
ကြက်ဥငါးပိချက်လေး... :P

အိုးလူးထမင်းလေးပေါ့.. :P

ကဲ..အားမနာနဲ့နော်.. အ၀စားသွား.. :P
ဒီမနက် ရုံးကိုရောက်တော့ ကော်ဖီသောက်ချင်နေတာနဲ့ ငါ့ဘယ်သူများ ကော်ဖီလာတိုက်မလဲဆိုပြီး ဘလော့ ဖွင့်လိုက်တာ...ဟဲဟဲ...တွေ့ပါပြီ ဦးလုံး(ကိုမျက်ဝန်းနက်)ကြီး......အိမ်ကိုလာလည်ရင် ကော်ဖီတိုက်တာ တီတီ ဒရင်းတယောက်ပဲရှိတယ်။အခုကော်ကော်တိုက်တဲ့.....ဟော....မက်မက်အိန်ဂျယ် လေးကလည်း ကော်ဖီ သောက်မယ်ဆိုပဲ။တိုက်ရမှာပေါ့နော့်။ :) ဟဲ...ဟဲ...တွေ့ပါပြီ.....နောက်တစ်ယောက် ကော်ဖီ ဒကာရှင်ကြီး ဦးမိုးတောက် (ကိုမိုးသောက်) က အန်တီဒွင်း အိမ်ကိုလာလည်ရင် ကော်ဖီတိုက်မယ်တဲ့။ :)
ဟဲဟဲ...ဘယ်ရမလဲ အပြေးအလွှား ဦးဦးမိုးသောက်ဆီကိုသွားပြီး ကော်ဖီ သွားသောက်တာပေါ့။ပြီးတော့ထုံးစံ
အတိုင်း ဦးလုံးနဲ့မက်မက်အိန်ဂျယ် အတွက် တာပေါင်း(ပါဆယ်)သယ်လာခဲ့တာပေါ့။ ဟော..တီတီမေကလည်း
တီတီဖျော်တဲ့ ကော်ဖီခါးခါး ကြိုက်ပါ့မလားတဲ့..မက်မက်တို့က ကော်ဖီဆိုရင် ခါးခါးမှကြိုက်တာ ဆိုတော့ ဂွတ်ပေါ့...ဘယ်ရမလဲ ထပ်သောက် လိုက်တာပေါ့။ တီတီ60ကလည်း ကော်ဖီခါးခါးကြိုက်တတ် တယ်ဆိုတော့ တီတီမေ့ဆီကနေ တာပေါင်း ထပ်ယူလာခဲ့တယ်။ဟဲ..ဟဲ.... :P
ဒါနဲ့မောမောနဲ့ ထိုင်နေတုန်း
တီတီတန့်တန့့်် ကမက်မက်ရေ..... တီတီကို ရေတိုက်ပါဆိုလို့ အိမ်တိုင်ရာရောက် ရေသွားတိုက်တာ အမလေး တက်ဂ်နဲ့ညားတော့တာပဲ။ ဟင့်..ဟင့်...မက်မက်လေးကို တက်ဂ်ထားတယ်တဲ့။
တီတီလူဆိုး...ဂယ်ဖဲ..ဂယ်ဖဲ....ဟွန်း :P
ဦးဦးတန်ယွင်(သံလွင်)ဆီသွားတော့လည်းတက်ဂ် နဲ့တိုးနေတယ်။ တက်ဂ်ထားဒါရေးပေးနော်တဲ့။ ဒါနဲ့
ဦးဦးအိန်(အိမ်)ကလည်း ကဲနောက်တစ်တက်ဂ်နော်တဲ့.... ဟယ် .... ဦးဦးအိန်ကဇွတ်ပဲ .. အရှေ့က တက်ဂ်အအကြွေးကို ဆပ်တောင်မဆပ်ရသေးဘူး။ နောက်တစ်တက်ဂ်နော်တဲ့။ ဟင့်ဟင့်....မှတ်ကရောပဲ..... :P
အဲလိုနဲ့ ရုံးမှာ ဘလော့အိမ်တွေကို စုံအောင်မလည် အားတော့ဘူး။ လုပ်စရာရှိတာတွေကို လုပ်ပြီး အလုပ်ကိစ္စနဲ့ အပြင်ကိုထွက်သွား လိုက်ရတယ်လေ။ အလုပ်ကလည်း မပြီးပြတ်သေးဘူး။ ဗိုက်ကလည်း တော်တော်ဆာနေပြီ။ တနေ့လာလည်း Chicken rice နောက်နေ့လာလည်း Chickenriceနဲ့ Foodcourt ကအစားအစာတွေ စားချင်တော့ ဘူးလေ။ ဒါနဲ့ နေ့ခင်းစာကို ဖြစ်သလို ရေသောက်ပြီး နေလိုက်တယ်။ အိမ်ရောက်မှပဲ ထမင်းဆွဲတော့မယ် ဆိုပြီး ပြန်လာတာပေါ့။
အမှန်က ဒီည ဟင်းကောင်းကောင်း ချက်မယ်စိတ်ကူးထားတာ။ ဒါပေမယ့် ညနေအလုပ်က ပြန်လာတော့ လူက တော်တော်ကိုပင်ပန်းနေပြီ။ ဒါနဲ့ နေပစေတော့ ဖြစ်သလိုပဲ ကြက်ဥဟင်းပဲ စားမယ်ဆိုပြီး ရှိသမျှ ကြက်ဥတွေ အကုန်ထုတ် ကြော်ပဲစားတော့မယ်ပေါ့။ ဟဲ..ဟဲ..တကယ်တော့ အမြဲတမ်း ဖြစ်သလိုကြော်ပဲ စားနေရတာကို ငြီးငွေ့နေပြီ။အဲဒါနဲ့ မထူးပါဘူး။ ကြက်ဥအချဉ်ဟင်းလေး ချက်လိုက်မယ်လေဆိုပြီး ချက်တာပေါ့။ အစကတော့ ဟင်းကတော်တော်လေးပေါ့နေတာ။ဒါနဲ့ ငန်ပျာရည် နဲနဲလောက် ထည့်မယ်ပေါ့ဆိုပြီး ...အဟိ... :) .. ထည့်လိုက်တာ အဲဒီမှာ လက်ကချော်ပြီး ငန်ပျာရည်တွေ ဒယ်အိုးထဲကို တော်တော်များများ ရောက်ကုန်တယ်။
အဟဲ...ဘာဖြစ်မယ် ထင်သလဲ...တော်တော်လေးကို စားမရလောက်အောင် ငန်တာပေါ့။ ဟဲ....ဟဲ ..... သိတယ်မလား ဟင်းချက်တဲ့ နေရာမှာ အဲဒီလောက်တော်တာ ။ အဲဒါနဲ့ သိသလောက် မှတ်သလောက် အငန်ပျောက်အောင် မန်ကျည်းသီးဖျော်ပြီး လောင်းထည့်တာပေါ့၊ ရေကိုလည်း ဒယ်အိုးအပြည့်ကို ထည့်ထားပစ်လိုက်တယ်။
ဟားဟား... ကဲမှတ်ကရောပဲ။ဟွန်း ...ဒီလောက်တော့ အပျော့ပေါ့။ ဒါနဲ့ရေခန်းလို့ ပြန်လည်းမြည်းကြည့်ရော ... Ala Mak..တော်တော်ကို အခြေအနေဆိုးဆိုးနဲ့ ရွှေကြက်ဥတွေက ငန်နေတုန်း။ ဟားဟား... ဒါနဲ့....Online မှာမက်မက်ရဲ့ အစ်ကိုနဲ့ တီတီတန့်ကို တွေ့တော့လုပ်ကြပါဦး၊ ကြက်ဥဟင်းက တော်တော်ကို ငန်နေတာ၊ရေလည်း ရောပြီးပြီးပြီ၊ မန်ကျည်းသီး ဖျော်ရည်လဲ ထည့်ပြီးပြီ၊ ငန်နေတုန်းပဲ၊ အဲဒါမငန်အောင် ဘာလုပ်ရမလဲပေါ့။ လှမ်းမေး ရသေးတယ်။ သူတို့က မန်ကျည်းဖျော်ရည်ထည့်တဲ့။ အဲလိုမှမရရင် ဘဲဥရေဆေး အသစ်ပြန်ချက်တဲ့။ အဖြေလေးက အားရှိစရာလေးနော်။ :D ဒါနဲ့မထူးဘူး၊ ဒုတိယံမိ မန်ကျည်းသီးကို ရေဖျော်၊ပြီးတော့ ဒယ်အိုးထဲ ရေအပြည့်ထပ် လောင်းထည့်ပစ်လိုက်တယ်။ ပြီးတော့ငြုပ်ရုပ်သီးတောင့်နဲ့ နံနံပင်လေးပါအုပ်ပစ်လိုက်။ မှတ်ကရောပဲ။ ဟဲဟဲ..ရွှေကြက်ဥတွေက ဘယ်အငြိုးနဲ့ ဒီလောက် ငန်နေမှန်းကို မသိတော့ဘူး။ဟဲ..ဟဲ.. နောက်ဆုံးတော့ ရပါပြီ။ ငါးပိမပါတဲ့ ကြက်ဥငါးပိချက်...ဟားဟား... :P
အဟင့်...ဟင့်.. ဒီနေ့တော့ ဖြစ်သလို ကြက်ဥငါးပိ ချက်လေးနဲ့ ထမင်းအိုးလူး လေးနဲ့ပဲနှစ်ပါးသွား ရတော့မယ်။ :( ကဲစားချင်ရင် တစ်ခါတည်း စားသွားနော်။ ကြက်ဥတွေက ၁၀လုံးတောင် ချက်ထားတာ။ ပျော်ပျော်ပါးပါး ကြက်ဥ ငါးပိချက်လေးနဲ့ အတူတူ စားလိုက် ကြရအောင်...နော်.... :D
ဦးဦးသံလွင်၊ဦးဦးအိမ်နဲ့တီတီတန့်တန့်တို့ရေ ဒီလောက်နဲ့ပဲ ကျေနပ် လိုက်တော့နော်။ ပြီးရင်လည်း ထမင်း တစ်ခါတည်း စားသွားဖို့ မမေ့နဲ့နော်။အားမနာနဲ့ ။ ဟီးဟီး.. :P
အဲဒါကတော့ 7.10.2008 ရဲ့ဖြစ်သလို စားလိုက်ရတဲ့ တစ်နေ့တာ အမှတ်တရလေးပါပဲ။ :)
တက်ဂ်ထုံးစံအရ မက်မက်ကလည်း ပြန်တက်ဂ် ချင်သေးတာပေါ့။ အခုတက်ဂ် ပေးရမယ့်သူတွေကတော့
ဦးဦးတိန်လို့ခေါ်တဲ့ ကိုဖေသိန်း (ရေးပြီးသွားပါပြီ)
ဦးဦးလစ်လို့ခေါ်တဲ့ ကိုကျော်သက်လတ်
ဦးဦးခင်ရေးလို့ခေါ်တဲ့ ကိုမောင်ခင်လေး
ဦးဦးဖားကြီးလို့ခေါ်တဲ့ ကိုဖားကြီး
ဦးဦးလုံးလို့ခေါ်တဲ့ ကိုအနက်ရောင်မျက်လုံး
တီတီယောင်းယောင်းလို့ခေါ်တဲ့ မမီးလေး
တီတီငယ်လို့ခေါ်တဲ့ မခင်လေးငယ်
တီတီမေလို့ခေါ်တဲ့ မမေအိခင်(ရေးပြီးသွားပါပြီ)
တီတီတွန်းတွန်းလို့ခေါ်တဲ့ မစ်(စ်)သွန်းသွန်း
တို့ပဲဖြစ်ပါတယ်။ မက်မက်ကို ခင်တယ်၊ချစ်တယ် ဆိုရင်တော့ တက်ဂ်ပေးကြမယ်လို့ မျှော်လင့်တာပဲ။ :P