခုခေတ်က အပုပ်အသိုးတွေများလွန်းတယ်
ငါတို့စိတ်တွေ ဒူးလောက်တင်မှရင်လောက်ကျတာ
မင်းအိပ်မက်တွေ မင်းစိတ်ကူးတွေ မင်းအနာဂတ်တွေ
နေတစ်စင်းလို စူးစူးရှရှလင်းပစ်လိုက်စမ်းပါ
ကိုယ်လမ်းကိုယ်ဖောက်ရတာပဲ လှလှပပကြီးရုန်းကြွပစ်လိုက်စမ်းပါ

မင်းရဲ့ဖေဖေနဲ့မေမေဟာ မင်းရဲ့ကောင်းကင်ဆို
သူတို့က သူတို့ကောင်းကင်မှာလင်းချင်းနေတဲ့ ကြယ်တစ်စင်းကိုမျှော်လင့်နေမှာပါ.
တစ်ခုတော့ရှိတယ်သူငယ်ချင်း
မွေးနေ့ဆိုတာ အနိစ္စတရားဆီစတင်ခြေလှမ်းရာနေ့တစ်နေ့တဲ့ကွ

ငါတို့ မမြဲတရားတွေကိုတော့ မေ့ထားလို့မရဘူးသူငယ်ချင်း
အဲ့တော့ မင်းမွေးနေ့မှာ ငါက
ကိုယ်စိတ်နှစ်ပါး အမြဲကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းပေးတယ်
သူငယ်ချင်း…။

တီမက်ရေ တီမက်မွေးနေ့အတွက်ကဗျာပါ