Subscribe:

Tuesday, September 15, 2009

ကျေးဇူးတင်ရှိပါတယ်


ပျော်စရာ အမှတ်တရ စက်တင်ဘာလေးမှာ မက်မက်အတွက် အမှတ်တရလေးတွေ ဖန်တီးပေးတဲ့ ဘလော့ကာ အစ်ကို၊အစ်မ၊ မောင်၊ညီမတွေ အားလုံးကို မက်မက်က ကျေးဇူးအထူး တင်ရှိပါတယ်။ အဲဒီနေ့တုန်းက တကယ်ကို ပျော်ရွှင်ခဲ့ ရပါတယ်။ မက်မက်မွေးနေ့လေးမှာ ကဗျာလေးတွေ ပုံလေးတွေ ကဒ်လေးတွေ ပေးပို့ပေးကြတဲ့ အစ်ကို၊အစ်မတွေနဲ့ မောင်၊ညီမလေးတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ တကယ်ကို မထင်မှတ်ထား စရာတစ်ခုက ကိုမိုးစက်အိမ်၊ ကိုဝသန်မိုး(ဘတ်ဘတ်)၊ ကိုကိုမောင်(ပန်းရနံ့) ၊ ကိုဘိုဘို(မိုးကုတ်)တို့က မက်မက်အတွက် အမှတ်တရလေး ဖန်တီးပေးပြီး သူတို့ဘလော့မှာ ပို့စ်အဖြစ်နဲ့ တင်ကာ အမှတ်တရ မွေးနေ့ပွဲ ကျင်းပ ဂုဏ်ပြုပေး တဲ့အတွက် ပြောမပြ တတ်အောင်ပဲ ၀မ်းသာပီတိ ဖြစ်ရပါတယ်။ အမှတ်တရ လက်ဆောင်လေး အဖြစ်နဲ့ တသက်လုံး သတိရ နေမှာပါ။ အရမ်းလဲ ပျော်ရွှင်ရပါတယ်။တနေရာ စီနေပြီး ဝေးကွာပေမယ့် သူငယ်ချင်းတွေက အဲ့လို ချစ်စရာ ကောင်းတာနော်။ ကျေးဇူးအထူး တင်ပါတယ် ဘော်ဘော်တို့ရေ။ live.dhammathukha.com မှာ မက်မက်အတွက် ရည်စူးပြီး တရားတော် ထုတ်လွင့်ပေးတဲ့ ကိုဝင်းမြင့် ၊ မမေဟန်၊ ကိုအောင်ဦးတို့ကို ကျေးဇူးအထူး တင်ပါတယ်။ နောက်ပြီး ဦးကာကြီးလို့ ခေါ်တဲ့ ဦးဦးပသကာ က မက်မက်အတွက် မွေးနေ့အတွက် ရည်စူးပြီး ဘုရားမှာ သွားရောက်ပြီး အလှူအတန်း နှင့်တကွ ဂုဏ်တော် ပုတီးစိတ် ပေးတဲ့အတွက် ကျေးဇူတင် မိပါတယ်။ ကြည်နူးပီတိ ဖြစ်မိပါတယ်။ တန်ဖိုးမ ဖြတ်နိုင်တဲ့ ခင်မင်မှုကို ရရှိမိ တဲ့အတွက် ပျော်တယ်။ :D ပြီးတော့ EAST COAST မှာရော ၊ အိမ်မှာပါ လာရောက်တဲ့ ဘလော့ကာ သူငယ်ချင်းတွေနဲ့ ဘလော့ကာ မဟုတ်တဲ့ သူငယ်ချင်း တွေကိုပါ အထူးကျေးဇူး တင်ပါတယ်။ ပြီးတော့ ကွန်မန့်မှာရော စီဘောက်မှာပါ လာရောက် ပြောကြားသွားတဲ့ နှုတ်ဆက် စကားတွေနဲ့၊ နှုတ်ဆက် ဆုတောင်းတွေ ၊ ကဗျာတွေ ကလဲ မက်မက်အတွက် ပီတိဆေးပါပဲ။ တအားကို ပျော်ရပါတယ်။ ဒါကြောင့် အားလုံးကို ကျေးဇူးအထူး တင်ပါတယ်နော့်။ နောက်နှစ် နောက်နှစ် ကြရင်လဲ လာစားကြ ဦးနော်.. :P

အားလုံးကို အာဝါးးးးးးးးးးးးးးးးးးးးးးးး အမြှောက်တစ်သိန်း နော်။ :P

16 comments:

  1. ထပ်တူပျော်သွားပါတယ်
    ဘတ်ကြီးရေ
    နောင်နှစ်နောင်နှစ်တွေမှာလည်း
    ဒီလို ပျော်၇ွှင်ဖွယ်မွေးနေ့ လေးတွေ
    ထပ်မံရရှိနိုင်ပါစေလို့ 

    ခင်တဲ့
    ဘတ်

    ReplyDelete
  2. ပျော်တယ်...ပျော်တယ်...တို့ဘဝလေးရယ်...
    ဟီး ဆက်ဆိုလို့မတက်တော့ဘူး

    ReplyDelete
  3. တို့မလာလိုက်ရဘူးကွယ်
    စိတ်မကောင်းဘူး

    ReplyDelete
  4. လွန်ကဲသော ပီတိအဟုန်ဖြင့် တန်ဖိုးရှိစွာ ပျော်ရွှင်နိုင်ပါစေ မက်မက်လေး။

    ReplyDelete
  5. အဖွားမက်ကိုတင်းတယ်.. တကယ်တင်းသွားပြိ.. ဟွန့်

    ReplyDelete
  6. အပွရေ အို အပွရဲ. thx s@ MuCh ပါ :P

    ReplyDelete
  7. အာဝါးးးးးးးးးးးးးးး အမြောက် ၁သိန်းနော် .. :D

    ReplyDelete
  8. သူများတကာတွေတော့ မသိဘူး..

    ဒီကတော့တင်းတယ်ကွာ..

    ကျေးဇူးတင်တဲ့ထည်းမှာ.. တားတားမပါဘူး..း(
    မကျေနပ်ဘူး..

    တားတားက ခါမှ တွေ့ဖူးဘူး.. ရောက်ဖူးဘူး..
    တိလည်းတိဘူး.. ဘလော့မှာပဲ တိတာ..
    လူလူချင်းလည်း တိဘူး..

    အဲဒါ.. ဖတ်ကျတိုင်း တွေ့တာကို..
    ဘာမှ မပြောပဲ.. လာဟဲ့ဆိုပီး ဆွဲသွင်းလိုက်တာ.း)
    (မီးဖိုချောင်ထဲကိုလေ)..းP

    အဲဒါ ဖတ်ကျတိုင်းနော်..
    မီးဖိုချောင်ထဲလည်းရောက်ရော..

    တူးအင်ဝမ်းကို ဖဲ့လိုက်ရတာ..
    အမောတောင် ဖောက်တယ်..

    တူးအင်ဝမ်း ချိုတာက..
    နောက်ကျနေလို့လေ.. ပလာတာ နှစ်အိုးကို တစ်ယောက်ထည်း ကြော်တာ.. လက်ကိုမလည်ဘူး

    ဟိုဘက်အိုးကို ကလော်လိုက်..
    ဒီဘက်အိုးကို ကလော်လိုက်နဲ့..

    တားတားမှာယေ.. ချက်ပြာဒယ် ယင်ပေါက်ဒယိုပဲ..
    ပေါလိုက်ချင်ဘူး..

    တူကျတော့ယေ.. လှလှပြင်နေတယ်..း)

    အဲဒါနဲ့.. မထူးတော့ဘူးချိုပီး
    တားတားလည်း.. ကျိတ်နာနာနဲ့
    လေးပန်ဒန် ကြားပလိုက်တယ်..

    ဘယ်ရမလဲ..
    အရင်းကျေအောင်လို့ပေါ့..းP

    ပျော်ရွှင်ပါစေ
    စည်သူ။

    ReplyDelete
  9. အေးဗျာ။
    ဖွားမေ့ကလဲ....
    မေ့စရာ ရှားခလို့ ပလာတာကြော်တဲ့ ကိုစည်သူကိုမှ ကျေးဇူးတင်ဖို့ မေ့ရတယ်လို့ဗျာ။
    ကိုစည်သူသာ မကယ်ရင် အီးကုတ်မှာ လူစုထားတဲ့ အချိန်မှီ ရောက်နိုင်မှာတောင် မဟုတ်ဘူး။
    အိပ်မက်နတ်သမီးက အကြော်မကြော်ပဲ အလှထိုင်ပြင်တာ တစ်နာရီလောက် ကြာကိုး။
    (ဟိ။ ယုံချင်ယုံ မယုံချင်နေ။ ဖွမှာပဲ)
    အဲနေ့က မလာတဲ့သူတွေအတွက်လဲ ပြောထားခဲ့တဲ့အတိုင်း ပိုစားခဲ့၊ ပိုပျော်ခဲ့တယ်။
    ကံကောင်းထောက်မစွာနဲံ အပြေးပြိုင်ပွဲ မစခင်လေး သွားစရာတစ်ခု အမှီပြေးလိုက်နိုင်ပေလို့။
    ညကျ မကျေပွဲ ပြန်ဆုံပြီး ဆက်နွှဲလိုက်တာ။ နောက်ဆုံရထားလေး မှီတာ ကံကောင်း။ ဒါတောင် ဘူတာကနေ အိမ်ထိ 20မိနစ်လောက် လမ်းလျှောက်ပြန်လိုက်ရသေးတယ်လေ။ ဘတ်စ်ကားတွေ မရှိတော့လို့။

    ပျော်စရာ အမှတ်တရနေ့လေးပါ မွေးနေ့ရှင် အိပ်မက်နတ်သမီးလေး ဖွားမေ့ရေ။

    ReplyDelete
  10. စိုင်းစိုင်းလားရှိုးSeptember 17, 2009 at 1:25 AM

    ဟုတ်သားပဲ စည်သူလေးရဲ့ နာမည်တော့ပါသင့်တာပေါ့ ခမျာ ပထမဆုံး အခေါက်လာတာ လက်ဆင်မိတော့တာပဲ။ ပလာတာကြော်ဆရာ ဖြစ်ရော မွန်မင်းသားလေးက။
    မွေးနေ့မှသည် စိတ်သွားတိုင်း ကိုယ်ပါနိုင်ပါစေ ညီမလေး မက်မက်ရေ.....

    ReplyDelete
  11. ကိုစည်သူက ပလတာကြော်ပေးတာ...ဟုတ်သားပဲ..အဓိကကို မေ့သွားတယ်... ဟိဟိ...ချိတ်ချိုးနဲ့.....
    ကျေးဇူးအထူးအထူးကို စကွဲတင်ပြီး တင်ပစ်လိုက်တယ်...ဟိဟိ...

    ဟုတ်သားပဲ.... နာလှတာ တု့ကြောင့်..မဟုတ်ရင် ပလာတာကြော်နေရမှာ... အဟီးးး...လေးပန်းကန်ပဲ မစားနဲ့ အများကြီးစား..နော်.... အ၀ကျွေးမှာ.အဟီးး

    တိတီမိုးခါးကလဲ အမြှောက်တစ်သိန်းထဲလား..နည်းတယ်...နည်းတယ်.... တီတီနှင်းဆီကလဲ စိတ်မကောင်းမဖြစ်နဲ့..နောက်တခါ ရှိသေးတယ်...အဲဒီကျတော့လာခဲ့နော်...

    ဘတ်ကြီး...ဘတ်ကြီးလာရင်လဲ ကျင်းပပေးမယ်...အဟီးးး

    ဦးဦးတန်လွင် ...ပျော်ပါတယ်ကွယ်။.... တူတူပျော်ကြမယ်....
    မြေးလေး ၂၅ ဘာလို့ တင်းနေတာလဲ...လျှော့..လျှော့..း))

    ကျေးဇူးပါ ဦးကိုကိုမောင်ရေ... ပေးတဲ့ဆုကို ရရပါစေ..နော့်...

    အပွဘီလူးစုတ်လေး ..မိုးစက်မဟုတ်တဲ့မိုးပေါက် အိမ်နော်..... တံတွေးစင်တယ်... ဟွန်းးးး

    ဟဲဟဲ..ကိုဘိုကြီးဖွတယ်နော်..ဖွတယ်....
    နောက်ဆို အမ်အာတီမှာ ညအိပ်..အဟီးး ဒါဆို လမ်းလျှောက်စရာ မလိုတော့ဘူး ...း))
    ကိုဘိုကြီး အိမ်ကို တန်းတန်းမတ်မတ် ပြန်ရဲ့လား ...မသိဘူး..ဘယ်ရမလဲ ပြန်ဖွလိုက်တာ...း))

    ဟုတ်ပါတယ်ဦးရှင်ကြိးရေ.. အဓိကလူကိုမှ မေ့ပစ်လိုက်တာ... အဟီးးး
    သူမကြော်ရင် ဦးရှင်ကြိးတို့စားရပါ့မလား...မသိနော့်း.. အဟား

    အားလုံးကို ကျေးဇူးတင်ပါတယ်နော်..အာဝါးးးးးး
    အမြှောက်တသိန်းကို စကွဲတင်ပေးလိုက်ပါတယ်.. အဟီးးး

    ReplyDelete
  12. မက်မက်ရေ. မွေးနေ့ လေးမှာ ပျော်ရွှင်ခဲ့တယ်ပေါ့။ မအားတာနဲ့ အလာနောက်ကျသွားတယ်။။

    ReplyDelete
  13. လာလည်ပါတယ် မွေးနေ့ကပြီးသွားပြီလား Happy Birth Day နော..

    ReplyDelete
  14. လာလည်ပါတယ် မွေးနေ့ကပြီးသွားပြီလား Happy Birth Day နော..

    ReplyDelete
  15. This comment has been removed by a blog administrator.

    ReplyDelete
  16. This comment has been removed by a blog administrator.

    ReplyDelete