Subscribe:

Tuesday, December 23, 2008

အမျိုးသမီးတို့သတိထားစရာ


ကမ္ဘာပေါ်တွင် မဖြစ်စဖူး အထူးအံ့သြဖွယ် ကောင်းသော ဖြစ်ရပ်တစ် ခုရှိခဲ့ပါပြီ။ ဆေးသိပ္ပံ ပညာရှင်တို့ မည်သို့မျှ အဖြေထုတ်၍ မရသော ရောဂါဆန်း တစ်ခုဖြစ်သည်။ ယင်းမှာ နိုင်ငံ တစ်နိုင်ငံရှိ မနုဿဗေဒ ပညာရှင် စူဇန်(Susan Mickinley ) သည် ဘယ်ဘက် ရင်သားတွင် အမည်မသိ ရောဂါဆန်း ဖြစ်ပွားလျှက်ရှိသည်။သူမမှာ နိုင်ငံတစ်နိုင်ငံမှ မိမိနိုင်ငံသို့ ပြန်ရောက်စဉ် ယင်းရောဂါ ဖြစ်ခဲ့ကြောင်း သူမမှ ပြောကြားခဲ့သည်။ သူမ၏ ရောဂါဆန်းကို အထူးကု ဆရာဝန် ဖြစ်သော Dr.Lynch ကိုပြသရာမှ တစ်ဖြည်းဖြည်း ရင်သား အတွင်းမှ အပေါက်များဖြစ်ကာ ယင်းအတွင်းထဲမှ အမည်မသိ ပိုးလောက် ကောင်များ ထိုးဖောက်လျက် ရှိသည်ကို တွေ့ရသည်။

စူဇန်မှာ သူမအနေဖြင့် အောက်ခံ အကျီ င်္ အသစ်ကို ၀ယ်ပြီးပြီးချင်း လျှော်ဖွပ်ခြင်း မပြုဘဲ ၀တ်ခဲ့မိသဖြင့် ဤရောဂါဆန်းကို ရရှိခဲ့ခြင်း ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။ စူဇန်မှာ သူမ၏ ရောဂါအား Dr.Lynch ကို ပြသဆဲ အချိန်နှစ်ပတ် အတွင်းတွင် သေဆုံးသွားခဲ့သည်။

ဆေးသိပ္ပွံ ပညာရှင်များမှာလည်း ဤရောဂါ ဝေဒနာမှာ မည်သည့် ရောဂါဝေဒနာ အမျိုးအစား ဖြစ်သည်၊ မည်သို့ ဖြစ်ရသည်ကို လေ့လာနေဆဲဖြစ်သည်။ သို့သော် စူဇန်၏ ရင်သားအတွင်းမှ ထွက်ရှိလျက်ရှိသော ပိုးလောက်ကောင်များသည် နို့ရည်လမ်းကြောင်းရှိ အဆီများ၊ အသားများကို စားသုံးလျက် တဖြည်းဖြည်း ကြီးထွားရှင်သန် လျက်ရှိနိုင် သည်ဖြစ်ကြောင်း ဆေးသိပ္ပံ ပညာရှင်များက တွက်ဆရပေသည်။

အမျိုးသမီးများ အနေဖြင့်လည်း မိမိတို့၏ အတွင်းခံ အကျီ င်္နှင့် မည်သည့် အ၀တ်မစားများကို မဆို အသစ် ၀ယ်ယူပြီး သည့်အခါ လျှော်ဖွပ်ပြီးမှသာ ၀တ်ဆင်ကြရန် အထူးဂရုပြုရန် လိုအပ် လှပေသည်။ သာမန် မျက်စိဖြင့် မတွေ့မြင် နိုင်သော ရောဂါပိုးမွှား များမှာ ကျယ်သော ချွေးဂရင်းပေါက်များ ကျယ်သော နို့ရည်လမ်းကြောင်းများမှ တစ်ဆင့် လူ၏ခန္ဓာကိုယ် အတွင်းသို့ ၀င်ရောက်ကြီးထွား နိုင်သောကြောင့် အမျိုးသမီးထုများ အနေဖြင့် ပေါ့ဆ၍ မနေသင့်ပါကြောင်း အသိပေးအပ်ပါသည်။ (မြန်မာပြည်သားး Source : internet )

ခရစ္စမတ် ကာလမှာ မက်မက်တစ်ယောက် Company မှာ Factory Sale နှင့်အရမ်း အလုပ်များ နေတာနဲ့ ဘယ်လိုမှ ပို့စ်အသစ် မတင်နိုင်သေးလို့ စာဖတ်သူတွေကို အရမ်း အားနာရပါတယ်။ အဲဒါကြောင့် အားလည်းနာ ခင်လည်းခင် ချစ်လည်း ချစ်လို့ မပျင်းရလေအောင် လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က မက်မက်ဆီကို ပို့လာတဲ့ forward mail ထဲက နေပြီး ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။

သူတဲ့သူတွေ သိကြပေမယ့် မသိတဲ့သူတွေ ရှောင်လို့ ရအောင် ၊ ဗဟုသုတ ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။ အဟဲ... တကယ်တော့ ဒီရက်ပိုင်း လုံးဝ ကို မအား လို့ ဆားချက်လိုက်တာပါ....... :P ဟီး...ဟီး.... တစ်တို့လောက်တို့သွားလိုက်ဦး... အဟတ်အဟတ်...... :P တစ်တို့နော် ...တစ်တို့ ... :P

အော်.. ဒါနဲ့ ဒီပို့စ်လေး ကိုဖတ်ပြီးရင်တော့ မိန်းကလေးပဲ ဖြစ်ဖြစ် ယောက်ျားလေးပဲ ဖြစ်ဖြစ် သတိပြုဆင်ခြင်နိုင်လိမ့်မယ်ထင်တယ်။ဒါကြောင့် ဘယ်လိုအ၀တ်အစားကို ပဲဝယ်ဝယ်၊ ၀ယ်ပြီးတာနဲ့ အရင်ဆုံး လျော်ပြီးမှ ၀တ်တတ်တဲ့အကျင့်လေး လုပ်ကြည့်ပါ၊ တစ်ကိုယ်ရည် ကျန်းမာရေးနဲ့ လည်း ညီညွတ်တာပေါ့နော်။

တစ်လက်စတည်း ကြော်ငြာပေးပါတယ်၊ ခရစ္စမတ်မှာ ပျော်ပွဲရွှင်ပွဲ အတွက် အစားအသောက် (Turkey Roasted ,Lamb Roasted အစရှိသဖြင့်) နဲ့ စားပွဲ လုပ်ချင် သူများ မက်မက်တို့ ကုမ္ပဏီက ပြုလုပ်တဲ့ အရောင်းပွဲတော်မှာ လာရောက် ၀ယ်ယူလို့ ရပါတယ်။ 22/23/24 သုံးရက်ထဲသာ Dis Sale ဖြစ်ပါတယ်နော်... :)

အ၀တ်အစား ( converse , allstar, everlast စသည့် အကျီ င်္နဲ့ ခြေအိပ်ကအစ ဖိနပ်အပါအ၀င် အိတ်က အဆုံး )အတွက်ဆိုရင်တော့ Converse Warehouse မှာ သွားဝယ်လို့ရပါတယ်။ အရမ်းတန်တယ်နော်... ဟိဟိ... ငွေကုန်အောင် အချွန်နဲ့ မ ပေးတာ ... ဟတ်ဟတ်... အော်.. လိပ်စာလား (ကန်ဇွန်းရွက်နဲ့ ပေါက်ပေါက်ဆုတ်လေ ... အဟဲ...မဟုတ်ဘူးနော်.... ) :P

Venue: 27 Harrison Road
Date: Now till 25th Dec 2008
Time: 10am - 8:30pm

ကဲ...သွားဝယ် လိုက်ကြဦးနော်........သတင်းကောင်းလေး ပေးလိုက်တယ်..မက်မက် ကတော့ ၀ယ်ပြီးပြီ...(ကြုံတုန်းတခါတည်း ကြွားလိုက်ဦးမယ်...၀ယ်တာအများကြီးပဲ ..သိလား :P :P အဲဒီမက်မက်လေးက ကြုံကြွားလေးနော်...ဟတ်ဟတ်....တီတီဒွင်းနဲ့ ပြန်မတိုင်နဲ့နော်....)...အမယ်အမယ်...အသိပေးတာ နောက်ကျလို့ စိတ်ကောက် နေတယ်ပေါ့... ဟုတ်လား...မကောက်ပါနဲ့ ဦးဦးတို့ တီတီတှို့ရယ် .....မက်မက် တကယ်ကို လုံးဝ မအားလို့ပါနော်...ကျေနပ်အောင် အာဝါးအမြှောက် တစ်သိန်း ပေးလိုက်မယ်... အင်ဖက်နတီထိနော်..... နော်.... :P

21 comments:

  1. စွပ်ကျယ်အသစ်ဆိုရင်ကော လျှော်ရအုန်းမယ် ပေါ့၊ တို့တော့ ကြောက်တယ်၊ အကုန်ရေနွေး ပြုတ်ပစ်မယ်... ပိုးရှိလို့တော့ မဟုတ်ပါဘူး။ ပိုးဝင်မှာ စိုးလို့ ...

    http://winzaw-mdy.blogspot.com

    ReplyDelete
  2. အင်္ကျီ အသစ်ဝယ်တယ်ဆိုရင်တော့လျော်တယ်နော်။ ကျွန်တော်လည်းကြောက်တယ် ပိုးရှိလို့ဟုတ်ဘူးနော်.......... ပိုးဝင်မှာဆိုးလို့ပြောတာနော်။ အဆင်ပြေပါစေမက်မက်။

    ReplyDelete
  3. အဲဒီပုံတွေ့ဖူးတာကြာပြီဗျ ဒါပေမဲ့ အခုလိုသတင်း
    အနေနဲ့တော့ မဟုတ်ဘူးဗျ ဘယ်ဆိုဒ်မှာလဲမသိဘူးဗျ တွေ့ဖူးတယ်
    ကြည့်ရတာနဲ့တင် အသည်းယားစရာကြီးဗျာ
    ခံစားရတဲ့သူတော့ ဘယ်လိုနေမယ်မသိဘူးနော်
    ဒါပေမဲ့ အနော်ကအနေသာကြီးပါ ဟီဟီ
    ကိုယ်ခြင်းစာကြည့်တာပါ

    ReplyDelete
  4. ဖတ်ပြီးလန့်သွားတယ်။ မက်မက်ရေ။
    နောက်အ၀တ်အစားအသစ်ဆိုရင် ဂရုတစိုက် လျှော်ဖွပ်မှပဲနော်။

    ReplyDelete
  5. ဒီညအိပ်ပျော်ပါ့မလား မက်မက်လေးရေ
    တီတီကြောက်လည်းကြောက် ကြက်သီးလည်းထ
    နေမထိ ထိုင်မသာဖြစ်လာပြီ
    သတိပေးခြင်းအတွက်ကို မက်မက်လေးကိုကျေးဇူးတင်ပါတယ်
    သိသမျှလူ အကုန်ပြောပြပြီး ကိုယ်တိုင်လည်း
    လျော်တဲ့အကျင့်လုပ်မှဖြစ်မယ်
    တူမလေးလည်း အဆင်ပြေပါစေနော်
    မက်မက်လေးဆီမလာနိုင်တာတော့ စိတ်ကောင်းဝူး
    ကျန်းမာပျော်ရွှင်ပါစေ ချစ်ရပါသော မက်မက်လေးရေ
    အာာဝါးးးးးးးးးးးးးးးးးးးးးးးးးးးး :)

    ReplyDelete
  6. ဟုတ်တယ်အမရေ .. အဲဒါကို ဖတ်ဖူးတာကြာပြီ .. စဖတ်ရတုန်းကဆို ကြည့်ရတာတောင် ကြောက်ဖို့ကောင်းတယ် ..ေ၇ာဂါတွေကလည်း စုံပါဗျာ

    ReplyDelete
  7. ကြောက်စရာကြီးနော်။
    အရင်တုန်းကမဖတ်ဖူးဘူး ခုလို တင်ပေးတာ ကျေးဇူးတင်ပါတယ် ရှင်။ အာဘွား :P

    ReplyDelete
  8. စီလေးရေ...
    သတိထားသင့်တဲ့ အရာတေလးတွေကို
    သတိပေးတာ ကျေးဇူးတယ်..

    ဂရုဏာ စေတနာတွေ ရှေ့ထားထားတဲ့
    စီလေးစိတ်ကို လေးစားတယ်ကွယ်..

    အင်း... စီလေးက ရှေ့ထားလွန်တော့
    မယ်မယ်လည်း မနင်းမိအောင် မနဲရှောင်လိုက်ရတယ်... အ ဟက်

    ချစ်မယ်မယ်

    ReplyDelete
  9. မီးပူတိုက်ရမယ်ဂျ.........

    ReplyDelete
  10. Yo Lady !!!

    It's a hoax and fake photo. You should try to find on internet first.

    You are giving readers wrong information.

    Shame on you

    ReplyDelete
  11. ဖတ်သွားတယ် ညီမလေးရေ.
    မမလည်း အဲဒီ Forward mail လေးရခဲ့ပါတယ်။

    ReplyDelete
  12. သက်တန့်December 24, 2008 at 1:11 AM

    အီးးးးး... :(

    ReplyDelete
  13. fake photo လားဘာလားတော့ မသိဘူး..

    ဂျာနယ်ထဲမှာ ဖတ်ဖူးတယ်...
    ကြာပြီ..

    (အတုလည်းဖြစ်နိုင်တယ်ဆိုတာ ခုမှ ထပ်တွေးမိတယ်)

    တူမတော်က source ကို internet နဲ့ ဖော်ဝါဒ့်မေလ်း လို့ပြထားတယ်..

    confirm ထပ်လုပ်ကြည့်ပါဦး။(အားရင်)

    ReplyDelete
  14. fake photo လားဘာလားတော့ မသိဘူး..

    ဂျာနယ်ထဲမှာ ဖတ်ဖူးတယ်...
    ကြာပြီ..

    (အတုလည်းဖြစ်နိုင်တယ်ဆိုတာ ခုမှ ထပ်တွေးမိတယ်)

    တူမတော်က source ကို internet နဲ့ ဖော်ဝါဒ့်မေလ်း လို့ပြထားတယ်..

    confirm ထပ်လုပ်ကြည့်ပါဦး။(အားရင်)

    ReplyDelete
  15. သိပ်ကိုတော်တာပဲ.....
    ပညာပေးလေးတွေတင်ပေးတာသိပ်ကို
    ကောင်းတဲ့အကြံဥာဏ်ပါဘဲ...ကျေးဇူး...

    ReplyDelete
  16. အဲဒီသတင်းကလည်း အမှန်မဟုတ်ပါဘူး။ ပုံက လျှောက်ပြင်ထားတာပါ။ Hoax တွေပါ။

    ReplyDelete
  17. ဒါပေမယ့် အဲဒီလို ရောဂါတော့ ရှိပါတယ်။ ယူကျုမှာ တစ်ခါ ကြည့်ဖူးပါတယ်။ အနာရဲ့အ၀ တ၀ိုက်မှာ ယောင်နေပါတယ်။ အထဲမှာ လောက်လို ပိုးကောင်တွေ ရှိပါတယ်။
    အခုပုံလောက်တော့ အသည်းယားစရာ ကောင်းလောက်အောင် ဖြစ်နေမပါဘူး။ အခုပုံကျတော သာမာန် အပေါက်တွေမျိုး ဖြစ်နေပါတယ်။ မျက်နှာပြင်က ညီညာနေပါတယ်။ အ၀မှာ ယောင်နေတာမျိုး မရှိပါဘူး။

    အဓိက သန့်ရှင်းမှု မရှိလို့ပါ။

    ReplyDelete
  18. စိုင်းစိုင်းလားရှိုးDecember 24, 2008 at 8:32 PM

    မက်မက်က ဂရုပိုစိုက် ဒစ်စကောင့်တွေပဲ ၀ယ်ဝတ်တော့လေ...

    ReplyDelete
  19. အောင်ညလေး.... ဘယ်လိုကြီးတုန်း..
    မီးမီးကြောက်ကြောက်.....

    ReplyDelete
  20. မမရေ.. အဲဒီသတင်းကအလိမ်တဲ့။ ပုံကအတုကြီးတဲ့။ ပုံမှာ နို့သီးခေါင်းပါလာဘူးတဲ့။ ဘာပဲဖြစ်ဖြစ် တစ်ကိုယ်ရည်သန့်ရှင်းရေးတော့ ဂရုစိုက်သင့်တာပေါ့နော်။

    ReplyDelete
  21. ဒီပုံက အလိမ်ပုံပါ... ဖိုတို လိမ်ဆွဲတဲ့ သူ က နို့သီးဂေါင်းထည့်ဖို့ မေ့သွားတယ်...
    သတင်းမှားပါ...
    ၂၀၀၈ ဓာတ်ပုံအတု တွေထဲမှာ ဒီပုံလည်း တော်တော်လူသိ များပါတယ်...
    လိမ်ညာတဲ့ သတင်းအဖြစ်ေ၇းပေးစေချင်ပါတယ်...

    ReplyDelete