အခုတစ်လော ညစဉ်ညတိုင်း သူမယောင်္ကျားကို အိပ်ရာထဲမှာ မတွေ့မိ။ ဒါနဲ့ အိပ်ရာက ထလိုက်ပြီး သူမယောင်္ကျားကို အောက်ထပ်ဆင်း ရှာခဲ့တယ်။ ထမင်းစား ခန်းထဲမှာ ယောင်္ကျားဖြစ်သူကို ကော်ဖီတစ်ခွက် နဲ့အတူ အတွေးမှာ လွင့်မြောနေတာကို တွေ့ရှိလိုက်တယ်။
သူ့မျက်ဝန်းမှ မျက်ရည်တွေကို သုတ်ပြီး ကော်ဖီကို တစ်ငုံချင်း သောက်နေတဲ့ ခင်ပွန်းဖြစ်သူကို သူမကြည့်ပြီး
ဒီအချိန်ကြီး အောက်ထပ်မှာ ဘာလုပ်နေတာလဲ ၊ ဘာပြသနာတွေ ခံစားနေ ရတာလဲ Darling ! သူမပြောပြောဆိုဆို ထမင်းစား ခန်းထဲသို့ ၀င်လာလေသည်။
အနားရောက်လာတဲ့ မိန်းမကို သူမကို တစ်ချက်ကြည့်လိုက်ပြီး
ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက တို့တွေစ ချိန်းတွေ့တဲ့ အချိန်လေးကို သတိရ လို့ပါကွာ။ အဲဒီတုန်းက Honeyက ဆယ့်ခြောက်နှစ်သမီး လေးပေါ့။ Honey..အဲဒီချိန်လေးကို မှတ်မိသေးလား လို့ လေးလေးနက်နက် မေးလိုက်ပါတယ်။
စိတ်ထိခိုက် ခံစားလွယ်တဲ့ ယောင်္ကျားကို မျက်ရည်များကို သူမသုတ်ပေးရင်း မှတ်မိတာပေါ့ Darlingရယ်လို့ သူမဖြေ လိုက်ပါတယ်။
သူ စကားလုံးတွေ ထွက်မရဘဲ ဆို့နင့်သွားပြီး ခဏနားလိုက်ခါ
ကိုယ်ရဲ့ကား နောက်ခန်းမှာ ကိုယ်တို့နှစ်ယောက်ကို ချစ်အဖေကြီး လိုက်ဖမ်းတုန်းက မှတ်မိသေးလား။
မှတ်မိတာပေါ့ Darlingရယ် လို့ သူမဖြေပြီး သူ့အနားမှာ ခုံယူပြီး ထိုင်လိုက်ပါတယ်။
ယောင်္ကျားဖြစ်သူက ဆက်လက်ပြီး....Honey အဖေက ငါ့သမီးကို မင်းမယူရင် မင်းကို ထောင်ထဲ ပို့ပစ်မယ်လို့ သေနတ်နဲ့ မျက်နှာကို ထောက်ပြီး ပြောတာကိုရော မှတ်မိသေးလား
အဲဒါလည်း မှတ်မိပါတယ်လို့ ညင်သာစွာ သူမ ဖြေဆိုလိုက်ပါတယ်။
သူပါးမှ မျက်ရည်စများကို သုတ်ရင်း ပြောလိုက်တာက ငါ ဒီနေ့ မင်းကိုအပြစ် မယူဘဲ လွတ်မြှောက်ခွင့် ပေးလိုက်တယ်။
အခုပုံပြင်လေးက ယောက္ခမကို အိမ်ထောင်နှစ် ပတ်လည်မှာ သားမက် တစ်ယောက်ရဲ့ သတိရနေတဲ့ ခံစားချက်လေးပါ။ပုံပြင်လေးကို Do Men Remember Anniversaries လေးထဲက ဘာသာပြန်ပါတယ်။

ဒီတစ်ခါတော့ ပထမဦးဆုံး။
ReplyDeleteမဖတ်ခင် ကွန်မင့်ရေးထားတာ။ သူများဦးသွားမှာ စိုးလို့။
ReplyDeleteဖတ်လိုက်ဦးမယ်။ ဖတ်ပြီးမှ... ထုံးစံအတိုင်း မြှောက်ပြောမယ်နော်။ အဟဲ။
ဘာဖြစ်လို့ အပြစ်မယူဘဲ လွတ်မြောက်ခွင့်ပေးလဲ မသိဘူးနော် မက်မက်။
ReplyDeleteမက်မက်ရေ... ဥာဏ်မမီဘူးဖြစ်နေတယ်။
တကယ်ချစ်လို့ လက်ထပ်ခဲ့ကြတာ မဟုတ်လားကွယ်..
ReplyDeleteဘာတွေ မလွတ်လပ်ခဲ့လို့ လွတ်မြောက်ခွင့် ပေးတာလဲဟင်
သူ့သမီးကို သစ္စာရှိရှိ ချစ်ခင်ကြင်နာခဲ့လို့ သူ့သမက်ကို လွတ်မြောက်ခွင့်ပေးလိုက်တာလား ....
ReplyDeleteဟုတ်လား မမမို့မက် ...
ရှင်းပြပါ ရှင်းပြပါ ရှင်းပြပါ ... :D
နေဒေးသစ်။
ချစ်ရယ်....
ReplyDeleteချစ်ပြောမှ ခေါင်းတွေ ရှုပ်ကုန်ပါပီး....
မောင့်ကို မောင့်ယောက်ခမက လွတ်လပ်ခွင့်ပေးတယ်လား.....
မသိတော့ပါဘူး။။။။။
ဘာတွေလဲဟင်းးး
မောင်သိတာ ချစ်ကိုချစ်တယ် အဟီးးးးးးးးးးး
ချစ်ချစ်ချစ်တဲ့မောင်
မောင်ချစ်တဲ့ ချစ်ချစ်
ချစ်ချစ်ချစ်
အဟီးးးးးးးးးးးးးးးးးးး
မက်မက်ရေးးး
အိမ်ထောင်သက်ကို သတိရလားလို့မေးရင်
ဖိုးစိန်တို့က မိန်းမ မရသေးတော့ မဖြေတတ်ဘူးကွယ်...
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
စဉ်းစားရအောင်မ လုပ်နဲ့ကွယ်။
ReplyDeleteမှတ်ကရော သေခါနီးမှ လွတ်လပ်ခွင့်ပေးတော့
ReplyDeleteဘာထူးမတုန်းဗျ။ အင်းလေ ဒီလူကြီးကလဲ ခုမှနော်ငတ ရတယ် ထင်ပါ့ အဟားဟား
ယောက္ခမကြီးကို ပြန်တမ်းပြီး လွမ်းခြင်းထနေတာကိုး တော်တော်ထူးတဲ့ သမက်ပဲနော်
ReplyDeleteယောင်းမက် အောက်ပိုင်းလေး နဲနဲ ရှုတ်နေတယ် ရှင်းဦးလေ နော် ဘိုင်
ReplyDeleteသားတို့ ကတော့ မိန်းမ မရသေးတော့
ReplyDeleteသိသေးဘူး
ဟီးးးးးးးးးးးးး
း))
ဝသန်
ဘာတွေ မလွတ်လပ်ဘူးလို့ ညည်းမိလို့ လွတ်မြောက်ခွင့်ပေးလိုက်တာလဲ..???
ReplyDeleteအိပ်ချင်မူးတူးနဲ့ နောက်တစ်ခေါက် ၀င်လာတယ်။ နောက်တစ်ခေါက် ထပ်မန့်တယ်။ အာဝါး...........
ReplyDelete၀ါး......(ဒါက သမ်းတာ)
နားမလည်လို့ နောက်တစ်ခေါက်ပြန်ဖတ်မိတယ်...
ReplyDeleteနားလည်သလားဆိုတော့
အင်း....နားလည်သလိုလိုဘဲ
မိန်းမကို အပြစ်မယူဘဲ လွတ်မြောက်ခွင့်ပေးတာက လူကြားကောင်းအောင်လို့ မဟုတ်လားဟင်
တကယ်တော့ သူကသာ.........
မက်မက်ရေ....ဒီလို ဒီလို မဟုတ်လား ;-)
This comment has been removed by a blog administrator.
ReplyDeleteသိဘူးတော်....
ReplyDeleteရှုပ်နေတာပဲ :P
မိန်းမမရသေးတော့ သိဘူးဗျ မက်မက်၇။
ReplyDeleteတကယ်လို့၇လဲ လွတ်မြောက်ခွင့်မပေးမှာတော့
သေချာတယ်။ :P
အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ .....
ReplyDeleteနောင်တလေးပေါ့ဗျာ..... အခုမှ သူကမိန်းမ ရတာကို နောင်တ ဖြစ်နေတာပေါ့....
ဒါကြောင့် အဲလိုပြောတာပါ
:D
ReplyDeleteခုမှနောင်တရနေတယ်ပေါ့ :P
ပုံပြင်လေးရဲ့အဆက်..အဲဒီအချိန်မှာ ယောင်္ကျားကဆက်ပြောတယ် ..honey ရဲ့ အဖေက ကိုတို့နှစ်ယောက်ကိုချိန်းတွေ့တာကိုမိတော့ မင်းငါ့သမီးကိုမယူရင် ထောင်ထဲမှာ အနှစ်နှစ်ဆယ်နေရမယ်တဲ့ ။ အဲဒီအချိန်မှာ ယောင်္ကျားက မျက်ရည်တွေကျပြီး ရှိုက်ကြီးတစ်ငင်ဆက်
ReplyDeleteပြောလိုက်တာကတော့ "တကယ်လို့ မင်းကိုမယူပဲ ငါထောင်အနှစ်နှစ်ဆယ်ကျခဲ့ရင် ဒီနေ့ကငါ့ရဲ့လွတ်ရက်ပဲ"တဲ့ ..ဟီးဟီး