Subscribe:
Sunday, September 28, 2008
ဤသစ္စာစကားဘလော့တစ်ခွင်ပျံ့နှံ့ရပါစေသား
Dream ရဲ့ အထီးကျန်ဆန်စွာ ဖြတ်သန်းနေရတဲ့ အချိန်တွေကို ဒီBlogလေး အပေါ်မှာ၊စိတ်ရော လူရောနစ်ပြီး ကုစားနေခဲ့ပါတယ်။ Dream နဲ့ Blog၊ Blog နဲ့ Dream ဟာစိတ်ချင်း ဆက်နေပါတယ်။Dream ပျော်နေရင်Blog လေးပျော်နေသလို၊၊Blog လေးပျော်နေရင်လည်း Dream အင်မတန် ပျော်ပါတယ်။ Dream စိတ်ညစ်ရင်လည်း Blogလေးစိတ်ညစ် တတ်သလို၊Blogလေး စိတ်ညစ်ရင်လည်း Dreamမှာ စားမ၀င်အိပ်မရနဲ့ စိတ်ညစ်ပါတယ်။
Dream ရဲ့ စိတ်ခံစားမှုအတိုင်း Dreamကို အဖော်ပြုနေတဲ့ Dream Blog ကိုDreamအင်မတန်ကို ချစ်တယ်၊ သံယောဇဉ် တွယ်တယ်။ မိမိတို့ရဲ့Blogကို ဘယ်လောက်တန်ဖိုးထား ချစ်တတ် ကြတယ်ဆိုတာBloggerတိုင်း ခံစား နားလည်ဖူးမှာပါ။Dream လူမှုရေး လုပ်ငန်းတွေ ဘယ်လောက် ပဲလုပ်လုပ်၊ ဘာသာ တရားဘယ်လောက်ပဲ ကိုင်းရှိုင်း နေပါစေ၊Dreamဟာ ခံစားချက်ရှိတဲ့ ပုထုဇဉ် လူသားထဲကလူသား တစ်ယောက်ပါ။Dreamရဲ့ ခံစားတတ်တဲ့ နှလုံးသားအရ ယဉ်ယဉ်ကျေးကျေး ဆက်ဆံ တတ်သလို၊ ရိုင်းရိုင်း စိုင်းစိုင်း လဲဆက်ဆံ တတ်ပါတယ်။ ချစ်တတ်တဲ့ စိတ်ရှိသလို မုန်းတတ်တဲ့ စိတ်လည်းရှိပါတယ်။ ပျော်ရွှင်တတ်သလို၊ ၀မ်းနည်းတတ်ပါတယ်။
အရင်က READER တစ်ယောက် ဘ၀ကနေပဲ Blogမှာ ကျင်လည်ခဲ့တာပါ။ အထိမ်းအမှတ်မင်္ဂလာ ပို့စ်မှာ ကာယကံရှင် တို့ကိုအမည် မဖော်ဘဲ ကျေးဇူးတင် ထားပါတယ်။Reader ဘ၀ကနေ Writer ကောင်းတစ်ယောက် ဖြစ်ဖို့ကြိုးစား နေဆဲမှာ Dreamရဲ့ ခံစားချက်တွေကို ဖော်ဝေးငှက်၏လွမ်းတေးသံ နဲ့ အချစ်ဟာအတ္တကြောင့်တကယ်သေဆုံးခဲ့ရတာလား ခံစားမှု လေးတွေကို ပုံပြင်သဘော မျိုးလေးတွေနဲ့ ပဲခံစားပြီး ရေးသား ခဲ့ပါတယ်။
Bloggerသမား အချင်းချင်း နွေးထွေးမှုနဲ့ ချစ်ခင်လို့၊ လေးစားလို့၊ အပျော်သဘောနဲ့ Tag လိုက်တဲ့ကိစ္စမှာ အဲဒီပုဂ္ဂိုလ်တွေရဲ့ ခင်မင်မှုကို တန်ဖိုး ထားတဲ့အနေနဲ့ Dream ရဲ့ဖြစ်ရပ် မှန်လေးတွေကို ပုံပြင်သဘော မဟုတ်ဘဲ ဇာတ်လမ်းသဘောနဲ့ လွန်ခဲ့သောအတိတ်ပုံရိပ်များ ဆိုပြီးရေးသား ခဲ့ပါတယ်။ Writer ကောင်းတစ်ယောက်
ဖြစ်ဖို့ ကြိုးစားနေတဲ့ Dream ရေးသားတဲ့ ဒီဇာတ်လမ်းမှာ အသက်မဲ့နေတဲ့ ဇာတ်အိမ်နဲ့ဇာတ်ကောင်တွေကို အသက်သွင်း ပေးလိုက်တဲ့ ကိုယ့်အမည်တောင် မဖော်ဝံ့သူအမည် မသိလူရမ်းကား ပုဂ္ဂိလ်တွေကို Dream ကျေးဇူးတင်ပါတယ်။း)
အခုDreamကို လာရောက်စွပ်စွဲ သိက္ခာချ နေတဲ့အမည်မသိ လူရမ်းကားတစ်သိုက်ရဲ့အဆင့်အတန်းအလိုက် တစ်ဖက်သတ် ရေးသားထားတဲ့ Comment ပါစာတွေကိုဖတ်ရတဲ့ အတွက် Dreamနဲ့ တကွစာဖတ် ပရိသတ်တွေ အနှောင့်အယှက် ဖြစ်ရပါတယ်။ Blogger အစ်ကို၊ အစ်မ၊ မောင်၊ ညီမ တွေကလည်း အမှန်တရား ဘက်ကရပ်တည်ပြီးBlogရပ်ဝန်းမှာ လူကြီး လူကောင်း ဆန်ဆန် ထင်ထင်ရှားရှား ပြန်လည် ဖြေရှင်းပေးတဲ့အတွက် Dream အင်မတန် လေးစားမိပါတယ်။Dream ကျေးဇူးအထူး တင်သလို Blogger အစ်ကို၊ အစ်မ၊ မောင်၊ ညီမ တို့ကိုပါ ပုတ်ခတ်စော်ကား လာတဲ့အတွက်အရမ်းလည်း ၀မ်နည်း ရပါတယ်။
လူရမ်းကား တစ်သိုက်ရဲ့ အဆင့်အတန်း မရှိComment မှာရေးသား ထားတာဟာအကျိုးအကြောင်း ဆီလျော်ခြင်း လုံးဝမရှိဘဲ ရှေ့နောက်မညီ လစ်ဟာမှု တွေများစွာရှိနေတဲ့အတွက် တဖက်သတ် စွဲချက်တွေကြီးပဲဆိုတာ သိသာထင်ရှားပါတယ်။အပင်မြှင့်ရင် လေကြမ်း ပိုတိုက်ခံ ရစမြဲ၊ Blogရပ်ဝန်းမှာ ကိုယ့်နာမည် လူပိုသိသွားရင် မလိုသူတွေရဲ့ ဟောင်ခြင်း၊ လှောင်ခြင်း ကိုခံရတတ်ဆိုပြီး Bloggerအစ်ကို တစ်ယောက်က ဆုံးမထား ဖူးပါတယ်။ ဒီBlogလောကမှာ ဒါမျိုးတွေဖြစ် တတ်ကြတာကိုBlogger သမားတိုင်း ကြုံတွေ့ခံစား သိရှိထားပါတယ်။ ဒါကြောင့်Blogger အစ်ကို၊ အစ်မ၊ မောင်၊ ညီမ တွေ၏ဆုံးမ စကားတွေအရ Dream တစ်ယောက် လူမိုက်ထုံးကိုပယ်၊ ပညာရှိထုံး နှလုံးမူပြီး Dreamကို လာရောက် သိက္ခာချတဲ့ အရှက်မရှိတဲ့ လူမိုက်တစ်စုကို ပြုံးပြုံးလေးနဲ့ပဲ ခွင့်လွတ်လိုက်ပါတယ်။
Dream အတွက်နဲ့ Blogger တစ်ဦးတစ်ယောက် ဒါမှမဟုတ် စာဖတ်ပရိသတ်တစ်ဦး တစ်ယောက်ကို ထိခိုက်ပြောဆို ပုတ်ခတ်တာကို Dream မကြည့်ရက် မခံစားနိုင်ပါဘူး။ ဒါ့ကြောင့်DreamBlogကို စော်ကားတာကိုDream သည်းခံနိုင်ပေမယ့် Dreamရဲ့ စာဖတ်ပရိတ်သတ်နဲ့ Blogger အစ်ကို၊ အစ်မ၊ မောင် ၊ညီမ တွေကိုတော့ မပုတ်ခတ် မစော်ကား ပါနဲ့လို့ တောင်းဆိုချင်ပါတယ်။ တစ်ဆက်တည်းမှာပဲ Green Girlရဲ့စာသားကို ယူသုံးလို့ စိတ်အနှောင့်အယှက် တိုက်ရိုက်ဖြစ်သွားရင်Dream တောင်းပန်လိုက်ပါတယ်။ ဒါပေမဲ့ အဖြစ်မှန် ကိုတော့ဖုံးကွယ် ထားလို့မရပါဘူးနော်။Comment မှာရေးသွားတဲ့ ရှင်တို့ရဲ့ လစ်ဟာချက် တွေရှိတယ် ဆိုတာရော သိနိုင်ကြပါစေ။ အဲလိုသိသွားလို့ ကိုယ့်ဆိုင်ရာ Comment ကို လိုက်ဖျက်မယ် ဆိုရင်Dream ကလည်းခွင့်ပြုပြီးခွင့်လွတ်ပါတယ်။ မိမိနှုတ်မှ ထွက်တဲ့ စကားကို မိမိတန်ဖိုး ထားတဲ့အတွက် တရားကို နတ်စောင့်တယ် ဆိုတဲ့စကားကိုလည်း Dream လက်ခံယုံ ကြည်ပါတယ်။ဒါကြောင့်Blogger သမားများနဲ့ စာဖတ်သူတွေကို လေးစားလို့လဲ ကိုယ့်ကို စော်ကား နေတဲ့ကြားထဲက အမှန်တရားအတွက် Commentတွေကို ဖွင့်ထားပေးခဲ့ပါတယ်။
ဒီလိုဖွင့် ပေးထားတာကို အခွင့်ကောင်းယူပြီး Dream ကိုတိုက်ခိုက် နေကြတာဟာ ဒီဇာတ်လမ်း မှာပါတဲ့ မင်းမြတ် နဲ့ ကြွယ်ကြွယ် တို့ရဲ့ နာမည်ကြောင့်လား ဒါမှဟုတ်Blog လောကမှာ Dream နဲ့ Blogger အစ်ကို၊ အစ်မ၊ မောင်၊ ညီမ တို့ရဲ့ကြားက နွေးထွေးတဲ့ စစ်မှန်တဲ့ မေတ္တာနဲ့ ခင်မင်မှုကို မရူ့စိမ့်လို့ ဖျက်ဆီးပြီး Dream ကိုid="fullpost">ဒီလာကမှ လွင့်သွားအောင် တိုက်ခိုက်တာ လားဆိုတာကို သိချင်ပါတယ်။
Dream Blogကို Delete လုပ်ရေး မလုပ်ရေးသည်Dream၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့်သာဆိုင်တာ ဖြစ်သလို၊ Blogger အသိုင်းအ၀ိုင်းမှာ Dream Blog ဆက်လက် ရပ်တည်ရေး၊ မတည်ရေးသည် Blogger အစ်ကို၊ အစ်မ၊ မောင်၊ ညီမများ၏ ဆုံးဖြတ်ချက် နှင့်သာဆိုင်သည်ဟု Dream ခံယူထားပါသည်။ Dream Blog ကြောင့်Blog လောကကြီးအရှက် ရသွားစေတယ် ဆိုရင်Dream ထွက်သွား ပေးမှာပါ။ ဒီအတွက်ကြောင့် Blogအသိုင်းအ၀ိုင်းမှ Blogger အစ်ကို၊ အစ်မ၊ မောင်၊ ညီမ များ၏ ဆုံးဖြတ်ချက် Commentပေါ်မှာလိုက်ပြီး Dream ဆက်လက် ရပ်တည်ဖို့နဲ့ ထွက်ခွာဖို့ ကိုဆုံးဖြတ်ပါမယ်။ ဒီလိုဆုံးဖြတ်လိုက် တာကလည်း အောက်တန်းကျပြီး ဥာဏ်ရည် အဆင့်အတန်းမဲ့သူ လူတစ်သိုက်တွေကို Blogger အစ်ကို၊ အစ်မ၊ မောင်၊ ညီမ တွေက ပြန်လည်ဖြေရှင်းရင်း စော်ကားခံ နေရတာကို လုံးဝမကြည့်ရက် မခံစားရက် နိုင်ဖြစ်လို့ပါ။
Blogger အစ်ကို၊ အစ်မ၊မောင် ၊ညီမတို့၏ ဆုံးဖြတ်ချက်နှင့် အကြံပေး ချက်များကိုကျေနပ်စွာ ခံယူမှာပါ။ ထွက်ခွာဖို့ မဲဆန္ဒများနေတယ် ဆိုခဲ့ဆိုရင်တောင် Dream အလေးအစားမပျက် ပြုံးပြုံးလေး နဲ့ဆုံးဖြတ်မှုကို နာယူမှာပါ။
ဒါကြောင့်
Dream ကို Blogလောက မှမည်သည့် Blogger
ပုဂ္ဂိုလ် အစစ်အမှန် မဆို မျက်နှာ ထောက်ထားစရာ မလိုပဲ စစ်မှန်တဲ့ စိတ်ဓာတ်နဲ့ Comment မှာလာရောက်style="color: rgb(255, 0, 0);"> အဆုံးဖြတ် အကြံဥာဏ် ပေးလို့ရပါတယ်။
မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် တွေရဲ့နောက်ဆုံး ကိုးကွယ် အားထားရာသည် သစ္စာတရားသာ ဖြစ်ပါတယ်။ ဒါကြောင့် Dream လည်းကိုယ့်ရဲ့ သိက္ခာနဲ့ သမာဓိအတွက် အမှန်တရား ဖြစ်ဖို့ ဤBlog မှသစ္စာ ဆိုပါသည်။
ဤသစ္စာ စကားမှန်ကန် ခဲ့ပါက Dream ချစ်တဲ့ Blogလောကမှာ ဆက်လက်ရပ် တည်နိုင်ပြီး အမှန်တရား သည်လည်း လယ်ကွင်းပြင်မှာ ဆင်သွားတာကို ထင်ထင်ရှားရှား မြင်ရသကဲ့သို့ အမြန်ဆုံး ပေါ်လွင်ပါစေ။
ဤဆိုသော သစ္စာသည် Dream ၏ကိုယ်စောင့်နတ် မှတဆင့် နတ်ကောင်းနတ်မြတ် တို့ကြားသိနိုင်ပါစေ။
ဤပြုသော သစ္စာတရား သည်လည်း အမှန်တရား ပေါ်လွင်ဖို့ အတွက် အထောက်အပံ့ ဖြစ်ရပါစေ။
Dream ဟာWriter ကောင်းတစ်ယောက် မဟုတ်သည့် အတွက်အရေးအသား
ညံ့ဖျင်းပြီး အမှားပါခဲ့ပါက စာဖတ်သူများမှ ခွင့်လွတ်ပေးပါ။Dream စိတ်အနှောင့်အယှက်ဖြစ်နေသည့် ကာလမှာလည်း ထပ်တူထပ်မျှ ခံစားပေးတဲ့ အစ်ကို၊အစ်မ၊မောင်၊ညီမတွေအားလုံးကို Dream ကျေးဇူးတင်ပါတယ်။ စာဖတ်သူများလည်းDream Blogသို့လာရောက်စဉ်မှာ အဆင့်မရှိ လူရမ်းကားတစ်သိုက် ကြောင့်စိတ်အနှောင့် အယှက်တစ်စုံတစ်ရာခံစား သွားရပါကDreamမှအထူးတောင်းပန်ပါတယ်။ Dreamကို နားလည်ပေးနိုင်လိမ့်မည်ဟု ဆန္ဒပြုရင်း
ရိုသေလျှက်
Dream
24 comments:
  1. အခုလို ပြေပြေလည်လည်နဲ့ အေးအေးဆေးဆေး ဖြစ်သွားတဲ့အတွက် ၀မ်းသာပါတယ် ညီမရေ..။ အစစ အရာရာအား လုံး အဆင်ပြေပြီး ပုံမှန်အတိုင်း ပျော်ရွှင်စွာ ဆက်လက် Blogging နိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်...။
    ReplyDelete
  2. ဘာတွေဘယ်လိုဖြစ်ခဲ့တယ်ဆိုတာမသိပေမယ့် ချစ်ခင်ရတဲ့ dream တစ်ယောက် ပျော်ရွှင်စွာဘလော့ဂ်နိုင်ပါစေနော်။ အကောင်းနဲ့အဆိုးဆိုတာဒွန်တွဲနေတာပဲကွယ် ဘာမှစိတ်ထဲမှာမထားပါနဲ့ ဘ၀ဆိုတာဒီလိုပဲ
    ReplyDelete
  3. သက်တန့်September 29, 2008 at 1:26 AM
    မက်မက်ရေ...
    ဘလော့ဂ်ကိုလည်း မဒလိပါနဲ့...
    ဘလော့ဂ်လောကကလည်း မထွက်ပါနဲ့...
    မက်မက်မရှိရင် တီတီနေတတ်ဝူး... အာဝါးနော်... :*
    အမှန်တရားဆိုတာ ကြာရှည် ဖုံးကွယ်ထားလို့ မရပါဘူး... တစ်နေ့ပေါ်မှာပါပဲ... :)
    ReplyDelete
  4. ညီမလေး Dream,
    ဒီပြဿနာကို အစပြုသူမှာ တီတီဝါ၀ါ သာဖြစ်ပါသည်။
    ညီမလေးDream.. blog ကို delete လုပ်ပါက တီတီ
    တီတီလည်းစိတ်တော်တော်ညစ်နေပါတယ်။နေမကောင်းဘူး ညီမလေး ရေ။ Greengirl blog မှာတောင်းပန်စာ
    Comment ရေးခဲ့ပါတယ်။ အားလုံးကို အဆင်ပြေစေ
    ချင်လို့ပါ။ အဆင်ပြေပါစေ ညီမလေး ရေ။
    ချစ်ခင်လျှက်
    တီတီဝါ၀ါ
    ReplyDelete
  5. မက်မက်ရေ ဘလော့ကိုဖျက်စရာမလိုပါဘူး. ဆက်ရေးမယ့်စာတွေမျှော်နေမယ်....
    အမှန်တရားဆိုတာ တစ်နေ့တော့ပေါ်လာမှာပဲ....
    ReplyDelete
  6. စိုင်းစိုင်းလားရှိုးSeptember 29, 2008 at 4:23 AM
    ဒရင်းရေ ..................
    ဒီလိပ် စရာမလိုပါဘူးကွ
    ကိုယ်ကမှန်နေတာလေ........
    ReplyDelete
  7. ယခုလို ပြေငြိမ်းတဲ့ စကားတွေကို ကြားရတာနဲ့ပဲ ၀မ်းသာလှပါပြီဗျာ ..
    ဘလော့ လောကကတော့ ထွက်မသွားနဲ့ .....
    တစ်ကယ် အရေးကြုံရင် အသက်စွန့်ဖို့တောင် တိုက်တွန်းချင် တိုက်တွန်းမှာပါ ..
    ဒါပေမယ့် ဒီကိစ္စအတွက်နဲ့တော့ အကြောင်းပြချက် မခိုင်လုံဘူးလို့ ယူဆပါတယ် ...
    ယခုလို ကြုံတွေ့ရတာဟာ လောကဒဏ် တစ်ခုလို့ပဲ သတ်မှတ်လိုက်ပါဗျာ ....
    ပျော်ရွှင် ငြိမ်းချမ်းစွာနဲ့ အားမလျှော့စတမ်း ဒူးမထောက်စတမ်း လဲမကျစတမ်း ဆက်လျှောက်ကြရအောင်ဗျာ ....
    dream ပျော်ရွှင် ချမ်းမြေ့ပါစေဗျာ :)
    ReplyDelete
  8. ညီမလေး မက်မက်....
    မက်မက်လေးဟာ မက်မက်ပီသစွာ
    အမြဲလန်းဆန်းနေဖို့ကိုဘဲ မျှော်လင့်ပါတယ်..
    မက်မက် အရမ်းချစ်တဲ့ Blog လေးကို
    ဖျက်ပစ်ဖို့ ဘယ်တော့မှ မစဉ်းစားရဘူးလေ..
    နော်...!!
    Blog လေးတစ်ခု ဖြစ်မြောက်လာဖို့ ရင်းခဲ့ရတဲ့ အချိန်တွေ ပေးဆပ်ခဲ့ရတဲ့ ခံစားမှုတွေ ကို မမေ့ပါနဲ့ ညီမလေး...။
    မက်မက်လေးရဲ့ စာတွေ အများကြီးထပ်ဖတ်ဖို့ ဦးနော်နဲ့ တီတီငယ် မျှော်နေတယ်ဆိုတာ......
    (ဦးနော်၊တီတီငယ်)
    ဘွားလေးမက် ချိတ်ညစ်နဲ့တော့နော်..
    (ကလေးလေး)
    ReplyDelete
  9. ညီမလေးရေ ဆက်လျှောက်မယ် အားမလျှော့စတမ်းပေါ့
    ဘာမဟုတ်တာတွေကို ဂရုစိုက်မနေပါနဲ့။ ညီမလေးမှာ အမာခံပရိတ်သတ်ရှိပြီးသားပါ။ အကိုတို့တစ်တွေ လက်တွဲညီညီနဲ့ဆက်လျှောက်ကြမယ်နော်။ ညီစေတဲ့ ညီစေပါဗျာ..........
    ReplyDelete
  10. အားလုံး အဆင်ပြေ အေးဆေးပါစေလိုဆုတောင်းပေးပါတယ်။ဒီလောက ကနေထွက်ပေး ရလောက်အောင် မလိုပါဘူး အမ ရေ..စိတ်ဓါတ် ခိုင်မာစွာဖြင့် ဆက်လပ်ရပ်တည်နိုင်ပါစေ။ပြန်လည်၍ ပျော်ရွှင် ချမ်းမြေ့ပါစေ။
    ReplyDelete
  11. ကျွန်မ အေးအေးအောင်ဖြစ်ပါတယ်။ကျွန်မက ဘလော့ဂါလည်း မဟုတ်ပါဘူး။ ဘလော့ခ်တွေကို အမြဲလည်ဖတ်တတ်တဲ့ စာဖတ်သူတစ်ဦး ဖြစ်ပါတယ်။ကျွန်မသည် ဘလော့ခ်ဂါများမှ အမှန်တရားဘက်မှ ရပ်စေချင်သော ဆန္ဒအရ လဲ့လဲ့ဝင်း(ခေါ်) ဘလော့ခ်ဂါ GreenGirl သည် မင်းမြတ်၏ချစ်သူ ရှင်သန့်ကြွယ် မဟုတ်နိုင်ကြောင်းကို တွေ့ရှိရတဲ့အတွက် အခုလိုကွန်းမန့်ရေးရပါတယ်။
    ၁။ GreenGirl ၏ ချစ်သူဖတ်ဖို့ ဆိုသော ပို့စ်အဟောင်းများကို ဖတ်ရခြင်းဖြင့် သိရသည်က GreenGirl၏ ချစ်သူသည် YZ ဟုခေါ်သော Russia မှလူတစ်ယောက်ဖြစ်သည်။ မင်းမြတ်မဟုတ်။
    ၂။ GreenGirl ၏ ပို့စ်များကို ဖတ်သောအခါ ပွင့်လင်းပြီး ဘာကိုမှ ရင်ထဲမထားတတ်သော ကောင်မလေးတစ်ယောက် ဖြစ်မည်ဟု ထင်မိသည်။
    ၃။ GreenGirl ၏ ပို့စ်များကို ဖတ်ရခြင်းဖြင့် သူမဘယ်မှာနေသည်၊ ဘယ်ကျောင်းမှာ တက်ခဲ့သည်၊ ဘယ်ကုမ္ပဏီမှာ အလုပ်ဝင်ခဲ့သည်။ ဘယ်ကုမ္ပဏီမှာ အလုပ်လုပ်နေသည်ဟု တော်ရုံဘလော့ခ်ဂါတစ်ယောက် ရေးလေ့မရှိသော ကိုယ်ရေးကိုယ်တာလေးများကို ဖွင့်ချထားသည်ကို တွေ့ရသည်။
    ၄။ GreenGirl ၏ "Surbana မှာလည်သွားပြီ" ပို့စ်နှင့် "ရေးလိုက်ပါပြီ မီးငယ်ရေ" ပို့စ်တို့တွင် သူမကို သူမနှင့်ပတ်သက်သောသူများက မည်သို့ခေါ်ကြသည်ကို အစုံအလင် ရေးသားထားသည်။ ရှင်းသန့်ကြွယ် ဟူသောနာမည် တစ်ခုမှ ပါဝင်ခြင်းမတွေ့ရပါ။
    ၅။ GreenGirl ၏ ချစ်သူဖတ်ဖို့ ဆိုသော ပို့စ်အဟောင်းများကို ဖတ်ရခြင်းဖြင့် GreenGirl နှင့် YZ သည် ၁၇.၉.၂၀၀၈ တွင် လမ်းခွဲခြင်း ဖြစ်နိုင်သည်။ Dream ၏ပိုစ့်တွင် ရေးသားထားခြင်းနှင့် ကွန်းမန့်များအရ မင်းမြတ်နှင့် ရှင်းသန့်ကြွယ်မှာ ယခုအချိန်ထိ ချစ်သူများအဖြစ် ရှိနေဆဲဖြစ်သည်။
    ထို့ကြောင့် အကြောင်းအရာနှစ်ခုမှာ ကွဲပြားသိသာပါသည်။
    GreenGirl၏ ချစ်သူမှာ YZ ဟူသော အက္ခရာအမည်နှင့်လူ ဖြစ်နေခြင်း၊ ကိုယ်ရေးကိုယ်တာများကို အတိအကျ ဘလော့ခ်ပေါ် တင်ရေးထားခြင်း၊ ပို့စ်များကို စေ့စေ့စပ်စပ်ကြည့်ခြင်းဖြင့် လဲ့လဲ့ဝင်းသည် မင်းမြတ်၏ချစ်သူ ရှင်းသန့်ကြွယ် မဖြစ်နိုင်သည်ကို အလွယ်တကူ သိနိုင်ပါသည်။
    လေးစားစွာဖြင့်
    အေးအေးအောင်
    ayeayeaung.uk@gmail.com
    ReplyDelete
  12. Blog ကို Delete မလုပ်ဘို့ တိုက်တွန်းချက် မဲတစ်မဲ ပေးပါတယ် Dream ရေ....
    ပျော်ရွှင်စွာ ဆက်လက် Blogging နိုင်ပါစေခင်ဗျာ။
    ReplyDelete
  13. ဘုရား ဘုရား... Dream ရေ...။ ဘယ်လိုဖြစ်ရတာလဲဗျာ...။ ပြောလိုက်ဆိုလိုက်ကြတာလဲ ဗြောင်းကိုသတ်လို့...။
    ဒါပေမယ့် စိတ်တော့မညစ်လိုက်ပါနဲ့... ဒလိ လဲ မလုပ်လိုက်ပါနဲ့...။ ကိုယ့်ဘလော့ဂ်မှာ ကိုယ့်ခံစားချက်ကိုယ်ရေးတယ်လေ...ဘာဖြစ်လဲ... ကိုယ်ကဒါဟာ ပါစင်နယ်ဘလော့ဂ် လို့ကြေငြာထားပြီးသားပဲဟာ... ကိုယ်ကြိုက်တာ ကိုယ်မှန်ရင် ရေးခွင့်ရှိတယ်... နောက်ပြီး...ကိုယ့်ကိုလာတိုက်ခိုက်တယ်ဆိုတာလဲ ကိုယ်က somebody မို့လို့လေ... ကိုယ်က nobody ဆိုဘယ်သူမှ လာမှာမဟုတ်ဘူး...လမ်းဘေးက ခွေးချီးကို ဘယ်သူမှ အပြစ်မပြောသလိုပေါ့... (ကျနော်ကတောသားဆိုတော့ ပြောတာနည်းနည်း ရင့်တယ် ဟီဟီ)
    ReplyDelete
  14. လုပ်စရာရှိတာသာဆက်လုပ်ပါ dream ရာ။
    အားလုံးကိုမေ့ပြီး post အသစ်လေးတွေဆက်ရေး။
    မြန်မြန်ရေးနော်။ဖတ်ချင်နေပြီ။း)
    ReplyDelete
  15. ဦးဦးရဲ့သမီးလေး Dream( မက်မက် )ရေ-
    ဦးဦးသမီးလေးBlog နေမကောင်းဖြစ်နေတာ ဦးဦးလွန်စွာစိတ်မကောင်းပါ၊ မကောင်းမှုဟုသည်အရိပ်ပမာ လိုက်မြဲပါ။ သူ့အရိပ်သူ့နောက်လိုက်မှာပါ ငါ့သမီးလေးပဲ စိတ်ရှည်သီးခံလက်စနဲ့သီးခံလိုက်ပါတော့၊ ဒါတွေဟာ တကယ့်ကိုအခိုက်အတန့်လေးတွေပါ၊ သမီးဘက်ကမွန်မွန်မြတ်မြတ်လေးနေပေးလိုက်ပါ အားလုံးပြီးပြီသားတွေပဲမဟုတ်လား။ နောက်ပြီးတစ်ချို့သော Comments များကို ဖျက်ပစ်လိုက်ပါ။ ဒါတွေမြင်နေရရင်ငါ့သမီးလေး blog ဘယ်လိုကျန်းမာလန်းဆန်းနိုင်မလဲ။ သမီးလေး blog အမြန်ကျန်းမာလန်းဆန်းနိုင်ပါစေလို့ ဦးဦးဆန္ဒပြုပါတယ်။
    ဦးဦးက သမီးလေး Dream (မက်မက်)ကို ချစ်လို့ပြောတယ်မှတ်ပါ။
    အရင်လို "ပုံပြင်လေးလာနားထောင်ဦးလို့" ဆိုတာလေးတွေမြင်တွေ့ချင်ပါတယ်။
    သမီးရဲ့
    ဦးဦးတိန်။
    ReplyDelete
  16. မဂျီးလို့ ခေါ်တော့ဘူးနော့် ဟဲဟဲ အမရေ.. ဘယ်လိုပဲဖြစ်ဖြစ် ဒီ Blog လေးကို အမ ဖျက်စရာမလိုပါဘူး.. ဘလော့စ်ကာတွေမှာ ကိုယ်ပိုင်ခံစားချက်လေးတွေ ရှိတတ်စမြဲလေ.. ဒီတော့ ကိုယ်ခံစားချက်အတိုင်း ရေးမှာပဲ.. အခုဟာက တယောက်နဲ့ တယောက် အထင်အမြင်လေး မတူရာက ဖြစ်သွားတာပါ.. အမဒီဘလော့စ်လေးကို မဖျက်ပါနဲ့ဗျာ.. အားလုံးကိုလည်း တောင်းပန်ပါတယ်.. ဒီမှာပဲ ပျော်ပျော်ပါးပါး အဆုံးတတ်လိုက်ရအောင်ဗျို့ .. အားလုံးပြန် ဘလော့စ်ကင်း နိုင်ကြပါပြီး .. ဒန်း ဒန်း ဒန်း. မမ၀ါရေ မကြီးလဲ လျှောက်မလုပ်နဲ့နော် မကြီးဖျက်ရင် ကျနော်လည်း ဘလော့စ်ကင်းမလုပ် တော့ဘူးနော့် ကဲ အားလုံး ဘလော့စ် ညီအစ်ကို မောင်နှမများ ပျော်ပျော်ပါးပါး ဘလော့စ်ကင်းကြပါစို့.. ချီတက်......ရှေ့မှာပန်းတိုင်ရှိတယ်.. လာသွားဆို့.. ဟဲ ဟဲ ဒါကတော့ ကိုစေးထူး စကားနော့် အနော့်ဟာ မဟုတ်ဘူး... :P
    ReplyDelete
  17. ကဲ ညီမရေ ပြီးတာတွေလည်း ပြီးပါစေတော့။ ဒါတွေကို မေ့လိုက်ပြီး ပို့ စ်အသစ်လေးတွေ ပြန်ရေးပေါ့ကွာ။ ဒီဘလော့လေးကို ဖျက်စရာလည်း မလိုပါဘူး။ ကိုယ့် ဘလော့ ကိုယ်ရေးတာပဲလေ။ ကြိုက်ရင်ဖတ်လိမ့်မယ်။ မကြိုက်ရင် ကျော်သွားကြလိမ့်မယ်။ ရေးရတာ ပျော်ရင် ဆက်သာရေး။ ကိုယ့်အားပေးတဲ့သူက အားပေးမှာပဲ။
    ReplyDelete
  18. အိမ်မက်လေးရေ ဘလော့ဆိုတာ ကိုယ်ပိုင် ခံစားချက် လေးတွေ ထုတ်ဖော်တဲ့ နေရာမဟုတ်လား။
    မမျှော်လင့်ဘဲ စိတ်ညစ်စရာ ကြုံခဲ့တာ ခဏတော့ စိတ်ညစ် သွားမှာကို နားလည်ပါတယ်။ အတိတ်မှာ ထားခဲ့နော်။ ရှေ့ ကိုလှမ်းကြည့်လိုက် ဘလော့ကာ မောင်နှမတွေ က အားပေးနေကြတယ် သိလား။
    ကဲ ပြုံးလိုက်နော်... မမတို့ အိမ်မက်လေးရဲ့ ပို့ စ် အသစ်ကလေးတွေကို မျှော်နေမယ် ဟုတ်ပြီလား
    ဘလော့ကို ဆန်းသစ်မှု့ လေးတွေ ပျော်ရွှင်မှု့  လေးတွေနဲ့  တန်ဆာဆင် နိုင်ပါစေ။
    ReplyDelete
  19. တဖြည်းဖြည်းရာထူးတက်လာတယ်လို့ သဘောထားလေ
    ReplyDelete
  20. အစ်မရေ အေးချမ်းပါစေဗျာ....။ စိတ်ရင်းနဲ့ဆုတောင်းပေးပါတယ်...။
    ReplyDelete
  21. ညီမလေး Dream ရေ... ဘာတွေပဲ ဖြစ်ဖြစ် Blog ရေးတာကိုတော့ လုံးဝမရပ်လိုက်ပါနဲ့။ ညီမလေးရေးတဲ့ ဘာသာရေးပို့စ်လေးတွေ အများကြီး ဖတ်ချင်ပါသေးတယ်။ ပျော်ရွှင်ငြိမ်းချမ်းပါစေ ညီမလေး...
    ReplyDelete
  22. ညီမလေး အိပ်မက်ရေ အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်။ လူဖြစ်လာတာနဲ့ ပြဿနာတွေက အသင့်စောင့်ကြိုနေပြီးသားပဲလေ။ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ ခွန်အားတွေပိုင်ဆိုင်ပါစေဗျာ။
    ReplyDelete
  23. အခုမှဖတ်ဖြစ်တယ်..။ သိပ်ပြီးခံစားတတ်လွန်းတဲ့ ကောင်မလေးပဲနော်..။ ကို့အတိုင်းပဲ..။
    ReplyDelete
  24. အားလုံး အဆင်ပြေ အေးဆေးပါစေလိုဆုတောင်းပေးပါတယ်။ဒီလောက ကနေထွက်ပေး ရလောက်အောင် မလိုပါဘူး အမ ရေ..စိတ်ဓါတ် ခိုင်မာစွာဖြင့် ဆက်လပ်ရပ်တည်နိုင်ပါစေ။ပြန်လည်၍ ပျော်ရွှင် ချမ်းမြေ့ပါစေ။
    ReplyDelete