Subscribe:

Sunday, September 6, 2009

ပန်းတပွင့်ဧ။်ဒိုင်ယာရီ


သူမ..နာမည်က ရတီဖြူ ....နာမည်က ကဗျာဆန်သလို ဖြစ်ပေမယ့် လူကတော့ ကဗျာ မဆန်တတ်။ လူကကဗျာ မဆန်တတ်သလို သူမရဲ့ စိတ်ဓာတ်ကလည်း ငယ်ငယ်ထဲက မိန်းမမဆန်ခဲ့၊ ဘ၀ကို လက်တွေ့ကျကျ ဖြတ်သန်းပြီး ခပ်ပျော်ပျော် နေတတ်တဲ့ သွက်လက်တဲ့ မိန်းကလေး တစ်ယောက်။ မိန်းမမ ဆန်တဲ့ အတွက်တခြား မိန်းကလေးတွေလို နွဲ့နွဲ့လျလျ မနူးညံ့ တတ်တဲ့ ကောင်မလေးမှာ ယောင်္ကျားလေး သူငယ်ချင်း မိတ်ဆွေတွေ နဲ့ပေါင်းသင်း တတ်သလို မိန်းကလေး သူငယ်ချင်း ဆိုရင်လဲ သူမမှာ လက်ချိုးရေ တွက်လို့ရအောင် နည်းပါးခဲ့သည်။

တနေ့မှာ ဘ၀ရပ်တည်မှုအတွက် အလုပ်တဖက်နဲ့ ပညာဆက်လက် သင်ယူခဲ့တယ်။ အခြေအနေ တစ်ခုအရ ကျောင်းပညာရေး ပြီးသွားတော့ အလုပ်ပြောင်း ရွေ့ခဲ့တယ်။သင်တန်းတစ်ခုရဲ့ အရေးပါ မှုအတွက် ရန်ကုန်မြို့ရဲ့ အကြီးဆုံး ဟိုတယ်တစ်ခုမှာ သူမလက်တွေ့ လုပ်ငန်းခွင် ၀င်ရောက် လုပ်ကိုင်ခဲ့သည်။ သွက်သွက်လက်လက် ရှိတဲ့သူမအတွက် အပေါင်းအသင်း မိတ်ဆွေ မရှားခဲ့ဘူး။ သို့ပေမယ့် တကယ့်မောင်နှမ အရင်းတွေလို ခင်မင်သူက လက်ချိုးရေတွက် လို့ရခဲ့တယ်။ အပေါင်းအသင်း မိတ်ဆွေ သူငယ်ချင်းတွေ အများကြီးထဲမှာ ယောင်္ကျား လေးရော၊မိန်းကလေးရော အများကြီး ရရှိခဲ့တယ်။ လုပ်ငန်းခွင် အနေအထားမှာ ကိုယ့်ကိုမလို သူရော လိုသူရော အများအပြား ရှိခဲ့ပေမယ့် သူမရဲ့ ဂရုမစိုက် တတ်တဲ့ စိတ်ဓာတ်နဲ့ မိန်းမမဆန်တတ်တဲ့ စိတ်ဓာတ်ကြောင့် အဲဒီအရာတွေ အားလုံးကို အမှတ်မထားခဲ့ဘူး ။

ဒါပေမယ့် သူမမှာ အကျင့်ဆိုး တစ်ခုရှိတယ်။ အဲဒါကတော့ သူမကို လာရောက်တိုက်ခိုက် သူများကို အရွဲ့တိုက်ပစ်တတ်တယ်။ အဲဒါက သူမရဲ့ ကောင်းခြင်းလား မကောင်းခြင်းလား ဝေခွဲမရ။ အဲဒီလုပ်ငန်း ခွင်ထဲမှာ သူမတကယ်ခင်တဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်း လေးယောက်ရှိခဲ့တယ်။သွားအတူ ပြန်အတူ ဖြစ်နေတဲ့ သူငယ်ချင်းရဲ့ နာမည်က ကိုမိုးချစ်။ သူကတော့ ကျောင်းတက်ရင်း အလုပ်လုပ် နေတဲ့သူပေါ့။

နေ့လည်နေ့ခင်း ဘရိတ်တိုင်းမ်တွေမှာ တစ်ဌာနအတူ အလုပ်လုပ်တဲ့ ငယ်ချင်းတွေစုပြီး အပြင်ထွက် မုန့်သွားစားကြတယ်။ အရာအားလုံးက ပျော်စရာတွေ အရမ်း ကောင်းခဲ့တယ်။ တစ်နေ့ အခါတိုင်းလိုပဲ သူမက ခင်ခင်မင်မင်နဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း ဖြစ်သူတွေကို စစနောက်နောက်နဲ့ပေါ့။ တရက်မှာ ခင်မင်တဲ့ မိန်းကလေး သူငယ်ချင်း ဖြစ်သူ မျိုးသီတာက သူမကို စကားမပြော တော့ပါဘူး။ ဘာပြသနာလဲ ဆိုတာလဲ သူမလုံးဝမသိ။ မသိတဲ့ အတွက်ကြောင့်လဲ သူမက လိုက်လိုက်လျှောလျှော စကားတွေ ပြောနေပေမယ့် တဖက်သားရဲ့ စကားတုံ ပြန်မှုကို ပြန်မရခဲ့။

"ဟဲ့.....ရတီဖြူ နင်ကလဲ ဒါလေးတောင် မသိဘူးလား ။ သီတာက နင့်ကိုစကား မပြောချင်တဲ့ အကြောင်းက သူကနင့်ကို အမြင်ကတ် နေတာဟဲ့။ "

"ဟင်...သူကငါ့ကို ဘာအကြောင်းရှိလို့ မုန်းနေရတာလဲ။ ငါလဲဘာပြသနာမှ မလုပ်ထားပါဘူး။ နင်သိရင် ငါ့ကိုပြောပြပါလား "

"အေး..အရင်က ဘာမှပြသနာ မဖြစ်ပေမယ့် အခုတော့ ဖြစ်နေတယ်။ နင့်နဲ့ ကိုချစ်နဲ့ အမြဲတမ်း အတူပြန် နေတာကို သူမကြိုက်ဘူး ။ ကိုချစ်က နင်နဲ့ စကားပြောရင်လဲ သူမကြိုက်ဘူး ။ "

ဒါကလဲ လုပ်ဖော်ကိုင်ဖက် တွေဖြစ်တဲ့ သူငယ်ချင်း တစ်ဦးမှ ပြောပြတာပါ။ သူမကတော့ တကယ်စိတ်မကောင်း ဖြစ်သွားတယ်။ သူမရဲ့ စိတ်မှာ တကယ်ရိုးရိုး သားသားနဲ့ မောင်နှမတွေလို သူငယ်ချင်း သံယောဇဉ်က လွဲလို့ တခြားဘာ စိတ်မှနဲ့ မည်သူ့ကိုမှ ခံစားမှု မဖြစ်ခဲ့။

"ဒါနဲ့နေပါဦး။ ကိုချစ်က သူ့မှာ ရည်စားရှိ နေတာလေ။ ကျောင်းမှာ တတန်းထဲ မေဂျာတူ တွေလေ။ ဒါတွေက ငါတို့နင်တို့ အားလုံးအ သိပဲလေ ။ အခုက သူနဲ့ သီတာနဲ့က ကြိုက်နေကြတာလား။ "

"အေးဟာ...ကိုချစ်ကိုလဲ ငါတို့ပြောပါတယ်။ အလုပ်မှာက နေ့တိုင်းတွေ့ နေရတော့ ဘယ်လို ပြောမလဲဟာ သံယောဇဉ်ပေါ့။ ကျောင်းတတ်တော့လဲ ကျောင်းမှာ တယောက်ပေါ့။ "

"ဟာာာ...အဲဒါတော့ ဘယ်ဖြစ်မလဲ။ ကျောင်းကအစ်မက သနားစရာပေါ့ဟ။ သူနဲ့ ကြိုက်နေတာက သုံးနှစ်တောင် အတိုင်းအတာ ရောက်သွားပြီလေ။ နေပါဦး သီတာကလဲ သိသိကြီးနဲ့ ကိုချစ်ကို ကြိုက်ရလားဟ။"

"အဲဒါပြော တာပေါ့ဟာ။ ငါတို့အုပ်စု ကတော့ လုံးဝကို သီတာနဲ့ သဘောမတူဘူး။ နင်ရော ဘယ်လို သဘောရလဲ။နောက်ပြီး ကိုချစ်ဆို တာကလဲ နင့်ကိုတော်တော် ခင်တာမလား။ နင်ကလဲ တကယ့်သူငယ်ချင်းကောင်း ပီသတော့ နင့်ကိုလဲ တဖက်က အားနာတာပေါ့ဟာ။ သူကငါတို့ကို ပြောတယ် ရတီ့ကို တော်တော် အားနာတယ်တဲ့။ တဖက်ကလဲ ကောင်မလေးက အမြဲတမ်း စိတ်ကောက်နေတော့ အခုသူ့မှာ ဗျာများနေ ရတာပေါ့ဟာ။ သူအကျပ် ရိုက်နေတယ်။ "

"အော်...ငါသဘောပေါက်ပြီ။ လက်စသတ်တော့ ငါနဲ့ကိုချစ်ကို သီတာက ဘ၀င်မကျ ဖြစ်နေတာကို။ ဟားဟား... "

ဒီလိုနဲ့ သူမကလဲ သူငယ်ချင်း တွေနဲ့အတူ ကိုချစ်ကို အသေအကြေ ပြန်စလေသည်။ သူမက ကိုချစ်ဆိုသူကို အဲလို နောက်နောက်ပြောင်ပြောင် ပြောလေ ကောင်မလေးက သူမကို မကြည်ကြည့် ကြည့်ခြင်းနဲ့ ခံရလေသည်။ သူမက သဘောရိုးနဲ့ ခင်ခင်မင်မင် ပြောဆိုဆက်ဆံ နေတာကို တဖက်သတ် ကြီးရန်သူ တယောက်တဖွယ် ပြုလုပ်နေ ခြင်းကိုလဲ သူမလုံးဝ ဘ၀မကျခဲ့။

"ကိုချစ်....ကိုချစ်နဲ့ သီတာနဲ့ ချစ်သူတွေ ဖြစ်နေကြတာလား။ "

ကိုချစ်မှ ပြုံးပြီးရှက် နေလေသည်။

"ကိုချစ်နဲ့ ရတီတို့ အခုလို အလုပ်ပြီးလို့ အတူတူ ပြန်တာကိုလဲ သီတာက မကြိုက်ဘူးဆို။ အဲဒါကတော့ တကယ်မဖြစ် သင့်ဘူးနော်။ ကိုယ်တွေက သူငယ်ချင်းတွေကို။ ဘာလို့ အဲလိုစိတ်တွေ ၀င်နေရ တာလဲနော့်။ ဒါမျိုးဆို ရတီကလဲ မကြိုက်ဘူး ။ ဒါနဲ့ မေးရဦးမယ် ကျောင်းက ကိုချစ်ရဲ့ ရည်းစားကရော ဒီအကြောင်းတွေ သိလား။ "

"ဟင့်အင်း...မသိဘူး ရတီ။ "

"ဒါဆို ဘယ်လို့ ကိုချစ်က သစ္စာမရှိတာပဲ။ "

"အဲလိုတော့ မဟုတ်ပါဘူး ဟာ...ငါကသီတာ့ကို သနားလို့ပါ။ သနားရင်းနဲ့ ချစ်သွားတာပါ။ "

"ဟ..သနားတယ် ဆိုလဲ ဒီလို ချစ်သူဖြစ်မှ သနားရမှာ မဟုတ်ရပါဘူး ။ ဒါဆို ကျောင်းကရည်းစား မသန္တာလင်းကို ဘယ်လို လုပ်မလဲ။ ကိုချစ်က အဲဒါတော့ မင်းကအထာ မမိုက်ဘူးဟေ့။ ကိုချစ်....ကိုချစ်...ငါးရံ့နှစ်ကောင် မဖမ်းချင်ပါနဲ့။တနေ့မင်း အကျပ်ကြိုက် လိမ့်မယ်နော်။ လှေနံနှစ်ဖက် နင်းရင်လဲ ကြားမှာမင်း ကားသွားမယ်နော်။ "

"သိပါတယ်ဟာ..ငါကလဲ ဘယ်လိုလုပ် ရမလဲ မသိတော့ဘူး။ နင်စဉ်းစား ပေးစမ်းပါဟာ။ "

"အေး..စဉ်းစားပေး ရမယ်ဆိုရင် တို့တွေအားလုံး ကတော့ မသန္တာလင်းနဲ့ပဲ သဘောတူတယ်။ "

ကိုချစ်နဲ့ သူမတို့ အလုပ်အပြီး အိမ်အပြန် လမ်းမှာ ပြောဆိုခဲ့ ကြပါတယ်။

တနေ့ကိုချစ်ရဲ့ နားရက်တစ်ရက်မှာ သူမနှင့် သူငယ်ချင်း အုပ်စုမှ မုန့်ထွက်စားရင်း အဲဒီကိစ္စတွေကို ဆွေးနွေးလေသည်။ အားလုံးက သီတာနဲ့ မဖြစ်စေချင်ကြ။ ဒီတော့ အားလုံးက ရတီကို မျက်စောင်းထိုး လာကြသည်။

"ရတီ ဒီကိစ္စကို နင်တာဝန် ယူရမယ်။ "

"ဟ..ငါက ဘာကိုတာဝန် ယူရမှာလဲ။ ငါနဲ့ဘာမှ မဆိုင်ဘူး။ ငါလဲကျောင်းက အစ်မနဲ့ပဲ သဘောတူတယ်။ ဒါပေမယ့် သူ့စိတ်နဲ့ သူ့ကိုယ်ပဲလေ ငါတို့က အတင်းကြီး ဒီလူနဲ့ ကြိုက်ပါ ဟိုလူနဲ့ မကြိုက်ပါနဲ့ လို့ပြောလို့ မရဘူးလေ နင်တို့ကလဲ။ "

"အဲဒါမို့လို့ သူနဲ့သီတာ တို့ကြားထဲကို နင်ဝင်ပေးဖို့ပေါ့။ "

"ဟာ...ဒါတော့မဖြစ်ဘူး ။ကြားသုံးကြား မ၀င်ရဘူးလို့ ငါကြားဖူးတယ်။ ငါမလုပ်နိုင်ဘူး ။ တခြားနည်းလမ်းရှာ။ ဒါပဲ.. "

အဲဒီနောက်ပိုင်းမှာ ကိုချစ်နဲ့ ရတီဖြူတို့ကို သူငယ်ချင်းတွေမှ သိသိသာသာ သီတာရှေ့မှာ နောက်သလိုလိုနဲ့ လှော်ကြလေတော့သည်။ ဒါကို ရတီဖြူ နဲ့ ကိုချစ် နှစ်ဦးလုံးမှ သိတယ်လေ။ သီတာ့နဲ့လုံးဝ သဘောမတူ နိုင်ကြတဲ့ သူငယ်ချင်းတွေ အကြောင်းကို ကိုချစ်ကလဲ သဘောပေါက်သည်။ ကိုချစ်ကလဲ အရမ်းအားနာ တတ်တယ်လေ။ သူငယ်ချင်းတွေ နောက်ပြောင်တိုင်းလဲ စိတ်မဆိုးတတ်။ တခါတခါ ရတီဖြူမှလဲ သီတာ့ရှေ့တွင် အရွဲ့တိုက်ချင်ဇောဖြင့် စနောက်လေသည်။ ကိုချစ်မှ ရတီဖြူ့ စနေသည်ကို သိ၍ ဘာမှမပြော။ သို့ပေမယ့် သီတာခမျာ လုံးဝ ရူးရူးရှားရှား ဖြစ်နေလေသည်။ အဲဒီအခါ ကိုချစ်မှ ကောင်မလေးအား မနည်းပြန် ချော့ပေတော့။ အဲဒီလိုမျိုး သီတာ့ကို ချော့နေရသည့် ရက်မျိုးဆိုရင်တော့ ရတီဖြူ့မှ အိမ်ပြန်ဖို့ ကိုချစ်ကို စောင့်စားနေပေး နေရလေသည်။ စောင့်စားလို့ စိတ်မရှည်သည့် အခါများတွင်တော့ "ကိုကို.....ပြန်တော့မယ်လေ...ဘယ်အချိန် ရှိပြီလဲ။ ကိုကို လာတော့ ဆိုပြီး အတင်းဆွဲ ခေါ်ရာသို့ ကိုချစ် အားနာပါးနာနဲ့ ပါလာလေသည်။ နေ့စဉ်နေ့တိုင်း အဲလိုတွေ စနောက်နေကြရာ တနေ့တွင်တော့ သူငယ်ချင်းတွေမှ

"ဟဲ့....နင်နဲ့ကိုချစ်တို့ အခြေအနေ ဘယ်လိုရှိလဲ "

"ဟာ..ဘာကို ဘယ်လိုရှိ ရမှာလဲ။ ငါတို့က တကယ့်သူငယ်ချင်း တွေပဲဟာ။ ငါချစ်လို့ မရဘူး။ ချစ်လဲမချစ်ဘူး ။ သူငယ်ချင်း တွေမို့လို့ ခင်တာပဲရှိတယ်။ "

"နင်ကလဲ...တော်တော်ညံ့တာပဲ။ ဒါလေးတောင် ရအောင်မ လုပ်နိုင်ဘူး။ "

"ဟ ...ငါမှမချစ်တာ ။ ပြီးတော့ အဲလို ချစ်တာတွေ ဘာတွေ ငါစိတ်မ ၀င်စားဘူး။ ငါစိတ်ဓာတ်က စမယ် နောက်မယ် ပြောင်ချော်ချော် ပြောမယ်။ ဒါပဲရှိတယ်။ "

"နင့်ကို သီတာက ကွယ်ရာမှာ နင်နဲ့ချစ်ကိုကို ပြောနေတာတွေ ငါတို့နင့်ကို ပြန်မပြောချင်ဘူး ရတီ။ "

"ငါ သီတာ့အကြောင်းကို သိပါတယ်။ ငါလဲ သူဘာပြော တာလဲဆိုတာ မသိချင်ပါဘူး။စိတ်လဲ ၀င်စားဘူး။အေး..ငါ့ကို တမင်သက်သက် မနာလို ဖြစ်နေတာကတော့ မတတ်နိုင်ဘူး။ သူ့ရည်းစားကိုလဲ ငါကစိတ်ကူး ထဲတောင် မထည့်ဘူး။ ငါတို့က ရိုးရိုးသားသား သူငယ်ချင်းလိုပဲ ခင်တာပါ၊ အေးလေ..သူ့ဘက်က ငါ့ကို ဒီလောက်အစာ မကြေနိုင် ဖြစ်နေရင်တော့ ငါဆိုတဲ့ ရတီကလဲ နဲနဲတော့ ပညာလေး ပြရတာပေါ့ဟာ။ အိုကေလေ မင်းတို့စောင့်ကြည့်နေ။ သုံးလမကြာ စေရဘူး။ တနေ့ ကိုချစ် ငါ့ဘက်ကို ပါလာစေရမယ်။ စောင့်ကြည့်ပေါ့။"

သူမ မချိပြုံး ပြုံးလိုက်သည်။ သူမကို မနာလို ဖြစ်နေတဲ့ ထိုကောင်မလေးကို သူမက ကောင်းကောင်းပညာ ပြရပေတော့မည်။ သူငယ်ချင်း မျက်နှာကိုတောင် မထောက်ထားဘဲ စိတ်သဘောထား သေးသိမ်လွန်းတဲ့ ထိုမိန်းကလေးအား သူမနဲနဲတော့ ပညာပေး ရပေလိမ့်မည်။ ထို့အတွက် ပေးဆပ်ရမည်မှာ သူမကို ပြောဆိုတဲ့ ထိုမိန်းမကလေးဧ။် နှလုံးသား တစ်စုံပင် ဖြစ်စေတော့မည်။ ပါးစပ်ကသာ ပြောသာပြောရသည်။တကယ်တော့ အဲလိုလုပ်ဖို့ စိတ်မကူးပါ။ လုပ်လဲမ လုပ်တတ်ပါ။ မခံချင်တဲ့ စိတ်တစ်ခု ကြောင့်သာ သူမအားလုံး ရှေ့မှာ ပြောလိုက်ရသည်။

"ကိုကို...ပြန်တော့မယ်လေ။ စကားပြောနေတာ ခုထိမပြီးနိုင် သေးဘူးလား။ ဒီမှာ ရတီစောင့်ရတာ စိတ်မရှည် တော့ဘူးနော်။ မြန်မြန်လာခဲ့။ "

ရတီပြောပြော ဆိုဆိုနှင့် သူမနှင့် ချစ်ကိုတို့ စကားပြော နေရာသို့ သွားပြီးကိုချစ် လက်ကိုဆွဲခေါ်ကာ လာခဲ့တော့သည်။ ကိုချစ်မှာလဲ ရတီက သီတာ့အား တမင်သက်သက် စနောက်ချင်၍ အတင်းဆွဲခေါ် သွားမှန်းသိလို့ အားနာနာနှင့် ရတီခေါ် ရာနောက် ပါလာခဲ့သည်။

ရတီ့ကို တော်တော်ခင်ရှာသည်။ ရတီဘာပြောပြော ဘာလုပ်လုပ် ဘာဆိုဘာမှ ပြန်မပြောခဲ့။ ရတီကလဲ ကိုချစ်နဲ့ သီတာ့ကို နဲနဲမှ အလွတ်မပေး။ ဒီလိုနဲ့ ရတီနဲ့သီတာ မသိမသာ တယောက်နှင့်တယောက် ပညာပြ နေကြလေသည်။ ဒါကို သူငယ်ချင်း တွေကလဲ သိနေကြသည်။ အဲ...တစ်ခုရှိတာက ရတီ ဘာမှမတတ် နိုင်သည်မှာ ကိုချစ်နဲ့ ရတီတို့ အိမ်ပြန်လမ်း တူနေခြင်း ပင်ဖြစ်သည်။ အလုပ်ပြီးလျှင် ကိုချစ်နှင့် ရတီတို့ အိမ်ပြန်ရာ လမ်းတစ်လျှောက် တူနေခြင်းကို သီတာမှ ဘယ်လိုမှ ဘ၀င်မကျနိုင်ခဲ့။

ရတီကလဲ သီတာ့ရှေ့မှာသာ တမင်လုပ်ဆောင် နေခြင်းပါ။ သူမကွယ်ရာ မှာတွင်တော့ ကိုချစ်နဲ့က သူငယ်ချင်းတွေလို ရိုးရိုးသားသား ခင်မှုက မပြောင်းလဲခဲ့။ ဒါကို ကိုချစ်မှလဲ သိတယ်လေ။

"ကိုချစ်..ကျောင်းက ကောင်မလေးနဲ့ရော အခြေအနေ ဘယ်လိုရှိလဲ။ အဆင်ပြေလား။"

"အေးဆေးပါပဲ။ ကျောင်းသွားရင် တွေ့ကြတယ်လေ။ ဒီလောက်ပါပဲ။ "


နင်ကလဲဟာ...အဲဒီအစ်မကို နဲနဲပါးပါးတော့ အားနာပါဦးဟ။ ဟိုက နင့်အကြောင်းကို မသိလို့နော်။ သိများသိရင် နင်တော့မလွယ်ဘူး။ သူကသနား ပါတယ်ဟယ်။ နင့်ကိုတော်တော် ချစ်တဲ့ဟာကို။ ဖြစ်နိုင်ရင် နင်သူ့အပေါ်ကိုပဲ အချိန်တွေပိုပေး စေချင်တယ်။ ငါတို့အားလုံးက သူ့ကို မမြင်ဘူးပေမယ့် နင်တို့ကြိုက်တာ သုံးနှစ်ဆိုတဲ့ အတိုင်းအတာ တစ်ခုမှာ မပြတ်စေချင်ဘူး။ အဲဒီတော့ နင့်ကို တစ်ခုပြောမယ်ဟယ်။ နင်အဲဒီ အစ်မကိုပဲ စိတ်ထဲထည့်ထားပါ။ ဒါက ငါတို့အားလုံးရဲ့ စေသနာပါ။ "

နားလည်ပါတယ်ဟ သူနဲ့တော့ ဘာကွိုင်မှ မရှိပါဘူး။ ကဲ... နင်တို့ မှတ်တိုင်တောင် ရောက်တော့မယ်။ တာ့တာနော်။ "

"အးအေး....နောက်မှတွေ့ ကြတာပေါ့။"

လိုနဲ့ စကားတပြောပြောနှင့် သူမတို့ မှတ်တိုင်နား ရောက်တော့ ကားပေါ်က ဆင်းကာလမ်းခွဲ လိုက်လေသည်။

"ဟဲ့..ရတီ...နင်ကို ကိုချစ်ပြော ပြသေးလား။"

"ဘာကိုလဲ။ ဘာကိုပြောလို့လဲ။ "

"အေး..သူ့ကျောင်းက ရည်းစားကို နင်နဲ့နာမည်မှား ခေါ်မိလို့ ဟိုကစိတ်ဆိုးပြီး သူ့ကိုထုတာတဲ့။ "

"ဟာာာ လုပ်ပြီ နင်တို့ကလဲ အားနေ ငါ့ပဲ ခလုတ်တိုက် နေကြတယ်။ ငါ့ဟာငါ အေးအေးဆေးဆေး နေနေတာကို။ သူ့ဟာသူ ယောင်တာလဲ ငါ့ကိုပဲ ပြောစရာ ဖြစ်အောင် လုပ်နေတယ်။ "

"နင်ကလဲ...နင့်ကို သူက စိတ်ဝင်စား နေတာလားမှ မသိတာ။ "

"ဟေ့..ဟေ့..သူ့ဟာသူ ယောင်တာပါနော်။ ငါဘာမှ မမြူစွယ်ဘူး။ ပြီးတော့ သူဆိုတဲ့လူက ဟိုတယ်မှာ တစ်ယောက် ကျောင်းမှတစ်ယောက် ရှိနေတာကို နင်တို့ငါတို့ အားလုံးလဲ သိနေတာပဲဟာ။ "

"ငါတို့သိပါတယ်။ ဒါပေမယ့် အခုတလော ကိုချစ်က နင့်ကို စိတ်ဝင်စား နေတာလား မသိဘူး။ ငါတို့ နေ့ခင်းအပြင် ထွက်ရင်တောင် နင်မပါ တဲ့နေ့ဆို သူငါတို့နဲ့ မလိုက်တော့ဘူး။လေးငါးခါ မကတော့ ဘူးနော်ရတီ။ ပြီးတော့ အလုပ်လုပ် နေရင်လည်း နင့်အနား တ၀ိုက်မှာ မယောင်မလည်နဲ့။ သီတာနဲ့လဲ သိပ်အဆင် မပြေဘူးလား မသိဘူး။ သူနဲ့က သိပ်တောင်စကား မပြောကြတော့ဘူး။ "

"နငိ့ကလဲဟာ...အထင်တွေ မလွဲပါ နဲ့ဟယ်။ သူတို့အကြောင်း သူတို့သိမှာပေါ့။ နင်တို့က ကြားထဲက နေပြီးတော့ လိုက်ဝေဖန်နေတယ်။ တကယ်ပါပဲ။ သွားသွား..အလုပ်လုပ် စရာရှိတာ လုပ်တော့။ ဟိုမှာ ဧည့်သည်လာနေပြီ။ "

သူတို့ပြောတာ ဟုတ်ချင်လဲ ဟုတ်မည်ဟု ရတီခန့်မှန်း လို့ရသည်။ အခုတလော ရတီ့အနားကို ဘာအကြောင်းမှ မရှိဘဲနဲ့ ကိုချစ်အမြဲ ရောက်ရောက် လာတာရယ်။ ရတီလုပ်ရမယ့် အလုပ်တွေကို ကိုချစ်မှ အမြဲတမ်း ကူလုပ်ပေး သွားတာရယ်။ တခါတခါ ရတီကို စနောက်ရင်း ရတီမှ ဒေါသအိုး ပေါက်ကွဲလျှင် ၀ုန်းဝုန်းဒိုင်းဒိုင်းနဲ့ လုပ်တတ်သည်ကို သည်းခံတတ် တဲ့တာရယ် ဟိုနေ့ကလည်း ရူးဖိနပ် အသစ်ကြောင့် ဖိနပ်ပေါက်ပြီး ခြေထောက်မှာ ဒဏ်ရာရတော့ ဖိနပ်ကို သေချာကိုင်ပြီး ကျယ်အောင်ပြန်လုပ် ပေးနေတာရယ် ပေါက်နေတဲ့ ရတီ့ ခြေထောက်ကိုတောင် သေချာကိုင်ပြီး ဆေးလိမ်းဖို့ လုပ်ပေးနေ တာရယ်ကို အရင်က သူငယ်ချင်း မို့လို့လုပ် ပေးတာပါလို့ ထင်နေခဲ့တဲ့ ရတီ အခုမှ သေချာစဉ်းစား ဆက်စပ် မိလေသည်။ ဟုတ်တော့ဟုတ်လိမ့်မည်။ သူငယ်ချင်းပင် ဖြစ်လင့်ကစား ဘယ်ယောင်္ကျားလေးမှ အဲလောက် လုပ်ပေးလိမ့် မည်မဟုတ်။ ကိုယ်ချစ်သောသူ ကိုယ်စိတ်ဝင်စား သောသူများမှသာ လုပ်ဆောင် ပေးတတ်မှန်း ရတီသိထားသည်။ ဒါဆိုရင် ...ဒါဆိုရင်....... ကိုချစ်က..ငါ့ကို စိတ်ဝင်စား နေတာလား။ အို....ငါမှ သူ့မချစ်နိုင်တာ အပြတ်ပြော လိုက်ရုံပဲပေါ့။

ဒီလိုနဲ့ ဒီဇင်ဘာရဲ့ စတက်ဖ် ပါတီပွဲရဲ့ အပြန်မှာ ကိုချစ်မှ စကားစလာသည်။

"ရတီ...နင့်ကိုငါပြောစရာ ရှိတယ်ဟာ၊ ဒါပေမယ့် နင်စိတ် ဆိုးမှာလဲ ငါကြောက်တယ်။ အထင်လွဲ သွားမှာကို စိုးရိမ်တယ်။ "

"ဘာပြောမှာ မို့လို့လဲ။ ငါစိတ်ဆိုးမှာကို ကြောက်တယ်ဆိုတော့ နင့်စကားက ဘာမို့လို့လဲ။ "

"ငါ...နင့်ကိုချစ်တယ် ဆိုတာ ပြောမလို့ "

"ဘာာာ "

မအံ့သြပါ။ သူမစိတ်မှ သိနေခဲ့တဲ့ ကိုချစ်ရဲ့ သူမအပေါ် အနေအထားကို သိမှ သိနေတဲ့တယ်လေ။ သို့ပေမယ့် သူမ ဘယ်လိုမှ ကိုချစ်ကို မချစ်နိုင်။

"နင်ကဘာလဲ။ သီတာနဲ့လဲ ချစ်။ သန္တာနဲ့လဲ မပြတ်သေး။ အခုတခါ ငါ့ကိုပါလာပြီး နင့်ရဲ့ မဟေသီ နေရာတွေကို ဆက်ခံစေ ချင်တာလား။ "

"ဟာ...လုံးဝမဟုတ် ပါဘူးဟာ.. နင်အထင် မလွဲပါနဲ့။ အခုငါ့ကိုယ်ငါ သိနေလို့။ ငါသေချာ စဉ်းစားပြီးလို့ နင့်ကို ပြောတာပါဟာ။ ငါသီတာ့ကို သနားတာပဲ ရှိတာပါ။ တကယ်တော့ ညီမလေး သံယောဇဉ်ကို အချစ်လို့ မြင်ခဲ့တာပါ။ သန္တာကိုလဲ ငါထုတ်ဖော် ပြောပြီးပါပြီ။ ငါတို့ကြည်ကြည် ဖြူဖြူပဲ လမ်းခွဲလိုက် ကြပါတယ်။ တကယ်တမ်းက နင့်ကိုချစ် နေခဲ့ တာပါဟာ။ နင့်ဘက်က တုံ့ပြန်မှုကို ငါလိုချင် ခဲ့တာပါ။ တကယ်ပြော တာပါဟာ။ နင်မယုံလောက် ဘူးဆိုတာ ငါသိပါတယ်။ ငါပြောလိုက်ရင် နင်စိတ်ဆိုး သွားမှာပဲဆိုတာ ငါသိပါတယ်။ "

ငါစိတ်မဆိုးပါဘူး ။ဒါပေမယ့် ငါစိတ်မကောင်းဘူး။ သူငယ်ချင်း တစ်ယောက်ကို အဲလို ပြောရဲတဲ့ နင့်ကိုပဲ အံ့သြတာ။နင် မပြောသင့်ဘူးဟာ။ နင်သိထားဖို့က ရတီဆိုတဲ့ ငါ့ကို တခြားမိန်း ကလေးတွေလို လွယ်လွယ်လေး ပဲလို့တော့ မထင်လိုက်နဲ့။ နင်မှားသွားမယ်။ ပြီးတော့ ငါက နင့်ကို သူငယ်ချင်းလိုပဲ ခင်လို့ရတယ်။ နင့်ကိုငါ ချစ်သူတစ်ယောက်လို ဘယ်လိုမှ မချစ်နိုင်ဘူး။ ချစ်လို့လဲ မရဘူး ။ အေး..နင့်ချစ်သူ နေရာတွေမှာ အစားသွင်း ချင်ရင်တယ် ဆိုရင်တော့ ဆောရီးပဲ။ အချိန်ရှိတုန်း တခြားလူတွေကို ပြောင်းချစ်လိုက်ပါ။ "

ဒီလိုနဲ့ အချိန်တွေ ကြာသွား ခဲ့ပေမယ့် ကိုချစ်မှ သူမကို တော်တော်ချစ်သည် ဆိုတာကို သိသည်။ သူမ ကိုချစ်ကိုတော့ သနားသည်။ သို့ပေမယ့် သို့ပေမယ့် လုံးဝလုံးဝ သူမှပြန် ချစ်လို့မရ။ တကယ်တမ်း ဆိုလျှင် ကိုချစ်မှာ ငြင်းနိုင်စရာ လုံးဝမရှိ။ အချစ်ကို အတင်းလုပ်ယူလို့ မရဘူး ။ အပြတ်သာ ငြင်းရုံမှ တပါး သူမှ ဘာမှမတတ်နိုင်။ အော်..ခုတော့လဲ...ကိုချစ်လဲ အဝေးတ နေရာမှာ။ရတီလဲ အဝေးတ နေရာမှာ ။ အားလုံးသော သူငယ်ချင်းတွေလဲ အဝေးတ နေရာမှာ အမိမြန်မာ ပြည်ကြီး ကနေထွက်ပြီး ဘ၀အတွက် ရှုန်းကန်နေကြ ရရှာလေသည်။ အော်..နှစ်တွေကြာ သွားပေမယ့် ချစ်သူငယ်ချင်းတွေ ဘယ်လိုတွေ ပြောင်းလဲသွား ကုန်ကြပြီ လဲဆိုတာ မသိနိုင်တော့။ အဲ..... အခုထိ သိနေတာ တစ်ခုတော့ ရှိသည်။ ဒါက သူမဘယ်တုန်းကမှ ကိုချစ်ကို မချစ်ခဲ့ဘူး ဆိုတာပါပဲ။

(ဒီစိတ်ကူးယဉ် ဆန်ဆန် ရေးထားတဲ့ ပို့စ်လေးကို မ၀ါရဲ့ တက်ဂ်အဖြစ် ပန်းတပွင့်ရဲ့ ဒိုင်ယာရီ လို့ နာမည်ပေးပြီး ရေးပေးလိုက်ပါတယ်။
ကဲ...မ၀ါရေ... ဒီလောက်နဲ့ပဲ ကျေနပ်လိမ့်မယ် ထင်တယ်နော်။ အလုပ်တွေ မအားလို့ တက်ဂ်ပို့ ရေးတာနောက်ကျတာ နားလည်ပေးလို့ ကျေးဇူးနော်။ ) အာဝါးးးးးးးး
အမြှောက်တသိန်းနဲ့ ပေးပြီးချွဲလိုက်တာ.....ဟိဟိ.. :P



22 comments:

  1. ၂ လဲမလိုချင်ပါဘူးဆို အတင်းပေးတယ် ဟိဟိ

    ReplyDelete
  2. ၃ တောင် ဖြစ်သွားပြန်ပြီ ဘယ်သူမှ ရောက်မလာကြသေးပါလား ဟားဟားးးးးးးးးးး

    ReplyDelete
  3. ဖတ်ပြီးပြီ ယောင်း ကောင်း၏ တီတီဝါက ကိုယ်တွေ့ရေးခိုင်းတာ ဟုတ်ဘူးလားလို့ ဘာလို့ ဖန်တီးပြီးရေးတာလဲ ကိုယ်တွေ့လေး ရေး သိချင်တယ် ဒါဗြဲ ဟဲဟဲ

    ReplyDelete
  4. ၅ လား မလိုချင်ဘူးနော် လာပေးနဲ့ ဟိဟိ ခွီးးးခွီးးးးး

    ReplyDelete
  5. တော်ပြီဟာ သောင်းကျန်းလို့ အားရပြီ ပြန်တော့မယ် ဘိုင် တာ့တာ ဒုန်းးးးးးးးးးဒုန်းးးးးးးးးးးးးး

    ReplyDelete
  6. တက်ဂ်ပိုစ့်လေးဖတ်သွားတယ်ဗျို့ ဇာတ်လမ်း
    လေးက ကောင်းပါတယ်
    အဆင်ပြေပါစေ
    ရန်ကုန်သား :D

    ReplyDelete
  7. စာဖတ်ပြီး မင့်မလို့ဖွင့်ကြည့်တာ ၀က်ဝံလေးစာတွေဖတ်ပြီး မင့်ဖို့ မေ့သွားခါနီးလေး။

    မက်မက်ရဲ့  သမိုင်းကို ဖတ်ရတာ ဖတ်လို့ကောင်းတယ်။
    အခုကော ကိုချစ်က ဘယ်ကိုရောက်သွားပါလိမ့်။

    ReplyDelete
  8. မိုက်တယ်ဗျာ ဇတ်လမ်းလေးက ဂွတ်တယ်... ယောက်ျားတွေအဲလိုပဲ သိလား အစ်မရဲ့.....

    ReplyDelete
  9. ဇာတ်လမ်းလေးလာဖတ်သွားတယ်
    ဘတ်ကြီးရေ
း)


    ခင်တဲ့
    ဘတ်ဘတ်

    ReplyDelete
  10. ဒွင်းရေ
    မယုံဘူးဟေ့
    စိတ်ကူးယဉ်လို့
    ကျွမ်းထိုးပြ :P

    ReplyDelete
  11. ဇာတ်လမ်းလေးက လှတယ်။ ဖတ်လို့ကောင်းတယ်။ ကောင်မလေးက ဘော်ဒါထဲက တစ်ယောက် နဲ့ တူလို့ ပိုပြီးကြိုက်တယ်။ ပျော်ရွှင်ပါစေ..မမမက်မက်

    ReplyDelete
  12. လာဖတ်သွားတယ် မက်မက်ရေ....
    မျာဂါတွေ ရေးတက်လိုက်ကြတာ....
    ခင်တဲ့
    နှင်းဟေမာ

    ReplyDelete
  13. မင်္ဂလာပါကွယ်..
    မြတ်စွာဘုရားရဲ့ ပုံတော်သုံးပြီး
    အောက်မှာအညှီအဟောက်လေးတွေရေးထားတာကိုး..
    စိတ်ဝင်စားလို့ ဖတ်သွားမိတယ်.
    မိုက်လိုက်တာ..
    ယူ ဥာဏ်ကောင်းလိုက်တာနော်..
    ရှေ့ပြေးလေးပေါ့.:)

    ReplyDelete
  14. ကိတိုးလေးSeptember 6, 2009 at 8:12 PM

    တီတီလေးမက်မက်ရေ အလည်လာပြီးတော့ တဂ်ပိုစ့်လေးဖတ်သွားတယ်ဗျာ ရေးတတ်လိုက်တာနော်။ တဂ်ပိုစ့်ရေးထားတာ စိတ်ကူးယဉ်တယ်သာပြောတယ် မယုံဘူးရယ် ကျွမ်းထိုးပြ။ ဟိဟိ အဆင်ပြေပျော်ရွှင်ပါစေနော်။

    ReplyDelete
  15. ဟော်...........
    တွေ့ပြန်ပြီး..လာသောင်းကျန်းပြန်ပြီး
    ဟိုနေ့ကပဲ လေးနဲ့ပစ်ထားတာ..
    လှောင်အိမ်ထဲထည့်ထားတာ.. အခုေ၇ာက်လာပြန်ပြီး..

    အေးပါ မက်မက်ရေ...
    ပျော်ရွှင်စရာကောင်းတဲ့ သူငယ်ချင်းဇာတ်လမ်းလေးပါလား
    ဖတ်ရတာ ရင်ထဲမှာ ကြည်နူးသွားတယ်..

    ပြန်စဉ်းစားကြည့်တယ်..
    ဇာတ်လမ်းထဲ ဝင်သရုပ်တောင်ကြည့်တယ် ဖတ်ရင်းနဲ့ပေါ့..

    ဟိုလေ.. ဟို..ဟို နေရာမှာ ဆိုရင်တော့လေ အဟွတ်.. အဟွတ် .အဟမ်း ... အောင်မလေး
    သီးတောင်သည်းသွားတယ်..း)

    တကယ်ပါမက်မက်ရေ..
    တကယ်တမ်းကျတော့ သူ့ခမျာ သနားပါတယ်..
    တကယ်တမ်းချစ်ရမဲ့သူကို တွေ့လည်းတွေ့ရော..
    တစ်ဖက်က ပြန်မချစ်တော့ သူ့ခမျာ ခံစားရမှာ..

    အေးပေါ့လေ..
    ဘယ်တတ်နိုင်မှာလဲ..
    ဝဋ္ဋ်လည်တာပဲ ပြောရမှာလားမသိ..

    ပြောဖို့တစ်ခုကျန်သေးတယ်နော်..
    ဇာတ်မမြုပ်ထားနဲ့.. နောက်တော့ ရတီကရော
    ဒီအတိုင်းပဲနေသွားတာလား.. အခုဘယ်ရောက်နေတာလဲ သိလား...
    အခုချိန်ထိ ရတီက ရော....

    ဒါပဲ...
    ကျေနပ်ဘူး

    ပုံ့  /
    ........... တက်လူ ကိုယ်စား..

    ReplyDelete
  16. ထင်တယ်...
    ရတီဆိုတာ ဖွားမက်ဘဲနေမှာ..ဖွားမက်ကတော့ ဇာတ်လမ်းတွေ...လုပ်နေတယ်.. အဟီး

    ခင်မင်လျှက်
    အဆိပ်ခွက်

    ReplyDelete
  17. မက်မက်ရေ..... ကိုချစ် ကခုဘယ်မှာလဲ ဟင်... လူပျိုကြီးပဲလား...။း))

    မက်မက်ကရော...ခုထိ အချစ်ကို သိသေးဘူးလား...း))

    ReplyDelete
  18. အင်.... ဝက်ဝံတို့ သောင်းကျန်းချက်ကတော့ လန်ထါက်နေတယ် လုပ်ချင်တာကို လုပ်နေတော့တာပဲ။
    သြော်..ဒါနဲ့ ဇာတ်လမ်းက စိတ်ကူယဉ်များလား

    ReplyDelete
  19. - ကြီးတို.ကတော. လုပ်ချလိုက်ပြန်ပြီ ... သူပေါ. - ကြီးပေါ.
    ကိုချစ်လောက်နဲ. တက်မလာနဲ. ရင်မခုန်ဘူး အလိုလား :D

    ReplyDelete
  20. မက်မက်ရေ
    အဲဒါ တကယ်စိတ်ကူးယဉ် ဆန်ဆန် ရေးထားတာလား
    ဟုတ်ဘူးထင်တယ်နော် :P
    ခံစားချက်အပြည့်နဲ့ရေးထားသလိုပဲနော် ရတီရေ...အဲဟုတ်ပါဘူး မက်မက်ရေ
    ဒါနဲ့ ကိုမိုးချစ်ကြီးကဘယ်မှာတုန်းးးးးးး :D

    ReplyDelete
  21. ရေးထားတာ ကောင်းချက်.
    ဘာနောက်ဆုံးမှ စိတ်ကူးယဉ်ဖြစ်သွားရတာတုန်း။း)

    ရေးပေးတာကျေးဇူးပါ ညီမလေးရေ.
    မမ အရင်နေ့တွေကလည်းရောက်တယ်. အယ်ရာတက်
    နေလို့လေ။
    ခု စီဘုံးမှာရေးတာလည်းမရဘူး။း(

    ကျန်းမာပျော်ရွှင်ပါစေ ညီမရေ။

    ReplyDelete