လောကကို စိတ်က ဆောင်ယူတယ်။
လောကကို စိတ်က စီမံဖန်တီးတယ်။
လောကကို စိတ်က ဆွဲဆောင်တယ်။
ကမ္ဘာလောကမှာ ရှိရှိသမျှ ခပ်သိမ်းကုန်သော အရာတို့ဟာ စိတ္တနိယာမ အလိုသို့သာ အစဉ်လိုက် နေရတယ် လို့ဆိုပါတယ်။ နေ့စဉ်နဲ့ အမျှလူတွေဟာ လမ်းဆုံလမ်းခွ တွေအပေါ်ကို ရောက် သွားတတ် ကြပါတယ်။ လမ်းဆုံလမ်းခွပေါ်ကို ရောက်တယ်ဆို တာကလည်း လမ်းတလမ်းကို ရွေးချယ်လျှောက်လမ်း ရမယ့်နေရာကို ရောက်တယ်လို့ ဆိုလိုပါတယ်။ လူ့ဘ၀မှာ ရွေးချယ်ခွင့် ဆိုတဲ့သဘော တစ်ခုရှိတယ်။ လူဟာ အကောင်းအဆိုး ကြိုက်မကြိုက် ဆိုတာက တစ်ခုခုကိုရွေးချယ် နေကြရတယ်။ ဆန့်ကျင်ဖက်တွေ နှင့်ရောပြွန်းတဲ့ ဘ၀ထဲမှာ ဘက်နှစ်ဖက်ရှိတယ်။ ဒီတော့ တစ်ဖက်ဖက်ကို လူတွေက ရွေးချယ်ရတယ်၊ ရွေးချယ်ခွင့်ဟာ နေရာတိုင်းမှာ ရှိပါတယ်။ ဈေးဝယ်တဲ့အခါ ကိုယ်ကြိုက်ရာ ရွေးချယ်ရ ပါတယ်။အနားယူ အပန်းဖြေချိန်မှာ တောင်ရုပ်ရှင်ကြည့်ပြီး အပန်းဖြေ မလား၊ဘုရားသွားပြီး အပန်းဖြေမလား။ တစ်ခုခုကို ရွေးချယ်ရ ပါလိမ့်မယ်။ ထမင်းစား ပြီးတဲ့အခါ ပါးစပ်ချဉ်နေတယ်။ ဆေးလိပ်သောက်မလား၊ ရေနွေးကြမ်းနှင့် ထန်းလျက်ခဲ စားမလား၊ ကြိုက်ရာရွေးချယ် နိုင်ပါတယ်။ အိမ်ထောင်ပြု ရာမှာလည်း ရွေးချယ်မှု ရှိတာပါပဲ။ ရွေးချယ်ခွင့်ဟာ လူသားတို့ရဲ့ လွတ်လပ်ခွင့်ပါပဲ။ ဒီလွတ်လပ် ခွင့်အရ ရွေးချယ်ပြီး ပြုမူ ဆောင်ရွက်တဲ့အခါ လူသားတို့ရဲ့ ဘ၀မှာ ”တာဝန်” ဆိုတဲ့ကိစ္စ ပေါ်လာပါတယ်။ တစ်ခုခုကို မိမိက ကြိုက်လို့ ရွေးချယ် ယူလိုက်ရင် အဲဒီရွေးချယ်မှုရဲ့ ထိုက်သင့်တဲ့ တာဝန်ကို မိမိက ယူရမှာပါပဲ။ ဈေးမှာ ပစ္စည်းတစ်ခုခုကို ကိုယ်ကကြိုက်လို့ ရွေးပြီး ဈေးဆစ်တယ်၊ရောင်းသူက လည်းဆစ်တဲ့ဈေးကို သဘောတူတယ် ဆိုရင်ပစ္စည်းကို ၀ယ်သူဟာ မ၀ယ်ချင် တော့ဘူးဆိုပြီး စိတ်ပြောင်းလို့ မရတော့ဘူး။ ၀ယ်ကိုဝယ်ရမယ်။ ဒါဟာ သူ့အပေါ် ကျရောက်လာတဲ့ တာဝန်ပဲနော်။ တရားရုံး တွေမှာလည်း တစ်စုံ တစ်ယောက်က အတင်းအဓိမ္မ ခိုင်းစေလို့ ပြစ်မှုတစ်ခုကို ကျူးလွန်ရ တဲ့ တရားခံ အပေါ်မှာ ပြစ်မှုပြစ်ဒဏ် မကျရောက် ပါဘူးတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့သဘောနဲ့ သူလွတ်လပ်တဲ့ စိတ်နဲ့ ရွေးချယ်ပြီး ပြုလုပ်ခဲ့တာ မဟုတ်လို့ သူ့မှာ တာဝန်ဆိုတာ မရှိပါဘူးတဲ့။ ဒါကို သဘောပေါက် လို့ရှိရင် လူတယောက်ဟာ မိမိအပေါ် တာဝန်ကျ လာမဲ့ကိစ္စ တစ်ခုကို ရွေးချယ်ရတဲ့ အခါသူ့မှာ လွတ်လပ်ခွင့် ရှိတယ်ဆိုပေမယ့် ကျရောက်လာမယ့် တာဝန်ဆိုတဲ့ ၀န်ထုပ်ကို ထမ်းဆောင် ရမှာမို့လို့ သူဟာဆုံးဖြတ်ဖို့ ကျတော့ အလွယ်တကူ မလုပ်နိုင်ပါဘူး။ ဘ၀ဆိုတာ ကလည်း ဖြတ်ချက်တွေ တစ်ခုပြီး တစ်ခုပေးနေရတဲ့ အဖြစ်မျိုး ဆိုတော့ လူတွေဟာ မိမိတာဝန် ယူရတဲ့ ကိစ္စတွေကို အဆုံးအဖြတ် ပေးဖို့ကျတော့ တွန့်ဆုတ်တဲ့ စိတ်ရှိပါတယ်။ ငါ့အဆုံးအဖြတ် မှားများမှား သွားမလား၊ ငါ့အဆုံး အဖြတ်ကြောင့် အကျိုးစီးပွား ထိခိုက်မှုတွေ ဖြစ်ပေါ် လာမလား၊ဒီအဆုံး အဖြတ်ကို လူတွေက ပြစ်တင် ကဲ့ရဲ့ကြမလား စသည်အားဖြင့် ကိုယ့်ကိုကိုယ် မဝေခွဲနိုင်၊ ချီတုံချတုံနဲ့တွေးဆလာ တတ်ပါတယ်။
ဆုံးဖြတ်ချက် ပေးသူဟာ ကျရောက်လာမယ့် တာဝန်အတွက် နောက်ဆံ တင်းမှုတွေ၊ ကြောက်ရွံမှုတွေ ဖြစ်တတ်ပါတယ်။ ဘာကိုကြောက် သလဲဆိုတော့ မိမိအပေါ် တာဝန်ကျမှာ၊ အပြစ်တင် ခံရမှာ ကြောက်တယ်။ ဒါကြောင့် တာဝန်ကြီးကြီး ယူထားရတဲ့ လူဟာ ပိုပြီးကြောက်တတ်ပါတယ်။ တစ်ချို့ လူကြီးလူကောင်း ဆိုတဲ့ပုဂ္ဂိုလ်တွေ ကျတော့ သတ္တိ လည်းရှိတယ်၊ တာဝန်လည်း ယူရဲတယ်။ ဆုံးဖြတ်တဲ့ နေရာမှာ လည်းပြတ်သား ကြတယ်။ဒါကြောင့် သူတို့ရဲ့ ဆုံးဖြတ်ချက် တွေဟာ မှန်ကန်တာ များပါတယ်။ အကျိုးရှိတာ များပါတယ်။ တချို့လူကြီး လူကောင်း အမည်ခံ ပုဂ္ဂိုလ်တွေကတော့ အားလျှော်စွာ စိုင်ကော်လို့ ချုံပေါ်ရောက် ကြရတယ်။ သူတို့ကိုယ်သူတို့အရည် အချင်းရှိတယ် လို့လည်းမ ယုံကြည်ကြဘူး။ ဒါကြောင့် သူတို့လို လူတွေက တာဝန်တွေနှင့် ကြုံတွေ့လာရင် တုန်လှုပ်တဲ့ စိတ်ရှိတယ်။ ဒါပေမယ့် သူတို့အပေါ် ကြရောက်လာမယ့် အပြစ်ကို မခံရအောင် တာဝန်ကို ဘော်လီဘော ပုတ်သလို ဟိုဘက်ပုတ်ထုတ် ဒီဘက်ပုတ်ထုတ်နှင့် ခေါင်းရှောင်လေ့ ရှိကြပါတယ်။ ဒါကြောင့် လောကမှာ ရဲရင့်တဲ့ ဆုံးဖြတ်ချက်၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက် အကျိုးပြုတဲ့ ဆုံးဖြတ်ချက် ပေးတဲ့လူတွေကို ခေါင်းဆောင်လို့ သတ်မှတ်ခဲ့ကြတယ်။ ခေါင်းဆောင် လုပ်တဲ့သူဟာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို လျင်လျင်မြန်မြန် ဘာကြောင့်ချမှတ်နိုင်လဲ ဆိုတော့ သူတို့ဟာ စိတ်တည်ငြိမ် သူတွေဖြစ်လို့ ပါပဲနော်။ သူတို့မှာ နောက်ဆံ တင်းတဲ့စိတ် ငဲ့ကွက်တဲ့ စိတ်မရှိဘူး။ မအောင်မြင်ရင် အသေခံမယ်၊အောင်မြင်ရင် အများ ကိုးကွယ်ရာ ဖြစ်စေမယ်၊ ဆိုတဲ့ ကြီးမြတ်တဲ့ စိတ်ပဲ ရှိတယ်။
ဒါကြောင့် ဘယ်လို အရေးအခင်းနဲ့ ကြုံကြုံ သူတို့ဟာ လေပြင်းမုန်တိုင်း ကြားမှာ တုန်ခါ တုန်လှုပ်ခြင်း မရှိတဲ့ ကျောက်ဆောင်ကြီး တွေလိုပဲ ငြိမ်သက်တဲ့ က္ကုနြေ္ဓလည်း ရှိပါတယ်။ လူတွေ စိတ်လှုပ်ရှားတယ်၊ တုန်လှုပ်တယ် ဆိုတာ ဘယ်အခါ ဖြစ်တတ်ပါသလဲ၊ ကိုယ်ကျိုးကို ငဲ့ကွက်မှုကြောင့် ကိုယ်ကျိုး ထိခိုက်မှာ စိုးတဲ့အခါ တုန်လှုပ်ပါတယ်။ အဲဒီလို စိတ်ရဲ့ တုန်လှုပ်မှုကို ဘုရားရှင် လက်ထက်က ဟောထားတဲ့ ပုံပြင်လေး တပုဒ်ရှိတယ်။
ဆရာဆန်းလွင် ၏ဒီပို့စ်နဲ့ ပတ်သတ်တဲ့ ဘုရားဟော ပုံပြင်လေး ကလည်း ဆက်ရန်ပေါ့။နော့်.. :)

Dreamရေ...ခုလို ဗဟုသုတရော ရသပါပေးတဲ့
ReplyDeleteပို့ စ်လေးကို ဝေမျှပေးတာ ကျေးဇူးပဲနော်။ လှုပ်ရှားသောစိတ် နဲ့ တည်ငြိမ်သောစိတ် ကို ခွဲခြားသိနိုင်ပြီး ဘ၀မှာ ဆုံးဖြတ်ချက်တွေ ချရမယ့် အချိန်ရောက်ရင် ရဲရင့်ပြတ်သားတဲ့  အကျိုးပြုတဲ့  ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ပါစေဗျာ။
ကြောင်မလေးDreamရေ...
ReplyDeleteဗဟုသုတရတဲ့ ပို့စ်လေးအတွက် ကျေးဇူးပါညီမလေး။
ဟုတ်တယ်နော်ညီမလေး..စိတ်ကလှုတ်ရှားလွယ်ရင်
မကောင်းဘူး..တည်တည်ငြိမ်ငြိမ်လေးနဲ့ ဘ၀အတွက်ဆုံးဖြတ်ချက်တွေကိုချသင့်တယ်။
ချစ်သောညီမလေးလည်း ကိုယ့်ဘ၀တစ်ခုလုံးအတွက်
တကယ်ဆုံးဖြတ်ရတော့မယ့်အချိန်ရောက်လာရင်...
တွေဝေမှုတွေပင်းမဲ့စွာနဲ့ အကောင်းဆုံးနဲ့ အမှန်ကန်ဆုံး
ဆုံးဖြတ်ချက်ကိုချနိုင်ပါစေကွယ်...
ချစ်သောတီတီဝါ၀ါ..
မက်မက်ရေ ဗဟုသုတ၊ ရသ၊ မှတ်သားလိုက်နာဖွယ်တွေ တွေ့ရတယ် ပိုစ့်လေး အရမ်းကောင်းတယ်.. ကျေးဇူး..
ReplyDeleteလောကကိုစိတ်ကဆောင်ယူတယ်။ လောကကိုစိတ်ကစီမံဖန်တီးတယ်။ လောကကိုစိတ်ကဆွဲဆောင်တယ်။
ကောင်းလေစွ.. ကောင်းလေစွ..
ီDream..ရေ..စိတ်အကြောင်းရေးထား ဖတ်ရသူတွေအတွက် အကျိုးရှိပါတယ်။ စိတ်ဓာတ်ခိုင်မာတယ်။ ဆုံးဖြတ်ချက်ချရဲတယ်ဆိုတာ ယုံကြည်မှု့ ရှိလို့ဘဲပြောရမှာပေါ့။ ကျနော်တွေရဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာကလည်း ခိုင်မြဲခြင်းတွေနဲ့ ရပ်တည်နေတာပါ။ ဘာတွေနဲ့ခိုင်မြဲလဲဆိုတော့ သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ သိက္ခာပုဒ်သုံရပ်နဲ့ ခိုင်မြဲတာဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြစ်ပြီး ရဲရဲရင့်ရင့် ဆုံးဖြတ်ရဲရမှာပေါ့။
ReplyDeleteဆက်ရေးမဲ့ ပိုစ့်ကို စောင့်နေပါမယ်။ တရားစာများရေးသာပြီး အသိတရားများ ဆက်လက်ဖြန့်ဝေနိုင်ပါစေ အစ်မ..။
မျှဝေတဲ့အတွက် ကျေးဇူး ညီမရေ။ ဆုံးဖြတ်ချက်တွေ ပြတ်သားပါစေ
ReplyDeleteလုပ်စရာလေးရှိနေတာ လုပ်ရမလို မလုပ်ရမလို ဖြစ်နေတာ။အဲဒါ ဒီ post ဖတ်ပြီးသွားတော့ အားတတ်သွားတယ်။ကျေးဇူးပဲဗျာ။
ReplyDelete