Subscribe:
Wednesday, September 24, 2008
လွန်ခဲ့သောအတိတ်ပုံရိပ်များ
တီတီဝါ က TAG ခိုင်းတော့လည်း မရှိမဲ့ ရှိမဲ့ အားအင်လေးနဲ့ ခြစ်ကုတ်ပြီး ဖြစ်ရပ်မှန် အကြောင်းလေး ကိုရေးလိုက်ပါတယ်။အားနာပါးနာ နဲ့ဖတ်ပေတော့နော်။ :)
Track 6 -
ဒီသီချင်းလေး နားထောင်ရင်း သူမရဲ့စိတ် အစဉ်ဟာဟိုးလွန်ခဲ့တဲ့ အတိတ်ကပုံရိပ်များဆီ တွေးတောရင်း...တစ်နေ့~~ထိုတစ်နေ့ကပေါ့ သူငယ်ချင်း တစ်ယောက်နှင့် ချက်တင်ထိုင်ရင်း သူငယ်ချင်းရဲ့ အကောင့်ကနေ သူနဲ့စတင် ရင်းနှီးခဲ့တယ်။ ဒီလိုရင်းနှီးမှု့ကနေတစ်ဆင့် သံယောဇဉ် ရစ်တွယ်လာတယ်။ နောက်၆လလောက် အကြာမှာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်တဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတယ်။
"မ..ရေ..မ ကို မောင် အရမ်းချစ်တယ်ကွာ။မောင်တို့လက်ထပ် ကြရအောင်နော်။မောင့်ဖေဖေနဲ့ မေမေကို မတို့ မိဘတွေဆီမှာ နားသွားဖောက် ခိုင်းလိုက်မယ်။စေ့စပ်ထား ကြရအောင် မရာ။ မကိုမောင် မခွဲနိုင်ဘူး။"
"မောင်ရယ်..သိပ်လည်း မလောပါနဲ့။မကိုအချိန် တစ်နှစ် လောက်တော့ စောင့်ပေးပါနော်။မတို့ အခုလို ကြိုးစားနေချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်နေဖို့ကသာ အဓိကပါ မောင်ရယ်။မတို့နှစ်ယောက် သစ္စာရှိကြေးနော်။နောက်နှစ်ဆိုရင် မနဲ့မောင် တွေ့ပြီး အနာဂတ်အတွက် ဆွေးနွေးမယ်၊ လက်ထပ်မယ်။မောင်နဲ့နီးစပ်ဖို့ မ တစ်နှစ်လောက် ကြိုးစား လိုက်မယ်နော်။မောင့်ကိုလည်း အရမ်း တွေ့ချင်တယ်။ခွဲရမှာလည်း အရမ်းကြောက်တယ်။အရမ်းချစ်တယ် မောင်ရယ်။"
သူမရဲ့ မပြည့်စုံတဲ့ဘ၀၊ သူမရဲ့မိသားစု အရာအားလုံးအတွက် သူမကြိုးစားနေချိန်မှာချစ်သူရဲ့လက်ထပ်ဖို့ တောင်းဆိုမှု့ကို သူမရင်နာနာနဲ့ ငြင်းပယ်ခဲ့ရတယ်။သူမရင်ထဲမှာတော့ငိုကြွေးနေတာ မောင်မသိပါဘူးလေ။
မိသားစုအခက်အခဲ၊ လုပ်ငန်းခွင်ရဲ့ အခက်ခဲ၊ လူမှုရေး အခက်အခဲ ဒါတွေအားလုံးကို သူမချစ်သူရဲ့ ယုယကြင်နာမှု တွေနဲ့အရာ အားလုံး ကိုခါးစည်းပြီး ဖြေရှင်းခဲ့တယ်။ ရင်ဆိုင်ခဲ့တယ်။ဘ၀ကို ပင်ပန်းကြီးစွာ ဖြတ်သန်း နေရချိန်မှာ သူမအတွက် မောင့်အချစ်သည်သာ ကိုးကိုယ်ရာ ဖြစ်ခဲ့တယ်။ တစ်ခါတစ်လေမှာ ချစ်သူတို့သဘာဝ သူမစိတ်ကောက်ရင် မောင်ကချော့၊ မောင်ကစိတ်ကောက်ရင် သူမကချော့နှင့် ချစ်သူဘ၀ကို ပျော်ရွှင်စွာ ဖြစ်သန်းခဲ့ ကြတယ်လေ။
သူမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့် မောင်နဲ့တစ်လ ခွဲနီးပါး အဆက်အသွယ် ပြတ်သွားခဲ့တယ်။ မောင့်ဆီကလည်းဘာ အဆက်အသွယ်မှ မရခဲ့ဘူး။သူမက ဆက်သွယ်တော့လည်း အေးတိအေးစက်နဲ့။ အရင်လို မဟုတ်တာတော့ သေချာတယ်။ဒီလိုနဲ့ တနေ့သူမရဲ့ သူငယ်ချင်းတယောက်နဲ့တွေ့တော့
"ဟဲ့..ဖြူဖြူ နင်မင်းမြတ် နဲ့ပြတ်သွားပြီးလား။ သူနောက်တစ်ယောက်နဲ့ တွဲနေတာ ငါသတင်း ကြားတယ်။ နင်တို့တွေ ဘာဖြစ်ထား ကြတာလဲဟာ။"
"ဟာ..သယ်ရင်းကလည်း ငါတို့တွေဘာမှ မဖြစ်ထား ကြပါဘူး။ငါစိတ်ပူ လိုက်တာဟာ။ငါ့ကိုအဖြစ်မှန် ပြောပြပါ။ဘုရား~~ဘုရား နင်ကြားတဲ့ သတင်းက အမှန်တွေပဲလား။´
ဘုရား..ဘုရား..မောင်ရယ် ရက်စက်လိုက်တာ။သူမ ခေါင်းပေါ်ကို မိုးကြိုးအကြိမ်ကြိမ် ပစ်လိုက်သလို ခံစားလိုက်ရလေသည်။ ဒီသတင်း မမှန်ပါ စေနှင့်လို့ အကြိမ်ကြိမ် စိတ်ထဲမှ ဆုတောင်း နေရသည်။ဒီကိစ္စ သူမစုံစမ်း ပေတော့မည်။သူငယ်ချင်းရဲ့ အကူအညီနဲ့ မောင့်ရဲ့ ကောင်မလေး ဆိုသူနှင့် ဖုန်းပြောခွင့်ရသွားလေသည်။
"ညီမလေးနာမည်က ဖြူဖြူလား။အစ်မနာမည်က မကြွယ်ကြွယ်ပါကွယ်။"
"ဟုတ်ကဲ့မမ ၊ညီမဖြူဖြူပါ"သူမဆို့နင့်စွာပြန်ဖြေလိုက်သည်။"မမနဲ့ စကားပြော ခွင့်ရတာ ဖြူဖြူ ၀မ်းသာပါတယ်မမကြွယ်။"
"ညီမလေးရယ် အစ်မကြားရတာ ညီမလေးကို သနားလိုက်တာ။တကယ်တော့ အစ်မနဲ့ မင်းမြတ်နဲ့ ကတစ်မြို့ တည်းသားတွေပါ။ လူကြီးချင်း သဘောတူ စေ့စပ်ပေးထား ကြတာလေ။အစ်မတို့က လင်မယား ဆိုလည်း မမှားပါဘူး။အစ်မက အလုပ်ကိစ္စနဲ့ နိုင်ငံခြားကို ခဏခဏ ခရီးထွက် နေရတော့သူနဲ့ အဆက်အသွယ် ပြတ်သလို ဖြစ်သွားတာ။ အစ်မလည်းသူ့ကို သစ္စာရှိမယ်လို့ ယုံကြည်မိ ခဲ့တယ်လေ။ခုတော့ အစ်မ ကွယ်ရာမှာ သူနဲ့ညီမလေးတို့ ချစ်နေတာကို အစ်မအခုမှ သိလိုက်ရတယ် ညီမလေးရယ်။ အစ်မဘာလုပ်ရမလဲ။အစ်မ မိဘတွေ မျက်နှာပျက် ရမှာကိုစိုးတယ် ညီမရယ်၊သူ့ကိုဒီလို အခြေအနေထိ ရောက်အောင် အစ်မတို့က ပျိုးထောင်ပေးထား ရတာလေ ညီမရဲ့။သူ ဒီလိုလုပ်လိမ့်မယ် လို့အစ်မလုံးဝ မထင်ထားဘူး ညီမလေးရယ်"
အို...သနားစရာ ကောင်းလိုက်တဲ့ မမပါလား။မောင်ရယ် ဘာလို့ အဲလောက်ထိရက်စက်ရတာလဲ။ခုတော့ အားလုံး နစ်နာရမဲ့ အဖြစ်ပါလား။သူမ၀မ်းနည်းမှုနှင့် ငိုကြွေးယုံမှတပါး ဘာမှတတ်နိုင်ပါ။သူမဆက်ပြီး ကြားနိုင်စွမ်းမရှိပါ။ သူမရင်ထဲမှာ ဗလောင်ဆူနေပြီ။သူမ အားအင်းချိနဲ့ နေပြီလေ။သူမကို ကံတရားက ရက်ရက်စက်စက် နှိပ်စက်နေလေပြီ။အကယ်၍သာ သူမရှေ့ဆက်တိုးရင် မမကြွယ်အဖို့ လုံးဝပိုနစ်နာ သွားပေမည်။မောင့်ကိုလည်း ဒီလိုအခြေအနေထိ ရောက်အောင် ပျိုးထောင်ထားသူ မကြွယ်ကြွယ်ဆိုသည့် အမျိုးသမီးကို သနားသွားလေသည်။ ဒါကြောင့်သူမ အနေနဲ့ နောက်ဆုတ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။မောင့်ကိုလည်း လုံးဝအဆက်အသွယ် မလုပ်ပေးဖို့ သူမဆီက ကတိတောင်း သွားလေသည်။မိန်းမချင်း ကိုယ်ချင်းစာ၍ သူမမောင့်ကို လုံးဝအဆက်အသွယ် မပြုတော့ ပါကြောင်း ရင်နာနာနဲ့ ကတိပေး လိုက်ရလေသည်။
သူမနောက်ဆုံး အကြိမ်အဖြစ် မောင့်ကိုဖုန်းဆက်ပြီး အဖြစ်မှန် တွေကိုမေးသည်။သူမနောက်မှ သိလိုက်ရသည်က မောင့်မှာ မည်သည့်စေ့စပ်ထားတဲ့ မိန်းကလေးမှ မရှိကြောင်း ၊အခုချစ်သူ ဆိုတာကလည်း သူမရဲ့နောက်မှ တွေ့တာဖြစ်ကြောင်း၊သူမရဲ့ ဂရုစိုက်မှုနဲ့ ကင်းလွတ်တဲ့ ခဏတာ ကင်းဝေးစဉ်မှာ တွေ့တာဖြစ်ကြောင်း ၊သူမ သိလိုက်ရလေသည်။ မောင့်ကို သူယုံသည်။မောင်နဲ့ တွဲနေစဉ် နှစ်နှစ်တာ ကာလမှာ မောင့်ကိုသူမ လုံးဝယုံကြည်သည်။ မောင့်သူငယ်ချင်း ဆိုသူကလည်း လုံးဝမဟုတ်ကြောင်း၊ ဒီအမျိုးသမီး လိမ်လည်တာ ဖြစ်ကြောင်းပြန်လည်၍ ပြောပြလေသည်။ဒါဆိုသူမထို အမျိုးသမီး ဆိုသူ၏အကြောင်းကို အစအဆုံး ပြန်စုံစမ်း ရပါပြီ။အရာရာကို အစအဆုံး ပညာသား ပါပါနှင့် လိမ်လည်သွားသူ မမကြွယ်ရဲ့ လုပ်ဇာတ်ကို သိသွားရချိန် မှာတော့သူမဟာ မိန်းမလည်သိန်းကြွယ်ရဲ့ မာယာကျော့ကွင်း ထဲမှာလုံးဝ သက်ဆင်းမိ သွားခြင်းပင်ဖြစ်သည်။ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူမပေးထားတဲ့ ကတိကို စောင့်ထိန်းရပေမည်။မမကြွယ် ဆိုသည့် အမျိုးသမီးကို သူမအနေနဲ့ နောက်ဆုံး နှုတ်ဆက် လိုက်လေသည်။
လူရယ်လို့ ဖြစ်လာရင် နောင်တစ်နေ့ တစ်ချိန်မှာ လူကြီးလူကောင်း တစ်ယောက်ဖြစ်လာအောင် ဘယ်လိုနေထိုင် ပြုမုပြောဆိုရမယ်၊ နေထိုင်သင့်တယ် ဆိုတာကို နားလည်သဘောပေါက် လက်ခံထား တဲ့အတွက် ဒီစာနဲ့အတူ နောက်ဆုံး ပြောချင်တာက မမကြွယ် ဘက်ကဖြူနဲ့ ပတ်သက်ပြီး အစစအရာရာ စိတ်ချနေ ပေးပါဆို တာပါပဲ။ကိုယ်ပေးထားတဲ့ ကတိကိုလည်း ကိုယ်မြတ်နိုးသလို ကိုယ့်ပါးစပ်က ထွက်လာတဲ့ စကားတွေ ကိုလည်းကိုယ် တန်ဖိုး ထားတယ်။ဒါကလည်း ကိုယ်ချစ်ခဲ့တဲ့ လူတစ်ယောက်အတွက် ဖြူနောက်ဆုံး လုပ်ပေးနိုင်တဲ့ တခုထဲသော အရာပါပဲ။ အရာအားလုံး ပြီးဆုံးသွားပေမယ့် ရင်ထဲမှာတော့ အမှတ်တရ အနေနဲ့ခြေရာ ထင်ကျန် ခဲ့ပါတယ်။ အဲဒီခြေရာလေး ကိုတော့ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရ တခုအနေနဲ့ သိမ်းထားပါ့မယ်။ ဒါကလည်း ဘာရည်ရွယ် ချက်နဲ့မှ မဟုတ်ဘူးဆိုတာ ကိုလည်းသိ စေချင်တဲ့ စိတ်သက်သက်နဲ့ပါ။ကိုယ်ပေးခဲ့တဲ့ ကတိကို ကိုယ်တာဝန် ယူရဲတဲ့ စိတ်ကိုပြတဲ့ အနေနဲ့ အစ်မဘက်က သံသယ ကင်းစေချင်လို့ပါ။ ဘာအငြိုး အတေးမှ မပါပဲ ရင်ထဲက အဖြူသက်သက်နဲ့ အစ်မကို နောက်ဆုံး နှူတ်ဆက်ပါတယ်။ အရာအားလုံး အတွက်လည်း ကျေးဇူးတင်ပါတယ် မမကြွယ်။
ဒီနောက် သူမ စဉ်းစားသည်။မမကြွယ် ဆိုသည့်မိန်းကလေး ဘာကြောင့် သူမကို လိမ်သနည်း။သူမနောက် ဆုတ်ပေးဖို့ ဆုံးဖြတ်ပြီး ကတည်းက သူမရဲ့ ကွဲကြေနေတဲ့ နှလုံးသားတစ်စုံဟာ သူမချစ်ခဲ့တဲ့ သူအတွက် ပန်းခင်းလမ်း အဖြစ်ထာဝရ နင်းလျှောက်ဖို့ခင်း ထားမှာပါ။မောင်ထာဝရ ပျော်ရွှင်ပါစေ။ ဖြူ့အတွက်တော့ နောက်တစ်ယောက် ထပ်ရှိလာ နိုင်ပေမယ့် နောက်တစ်ယောက်ကို ထပ်ချစ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေပါ။ ခဲမှန်ဖူးတဲ့ စာသူငယ်လို ရင်တစ်ထိတ် ထိတ်နဲ့ပါပဲ မောင်ရယ်။
အတိတ်မှ အကယ့်အဖြစ် အပျက်တစ်ခု အားမချွင်းမချန် ပြောပြပေးသော မမဖြူအားDreamမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။မမဖြူ နဲ့အတူ ထပ်တူခံစားရပါတယ်။
53 comments:
  1. သက်တန့်September 24, 2008 at 4:08 AM
    ခုလို မချွင်းမချန်နဲ့ ပြန်လည်မျှဝေပေးတဲ့ Dreamလေးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ရှန်... :P
    ReplyDelete
  2. အယ်..အယ်..မမဖြူက အဒူတုန်း.. ဟီးဟီး
    တီတီဝါ၀ါ ကြောတာ မမဖြူ အကြောင်း ဟုတ်ဖူးရေ..
    ချစ်သောညီမလေး Dream လေး အကြောင်း။
    ဟွန်း ဟွန်း... တူလေးဂ တညို...။
    ရပါဒယ်...ရပါဒယ်.. ဒီလောက်ဆို တီတီဝါ၀ါ သဘောပေါက်ပါတယ်ကွယ်။ အဟား...
    ကြောင်မလေး အရေး အရမ်းကောင်း.. လူနဲ့စာ နဲ့
    မလိုက်ဖူး။။။ တော်ဒယ်.ညလေး ရေ..း)
    တီတီဝါ၀ါ ကို ချစ်လို့ ရေးပေးတာပဲ.. ဘာပဲဖြစ်ဖြစ်
    ကျေနပ်ရမှာပေါ့ရှင်။။။။ ဒါနဲ့... မင်းမြတ် က ဆိုးတာလား။ မမကြွယ် ကဆိုးတာလား။
    မမကြွယ်က မဟုတ်တာလိမ်ပြောတာလေ.ညီမလေးရဲ့.
    ဖြူမှ မမှားတာပဲ.... ကိုယ်အရမ်းချစ်ရင်.. ဖြူက ရအောင်
    ပြန်ယူနိုင်ရမှာပေါ့ကွယ်။ မမ ကတော့ ဖြူ နဲ့ မင်းမြတ်
    ကိုပြန် အဆင်ပြေစေချင်လိုက်တာ... မမကြွယ်ကို
    မုန်တယ်..တကယ်။
    ReplyDelete
  3. တကယ်တော့ဖြူဆိုတာ-----ပါ။
    ဟဲ..ဟဲ..တကယ်တော့တီတီဝါ
    သိပါတယ်။ဖြူဆိုတဲ့မိန်းကလေးက
    ဘယ်သူလဲဆိုတာကိုလေနော်။မပြောတော့ဘူး။ :)
    အင်း!!တကယ်တော့သူပေးလိုက်တဲ့ဂတိသစ္စာ
    ကိုစောင့်စည်းနေရလို့ပေါ့။သူချစ်ရဲ့နဲ့စွန့်လွတ်ပေး
    လိုက်ရတာလေ။ခုချိန်ထိသူ့မှာဒဏ်ရာတွေကိုကုစား
    လို့မရသေးဘူး။
    ReplyDelete
  4. အိုး.... အကြံတစ်ခုပေးချင်တယ် မင်းမှာသစ္စာ လူမှာ ကတိဆိုတာမှန်ပါတယ် ကတိတစ်လုံးတန်ဖိုးထားတဲ့ ဖြူကိုလည်းလေးစားတယ် ဖြစ်သင့်တာက လူလည်ကျလိမ်သွားတဲ့ ကြွယ်ကြွယ် နဲ့ပတ်သတ်ပြီး မင်းမြတ်ကတစ်ကယ်ချစ်တာဟုတ်ရဲ့လား စုံစမ်းသင့်တယ်ထင်တယ် မိန်းမလည်တစ်ယောက်အတွက်နဲ့ သိပ်ချစ်တဲ့ချစ်သူတွေ ဝေးကြတာ မလိုလားဘူး........ ဒီလိုပဲထင်မိပါတယ်...... :)
    ReplyDelete
  5. မမ ကတော.ဘယ်သူ့ မှ ဂရု မစိုက် ။ ကိုယ့်ကို ချစ်ရိုး မှန်ရင် လူပျိုဖြစ်ရင် ယူလိုက် မှာဘဲ. လူလိမ် ကု ပေးတဲ. ကတိ ကို ဖျက်လိုက် မှာဘဲ. ။
    ReplyDelete
  6. တကယ့်အဖြစ်အပျက်လား....စိတ်ကူးယဉ်လား ဟင်။
    ReplyDelete
  7. ကတိတစ်ခုကို တန်ဖိုးထားတဲ. လူတစ်ယောက်အနေနဲ့  ကတိဆိုတာ လွယ်လွယ်နဲ့ ပေးလို့  ကောင်းတဲ့ အရာ မဟုတ်ဘူး။ အဖြစ်မှန်ကို သေချာသိအောင် စုံစမ်းပြီးမှ ဆုံးဖြတ်သင့်တဲ့ ကိစ္စတစ်ခုပေါ့။
    ReplyDelete
  8. Dream ရေ ..
    တစ်ကယ့် လူတော် လူကောင်း တစ်ယောက်ဖြစ်ချင်တယ် ဆိုရင်တော့
    ရိုးသားရုံနဲ့ မရပါဘူး ... ချင့်ချိန်စဉ်းစားတတ်ပြီး
    ပါးနပ်လိမ္မာဖို့ အမှန်တရားဖက်က ရပ်တည်နိုင်ဖို့ လည်း လိုပါတယ် .. ဒါက အခြေအနေ အားလုံးအတွက် ပြောတာပါ ..
    ဒီဇာတ်လမ်းလေးထဲက မဖြူဖြူ ဆိုရင်တော့ အားနည်းတယ်လို့ပဲ ပြောရတော့မှာပေါ့ ..
    ဘာပဲ ဖြစ်ဖြစ် ရေးသားသူ Dream ကတော့ တော်ပါတယ်ဗျာ :P
    ReplyDelete
  9. ဦးဦးရဲ့ Dream လေးရယ်-တကယ်ပဲရင်ထဲစိတ်မကောင်းပါဘူးသမီးရယ်
    ဒီလောက်ချစ်ဖို့ကောင်းတဲ့ Dream ဖြူဖြူလေးက ဒီလိုခံစားချက်မျိုးနဲ့ရင်ဆိုင်ရတာပင်ပန်းမှာပေါ့ Dream ရေ အားတင်းထားပါလို့ ဒီထက်ကောင်းတာတွေကိုယ့်အတွက်ကျန်သေးလို့ပါလို့ ဖြူဖြူ့ကိုပြောပေးပါ ဦးဦးလည်းအခုတစ်လောအရမ်းပင်ပန်နေတယ် connection မကောင်းလို့လေ-
    ရယ်စရာတွေသာရေးပါ Dream Dream လေးရယ် ဘာဖြစ်လို့လဲဆိုတော့ ဦးဦးလဲခဲမှန်ထားတာ :D
    ReplyDelete
  10. ရှုပ်တယ် နှစ်ယောက်စလုံး ရှင်းပြစ်လိုက်!
    ReplyDelete
  11. နှလုံးသား ဆန္ဒတွေပြည့်တွေ ပြည့်ဝပါစေ ညီမငယ် DREAM ရေ ၊၊
    ReplyDelete
  12. ဟူးးးး။ ဒီဇာတ်လမ်းဖတ်လိုက်ရတာ ပိုပြီး စိတ်မကောင်ဖြစ်သွားရပြန်ပြီ။ အင် အရေးအသားကတော့ ကောင်းပါ့။
    ReplyDelete
  13. မက်မက်ရေ.....
    ဖြူ ဆိုတဲ့ကောင်မလေး ရင်ထဲကို ဝင်ကြည့်နေတာ...
ုဖြူက အချစ်ကို ကိုးကွယ်တယ်
    မင်းမြတ်က သစ္စာမရှိဖူး... ခဏလေးဝေးတာနဲ့ နောက်တစ်ယောက်ကို ရင်ထဲမှာထည့်နိုင်တယ်..
    အဲဒီ အတွက် ဖြူ ဘယ်တော့မှ မင်းမြတ်ဆီကို ပြန်မသွားသင့်ဘူး... တီတီငယ် ကတော့ပြတ်သားစွာ
    ဖြူ့ကို တားတယ်လို့ ပြောလိုက်နော်..။
    ဖြူ ဆိုတဲ့ ကောင်မလေး ကြွယ် ဆိုတဲ့ အမျိုးသမီးကို ကျေးဇူးတင်လိုက်ပါ..။
    ကြွယ်က ညာတယ် ဆိုခဲ့ရင်တောင် ကျေးဇူးတင်သင့်တယ်။
    ReplyDelete
  14. ချစ်တဲ့သူနဲ့ မပေါင်းဖက်ရတာ အမင်္ဂလာလို့ ဆိုပေမဲ့ အကိုကတော့ ညီမလေးကိုယ်စား ဂုဏ်ယူပါတယ်။ နှလုံးသားနဲ့ ရင်းပြီး ကိုယ်ပြောခဲ့တဲ့ စကားကို မပျက်အောင် ထိန်းသိမ်းထားနိုင်လို့ပါ။ ညီမလေးကို ပြော
    ပြသွားတဲ့ ဖြူလေး ဒဏ်ရာတွေ အမြန်ဆုံး ပျောက်ပြီး
    ကိုမင်း နောက်တစ်ယောက်နဲ့ တွေ့ပါစေလို့ ဆုတောင်းပေးပါတယ် ဗျာ
    ReplyDelete
  15. ချစ်သောညီမလေး Dream ရေ..
    ဟုတ်တယ် ညီမလေး ရေ.. မမ က ညီမလေးကို
    အားနာ သနားလို့ အရင် Comment ကိုအဆင်ပြေ
    အောင်ရေးပေးသွားခဲ့တာလေ...
    မမ ဆိုရင် သစ္စာမရှိတဲ့ မင်းမြတ်ကို မုန်းပစ်လိုက်မယ်။
    ဂတိ သစ္စာမရှိပဲ လိမ်ပြောတဲ့ သူတစ်ပါးချစ်သူနှစ်ဦး
    အကြားမှာ ၀င်ရှုတ်ခဲ့တဲ့ ကြွယ်ကြွယ် က မကြာခင်
    စောင့်ကြည့်နေ.. ညီမလေး ရေ..
    ညီမလေးရဲ့ အဖြစ်အပျက်အကုန်လုံး တီတီဝါ၀ါ ကသိ
    နေတဲ့ အတွက်... တီတီဝါ၀ါ ကတော့ ညီမလေး နဲ့
    ထပ်တူခံစားရပါတယ်..ချစ်ညီမလေး ။
    ညီမလေးဖြူ..ရေ..သစ္စာမရှိတဲ့ ယောကျာင်္းတစ်ယောက်
    ကို မေ့ပစ်နိုင်အောင်ကြိုးစားပြီး.... အဲဒီယောကျာင်္ထက်
    အစစ အရာရာ သာလွန်မြင့်မြတ်တဲ့ အမျိုးကောင်း
    ယောကျာင်္းတစ်ယောက် ကို အမြန်ဆုံး ပြန်လည်တွေ့
    နိုင်ပါစေကွယ်။။။။။။
    မေတ္တာမွန်ဖြင့်...
    တီတီဝါ၀ါ
    ReplyDelete
  16. ဖတ်လို့တကယ်ကောင်းတယ် Dream ရေ... ဖြူ့အတွက်ရော မမကြွယ်အတွက်ပါ စိတ်မကောင်းဖြစ်မိပါတယ်...
    ReplyDelete
  17. အိမ်မက်ကလေးရေး
    ကြွယ်ကို ဘဲကျေးဇူးတင်လိုက်ပါ
    လပိုင်းလောက်ကွဲကွာသွားတာနဲ့ သူ့ရဲ့စိတ်ဓါတ်အမှန်ကိုစောစောစီးစီးသိခွင့်ရလိုက်လို့ပါ
    တစ်ကယ်လို့များသူနဲ့ ကြွယ်ဖြစ်ခဲ့တာ မဟုတ်ဘူးဆိုရင်တော့ အဲလို မိန်းမတစ်ယောက်ကို ပေးခဲ့တဲ့ဂတိကို ထိန်းသိမ်းထားစရာအကြောင်းမရှိဘူးလို့ ထင်တယ်
    ချစ်တော့ချစ်တာပေါ့ ဒါပေမယ့်လည်း :P
    လူနဲ့မလိုက်အောင်စာရေးအရမ်းတော်တဲ့ အိမ်မက်ကလေးရေ
    အားပေးနေမယ်နော်
    မေသူ
    ReplyDelete
  18. အဟမ်းအဟမ်း ဆိုပြီးလာချောင်းဆိုးသွားလို့ ပြန်လာလည်တာ.. ဒီရောက်တော့ မကြွယ်ကြွယ်နဲ့တိုးတာပဲ .. မလျှော့နဲ့လေ .. သူကလိမ်နေတာပဲဟာ .. မမဖြူဖြူကလည်း .. အတော်ညံ့သေးတာပဲ ...
    ReplyDelete
  19. There are many heartbroken stories out there.
    I'm still wonder what was my past...
    :|
    ReplyDelete
  20. ဇာတ်လမ်းက ဖတ်လို့တော့ ကောင်းပါတယ် Dream ရယ်...
    ဒါပေမယ့် ဒီဇာတ်လမ်းလေးကို သိနေသလားလို့ စဉ်းစားနေမိတယ်။
    ဘာပဲဖြစ်ဖြစ် တို့ကတော့ ကိုယ်ချစ်ခဲ့ဖူးတဲ့ ချစ်သူတစ်ယောက်ကို သူဘာပဲကိုယ့်အပေါ် မှားခဲ့မှားခဲ့ သူမှားတာကို ကိုယ့်စိတ်ထဲမှာပဲ သိမ်းထားလိုက်မယ်။ သူများပြောစရာ ဖြစ်အောင်တော့ မလုပ်နိုင်ဖူး။ အခုတော့ Blog ထဲမှာ မင်းမြတ်ကို သစ္စာမရှိတဲ့သူလို့ ၀ိုင်းပြောနေကြတာကိုရော တစ်ချိန်က သိပ်ချစ်ခဲ့ပါတယ်ဆိုတဲ့ ချစ်သူအနေနဲ့ ကြည့်ရက်ကြားရက်ပါသလား။ ကိုယ်တန်ဖိုးထား မြတ်နိုးခဲ့တဲ့သူတစ်ယောက်ကို ကိုယ်သာဆိုရင်တော့ ဘယ်သူမကောင်းပြောတာမှ ခံနိုင်မှာ မဟုတ်ဖူး။ ကိုယ့်စိတ်နဲ့ နှိုင်းကြည့်တာပါ။ ဘာရယ်မဟုတ်ပါဖူးနော် :)
    ReplyDelete
  21. This comment has been removed by a blog administrator.
    ReplyDelete
  22. This comment has been removed by a blog administrator.
    ReplyDelete
  23. တကယ်အဖြစ်အပျက်ဆိုရင် သုံးယောက်လုံးမှားတာပေါ့ ...ယုံလွယ်တဲ့သူရော...သစ္စာမရှိတဲ့သူရောပေါ့... ဒီလို ဖြစ်လာရတာဟာ...အကုန်လုံး မကောင်းလို့ပေါ့ဗျာ...လက်ခုပ်ဆိုတာ တဘက်တည်း တီးလို့လည်း မရပါဘူး ဗျာ...ပထမဆုံး မင်းမြတ်ကသာ ဖြုဖြုကို တကယ်ချစ်တယ် ဆိုရင် ဗျာ..တလ မဟုတ်ဘူး တစ်နှစ်ကြာတောင် နောက်တစ်ယောက် ရသွားပါ မလား..ကဲ့ ဖြုဖြုကရော ဘာလို့ ကိုယ့်အပေါ် မချစ်တဲ့ သူကို ဘာမှ စိတ်ထဲ ထားစရာ မလိုဘူး ...ကြွယ်ကိုတော့ အပြစ်မပြောချင်ဘူး ..ဘာဖြစ်လို့လည်း ဆိုတော့ ..ကဲဗျာ အိပ်မက်လေးကို ကောင်လေးတစ်ယောက်က အတင်းလိုက်နေတယ် ဆိုပါတော့ ..အိပ်မက်လေးကလည်း သူကို ရင်ခုန်တယ်ဆိုရင် ..သူကို စွန့်လွတ်နိုင်ပါ့မလား.. သူကလည်း လက်ထပ်မယ်လို့ပြောထားခဲ့ရင် အိပ်မက်လေးကလည်း ကိုယ်အသိတွေကို ပြောပြမှာပဲပေါ့..တကယ်လို့သာ မင်းမြတ်က ကြွယ်ကို ဘာမှ ကို မပြောထားရင် ..ကြွယ်ဆိုတဲ့ မိန်းကလေးအနေနဲ့ လူတကာကို သူနဲ့ လက်ထပ်မှာပါ လို့ ပြောပြမလား ...မိန်းကလေးတို့ရဲ့ ရွှေပေးလို့ မရတဲ့ .........ရှိတယ်လေ..ဟုတ်တယ် ဟုတ်...ကျွန်တော် ကတော့ အညတရ ဆိုတဲ့ အတိုင်း ဘာမှမသိပါဘူး … လျှောက်ပြောကြည့်တာ..အဟီ..ကျွန်တော်က လောကကြီးကို အကောင်းမြင်တတ်တဲ့ အတိုင်းပဲ အမှန်ပြောရရင်… ဘယ်သူမှာမှ အပြစ်မရှိပါဘူး…
    ကိုယ်တကယ်ရင်ခုန်တဲ့သူကို ရွေးချယ်သွားတဲ့ မင်းမြတ်ကလည်း သူအလုပ်သူလုပ်ခြင်းပါပဲ
    ဖြူဖြူအတွက်လည်း ကိုယ့်ကို တကယ်မချစ်တဲ့ သူနဲ့ဝေးတာကောင်းတာပေါ့..ဒါမှ မဟုတ် ရင်လည်း ဖူးစားမပါလို့ပဲပေါ့ဗျာ…ဘယ်တတ်နိုင်ပါ့မလည်း …
    ကြွယ်ကြွယ်ကလည်း သူချစ်တဲ့ သူနဲ့ သူလက်တွဲသွားရတဲ့ အတွက်ကောင်းတာပဲပေါ့..ဗျာ..
    ဖြူဖြူရယ် အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုရင်လည်း ..၀ဋ်ကြွေးလို့မှတ်လိုက်ပါကွယ်..ပေးဆပ်ခြင်း အချစ်ဆိုတာလည်း ရှိပါသေးတယ် ..ရယူပိုင်ဆိုင်မှ အချစ်စစ်မဟုတ်တာပဲလေကွယ်…
    မျိုးကြီးသီချင်းအော်ဆိုလိုက်လေ..”ရယူခြင်းမဟုတ်ရင် အချစ်ကဘာလည်း ..ငါကို လည်း ပြောပြအုန်းလေ…………”
    ဇာတ်လမ်း ပြောသူ အိပ်မက်လေးလည်း ပင်ပန်းနေပြီ ..ကော်ကော် ဖျော်ထားတယ်..နော် ..
    နားလိုက်တော့…အိပ်မက်လေးလည်း အဲဒီ ဇာတ်လမ်းကို သိပြီး တော့ ကိုယ်ကို တကယ် မြတ်နိုးတဲ့ သူလေးနဲ့ဆုံးစည်းပါစေကွယ်…
    ReplyDelete
  24. Dream ရေ ဒီဇာတ်လမ်းလေးမှာ ပါတဲ့ ဖြူဖြူ အတွက် စိတ်မကောင်းဖြစ်မိပါတယ်... ဒါပေမဲ့ သူလည်း နဲနဲတော့ အားနည်းသလိုပဲ ကတိဆိုတာ ပေးပြီးရင် တည်ရမှာပါ. ဒါပေမဲ့ကတိမပေးခင်မှာ အရင် သေချာအောင် စုံစမ်းသင့်တယ်လို့ ကျနော်တော့ ထင်တယ်ဗျာ..
    ReplyDelete
  25. This comment has been removed by a blog administrator.
    ReplyDelete
  26. ကော်မက်တွေ တထွေးကြီးနဲ့ အောင်မြင်လိုက်တဲ့ ပို့စ်ပါပဲ မစ္စဒရင်း ရေ … ချ ချ ၊ ကိုယ့်ဇာတ်လမ်းမှာ ကိုယ်မင်းသမီးပေါ့ .. ဘယ်သူတွေ ဘာပြောပြော ဂွတ်မယ်ထင်ရင် ဒူးသာဒူး .. ဒါပေမယ့် လိပ်ပြာတော့ လုံပါစေနော် ..
    ReplyDelete
  27. This comment has been removed by a blog administrator.
    ReplyDelete
  28. This comment has been removed by a blog administrator.
    ReplyDelete
  29. This comment has been removed by a blog administrator.
    ReplyDelete
  30. ညီမလေး ရေ..အစစ အရာရာ အဆင်ပြေပျော်ရွှင်ပါစေ
    နော်။
    အားလုံး ကို ကျမတောင်းပန်ပါတယ်.. ဒီပို့စ်လေးဟာ
    ကျမ က တက်လို့ ညီမလေး ရေးရတာပါ. ကျမ ကလည်း အမှန်ပို့လေးတွေ ရေးပေးကြဘို့ တောင်း
    ဆိုထားလို့ပါရှင်။ ဘယ်သူကိုမှ နစ်နာ စေဖို့ မရည်ရွယ်ပါ။
    ကိုယ်လုပ်တာ မှန်နေတယ်ဆိုရင် ဘယ်သူကိုမှ ဂရုစိုက်
    စရာမလိုပါဘူး ရှင်။ ဒီပို့စ် လေးကို ၀တ္တုဇာတ်လမ်းလေး
    တစ်ပုဒ်လိုပဲ သဘောထားပေးပြီး ကိုယ်မဟုတ်ရင် နာ
    စရာလုံးဝ မလိုပါဘူးရှင်။ကိုယ်နဲ့မဆိုင်ဘူးလို့ပဲသဘော
    ထားပေးကြပါနော်.....
    အားလုံး အဆင်ပြေပျော်ရွှင်ကြပါစေ။
    ReplyDelete
  31. This comment has been removed by a blog administrator.
    ReplyDelete
  32. This comment has been removed by a blog administrator.
    ReplyDelete
  33. This comment has been removed by a blog administrator.
    ReplyDelete
  34. တော်ပါတော့ဗျာ...ဘယ်သူမှားတယ် မှန်တယ် မလုပ်တော့နဲ့ဗျာ... ကျွန်တော်ကတော့ ဘာမှ မဟုတ်ပါဘူး ..ဘာမှ လည်း မသိပါဘူး ...အဲဒီတော့ အခုဖြစ်နေတာတွေလည်း ရပ်ကြပါတော့လို့ တောင်းပန်ချင်ပါတယ်...အကုန်လုံး က ကိုယ့်ခံယူချက်တွေနဲ့ ကိုယ်ပဲလေ... ရပ်ကြပါတော့ဗျာ...နှစ်ဘက်စလုံး ငြိမ်လိုက်ပြီးတော့ ..အေးဆေးနေကြပါတော့ဗျာ...ကြားမကောင်းတဲ့ ကိစ္စကြီးဖြစ်နေတယ်နော်...သတိထားအုန်း မြန်မာမိန်းကလေးတို့....ရန်ဖြစ်မယ်ဆိုလည်း အခု ဘလော့ ထဲမှာတော့ မဖြစ်နဲ့တော့ ...ဗျာ..့ ...ဒီမှာက မြင်မကောင်းဘူး ..နော် ..အကုန်လုံး ဒေါသတွေ နောက်ထားပြီး ကျေအေးပါတော့ ဗျာ...ဘယ်သူဘယ်သူမှ ရန်မဖြစ်ကြပါနဲ့တော့ ...မအိဖြူကလည်း ကျေအေးတဲ့စာလေး ရိုက်လိုက်ဗျာ... မမကြွယ်ဘက်ကလည်း ကျေအေးတဲ့ စာရိုက်လိုက်တော့ပါနော်...အနော်တို့ငြိမ်းငြိမ်းချမ်းချမ်းလေး ဖြစ်တာပဲ မြင်ချင်လို့ပါဗျာ...ဘယ်သူမှားတယ် မှန်တယ် မလုပ်ကြပါနဲ့တော့ဗျာ.....ကျွန်တော်ကပဲ ကြားထဲကတောင်းပန်ပါတယ် ဗျာ...ကြာရင် ပိုဆိုးကုန်တော့မယ်...
    ReplyDelete
  35. မင်းမြတ်နဲ့ မကြွယ်တို့ ဘယ်လို ခံစားရလဲတော့မသိဘူး. shan ဆိုတဲ့တစ်ယောက်ကတော့ စွာလန်နေတာပဲ. ယောက်ကျားလေးမှ ဟုတ်ရဲ့လားမသိဘူး. ဟဲဟဲ
    ReplyDelete
  36. ကိုယ့်ရဲ့ကိုယ်ပိုင်ဘလောခ်မှာကိုယ့်ခံစားချက် ကိုယ်ဘဲရေးတာ အပြစ်မဟုတ်သလို လူ့သဘာဝအရ ကိုယ့်ခံစားချက်အတိုင်းရေးလို့ ကိုယ်ဘက်ကိုယက်တဲ့လိပ်ဖြစ်နေရင်တောင် အဲဒါလူ့သဘာဝဘဲ သူ့ဘလောခ်မှာသူ့ခံစားချက်နဲ့သူ့ကိုယ်သူလူတွေသနားအောင်ရေး
    ယုံမကလို့ ဘုရားစင်ပေါ်တင်ပြီးထိုင်ရှီခိုးချင်အောင်ရေးလဲ အဲဒါကသူ့ဘာလောခ်မှာ သူ့ခံစားချက်ကိုတင်ပိုင်ခွင့်ရှိတယ်
    သူ့ရည်းစားအကြောင်းသူရေးချင်လဲေ၇းမယ်သူ့မကျေနပ်သူကိုဆဲချင်လဲဆဲမယ်
    အဲဒါကို ခင်ဗျားတို့လာဆဲလည်းသူများအိမ်ရှေ့အမှိုက်လာသွန်တဲ့လူတွေနဲ့တူတူဘဲ
    ကျမလဲလူထဲကလူတစ်ယောက်ဖြစ်တဲ့အတွက် အဲဒီအမှိုက်သွန်တဲ့လူတွေကိုတော့လှမ်းကြည့်မိရာက မနေနိုင်လို့ကွန်မန့်ေ၇းလိုက်တယ်
    အဲဒီကွန်မန့်ကိုဖတ်ကြည့်လိုက်တာနဲ့
    ဖြူဖြူဆိုတာ Dream မှန်းသိသလို
    ကြွယ်ကြွယ်ဆိုတဲ့သူကိုယ်တိုင်ကလဲ ဘယ်သူဆိုတာကွန်မန့်ကိုဖတ်ပြီးသိနိုင်တယ်
    ဘလောခ်ဖတ်သူတွေကို စော်ကားချင်တာလားဘလောခ်ပိုင်ရှင်ကိုစော်ကားချင်တာလား
    အေးဘလောခ်ပိုင်ရှင်ကိုစော်ကားချင်ရင်သူ့ဂျီတော့ခ်မှာသွားပြောပေါ့ရှင်းနေတာဘဲ
    နာမည်အရင်းတွေသုံးလို့နာတယ်ဆိုရင်
    ကြွယ်ကြွယ်ဆိုတာ အဲဒီ မိန်းကလေးရဲ့နာမည်အရင်းလား???
    မင်းမြတ်ဆိုတာကတော့နာမည်အရင်းဘဲလား???
    ကျနော်က မင်းမြတ်သူငယ်ချင်းပါတို့ မင်းမြတ်က ဒို့အစ်ကိုပါဆိုတဲံလူတွေ က မင်းမြတ် နာမည်အရင်းကို မသိကြဘူးတဲ့လား???
    ဒါဆိုရင်ရော ဒီဇာတ်လမ်းကိုသိသလိုဘဲဆိုတဲ့ ကွန်မန့်ရေးသူကကော ကြွယ်ကြွယ်က နာမည်အရင်းပါလို့ ပြောလား???
    ကိုယ့်ပေါင်ကိုယ်လှန်မထောင်းပါနဲ့လို့ ပြောတဲ့ခင်ဗျားတို့သိထားဘို့က ကိုယ့်ပေါင်ကိုယ်လှန်ထောင်တော့နာအောင်တော့ဘယ်သူကမှမထောင်းဘူးဗျိုး
    သူများလာထောင်ရင်တော့နာချင်နာလိမ့်မယ်
    ဘယ်သူမပြုမိမိမှုဘဲ
    ကြားသုံးကြားမ၀င်နဲ့ဆိုတဲ့မြန်မာစကားပုံရှိပေမယ့်လည်း
    မြန်မာတို့ရဲ့ထုံးစံအတိုင်းချောင်းတော့ကြည့်မိကြတာဘဲ
    အဲတော့ ခင်ဗျားတို့တွေဘယ်သူထိလို့ဘဲနာနာ ဂ ငယ်ကိုရှု့ဒေါင့်ပေါင်းစုံကနေကြည့်နေကြသလိုဘဲ
    ဖြူဖြူကိုလဲလက်ထက်ခွင့်တောင်းတယ်
    ကြွယ်ကြွယ်ကိုလဲ လက်ထက်ခွင့်တောင်းတယ်အဲဒီလိုယောကျာင်္းမျိုးကတော့ နောင်မှာလဲ တွေ့တဲ့မိန်းမကိုလက်ထက်ခွင့်တောင်းဘို့ဝန်လေးမှာမဟုတ်ဘူးအဲတော့
    မိန်းကလေးနှစ်ဦးဖြစ်တဲ့ကြွယ်ကြွယ်နဲ့ဖြူဖြူတို့ အဲဒီမင်းမြတ်ဆိုတဲ့ကောင် ကျော့ကွင်းက ရုန်းထွက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်
    ခင်ဗျားတို့တွေယောကျာင်္းတစ်ယောက်အတွက် ဘလောခ်ပေါ်မှာ ဘာမှာ မိန်းမချင်းအချင်းမများစေချင်သလို
    ဘေးက လူတွေကလဲ အဲဒီအတွက်
    မင်းမြတ်ဘက်ကေ၇ှ့နေလိုက်သည်ဖြစ်စေမလိုက်သည်ဖြစ်စေ
    သေချာတာတော့အဲလိုလူမျိုးဘက်က ရှေ့နေလိုက်ရင်ခင်ဗျားတို့ဘဲသိက္ခာကျမယ်
    နှစ်ဖတ်မိန်းကလေးတွေဂုဏ်သိက္ခာကိုငဲ့ကွက်သောအားဖြင့်ရပ်တန့်ကရပ်ပါတော့
    ကြွယ်ကြွယ်ဆိုတာ က နာမည်းအရင်းမဟုတ်ဘူးဆိုတာ ကာယကံရှင်ကိုယ်တိုင်ဘဲသိပါတယ်
    အရင်က ကြွယ်ကြွယ်ဘယ်သူလဲဆိုတာကျမ တို့မသိပေမယ်ခင်ဗျားတို့ကွန်မန့်တွေဖတ်ရင်းနဲ့ကြွယ်ကြွယ်ဘယ်သူလဲ ဆိုတာသိတယ်
    ဖြူဖြူဘယ်သူလဲဆိုတာကို တော့ ခင်ဗျားတို့ကိုယ်တိုင်လာပြောပြပြီဆိုကတည်းက ရှင်းနေတာဘဲ ခင်ဗျားတို့သူငယ်ချင်းမင်းမြတ်ကို ဖြူဖြူကအရှက်ခွဲမခွဲတော့မသိဘူးခင်ဗျားတို့ကတော့ဖြူဖြူကို အရှက်ခွဲနေတာသက်သေအခိုင်အလုံနဲ့ကွန့်မန့်တွေက မီးမောင်းထိုးပြနေတယ်
    မကျေနပ်ရင်လဲသူ့ဘလောခ်လာပြီးစာမဖတ်နဲ့လေ
    မင်းမြတ်ကို ဖြူဖြူက စိတ်အနှောက်ယှက်ပေးမပေးတော့ကျမတို့မသိဘူးခင်ဗျားတို့ကတော့ အုပ်စုလိုက်နှောက်ယှက်နေတာ ကွန့်မန့်တွေက သက်သေဘဲ
    ReplyDelete
  37. မမအိ
    ကျွန်တော်စိုင်းဝဏ္ဏပါ
    ကျွန်တော်က ကွန်မန့်တွေလဲမရေးဘူးဘူး
    ရေးတာ တောင်လက်ချိုးရေတွက်လို့ရတယ်
    ဒါပေမရ့် မိန်းကလေးတစ်ယောက်က တောင်
    နာမည်အရင်း သူ့ဖြစ်ရပ်တွေကို ပေါ်ပေါ်ထင်ထင်
    သူံးထားတယ် .. ထိခိုက်နစ်နာရင် သူပဲနစ်နာတယ်
    အွန်လိုင်းဆိုတဲ့ဝေါဟာရကို သုံးမယ်ဆိုရင် ကောင်းတယ်
    အွန်လိုင်းချစ်သူဆိုလို့ရှိရင် မကောင်းတော့ဘူး
    ညာမပြောချင်ပါဘူး
    ကျွန်တော့်မှာ အကောင့် အများကြီးရှိပါတယ်
    မိန်းကလေး နေရာမှာရော ယောက်ကျားလေးနေရာမှာရော
    အဘိုးကြီး နေရာမှာရော နေရာအားလုံး
    ကျွန်တော်ဝင်ပြောခဲ့ပါတယ်
    အွန်လိုင်းချစ်သူဆိုတာ ကျွန်တော့အတွက်တော့ ထမင်းစားရေသောက်ဖြစ်နေပါပြီ
    1 . 2 လောက်ချစ်တာလဲရှိတယ်
    သူကမိန်းကလေးလား ယောက်က်ျားလေးလား ကျွန်တော်မသိဘူး ကျွန်တော်ဟန်ဆောင်တုန်းက ကျွန်တော့ညီမတ၀မ်းကွဲပုံနဲ့ ၀င်ချက်တာ ရည်းစားဘယ်နှစ်ယောက်မှန်း တောင်မသိဘူး အပြင်မှာချိန်းတာလဲခဏခဏပဲ
    ထားပါ ဒါတွေ
    ကျွန်တော်ပြောချင်တာက ဘယ်သူပဲဖြစ်ဖြစ် ခံစားချက်ဆိုတာ ရှိပါတယ်
    ဘလော့မှာရေးထားတာကို ကိုယ့်ဖြစ်ရပ်လို့ထင်ရင် နာမည်တိုက်ဆိုင်ရင် ဒီအကြောင်းအရာကို ပြောင်းပြန်လှန်ပြစ်ပါ မမအိက မြတ်မင်းကို ပြစ်သွားရင် မိဘပေးစားတယ်လို့ပြောပြီး ဖြတ်သွားရင် မမအိကို အပြစ်ပြောမလား မြတ်မင်းကို အပြစ်ပြောမလား
    ခင်ဗျားတို့ဆိုရင် ဘယ်လိုဖြစ်မလဲ
    ခံစားချက်ရှိမယ်ဆိုရင်
    eternal.player@gmail.com ကို ဖြေကြားပေးပါ
    ReplyDelete
  38. ကဲဒီကိစ္စကတော့ ကြာလေ ရှုပ်လေပဲ ဖြစ်လာမယ်ထင်
    တယ်ဗျာ။ ခင်ဗျားတို့လဲ ဘလော့ဂါတစ်ယောက်ဖြစ်မယ်
    ထင်တယ်နော်။ အဲဒါဆိုလဲ သတ္တိရှိရှိနဲ့ကိုယ့်ဘလော့ကို
    ဖွင့်ချလိုက်ပါလားဗျာ။ ဘယ်ဘလော့ကလာရေးတယ်ဆို
    တာ ဖွင့်ချလိုက်ပါလား။ မိန်းခလေးဖြစ်တဲ့ dream ကတောင် သူ့ဘလော့ကနေ ခင်ဗျားတို့ကို ပေါ်တင်
    ဖိုက်ရဲသေးတာပဲ။ ခင်ဗျားတို့က ဘာလို့ချောင်ထဲမှာ
    နေနေတာလဲဗျ။ အဲဒါတော့ မဟုတ်သေးဘူးထင်တယ်။
    ခင်ဗျားတို့ဘက်မှာ တစ်ခုခုတော့ မှားယွင်းနေတာ သေချာတယ်။ ခင်ဗျားတို့သူငယ်ချင်း မင်းမြတ်ရဲ့
    အပေါင်းအသင်းတွေက ဘလော့လောကကဆိုရင် ဘာကြောင့်ရှေ့မထွက်တာလဲဗျာ။ ပြီးတော့ dream ကပြောပါသေးတယ်။ မကြွယ်ကြွယ် (ခင်ဗျားတို့ပြော တဲ့ နာမည်အရင်းဆိုတာ) လဲ ဘလော့ဂါ တစ်ယောက်ဆိုပဲ။ အဲဒါကတော့ ခင်ဗျား (shan) ပြောတဲ့ အချက်နဲ့ တခြားစီ ဖြစ်နေပါပြီ။ သူသာဘလော့ဂ်ဂါတစ်ယောက် ဖြစ်မယ်ဆိုရင် ဒီအကြောင်းကို ပို့စ်လေးတစ်ခုလောက်
    ရေးရဲတဲ့ သတ္တိရှိပါသလားခင်ဗျာ။ (သူသာ မှန်ကန် နေမယ်ဆိုရင်ပေါ့နော) ။ ကဲ dream ရေ ဒီ နှုတ်သီးကောင်းလျှာပါးတွေရဲ့ ကွန်းမန့်ကိုပဲ ဖျက်မလား? ပို့စ်တစ်ခုလုံးကိုပဲ ဖျက်မလား? ဆိုတာ
    တော့ စဉ်းစားသင့်နေပါပြီ။ ခင်ဗျား(shan) ရဲ့ ကွန်းမန့်အရေးအသားကိုကြည့်ရင် ခင်ဗျားဟာ ဘလော့ဂ်ဂါတစ်ယောက်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။ အဲဒါဆိုရင် ခင်ဗျားရှေ့ထွက်လိုက်ပါလား။ dream ရေးတဲ့ ပို့စ်တွေက မှားနေတယ်ဆိုရင် မှန်ကန်တဲ့ပို့စ်ကို ခင်ဗျားကိုယ်တိုင်ရေးနိုင်မလား။ ခင်ဗျားက ဘလော့ဂါတစ်ယောက် မဟုတ်ဘူးဆိုရင်လဲ ခင်ဗျားသူငယ်ချင်း မင်းမြတ်ရဲ့အပေါင်းအသင်းတွေရဲ့
    ဘလော့ဂ်မှာ အမှန်ကန်ဆုံးပို့စ်တစ်ခုလောက်ရေးလိုက်ပါလား။ အဲဒါဆိုရှင်းတာပဲ။ ဘလော့ဂ်ဖတ်တဲ့ ပရိတ်သတ်က အမှား အမှန်ကိုတော့ ခွဲခြားနိုင်ပါတယ်။ ဆင်ခြင်တုံးတရားရှိပါတယ်။ အဲလိုမှ မဟုတ်ရင်တော့
    ခင်ဗျားတို့ပြောတာတွေကတော့ သဲထဲရေသွန်သလိုပဲ
    ဖြစ်နေမှာပါ။ ဘာအကျိုးရှိမှာလဲဗျာ။ ခင်ဗျားတို့တစ်တွေ ရှေ့ထွက်မဲ့နေ့ကိုတော့ မျှော်နေပါသေးတယ်။
    လေးစားစွာဖြင့်
    ReplyDelete
  39. ...မအိအိ အမ ကို ကျွန်တော်တစ်ခုတော့ပြောချင်ပါတယ် ....ကျွန်တော်ကတော့ ဘာမှ မသိပါဘူး အခုကျွန်တော်ရေးတာကတော့ မှားနေတာလေး ပြောဖို့ပါ......မအိအိဖြု အခု မကြွယ်လို့ ထင်နေတဲ့ သူက မှားနေပါတယ် ...ဘာဖြစ်လို့လည်း ဆိုတော့ အမ အထင်မှားနေတဲ့ သူ က တခြားလူတစ်ယောက်ဖြစ်နေပါတယ်.....မင်းမြတ်ဆိုတာကလည်း ကျွန်တော်တို့နဲ့ တူတူနေလာ တဲ့ သူတွေပါ...အမထင်နေတဲ့ သူက မင်းမြတ်ရဲ့ချစ်သူ မဟုတ်မှန်းတော့ ကျွန်တော်တိတိကျကျသိတယ် ..အဲဒီတော့ မှားနေတာလေးကို ပြန်ပြင်ပေးပါ...တဘက်လူအတွက် ထိခိုက်နစ်နာပါတယ် ...အမကို တိုက်ခိုက်နေတာလည်း မဟုတ်ပါဘူး .. ကိုယ် ပြောမယ့် ကိစ္စကို သေချာအောင် စုံစမ်းပြီးတော့ မှ ပြောသင့်တယ်လို့ ထင်ပါတယ်...မှားသွားခဲ့ရင် တဘက်လူအတွက် နစ်နာပါတယ် ...အဲဒီအတွက် သေချာစုံစမ်းပြီ တော့လုပ်ပါ..မှားနေတာသိဖို့ လာပြောတာပါ...
    anyatayalay@gmail.com
    ReplyDelete
  40. This comment has been removed by a blog administrator.
    ReplyDelete
  41. အင်း ဇာတ်လမ်းတွေ ရှုပ်နေတာ စလုံးကလူတွေလို့ (ဘာမမှမဆိုင် လက်ပံသား ဓားနဲ့ချိုင်) ပြောလာမည့် လူတွေကို မြင်ယောင်ပါ့ .... သတိထားကြပါတော့ ညီမလေး တို့ရယ်
    ReplyDelete
  42. မကြွယ် ကို ကျနော်မသိပါဘူး။ သေချာတာကတော့
    မကြွယ်ဆိုတာ အစ်မ GreenGirl မဟုတ်ဘူးဆိုတာ ကျနော် ပြောပါရစေခင်ဗျာ။
    ဘာလို့လဲဆိုတော့ ကျနော်နဲ့ အစ်မ GreenGirl နဲ့ မောင်နှမအရင်းအချာတွေလို ခင်ပါတယ်။
    အစ်မ GreenGirl ရဲ့ ချစ်သူကလည်း ကျနော်နဲ့ ညီအစ်ကိုအရင်းအချာတွေလိုခင်ပါတယ်။
    ReplyDelete
  43. This comment has been removed by a blog administrator.
    ReplyDelete
  44. This comment has been removed by a blog administrator.
    ReplyDelete
  45. This comment has been removed by a blog administrator.
    ReplyDelete
  46. This comment has been removed by a blog administrator.
    ReplyDelete
  47. This comment has been removed by a blog administrator.
    ReplyDelete
  48. တူမလေးရေ..ဘာတွေမှန်းလဲမသိဘူး စိတ်ညစ်နေပြီးလား ခေါင်းထဲကထုတ်ထားလိုက်ပါနော် ပျော်ရွှင်ပါစေနော်
    ReplyDelete
  49. မင်းမြတ်တို့ အပေါင်းအပါတွေ...မင်းတို့ မရှက်ဘူးလား...အခြောက်တွေလား...မင်းတို့ လုပ်မှပဲအကုန်သိကုန်တာ...မိန်းကလေးတယောက်ကိုမင်းတို့ မို့ လို့ အရှက်မရှိဝိုင်းဖဲ့တာတောခွေးတွေကျနေတာပဲ...ဇာတ်လမ်းကိုအသေအချာမသိတော့ဖြူဖြူမှန်တယ်လို့  ငါ မပြော ဘူး...ဒါပေမယ့်မင်းတို့ တွေလွန်ပါတယ်ကွာ...
    Godfather
    ReplyDelete
  50. မင်းမြတ်နဲ့ အပေါင်းအပါတွေ....
    မင်းတို့ တွေမရှက်ဘူးလား...
    အခြောက်တွေလား...မင်းတို့ 
    လုပ်မှပဲအကုန်သိကုန်တာ...
ိမိန်းကလေးတယောက်ထဲကို
    လူစိတ်ကောရှိသေးရဲ့ လား...
    အဖြစ်မှန်ကိုငါသေချာမသိတော့
    ဖြူဖြူ့ ဖက်ကလိုက်ပြီးတော့ပြောတာမဟုတ်ဘူး..
    မင်းတို့ လုပ်ပုံကိုကလူနဲ့ မတူလို့ ပြောနေတာ...
    ငါတခါမှCOMMENT ပေးတဲ့ကောင်မဟုတ်ဘူးကွ..
    ခုဟာကမင်းတို့ တွေတရားလွန်လွန်းလို့ 
    အပြင်မှာဆိုရင်တော့မင်းတို့ ကောင်တွေ
    အကွဲပဲ...သတိသာထားနေကြ...
    သေသွားမယ်....
    GODFATHER
    ReplyDelete