Subscribe:

Monday, January 26, 2009

သေမင်းကိုလိုက်ရှာတဲ့လူငယ်လေး

ရှေးတံရောအခါက တိုင်းပြည်တစ်ပြည်မှာ သူဆင်းရဲသား တစ်ယောက်ရှိလေသတဲ့။သူဟာ ဆင်းရဲလွန်းလို့ လူ့လောကကြီးထဲမှာ မနေချင် လောက်အောင်ကို ထွက်သွားချင် နေတာပေါ့။ဒါကြောင့် သေဖို့ နေစဉ်နှင့် အမျှတွေးတောပြီး သေမင်းကို ရှာဖွေရန် ရှာပုံတော် ထွက်ခဲ့လေသည်။ လမ်းမှာ တွေ့သမျှ လူတိုင်းကို သေမင်း ဘယ်မှာလဲလို့ လိုက်မေးလေတော့ လူတွေက သူ့ကို အရှုးဆိုပြီး ကွေကွင်းရှောင်ရှား ကြတာပေါ့။တချို့ကတော့ သူ့မေးခွန်းကို ပြန်ပြီးအဖက်လုပ် အရေးတယူ စကားတောင် ပြန်မပြော ကြဘူးလေ။ ဒီလိုနဲ့ တစ်ရွာ ၀င်တစ်ရွာထွက် သေမင်းကို လိုက်ရှာတယ်။နောက်ဆုံးမှာ ပင်လယ်ကမ်းစပ်ကို ရောက်လာတော့ သေမင်းကတော့ ဒီပင်လယ် ကမ်းစပ်မှာ ရှိနိုင်လောက်မယ်ထင်ပြီး ကမ်းစပ်တစ်လျှောက်လိုက်ရှာတယ်။

တစ်နေ့တော့ သူ့ဆီကို အဖိုးအိုတစ်ဦး တောင်ဝှေးတစ်ချောင်း အဖော်ပြုပြီး တလှမ်းခြင်း လှမ်းလာနေတာကို တွေ့လေသည်။ အဖိုးအိုက ဘယ်သွားမလို့လဲ လူငယ်ဆိုပြီး ဆင်းရဲသားလေးကို မေးတာပေါ့ ။ဒီတော့ ဆင်းရဲသားလေးက ကျွန်တော် စိတ်တွေညစ်နေလို့ပါ၊ ဒီလူ့လောကကြီးမှာလဲ မနေချင်တော့လို့ သေမင်းကို လိုက်ရှာနေ တာပါလို့ ပြန်ဖြေလေသည်။ ဒီစကားကို အဖိုးအိုကြားတော့ အူလိုက်သဲလိုက် ရယ်တာပေါ့။ပြီးတော့ လူငယ် မင်းဟာ စိတ်နဲ့ကိုယ်နဲ့ မကပ်တော့ဘူးလို့ ပြောဆိုလိုက်လေသည်။ ဒီတော့ လူငယ်လေးကလည်း အဖိုးအို စကားကြောင့် လှည့်ထွက်မည်အပြု အဖိုးအိုက သူ့အား လက်လှမ်းဆွဲပြီး နေပါဦး လူငယ်၊ မင်းတွေ့ချင်လို့ ရှာနေတဲ့ သေမင်းဆိုတာ ငါပဲဟုပြောတော့ လူငယ်လေးက အားတက်သွားလေသည်။ ဒီတော့ လူငယ်ဆင်းရဲ သားလေးက ဒါဆိုရင် ကျွန်တော့ကို ဘာလို့မခေါ်တာလဲ၊ ကျွန်တော့အသက်ကို အမြန်နှုတ်ယူ ပါတော့လို့ ပြောတာပေါ့။

လူငယ် မင်းအခု သေမဲ့အချိန် မကျသေးဘူး။ မင်းသေဖို့ အချိန်မတန် သေးပါဘူး။ မင်းသေနေ့စေ့ရင် ကျိန်းသေ သေမှာပါ။ အဲဒီအခါကျ မသေချင်လို့ ဘယ်လိုပဲ ပုန်းနေပုန်းနေ သေခြင်းတရားက ရှောင်လွဲလို့ မရဘူးလို့ အဖိုးအိုက ပြောလေသည်။ ဒါဆိုကျွန်တော့်ကို ဘယ်နေ့ သေမယ်ဆိုတာ ပြောပြပေးပါ အရှင်သေမင်း။

ဒီတော့သေမင်းက မောင်မင်း ဒီနေရာကနေ ထွက်ခွာပြီး ရက်သတ္တပတ်မြောက်ရင် အလွန်ချမ်းသာလိမ့်မယ်။ သူဌေးဖြစ်ပြီးနောက် ဆယ်နှစ်ကြာတဲ့အခါမှာ မင်းသေလိမ့်မယ် လို့ပြောပြီး အလိုရှိရာ သုံးနိုင်ရန် လေးနဲ့မြှား ဆယ်ချောင်းကို ပေးလေသည်။ ခဏအတွင်းမှာ သေမင်း ပျောက်ကွယ် သွားလေသည်။လူငယ်လေးက လေးနဲ့မြှားကို ယူပြီး ခရီးဆက်လေသည်။ ခရီးလမ်းတလျှောက် ဆာလောင်လာတော့ လေးနဲ့မြှား ကိုထုတ်ပြီး တွေ့သည့်ငှက်ကို ပစ်လေသည်။ သူပစ်လွတ်လိုက်သည့် ငှက်မှာ ရွှေငှက်အဖြစ် အသွင်ပြောင်း သွားလေသည်။ရွှေငှက်အဖြစ် ပြောင်းလဲသွားသည့် ငှက်လေးအား လက်မှကိုင်ကာ လူငယ်လေး ပျော်ရွှင်စွာ ခရီးဆက်လေသည်။ဒီလိုနဲ့ မြို့တစ်မြို့ကို ရောက်တော့ အကောင်းဆုံး မြေကွက်တစ်ခုအား ရွှေငှက်နဲ့ လဲလှယ်ယူ လိုက်လေသည်။ ပြီးတော့ အဲဒီမြေကွက်ပေါ်မှာ စိန်ရွှေငွေ ရတနာ အပြည့်နဲ့ အိမ်တစ်လုံးကို ပေါ်လာစေရန် လေးနဲ့မြှားကို ထုတ်ကာပစ်ပြီး အမိန့်ပေး လိုက်လေသည်။မကြာခင်မှာ သူဆန္ဒ ရှိသည့်အတိုင်း စိန်ရွှေငွေ အပြည့်နဲ့ အိမ်တစ်လုံး ပေါ်လာပြီး သူဌေးကြီး ဖြစ်သွားလေသည်။

ဒီလိုနဲ့ အချိန်တွေက တရွှေ့ရွှေ့ကုန်ဆုံးနေတာကို စည်းစိမ်ချမ်းသာ ပြည့်စုံစွာနဲ့ ယစ်မှုးနေတဲ့ လူချမ်းသာ လူငယ်လေး သတိမမှုမိဘူး ဖြစ်နေတယ်။အဖိုးအိုရဲ့ စကားကိုလည်း မေ့လျှော့နေတာပေါ့။ဒီလိုနဲ့ ကိုးနှစ်နဲ့ကိုးလ ရောက်ရှိလာလေတဲ့။ တစ်နေ့မှာ သူမချမ်းသာခင်က နောက်ဆုံးနေ့လေးကို အိပ်မက်မြင်မက်ပြီး စိုးရိမ်ကြောက် လန့်မှုနဲ့ လန့်နိုးလာလေသည်။ အဖိုးအိုရဲ့ စကားကိုလည်း ပြန်လည်ကြား ယောင်နေလေသည်။နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းပြီး ကျန်ရှိနေသေးတဲ့ သုံးလဆိုသည့် အချိန်လေး ကုန်ဆုံးသွားမှာကို စိုးရိမ်ထိတ်လန့် နေလေသည်။

နောက်နေ့နံနက်မှာ သူ့ရဲ့အစေခံ ကျွန်ကိုခေါ်ပြီး ကြီးမားသည့် ရေလုံခံ သေတ္တာကြီး တစ်လုံးကို ယူစေကာ အစားအသောက် သုံးလစွာ ထည့်ယူစေလျက် ပင်လယ်ကမ်းစပ်သို့ ထွက်လာလေသည်။ကမ်းစပ်ရောက်တော့ သူ့အစေခံ အလုပ်သမားအား အထပ်ထပ်မှာ ကြားလေသည်။ သူသေတ္တာထဲ ၀င်ရောက်ပြီးနောက် သေတ္တာအား သေချာစွာ ပိတ်လျှက် ပင်လယ်ထဲသို့ နက်သထက် နက်အောင် ကြိုးရှည်ရှည် နဲ့ချရန်၊ ယနေ့မှစတင်၍ နောက်သုံးလ ကြာသောအခါ ရေထဲမှ သေတ္တာအား ပြန်လည်ဆယ်ယူရန် အထပ်ထပ် မှာကြားလေသည်။ အလုပ်သမားများကလည်း သူဌေးမှာ ကြားသည့်အတိုင်း သေတ္တာကြီးကို ကြိုးရှည်ရှည်နှင့်ချည်ကာ ရေနက်ပိုင်းထဲသို့ ချလိုက်ကာ ကျန်ကြိုးစတစ်ဖက်စွန်းအား သစ်ပင်ကြီး တစ်ပင်တွင် ချည်နှောင်ထား ခဲ့ကြလေသည်။

သေမင်းကလည်း သေစာရင်း နာမည်တွေကို စစ်ဆေးနေစဉ်မှာ လူငယ်လေး၏ သေဆုံးမယ့် အလှည့်သို့ ရောက်ရှိနေကြောင်းကို တွေ့ရှိသွားလေသည်။အိုးအို.. တို့တွေထပ် တွေ့ဆုံကြ ဦးမှာပေါ့ လူငယ်လေးရေဆိုပြီး ရေရွတ်လိုက်လေသည်။ဒီလိုနဲ့ လူငယ်လေးကို ရှာဖွေဖို့ တစ်မြို့ဝင် တစ်မြို့ထွက်နဲ့ တစ်အိမ်ပြီးတစ်အိမ် လိုက်ရှာလေရာ မတွေ့ပဲ ရှိနေလေသည်။ သေစာရင်း နာမည်တွေကိုလည်း ပြန်လည်စစ်ဆေးရာ လူငယ်လေး နာမည်ပါ နေသည်ကို တွေ့နေရပါလျှက် ထိုလူငယ်အား ရှာလို့မတွေ့ ရှိခြင်းကြောင့် သေမင်းအဖိုးအိုလည်း
အလွန်စိတ်ဓာတ် ကျနေတာပေါ့။ ဒါပေမယ့် လုံးဝမလျော့သောဇွဲနဲ့ တောတောင်တွေကို ဖြတ်ကျော်ပြီး လိုက်ရှာဆဲပဲလေ။

ဒီလိုနဲ့ လူငယ်လေးသေဖို့ နေ့ရက်ကလည်း တစ်ဖြည်းဖြည်း နီးလာပြီ၊ သေဖို့ရက်က သုံးရက်လောက်ပဲ လိုတော့တယ်။ သေမင်းကလည်း လုံးဝလက်မလျော့ဘဲ လိုက်ရှာမြဲပဲ။ဒီလိုနဲ့ နောက်ဆုံးမှာ သေမင်းလည်း ခြေကုန်လက်ပန်း ကျစွာနဲ့ ကမ်းခြေဆီ တဖြည်းဖြည်းလျောက်လှမ်း လာနေလေသည်။ ကမ်းခြေမှာ ခဏလောက် အမောအပန်းဖြေမယ်ဆိုတဲ့စိတ်ကူးနဲ့ လျှောက်လှမ်း လာနေတုန်း တစ်နေရာမှာ မမျှော်လင့်ပဲ ကြိုးတစ်ချောင်းနဲ့ ခလုတ်တိုက် လဲကျသွားတာပေါ့။ သေမင်းကလည်း စိတ်ဆိုးသွားပြီး အဲဒီကြိုးစကို တဖြည်းဖြည်း ဆွဲကြည့်တော့ နောက်ဆုံးမှာ ရေထဲက သေတ္တာကြီး ပေါ်ထွက်လာလေရောပေါ့။သေမင်းကလည်း အရမ်းအံ့သြပြီး အဲဒီသေတ္တာကို ဖွင့်ကြည့်တော့ အထဲမှာ လူချမ်းသာဖြစ်သွားတဲ့ လူငယ်လေးကို တွေ့ရှိသွားလေသည်။ သေမင်းက စိတ်ဆိုးတဲ့ လေသံနဲ့ လူငယ်လုလင်.... မင်းဒီလိုပုန်းရှောင်လို့ လွတ်မယ်များ ထင်နေလား၊ အခုချက်ချင်း ထွက်လာခဲ့လို့ အော်ပြောလိုက်လေသည်။

လူငယ်လေးကလည်း အလွန်ကြောက်ရွံပြီး သေမင်းကို အရှင်သေမင်း အကျွန်ုပ်ကို ခွင့်လွတ်ပါ။အသက်ကိုလည်း လွတ်ငြိမ်းချမ်းသာ ခွင့်ပေးပါ။ အကျွန်ုပ်ပိုင်ဆိုင်တဲ့ စည်းစိမ်းချမ်းသာ တ၀က်ကို အရှင့်အားပေးပါမယ်လို့ သေမင်းကို တောင်းပန်တာပေါ့။ဒီတော့သေမင်းက အသင်လုလင် မောင်မင်းကို အရင်က မပြောခဲ့ဖူးဘူးလား။ လူတိုင်းဟာ သေနေ့မစေ့ပဲ သူဘယ်လောက်သေချင်နေပါစေ သေလို့မရသလို သေနေ့စေ့လို့ မသေချင် သေးဘူးဆိုပြီး ရှောင်ပုန်းနေလို့လည်း မရပါဘူး။သတ္တ၀ါတိုင်းဟာ သေခြင်းတရားကို ဘယ်လိုမှ ရှောင်လွဲလို့ ပုန်းကွယ်လို့မရပါ။အကြောင်းတရားတွေကြောင့် အကျိုးတရားတွေ ဖြစ်ပေါ်တယ်။မွေးဖွားခြင်းရှိသလို သေဆုံးခြင်း ဆိုတာလည်း ရှိနေတဲ့ ကာမသဘောတရား တွေပါလုလင်။

အရင်က သေနေ့မစေ့ဘဲ သေချင်နေတဲ့ ဆင်းရဲသား လူငယ်လေး၊ ချမ်းသာလာ တဲ့အခါ သေနေ့စေ့တာတောင် သေဖို့ပုန်းရှောင်နေတဲ့ လူချမ်းသာ လူငယ်လေး၊သူဘာပဲပြောပြော သေမင်းက လက်မခံဘဲ နောက်ဆုံး သေရွာကို ခေါ်ဆောင်သွားတဲ့ THE MAN WHO LOOKED FOR THE LORD OF DEATH ဆိုတဲ့ပုံပြင်လေးကို SELECTED MYANMAR TALES ဆိုပြီး ၁၀တန်း သင်ရိုးညွန်းတန်း ဖတ်စာအုပ်လေးကို စာအုပ်စင် ရှင်းလင်းရင်း အမှတ်မထင် ပြန်လည်တွေ့ရှိခဲ့တာပါ။အဲဒီသင်ရိုး ညွန်းတန်းထဲမှာ ပုံပြင် ၁၅ခု ရှိသည့် အနက်မှ သေမင်းကို ရှာဖွေသည့် လူငယ်လေး ဆိုသည့်ပုံပြင်ကတော့ ၈ခုမြောက်ပေါ့။ ဒီပုံပြင်လေးကို ပြန်လည်ဖတ်နေတဲ့ အချိန်မှာတော့ ငယ်ငယ်တုန်းက ဆယ်တန်းကျောင်းသူ ဘ၀မှာ ကျူရှင်ဆရာရဲ့ လျပ်တပြတ် မေးခွန်းတွေကို ခဏခဏ ထမေးခြင်း ခံရပြီး ဆုခဏခဏ ရခဲ့ရတဲ့ အဖြစ်လေး ကိုလည်းပြန်လည် သတိရ လွမ်းဆွတ်မိပါတယ်။ :) ဟိဟိ.. ကြုံတုန်းကြွားတာနော်.. :P

အဲဒီအချိန် တုန်းကတော့ အင်္ဂလိပ်စာ ဘာသာမှာ ပုံပြင်က ၁၅ခု ကဗျာက ၁၅ခုပါ။အခုခေတ် ကျောင်းသား ကျောင်းသူ တွေကတော့ သင်ရိုးညွန်းတမ်း တွေပြောင်းလို့ မသင်ရ လောက်တော့ဘူး ထင်တယ်နော်။ ဒါကြောင့် မက်မက် ဆယ်တန်းတုန်းက စာအုပ်လေးကို အမှတ်တမဲ့ ပြန်လည်ရှာတွေ့လို့ အမှတ်တရ အဖြစ်နဲ့ ဖတ်ရတာ အဆင်ပြေအောင် မြန်မာလို ပြန်လည်ရေးပေး လိုက်ပါတယ်။ မက်မက်လိုပဲ ဒီပုံပြင် သင်ရိုးညွန်းတန်း စာအုပ်ပြဌာန်းတဲ့ နှစ်အထိ သင်ခဲ့ရတဲ့ အစ်ကို အစ်မတွေလည်း မိမိတို့ရဲ့ ဆယ်တန်းကျောင်းသား/သူလေး ဘ၀တုန်းက အဖြစ်လေးကို ပြန်လည် အမှတ်တရ ဖြစ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်နော်။
တကယ်တော့ သေခြင်းတရားဆိုတာ အသက်ကြီးသည် ငယ်သည်မရွေး၊ ဘယ်လိုမှ ရှောင်လွဲလို့ မရဘူးလေနော်။
ကဲ....မိတ်ဆွေရော ဒီပုံပြင်လေး ဖတ်ပြီးတော့ ဘာတွေများ ခံစားလိုက် ရလဲနော်...။ :)

Thursday, January 15, 2009

အမိရွှေမြန်ပြည်သို့ အလည်တစ်ခေါက်

Sharkiya Dream နှင့်Sharapoa မက်မက်တို့ လှပတဲ့ စိတ်ကူးယဉ်မှုလေးကို အကောင်အထည်ဖော်ဖို့ အမိရွှေ မြန်မာနိုင်ငံတော်ကို အလည်အပတ် Holiday သွားကြပါပြီ။ ဒီရက်ပိုင်း အတွင်းမှာ အလုပ်များ နေခဲ့တာကြောင့် ပို့စ်တင်တာနဲ့ အိမ်လည်တာ နဲနဲကျဲ သွားတဲ့အတွက်ကြောင့် DREAM Blog သို့လာရောက် လည်ပတ်ကြသော စာဖတ်သူ အစ်ကို အစ်မ မောင်လေး ညီမလေးများကို ဧည့်ဝတ်ကျေပွန်ခြင်း မရှိပါက နားလည်ပေးပါ။ အမိမြေမှာ အချိန်ရရင် ရသလို လာရောက်ပြီး ပို့စ်တင်ပေးပါ့မယ်။ ခဏတာအိမ်ရှင် မရှိပေမဲ့ Dream Blog မှနွေးထွေးစွာ ကြိုဆိုနေပါတယ်နော်။ မကြာခဏ လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

မက်မက် တို့အိန်ဂို ရာယယ်ကျဒဲ့ ဦးဦးတီတီတို့ကို မက်မက်နဲ့ တီတီဒွင်းတို့က အာဝါး အညားကြီး ပေးထဲ့ဒယ်နော်... မက်မက်မချိရဲ အိမ်ကိုရာရယ် နော်....ရာယယ်ဒဲ့ တူဒွေရဲ ပေါ်ချွင်ပါချေနော်.... :P တီတီဒွင်း... တီတီဒွင်း... ရာရာ.. တွားဒေါ့မယ်..လိန်ပျံမမီဖဲ ဖစ်တော့မယ်... ညန်ညန်ရာ...ဟေး..ပျော်ယိုက်ဒါ..လိန်ပျံဂျီး ချီးဖီးလည်လည်တွားရဒေါ့မယ်.. နာ့တီတီနဲ့ ယယ်ယယ် တွားရဒေါ့မယ်.. :P ဦးဦးတို့ တီတီတို့ဂိုရဲ နှုတ်ချက်ခဲ့ပါဒယ်နော်... အားလုံးပဲ တာ့တာ..

အာဝါးးးးးးးးးးးးးးးး အချုံးအချ မချိဒဲ့ အင်ဖက်နတီ အထိနော်.... ခစ်ခစ် :P တာ့တာ့... ဘိုင်းဘိုင် :) :)

Wednesday, January 14, 2009

ကလေးတစ်ယောက်၏သုံးသပ်ပုံ

တစ်နေ့မှာ အလွန်ချမ်းသာလှတဲ့ အဖေဖြစ်သူက သူ့သားလေးကို တောမြို့လေး တစ်မြို့ကို အလည်အပတ်သွားရောက်ပြီး ဆင်းရဲသားတွေရဲ့ နေထိုင်မှုဘ၀ကို ပြချင်လို့သားကို ခေါ်သွားပါတယ်။ အဲဒီတော မြို့ရွှာလေးမှာ နှစ်ရက်တစ်ည လောက်နေပြီး သူတို့ရဲ့ အားလပ်ရက်ကို ကုန်ဆုံးကာ ဆင်းရဲသားတွေရဲ့ ဘ၀ကို တွေးတောလေ့လာ နေတာပေါ့။ ဒီလိုနဲ့ အိမ်အပြန်လမ်းမှာ အဖေဖြစ်သူက သားကို မေးတယ်။
အဖေဖြစ်သူ ။ ။ ဘယ်လိုလဲ သား ဒီခရီးမှာ ပျော်ရဲ့လားကွ။
သားဖြစ်သူ ။ ။ပျော်တာပေါ့ အဖေရာ။
အဖေဖြစ်သူ ။ ။ဒါဆို ဒီခရီးစဉ်လေးနဲ့ ပတ်သတ်ပြီး အဖေ့ကို ပြောပြပါဦး၊ သားဘယ်လို သင်ခန်းစာတွေ ရလိုက်လဲ၊ အဖေ့ကို ပြောပြပါဦး။
သားဖြစ်သူ ။ ။ ဟုတ်ကဲ့သားတို့မှာ ခွေးတစ်ကောင်ပဲရှိတယ်၊ သူတို့မှာ ခွေးလေးကောင်တောင် ရှိတယ်ဆိုတာ ပထမအချက် အနေနဲ့ တွေ့လိုက်ရတယ် ဖေဖေ၊ သားတို့မှာ ကစားဖို့ ဥယျာဉ်ခြံ သေးသေးလေး ပဲရှိပေမယ့် သူတို့မှာ မဆုံးနိုင်တဲ့ ရှည်လျားတဲ့ ချောင်းငယ်နဲ့ လှပတဲ့ ကွင်းပြင်ရှိတယ်။ သားတို့ရဲ့ ဥယျာဉ်မှာ အလင်းရောင်အတွက် မှန်မီးအိမ်လေးတွေ ရှိပေမယ့် သူတို့မှာ ညတစ်ညရဲ့ လင်းလက်တောက်ပတဲ့ ကြယ်လေးတွေ ရှိတယ်။ သားတို့ရဲ့ အိမ်တံဆပ်မြိတ်မှာ လသာဆောင် ရှိပေမယ့် သူတို့မှာ မိုးကုတ်စက်ဝိုင်း တခုလုံးရှိတယ်။ သားတို့မှာ နေထိုင်စရာ မြေကွက်သေးသေးလေး ပဲရှိပြီး သူတို့မှာတော့ သားတို့ထက် အဆပေါင်းများစွာ ကျယ်ပြန့်တဲ့ လယ်ကွင်းပြင် ကြီးရှိတယ်။ သားတို့ကို အခကြေးငွေ ပေးပြီးလုပ်ကျွေး ပြုစုနေတဲ့ အစေခံတွေ ရှိတယ် သူတို့မှာတော့ သူများဆီက အခကြေး ငွေရယူပြီး လုပ်ကျွေးနေရတယ်။ သားတို့က ကိုယ်စားမယ့် အစာကို ၀ယ်စားနေ ရချိန်မှာ သူတို့က ကိုယ်စားဖို့ ကိုယ်စိုက်ပျိုး နိုင်ကြတယ်။ သားတို့မှာ ဥစ္စာပစ္စည်းတွေကို ထိန်းသိမ်းကာကွယ် ဖို့အတွက် ခိုင်ခံတဲ့ တိုက်တာအဆောက်အဦး နံရံတွေ ပဲရှိတယ်။ သူတို့မှာ ပတ်ဝန်းကျင်က ကာကွယ်ပေးတာကို ခံရတယ်ဖေဖေ။

အစရှိသဖြင့် သားဖြစ်သူက သူ့ထင်မြင်ချက်လေးတွေကို အဖေဖြစ်သူကို တရစပ် နှိုင်းယှဉ်ပြောပြနေတာပေါ့။ သားဖြစ်သူရဲ့ စကားကို ကြားတော့ အဖေဖြစ်သူက ဘာပြောလို့ ပြောရမှန်း မသိအောင် ဆွံအသွား ခဲ့ရတယ်လေ။ ဒါနဲ့သားဖြစ်သူက ထပ်ပြီးတော့ ကျေးဇူးပါပဲ အဖေ၊ အခုဆို သားတို့ ဘယ်လောက်ဆင်းရဲ သလဲဆိုတာ သားသဘောပေါက် သွားပါပြီဖေဖေ၊

ကဲ.. ဒါလေးကို ဖတ်ပြီးတော့ နဲနဲတော့ အံ့သြစရာများ ဖြစ်နေမလား မသိဘူးနော်။ တကယ်တော့ ကိုယ့်မှာမရှိတာကို စိုးရိမ်ပူပန် လောဘနဲ့ ဟန်လုပ်နေ မယ့်အစား ကိုယ့်မှာ ရှိတာကိုပဲ ရောင့်ရဲတင်းတိမ်တတ်တဲ့ စိတ်လေးမွေးပြီး ကျေးဇူးတင်တတ် ရမယ်လေနော်။

အမှန်တော့ လူတိုင်းလူတိုင်းဟာ ပြည့်စုံတဲ့ သူဆိုတာ မရှိပါဘူး၊ အဲလိုပဲ ကိုယ့်မှာရှိလာတဲ့ အရာတွေကို မျှဝေဖလှယ်ပြီး တစ်ယောက်နဲ့တစ်ယောက် လက်တွဲကူညီကာ ကျင့်ကြံသုံးစွဲ အသုံးပြုကြမယ် ဆိုရင်ဖြင့် အရာအားလုံးက အသေးအမွှားကအစ အာလုံးပြည့်စုံ နေမှာပါ။ ပတ်ဝန်းကျင်ကြီးလည်း လှပနေမှာပါနော်။
ဟုတ်ကဲ့..ကျေးဇူးပါပဲနော်။

Monday, January 12, 2009

ဘဝ

ဘာသာမသိ၊
သာသနာမရှိ
ဘာဝနာမငြိတဲ့
တို့တွေ..ခန္ဓာ
ကြုံသလိုနေခါ
စေရာလိုစေခဲ့ပြီးပြီ။

ဘ၀ထွေထွေ
သံသရာကွေ့မှာ
ပျော်ချင်တိုင်းပျော်
မော်ချင်တိုင်းမော်
ဖော်ချင်တိုင်းတိုင်းလည်းဖော်ခဲ့ပြီ။



ကဲချင်တိုင်းကဲ
လွဲချင်တိုင်းလွဲ
လဲချင်တိုင်းလဲ
လဲချက်ကွဲချက်တိုင်းလည်းနာခဲ့ပြီ။

ဓမ္မမသိ၊တရားမရှိ
စားလည်းဒီစိတ်
သွားလည်းဒီစိတ်
တဏှာဖက်နွယ်
မောဟပယ်မှ တို့များအသွား မှန်လှမယ်။

မာနတံခွန် ထွတ်ခေါင်ထိပ်ဖျား
တလူလူလွင့်တော့
ဤဘ၀တို့များ လူဖြစ်ရှုံးတော့မယ်။

မာန်ကိုချ၊မာနကိုပယ်
တဒင်္ဂလူ့ရွှာ တိုတိုမှာ
အနေမြတ်ဖို့ အသေတတ်အောင်
တရားရဖို့လိုလိမ့်မယ်။

ဘာရယ်ညာရယ် မဟုတ်ပါဘူး..စာရေးရမှာ ပျင်းနေလို့ ဆားချက်လိုက်တာပါ... မရေးတတ်လို့ အမှားပါရင် နားလည်ပြီး ဖတ်ပေးနော်။ ကျေးဇူး.. :))

Friday, January 9, 2009

အမေများသို့




မြင်းမိုရ်ထက်မြင့်သော

မြင်းမိုရ်ထက်မြင့်သော နေရာ
မိုးတိမ်သားတွေရဲ့အပေါ်မှာ
ဝတိံဘုံဖျားထက်မှာ
ငွေလ၀န်းကြီးပမာ ရှိနေတာ

နှိုင်းယဉ်မရပါသော မာတာ
မြင့်မြတ်သောလူသားမိခင်ပါ
သည်ကမ္ဘာတလွားမှာ
အညီအမျှထားစရာ အနန္တငါးဖြာ

သန္ဓေအသွေး အသားနဲ့ ၀မ်းထဲမှာ
အနေမွေး ဖွားကြမ်း တမ်းတဲ့ကန္တာ
ရေ ကလေး တစ်ပေါက် ကျသည့် ပုံပမာ
ရင်မှာ ချမ်းမြေ့ကြရတာ

ငယ်ထွေး ကလေးဘ၀မှစခါ
တကယ်ထွေး ပွေ့ယုယ ချစ်ကြင်နာ
အရွယ်ကလေးရသည့်တိုင်သာ
လိမ္မာရေးခြား အတွေးများ
လမ်းခင်းပေးခဲ့တာ

မြင်းမိုရ်ထက်မြင့်သော နေရာ
မိုးတိမ်သားတွေ့ရဲ့ အပေါ်မှာ
ဝတိံဘုံများ ထာဝစဉ်ရှိနေတာ
မာတာအမိပါ.......
(တေးရေးxxx စန္ဒရားလှထွတ်)

၁၀.၁.၂၀၀၉ ခုနှစ်မှာ ကျရောက်တဲ့ အမေများနေ့မှာ ကမ္ဘာမှာရှိတဲ့ မိခင်တိုင်းကိုယ၏် ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း တွေပြည့်စုံပါစေ။

Wednesday, January 7, 2009

အဂုၤလိမာလေခၚ မဟိ ံသက



လောကမှာ လူတွေ ခံစားရတတ်တဲ့ လိမ်ညာမှု ငါးမျိုးကို ဆရာကြီးဦးထွန်းလှိုင်က ဒီလိုဖော်ပြ ပေးထားပါတယ်။အဲဒီငါးမျိုးကတော့
(၁)ငွေကြေးဥစ္စာကို လိမ်ညာခံရခြင်း
(၂)အတတ်ပညာကို လိမ်ညာခံရခြင်း
(၃)အလုပ်ကိစ္စကို လိမ်ညာခံရခြင်း
(၄)အချိန်ကာလကို လိမ်ညာခံရခြင်း
(၅)တရားဓမ္မကိုလိမ်ညာခံရခြင်း တဲ့။

လူတွေဟာ အဲဒီငါးမျိုးနဲ့ လိမ်ညာခံ ကြရရာမှာ သူတပါးက မိမိကိုလာပြီး လိမ်ညာ ခံရတာလည်း ရှိသလို၊ မိမိကိုယ်ကို မိမိက ပြန်လိမ်ညာနေမှန်းမသိဘဲ လိမ်ညာခံ ရတာမျိုးလဲ ရှိပါတယ်တဲ့။အပြင်လူရဲ့ လိမ်ညာခြင်းကို ခံရတဲ့ သူတွေမှာတော့ လောဘကြီးလို့၊ အယုံလွယ်လို့၊ အယုံသွင်းခံရမှု တို့ကြောင့်ပဲ ဖြစ်ပါတယ်။ သတိဆိုတာ အင်မတန် အရေးကြီးပါတယ်။ သတိမမူ ဂူမမြင်တဲ့။သတိမူက မြူတောင် မြင်တယ်လို့ သိကြမှာပါနော်။

လူတွေ ဟာ သတိချို့ ယွင်းမှုကြောင့် မမှားသင့်တာတွေ မှားကြတယ်၊ မလုပ်သင့်တာ တွေလုပ်ကြတယ်။ မကြံသင့်တာတွေ ကြံကြတယ်။ ဒါကြောင့် လိမ်ညာသူတွေရဲ့ အလှည့်စား ခံရခြင်းကို မခံရ လေအောင် သတိဆိုတာကို လက်ကိုင်ထားသင့်ပါတယ်။ သတိဆိုတဲ့ ညဏ်ချို့ယွင်းရင် အလိမ်ခံ ရတတ်ပါတယ်၊စဉ်းစားဆင်ခြင် ဥာဏ်တွေ ပျောက်မှန်းမသိ ပျောက်သွားရတယ်။ပညာဥာဏ် ဖြစ်ပေါ်မှုမှာ သတိဟာ အဓိက အခရာ ဖြစ်တယ်နော်။ မဟာဗုဒ္ဓ၀င်မှာ သတိကြောင့် မမှားသင့်ပဲ မှားသွားတဲ့ ဇာတ်တော်တွေ ရှိပါတယ်။လူအများ သိကြတဲ့ အဂုင်္လိမာလ လို့ခေါ်တဲ့အဟိံသကရဲ့ အဖြစ်ပါနော့်။

အန္တပုဏ္ဏားကြီးနဲ့ မန္တာနီ ပုဏ္ဏားမမှာအဟိံသက လို့ခေါ်တဲ့ သားတစ်ဦး ရှိပါတယ်။ ပညာဥာဏ် ကောင်းလွန်းလို့ တက္ကသိုလ်ပြည် ကိုသွားပြီး ဒိသာပါမောက္ခ တစ်ဦးဆီမှာ ပညာသင် စေပါတယ်တဲ့။ဆရာ့ကိုလည်း ၀တ်ကြီး ၀တ်ငယ်ပြုစု၊ ပညာကလည်း ထူးချွန်လို့ ဆရာရဲ့ ချစ်ခင်မှုနဲ့ အရေးပေးမှုကို ခံရပါတယ်။ဒါကို ပညာသင်ဖက်ဖြစ်တဲ့ သူငယ်ချင်းတွေက မနာလို ဖြစ်ကြတာပေါ့။ဒီတော့ အဟိံသက နဲ့ ဒိတာပါမောက္ခခ ဆရာကြီးတို့ကို စိတ်ဝမ်းကွဲအောင် လုပ်ပါတယ်။ အဟိံသကကို ဆရာကတော်နဲ့ စွတ်စွဲသမုတ် ကြပါတယ်။

ဒါကိုဆရာကြီး ကလည်းလုံးဝ မယုံပါဘူး၊ဒါပေမယ့် ပြောဖန်များ လာတော့ သံသရ ၀င်လာတယ်။ ဒါကြောင့် တပည့်လုပ်သူရဲ့ အနေအထိုင်ကို ဂရုစိုက်စောင့် ကြည့်တာပေါ့။ ဆရာကတော် ကလည်းသူ့ကို ချစ်ခင်တယ် ဆိုတော့ အကျွမ်းတ၀င် ဆက်ဆံတာပါ။ ဒါကိုဆရာ လုပ်တဲ့သူက မယုံသင်္ကာ ဖြစ်သွားပြီး အဟိံသက ကိုစိတ်ဆိုးပါတယ်။ပညာရှိတို့ ထုံးစံအတိုင်း အမျက်မထွက်ချင် ယောင်ဆောင်ပြီး အဟိံသက လေးကိုသူ့ အလိုလို သေအောင်ဆိုပြီး အမျိုးမျိုး ကောက်ကျစ်စဉ်းလဲတဲ့ အကြံကို ကြံစည်တယ်။

ဒါနဲ့ တစ်နေ့တော့ ဆရာက တပည့်ဖြစ်သူကို ခေါ်ပြီးပြောပါတယ်။ချစ်သား အဟိံသက၊ မင်းဟာ အမျိုးလည်း မြတ်တယ်၊ ပညာအရာ မှာလည်း ထူးချွန်တယ်။ ၀တ္တရားလည်း ကျေတဲ့တပည့် ကောင်းဖြစ်တယ်။မင်းလို တပည့်မျိုး ရခဲလှတယ်။ ဒါကြောင့် မင်းကိုဆရာ တတ်သမျှ၊ သိသမျှ ပညာကို အကြွင်းမထားဘဲ သင်ပေးချင်တယ်။ ဒါပေမယ့် မင်းကငါ့ကိုပူဇော်မှသာလျှင် ငါသင်ပေး နိုင်မယ်လို့ ဆိုပါတယ်။

ဆရာဖြစ်သူရဲ့ အယုံသွင်း စကားကြောင့် တပည့်ဖြစ်သူ အဟိံသကာလေးမှာ လုံးဝယုံကြည် သွားတယ်လေ။ သူ့စိတ်ထဲမှာ ဆရာ့ဆီက ပညာရရင်ဖြင့် ဘာမဆို လုပ်ရလုပ်ရ လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဆရာ့ကိုလည်း အကြည်ညို လွန်သွားတာကိုး။ ဒီတော့ ဆရာ၊ ကျွန်တော် ဘာလုပ်ပေးရ မလဲဆိုတာသာ ပြောပါ၊ ကျွန်တော် ဆရာ့ကို ပူဇော်ပါ့မယ်လို့ ကတိပေး လိုက်ပါတယ်။ ဒီတော့ဆရာက သူ့ကို လူတွေရဲ့ လက်ညှိုးပေါင်း တစ်ထောင်နှင့် ငါ့အားပူဇော်ရမယ်။ ဒါမှသာ ပညာကို ဆက်သင်ပေးနိုင်မယ်လို့ ဆိုလိုက်ပါတယ်နော်။ ဒါကိုတပည့်ဖြစ်သူက တကယ်ပဲ ယုံမှတ်တော့ သူ့ဆရာ့ စကားအတိုင်း လက်ညှိုပေါင်း တစ်ထောင်ပြည့်အောင် လူပေါင်းတစ်ထောင်ကို သတ်ပြီး လက်ညိုးတွေ ဖြတ်ယူပါတယ်။

အစက ဥာဏ်ပညာ ကောင်းရာမှာ သူမတူအောင် ရှိခဲ့တဲ့ အဟိံသကာလေးဟာ သူ့အသက်သတ်ခြင်း အမှုကို ပြုတဲ့နေ့က စပြီးတော့ စိတ်ပျံလွင့် သွားတဲ့အတွက် သတိချွတ်ယွင်းသွားပြီး လက်ညှိုးတစ်ထောင်ကိုတောင် ရည်တွက်လို့ မရတော့ လောက်အောင်ကို ဖြစ်သွားပါ တယ်တဲ့။ ရလာတဲ့ လက်ညှိုးတွေကိုလည်း ဟိုထား ဒီထား
ဆိုတော့ ပျောက်ရှတာလည်း ရှိခဲ့ပါတယ်တဲ့။ အမှန်ဆို လက်ညှိုးပေါင်း တစ်ထောင်ပြည့်ဖို့အတွက် လူအယောက် ငါးရာသာ သတ်ရမှာပါနော်၊ ဒါကို သူကလူပေါင်း တစ်ထောင် လောက်ကို သတ်မိပါတယ်နော်။

နောက်ဆုံး မိခင်ဖြစ် သူကိုတောင် အလွတ်မပေးဘဲ သတ်ခါနီးလေးမှာ ကျွတ်ချိန်တန်လာတော့ မြတ်စွာဘုရားနဲ့ တွေ့ပါတယ်။ ဒီအခါမှာ မြတ်စွာဘုရားရှင်ရဲ့ လက်ညှိုးကို ဖြတ်ဖို့အတွက် မြတ်စွာဘုရား နောက်ကို ပြေးလိုက်ပါတယ်။ ဒါပေမယ့်နော် သူဘယ်လောက် အမောတကော လိုက်လိုက် မြတ်စွာဘုရားကို မမှီနိုင်ဘူး ဖြစ်နေတော့ ဒီရဟန်း နဲနဲတော့ထူးတယ်၊ ရှေးက ငါလိုက်လို့ မမှီတဲ့ သတ္တ၀ါဆိုတာ မရှိခဲ့ဘူးလို့ စဉ်းစားတယ်၊ ငါသူ့ကို ရပ်ခိုင်းမှ လို့ကြံပြီ ရဟန်း ရပ်ဦး၊ရပ်ပါလို့ အော်ပြောသတဲ့။ ဒီတော့ မြတ်စွာဘုရားက ငါကိုယ်တော် ရပ်နေတာပဲ၊အသင်သာ မရပ်ဘဲ တရစပ် ပြေးနေတာလို့ ပြန်ပြောပါတယ်။ဒါကို အဟိံသကက အို..ရဟန်း..သင်ဟာ မရပ်မနား သွားနေပြီး ဘာဖြစ်လို့ ငါ့အားရပ် နေပါတယ်လို့ မုသားဆို ရတာလဲ၊ ရဟန်းဖြစ်ပြီး မုသားဆို ရသလားလို့ ပြောပါတယ်။

ဒီတော့ဘုရားရှင်က ချစ်သား အဂုင်္လိမာလ အဟိံသက၊ ငါဟာ သူ့အသက်ကို သတ်ခြင်းဆိုတဲ့ မကောင်းမှု ဒုစရိုက်ကိုလည်း မလိုက်စားဘူး၊ ငါ့မှာ အပါယ်လား စရာအကြောင်း မရှိဘူး၊ သုဂတိတို့ရဲ့ အထွတ်အမြတ်ဖြစ်တဲ့ နိဗ္ဗာန်တံခါးဝမှာ ရပ်နေသူဖြစ်တဲ့အတွက် ရပ်နေတယ်လို့ ငါဆိုခြင်းဖြစ်တယ်၊ သင်ကတော့ ဒုစရိုက်များစွာ ကိုလည်းပြုတယ်၊ သတ္တ၀ါအပေါ် မှာလည်းသနား ကြင်နာခြင်းလည်း မရှိဘူး၊ ကောင်းမြတ်တဲ့ အကျင့်စာရိတ္တ လည်းမရှိဘူး၊ သင်သေရင် အပါယ်ကိုလားရမယ့် လူဖြစ်လို့
သင်ဟာ ရပ်နားတဲ့ လူမဟုတ်ဘူး၊ သင်ကတော့ သွားနေသူ ဖြစ်တယ်လို့ ငါဆိုလိုခြင်းသာ ဖြစ်တယ်လို့ ဟောကြားလိုက်တဲ့ အခါမှာတော့ အဂုင်္လိမာလရဲ့ ဘ၀င်မှာ ချက်ချင်း သတိတရားဝင်ပြီး ဥာဏ်အမြင် တစ်ခုဖြစ်ပေါ် လာပါတယ်။

အို..ဒီစကားဟာ အနှစ်သာရ ရှိလှပါတကား၊ တစ်သက်လုံး အောက်မေ့ထိုက်တဲ့ စကားမျိုးပါလား၊ ဒီစကားကို သာမန်လူတော့ ပြောနိုင်မှာ မဟုတ်ဘူး၊ ငါကြားဖူးတဲ့ သာကီဝင် မင်းမျိုးထဲကဖြစ်တဲ့ ဘုရားဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဒီပုဂ္ဂိုလ်ပဲဖြစ်ရမယ်၊ နှစ်ပေါင်းများစွာ မကောင်းမှု အကုသိုလ်တရားကို အကျင့်မှားပြီး ဒုဂ္ဂတိသို့ လားရတော့မှာ
ကိုမြင်လို့ ငါ့ကိုမြတ်စွာဘုရားက သနားပြီး ကယ်တော်မူတာပဲ ဆိုတဲ့အသိ ဖြစ်ပေါ်လာပါတယ်။ ဒီတင်အဂုင်္လိမာလ သတိသံဝေဂရပြီး ဘုရားကို ၀န်ချတောင်းပန် ပါတယ်။

လောကမှာ သူတစ်ပါးပြော စကားတွေကို ယုံလွယ်မိလို့ မှောက်မှားချောက်ကျ ရသူတွေ အင်မတန် များပါတယ်။ဘ၀အတွေ့အကြုံများမှု၊ သတိတရား လက်ကိုင်ထား မှသာ အခုလို အလိမ်ညာ ခံရတဲ့ ဘ၀က လွတ်မြောက်ကြမှာပါ။ ဒီဇာတ်ထုတ်မှာ ဆိုရင်နော်၊ ဣဿာ မစ္ဆရိယ ကြောင့်ပျက်လိုရာ ပျက်စီးကြောင့် သွေးထိုးတဲ့ အပေါင်းအဖော်တွေ ၊ဘယ်လောက်ပဲ အသိတရားနှင့် ပြည့်စုံပါ တယ်ပြောပြော၊ပညာဘယ်လောက် တတ်တတ်၊ တစ်ဖက်သားရဲ့ သွေးထိုးမှုကြောင့် မလုပ်သင့် မလုပ်ထိုက်တဲ့ အကြံကို ကြံခဲ့တဲ့ ဒိသာပါမောက္ခ ဆရာကြီးနဲ့ ဥာဏ်ပညာ ထက်မြတ်တဲ့၊ဆရာဖြစ်သူကိုလည်း အကြည်ညိုလွန်း သူဖြစ်တဲ့ အဟိံသကာလေး တို့ဟာ သတိ ချွတ်ယွင်းမှုကြောင့် အမှန်တရားကို မစဉ်းနိုင်၊ မဆင်ခြင်နိုင်ဘဲ ဖြစ်သွားရတာပါ။

ဒါတွေက မြတ်စွာဘုရားရဲ့ ထင်ရှားတဲ့ အောင်မြင်ခြင်း ရှစ်ပါးထဲက လေးခုမြောက် ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိမှာပါ.... ဒါကြောင့် .....

~~ရှေးသရောအခါ......သာဝတ္ထိပြည်ဌာနမှာ~~~လူဆိုးဗိုလ်~~~~~အင်္ဂုလိမာလဟာ~~~~
သန်လျက်ဓားကကို~~~~သူ့လက်ဖျားက....မချပါ....~~~~~ဓားမြကြီး........လုပ်၍ ဆိုးယုတ်ပုံမှာ..........လက်ညိုးတွေ.....ဖြတ်လို့သာ~~~~ထိုအခါ ဘုရားကြွလို့ ~~~~မမှားရအောင်~~~~တရားပြတော်မူရှာ~~~~မေတ္တာဓာတ်နဲ့.......ဗုဒ္ဓမြတ်စွာ ~~~~ဆောင်နှင်းခဲ့~~~~အောင်ခြင်း စတုတ္ထပါ~~~~~ဆိုပြီး မြတ်စွာဘုရားရှင်ရဲ့ အောင်ခြင်းဂုဏ်ကို သီချင်းစပ်ဆိုပူဇော် ထားတာကို လည်းကြားဖူး မှာပါနော်...

ဓမ္မပဒ ဦးရွှေအောင် စာအုပ်မှ ကိုးကားပါသည်

Friday, January 2, 2009

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးည


၂၀၀၈ရဲ့ နောက်ဆုံးညကို ဘယ်လိုကုန်ဆုံးသလဲတဲ့...ဦးဦးတိုတိုးရေး (ကိုတိုးလေး) က တက်ဂ် ထားလို့ရေး ပေးလိုက်တာပါ...ပြောရမယ် ဆိုရင် တနေကုန် မက်မက် အတွက်ကတော့ ရုံးမှာပဲ အချိန်ကုန်တာပေါ့။ မက်မက်တို့ရုံးက မလေးရှား မလေးတွေကတော့ ညကျရင် Sentosa ကမ်းခြေ သွားမယ်ဆိုပြီး ဖိတ်တဲ့သူက ဖိတ်တယ်။တချို့က ကျတော့လည် ညကျရင် မီးရှူးမီးပန်းဖောက်တာ သွားကြည့်မယ်၊ ပြီးရင် ကလပ်သွား မယ်ဆိုပြီး လာဖိတ်ပါတယ်။မက်မက်က ငါ့အိမ်မှာ ငါလုပ်စရာ တွေရှိလို့ မလိုက်တော့ ဘူးဆိုပြီး သူတို့ကို ငြင်းလွတ်လိုက်တယ်။ တကယ်လည်း အဲဒီလို နေရာတွေ သွားဖို့ကို စိတ်ကမပါပါဘူး။သွားလည်း မသွားချင်ဘူးလေ။ ကိုယ်က ဘလော့မှာ အမှတ်တရ ဘာပိုစ့် အသစ်တင်ရမလဲ ဆိုပြီးတော့ ကိုယ့်စိတ်ကူးနဲ့ ကိုယ်တွေးပြီး ပျော်နေတာ။ :) အိမ်ရောက်ရင် BLOGGING မယ်၊ တီတီဝါ တင်မယ့် ဆလိုက်ရှိုးကို ကြည့်ချင်တာလည်း ပါတယ်လေ။ မောင်နှမတွေကို အခုမှ မြင်ဖူးရ မှာလေနော့် :P အဟဲ .. အဲလောက်ကို သံယောဇဉ် တွေကကြီးတာနော်။

အဲဒီမှာမက်မက် တို့အိမ်မှာ အတူတူနေတဲ့ ညီမလေးက ဖုန်းဆက်လာတယ်။ ညကျရင် မီးရှုး မီးပန်းဖောက်တာ ကြည့်ကြမယ်တဲ့။ လာခဲ့ပါတဲ့။ မက်မက်အစ်ကို နှစ်ယောက်ကိုလည်း ဖုန်းဆက်ပြီး ချိန်းထားပြီး ပြီဆိုပြီး ပြောလာတော့ အေးပေါ့။ ကိုယ်လည်း လူထဲက လူပဲလေ နော်။ အိုကေ..လာခဲ့မယ် ဆိုပြီး ရုံးမဆင်းခင် အချိန်လေးမှာ ပို့စ်အတွက် အမှတ်တရ ရေးဖို့တောင် မစဉ်းစားနိုင်တော့ပဲ သီတဂူဆရာတော်ကြီး ကြွလာတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံနဲ့ မေတ္တာပို့လေးကို နှစ်သစ်ဆုတောင်းလေးနဲ့ တွဲဖက်ပြီး ပိုစ်အသစ်ကို Scheduled အဖြစ်နဲ့ပဲ တင်ခဲ့လိုက် ရပါတယ်။

ဘာမှတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ လူထဲက လူသားတစ်ယောက်ဖြစ်တော့ တစ်နှစ်မှ တစ်ခါဆိုတဲ့ စိတ်နဲ့
နှစ်သစ်ကို ခြင်္သေ့ကျွန်းရဲ့ ခြင်္သေံ့သားပေါက်လေးရှိတဲ့နေရာမှာ မီးရှုးမီးပန်းအလှတွေ ဖောက်တာကို ကြည့်ပြီး စိတ်ထဲပျော်ခဲ့ရတယ်။လူတွေရဲ့ဟတ်ပီးနယူးရီးရားလို့အော်တဲ့အသံကိုတောင် မကြားနိုင်ဘဲ မီးပန်းအလှတွေမှာ ကြည့်ပြီး မိန်းမောခဲ့ရတယ်။ အဟဲ.. ရန်ကုန်မှာဆို ဒီလို ကြုံရမှာ မဟုတ်ဘူးလေ နော်... ) ဒါကြောင့် အမိအရ မီးပန်း အလှကို ဗီဒီယိုရိုက်ခဲ့တယ်။

ဒီလိုနဲ့ မီးပန်းအလှတွေ ကြည့်ပြီးတော့ အိမ်ပြန်လာတယ်။ အိမ်ရောက်ရောက်ချင်း ရေဆာတာတောင် မသောက်နိုင်ဘဲကမန်းကတန်း ကွန်ပြူတာဖွင့် ဘလော့ဖွင့်ကြည့် ဘယ်သူတွေလာလဲပေါ့၊ ပြီးတော့ တီတီဝါရဲ့ အိမ်ကို ပြေး။ဆလိုက်ရှိုးကြည့်၊ ပြီးတော့ တစ်အိမ်တက်ဆင်း ဘလော့မှာ wishing လုပ်၊ အွန်လိုင်းချက်တင်မှာ တွေ့နေတဲ့ သူငယ်ချင်းတွေကို Wishing လုပ်။အိမ်လိုက်လည်ရင်းနဲ့ ရင်ထဲတော်တော် စို့နစ်သွားတယ်။ နယူးရီးရားမှာ အပျော်လွန်ပြီး ထိုင်းနိုင်ငံရဲ့ နိုက်ကလပ် တခုမှာ လူတွေ သေဆုံးနေ ကြတဲ့သတင်းကို ဖတ်မိလိုက်ရတယ်လေ။ အဲဒီမှာ ကြည့်ပြီးသံဝေဂ တော်တော်ရသွားပါတယ်။


အော်.. လူ့ဘ၀.. တကယ်တော့ တိုတိုလေးပါလားလို့။ မသေခင်မှာ အပျော်လွန်ကြပြီး သေတော့ လည်း ပိုးဆိုးပက်ဆက် သေနေကြတဲ့ သတ္တ၀ါတွေကို ကြည့်ပြီးတကယ်လည်း တရားရပါတယ်။ ကြည့်တတ်ရင် သံဝေဂ ယူစရာပါနော်။ သေဆုံးသူတွေ အတွက်လည်း စိတ်မကောင်း ဖြစ်ရုံကတပါး အခြားမရှိ တော့ပါဘူး။ နှစ်သစ်မှာ ကောင်းမွန်ရာ ဘုံဘ၀ကို ရောက်ရှိပါ စေလို့ပဲ ဆန္ဒပြု လိုက်ရပါတယ်။

သွားတဲ့သူတွေ သွားကြပြီနော်..ငါတို့ရော ဘယ်တော့လဲ ဘယ်နေ့လဲဆိုတာကို တွေးပြီး ကိုယ့်အတွက် အချိန်သိပ် မကျန်တော့ပါလား ဆိုတာကို သိလိုက်ရတယ်။ တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွား ကြပြန်ပြီနော်၊ အသက်တွေလည်း တစ်နှစ်ပိုကြီး သွားကြပြန်ပါပြီ။ဇာတိ ဇရာ မရဏကို ဘယ်သူမှ ကျော်လွန်လို့ မရပါဘူး။ကံကောင်းလို့ အသက် ၇၅နှစ်ထိ နေလို့ရခဲ့မယ် ဆိုရင်တောင် ကိုယ့်အတွက် အချိန်မကျန်တော့ ဘူးဆိုတာ ဒီဇယားလေးကို ကြည့်၍ သတိမူ မိပါတယ်။ကဲ.....သံသရာမှာ ကျင်လည်နေသမျှ ကိုယ်ရရှိလာတဲ့ ခန္ဓာမပြောင်းခင် ဘာလုပ်ကြမှာလဲ။ မိတ်ဆွေ ..... သင်ရော ဘာလုပ်မှာလဲ?

မက်မက်ကလည်း အစ်ကိုအစ်မတွေကို ပြန်တက်လိုက်မယ်နော့်။ ကဲ... ဒီတခါ DREAM BLOG ရဲ့ ၂၀၀၉ အစမှာ မဲပေါက်တဲ့ သူတွေကတော့... အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်....ဒူဝေေ၀.... :P အဟဲ.... မက်မက်ကို တီတီဒွင်း ပြောဖူးတယ်သိလား။ တက်ဂ်ပို့ ရေးပေးရင်တဲ့ တနှစ်တာလုံးမှာ အကောင်းတကာ့ အကောင်းဆုံး တွေကိုပဲ လက်ခံရရှိ တတ်တယ်တဲ့။ ပြီးတော့မျက်နှာမြင် ချစ်ခင်တယ်တဲ့။ရောက်လေရာမှာ လူချစ်လူခင် များတယ်ဆိုပဲ :P .....သူတို့တွေရော ဘယ်လို ဖြတ်သန်းလဲဆိုတာ စောင့်စားဖတ်လိုက်ကြရအောင်နော်....

8.(ဦးဦးရက်ရင့်နီ)ကိုရဲရင့်နီ
1.(တီတီဝါ၀ါ)အစ်မ၀ါ
2.(တီတီတန့်တန့်) အစ်မသက်တန့်
3.(တီတီ60)အစ်မဝေလေး
4.(တီတီဂုရု)အစ်မမယ်ဂုမီ
5.(တီတီတင်ချာ)အစ်မသဉ္ဇာ
6.(တီတီငွန်)အစ်မငွန်ငယ်
7.(တီတီပယဲ)အစ်မပုလဲ
8.(တီတီခေါင်ခေါင်)အစ်မခေါင်ခေါင်
မက်မက်ချစ်တဲ့ ကျန်တဲ့အစ်ကို အစ်မတွေကတော့ နောက်တစ်ဂ်မှာ တွေ့မယ်နော်။ များနေရင် အားနာလို့... ဟဲဟဲ.. :P :P