Subscribe:

Sunday, September 28, 2008

ဤသစ္စာစကားဘလော့တစ်ခွင်ပျံ့နှံ့ရပါစေသား

Dream ရဲ့ အထီးကျန်ဆန်စွာ ဖြတ်သန်းနေရတဲ့ အချိန်တွေကို ဒီBlogလေး အပေါ်မှာ၊စိတ်ရော လူရောနစ်ပြီး ကုစားနေခဲ့ပါတယ်။ Dream နဲ့ Blog၊ Blog နဲ့ Dream ဟာစိတ်ချင်း ဆက်နေပါတယ်။Dream ပျော်နေရင်Blog လေးပျော်နေသလို၊၊Blog လေးပျော်နေရင်လည်း Dream အင်မတန် ပျော်ပါတယ်။ Dream စိတ်ညစ်ရင်လည်း Blogလေးစိတ်ညစ် တတ်သလို၊Blogလေး စိတ်ညစ်ရင်လည်း Dreamမှာ စားမ၀င်အိပ်မရနဲ့ စိတ်ညစ်ပါတယ်။

Dream ရဲ့ စိတ်ခံစားမှုအတိုင်း Dreamကို အဖော်ပြုနေတဲ့ Dream Blog ကိုDreamအင်မတန်ကို ချစ်တယ်၊ သံယောဇဉ် တွယ်တယ်။ မိမိတို့ရဲ့Blogကို ဘယ်လောက်တန်ဖိုးထား ချစ်တတ် ကြတယ်ဆိုတာBloggerတိုင်း ခံစား နားလည်ဖူးမှာပါ။Dream လူမှုရေး လုပ်ငန်းတွေ ဘယ်လောက် ပဲလုပ်လုပ်၊ ဘာသာ တရားဘယ်လောက်ပဲ ကိုင်းရှိုင်း နေပါစေ၊Dreamဟာ ခံစားချက်ရှိတဲ့ ပုထုဇဉ် လူသားထဲကလူသား တစ်ယောက်ပါ။Dreamရဲ့ ခံစားတတ်တဲ့ နှလုံးသားအရ ယဉ်ယဉ်ကျေးကျေး ဆက်ဆံ တတ်သလို၊ ရိုင်းရိုင်း စိုင်းစိုင်း လဲဆက်ဆံ တတ်ပါတယ်။ ချစ်တတ်တဲ့ စိတ်ရှိသလို မုန်းတတ်တဲ့ စိတ်လည်းရှိပါတယ်။ ပျော်ရွှင်တတ်သလို၊ ၀မ်းနည်းတတ်ပါတယ်။

အရင်က READER တစ်ယောက် ဘ၀ကနေပဲ Blogမှာ ကျင်လည်ခဲ့တာပါ။ အထိမ်းအမှတ်မင်္ဂလာ ပို့စ်မှာ ကာယကံရှင် တို့ကိုအမည် မဖော်ဘဲ ကျေးဇူးတင် ထားပါတယ်။Reader ဘ၀ကနေ Writer ကောင်းတစ်ယောက် ဖြစ်ဖို့ကြိုးစား နေဆဲမှာ Dreamရဲ့ ခံစားချက်တွေကို ဖော်ဝေးငှက်၏လွမ်းတေးသံ နဲ့ အချစ်ဟာအတ္တကြောင့်တကယ်သေဆုံးခဲ့ရတာလား ခံစားမှု လေးတွေကို ပုံပြင်သဘော မျိုးလေးတွေနဲ့ ပဲခံစားပြီး ရေးသား ခဲ့ပါတယ်။

Bloggerသမား အချင်းချင်း နွေးထွေးမှုနဲ့ ချစ်ခင်လို့၊ လေးစားလို့၊ အပျော်သဘောနဲ့ Tag လိုက်တဲ့ကိစ္စမှာ အဲဒီပုဂ္ဂိုလ်တွေရဲ့ ခင်မင်မှုကို တန်ဖိုး ထားတဲ့အနေနဲ့ Dream ရဲ့ဖြစ်ရပ် မှန်လေးတွေကို ပုံပြင်သဘော မဟုတ်ဘဲ ဇာတ်လမ်းသဘောနဲ့ လွန်ခဲ့သောအတိတ်ပုံရိပ်များ ဆိုပြီးရေးသား ခဲ့ပါတယ်။ Writer ကောင်းတစ်ယောက်
ဖြစ်ဖို့ ကြိုးစားနေတဲ့ Dream ရေးသားတဲ့ ဒီဇာတ်လမ်းမှာ အသက်မဲ့နေတဲ့ ဇာတ်အိမ်နဲ့ဇာတ်ကောင်တွေကို အသက်သွင်း ပေးလိုက်တဲ့ ကိုယ့်အမည်တောင် မဖော်ဝံ့သူအမည် မသိလူရမ်းကား ပုဂ္ဂိလ်တွေကို Dream ကျေးဇူးတင်ပါတယ်။း)

အခုDreamကို လာရောက်စွပ်စွဲ သိက္ခာချ နေတဲ့အမည်မသိ လူရမ်းကားတစ်သိုက်ရဲ့အဆင့်အတန်းအလိုက် တစ်ဖက်သတ် ရေးသားထားတဲ့ Comment ပါစာတွေကိုဖတ်ရတဲ့ အတွက် Dreamနဲ့ တကွစာဖတ် ပရိသတ်တွေ အနှောင့်အယှက် ဖြစ်ရပါတယ်။ Blogger အစ်ကို၊ အစ်မ၊ မောင်၊ ညီမ တွေကလည်း အမှန်တရား ဘက်ကရပ်တည်ပြီးBlogရပ်ဝန်းမှာ လူကြီး လူကောင်း ဆန်ဆန် ထင်ထင်ရှားရှား ပြန်လည် ဖြေရှင်းပေးတဲ့အတွက် Dream အင်မတန် လေးစားမိပါတယ်။Dream ကျေးဇူးအထူး တင်သလို Blogger အစ်ကို၊ အစ်မ၊ မောင်၊ ညီမ တို့ကိုပါ ပုတ်ခတ်စော်ကား လာတဲ့အတွက်အရမ်းလည်း ၀မ်နည်း ရပါတယ်။

လူရမ်းကား တစ်သိုက်ရဲ့ အဆင့်အတန်း မရှိComment မှာရေးသား ထားတာဟာအကျိုးအကြောင်း ဆီလျော်ခြင်း လုံးဝမရှိဘဲ ရှေ့နောက်မညီ လစ်ဟာမှု တွေများစွာရှိနေတဲ့အတွက် တဖက်သတ် စွဲချက်တွေကြီးပဲဆိုတာ သိသာထင်ရှားပါတယ်။အပင်မြှင့်ရင် လေကြမ်း ပိုတိုက်ခံ ရစမြဲ၊ Blogရပ်ဝန်းမှာ ကိုယ့်နာမည် လူပိုသိသွားရင် မလိုသူတွေရဲ့ ဟောင်ခြင်း၊ လှောင်ခြင်း ကိုခံရတတ်ဆိုပြီး Bloggerအစ်ကို တစ်ယောက်က ဆုံးမထား ဖူးပါတယ်။ ဒီBlogလောကမှာ ဒါမျိုးတွေဖြစ် တတ်ကြတာကိုBlogger သမားတိုင်း ကြုံတွေ့ခံစား သိရှိထားပါတယ်။ ဒါကြောင့်Blogger အစ်ကို၊ အစ်မ၊ မောင်၊ ညီမ တွေ၏ဆုံးမ စကားတွေအရ Dream တစ်ယောက် လူမိုက်ထုံးကိုပယ်၊ ပညာရှိထုံး နှလုံးမူပြီး Dreamကို လာရောက် သိက္ခာချတဲ့ အရှက်မရှိတဲ့ လူမိုက်တစ်စုကို ပြုံးပြုံးလေးနဲ့ပဲ ခွင့်လွတ်လိုက်ပါတယ်။

Dream အတွက်နဲ့ Blogger တစ်ဦးတစ်ယောက် ဒါမှမဟုတ် စာဖတ်ပရိသတ်တစ်ဦး တစ်ယောက်ကို ထိခိုက်ပြောဆို ပုတ်ခတ်တာကို Dream မကြည့်ရက် မခံစားနိုင်ပါဘူး။ ဒါ့ကြောင့်DreamBlogကို စော်ကားတာကိုDream သည်းခံနိုင်ပေမယ့် Dreamရဲ့ စာဖတ်ပရိတ်သတ်နဲ့ Blogger အစ်ကို၊ အစ်မ၊ မောင် ၊ညီမ တွေကိုတော့ မပုတ်ခတ် မစော်ကား ပါနဲ့လို့ တောင်းဆိုချင်ပါတယ်။ တစ်ဆက်တည်းမှာပဲ Green Girlရဲ့စာသားကို ယူသုံးလို့ စိတ်အနှောင့်အယှက် တိုက်ရိုက်ဖြစ်သွားရင်Dream တောင်းပန်လိုက်ပါတယ်။ ဒါပေမဲ့ အဖြစ်မှန် ကိုတော့ဖုံးကွယ် ထားလို့မရပါဘူးနော်။Comment မှာရေးသွားတဲ့ ရှင်တို့ရဲ့ လစ်ဟာချက် တွေရှိတယ် ဆိုတာရော သိနိုင်ကြပါစေ။ အဲလိုသိသွားလို့ ကိုယ့်ဆိုင်ရာ Comment ကို လိုက်ဖျက်မယ် ဆိုရင်Dream ကလည်းခွင့်ပြုပြီးခွင့်လွတ်ပါတယ်။ မိမိနှုတ်မှ ထွက်တဲ့ စကားကို မိမိတန်ဖိုး ထားတဲ့အတွက် တရားကို နတ်စောင့်တယ် ဆိုတဲ့စကားကိုလည်း Dream လက်ခံယုံ ကြည်ပါတယ်။ဒါကြောင့်Blogger သမားများနဲ့ စာဖတ်သူတွေကို လေးစားလို့လဲ ကိုယ့်ကို စော်ကား နေတဲ့ကြားထဲက အမှန်တရားအတွက် Commentတွေကို ဖွင့်ထားပေးခဲ့ပါတယ်။

ဒီလိုဖွင့် ပေးထားတာကို အခွင့်ကောင်းယူပြီး Dream ကိုတိုက်ခိုက် နေကြတာဟာ ဒီဇာတ်လမ်း မှာပါတဲ့ မင်းမြတ် နဲ့ ကြွယ်ကြွယ် တို့ရဲ့ နာမည်ကြောင့်လား ဒါမှဟုတ်Blog လောကမှာ Dream နဲ့ Blogger အစ်ကို၊ အစ်မ၊ မောင်၊ ညီမ တို့ရဲ့ကြားက နွေးထွေးတဲ့ စစ်မှန်တဲ့ မေတ္တာနဲ့ ခင်မင်မှုကို မရူ့စိမ့်လို့ ဖျက်ဆီးပြီး Dream ကိုid="fullpost">ဒီလာကမှ လွင့်သွားအောင် တိုက်ခိုက်တာ လားဆိုတာကို သိချင်ပါတယ်။

Dream Blogကို Delete လုပ်ရေး မလုပ်ရေးသည်Dream၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့်သာဆိုင်တာ ဖြစ်သလို၊ Blogger အသိုင်းအ၀ိုင်းမှာ Dream Blog ဆက်လက် ရပ်တည်ရေး၊ မတည်ရေးသည် Blogger အစ်ကို၊ အစ်မ၊ မောင်၊ ညီမများ၏ ဆုံးဖြတ်ချက် နှင့်သာဆိုင်သည်ဟု Dream ခံယူထားပါသည်။ Dream Blog ကြောင့်Blog လောကကြီးအရှက် ရသွားစေတယ် ဆိုရင်Dream ထွက်သွား ပေးမှာပါ။ ဒီအတွက်ကြောင့် Blogအသိုင်းအ၀ိုင်းမှ Blogger အစ်ကို၊ အစ်မ၊ မောင်၊ ညီမ များ၏ ဆုံးဖြတ်ချက် Commentပေါ်မှာလိုက်ပြီး Dream ဆက်လက် ရပ်တည်ဖို့နဲ့ ထွက်ခွာဖို့ ကိုဆုံးဖြတ်ပါမယ်။ ဒီလိုဆုံးဖြတ်လိုက် တာကလည်း အောက်တန်းကျပြီး ဥာဏ်ရည် အဆင့်အတန်းမဲ့သူ လူတစ်သိုက်တွေကို Blogger အစ်ကို၊ အစ်မ၊ မောင်၊ ညီမ တွေက ပြန်လည်ဖြေရှင်းရင်း စော်ကားခံ နေရတာကို လုံးဝမကြည့်ရက် မခံစားရက် နိုင်ဖြစ်လို့ပါ။

Blogger အစ်ကို၊ အစ်မ၊မောင် ၊ညီမတို့၏ ဆုံးဖြတ်ချက်နှင့် အကြံပေး ချက်များကိုကျေနပ်စွာ ခံယူမှာပါ။ ထွက်ခွာဖို့ မဲဆန္ဒများနေတယ် ဆိုခဲ့ဆိုရင်တောင် Dream အလေးအစားမပျက် ပြုံးပြုံးလေး နဲ့ဆုံးဖြတ်မှုကို နာယူမှာပါ။
ဒါကြောင့်
Dream ကို Blogလောက မှမည်သည့် Blogger
ပုဂ္ဂိုလ် အစစ်အမှန် မဆို မျက်နှာ ထောက်ထားစရာ မလိုပဲ စစ်မှန်တဲ့ စိတ်ဓာတ်နဲ့ Comment မှာလာရောက်style="color: rgb(255, 0, 0);"> အဆုံးဖြတ် အကြံဥာဏ် ပေးလို့ရပါတယ်။

မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် တွေရဲ့နောက်ဆုံး ကိုးကွယ် အားထားရာသည် သစ္စာတရားသာ ဖြစ်ပါတယ်။ ဒါကြောင့် Dream လည်းကိုယ့်ရဲ့ သိက္ခာနဲ့ သမာဓိအတွက် အမှန်တရား ဖြစ်ဖို့ ဤBlog မှသစ္စာ ဆိုပါသည်။

ဤသစ္စာ စကားမှန်ကန် ခဲ့ပါက Dream ချစ်တဲ့ Blogလောကမှာ ဆက်လက်ရပ် တည်နိုင်ပြီး အမှန်တရား သည်လည်း လယ်ကွင်းပြင်မှာ ဆင်သွားတာကို ထင်ထင်ရှားရှား မြင်ရသကဲ့သို့ အမြန်ဆုံး ပေါ်လွင်ပါစေ။

ဤဆိုသော သစ္စာသည် Dream ၏ကိုယ်စောင့်နတ် မှတဆင့် နတ်ကောင်းနတ်မြတ် တို့ကြားသိနိုင်ပါစေ။
ဤပြုသော သစ္စာတရား သည်လည်း အမှန်တရား ပေါ်လွင်ဖို့ အတွက် အထောက်အပံ့ ဖြစ်ရပါစေ။

Dream ဟာWriter ကောင်းတစ်ယောက် မဟုတ်သည့် အတွက်အရေးအသား
ညံ့ဖျင်းပြီး အမှားပါခဲ့ပါက စာဖတ်သူများမှ ခွင့်လွတ်ပေးပါ။Dream စိတ်အနှောင့်အယှက်ဖြစ်နေသည့် ကာလမှာလည်း ထပ်တူထပ်မျှ ခံစားပေးတဲ့ အစ်ကို၊အစ်မ၊မောင်၊ညီမတွေအားလုံးကို Dream ကျေးဇူးတင်ပါတယ်။ စာဖတ်သူများလည်းDream Blogသို့လာရောက်စဉ်မှာ အဆင့်မရှိ လူရမ်းကားတစ်သိုက် ကြောင့်စိတ်အနှောင့် အယှက်တစ်စုံတစ်ရာခံစား သွားရပါကDreamမှအထူးတောင်းပန်ပါတယ်။ Dreamကို နားလည်ပေးနိုင်လိမ့်မည်ဟု ဆန္ဒပြုရင်း

ရိုသေလျှက်
Dream

Saturday, September 27, 2008

အစကတော့ ခွေးဟောင်တိုင်း ထမကြည့်ပါနဲ့ဆိုတဲ့ ထုံးကိုနှလုံးမူ မလို့ပါဘဲ။ ဒါပေမယ့်
ဘလော့ဂ်မှာ စိတ် အနှောင့်အယှက်ဖြစ်အောင် လာဟောင်နေတော့လည်း
မပြောမပြီး လွန်လာလို့ ပိုစ့်အဖြစ်နဲ့ တင်လိုက်ပါတယ်။

ကျွန်မက ကာယကံရှင် မိန်းကလေးရဲ့ သိက္ခာကို စောင့်သိတဲ့ အနေနဲ့ သူ့ရဲ့နာမည်
အစစ်အမှန် ကိုသုံးတာ မဟုတ်ပါဘူး။ ရှင်တို့ပြောသလို သိက္ခာ ချတာလည်း မဟုတ်ပါဘူး။
ကိုယ့်ဇာတ်လမ်းကို လူသိအောင် ဇာတ်နာအောင် ရေးတာလဲ မဟုတ်ပါဘူး။

အဖြစ်မှန်တစ်ခုကို ခံစားမှု သက်သက်ဖြစ်သာ ရေးသားထားတာပါ။ နာမည်အစစ်အမှန်
ရေးမရေးကို ရှင်တို့ကိုယ်တိုင် အသိဆုံးဖြစ်မှာပါ။ ဒီဟာကလည်း ကျွန်မရဲ့ တကယ့်ခံစားမှု
အပိုင်းကိုသာ ရေးသားထားခြင်း ဖြစ်ပါတယ်။ဘယ်သူ့ကိုမှလည်း ထိခိုက်အောင် စော်ကား
မော်ကားရေးသား ထားတာလဲမရှိပါဘူး

တရားဝင် မယူရသေးဘဲနဲ့ အတွင်းသားတောင် ဖော်မပြနဲ့ဆိုတဲ့ ဆုံးမစကားကို သံမှိုစွဲတဲ့
လူကကိုယ်မမြင်ဘူးသေးတဲ့ လူတစ်ယောက်ကို လင်မယားဆိုလဲ မမှားဘူးလို့ကိုယ့်
်ြ့ပိုင်ဘက်ဖြစ်တဲ့ ရည်စားလုဖက် မိန်းကလေးကို မျက်ရည်ခံထိုးပြီး ပြောရင်
ဘယ်မိန်းကလေးမဆို မိန်းမချင်း ကိုယ်ချင်းစာပြီး နောက်ဆုတ်ပေးကြမှာ အမှန်ပါပဲ။
ရှင်တို့လဲ ကျွန်မလိုသိတတ် နိုင်ပါစေ။ မိန်းကလေးချင်း ကိုယ်ချင်းစာနိုင်
ပါစေလို့မျှော်လင့်ပါတယ်။

ဒီကြွယ်ကြွယ်ဆိုတဲ့ မိန်းကလေးက အရှက်မရှိ ဘလော့မှာ ကွန့်မက်လာပေးတာကို
မသိချင်ယောင်ဆောင် နေပေးခဲ့ပါသေးတယ်။
ဒီကွန့်မက်တွေဖတ်ရင် ကြွယ်ကြွယ်ဟာ ဘယ်သူဘယ်ဝါ ဖြစ်ပါတယ်ဆိုတာကို
Dream မပြောလည်း လူတိုင်းနီးပါးက သိနေပါတယ်နော်။

ကြွယ်ကြွယ် ဘယ်သူဆိုတာ ကျွန်မတိတိကျကျ သိနေပေမယ့်၊ မိန်းကလေးချင်း
ကိုယ်ချင်းစာတဲ့ အနေနဲ့ သူ့နာမည်ရင်း ကိုထည့်မသုံးခဲ့ပါဘူး၊ ရှင်းရှင်းပြောရရင် သူ့ရဲ့ဘလော့
နာမည်တောင် မသုံးခဲ့ပါဘူး။ ကြွယ်ကြွယ်ဆိုတာ သူ့နာမည်အရင်း ဟုတ်မဟုတ် ရှင်တို့က
ကျွန်မထက်ပိုသိမှာပါ။နာမည်အရင်းကို မသုံးတဲ့ ကျွန်မကို သူသာသိတတ်မယ် ဆိုရင်
လာထိုင် ကန်တော့ သင့်ပါတယ်။

ကျွန်မတို့ မိန်းကလေးတွေဆိုဟာ ချစ်ပြီးရင် နောက်တစ်ယောက်ကို လွယ်လွယ်ကူကူ
မပြောင်းတတ်ကျပါဘူး။ ဒီတော့ ကျွန်မဟာ မင်းမြတ်ကို ချစ်နေသေးတာဟာ အပြစ်တစ်ခု
လို့ယူဆ လို့ရပါသလား။ ဘယ်လိုပဲဖြစ်ဖြစ် ဖြူဖြူကိုမင်းမြတ်က ကြူတယ်ပဲပါဦး။ မင်းမြတ်
ဟာကြူတတ်တဲ့ ယောင်္ကျားလေး ဆိုတာမသိခဲ့ရတာ ကျွန်မအမှားပါ။ အခုလို မင်းမြတ်အ
ကြောင်းကို ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန် သိရအောင် လုပ်ပေးတဲ့ ကြွယ်ကြွယ်ကို
ကျးဇူးတင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖြူဖြူခံရတာတော့ အဖြစ်မှန်ပဲလေ။ ဒါကိုတော့
ငြင်းလို့ရမယ်မထင်ပါဘူး။

ရှင်တို့ပြောသလို လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်ပါတယ်။ ကျွန်မတစ်ယောက်ထဲ
မင်းမြတ်ကို ဘယ်လိုပဲ ဆက်သွယ်ဆက်သွယ် မင်းမြတ်မပါရင် ဒီဇာတ်လမ်းဆိုတာ
ဖြစ်လာမှာမဟုတ်ပါဘူး။

Blogger တွေအားလုံးကို လေးစားတဲ့ စိတ်ရှိလို့ ဒီပို့စ်ကို တင်လိုက်ပါတယ်။ နောက်နောင်
ခင်များတို့ ပြောပြောနေတဲ့ နာမည်အရင်း ကိုသုံးပါတယ်လို့ တရားဝင်စွတ်စွဲတာကို
ရပ်တန်းကရပ်ဖို့နဲ့ ဒီထက်ဆိုးလာရင် ကာယကံရှင် မိန်းကလေး၏ သိက္ခာ ကိုတာဝန်
ယူမှာမဟုတ်ပါဘူး လို့လဲသတိပေးပြောပါရစေ။

မင်းမြတ်ကို ကျွန်မ နှောက်ယှက်တာထက် ရှင်တို့တွေအုပ်စုလိုက်ကျွန်မကို
ကွန်မန့်မှာလာဟောင်ပြီး အရှက်ခွဲဖို့ ကြိုးစားနေကြတာ ရှင်တို့ကွန်မန့်တွေက သက်သေပါ။
ကျွန်မကို မကျေနပ်ရင် ကျွန်မဘလော့ခ်မလာနဲ့ ရှင်းရှင်းလေးပါ။ကျွန်မ ဘလော့ခ်မှာကျွန်မ
အကြောင်းကျွန်မ ခံစားချက်ပဲရေးမယ်။ကိုယ်အကြောင်း ကိုယ်တော့ကောင်းတာပဲ
ရေးမယ်၊ကိုယ်မကောင်းကြောင်းကို ဘယ်သူကမှ ရေးလိမ့်မယ်လို့ကျွန်မ မထင်ဘူး။
ကျွန်မ ကြွယ်ကြွယ်ကို ယနေ့အချိန်ထိ ကျေးဇူးတင်တယ်။ချစ်ခဲ့ဖူးသူ တစ်ယောက်ကို
အရှက်မကွဲ စေချင်လို့ သူ့နာမည် အရင်းကိုတောင် မသုံးခဲ့ပါဘူး။ သုံးခဲ့မယ်ဆိုရင်လည်း
အဲဒီကြွယ်ကြွယ် ကိုယ်တိုင်က ဘလော့ခ်ဂါ တစ်ယောက်ဘဲ သူ့ဘလောခ်ကနေ
ပြောယုံမက စင်ကပူနိုင်ငံ ကျွန်းသေးသေးလေး တစ်ကျွန်းပေါ်မှာ အတူတူနေနေ
ကြတဲ့ရွှေမြန်မာတွေပဲ ရှာရသိပ် မခက်ပါဘူး။အချိန်မရွေးလာ သတ်နိုင်ပါတယ်။
ကြွယ်ကြွယ်ကို မကျေနပ်လို့ ဇာတ်နာအောင် ရေးတယ်ထင်ရင် လာမဖတ်နဲ့ပေါ့။
ကျွန်မကို မကျေနပ်ဘူးသာ ပြောတယ် ရှင်တို့တွေ အဖွဲ့လိုက် ကျွန်မဘလော့ခ်မှာ
ဝဲလည်ခတ်ပြီး အုပ်စုလိုက် လာဟောင် နေမဲ့အစား ကျွန်မကို တိုက်ရိုက် ပြောချင်ရင်
Gtalkကိုလာခဲ့ပါ။ ကျမ ဘလော့ခ် စာဖတ်သူကိုတော့ အနှောက်ယှက်မပေးနဲ့။
ကျွန်မနာမည် အရင်းကိုရှင် တို့ပြောလိုက်လို့လဲ ကျွန်မ သေမသွားနိုင်ဘူး။နာမည်
အသိမခံနိုင် စရာလည်း မရှိဘူး။မြန်မာပြည်မှာ အိအိဖြူ ဆိုတဲ့နာမည် တွေရိုက်သတ်လို့
မကုန်အောင်ပေါတယ် နာမည်တူ မရှားနိင်ပါဘူး။

ကိုယ့်လိပ်ပြာ ကိုယ်လုံလို့ ကိုယ့်ခံစားမှု့ တွေကိုပို့စ်အဖြစ် တင်ခဲ့ပါတယ်။

အဖြစ်မှန်တွေကို လူတွေသိတော့ အနာပေါ် တုတ်ကျသလို ဖြစ်နေတဲ့ အဆင့်အတန်း
မရှိတဲ့ လူရမ်းကားတချို့ကြောင့် စာဖတ်သူတွေ အနှောင့်အယှက် ဖြစ်သွားရင်
Dreamမှ တောင်းပန်ပါတယ်။ ဘယ်သူဘယ်သူမှ နစ်နာစေလိုခြင်း မရှိပါဘူး။


Friday, September 26, 2008

Dreamရဲ့ပထမဆုံးများ

ဦးဦး အိမ် ရဲ့မေးထားတဲ့ ပထမဆုံးဆိုတဲ့ TAG မေးခွန်းလေးတွေပါ။

ပထမဦးဆုံး လူ့လောကအလယ် ရောက်ရှိလာချိန်.......စက်တင်ဘာလ
ပထမဦးဆုံး မှတ်မိသူ.........................................မွေးမိခင်
ပထမဦးဆုံးနာမည်............................................ကလေး
ပထမဦးဆုံးမူကြို..............................................အ.မ.က(၃)
ပထမဦးဆုံးစတက်ခဲ့သည့်ကျောင်း.........................အ.မ.က(၃)
ပထမဦးဆုံးကျောင်းပြေးဖူးတာ..............................အမှန်ပြောရရင် ကျောင်းတစ်ခါမှ မပြေးဖူးဘူး။
အိမ်ကသိသွားမှာ ကြောက်လည်းကြောက်တာကိုး။
ပထမဦးဆုံးရည်းစား..........................................အတိတ်မှာကျန်ခဲ့ပြီ။
ပထမဦးဆုံးစီးကရက်သောက်သည့်အသက်.............ဆေးလိပ်က ဘာအရသာ ရှိလဲဆိုပြီး
ငယ်ငယ်တုန်းကတော့ လူကြီးတွေ မသိအောင် စမ်းသပ်ဖူးပါတယ်။ :P
အသက်၁၃ နှစ် ၁၄နှစ်လောက်မှာပေါ့။ ဟိဟိ..ပြန်မတိုင်ရဘူးနော်..ဟင်း.. :P


ပထမဦးဆုံးသောက်ဖူးသည့်ဆေးလိပ်.....................555 စီးကရက်ပေါ့။ အဲဒီဆေးလိပ်
ရှိသေးလား ဆိုတာကိုခုတော့ မသိတော့ဘူး။
ပထမဦးဆုံး အသည်းကွဲ ဖူးသည့်အချိန်.....................၅လပိုင်း၂၀၀၈ခုနှစ်
ပထမဦးဆုံးသောက်သော ယမကာ.......................Chvas နှင့် vodkaပါ။ ဆေးဖြစ်ဝါးဖြစ်
လက်နှစ်လုံးပေါ့။ဟိ....ဟိ... ပြန်မတိုင်နဲ့နော်..ဒါပဲ..ဟွန့်... :P
ပထမဦးဆုံးနိုင်ငံခြားစထွက်ချိန်............................၂၀၀၄ခုနှစ်
ပထမဦးဆုံးဖတ်ဖြစ်သောဘလော့ခ်......................ကိုရင်နော်ခင်လေးငယ်

(အဲဒီဘလော့ကို စပြီးဖတ်တော့ ရယ်လဲရယ်ရတယ်။ စာဖတ်သူကို အပျော်ရသကို
ဖန်တီးပေးသလို ခံစားမှုရသ ကိုလည်းပေးတယ် လို့ခံစားရတယ်။အဲဒီကနေပြီး
ဦးRepublic blog နဲ့အဲဒီ ဘလော့တွေကနေပြီး တစ်ခြားဆိုင်ရာ
လင့်ဂ်တွေကနေပြီး စာတွေကို လိုက်ဖတ်ဖြစ်ပါတယ်။)

Wednesday, September 24, 2008

လွန်ခဲ့သောအတိတ်ပုံရိပ်များ

တီတီဝါ က TAG ခိုင်းတော့လည်း မရှိမဲ့ ရှိမဲ့ အားအင်လေးနဲ့ ခြစ်ကုတ်ပြီး ဖြစ်ရပ်မှန် အကြောင်းလေး ကိုရေးလိုက်ပါတယ်။အားနာပါးနာ နဲ့ဖတ်ပေတော့နော်။ :)

Track 6 -


ဒီသီချင်းလေး နားထောင်ရင်း သူမရဲ့စိတ် အစဉ်ဟာဟိုးလွန်ခဲ့တဲ့ အတိတ်ကပုံရိပ်များဆီ တွေးတောရင်း...တစ်နေ့~~ထိုတစ်နေ့ကပေါ့ သူငယ်ချင်း တစ်ယောက်နှင့် ချက်တင်ထိုင်ရင်း သူငယ်ချင်းရဲ့ အကောင့်ကနေ သူနဲ့စတင် ရင်းနှီးခဲ့တယ်။ ဒီလိုရင်းနှီးမှု့ကနေတစ်ဆင့် သံယောဇဉ် ရစ်တွယ်လာတယ်။ နောက်၆လလောက် အကြာမှာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်တဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတယ်။

"မ..ရေ..မ ကို မောင် အရမ်းချစ်တယ်ကွာ။မောင်တို့လက်ထပ် ကြရအောင်နော်။မောင့်ဖေဖေနဲ့ မေမေကို မတို့ မိဘတွေဆီမှာ နားသွားဖောက် ခိုင်းလိုက်မယ်။စေ့စပ်ထား ကြရအောင် မရာ။ မကိုမောင် မခွဲနိုင်ဘူး။"

"မောင်ရယ်..သိပ်လည်း မလောပါနဲ့။မကိုအချိန် တစ်နှစ် လောက်တော့ စောင့်ပေးပါနော်။မတို့ အခုလို ကြိုးစားနေချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်နေဖို့ကသာ အဓိကပါ မောင်ရယ်။မတို့နှစ်ယောက် သစ္စာရှိကြေးနော်။နောက်နှစ်ဆိုရင် မနဲ့မောင် တွေ့ပြီး အနာဂတ်အတွက် ဆွေးနွေးမယ်၊ လက်ထပ်မယ်။မောင်နဲ့နီးစပ်ဖို့ မ တစ်နှစ်လောက် ကြိုးစား လိုက်မယ်နော်။မောင့်ကိုလည်း အရမ်း တွေ့ချင်တယ်။ခွဲရမှာလည်း အရမ်းကြောက်တယ်။အရမ်းချစ်တယ် မောင်ရယ်။"

သူမရဲ့ မပြည့်စုံတဲ့ဘ၀၊ သူမရဲ့မိသားစု အရာအားလုံးအတွက် သူမကြိုးစားနေချိန်မှာချစ်သူရဲ့လက်ထပ်ဖို့ တောင်းဆိုမှု့ကို သူမရင်နာနာနဲ့ ငြင်းပယ်ခဲ့ရတယ်။သူမရင်ထဲမှာတော့ငိုကြွေးနေတာ မောင်မသိပါဘူးလေ။

မိသားစုအခက်အခဲ၊ လုပ်ငန်းခွင်ရဲ့ အခက်ခဲ၊ လူမှုရေး အခက်အခဲ ဒါတွေအားလုံးကို သူမချစ်သူရဲ့ ယုယကြင်နာမှု တွေနဲ့အရာ အားလုံး ကိုခါးစည်းပြီး ဖြေရှင်းခဲ့တယ်။ ရင်ဆိုင်ခဲ့တယ်။ဘ၀ကို ပင်ပန်းကြီးစွာ ဖြတ်သန်း နေရချိန်မှာ သူမအတွက် မောင့်အချစ်သည်သာ ကိုးကိုယ်ရာ ဖြစ်ခဲ့တယ်။ တစ်ခါတစ်လေမှာ ချစ်သူတို့သဘာဝ သူမစိတ်ကောက်ရင် မောင်ကချော့၊ မောင်ကစိတ်ကောက်ရင် သူမကချော့နှင့် ချစ်သူဘ၀ကို ပျော်ရွှင်စွာ ဖြစ်သန်းခဲ့ ကြတယ်လေ။

သူမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့် မောင်နဲ့တစ်လ ခွဲနီးပါး အဆက်အသွယ် ပြတ်သွားခဲ့တယ်။ မောင့်ဆီကလည်းဘာ အဆက်အသွယ်မှ မရခဲ့ဘူး။သူမက ဆက်သွယ်တော့လည်း အေးတိအေးစက်နဲ့။ အရင်လို မဟုတ်တာတော့ သေချာတယ်။ဒီလိုနဲ့ တနေ့သူမရဲ့ သူငယ်ချင်းတယောက်နဲ့တွေ့တော့

"ဟဲ့..ဖြူဖြူ နင်မင်းမြတ် နဲ့ပြတ်သွားပြီးလား။ သူနောက်တစ်ယောက်နဲ့ တွဲနေတာ ငါသတင်း ကြားတယ်။ နင်တို့တွေ ဘာဖြစ်ထား ကြတာလဲဟာ။"

"ဟာ..သယ်ရင်းကလည်း ငါတို့တွေဘာမှ မဖြစ်ထား ကြပါဘူး။ငါစိတ်ပူ လိုက်တာဟာ။ငါ့ကိုအဖြစ်မှန် ပြောပြပါ။ဘုရား~~ဘုရား နင်ကြားတဲ့ သတင်းက အမှန်တွေပဲလား။´

ဘုရား..ဘုရား..မောင်ရယ် ရက်စက်လိုက်တာ။သူမ ခေါင်းပေါ်ကို မိုးကြိုးအကြိမ်ကြိမ် ပစ်လိုက်သလို ခံစားလိုက်ရလေသည်။ ဒီသတင်း မမှန်ပါ စေနှင့်လို့ အကြိမ်ကြိမ် စိတ်ထဲမှ ဆုတောင်း နေရသည်။ဒီကိစ္စ သူမစုံစမ်း ပေတော့မည်။သူငယ်ချင်းရဲ့ အကူအညီနဲ့ မောင့်ရဲ့ ကောင်မလေး ဆိုသူနှင့် ဖုန်းပြောခွင့်ရသွားလေသည်။


"ညီမလေးနာမည်က ဖြူဖြူလား။အစ်မနာမည်က မကြွယ်ကြွယ်ပါကွယ်။"

"ဟုတ်ကဲ့မမ ၊ညီမဖြူဖြူပါ"သူမဆို့နင့်စွာပြန်ဖြေလိုက်သည်။"မမနဲ့ စကားပြော ခွင့်ရတာ ဖြူဖြူ ၀မ်းသာပါတယ်မမကြွယ်။"

"ညီမလေးရယ် အစ်မကြားရတာ ညီမလေးကို သနားလိုက်တာ။တကယ်တော့ အစ်မနဲ့ မင်းမြတ်နဲ့ ကတစ်မြို့ တည်းသားတွေပါ။ လူကြီးချင်း သဘောတူ စေ့စပ်ပေးထား ကြတာလေ။အစ်မတို့က လင်မယား ဆိုလည်း မမှားပါဘူး။အစ်မက အလုပ်ကိစ္စနဲ့ နိုင်ငံခြားကို ခဏခဏ ခရီးထွက် နေရတော့သူနဲ့ အဆက်အသွယ် ပြတ်သလို ဖြစ်သွားတာ။ အစ်မလည်းသူ့ကို သစ္စာရှိမယ်လို့ ယုံကြည်မိ ခဲ့တယ်လေ။ခုတော့ အစ်မ ကွယ်ရာမှာ သူနဲ့ညီမလေးတို့ ချစ်နေတာကို အစ်မအခုမှ သိလိုက်ရတယ် ညီမလေးရယ်။ အစ်မဘာလုပ်ရမလဲ။အစ်မ မိဘတွေ မျက်နှာပျက် ရမှာကိုစိုးတယ် ညီမရယ်၊သူ့ကိုဒီလို အခြေအနေထိ ရောက်အောင် အစ်မတို့က ပျိုးထောင်ပေးထား ရတာလေ ညီမရဲ့။သူ ဒီလိုလုပ်လိမ့်မယ် လို့အစ်မလုံးဝ မထင်ထားဘူး ညီမလေးရယ်"

အို...သနားစရာ ကောင်းလိုက်တဲ့ မမပါလား။မောင်ရယ် ဘာလို့ အဲလောက်ထိရက်စက်ရတာလဲ။ခုတော့ အားလုံး နစ်နာရမဲ့ အဖြစ်ပါလား။သူမ၀မ်းနည်းမှုနှင့် ငိုကြွေးယုံမှတပါး ဘာမှတတ်နိုင်ပါ။သူမဆက်ပြီး ကြားနိုင်စွမ်းမရှိပါ။ သူမရင်ထဲမှာ ဗလောင်ဆူနေပြီ။သူမ အားအင်းချိနဲ့ နေပြီလေ။သူမကို ကံတရားက ရက်ရက်စက်စက် နှိပ်စက်နေလေပြီ။အကယ်၍သာ သူမရှေ့ဆက်တိုးရင် မမကြွယ်အဖို့ လုံးဝပိုနစ်နာ သွားပေမည်။မောင့်ကိုလည်း ဒီလိုအခြေအနေထိ ရောက်အောင် ပျိုးထောင်ထားသူ မကြွယ်ကြွယ်ဆိုသည့် အမျိုးသမီးကို သနားသွားလေသည်။ ဒါကြောင့်သူမ အနေနဲ့ နောက်ဆုတ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။မောင့်ကိုလည်း လုံးဝအဆက်အသွယ် မလုပ်ပေးဖို့ သူမဆီက ကတိတောင်း သွားလေသည်။မိန်းမချင်း ကိုယ်ချင်းစာ၍ သူမမောင့်ကို လုံးဝအဆက်အသွယ် မပြုတော့ ပါကြောင်း ရင်နာနာနဲ့ ကတိပေး လိုက်ရလေသည်။

သူမနောက်ဆုံး အကြိမ်အဖြစ် မောင့်ကိုဖုန်းဆက်ပြီး အဖြစ်မှန် တွေကိုမေးသည်။သူမနောက်မှ သိလိုက်ရသည်က မောင့်မှာ မည်သည့်စေ့စပ်ထားတဲ့ မိန်းကလေးမှ မရှိကြောင်း ၊အခုချစ်သူ ဆိုတာကလည်း သူမရဲ့နောက်မှ တွေ့တာဖြစ်ကြောင်း၊သူမရဲ့ ဂရုစိုက်မှုနဲ့ ကင်းလွတ်တဲ့ ခဏတာ ကင်းဝေးစဉ်မှာ တွေ့တာဖြစ်ကြောင်း ၊သူမ သိလိုက်ရလေသည်။ မောင့်ကို သူယုံသည်။မောင်နဲ့ တွဲနေစဉ် နှစ်နှစ်တာ ကာလမှာ မောင့်ကိုသူမ လုံးဝယုံကြည်သည်။ မောင့်သူငယ်ချင်း ဆိုသူကလည်း လုံးဝမဟုတ်ကြောင်း၊ ဒီအမျိုးသမီး လိမ်လည်တာ ဖြစ်ကြောင်းပြန်လည်၍ ပြောပြလေသည်။ဒါဆိုသူမထို အမျိုးသမီး ဆိုသူ၏အကြောင်းကို အစအဆုံး ပြန်စုံစမ်း ရပါပြီ။အရာရာကို အစအဆုံး ပညာသား ပါပါနှင့် လိမ်လည်သွားသူ မမကြွယ်ရဲ့ လုပ်ဇာတ်ကို သိသွားရချိန် မှာတော့သူမဟာ မိန်းမလည်သိန်းကြွယ်ရဲ့ မာယာကျော့ကွင်း ထဲမှာလုံးဝ သက်ဆင်းမိ သွားခြင်းပင်ဖြစ်သည်။ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူမပေးထားတဲ့ ကတိကို စောင့်ထိန်းရပေမည်။မမကြွယ် ဆိုသည့် အမျိုးသမီးကို သူမအနေနဲ့ နောက်ဆုံး နှုတ်ဆက် လိုက်လေသည်။

လူရယ်လို့ ဖြစ်လာရင် နောင်တစ်နေ့ တစ်ချိန်မှာ လူကြီးလူကောင်း တစ်ယောက်ဖြစ်လာအောင် ဘယ်လိုနေထိုင် ပြုမုပြောဆိုရမယ်၊ နေထိုင်သင့်တယ် ဆိုတာကို နားလည်သဘောပေါက် လက်ခံထား တဲ့အတွက် ဒီစာနဲ့အတူ နောက်ဆုံး ပြောချင်တာက မမကြွယ် ဘက်ကဖြူနဲ့ ပတ်သက်ပြီး အစစအရာရာ စိတ်ချနေ ပေးပါဆို တာပါပဲ။ကိုယ်ပေးထားတဲ့ ကတိကိုလည်း ကိုယ်မြတ်နိုးသလို ကိုယ့်ပါးစပ်က ထွက်လာတဲ့ စကားတွေ ကိုလည်းကိုယ် တန်ဖိုး ထားတယ်။ဒါကလည်း ကိုယ်ချစ်ခဲ့တဲ့ လူတစ်ယောက်အတွက် ဖြူနောက်ဆုံး လုပ်ပေးနိုင်တဲ့ တခုထဲသော အရာပါပဲ။ အရာအားလုံး ပြီးဆုံးသွားပေမယ့် ရင်ထဲမှာတော့ အမှတ်တရ အနေနဲ့ခြေရာ ထင်ကျန် ခဲ့ပါတယ်။ အဲဒီခြေရာလေး ကိုတော့ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရ တခုအနေနဲ့ သိမ်းထားပါ့မယ်။ ဒါကလည်း ဘာရည်ရွယ် ချက်နဲ့မှ မဟုတ်ဘူးဆိုတာ ကိုလည်းသိ စေချင်တဲ့ စိတ်သက်သက်နဲ့ပါ။ကိုယ်ပေးခဲ့တဲ့ ကတိကို ကိုယ်တာဝန် ယူရဲတဲ့ စိတ်ကိုပြတဲ့ အနေနဲ့ အစ်မဘက်က သံသယ ကင်းစေချင်လို့ပါ။ ဘာအငြိုး အတေးမှ မပါပဲ ရင်ထဲက အဖြူသက်သက်နဲ့ အစ်မကို နောက်ဆုံး နှူတ်ဆက်ပါတယ်။ အရာအားလုံး အတွက်လည်း ကျေးဇူးတင်ပါတယ် မမကြွယ်။

ဒီနောက် သူမ စဉ်းစားသည်။မမကြွယ် ဆိုသည့်မိန်းကလေး ဘာကြောင့် သူမကို လိမ်သနည်း။သူမနောက် ဆုတ်ပေးဖို့ ဆုံးဖြတ်ပြီး ကတည်းက သူမရဲ့ ကွဲကြေနေတဲ့ နှလုံးသားတစ်စုံဟာ သူမချစ်ခဲ့တဲ့ သူအတွက် ပန်းခင်းလမ်း အဖြစ်ထာဝရ နင်းလျှောက်ဖို့ခင်း ထားမှာပါ။မောင်ထာဝရ ပျော်ရွှင်ပါစေ။ ဖြူ့အတွက်တော့ နောက်တစ်ယောက် ထပ်ရှိလာ နိုင်ပေမယ့် နောက်တစ်ယောက်ကို ထပ်ချစ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေပါ။ ခဲမှန်ဖူးတဲ့ စာသူငယ်လို ရင်တစ်ထိတ် ထိတ်နဲ့ပါပဲ မောင်ရယ်။

အတိတ်မှ အကယ့်အဖြစ် အပျက်တစ်ခု အားမချွင်းမချန် ပြောပြပေးသော မမဖြူအားDreamမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။မမဖြူ နဲ့အတူ ထပ်တူခံစားရပါတယ်။

Sunday, September 21, 2008

လှုပ်ရှားသောစိတ်နှင့်တည်ငြိမ်သောစိတ်-ဒုတိယပိုင်း

တခါတုန်းက သာတ္ထိပြည်မှာ အရမ်းဆင်းရဲတဲ့လင်မယားနှစ်ယောက်ရှိတယ်တဲ့။ဘယ်လောက်တောင် ဆင်းရဲသလဲဆိုရင် လင်မယား နှစ်ယောက်ပေါင်းမှ အပေါ်ဝတ်ရုံ တစ်ထည်ပဲ ရှိတယ်တဲ့။ ဒါကြောင့် အဲဒီခေတ်က သူတို့ကို ”ဧကသာဋဏ” လို့ခေါ်တယ်တဲ့။ အဓိပ္ပါယ် ကတော့ ၀တ်ရုံတစ်ထည်ပဲ ရှိတဲ့ လင်မယားပေါ့။ ဒါကြောင့် သူတို့လင်မယား ခမျာ တစ်ယောက်က အပြင်ကို ကိစ္စရှိလို့သွားရင် နောက်တစ်ယောက်ကအိမ်ထဲမှာနေရတယ်တဲ့။အဲဒီလောက်ထိကိုဆင်းရဲတာပါ။(အခုခေတ်မှာ ဆိုဘယ်လို နေမလဲ မသိဘူးနော်..ဟိဟိ) :)

တစ်နေ့တော့ အဲဒီမြို့မှာ မြတ်စွာဘုရားရဲ့ တရားကိုနာဖို့ ဖိတ်ခေါ်တဲ့ အသံကြားတော့ သူတို့လင်မယား နှစ်ယောက်လည်း သွားချင်တာပေါ့နော့်။ အဲဒီအခါမှာ ပုဏ္ဏကြီးက ပုဏ္ဏားမကို မေးသတဲ့။ ရှင်မ မင်းနေ့ဘက်မှာ တရားနာ သွားမလား၊ ညမှာ တရားနာ သွားမလား ၊မင်းနေ့သွားရင် ငါညသွားမယ်”တဲ့။ ဘာကြောင့်ဆို ၀တ်ရုံက တစ်ထည်ပဲ ရှိတာကိုး။ တစ်ယောက် တရားနာ သွားလို့ ၀တ်ရုံ ယူသွားရင် ကျန်တစ်ယောက်က အိမ်မှာ နေရမှာလေ။ သူတို့ဘ၀ အဖြစ်က သနားစရာနော်။ :(

ပုဏ္ဏားမက သူနေ့ဘက်မှာ တရားနာ မယ်လို့ ပြောတာပေါ့။ ပုဏ္ဏားကြီးကတော့ ညဦးပိုင်းမှာ တရားနာဖို့ သွားတာပေါ့။ မြတ်စွာဘုရားရဲ့ တရားတော် တွေကို နာကြားရတဲ့ ပုဏ္ဏားဟာ တစ်ကိုယ်လုံး ပီတိစိတ်တွေ ဖြာပြီး သဒ္ဓါတရားတွေ ထက်သန် နေတော့တယ်။ သူ့စိတ်ထဲ မှာလည်း ရက်ရောတဲ့ အလှူကြီး တစ်ခုကို လှူလိုက်ချင်ပါတယ်။ သူ့မှာလည်း လှူစရာဆိုလို့ သူ့ကိုယ်ပေါ်မှာ ခြုံထားတဲ့ တစ်ခုတည်းသော ၀တ်ရုံ တစ်ထည်ပဲရှိတယ်။သဒ္ဓါတရား ကထက်သန်ပြီး ပီတိစိတ်က ယိုဖိတ်နေတယ် ဆိုတော့ သူ့စိတ်မှာ ဒီဝတ်ရုံကို ပဲလှူလိုက်တော့ မယ်ဆိုတဲ့ အကြံအစည် ဖြစ်ပေါ် လာတယ်။

ဒီလိုအကြံ ဖြစ်ပေါ်ပြီးတော့ သူဆက်ပြီး စဉ်းစားတယ်။ ငါဒီပုဆိုးကို လှူလိုက်ရင် ပုဏ္ဏားမ ခြုံစရာရှိတော့မှာ မဟုတ်ဘူး၊ ငါ့မှာလည်း လက်ကန်တော့ တင်စရာရှိတော့မှာ မဟုတ်ဘူးဆိုပြီး အတွေးတွေ ၀င်လာတယ်။ ဒီအတွေးတွေ ၀င်လာတာနဲ့ ချက်ချင်း သူ့စိတ်ဟာ တွန့်တိုသွားပြန်တယ်။ သူနောက်ဆံ တင်းသွားပြီကိုး။ ငဲ့ကွက်မှုတွေက သူ့စိတ်မှာ ဖြစ်ပေါ်နေပြီ ဆိုတော့ ဆုံးဖြတ်ချက် မချနိုင်ဘူး၊ စိတ်ဟာ ချီတုံချတုံဖြစ်ပြီး ပျံ့လွင့်လှုပ်ရှား နေပါတော့တယ်။ ဒီနောက်မှာ ကြည်ညိုတဲ့ သဒ္ဓါတရားလေးက ပြန်ဝင်လာပြန်တယ်။ ဒီတော့အို... လှူမယ်ကွာ စိတ်ပြန်ဖြစ် လာပြန်တယ်။ လှူမယ်ကြံတိုင်း အားကြီးတဲ့ တွန့်တိုစိတ် ၊ငဲ့ကွက်စိတ် တွေကပေါ်လာပြီး တားဆီးနေတဲ့ အတွက် ပုဏ္ဏားရဲ့ အကြံဟာ မဖြစ်မြောက်နိုင် ဖြစ်နေတယ်။သဒ္ဓါစိတ်နဲ့ တွန့်တိုစိတ်ဟာ လွန်ဆွဲနေ တာပေါ့နော်။

(တစ်ခါ တစ်ခါမှာလည်း DREAM လည်းအဲဒီလိုဖြစ်တယ်။ :) ကောင်းတာ လုပ်တိုင်း အဖျက်ဆိုတာ ရှိတတ် စမြဲလေနော်။ ဘုရားရှင် ကိုယ်တိုင်တောင် ကြုံခဲ့ရတာနော်။) :)

ဒီလိုပျံ့လွင့်တဲ့ စိတ်ကြောင့် သူ့မှာဆုံးဖြတ်ချက် မကျပဲ ညဥ့်ဦးယံ ကုန်လွန်သွား ပါတော့တယ်။ ညဥ့်လယ်ယံကို ရောက်တော့လည်း လှူမယ်၊ လှူလို့မဖြစ်ဘူး ဆိုတဲ့ သဒ္ဓါစိတ်နဲ့ တွန့်တိုစိတ် နှစ်ခုဟာ လွန်ဆွဲနေခဲ့ ပြန်ပါတယ်။ နောက်ဆုံး မိုးသောက်ယံ လည်းရောက်လာပြီ။ အချိန်လည်း ကုန်ဆုံးတော့မယ်။ ဒီတော့ပုဏ္ဏားကြီး စဉ်းစားတယ်။ငါ့ရဲ့ သဒ္ဓါစိတ်နဲ့ မစ္ဆရိယစိတ် တွေဟာ ငါ့ကိုယ်တွင်းမှာ တိုက်ပွဲဖြစ်နေတယ်။ ညဥ့်ဦးယံနဲ့ ညဥ့်လယ်ယံလည်း ကုန်ဆုံးသွားပြီ။ ငါ့မှာကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ် လွန်ဆွဲနေတယ်။ ငါဟာတွန့်တိုတဲ့ အကုသိုလ်စိတ် ကိုမ ဖြတ်တောက်နိုင်ဘူး၊ မပယ်နိုင်ဘူး၊ ဒါဆိုရင် ငါဟာ အပါယ်ပေးက လွတ်တော့မှာ မဟုတ်ဘူး။ တော်ပြီကွာ... ငါလှူမယ် ဆိုပြီးညဥ့်ရဲ့ နောက်ဆုံးယံမှာ ဆုံးဖြစ်ချက်ကို ယတိပြတ်ချ လိုက်ပါတော့တယ်။ဒီလို ဆုံးဖြတ်ချက် လည်းကျရော ပုဏ္ဏားဟာ သူ့ရဲ့ ၀တ်ရုံကလေးကို မြတ်စွာဘုရားရဲ့ ခြေတော်ရင်းမှာ ပုံချထားပြီး "ဇိတိမေ၊ဇိတိမေ၊ ဇိတိမေ"လို့ ကြွေးကြော် လိုက်ပါတယ်။ ငါအောင်ပြီ၊ ငါအောင်ပြီ၊ ငါအောင်ပြီ လို့ပြောတာပါ။

ဒီအသံကို သူ့ဘေးမှာ တရားနာ ရောက်ရှိနေတဲ့ ပသေနဒီ ကောသလမင်းကြီး ကြားသွားပါတယ်။ ဒီတော့ မင်းကြီးရဲ့ စိတ်ထဲမှာ ဒီပုဏ္ဏားဟာ တစ်စုံတစ်ခုကို အောင်မြင် ဟန်တူတယ်၊ ပုဏ္ဏားကို မေးကြစမ်းလို့ မင်းချင်းတွေကို ခိုင်းလိုက်တယ်။ မင်းချင်းတွေက သူ့ကိုမေးတော့ ငါ့အတွင်းစိတ်ကို ငါအောင်နိုင်လို့ ကြွေးကြော်တာလို့ သူ့အဖြစ်ကို ပြန်ပြော လိုက်ပါတယ်။ မင်းချင်းတွေက ဘုရင်ကို အဖြစ်အပျက် အလုံးစုံကို လျှောက်တင်တော့ ”အင်း..ပုဏ္ဏားဟာ ပြုနိုင်ခဲတဲ့ အလှူကို လှူတာပဲ၊ ဒီပုဏ္ဏား သနားပါတယ်၊ သူ့ကိုအ၀တ်တစ်ထည် ချီးမြှင့်မှ ဆိုပြီး အ၀တ်ညို တစ်ထည် ကိုချီးမြှင့်ပါတယ်။ မင်းကြီးပေးတဲ့ ပုဆိုးကိုရတဲ့ အခါမှာလည်း ပုဏ္ဏားဟာ သဒ္ဓါစိတ်ကို တားမရ နိုင်တော့ပဲ မြတ်စွာဘုရားကို လှူပြန်တယ်။ မင်းကြီးက သူ့ရဲ့ရဲရင့်တဲ့ သဒ္ဓါစိတ်ကို အားကျလာတယ်၊ နောက်ထပ် သူ့ကိုဝတ်ရုံနှစ်ထည် ချီးမြှင့်ပြန်တယ်။ ပုဏ္ဏားလည်း ချက်ချင်းပဲ မြတ်စွာဘုရားကို လှူပစ်လိုက်တယ်။ ပုဏ္ဏားရဲ့ စိတ်ထဲမှာ ဘာဆိုဘာမှ တပ်မက်တဲ့ စိတ်မရှိတော့ဘူး ။မင်းကြီးလည်း ပုဏ္ဏားရဲ့ ရက်ရောတဲ့ သဒ္ဓါစိတ်ကို နှစ်သက်တော် မူတာနဲ့ ပုဏ္ဏားကို အ၀တ်အထည် နှစ်ဆ တိုးပေးတယ်။ ပုဏ္ဏားက လှူလိုက် မင်းကြီးက ပေးလိုက်နဲ့ နောက်ဆုံး သုံးဆယ့်နှစ်စုံ ထိရောက်လာတယ်။
(ဒါနဆိုတဲ့ ကုသိုလ်စိတ်ဟာ နောင်ဘ၀မှာ တင်မဟုတ်ဘဲ လက်ရှိဘ၀မှာတင် အကျိုးပေးတာနော်။ ဘယ်လက်က တစ်ဆုပ်ကျဲ၊ ညာလက်က တစ်လှည်းဝင် ဆိုသလိုပဲနော်)။ ဒီတစ်ခါတော့ ပုဏ္ဏားရဲ့ စိတ်ထဲမယ် ဒီပုဏ္ဏားဟာ ရတိုင်းလှူနေ တာပဲ၊ ကိုယ့်အတွက် တောင်မချန်ဘူးလို့ ကဲ့ရဲ့လွတ်အောင် ဒီတစ်ကြိမ်မှာတော့ သူနှင့်ပုဏ္ဏားမ အတွက်နှစ်ထည်ကို ချန်ပြီး ကျန်တဲ့အထည်တွေကို လှူပစ်ပြန်ပါတယ်။ မင်းကြီးကလည်း ခုနှစ်ကြိမ် အထိပေးတယ်။ ပုဏ္ဏားကလည်း ခုနှစ်ကြိမ်လုံး လှူပစ်လိုက်တယ်။ နောက်ဆုံးတော့ ကောသလ မင်းကြီးဟာ နန်းတော်က ၀တ်လဲတော် သိန်းထိုက်ကမ္ဗာလာ ကိုမင်းချင်းတို့ကို သွားယူစေပြီး ပုဏ္ဏားကို ပေးပြန်တယ်။ မင်းကြီးလုပ်ပုံက ဒီပုဏ္ဏား တန်ဖိုးရှိတဲ့ အထည်ရရင်ဖြင့် လှူပါတော့ မလားလို့ စိတ်စမ်းသလိုပါပဲ။ ပုဏ္ဏားရဲ့ စိတ်ထဲမှာတော့ အဖိုးတန်သော မတန်သော ဘာကိုမှ ငဲ့ကွက်ခြင်း မရှိတော့ပါဘူး။ သိန်းထိုက် ကမ္ဗာလာ ကိုရတော့ ဒီလောက် တန်ဖိုးရှိတဲ့ ကောင်းတဲ့အထည်ကို ငါ့ကိုယ့်ပေါ်မှာ တင်ဖို့ မထိုက်တန်ပါဘူး၊ ဒါမြတ်စွာဘုရား နဲ့သာထိုက်တန် ပါတယ်ဆိုပြီး မြတ်စွာဘုရား ကိန်းဝပ်တော်မူတဲ့ ဂန္ဓကုဋီတိုက်ခန်း မှာအိပ်ရာ အထက်က ဗိတန်ကြက် လိုက်ပါတယ်။ တစ်ထည်ကိုတော့ သူ့အိမ်က ရဟန်းသံဃာများ ဆွမ်းလုပ်ကျွေးရာ အရပ်မှာ အပေါ်က ဗိတန်ကြက်ပါတယ်။ ညကျတော့ ကောသလ မင်းကြီးဟာ မြတ်စွာဘုရား ထံပူဇော်ဖို့ ကြွလာတော့ ဂန္ဓကုဋိတိုက် အိပ်ရာ မျက်နှာကြက်မှာ ဗိတန်ကြက်ထားတဲ့ အ၀တ်ကို မြင်ပါတယ်။ အဲဒီမှာ ဒီပုဏ္ဏားဟာ ငါကြည်ညိုရာ အရပ်မှာ ကြည်ညိုခြင်း ရှိတယ်လို့ အောက်မေ့ပြီး အလွန်နှစ်သက် ပြန်ပါတယ်။ မင်းကြီးလည်း သဒ္ဓါပီတိ အရှိန်ကြောင့် သဗ္ဗစတုက္က လို့ခေါ်တဲ့ အလှူကြီးကို ပုဏ္ဏားကို ပေးပါတယ်။ (သဗ္ဗစတုက္က ဆိုသည်မှာ ပစ္စည်းတစ်မျိုးကို လေးခုစီ ခုနှစ်မျိုး တိတိ ပေးလှူခြင်း ကိုခေါ်တယ်)

ပုဏ္ဏားရဲ့ ဒီအလှူဟာ ဒိဋ္ဌဓမ္မ အကျိုးပေးတဲ့ အလှူပါ။ ဒီအလှူနဲ့ ပတ်သတ်ပြီးတော့ မြတ်စွာဘုရား မိန့်ကြားတော်မူတဲ့ သြ၀ါဒ တစ်ခုကလည်း အလွန်ပဲမှတ်သားဖို့ ကောင်းပါတယ်။ ဘုရားက ဘယ်လို ဟောသလဲ ဆိုတော့ ”ရဟန်းတို့ ဒီပုဏ္ဏားဟာ ညဥ့်ဦးယံမှာသာ ဒီလိုလှူခြင်းကို တတ်နိုင်ခဲ့ရင် အလုံးစုံ တစ်ဆယ့်ခြောက် ခုစီဖြစ်တဲ့ သောဠဿက ၀တ္ထုပစ္စည်း တို့ကို ဒိဋ္ဌရမှာပဲ၊ မဇ္ဈိမ ညဥ့်လယ်ယံမှာ လှူဖြစ်ခဲ့ရင် ရှစ်ခု ခုနှစ်လီပါတဲ့ ပစ္စည်းတို့ကို ရပေလိမ့်မည်။ လင်းအားကြီး မိုးသောက်ယံကျမှ သူ့အ၀တ်ကို လှူခဲ့လို့သာ ယခုလို လေးခုစီပါတဲ့ ပစ္စည်းအလှူ ကိုရတာ” လို့ဆိုပြီး ဆက်ပြောပါတယ်။ ကောင်းမှုကံ၊(ကောင်းတဲ့အလုပ်) တို့ကိုပြုလုပ် တဲ့အခါ ပြုသူဟာ သူ့မှာပထမဆုံး ဖြစ်တဲ့စိတ်ကို မယုတ်မလျှော့ စေဘဲအဲဒီစိတ် ပေါ်လာတာနဲ့ ချက်ချင်း။ (အချိန်မဆိုင်းဘဲ) ပြုဖြစ်အောင် ပြုရမယ်။ပြုအပ်တယ်လို့ မိန့်ကြားတော် မူပါတယ်။အဲဒီဘုရားဟော စကားလေးက မှတ်သားစရာ လေးပါနော်။

လူဟာ ကုသိုလ်စိတ် ကလေးတစ်ချက် ဖြစ်ဖြစ်ရလိုက်တဲ့ အခိုက်အတန့်မှာ စိတ်ဟာ သမာဓိ လို့ခေါ်တဲ့ တည်ငြိမ်မှု ၊ငြိမ်သက်မှု ကိုရတယ်။ အဲဒီလိုရတာနဲ့ တပြိုင်နက် သူ့စိတ်မှာ ချမ်းသာသွားတယ်။ ဒါကိုသုခ လို့ခေါ်ပါတယ်။ အဲဒီသုခ စိတ်ကလေး ငြိမ်သက်ပြီး ဖြစ်ပေါ်နေတော့ လူမှာ ၀မ်းမြောက်ခြင်း ဆိုတဲ့ပီတိ ဖြစ်ပေါ်လာ နိုင်ပါတယ်။ဒါပေမယ့် ကုသိုလ်စိတ်ကြောင့် ချမ်းသာမှုလေး ရတုန်းရခိုက်မှာ ကုသိုလ်ကံကို ချက်ချင်း မပြုလိုက်မိရင် ပီတိကို မရတော့ဘူး။ စိတ်ဟာ ပြန်ပြီးယောက်ယက် ခတ်သွားတယ်။ ဒီလိုစိတ် လှုပ်ရှားပြီး ချီတုံချတုံ ဖြစ်နေတာကို ကျမ်းဂန်မှာ ၀ိတက်၊ ၀ိစာရလို့ ခေါ်ပါတယ်။ ကြံစည်မှုတွေ စိတ်ကူးမှုတွေ ဖြစ်ပေါ်ပြီး စိတ်ဟာ လှုပ်ရှား သွားတာပါပဲ။

အဲဒီလိုမျိုး DREAM ကိုယ်တိုင်လည်း ဖြစ်ဖူးပါတယ်။ ကိုယ်ကိုတိုင် ဝေခွဲမရတဲ့ စိတ်ဒွိဟ ဖြစ်ပေါ်မှုပေါ့။

ဒါကြောင့် မြတ်စွာဘုရားက ကောင်းမှုပြုသူဟာ မိမိစိတ်မှာ ပထမဆုံး ဖြစ်ပေါ်လာတဲ့ ကုသိုလ်စိတ် ကလေးကို မယုတ်လျော့စေဘဲ ထိုခဏ၌ပင် ပြုဖြစ်အောင် ပြုရမယ်လို့ ဆုံးမခြင်း ဖြစ်ပါတယ်။

ဘ၀မှာ အတွေ့အကြုံ ရင့်ကျက် လာတာနဲ့ အမျှ မြတ်စွာဘုရား ဟောကြားတော်မူတဲ့ ဒီသြ၀ါဒ စကားရဲ့ မှန်ကန်မှုကို လူတိုင်းမျက်ဝါးထင်ထင် တွေ့ကြရပါတယ်နော်။ တစ်စုံတစ်ခုကို ပြုလုပ်တော့မယ်ဆိုရင် စိတ်ထဲမှာ ကုသိုလ်စိတ်နဲ့ ယှဉ်ပြီး ရုတ်တရက် ဖျတ်ခနဲ စိတ်ကူးဥာဏ် အကြံအစည်ကလေး၊ သဒ္ဓါစိတ်ကလေး ပေါ်လာမျိုးကို လူတိုင်း ခံစားမိဖူးမှာပါ။ သတိမရှိ၊သမာဓိမရှိတဲ့လူဟာအဲဒီလို ရုတ်တရက် ပေါ်လာတဲ့စိတ်ကို မိအောင် မဖမ်းနိုင်ဘူး။ ပထမဆုံး ပေါ်တဲ့ ကုသိုလ်စိတ် ကလေးကို မမိဘဲ လွတ်သွား တဲ့အခါ လူဟာ ဧကသာဋက ပုဏ္ဏားလို မဆုံးဖြတ်နိုင်ဘဲ ချီတုံချတုံ ဖြစ်တတ်ပါတယ် ။DREAM ကိုယ်တိုင်လည်း ချိတုံချတုံ ဖြစ်ဖူးပါတယ်။သမာဓိ မတည်ငြိမ် ပါဘူးနော်။ :)

ဘ၀ခရီးမှာ ပြတ်သားတဲ့ ဆုံးဖြတ် ချက်တွေကို မြန်မြန်ဆန်ဆန် ချနိုင်ဖို့ အထူးလိုအပ် ပါတယ်။ ဒီလို ဆုံးဖြတ်ချက် မြန်မြန် ချနိုင်ပြီး မိမိရဲ့ ဆုံးဖြတ်ချက် မှန်ကန်ဖို့ အတွက်ကတော့ စိတ်ကို လှုပ်ရှား ပျံ့လွင့်ခြင်း ကင်းအောင် အာရုံ တစ်ခုတည်း အပေါ်မှာ စူးစူးစိုက်စိုက် တည်မြဲအောင် သမာဓိကို လေ့ကျင့်ထား အပ်ပါတယ်။

ဆရာဆန်းလွင်၏စာအုပ်မှကိုးကားပါသည်။

Friday, September 19, 2008

လှုပ်ရှားသောစိတ်နှင့်တည်ငြိမ်သောစိတ်

လောကကို စိတ်က ဆောင်ယူတယ်။
လောကကို စိတ်က စီမံဖန်တီးတယ်။
လောကကို စိတ်က ဆွဲဆောင်တယ်။

ကမ္ဘာလောကမှာ ရှိရှိသမျှ ခပ်သိမ်းကုန်သော အရာတို့ဟာ စိတ္တနိယာမ အလိုသို့သာ အစဉ်လိုက် နေရတယ် လို့ဆိုပါတယ်။ နေ့စဉ်နဲ့ အမျှလူတွေဟာ လမ်းဆုံလမ်းခွ တွေအပေါ်ကို ရောက် သွားတတ် ကြပါတယ်။ လမ်းဆုံလမ်းခွပေါ်ကို ရောက်တယ်ဆို တာကလည်း လမ်းတလမ်းကို ရွေးချယ်လျှောက်လမ်း ရမယ့်နေရာကို ရောက်တယ်လို့ ဆိုလိုပါတယ်။ လူ့ဘ၀မှာ ရွေးချယ်ခွင့် ဆိုတဲ့သဘော တစ်ခုရှိတယ်။ လူဟာ အကောင်းအဆိုး ကြိုက်မကြိုက် ဆိုတာက တစ်ခုခုကိုရွေးချယ် နေကြရတယ်။ ဆန့်ကျင်ဖက်တွေ နှင့်ရောပြွန်းတဲ့ ဘ၀ထဲမှာ ဘက်နှစ်ဖက်ရှိတယ်။ ဒီတော့ တစ်ဖက်ဖက်ကို လူတွေက ရွေးချယ်ရတယ်၊ ရွေးချယ်ခွင့်ဟာ နေရာတိုင်းမှာ ရှိပါတယ်။ ဈေးဝယ်တဲ့အခါ ကိုယ်ကြိုက်ရာ ရွေးချယ်ရ ပါတယ်။အနားယူ အပန်းဖြေချိန်မှာ တောင်ရုပ်ရှင်ကြည့်ပြီး အပန်းဖြေ မလား၊ဘုရားသွားပြီး အပန်းဖြေမလား။ တစ်ခုခုကို ရွေးချယ်ရ ပါလိမ့်မယ်။ ထမင်းစား ပြီးတဲ့အခါ ပါးစပ်ချဉ်နေတယ်။ ဆေးလိပ်သောက်မလား၊ ရေနွေးကြမ်းနှင့် ထန်းလျက်ခဲ စားမလား၊ ကြိုက်ရာရွေးချယ် နိုင်ပါတယ်။ အိမ်ထောင်ပြု ရာမှာလည်း ရွေးချယ်မှု ရှိတာပါပဲ။ ရွေးချယ်ခွင့်ဟာ လူသားတို့ရဲ့ လွတ်လပ်ခွင့်ပါပဲ။ ဒီလွတ်လပ် ခွင့်အရ ရွေးချယ်ပြီး ပြုမူ ဆောင်ရွက်တဲ့အခါ လူသားတို့ရဲ့ ဘ၀မှာ ”တာဝန်” ဆိုတဲ့ကိစ္စ ပေါ်လာပါတယ်။ တစ်ခုခုကို မိမိက ကြိုက်လို့ ရွေးချယ် ယူလိုက်ရင် အဲဒီရွေးချယ်မှုရဲ့ ထိုက်သင့်တဲ့ တာဝန်ကို မိမိက ယူရမှာပါပဲ။ ဈေးမှာ ပစ္စည်းတစ်ခုခုကို ကိုယ်ကကြိုက်လို့ ရွေးပြီး ဈေးဆစ်တယ်၊ရောင်းသူက လည်းဆစ်တဲ့ဈေးကို သဘောတူတယ် ဆိုရင်ပစ္စည်းကို ၀ယ်သူဟာ မ၀ယ်ချင် တော့ဘူးဆိုပြီး စိတ်ပြောင်းလို့ မရတော့ဘူး။ ၀ယ်ကိုဝယ်ရမယ်။ ဒါဟာ သူ့အပေါ် ကျရောက်လာတဲ့ တာဝန်ပဲနော်။ တရားရုံး တွေမှာလည်း တစ်စုံ တစ်ယောက်က အတင်းအဓိမ္မ ခိုင်းစေလို့ ပြစ်မှုတစ်ခုကို ကျူးလွန်ရ တဲ့ တရားခံ အပေါ်မှာ ပြစ်မှုပြစ်ဒဏ် မကျရောက် ပါဘူးတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့သဘောနဲ့ သူလွတ်လပ်တဲ့ စိတ်နဲ့ ရွေးချယ်ပြီး ပြုလုပ်ခဲ့တာ မဟုတ်လို့ သူ့မှာ တာဝန်ဆိုတာ မရှိပါဘူးတဲ့။ ဒါကို သဘောပေါက် လို့ရှိရင် လူတယောက်ဟာ မိမိအပေါ် တာဝန်ကျ လာမဲ့ကိစ္စ တစ်ခုကို ရွေးချယ်ရတဲ့ အခါသူ့မှာ လွတ်လပ်ခွင့် ရှိတယ်ဆိုပေမယ့် ကျရောက်လာမယ့် တာဝန်ဆိုတဲ့ ၀န်ထုပ်ကို ထမ်းဆောင် ရမှာမို့လို့ သူဟာဆုံးဖြတ်ဖို့ ကျတော့ အလွယ်တကူ မလုပ်နိုင်ပါဘူး။ ဘ၀ဆိုတာ ကလည်း ဖြတ်ချက်တွေ တစ်ခုပြီး တစ်ခုပေးနေရတဲ့ အဖြစ်မျိုး ဆိုတော့ လူတွေဟာ မိမိတာဝန် ယူရတဲ့ ကိစ္စတွေကို အဆုံးအဖြတ် ပေးဖို့ကျတော့ တွန့်ဆုတ်တဲ့ စိတ်ရှိပါတယ်။ ငါ့အဆုံးအဖြတ် မှားများမှား သွားမလား၊ ငါ့အဆုံး အဖြတ်ကြောင့် အကျိုးစီးပွား ထိခိုက်မှုတွေ ဖြစ်ပေါ် လာမလား၊ဒီအဆုံး အဖြတ်ကို လူတွေက ပြစ်တင် ကဲ့ရဲ့ကြမလား စသည်အားဖြင့် ကိုယ့်ကိုကိုယ် မဝေခွဲနိုင်၊ ချီတုံချတုံနဲ့တွေးဆလာ တတ်ပါတယ်။

ဆုံးဖြတ်ချက် ပေးသူဟာ ကျရောက်လာမယ့် တာဝန်အတွက် နောက်ဆံ တင်းမှုတွေ၊ ကြောက်ရွံမှုတွေ ဖြစ်တတ်ပါတယ်။ ဘာကိုကြောက် သလဲဆိုတော့ မိမိအပေါ် တာဝန်ကျမှာ၊ အပြစ်တင် ခံရမှာ ကြောက်တယ်။ ဒါကြောင့် တာဝန်ကြီးကြီး ယူထားရတဲ့ လူဟာ ပိုပြီးကြောက်တတ်ပါတယ်။ တစ်ချို့ လူကြီးလူကောင်း ဆိုတဲ့ပုဂ္ဂိုလ်တွေ ကျတော့ သတ္တိ လည်းရှိတယ်၊ တာဝန်လည်း ယူရဲတယ်။ ဆုံးဖြတ်တဲ့ နေရာမှာ လည်းပြတ်သား ကြတယ်။ဒါကြောင့် သူတို့ရဲ့ ဆုံးဖြတ်ချက် တွေဟာ မှန်ကန်တာ များပါတယ်။ အကျိုးရှိတာ များပါတယ်။ တချို့လူကြီး လူကောင်း အမည်ခံ ပုဂ္ဂိုလ်တွေကတော့ အားလျှော်စွာ စိုင်ကော်လို့ ချုံပေါ်ရောက် ကြရတယ်။ သူတို့ကိုယ်သူတို့အရည် အချင်းရှိတယ် လို့လည်းမ ယုံကြည်ကြဘူး။ ဒါကြောင့် သူတို့လို လူတွေက တာဝန်တွေနှင့် ကြုံတွေ့လာရင် တုန်လှုပ်တဲ့ စိတ်ရှိတယ်။ ဒါပေမယ့် သူတို့အပေါ် ကြရောက်လာမယ့် အပြစ်ကို မခံရအောင် တာဝန်ကို ဘော်လီဘော ပုတ်သလို ဟိုဘက်ပုတ်ထုတ် ဒီဘက်ပုတ်ထုတ်နှင့် ခေါင်းရှောင်လေ့ ရှိကြပါတယ်။ ဒါကြောင့် လောကမှာ ရဲရင့်တဲ့ ဆုံးဖြတ်ချက်၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက် အကျိုးပြုတဲ့ ဆုံးဖြတ်ချက် ပေးတဲ့လူတွေကို ခေါင်းဆောင်လို့ သတ်မှတ်ခဲ့ကြတယ်။ ခေါင်းဆောင် လုပ်တဲ့သူဟာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို လျင်လျင်မြန်မြန် ဘာကြောင့်ချမှတ်နိုင်လဲ ဆိုတော့ သူတို့ဟာ စိတ်တည်ငြိမ် သူတွေဖြစ်လို့ ပါပဲနော်။ သူတို့မှာ နောက်ဆံ တင်းတဲ့စိတ် ငဲ့ကွက်တဲ့ စိတ်မရှိဘူး။ မအောင်မြင်ရင် အသေခံမယ်၊အောင်မြင်ရင် အများ ကိုးကွယ်ရာ ဖြစ်စေမယ်၊ ဆိုတဲ့ ကြီးမြတ်တဲ့ စိတ်ပဲ ရှိတယ်။

ဒါကြောင့် ဘယ်လို အရေးအခင်းနဲ့ ကြုံကြုံ သူတို့ဟာ လေပြင်းမုန်တိုင်း ကြားမှာ တုန်ခါ တုန်လှုပ်ခြင်း မရှိတဲ့ ကျောက်ဆောင်ကြီး တွေလိုပဲ ငြိမ်သက်တဲ့ က္ကုနြေ္ဓလည်း ရှိပါတယ်။ လူတွေ စိတ်လှုပ်ရှားတယ်၊ တုန်လှုပ်တယ် ဆိုတာ ဘယ်အခါ ဖြစ်တတ်ပါသလဲ၊ ကိုယ်ကျိုးကို ငဲ့ကွက်မှုကြောင့် ကိုယ်ကျိုး ထိခိုက်မှာ စိုးတဲ့အခါ တုန်လှုပ်ပါတယ်။ အဲဒီလို စိတ်ရဲ့ တုန်လှုပ်မှုကို ဘုရားရှင် လက်ထက်က ဟောထားတဲ့ ပုံပြင်လေး တပုဒ်ရှိတယ်။
ဆရာဆန်းလွင် ၏ဒီပို့စ်နဲ့ ပတ်သတ်တဲ့ ဘုရားဟော ပုံပြင်လေး ကလည်း ဆက်ရန်ပေါ့။နော့်.. :)

Monday, September 15, 2008

ပေါက်စနသမီးလေးရဲ့အိပ်မက်

တီတီတော်တီတီတန့််တန့်နဲ့ဦးဦးတော်ဦးဦးမိုးကျယ်ဂျီးတို့ကတပ်ချိုတော့ယဲ

တူမတော်မက်မက်လေးကတပ်ပေးယဒေါ့မာဘော့။ဟင့်...ဟင့်...

တာမီးဂအထုမှလူ့လောဂဂျီးထဲဂိုယောက်ခါချဖဲချိတေးဒါဂို...

တီတီတန့်တန့်ဂဇွတ်ဖဲ....ဟွန့်..တေချင်တေးပါဖူးချိုဏေမှ...

အင်း..ဗယ်တတ်နိုင်မာယဲ..တူ့ချီဂချယံအာဝါးတခါယူထားပြီးဘီလေ။ယေးပီးမှ

အာဝါးအများဂျီးယမှာချိုတော့တက်ယတော့မှာပေါ့...။

တွေးတောယက်မချန့်မီ၊ချန့်တောယက်မတွေးမီစပီးတပ်ပီတီတီတော်တီတီတန့်တန့်ယေ။

ဟီးဟီး......... :P

ဒါနဲ့တခုတော့ပြောမယ်နော်..ပို့စ်လေးကိုဆုံးအောင်ဖတ်ပေးကြပါလို့နော်။


လောကကြီးမှာလေ....သတ္တ၀ါတိုင်းသတ္တ၀ါတိုင်းကွေးသောလက်မဆန့်မီ၊

ဆန့်သောလက်မကွေးမီမျက်စိတမှိတ်လျပ်တပျက်အတွင်းမှာသေကြပါတယ်။

ဖြစ်ပြီးပျက်ကြရတဲ့ဖြစ်တည်ပျက်ဆိုတဲ့လောကဓမ္မတာသင်္ခါရတလေးတွေပါ။

အနိစ္စ၊ဒုက္ခ၊အနတ္တတရားသဘောတွေကိုဘယ်လိုပဲလက်ကိုင်ထားထား၊

လူဆိုတာသေမျိုးကြီးပါပဲကွာ၊တနေ့သေရမှာပဲလို့ဘယ်လိုပဲပြောပြော၊တကယ်

တန်းသေရတော့မယ်၊သေရမဲ့အချိန်ကိုရောက်ရင်နဲနဲတော့စိုးရိမ်တုန်လှုပ်မိပါတယ်။

ဘာလို့လဲဆိုရင်DREAMရဲ့အဖြစ်ချင်ဆုံးဆန္ဒကြီးအကောင်အထည်မဖော်ရသေးလို့ပါ။

Dreamအမြဲတမ်းစိတ်ကူးယဉ်ပြီးပီတိဖြာရတဲ့ဆန္ဒလေးရှိပါတယ်။အဲဒီဆန္ဒလေးကို

ပြည့်သွားချင်ပါသေးတယ်။အဲဒါကတော့အသံမစဲပဠာန်းဒေသနာတော်ပွဲကြီးကိုကိုယ်

တိုင်ကိုယ်ကျချိန့်ချိန့်သဲကျင်းပပြီးနာယူချင်ပါတယ်။အကယ်၍ဒီလိုသာ၁၀ရက်ပဲနေဖို့

အချိန်ရှိတော့မယ်ဆိုရင်...........

၁၀ရက်အလိုမှာ-Dreamရဲ့ဒယ်ဒီနဲ့မာမီတို့ရဲ့ရင်ခွင်ထဲမှာနေချင်တယ်။ချွဲနွဲ့ချင်တယ်။

၉ရက်အလိုမှာ-Dreamတယောက်သောသူနဲ့တနေကုန်အချိန်ဖြုန်းချင်ပါတယ်။

၈ရက်အလိုမှာ-Dreamရဲ့ဖြစ်ချင်တဲ့ဆန္ဒအတိုင်းပဠာန်းပွဲကျင်းပဖို့အတွက်လိုအပ်တာ
တွေပြင်ဆင်ပါတော့မယ်။

၇ရက်အလိုမှာ-ပဠာန်းဒေသနာရွတ်ဖတ်ပွဲစတင်နေပါပြီ။Dreamလည်းသံဃာတွေ

ရွတ်ဆိုပူဇော်နေတဲ့ပဠာန်းကိုနာကြားနေပြီးတရားအားထုတ်နေပါတယ်။

၆ရက်အလိုကနေ၃ရက်အလိုအထိပဠာန်းပွဲမှာပဲတရားအားထုတ်နေပါဦးမယ်။


ပဠာန်းပွဲကျင်းပရာမှာပဲဘုရားဝေယျာဝစ္စတွေလုပ်ဆောင်နေပါတယ်။


၂ရက်အလိုမှာအသံမစဲပဠာန်းတရားရွတ်ဆိုပူဇော်ပွဲပြီးစီးအောင်မြင်မှု့ကိုနတ်လူ

အပေါင်းကိုအမျှပေးဝေ၊သာဓုခေါ်နေပါမယ်။ပီတိလေးတွေနဲ့ပျော်ရွှင်ကြည်နူးနေမိမှာပါ။

၁ရက်အလိုမှာတော့မိဘ၊မောင်နှမ၊ဆွေမျိုးမိတ်ဆွေ၊သူငယ်ချင်းများကိုနှုတ်ဆက်ခဲ့လိုက်

ပါပြီ။အဲဒီနောက်မှာတော့Dreamလေးဟာလူလောကကြီးထဲကနေအပြီးအပိုင်

ထွက်ခွာသွားပြီးငြိမ်းချမ်းရာဘုံမှာထာဝရအိပ်စက်သွားပါပြီ။

လူ့လောကမှာနေတတ်ဖို့ထက်သေတတ်ဖို့ကအရေးကြီးပါတယ်။

အနေလှဖို့ထက်အသေလှဖို့လည်းလိုပါတယ်။

ဒီပို့စ်လေးကိုရေးနေချိန်မှာDreamလေးငိုနေပါတယ်။ငါ့မိဘတွေနဲ့ငါခွဲရတော့မှာလား၊

ငါချစ်တဲ့သူတွေနဲ့ငါခွဲသွားရတော့မှာလားဆိုတဲ့အသိကြီးနဲ့တုန်လှုပ်သွားပါတယ်။

Dreamဒီပို့စ်လေးကိုရေးတာDreamအမြဲတမ်းစိတ်ကူးယဉ်နဲ့ကျင်းပပြီးပီတိဖြစ်ရတဲ့

အဖြစ်ချင်ဆုံးတကယ့်ရင်ထဲကဆန္ဒတွေပါပဲ။

Dream ရဲ့စိတ်ကူးလေးတွေကိုအကောင်အထည်မဖော်နိုင်သေးခင်မှာတော့သေမင်း

ရယ်Dreamကိုမခေါ်ပါနှင့်ဦးနော်။Dreamကြိုးစားနေတုန်းမို့ပါ။

အခုလိုအစအဆုံးဖတ်ပေးတဲ့ဘလော့က္ကာဦးဦးတီတီအားလုံးတို့အားကျေးဇူး

အထူးတင်ပါတယ်။


ကဲ...တက်ယို့ဒေါ့ပီးတွားဘီ။တီတီတန့်တန်ချီမာအာဝါးအကျွေးဂိုအသိုးဏဲ့

တွားတောင်းယိုက်အုံးမယ်ဏော်။အော်....ပတု့ဂိုတက်ဂ်ယင်ကောင်းမယဲချင်းချား

ယိုက်အုံးမယ်။ဟော..တွေ့ပြီ..တွေ့ပြီ......

ဦးဦးဒို့တီတီဒို့ယေ.....ကဲတက်ယိုက်ဘီဏော်..ဏောက်တညိုးဏဲ့............

ဦးဦး7Dream
ဦးညီလင်းဆက်
ဦးဦးလစ်
ဦးစင်ယော်
ဦးဦးဇနိတီတီဇနိ
ဦးဦးနော်တီတီငယ်
ဦးဦးအဇ္ဈတ္တပြခန်း
ဦးဦးမြွေပွေးဘစီ
ဦးဦးကောင်းကင်ကို
ဦးဦးအဟေဟေးရင်ငြိမ်း
ဦးဦးရဲဝင့်သူ
ဦးဦးမင်းမြတ်ဘုန်း
ဦးဦးနဲ့တီတီ
ဦးဦးမိုးသောက်
ဦးဦးအငွေ့
ဦးဦးချစ်ဦး
ဦးဦးအန်တီ
ဦးဦးတေမောင်ငြိမ်း
ဦးဦးကျော်ဇေယျ
ဦးဦးကလောက်
ဦးဦးသံလွင်
ဦးဦးလင်းဦး
ဦးဦးပျူစိတ်
ဦးသုခ
ဦးဦးရက်ဇာရာ
ဦးမျိုးကြီး

တီတီသက်ဇင်
တီတီပန်းခရမ်းပြာ
တီတီကွန်း
တီတီရွှေပြည်သူ
တီတ်ီနတ်
တီတီမွန်
တီတီမုဒိတာ
တီတီခင်
တီတီဆောင်း
တီတီချင်းမလေး
တီတီမီးငယ်
တီတီပန်ဒိုရာ
တီတီအမရာ
တီတီမယ်လိုဒီမောင်
တီတီစကားဝါမြေ
တီတီခင်ပုလဲဖြူ
တီတီရောင်ပြန်
တီတီမြတ်နိုး


Saturday, September 13, 2008

မွေးနေ့အတွက်ဧည့်ခံပွဲ

Dreamရဲ့ 13ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့မှာ အရင်ဦးဆုံး Dreamရဲ့ ဒယ်ဒီနဲ့ မာမီကို ရှစ်ခိုးကန်တော့ လိုက်ပါတယ်။ လူ့လောကကြီးထဲကို ရောက်ရှိအောင် မွေးထုတ်ပေးခဲ့တဲ့ ဒယ်ဒီနှင့် မာမီလည်း ကျန်းမာပြီး ပျော်စွာနိုင်ပါစေ။ ကလေးနဲ့ အတူ အမြဲတမ်း ပျော်ရွှင်စွာ နေနိုင်ပါစေ......

Dad !! I Love You So Much.... Kisssssssss for you

Mum!! I Love You So Much......Kisssssssss for you



အရမ်း ချစ်စရာကောင်းတဲ့ September Dreamလေးပါ။
အဟိ....ဟိဟိ...



Birthday -


အဲဒီသီချင်းလေးကိုမနှစ်ကDREAM CRAZY LOVER

ကနေ CRAZY DREAM LOVER ကိုပေးပို့ပေးထားတာပါ။

ဒီနှစ်တော့......... ဟင့်ဟင့် .. :( :'(


ဒီကဒ်လေးက Dreamရဲ့ မွေးနေ့မှာ ပေးပို့ပေးတဲ့ တီတီဝရဲ့ လက်ဆောင်လေးပါ။

ကျေးဇူးပါ တီတီဝါရေ.....အာဝါး..နော်...ဟီးဟီး




ဒီနေ့ ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေ အားလုံးကိုလည်း ဘလော့က္ကာ မောင်နှမတွေ အားလုံးအား အကုန်မျှဝေ ပေးပါတယ်။ Dreamနဲ့ အတူပျော်စရာ ကောင်းတဲ့ မွေးနေ့လေးကို အတူတူ ဆင်နွှဲလိုက်ရအောင်နော်... :)




အခုလို ကြွရောက် လာကြတဲ့ သူငယ်ချင်း ဘလော့ဂ္ဂါ မောင်နှမတွေ အားလုံးကို ကိတ်မုန့်လေးနဲ့ ဧည့်ခံလိုက်ပါတယ်။ သီချင်းလေး နားဆင်ရင်း သုံးဆောင်ပါ။

ကြိုက်သလောက်သာ စားကြနော်......အားမနာနဲ့.. :)


ဒါက..ချောကလက် ချီစ့် ကိတ်တုံးလေးတွေလေ....


ဒါလေးက ချောကလက် ရေခဲမုန့်နော်.....



Green tea ရေခဲမုန့်လဲ ရှိသေးတယ်နော်...



ဒါလေးလဲ အရမ်းအရသာ ရှိတယ်... စားကြည့်ဦး.. :D



ဒါလည်း စားလို့ ကောင်းတာပဲ... သိလား


Juice လေးလဲ သောက်သွားဦး.. :D


ဒီမှာ စတော်ဗယ်ရီသီးလေး လည်းမြည်း သွားဦး..နော် :D

ဟင်....ပြန်တော့ မလို့လား..နေပါဦး..နှင်းဆီပန်းလေးနဲ့ ဒါလေးကို အမှတ်တရ ယူသွားဦး.. နော့်.. :D



သီချင်းလေး နားထောင်ရင်းနဲ့ ပျော်ရွှင် ပါစေနော်...

ရော့..ဒီမှာ..ဒါလေးကို အမှတ်တရ အဖြစ် ပေးလိုက် ပါရစေဦး.......။ အိမ်ရောက်မှ ဖွင့်ကြည့်နော်..... :D

ခုလို ကြွရောက် ပေးတာကို Dreamလေးက ကျေးဇူးတင် ပါတယ်နော်... Dreamလေး အရမ်းပျော်ပါတယ်။

Tuesday, September 9, 2008

ခန္ဓာဥာဏ်ရောက်သောကပျောက်သူပဋာစာရီ

ဘယ်လောက်ပဲ ပုထုဇဉ်ဟာ လောကီ အမြင့်တန်းကို ရောက်ရောက် သူ့အဖြစ်ဟာ မြတ်သော အဖြစ် မဟုတ်သေးဘူး ဆိုတာသိ သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ လောကီ အောင်မြင်မှုတွေ အပေါ်မှာ ပြုံးရွှင်ရယ်မော နေသကဲ့သို့ လောကီ ဆုံးရှုံးမှုတွေနှင့် ရင်ဆိုင်ရတဲ့ အခါတုန်လှုပ်ခြင်း များစွာနဲ့ ပူဆွေး ငိုကြွေးတတ် လို့ပဲဖြစ်ပါတယ်။ အချစ်ဆိုတဲ့ တွယ်ညှိတဲ့ သံယောဇဉ် ရမ္မက်တဏှာရာဂ တွေကြောင့် အနတဂ္ဂ သံသရာမှာ ပုထုဇဉ်တို့ ငိုကြွေးခဲ့ရတဲ့ မျက်ရည်ဟာ သမုဒ္ဒရာ လေးစင်းကရေ ထက်တောင်မှ ပိုပြီးပိုပြီးများ နေသေးတယ်လို့ မြတ်စွာဘုရားက ပဋာစာရီ သူဌေးသမီးကို ဆုံးမစဉ်က ဟောကြားတော် မူဖူးပါတယ်။ ဘယ်လိုလဲ သိရအောင် ပဋာစာရီသူဌေးသမီး ရဲ့အဖြစ်သနစ်ကို စူးစမ်း ကြည့်ကြပါစို့။ ပဋာစာရီဟာ သာတ္ထီပြည်က အလွန်အဆင်းလှတဲ့ သူဌေးသမီး ရှုမငြီးမို့ မိဘများက သူ့ကို ဘုံခုနစ်ဆင့်မှာ တင်ပြီး စောင့်ရှောက် မွေးမြူခဲ့ ကြပါတယ်။ ဒါပေမယ့် ဘုံခုနစ်ဆင့်မှာ နေခဲ့ရတဲ့ ပဋာစာရီဟာ အမြတ်တရားကို မမြင်ခဲ့ရရှာပါဘူး။ ဒါကြောင့် ပုထုဇဉ် မျက်ကန်းသဖွယ် ကြီးကျယ်တဲ့ အမှားတွေကို ဆက်တိုက် ပြုလုပ် ခဲ့ပါတယ်။ ဘုံခုနစ်ဆင့်မှာ နေ့စဉ်သူ့ကို အလုပ်အကျွေးပြုတဲ့ ကျွန်ယောင်္ကျားတယောက်နဲ့ မိုက်မှားကျူးလွန်တယ်။ ဒီအဖြစ်ကို မိဘတွေ သိမှာစိုးလို့ မကြာခင်မှာပဲ မိဘများ မသိအောင် ဒီကျွန်ငယ်နှင့် ထွက်ပြေး ကြတယ်။ အတိတ်ဘ၀ကံက ဘယ်လောက်ပဲ အကျိုးပေး ကောင်းခဲ့သော်လည်း ပဋာစာရီရဲ့ ပစ္စုပ္ပန်ကံ နုံချာမှုကြောင့် ဘုံခုနှစ်ဆင့်စံ သူဌေးသမီးဟာ ချက်ချင်း ဘုံလျှောပြီး ပြာပုံပေါ်ကို ရောက်သွားရတဲ့ အဖြစ်ကို လူသားတိုင်း ဆင်ခြင်စေ ချင်ပါတယ်။ ဒီလိုကျွန်ကို လင်လုပ်ပြီး ပဋာစာရီဟာ လင်နဲ့အတူ ရွာတရွာမှာ ဆင်းဆင်းရဲရဲ လုပ်ကိုင်စားသောက် နေရရှာတယ်။ နောက်ကိုယ်ဝန်လစေ့ လာတဲ့အခါ သူ့စိတ်မှာ မိဘများထံ ပြန်ပြီး မီးဖွားချင်တဲ့ ဆန္ဒပြင်းထန် လာပြန်တယ်။ ဒီအကြောင်း လင်ကိုပြောတော့ လင်ကသဘော မတူဘူး။ ဒီအခါမှာ ပဋာစာရီဟာ သူလုပ်ချင် တာကို ဇွတ်လုပ်တယ်။ လင်မရှိတဲ့ အချိန်မှာ အိမ်နီးနားချင်း တွေကို ပြောပြီး သူ့သဘောနဲ့ သူ့မိဘများ ရှိရာကို ထွက်သွားပါတယ်။ လင်ပြန်လာတော့ အကြောင်းစုံ သိရပြီး သူ့နောက်က လိုက်ပါလာတယ်။ လမ်းမှာတွေ့တော့ ရှေ့ဆက် မသွားဖို့ လင်က အတန်တန် တားတယ်။ သူကတော့ လက်မခံဘူး။ ဒီအချိန်မှာ ကမ္မဇလေက လှုပ်လာတယ်။ ဒါနဲ့ နီးရာချုံထဲကို ၀င်ပြီး သားဖွားခြင်း ကိစ္စပြီး စီးလိုက်ရတယ်။ နောက်တကြိမ် ကိုယ်ဝန် ရင့်မာလာ ပြန်တော့လည်း ပဋာစာရီဟာ မိဘတွေဆီကို သွားချင်တဲ့ စိတ်အပြင်းအထန် ဖြစ်ပေါ်လာ ပြန်တယ်။ ရှေးနည်းအတူ သားငယ်ကို ချီပြီး ထွက်သွား ပြန်ပါတယ်။ လင်ကနောက်က လိုက်သွားပြီး တားလည်းမရပါဘူး။ ဒီလိုတားလို့ မရလို့ ရှေ့ဆက်သွား ကြတော့ မိုးသက်လေပြင်း ကျလာတယ်။ ဒီအခါမှာပဲ ပဋာစာရီရဲ့ ကိုယ်မှာ ကမ္မဇလေ လှုပ်လာပြန်တယ် ။ဒီတော့မှ လင်ကို မိုးလှုံရာကို ပြပါလို့ ဆိုတယ်။ ဒီကွင်း ခေါင်ခေါင်ကြီးထဲမှာ ဘယ်မှာ မိုးလှုံရာ ရှိပါ့မလဲ။ လင်လည်း အနီးအနားကိုကြည့်လိုက်တော့ တောင်ပို့ကလေး တခုပေါ်က ချုံတစ်ချုံကို မြင်တာနဲ့ သူ့လက်ထဲ ပါလာတဲ့ ပဲခွပ်နဲ့ ခုတ်ထွင်ပါတယ်။ အဆိပ်ပြင်းထန်တဲ့ မြွေတကောင်ဟာ တောင်ပို့ထဲက ထွက်ပြီး၊ သူ့လင်ကို ကိုက်လိုက်တာ ပွဲချင်းပြီး အသက်ကုန် ရရှာပါတယ်။ ပဋာစာရီ ခမျာမှာလည်း ဆင်းရဲကြီးစွာ ခံစားရရင်းက လင်ကိုမျှော်နေ တုန်းမှာပဲ သားကိုဖွားပါတယ်။ သားနှစ်ယောက်ဟာ ပြင်းထန်လှတဲ့ လေဒဏ် မိုးဒဏ်ကို မခံနိုင်ဖြစ်ပြီး ငိုကြွေးရှာတယ်။ ပဋာစာရီဟာ သားနှစ်ယောက်ကို ရင်ခွင်ကြားမှာထား၊ ဒူးနှစ်ဖက်ကို မြေမှာထောက်ပြီး တစ်ညလုံး ဒုက္ခကြီးစွာ ခံရရှာတာပေါ့။ နောက်တနေ့ အာရုံတက်ချိန် ရောက်မှ သားငယ်ကို ရင်ခွင်မှာချီ၊ သားအကြီးကို လက်ကဆွဲပြီး လင်ကိုလိုက် ရှာရတယ်။ တောင်ပို့ပေါ်မှာ သေနေတဲ့ လင်ကိုမြင် လိုက်ရတော့ “အမလေး၊ ငါ့လင် ငါ့ကြောင့် သေရပါ ပေါ့လား“လို့် ငိုကြွေး မြည်တမ်းပြီး ခရီးဆက်ခဲ့ပါတယ်။ ညက တစ်ညလုံး မိုးရွာထား တဲ့အတွက် အစိရ၀တီမြစ်ရေ တွေလည်း လျှံနေပါတယ်။ ပဋာစာရီဟာ ဒီမြစ်ကို သားနှစ်ယောက်လုံးကို ချီပြီးဖြတ် မကူးဝံ့ဘူး။ ပထမသားငယ်ကို ချီပြီး တဖက်ကမ်းကို ကူးတယ်။ဟိုဘက်ကမ်းကို

ရောက်တော့ သစ်ခက်ချိုးခင်းပြီး သားငယ်ကို သိပ်ထားခဲ့တယ်။ ပြီးမှဒီဘက် ကမ်းကို ပြန်ကူးလာတယ်။ ပြန်ကူးနေစဉ် မြစ်လယ်ရောက်တော့ စိတ်မချလို့ သူ့ခမျာ သားငယ်ရှိရာ ဘက်ကိုပြန် ကြည့်ပြန် ကြည့်နှင့်ပေါ့။ ဒီအချိန်မှာ စွန်ကြီး တစ်ကောင်ဟာ မွေးကင်းစ ကလေးကို မြင်တဲ့အခါ သားတစ် ထင်ပြီး ထိုးသုတ်ဖို့ ကောင်းကင်က ဆင်းလာပါတယ်။ ပဋာစာရီဟာလည်း မြစ်လယ်ကနေ လက်နှစ်ဖက်ကို မြှောက်ပြီး အားကုန် အော်ဟစ်ပါတယ်။ ဒါပေမယ့် ဝေးတော့ စွန်က မကြားဘူး။ သူအော်တာကို တဖက်ကမ်းမှာ ထားခဲ့တဲ့ သူ့သားအကြီးကောင် ကကြားတယ်။ သူ့မိခင် သူ့ကိုခေါ်တယ် ထင်ပြီး ကလေးက မိခင်ရှိရာ ရေထဲကို ဆင်းလိုက်လာတယ်။ ရေစီးသန်တဲ့ အစိုးရ၀တီ မြစ်ထဲမှာ ဒီကလေး မျှောပါသွား ပါတော့တယ်။ ပဋာစာရီ ဘ၀မှာလည်း လင်လည်း သေပြီ၊ သားနှစ်ယောက်လည်း ဆုံးပြီဖြစ်လို့ ယူကြုံးမရ အပူလုံး ကြွပြီး ဆောက်တည်ရာမဲ့ တစာစာ ငိုကြွေးသွား နေစဉ်မှာ ရှေ့ကလာတဲ့ ယောက်ျား တယောက်ကို တွေ့တော့ သာဝတ္တိပြည်မှာ ရှိတဲ့ သူ့မိဘများ အကြောင်းကို မေးတယ်။ ဒီယောင်္ကျားက ညကရွာတဲ့ မိုးသက်လေပြင်း ကြီးကြောင့် သူဌေး လင်မယားနဲ့ သားသုံးယောက် စလုံးဟာ အိမ်ပြိုပြီး ဆုံးရှာပြီ၊ ထင်းပုံတစ်ခုတည်းမှာ မီးသဂြိုလ်လိုက်ရပြီ“ လို့ပြောတဲ့ စကားကို ကြားရပြန်တယ်။ ဒီတင် ပဋာစာရီဟာ လုံးလုံးဆောက် တည်ရာမဲ့ ဖြစ်ပြီး သွက်သွက်ခါ ရူးသွားပါတော့တယ်။ သူ့ကိုယ်က ထဘီကျွတ်ကျ သွားတာကိုတောင် သူမသိတော့ပါဘူး။ ၀တ်လစ်စလစ်နဲ့ပဲ ငိုကြွေးရင်း ချာချာလည် သွားနေပါတော့တယ်။ လူတွေကတော့ သူ့ကို အရူးမကြီးလို့ ခေါ်ပြီးဝိုင်းဝန်း ပုတ်ခတ်ကြတာပေါ့။ ဒီလို ဆောက်တည်ရာမဲ့ ၀တ်လစ်စလစ်နဲ့ပဲ အရူးမဘ၀နဲ့ ယောင်လည်လည် သွားနေတုန်း မြတ်စွာဘုရား တရားပွဲ ကျင်းပရာ ဇေတ၀န် ကျောင်းတော်ရှေ့ကို ရောက်သွားပါတယ်။ ပရိသတ်က ၀တ်လစ်စလစ်နဲ့ လူကြားထဲ ၀င်လာတဲ့ သူမကို မြင်တော့ အရူးမ မလာစေနဲ့ လို့ဆိုကြတယ်။ ဒီအခါ မြတ်စွာဘုရားက ဒီအရူးမကို မတားကြနှင့်လို့ မိန့်ကြားပါတယ်။ပဋာစာရီလည်း ၀င်လာပါတယ်။ မနီးမဝေး ရောက်တော့ ဘုရားရှင်က `နှမ!သတိကို ရစေတော့“လို့ မိန့်တော်မူ လိုက်ပါတယ်။ ပဋာစာရီဟာ ဘုရားရဲ့ အာနုဘော်ကြောင့် ချက်ချင်း သတိရ သွားပါတယ်။ သူ့မှာ ထမီမပါတဲ့ အဖြစ်ကို သိပြီး ရှက်စိတ်လည်း ၀င်လာပါတယ်။ ရှက်ပြီး ကျုံကျုံထိုင် လိုက်တဲ့အခါ အနီးက ယောင်္ကျားတစ်ဦးက အပေါ်ရုံ အ၀တ်ကို ပစ်ပေးလိုက်တယ်။ ပဋာစာရီလည်း အ၀တ်ကို ၀တ်ပြီး ဘုရားထံ ချဉ်းကပ်လျှောက်ထားပါတယ်။`တပည့်တော်
မ၏မှီခိုရာ ဖြစ်တော် မူပါဘုရား၊ တပည့်တော်မမှာ သားတစ်ယောက်ကို စွန်ချီသွားပါပြီ၊ ကျန်သား တယောက်က ရေထဲမျော သွားပါပြီ၊ လင်လည်း သေဆုံးသွားပါပြီ၊ မိဘနှင့် မောင်သုံးဦး စလုံးလည်း ထင်းပုံ တစ်ခုတည်း အပေါ်မှာ မီးသဂြိုလ်လိုက် ရပါပြီဘုရား“လို့ လျှောက်ထားတယ်။ဒီအခါ မြတ်စွာဘုရားက ချစ်သမီး ပဋာစာရီ မစိုးရိမ်ပါနှင့်၊ စောင့်ရှောက် မှီခိုအားထား နိုင်သူထံကို သင်ချစ်သမီး ရောက်ပြီပဲ၊ သင့်သား၊ သင့်လင်၊ သင့်မိဘ၊ သင့်မောင် များလိုပဲ သံသရာ တလျောက်လုံးမှာ ချစ်သူ ခင်သူတွေ သေဆုံးတုန်းက သင်ငိုကြွေး ခဲ့ရတဲ့ မျက်ရည်တွေဟာ သမုဒ္ဒရာ လေးစင်းမှာ ရှိတဲ့ရေတွေ ထက်တောင်များ ပါသေးတယ်“လို့ မိန့်တော် မူလိုက်ပါတယ်။ မြတ်စွာဘုရား တရားစကားကို ကြားလိုက်တာနဲ့ တစ်ပြိုင်နက် ပဋာစာရီရဲ့ ရင်ထဲမှာ စိုးရိမ်ခြင်း သောကတွေ လျော့နည်း ကျဆင်းသွားတယ်။ ဒီလို သူ့ရင်ထဲက အပူမီး လျော့ကျသွားတဲ့ အချိန်မှာ မြတ်စွာဘုရားက ထပ်ပြီး ဟောတော်မူတယ် ။တမလွန် ဘ၀ကို ရောက်သွားတဲ့ လူတွေကို စောင့်ရှောက်ပြီး နိဗ္ဗာန်ရောက်ကြောင်း လမ်းခရီးကိုသာ သုတ်သင်သင့်တယ်။“ ဆိုပြီးဟော တော်မူပါတယ်။မြတ်စွာဘုရား ရဲ့တရားအဆုံးမှာ ပဋာစာရီဟာ သောကကင်းပျောက်ပြီး သောတာပန်အဖြစ်ကို ရောက်သွား ပါတော့တယ်။ နောက်ပဋာစာရီဟာ ဘုရားရှင် ထံပါးမှာ ရဟန်းပြုခွင့်ကို တောင်းပါတယ်။ ရဟန်းပြုပြီး နောက်တနေ့မှာ ပဋာစာရီဟာ ရေအိုးနှင့် ရေကိုယူပြီး ခြေဆေးနေစဉ် ပထမ လောင်းလိုက်တဲ့ ရေဟာ နည်းနည်းသာ စီးသွားပြီး ပြတ်သွားတယ်။ ဒုတိယ လောင်းလိုက်တဲ့ အခါ ရေဟာနည်းနည်း ပိုဝေးတဲ့အထိ စီးသွားတာကို မြင်လိုက်တယ် ဆိုရင်ပဲ ရေကို အာရုံပြုပြီး သူဟာ အရွယ်သုံးပါးကို ပိုင်းခြား ထင်ထင်ဆင်ခြင် နေပါတော့တယ်။ မြတ်စွာဘုရားဟာ ဒီအချိန်မှာ ဂန္ဓာကုဋိတိုက် တော်တွင်းမှာ နေလျက်ပင် ရောင်ခြည်တော်ကို ပျံ့နှံ့တော်မူပြီး ရှေ့ မှာ ကိုယ်တော် ထင်ရှားပြလျက် မိန့်တော်မူတယ်။ “ချစ်သမီး ပဋာစာရီ သင် ယခု ဆင်ခြင်တဲ့ အတိုင်း မှန်တယ်။ ခန္ဓာငါးပါးတို့ရဲ့ အဖြစ်အပျက်ကို မမြင်ဘဲနှင့် အနှ်တစ်ရာ သက်ရှင်ပြီး နေရတာထက် အဲဒီခန္ဓာ ငါးပါးတို့ရဲ့ အဖြစ်အပျက်ကို သိမြင်တဲ့သူ အနေနှင့် တရက်တည်း အသက်ရှင်ပြီး နေရခြင်းက ပိုမြတ်တယ်“တဲ့။ ပဋာစာရီဟာ ဒီတရားကို ကြားပြီး မကြာခင်မှာ ရဟန္တာဖြစ် သွားပါတယ်။

တကယ်ဆိုတော့ ပဋာစာရီဆိုတာ အလွန်အဆင်း လှတဲ့ မိန်းကလေးရဲ့ သူဌေးသမီး ဘုံမြင့်စံ ဘ၀ဟာ မြတ်သောဘ၀ မဟုတ်ပါဘူး။ ဒါကြောင့် လည်းသူဟာ မိုက်တွင်းကြီး နက်ခဲ့တာပေါ့။ ဒီလောက် ပြင်းထန်လှတဲ့ ဆင်းရဲ ဒုက္ခ ပရိဒေ၀မီး လျှံတွေရဲ့ ဒဏ်ချက်တွေကို ပဋာစာရီ ဘ၀မှာ မရှုမလှ ခံစားခဲ့ ရတာဟာ ဘယ်သူ လုပ်တာလဲ၊ စဉ်းစား နေစရာတောင် မလိုပါ။တကယ်တော့ သတ္တ၀ါတွေ ဒုက္ခဆင်းရဲဖြစ်နေကြ တာတွေဟာ ဘယ်သူမပြု မိမိမှုပါပဲ။ ကိုယ့်ဒုက္ခ ကိုယ်ရှာတယ် ဆိုတဲ့စကား အတိုင်းသာ ဖြစ်နေကြတာပါ။ အန္ဓ ပုထုဇဉ်ဟာ ရုပ်တရားနာမ် တရားတွေရဲ့ ဖြစ်ပျက်နေမှု အမှန်ကိုလည်း မြင်နိုင်တဲ့ ဥာဏ်မျက်စိ မရှိဘူး။ ဒီတော့ မြင်မြင်သမျှကို အရှိတရား တွေလို့မှတ်ပြီး စွဲလမ်းကြတယ်။ သံယောဇဉ်တွေ တွယ်နေကြတယ်။ ကိုယ်ခင်တွယ် တက်မက် နေတာတွေဟာ ကိုယ့်ရှေ့တင် ရုတ်တရက် ပျက်စီးဆုံးရှုံးပြီး ကွယ်ပျောက်သွားတာ လည်းကြုံရရော ပုထုဇဉ်လည်း ရင်ကွဲနာကျရော၊ အပူလုံးကြွ ယူကျုံးမရဖြစ်ပြီး ငိုကြွေးပူဆွေး ကြပါရော။ ဒါဘာကြောင့် ဖြစ်ရတာလဲ ဆိုတော့ ရုပ်နာမ်နှစ်ပါးခ န္ဓာငါးပါးရဲ့ အမှန်ဖြစ်တတ်တဲ့ သဘောတွေကို အမှန်အတိုင်း မမြင်လို့ပေါ့။ တလွဲထင် တလွဲမြင် နေလို့ပေါ့။ခန္ဓာငါးပါး အစုအဝေးတွေကို ငါလို့စွဲတယ်။ ငါ့လင် လို့စွဲတယ်။ ငါ့သားလို့ စွဲတယ်။ ငါ့မိဘလို့ စွဲတယ်။ အဲဒီလို ထင်ရှားရှိတဲ့ ခန္တာငါးပါးတရား (သက္ကာယ) ကိုတလွဲ တမှားမြင်နေတာ၊ ငါ၊ ငါ့လင် လို့မှတ်ပြီး စွဲလမ်းယုံမှား နေတာက ဒိဠိပဲ၊ ဒီလို ထင်ရှားရှိတဲ့ တရားတွေကို လွဲမှားစွာ ထင်မြင်မှု(သက္ကာယဒိဠိ) ကြောင့်သတ္တ၀ါ တွေဟာ အနမတဂ္ဂသံသရာ ခရီးမှာ အပူမီးတွေ လောင်ကျွမ်းပြီး ငိုကြီးချက်မ ဖြစ်ခဲ့ရတယ် ဆိုတာကိုပဋာစာရီအမြင်ပေါက်ခဲ့သလိုအမြင်ပေါက်ထားသင့်ပါတယ်။ဒါကြောင့် အန္ဓပုထုဇဉ် အဖြစ်နှင့် အသက်တစ်ရာ ရှင်နေရ သော်လည်း အပိုပဲ၊အချည်း နှီးပါပဲ။ အဲဒီ ဘ၀ဟာ မိုက်တွင်း နက်နေဆဲ ဘ၀သာ ဖြစ်သေးလို့ မမြတ်ပါဘူး။

ဆရာဆန်းလွင်၏စာအုပ်မှမှီငြမ်းပါသည်။

Friday, September 5, 2008

ရယ်မောစရာဟာသကမ္ဘာ

အခုတလောအရှုပ်တွေလုပ်..အဲ..အလုပ်တွေရှုပ်နေတာနဲ့
ပို့စ်အသစ်တောင်မတင်ဖြစ်ဘူး။ဒါကြောင့်DREAMဆီလာလည်
တဲ့သူငယ်ချင်းတွေလည်းလာလည်ရင်းနဲ့ပို့စ်အသစ်မရှိတော့
ပျင်းမှာပေါ့နော်..ဒါကြောင့်လောလောဆယ်မပျင်းရလေအောင်
ဟာသလေးပြောပြမယ်နော်...ဖတ်ရင်းနဲ့သိပ်လည်းမရယ်နဲ့ဦးနော်.. :P
ဟာသလေးကဒီလို.....

For Everyone LoL

This is what happens when the caller is chinese and
the call center operator is chinese immigrated to US.

Caller: Hello, can I speak to Annie Wan?
Operator: Yes, you can speak to me.

Caller: No, I want to speak to Annie Wan!
Operator: Yes I understand you want to speak to anyone.
You can speak to me. Who is this?


Caller: I'm Sam Wan. And I need to talk to Annie Wan!
It's urgent.

Operator: I know you are someone and you want to talk
to anyone! But what's this urgent matter about?


Caller: Well... just tell my sister Annie Wan that our brother
Noe Wan was involved in an accident. Noe Wan got injured and
now Noe Wan is being sent to the hospital. Right now, Avery Wan
is on his way to the hospital.

Operator: Look, if no one was injured and no one was sent
to the hospital, then the accident isn't an urgent matter!
You may find this hilarious but I don't have time for this!


Caller: You are so rude! Who are you?
Operator: I'm Saw Ree.

Caller: Yes! You should be sorry. Now give me your name!!
Operator: That's what I said. I'm Saw Ree


ကဲဒီမှာနောက်တခု

Wife: 'You always carry my photo in your wallet. Why?'

Hubby: 'When there is a problem, no matter how impossible,
I look at your picture and the problem disappears.'

Wife: 'You see how miraculous and powerful I am for you!'

Hubby: 'Yes! I see your picture and ask myself what other
problem can there be greater than this one?'


ကျန်သေးတယ်နော်

Wife For Whisky

A drunk walked into a bar crying. One of the other
men in the bar asked him what Happened.

"I did a terrible thing," sniffed the drunk,
"Just a few hours ago I sold my Wife to someone
for a bottle of Southern Comfort."

"That is awful," said the other guy, "And now
that she is gone you want her back Right?"

"Right!" said the drunk, still crying.

"You're sorry you sold her because you realized,
too late, that you still loved Her?"

"Oh, No, who the hell wants to love her," said the
drunk. "I want her back Because I'm thirsty again!"


Son & Mom

Son: ' Mom, when I was on the bus with Dad
this morning,he told me to give up my seat to a lady.'

Mom: 'Well, you have done the right thing.'

Son: 'But mom, I was sitting on daddy's lap.'


ကဲ..ရယ်ရလား..ပြော..မရယ်ရရင်ကလိလာထိုးမှာနော်...ဟွန်း... :P