တခါတုန်းက သာတ္ထိပြည်မှာ အရမ်းဆင်းရဲတဲ့လင်မယားနှစ်ယောက်ရှိတယ်တဲ့။ဘယ်လောက်တောင် ဆင်းရဲသလဲဆိုရင် လင်မယား နှစ်ယောက်ပေါင်းမှ အပေါ်ဝတ်ရုံ တစ်ထည်ပဲ ရှိတယ်တဲ့။ ဒါကြောင့် အဲဒီခေတ်က သူတို့ကို ”ဧကသာဋဏ” လို့ခေါ်တယ်တဲ့။ အဓိပ္ပါယ် ကတော့ ၀တ်ရုံတစ်ထည်ပဲ ရှိတဲ့ လင်မယားပေါ့။ ဒါကြောင့် သူတို့လင်မယား ခမျာ တစ်ယောက်က အပြင်ကို ကိစ္စရှိလို့သွားရင် နောက်တစ်ယောက်ကအိမ်ထဲမှာနေရတယ်တဲ့။အဲဒီလောက်ထိကိုဆင်းရဲတာပါ။(အခုခေတ်မှာ ဆိုဘယ်လို နေမလဲ မသိဘူးနော်..ဟိဟိ) :)
တစ်နေ့တော့ အဲဒီမြို့မှာ မြတ်စွာဘုရားရဲ့ တရားကိုနာဖို့ ဖိတ်ခေါ်တဲ့ အသံကြားတော့ သူတို့လင်မယား နှစ်ယောက်လည်း သွားချင်တာပေါ့နော့်။ အဲဒီအခါမှာ ပုဏ္ဏကြီးက ပုဏ္ဏားမကို မေးသတဲ့။ ရှင်မ မင်းနေ့ဘက်မှာ တရားနာ သွားမလား၊ ညမှာ တရားနာ သွားမလား ၊မင်းနေ့သွားရင် ငါညသွားမယ်”တဲ့။ ဘာကြောင့်ဆို ၀တ်ရုံက တစ်ထည်ပဲ ရှိတာကိုး။ တစ်ယောက် တရားနာ သွားလို့ ၀တ်ရုံ ယူသွားရင် ကျန်တစ်ယောက်က အိမ်မှာ နေရမှာလေ။ သူတို့ဘ၀ အဖြစ်က သနားစရာနော်။ :(
ပုဏ္ဏားမက သူနေ့ဘက်မှာ တရားနာ မယ်လို့ ပြောတာပေါ့။ ပုဏ္ဏားကြီးကတော့ ညဦးပိုင်းမှာ တရားနာဖို့ သွားတာပေါ့။ မြတ်စွာဘုရားရဲ့ တရားတော် တွေကို နာကြားရတဲ့ ပုဏ္ဏားဟာ တစ်ကိုယ်လုံး ပီတိစိတ်တွေ ဖြာပြီး သဒ္ဓါတရားတွေ ထက်သန် နေတော့တယ်။ သူ့စိတ်ထဲ မှာလည်း ရက်ရောတဲ့ အလှူကြီး တစ်ခုကို လှူလိုက်ချင်ပါတယ်။ သူ့မှာလည်း လှူစရာဆိုလို့ သူ့ကိုယ်ပေါ်မှာ ခြုံထားတဲ့ တစ်ခုတည်းသော ၀တ်ရုံ တစ်ထည်ပဲရှိတယ်။သဒ္ဓါတရား ကထက်သန်ပြီး ပီတိစိတ်က ယိုဖိတ်နေတယ် ဆိုတော့ သူ့စိတ်မှာ ဒီဝတ်ရုံကို ပဲလှူလိုက်တော့ မယ်ဆိုတဲ့ အကြံအစည် ဖြစ်ပေါ် လာတယ်။
ဒီလိုအကြံ ဖြစ်ပေါ်ပြီးတော့ သူဆက်ပြီး စဉ်းစားတယ်။ ငါဒီပုဆိုးကို လှူလိုက်ရင် ပုဏ္ဏားမ ခြုံစရာရှိတော့မှာ မဟုတ်ဘူး၊ ငါ့မှာလည်း လက်ကန်တော့ တင်စရာရှိတော့မှာ မဟုတ်ဘူးဆိုပြီး အတွေးတွေ ၀င်လာတယ်။ ဒီအတွေးတွေ ၀င်လာတာနဲ့ ချက်ချင်း သူ့စိတ်ဟာ တွန့်တိုသွားပြန်တယ်။ သူနောက်ဆံ တင်းသွားပြီကိုး။ ငဲ့ကွက်မှုတွေက သူ့စိတ်မှာ ဖြစ်ပေါ်နေပြီ ဆိုတော့ ဆုံးဖြတ်ချက် မချနိုင်ဘူး၊ စိတ်ဟာ ချီတုံချတုံဖြစ်ပြီး ပျံ့လွင့်လှုပ်ရှား နေပါတော့တယ်။ ဒီနောက်မှာ ကြည်ညိုတဲ့ သဒ္ဓါတရားလေးက ပြန်ဝင်လာပြန်တယ်။ ဒီတော့အို... လှူမယ်ကွာ စိတ်ပြန်ဖြစ် လာပြန်တယ်။ လှူမယ်ကြံတိုင်း အားကြီးတဲ့ တွန့်တိုစိတ် ၊ငဲ့ကွက်စိတ် တွေကပေါ်လာပြီး တားဆီးနေတဲ့ အတွက် ပုဏ္ဏားရဲ့ အကြံဟာ မဖြစ်မြောက်နိုင် ဖြစ်နေတယ်။သဒ္ဓါစိတ်နဲ့ တွန့်တိုစိတ်ဟာ လွန်ဆွဲနေ တာပေါ့နော်။
(တစ်ခါ တစ်ခါမှာလည်း DREAM လည်းအဲဒီလိုဖြစ်တယ်။ :) ကောင်းတာ လုပ်တိုင်း အဖျက်ဆိုတာ ရှိတတ် စမြဲလေနော်။ ဘုရားရှင် ကိုယ်တိုင်တောင် ကြုံခဲ့ရတာနော်။) :)
ဒီလိုပျံ့လွင့်တဲ့ စိတ်ကြောင့် သူ့မှာဆုံးဖြတ်ချက် မကျပဲ ညဥ့်ဦးယံ ကုန်လွန်သွား ပါတော့တယ်။ ညဥ့်လယ်ယံကို ရောက်တော့လည်း လှူမယ်၊ လှူလို့မဖြစ်ဘူး ဆိုတဲ့ သဒ္ဓါစိတ်နဲ့ တွန့်တိုစိတ် နှစ်ခုဟာ လွန်ဆွဲနေခဲ့ ပြန်ပါတယ်။ နောက်ဆုံး မိုးသောက်ယံ လည်းရောက်လာပြီ။ အချိန်လည်း ကုန်ဆုံးတော့မယ်။ ဒီတော့ပုဏ္ဏားကြီး စဉ်းစားတယ်။ငါ့ရဲ့ သဒ္ဓါစိတ်နဲ့ မစ္ဆရိယစိတ် တွေဟာ ငါ့ကိုယ်တွင်းမှာ တိုက်ပွဲဖြစ်နေတယ်။ ညဥ့်ဦးယံနဲ့ ညဥ့်လယ်ယံလည်း ကုန်ဆုံးသွားပြီ။ ငါ့မှာကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ် လွန်ဆွဲနေတယ်။ ငါဟာတွန့်တိုတဲ့ အကုသိုလ်စိတ် ကိုမ ဖြတ်တောက်နိုင်ဘူး၊ မပယ်နိုင်ဘူး၊ ဒါဆိုရင် ငါဟာ အပါယ်ပေးက လွတ်တော့မှာ မဟုတ်ဘူး။ တော်ပြီကွာ... ငါလှူမယ် ဆိုပြီးညဥ့်ရဲ့ နောက်ဆုံးယံမှာ ဆုံးဖြစ်ချက်ကို ယတိပြတ်ချ လိုက်ပါတော့တယ်။ဒီလို ဆုံးဖြတ်ချက် လည်းကျရော ပုဏ္ဏားဟာ သူ့ရဲ့ ၀တ်ရုံကလေးကို မြတ်စွာဘုရားရဲ့ ခြေတော်ရင်းမှာ ပုံချထားပြီး "ဇိတိမေ၊ဇိတိမေ၊ ဇိတိမေ"လို့ ကြွေးကြော် လိုက်ပါတယ်။ ငါအောင်ပြီ၊ ငါအောင်ပြီ၊ ငါအောင်ပြီ လို့ပြောတာပါ။
ဒီအသံကို သူ့ဘေးမှာ တရားနာ ရောက်ရှိနေတဲ့ ပသေနဒီ ကောသလမင်းကြီး ကြားသွားပါတယ်။ ဒီတော့ မင်းကြီးရဲ့ စိတ်ထဲမှာ ဒီပုဏ္ဏားဟာ တစ်စုံတစ်ခုကို အောင်မြင် ဟန်တူတယ်၊ ပုဏ္ဏားကို မေးကြစမ်းလို့ မင်းချင်းတွေကို ခိုင်းလိုက်တယ်။ မင်းချင်းတွေက သူ့ကိုမေးတော့ ငါ့အတွင်းစိတ်ကို ငါအောင်နိုင်လို့ ကြွေးကြော်တာလို့ သူ့အဖြစ်ကို ပြန်ပြော လိုက်ပါတယ်။ မင်းချင်းတွေက ဘုရင်ကို အဖြစ်အပျက် အလုံးစုံကို လျှောက်တင်တော့ ”အင်း..ပုဏ္ဏားဟာ ပြုနိုင်ခဲတဲ့ အလှူကို လှူတာပဲ၊ ဒီပုဏ္ဏား သနားပါတယ်၊ သူ့ကိုအ၀တ်တစ်ထည် ချီးမြှင့်မှ ဆိုပြီး အ၀တ်ညို တစ်ထည် ကိုချီးမြှင့်ပါတယ်။ မင်းကြီးပေးတဲ့ ပုဆိုးကိုရတဲ့ အခါမှာလည်း ပုဏ္ဏားဟာ သဒ္ဓါစိတ်ကို တားမရ နိုင်တော့ပဲ မြတ်စွာဘုရားကို လှူပြန်တယ်။ မင်းကြီးက သူ့ရဲ့ရဲရင့်တဲ့ သဒ္ဓါစိတ်ကို အားကျလာတယ်၊ နောက်ထပ် သူ့ကိုဝတ်ရုံနှစ်ထည် ချီးမြှင့်ပြန်တယ်။ ပုဏ္ဏားလည်း ချက်ချင်းပဲ မြတ်စွာဘုရားကို လှူပစ်လိုက်တယ်။ ပုဏ္ဏားရဲ့ စိတ်ထဲမှာ ဘာဆိုဘာမှ တပ်မက်တဲ့ စိတ်မရှိတော့ဘူး ။မင်းကြီးလည်း ပုဏ္ဏားရဲ့ ရက်ရောတဲ့ သဒ္ဓါစိတ်ကို နှစ်သက်တော် မူတာနဲ့ ပုဏ္ဏားကို အ၀တ်အထည် နှစ်ဆ တိုးပေးတယ်။ ပုဏ္ဏားက လှူလိုက် မင်းကြီးက ပေးလိုက်နဲ့ နောက်ဆုံး သုံးဆယ့်နှစ်စုံ ထိရောက်လာတယ်။
(ဒါနဆိုတဲ့ ကုသိုလ်စိတ်ဟာ နောင်ဘ၀မှာ တင်မဟုတ်ဘဲ လက်ရှိဘ၀မှာတင် အကျိုးပေးတာနော်။ ဘယ်လက်က တစ်ဆုပ်ကျဲ၊ ညာလက်က တစ်လှည်းဝင် ဆိုသလိုပဲနော်)။ ဒီတစ်ခါတော့ ပုဏ္ဏားရဲ့ စိတ်ထဲမယ် ဒီပုဏ္ဏားဟာ ရတိုင်းလှူနေ တာပဲ၊ ကိုယ့်အတွက် တောင်မချန်ဘူးလို့ ကဲ့ရဲ့လွတ်အောင် ဒီတစ်ကြိမ်မှာတော့ သူနှင့်ပုဏ္ဏားမ အတွက်နှစ်ထည်ကို ချန်ပြီး ကျန်တဲ့အထည်တွေကို လှူပစ်ပြန်ပါတယ်။ မင်းကြီးကလည်း ခုနှစ်ကြိမ် အထိပေးတယ်။ ပုဏ္ဏားကလည်း ခုနှစ်ကြိမ်လုံး လှူပစ်လိုက်တယ်။ နောက်ဆုံးတော့ ကောသလ မင်းကြီးဟာ နန်းတော်က ၀တ်လဲတော် သိန်းထိုက်ကမ္ဗာလာ ကိုမင်းချင်းတို့ကို သွားယူစေပြီး ပုဏ္ဏားကို ပေးပြန်တယ်။ မင်းကြီးလုပ်ပုံက ဒီပုဏ္ဏား တန်ဖိုးရှိတဲ့ အထည်ရရင်ဖြင့် လှူပါတော့ မလားလို့ စိတ်စမ်းသလိုပါပဲ။ ပုဏ္ဏားရဲ့ စိတ်ထဲမှာတော့ အဖိုးတန်သော မတန်သော ဘာကိုမှ ငဲ့ကွက်ခြင်း မရှိတော့ပါဘူး။ သိန်းထိုက် ကမ္ဗာလာ ကိုရတော့ ဒီလောက် တန်ဖိုးရှိတဲ့ ကောင်းတဲ့အထည်ကို ငါ့ကိုယ့်ပေါ်မှာ တင်ဖို့ မထိုက်တန်ပါဘူး၊ ဒါမြတ်စွာဘုရား နဲ့သာထိုက်တန် ပါတယ်ဆိုပြီး မြတ်စွာဘုရား ကိန်းဝပ်တော်မူတဲ့ ဂန္ဓကုဋီတိုက်ခန်း မှာအိပ်ရာ အထက်က ဗိတန်ကြက် လိုက်ပါတယ်။ တစ်ထည်ကိုတော့ သူ့အိမ်က ရဟန်းသံဃာများ ဆွမ်းလုပ်ကျွေးရာ အရပ်မှာ အပေါ်က ဗိတန်ကြက်ပါတယ်။ ညကျတော့ ကောသလ မင်းကြီးဟာ မြတ်စွာဘုရား ထံပူဇော်ဖို့ ကြွလာတော့ ဂန္ဓကုဋိတိုက် အိပ်ရာ မျက်နှာကြက်မှာ ဗိတန်ကြက်ထားတဲ့ အ၀တ်ကို မြင်ပါတယ်။ အဲဒီမှာ ဒီပုဏ္ဏားဟာ ငါကြည်ညိုရာ အရပ်မှာ ကြည်ညိုခြင်း ရှိတယ်လို့ အောက်မေ့ပြီး အလွန်နှစ်သက် ပြန်ပါတယ်။ မင်းကြီးလည်း သဒ္ဓါပီတိ အရှိန်ကြောင့် သဗ္ဗစတုက္က လို့ခေါ်တဲ့ အလှူကြီးကို ပုဏ္ဏားကို ပေးပါတယ်။ (သဗ္ဗစတုက္က ဆိုသည်မှာ ပစ္စည်းတစ်မျိုးကို လေးခုစီ ခုနှစ်မျိုး တိတိ ပေးလှူခြင်း ကိုခေါ်တယ်)
ပုဏ္ဏားရဲ့ ဒီအလှူဟာ ဒိဋ္ဌဓမ္မ အကျိုးပေးတဲ့ အလှူပါ။ ဒီအလှူနဲ့ ပတ်သတ်ပြီးတော့ မြတ်စွာဘုရား မိန့်ကြားတော်မူတဲ့ သြ၀ါဒ တစ်ခုကလည်း အလွန်ပဲမှတ်သားဖို့ ကောင်းပါတယ်။ ဘုရားက ဘယ်လို ဟောသလဲ ဆိုတော့ ”ရဟန်းတို့ ဒီပုဏ္ဏားဟာ ညဥ့်ဦးယံမှာသာ ဒီလိုလှူခြင်းကို တတ်နိုင်ခဲ့ရင် အလုံးစုံ တစ်ဆယ့်ခြောက် ခုစီဖြစ်တဲ့ သောဠဿက ၀တ္ထုပစ္စည်း တို့ကို ဒိဋ္ဌရမှာပဲ၊ မဇ္ဈိမ ညဥ့်လယ်ယံမှာ လှူဖြစ်ခဲ့ရင် ရှစ်ခု ခုနှစ်လီပါတဲ့ ပစ္စည်းတို့ကို ရပေလိမ့်မည်။ လင်းအားကြီး မိုးသောက်ယံကျမှ သူ့အ၀တ်ကို လှူခဲ့လို့သာ ယခုလို လေးခုစီပါတဲ့ ပစ္စည်းအလှူ ကိုရတာ” လို့ဆိုပြီး ဆက်ပြောပါတယ်။ ကောင်းမှုကံ၊(ကောင်းတဲ့အလုပ်) တို့ကိုပြုလုပ် တဲ့အခါ ပြုသူဟာ သူ့မှာပထမဆုံး ဖြစ်တဲ့စိတ်ကို မယုတ်မလျှော့ စေဘဲအဲဒီစိတ် ပေါ်လာတာနဲ့ ချက်ချင်း။ (အချိန်မဆိုင်းဘဲ) ပြုဖြစ်အောင် ပြုရမယ်။ပြုအပ်တယ်လို့ မိန့်ကြားတော် မူပါတယ်။အဲဒီဘုရားဟော စကားလေးက မှတ်သားစရာ လေးပါနော်။
လူဟာ ကုသိုလ်စိတ် ကလေးတစ်ချက် ဖြစ်ဖြစ်ရလိုက်တဲ့ အခိုက်အတန့်မှာ စိတ်ဟာ သမာဓိ လို့ခေါ်တဲ့ တည်ငြိမ်မှု ၊ငြိမ်သက်မှု ကိုရတယ်။ အဲဒီလိုရတာနဲ့ တပြိုင်နက် သူ့စိတ်မှာ ချမ်းသာသွားတယ်။ ဒါကိုသုခ လို့ခေါ်ပါတယ်။ အဲဒီသုခ စိတ်ကလေး ငြိမ်သက်ပြီး ဖြစ်ပေါ်နေတော့ လူမှာ ၀မ်းမြောက်ခြင်း ဆိုတဲ့ပီတိ ဖြစ်ပေါ်လာ နိုင်ပါတယ်။ဒါပေမယ့် ကုသိုလ်စိတ်ကြောင့် ချမ်းသာမှုလေး ရတုန်းရခိုက်မှာ ကုသိုလ်ကံကို ချက်ချင်း မပြုလိုက်မိရင် ပီတိကို မရတော့ဘူး။ စိတ်ဟာ ပြန်ပြီးယောက်ယက် ခတ်သွားတယ်။ ဒီလိုစိတ် လှုပ်ရှားပြီး ချီတုံချတုံ ဖြစ်နေတာကို ကျမ်းဂန်မှာ ၀ိတက်၊ ၀ိစာရလို့ ခေါ်ပါတယ်။ ကြံစည်မှုတွေ စိတ်ကူးမှုတွေ ဖြစ်ပေါ်ပြီး စိတ်ဟာ လှုပ်ရှား သွားတာပါပဲ။
အဲဒီလိုမျိုး DREAM ကိုယ်တိုင်လည်း ဖြစ်ဖူးပါတယ်။ ကိုယ်ကိုတိုင် ဝေခွဲမရတဲ့ စိတ်ဒွိဟ ဖြစ်ပေါ်မှုပေါ့။
ဘ၀မှာ အတွေ့အကြုံ ရင့်ကျက် လာတာနဲ့ အမျှ မြတ်စွာဘုရား ဟောကြားတော်မူတဲ့ ဒီသြ၀ါဒ စကားရဲ့ မှန်ကန်မှုကို လူတိုင်းမျက်ဝါးထင်ထင် တွေ့ကြရပါတယ်နော်။ တစ်စုံတစ်ခုကို ပြုလုပ်တော့မယ်ဆိုရင် စိတ်ထဲမှာ ကုသိုလ်စိတ်နဲ့ ယှဉ်ပြီး ရုတ်တရက် ဖျတ်ခနဲ စိတ်ကူးဥာဏ် အကြံအစည်ကလေး၊ သဒ္ဓါစိတ်ကလေး ပေါ်လာမျိုးကို လူတိုင်း ခံစားမိဖူးမှာပါ။ သတိမရှိ၊သမာဓိမရှိတဲ့လူဟာအဲဒီလို ရုတ်တရက် ပေါ်လာတဲ့စိတ်ကို မိအောင် မဖမ်းနိုင်ဘူး။ ပထမဆုံး ပေါ်တဲ့ ကုသိုလ်စိတ် ကလေးကို မမိဘဲ လွတ်သွား တဲ့အခါ လူဟာ ဧကသာဋက ပုဏ္ဏားလို မဆုံးဖြတ်နိုင်ဘဲ ချီတုံချတုံ ဖြစ်တတ်ပါတယ် ။DREAM ကိုယ်တိုင်လည်း ချိတုံချတုံ ဖြစ်ဖူးပါတယ်။သမာဓိ မတည်ငြိမ် ပါဘူးနော်။ :)
ဘ၀ခရီးမှာ ပြတ်သားတဲ့ ဆုံးဖြတ် ချက်တွေကို မြန်မြန်ဆန်ဆန် ချနိုင်ဖို့ အထူးလိုအပ် ပါတယ်။ ဒီလို ဆုံးဖြတ်ချက် မြန်မြန် ချနိုင်ပြီး မိမိရဲ့ ဆုံးဖြတ်ချက် မှန်ကန်ဖို့ အတွက်ကတော့ စိတ်ကို လှုပ်ရှား ပျံ့လွင့်ခြင်း ကင်းအောင် အာရုံ တစ်ခုတည်း အပေါ်မှာ စူးစူးစိုက်စိုက် တည်မြဲအောင် သမာဓိကို လေ့ကျင့်ထား အပ်ပါတယ်။
ဆရာဆန်းလွင်၏စာအုပ်မှကိုးကားပါသည်။

ဒါကြောင့် မြတ်စွာဘုရားက ကောင်းမှုပြုသူဟာ မိမိစိတ်မှာ ပထမဆုံး ဖြစ်ပေါ်လာတဲ့ ကုသိုလ်စိတ် ကလေးကို မယုတ်လျော့စေဘဲ ထိုခဏ၌ပင် ပြုဖြစ်အောင် ပြုရမယ်လို့ ဆုံးမခြင်း ဖြစ်ပါတယ်။
ဘ၀မှာ အတွေ့အကြုံ ရင့်ကျက် လာတာနဲ့ အမျှ မြတ်စွာဘုရား ဟောကြားတော်မူတဲ့ ဒီသြ၀ါဒ စကားရဲ့ မှန်ကန်မှုကို လူတိုင်းမျက်ဝါးထင်ထင် တွေ့ကြရပါတယ်နော်။ တစ်စုံတစ်ခုကို ပြုလုပ်တော့မယ်ဆိုရင် စိတ်ထဲမှာ ကုသိုလ်စိတ်နဲ့ ယှဉ်ပြီး ရုတ်တရက် ဖျတ်ခနဲ စိတ်ကူးဥာဏ် အကြံအစည်ကလေး၊ သဒ္ဓါစိတ်ကလေး ပေါ်လာမျိုးကို လူတိုင်း ခံစားမိဖူးမှာပါ။ သတိမရှိ၊သမာဓိမရှိတဲ့လူဟာအဲဒီလို ရုတ်တရက် ပေါ်လာတဲ့စိတ်ကို မိအောင် မဖမ်းနိုင်ဘူး။ ပထမဆုံး ပေါ်တဲ့ ကုသိုလ်စိတ် ကလေးကို မမိဘဲ လွတ်သွား တဲ့အခါ လူဟာ ဧကသာဋက ပုဏ္ဏားလို မဆုံးဖြတ်နိုင်ဘဲ ချီတုံချတုံ ဖြစ်တတ်ပါတယ် ။DREAM ကိုယ်တိုင်လည်း ချိတုံချတုံ ဖြစ်ဖူးပါတယ်။သမာဓိ မတည်ငြိမ် ပါဘူးနော်။ :)
ဘ၀ခရီးမှာ ပြတ်သားတဲ့ ဆုံးဖြတ် ချက်တွေကို မြန်မြန်ဆန်ဆန် ချနိုင်ဖို့ အထူးလိုအပ် ပါတယ်။ ဒီလို ဆုံးဖြတ်ချက် မြန်မြန် ချနိုင်ပြီး မိမိရဲ့ ဆုံးဖြတ်ချက် မှန်ကန်ဖို့ အတွက်ကတော့ စိတ်ကို လှုပ်ရှား ပျံ့လွင့်ခြင်း ကင်းအောင် အာရုံ တစ်ခုတည်း အပေါ်မှာ စူးစူးစိုက်စိုက် တည်မြဲအောင် သမာဓိကို လေ့ကျင့်ထား အပ်ပါတယ်။
ဆရာဆန်းလွင်၏စာအုပ်မှကိုးကားပါသည်။
ညီမလေး ရေ..
ReplyDeleteတော်တယ် ကလေးက..
မှတ်သားစရာ ၊ ဗဟုသုတ ရစရာ ပို့စ်လေး မျှဝေပေးတဲ့
အတွက်ကျေးဇူးပါ ခလေးရေ...
တီတီဝါ၀ါ
ဟုတ်ကဲ့ ခင်ဗျာ ၊ ကြီုးစားပါ့မယ် ၊၊ ခုလိုရေးပြ ပေးတာ အကျိုးရှိလှပါတယ် ၊၊
ReplyDeleteဖတ်သွား ပါတယ်။ ညီမလေး။
ReplyDeleteခုထဲက အဝတ်တွေ ဝယ်စုထားမှနော်။ ဆင်းရဲသွားရင် ဝတ်စရာမရှိမှာစိုးလို့... :P
ReplyDeleteတန်ဖိုးရှိတဲ့ပို့စ်လေးပါ ညီမလေးရေ။ နောင်လည်း ဒီလိုမျိုး အများကြီးရေးနိုင်ပါစေ...း)
ReplyDeleteကောင်းလေစွ ကောင်းလေစွ..
ReplyDeleteဤသို့ မှတ်သားစရာ ဗဟုသုတများအား ဖြန့်ဝေပေးသော ကုသိုလ်ကံ အကျိုးအားကြောင့် ရောက်လေရာဘဝမှာ အပူအပင်ကင်းသော၊ အလှူအတန်း ရက်ရောသော၊ ဝတ်စုံတစ်စုံကို တစ်ယောက်တည်း ပိုင်ဆိုင်ရသော၊ ထိုတစ်စုံတည်းသော ဝတ်စုံကို လှူတန်းခွင့်ရသော.. အပျိုကြီးဖြစ်ပါစေ..
“လှူမယ်၊ လှူလို့မဖြစ်ဘူး ဆိုတဲ့ သဒ္ဓါစိတ်နဲ့ တွန့်တိုစိတ် နှစ်ခုဟာ လွန်ဆွဲနေခဲ့ ပြန်ပါတယ်” လို့တော့ မလုပ်နဲ့နော်.. လှူမယ်ဆို လှူသာလှူလိုက်...:P
သာဓု.. သာဓု.. သာဓု...။
:)
မှတ်သားစရာ တခုတိုးလာပြီးပေါ့ဗျာ။
ReplyDeleteဒါပေမဲ့ဗျာ ရေးလဲရေးနိုင်ပါပေ့။
ကျနော်ဆိုစိတ်မရှည်ဘူး၊ အတိုချုံးပဲရေးတယ်။
လေးစားပါတယ်ဗျာ။
ကောင်းတယ်ဗျာ ဒီလို ပို့စ်လေးတွေ အများကြီး ဆက်လက်တင်နိုင်ပါစေဗျာ
ReplyDeletesardu sardu sardu
ReplyDeleteဒီတစ်ခါသုံးခါပြည့်အောင် ခေါ်သွားပြီ.
This comment has been removed by a blog administrator.
ReplyDeleteကောင်းတယ်ညီမရေ .. မရောက်တာကြာပေမဲ့ ရောက်လာတာနဲ့ကို အကျိုးရှိသွားစေတယ် .. ကျေးဇူးတင်တယ်ကွာ
ReplyDeleteခေါင်ခေါင်ရေ-အခုလိုများများရေးနော် ဒါမှ blogger သမားတွေ နတ်ပြည်မှာထပ်ဆုံကြမယ်
ReplyDeleteကောင်းလင့်တေး...ကောင်းလင့်တေး...ကောင်းလင့်တေး... :)
ReplyDelete