Subscribe:

Thursday, October 1, 2009

တက်ဂ်သုံးတက်ဂ်

တစ်ယောက်ထဲ ချစ်ခဲ့တဲ့
မင်းလေးနဲ့
ကိုယ်ခံစားရတာတွေ
အနှိုင်းအဆမဲ့
အတုံ့အလှည့်များ မရတော့ရင်နေ
ဘာမှမရှိ တော့ရင်နေ ကိုယ်ကျေနပ် သွားမှာပဲ
ထာဝရအရှုံး......
ဒီကတော့ချစ်..ချစ်လိုက်ရတာတွေ
ယုံကြည်ပြီးစတေး၊ စတေးခဲ့တဲ့ အချစ်တွေလေ
တကယ်ကို ရူးသွားမလား ဘ၀တစ်ခုကို မင်းယုံကြည်ပေး.....

ရိုမီယို၊ဂျူးလီယက်
မမှီနိုင်ဘူးဆို
အာဒံ၊ဧ၀ထက်
တိုးချစ်မယ်ဆို
ခုတော့လဲလေ ပုံပြင်ထဲမှာ
ချန်ထားရက်သူရေ
ငါနဲ့ဝေးပြီးတော့ မနေနိုင်ဘူးဆို
ငါတစ်ယောက်ထဲပဲ သိပ်ချစ်တယ်ဆို
ခုတော့လဲလေ ငါနဲ့အဝေးကို ထွက်သွားရက်သူရေ
နင်...ရက်စက်တယ်။

လိုချင်တဲ့ အချစ်စစ်ကို
လိုက်ရှာ
မလိုချင်တဲ့ အပေါစား အချစ်တွေနဲ့ပဲ
ကြုံနေရ
လောကကြီးကို
စိတ်နာ၊
ငါရူးပြီလား...
နင်ချစ်ခဲ့တာ ငါမဟုတ်ဘူး ၊ တကယ်ချစ်ခဲ့တဲ့ ငါဟာအရူးပါ။

စမ်းသပ်မမြင် နိုင်သော
ရောဂါ၊
စက်နဲ့ရှာဖွေလဲ
မတွေ့ရပါ။
ပျောက်ဖို့သေချာသော
ဆေးမရှိ၊ အသဲကွဲ
ရောဂါလေ
မင်းကြောင့် ငါခံစား ခဲ့ရတာ
မင်းကုမှ
ပျောက်နိုင်မှာ... ဘယ်သူကယ် နိုင်မလဲ
အသဲကွဲတဲ့ရောဂါ လွယ်လွယ်နဲ့လဲ မပျောက်ပါ
အသဲကွဲ တဲ့ရောဂါ အကြင်နာတွေနဲ့ မင်းကုသပေး...ချစ်သူရေ..

ကိုဇောင်း တက်ဂ်ထားတဲ့ ခုတလော ညည်းမိတဲ့ သီချင်းများ နားထောင်ရင်း မက်မက်ကို အသဲကွဲ နေတယ်လို့တော့ မထင်နဲ့ဦးနော်။ အဟား....အနှစ်သက်ဆုံးခေတ်ပေါ် သီချင်းနဲ့ စာသားတွေပါ ... အရမ်း ကြိုက်ပါတယ်။

နောက်ညီမလေး ပန်းရင့်က တက်ဂ်ထားတဲ့ ကိုယ့်ကိုအမြင် ကပ်ရခြင်း အကြောင်းရင်းများကို ပြောပြရရင်မက်မက်က ဆယ့်သုံးရက်နေ့မှာမွေးတဲ့ လေးကဏန်းသမား တစ်ယောက်ပါပဲ။ ဒါကြောင့် လေးကဏန်း သမားတွေရဲ့ အကြောင်းတွေကို နဲနဲပြောပြ ချင်ပါတယ်။

(4)ဂဏန်းသမား တွေဟာ လူ့ဘောင်လူ့လောကထဲမှာ တော်တော်ထင်ပေါ်မှု ရှိတတ်ကြ တဲ့သူတွေ ဖြစ်ပါတယ်။ ကောင်းချင်လည်းကောင်းမယ် ဆိုးချင်လည်းဆိုမယ်။ ဒါပေမယ့် ထင်ပေါ်ကျော်ကြားမှု ရှိတတ်ကြတယ်။ မိရိုးဖလာ ဓလေ့ထုံးတမ်းတွေကို ယုံကြည်မှု နည်းပြီး လက်တွေ့ကျသူများဖြစ်တယ်။

အစဉ်အလာ တစ်ခုကို ဖျက်သိမ်းပြီး စနစ်သစ် တည်ထောင်တဲ့ နေရာမှာ စံပြဖြစ်တဲ့ သူတွေဟာ (4)ဂဏန်း သမားတွေ ဖြစ်နေတာကို တွေ့ရပါတယ်။အလွန် သိလွယ်တတ်လွယ်တယ် ။ တစ်ထွာပြရင် တစ်တောင်မြင်တတ်တယ်။ ဉာဏ်ကောင်းတယ်။ တီထွင်ဉာဏ် အလွန်ရှိတယ်။ ခေတ်ဟောင်း၊ စနစ်ဟောင်း၊ အတွေးအခေါ်ဟောင်းတွေကို တော်လှန် ချင်စိတ်များ တတ်တယ်။ အရာရာကို အဆင်ပြေ ချောမွေ့စွာနဲ့ မရတတ်ပါဘူး။ ခက်ခက်ခဲခဲနဲ့မှ ရတတ်တာပါ။ နေရာတိုင်းမှာ အတိုက်အခံ တွေများတယ်။

ကိုယ် အဆင်မပြေ မှုတွေများလွန်းလို့ စိတ်တွေညစ် လွန်းမက ညစ်နေတာပါ။ အလုပ်မှာ အတိုက်အခံတွေ အထဲမှာ မရူနိုင် မကယ်နိုင်အောင် ခံစားနေ ရပါတယ်။ နေ့တိုင်းနီးပါး ခံစားရတာတွေ များလာတော့ စိတ်မွန်းကြပ်တယ်၊ စိတ်ဖိစီးမှုတွေ များနေပါတယ်။ အလုပ်မှာ ကိုယ့်ကိုအမြဲလိုလို ပြသနာ ရှာနေတဲ့ မလေးရှား အိန္ဒယ ကုလားမ ရှိပါတယ်။ ကိုယ်လဲအလုပ်မှာ ခဏခဏ လုပ်ကြံခံ နေရတာပါ။ အလုပ်မှာ ပျော်ရွှင်မှု မရှိတော့ပဲ စိတ်တွေညစ်လွန်း နေတော့ တစ်ယောက်ထဲ ဆိုအတွေးလွန် နေတတ်တယ်။

ညဖက်ဆိုလဲ အိပ်မရတာက များနေပြီ။ ဒီဝဍ်က ဘယ်တော့များမှ ကျွတ်နိုင်မှာလဲ ဒါကြောင့် အွန်လိုင်းမှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပဲ အချိန်းဖြုန်း ပစ်လိုက်တယ်။ အဲ့ကုလားမ ထာဝရ ပျော်ရွှင်ပါစေ လို့ပဲမေတ္တာ ပို့ပါတယ်။ ကုလားမဒဏ်ကို မခံနိုင်တဲ့ စလုံးမလေးမ ၂ယောက်ကတော့ အလုပ်က ထွက်သွားပါပြီ။ ကိုယ်လဲ ဘယ်အတိုင်း အတာအထိ ခံနိုင်ရည် ရှိမလဲ မသိဘူး။ သူမစိတ်ချမ်း သာပါစေ လို့မေတ္တာ ပို့သရင်း မချစ်သော်လဲ ကျမနဲ့ အတူရှိ နေသောအရာ တက်ဂ်ပို့လေးကို ရေးပေးလိုက်ပါတယ်။ မုန်းသော်လဲ အတူရှိ နေသော အရာမှာ ထိုကုလားမသာလျှင် ဖြစ်ပါတယ်။း))

အလုပ်မှာလဲ အခုတလော အွန်လိုင်းသုံး လို့မရ၊ ဘလော့လဲလည်လို့ မရပါဘူး။ အရာရာကို စောင့်ကြည့်ခံ နေရတာဆိုတော့ ကိုယ်ကလဲ မလှုပ်သာ မလှည့်သာပါဘူး။ ဆင်ခြင်နေ ရတာပေါ့လေ။ နဂိုထဲကမှ ကိုယ့်ကို ပြစ်ချက်ရှာနေတာ မဟုတ်လား။ အိမ်က ကွန်ပြူတာနဲ့ ဘလော့လည်မယ် ဆိုတော့လဲ ၀င်းဒိုးက မကောင်း၊ ၀ပ်ဆိုဒ်က ဖွင့်မရ၊ ကွန်နက်ရှင် ကကျနဲ့။ ဟင့်..စိတ်ညစ်တယ်။ အဲဒီလို ကံဆိုးနေတော့ အကုသိုလ်ကံ အကျိုးပေးရင် အပြုံလိုက် ပေးတာနော်။ ကံဆိုးမလေး မက်မက်သွားရာ မိုးလိုက်လို့ရွာ ၊ ခွေးလိုက်လို့ဟောင် ခလုတ်တိုက်လို့လဲ ဖြစ်နေတယ်...အဟား..ဘ၀ကလဲ ဆိုးပါ့နော်။း(

ဒါပေမယ့် ဘလော့လည်ဖို့ အချိန်မရ ပေမယ့် ရတဲ့အချိန်မှာ ရရင်ရသလို လည်ပတ်ပြီး စာတွေ ဖတ်ပါတယ်။ ကွန်နက်ရှင် အခြေအနေ အရနဲ့ ကွန်ပြူတာ ၀င်းဒိုးမကောင်းတာကြောင့် ၀ပ်ဆိုဒ်တွေ ဖွင့်ရတာ နဲနဲများများ အခက်အခဲ ရှိနေပါတယ်။ အဲဒီအခက် အခဲတွေကို အခုတော့ ဖြေရှင်းပြီး သွားပါပြီ။

မက်မက်မြွေ ကိုက်ခံ နေရတုန်း ကူညီပေးတဲ့ ကိုအိမ်၊ ကိုမိုးသွေးငယ်၊ တို့ကို အထူးကျေးဇူး တင်ပါတယ်။ နောက်ပြီး မက်မက်ကွန်ပြူတာကို ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံ ၀င်းဒိုးအသစ် တင်ပေးတဲ့ ကိုပုလုကွေး၊ ကိုမီကို တို့ကို အထူးကျေးဇူး တင်ပါတယ်။ တကယ်ပါ။ အွန်လိုင်းမှာ ခင်တယ်ဆိုပေမယ့် တကယ့်မောင်နှမတွေ အရင်းတွေလို အခက်အခဲကို ကူညီဖြေရှင်း ပေးတဲ့အတွက် ၀မ်းသာမိပါတယ်။

နောက်တစ်ခုက ညီမလေး ပန်းနဲ့ ညီမလေး ၀က်ဝံလေးတို့ တက်ဂ်ထားတဲ့ အမြဲရောက်ဖြစ်ပြီး အကြိုက်ဆုံး ဘလော့ငါးခုတဲ့။ ဒါကတော့ ဟင့်...ကလေးကို အခက်အခဲ ဖြစ်အောင် တက်ဂ်တယ်။

အမြဲရောက် တာကတော့ ကိုဝင်းမြင့် ပြုလုပ်ထားတဲ့ ဓမ္မသုခဆိုဒ်ပါ။ နေ့တိုင်းတရားနာ ခွင့်ရအောင် ပြုလုပ်ပေးထားတဲ့ ဆိုဒ်လေးကို ကြိုက်ပါတယ်။ အိုင်ဒီယာလေး တော်တော်ကောင်းမွန်တဲ့ ဆိုဒ်လေးတစ်ခုပါပဲ ဓမ္မသုခ ညီအစ်ကို မောင်နှမ များကလဲ နွေးထွေးမှု ရှိပါတယ်။ ရင်ထဲကြည်နူး ရပါတယ်။

လူငယ်ပေမယ့် အသိစိတ်ဓာတ်က အင်မတန် ရင့်ကျက်ပြီး ဘာသာရေးမှာ အသိနဲ့ ဗသုတုသ ကြွယ်ဝပြည့်စုံတဲ့ မောင်လေးအောင်ဦးရဲ့ ဓမ္မရသ ဆိုဒ်လေးပါ။ နှစ်သက်မိပါတယ်။

နောက်တစ်ခုက မောင်လေး မောင်ကောင်းပါ။ အသက်အရွယ် အများကြီး ငယ်ပေမယ့် ဘာသာရေး အသိတရား ရှိပြီးအရမ်းတော်တဲ့ မောင်လေးရဲ့ ဓမ္မမေတ္တာ ဘလော့ပါ။ ကြိုက်မိပါတယ်။

နောက်တခုက လူငယ်ပေမယ် အသိကြွယ်တဲ့ မွေးလတူ မောင်လေးဖြစ်တဲ့ သူငယ်ချင်း တေဇာရဲ့ ဆိုဒ်လေးပါ။ စာအရေး အသားမှာ အတွေးခေါ် လေးတွေနဲ့ လေးနက်မှုတွေ ဗဟုသုတတွေ ပါပါတယ်။ ဒါကြောင့် ကြိုက်မိပါတယ်။

နောက်တခုက ဘလော့ရပ်ဝန်းကို ရောက်တာ မကြာသေးတဲ့ စာအရေးအသား အရမ်းကောင်းတဲ့ ကိုရန်ကုန်သား ရဲ့ဘလော့ပါ။ စာရေးဆရာတွေ ထမင်းငတ်အောင် ရေးသားနိုင်တဲ့ သူပါ။ (အရေးအသား ကောင်းလွန်းလို့ပါ)း)


အလုပ်မှာ အဆင်မပြေမှုတွေ များလွန်းလို့ တကယ်ကို မက်မက်စိတ်တွေ ရှုတ်နေတာပါ။ တက်ဂ်ပို့စ်လေးကို ရေးပေးတာ နောက်ကျသွား တဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်။ အာဝါးးးနော်။ တက်ဂ်ပို့ ခေါင်းစဉ်သုံးခုကို တခါတည်း ပေါင်းရေးပေး လိုက်တဲ့ အတွက် စိတ်မဆိုး ပါနဲ့နော့်။ :)



16 comments:

  1. အေး အေး မေ့တောင်နေတာ ရေးပေးသားပဲ ဟိဟိ တော်တယ် ယောင်းမက်က ဟိဟိ တဂ် ၃ ခုကို တပြိုင်နက်တည်းရေးသွားတာ ဟားဟားးးးးး

    တောင်ပေါ်တက်တဲ့ ပုံတွေ ကြည့်ရတယ် သိလား အရက်ခွက်ပေးလို့သိလား ပြောရဦးမယ် အရက်ခွက်နဲ့ရန်ဖြစ်တယ်သိလား သောက်ညင်ကတ်လို့မခေါ်ဘူး နော် ယောင်းရေ တာ့တာ နော် ဘိုင် ငါ ၁ ကွ ဟဟဟဟ

    ReplyDelete
  2. ဘာသာရေးဆိုက်ဒ်တွေကြီးပဲ လည်တယ်ပေါ့ ဆိုလိုတာကလေ ကောင်းပါတယ် ဘာသာရေးဆိုက်ဆိုလို ကျွန်တော်တောင် ဘာသာရေးဆိုက်ကို ပြန်မကြည့်ဖြစ်ဘူးဗျာ။

    ReplyDelete
  3. ကျေးဇူးမက် မက်ရေ ရန်ကုန်သား ကိုရှာပြီးသွား လိုက် ပါ့မယ်နော် လမ်းညွှန်တာ ကုသိုလ်ရပါတယ် ဗျာ

    ဥပသကာ

    ငြိမ်းချမ်းပါစေ

    ReplyDelete
  4. အစ်မမက်မက်ရေ.. ကျွန်တော့်ဘလော့လေး ကြိုက်မိတယ်ဆိုလို့ ဝမ်းသာမိပါတယ်..။ ဘာသာရေးကို စိတ်ဝင်စားမှုနည်းနေတဲ့အချိန်မှာ အခုလို အားပေးအားမြှောက်ပြုပြီး ဘာသာရေးဘလော့တွေကို ကြိုက်နှစ်သက်တဲ့ အစ်မအတွက်လည်း ဂုဏ်ယူမိပါတယ်..။ အစ်မတစ်ယောက်.. ဘုရားရှင်ဟောကြားဆုံးမခဲ့တဲ့ တရားတော်တွေကို နာတဲ့အတိုင်းလည်းသိပါစေ.. သိတဲ့အတိုင်းလည်း ကြိုးစားအားထုတ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ် အစ်မ..။ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...။

    ReplyDelete
  5. ရောက်တယ် ဖွားမေ့ရေ။ အားလုံးကို မေတ္တာနှင့် ကျော်ဖြတ်နိုင်မှာပါ။ ပျော်ရွှင်ပါစေဗျာ။

    ခင်မင်ခြင်းနှင့်
    တလနွန်

    ReplyDelete
  6. တဂ်လေးတွေဖြေထားတာလာဖတ်ပါတယ် မက်မက်ရေ...

    ReplyDelete
  7. လာဖတ်တယ်နော် မက်မက်ရေ (အာဝါးမရမှာ စိုးလို့ :) )
    ကျေးဇူးနော်။တဂ်ကိုပြန်ဖြေပေးလို့။

    ReplyDelete
  8. သမီးလေးရေ လာလည်တယ်။ စီဘောက်စ်ပျောက်နေလို့ ဒီမှာပဲ ဖေကြီးအလွမ်းတွေထားခဲ့တယ်။

    ReplyDelete
  9. ပေါလိုက်ချင်ဘူး

    အဲလိုလည်းရလား..

    ဘယ်ယိုရုတ်ရမယ်.. အတဲတွဲတဲ့ရောဒါ
    ဘယ်ယိုချက်ပြီးတွားမယ်..အတဲတွဲတဲ့ရောဒါ
    ရွယ်ရွယ်နဲ့ယဲကြောက်နိုင်..အတဲတွဲတဲ့ရောဒါ

    (((((((((((ရောဒါ))))))))))

    (((((((((((ရောဒါ))))))))))

    ReplyDelete
  10. သိပါဘူး မက်မက်ရယ် စစချင်း အသည်းတွေကွဲနေတယ် မှတ်လို့ :) တောင်တက်ပုံတွေ ကြည့်ရတယ်နော့။ ခွက်ခွက် လာကြွားတာလေ။ :) ပျော်စရာကြီးနော်။

    ReplyDelete
  11. ဘယ်လိုဘဲဖြစ်ဖြစ် မက်မက်တစ်ယောက် အသဲကွဲနေတာတော့ သေချာတယ်။

    ReplyDelete
  12. ကျွန်တော် ခေါင်းကြိမ်းတယ်နော် :)) အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ

    ReplyDelete
  13. အခုလို ရုံးမှာရော အိမ်မှာရော အခက်အခဲတွေကြားက တက်ဂ်သုံးတက်ဂ်ကို ရေးပေးနိုင်တာ တကယ် လေးစားပါတယ်။ ပျော်ရွှင်ပါစေနော် မက်မက်...

    ReplyDelete
  14. ချမ်းလင်းနေOctober 4, 2009 at 2:53 PM

    အအောက်ဆုံးက အဆိုတော် လာဇရုသီချင်းလေးကို ကြိုက်တယ်။

    ReplyDelete
  15. လူလည်ကျတယ် သီချင်းလိုလို ကဗျာလိုလို နဲ.
    တစ်ကြောင်းစီ ကူးထည်.ထားတယ် :(

    ReplyDelete
  16. အဟက်... မက်မက်တစ်ယောက်ပျောက်နေတယ်ထင်တာ. ဂလိုတွေကြောင့်ကိုးး..
    အွန်လိုင်း ၀င်ရင် နောက်ရမယ့်သူမရှိလို့ စိတ် ညစ်နေတာ.. မက်မက်ရ..။
    တရားတွေတအားနာ.. တရားအလုပ်တွေ လုပ်တော့မယ်ဆိုလည်းကြိုပြောနော်.. ပစ္စည်း လေးပါဒါယိ ကာ လုပ်မယ်... :P

    ခင်မင်စွာဖြင့် ကြုံတောင့်ကြုံခဲ့ ဝင်လည်ခြင်း
    (မောင်ငရ်)

    ReplyDelete