"ဟဲ့..မာတလိ.. ဟိုးရှေ့က ပြိုးပြိုးပြတ်ပြတ်နဲ့ ခစားနေတာ ဘယ်သူများလဲကွဲ့"
"လူ့ပြည်က အဒေါ်ဖြစ်သူ ဒွင်းနဲ့ တူမလေး အိပ်မက်တို့ တူဝရီး နှစ်ယောက်ပါဘုရား"
"အေးအေး.. ငါကိုယ်တော် ရှေ့တော်မှောက် ခစားဝင်ခိုင်းစေ မောင်မင်း"
"မှန်လှပါ။အမိန့်တော်မြတ် အတိုင်းပါဘုရား"
"လူ့ပြည်က အဒေါ်ဖြစ်သူ ဒွင်းနဲ့ တူမလေး အိပ်မက်တို့ တူဝရီး နှစ်ယောက်ပါဘုရား"
"အေးအေး.. ငါကိုယ်တော် ရှေ့တော်မှောက် ခစားဝင်ခိုင်းစေ မောင်မင်း"
"မှန်လှပါ။အမိန့်တော်မြတ် အတိုင်းပါဘုရား"
ဤတွင် မာတလိမှ သူ၏လက်ဖြင့် ဝှေ့ယမ်းလိုက်ရာ တူဝရီး နှစ်ယောက် သိကြားမင်းရှေ့ တော်မှောက်သို့ ရောက်ရှိသွားလေသည်။
"အို.. နှမ အဘယ့် အတွက်ကြောင့် ငါ၏သာဝတ္တိံတာသို့ ရောက်ရှိလာသနည်း"
"မှန်ပါ ၊ အရှင်သိကြားမင်း ကျွန်တော်မျိုးမ၏ တူမတော် အိပ်မက် ခေါ် မက်မက် မှ အရှင်သိကြား မင်းကြီး၏ သာဝတ္တိံသာတို့ လေ့လာရေး ခရီးထွက်ချင် သည်ဆို၍ လိုက်ပို့ ရခြင်း ဖြစ်ပါတယ် ဘုရား "
"အိန်း...ကောင်းလေစွ၊ ကောင်းလေစွ၊ ဒါဆိုရင်ဖြင့် နှမတော် အလိုကျ ကျွန်ုပ် ဖြည့်ဆည်း ပေးတော်မူမည်"
"ဟဲ့..မာတလိ"
"ဘုရား"
"၀ိသုကြုံနတ်သားအား ပန်းရထား မောင်းခိုင်း၍ ဤတူဝရီး နှစ်ယောက်အား ငါ၏သာဝတ္တိံသာ နတ်ပြည် အနှံလိုက်ပြ လိုက်ပါ မာတလိ"
"အမိန့်တော်မြတ် အတိုင်းပါဘုရား"

ဒီလိုနှင့် သုံးဦးသား နတ်ပြည်အနှံ လျှောက်လည် ကြရာတွင် ချစ်စရာ ကောင်းသော တူမတော် ဖြစ်သူ မက်မက်မှာ အပျော်ကြီး ပျော်နေလေသည်။ ကလေးပီပီ စကားက လည်းများ၊ မေးခွန်းပေါင်း သောင်းခြောက်ထောင် နှင့်အမေး အမြန်း ကလည်း သန်လေးသည်။ မေးသမျှ ကိုလည်း နတ်သား မာတလိမှ မညည်း မညူ ရှင်းပြ လေသည်။
"ဦးဦးမာဂျလိ၊ ဟိုအချေ့ဂ မတ်ချိဒွေ ကျိန်းနေအောင် အရောင်ဒွေ ထွက်နေဒါ ဘာရီးယဲဟင်"
"အဲဒါ DREAM BLOG လို့ခေါ်တဲ့ အိပ်မက် မင်းသမီးလေး ပိုင်ဆိုင်တဲ့ နန်းဆောင်ပေါ့ သမီးရဲ့"
"တီတီဒွင်း တော်တော် လှတယ်နော်၊ ကြည့်ပါဦး။ ဦးဦးမာဂျလိ အဲဒီနန်းချောင်မှာ ဘာတွေ ချိရဲဟင်"
"အဲဒီကို လိုက်ပို့ပေးမှာ ပေါ့သမီးရဲ့၊ အဲဒီကျမှ ကြည့်တော့နော်"
"တီတီဒွင်းရေ ဒရင်းဘယော့ချီ အထုတွားမယ်တဲ့၊ ပျော်ချရာဂျီးနော်။ ဟိ..ဟိ.."

ဒီလိုနဲ့ သုံးဦးသား ၀ိသုကြုံနတ်သား မောင်းတဲ့ ပန်းရထားကို စီးပြီး Dream Blog ဆီသို့ ခရီးဆက်လေသည်။
"တီတီဒွင်း..ဟိုမှာကြည့်ပါဦး၊ ပန်ဒါရေးဒွေ ချစ်ချရာလေး၊ သူတို့ဒွေ က နေကြတယ်နော် ဦးဦးမာဂျလိ"
"ဟုတ်တယ်ကွဲ့၊သမီးလည်း က ချင်ရင် သူတို့နဲ့ သွားကလို့ရတယ်လေ"
"ဦးဦးမာဂျလိ ဟိုအချေ့က ငါးကန်က ငါးလေး တွေက လှလိုက်တာနော်၊ ငါးစာသွား ကျွေးချင်တယ် တီတီဒွင်း
"အဲဒါ နတ်ငါးတွေ လို့ခေါ်တယ် သမီးရဲ့။ အိပ်မက် မင်းသမီးလေး မွေးထားတဲ့ နတ်ငါးတွေ ပေါ့ကွယ်၊ သူတို့က နတ်တို့တန်ခိုးနဲ့ အစာမစားလည်း နေလို့ရတယ် သမီးရဲ့။
"ဟုတ်လား ဦးမာဂျလိ၊ ဒါဆို ပြန်ရင် အိပ်မက် မင်းသမီးဆီက အမှတ်တရ လက်ချောင် တောင်းသွားမယ်..ဟိ..ဟိ..ဟိုမှာ..အတဲပုံဂျီးဂ လှုပ်ချီလှုပ်ချိနဲ့ အတဲပုံ တေးတေး ရေးဒွေ ထွက်ထွက် လာတာက ဘာလဲ ဦးဦးမာဂျလိ""ဟုတ်တယ်ကွဲ့၊သမီးလည်း က ချင်ရင် သူတို့နဲ့ သွားကလို့ရတယ်လေ"
"ဦးဦးမာဂျလိ ဟိုအချေ့က ငါးကန်က ငါးလေး တွေက လှလိုက်တာနော်၊ ငါးစာသွား ကျွေးချင်တယ် တီတီဒွင်း
"အဲဒါ နတ်ငါးတွေ လို့ခေါ်တယ် သမီးရဲ့။ အိပ်မက် မင်းသမီးလေး မွေးထားတဲ့ နတ်ငါးတွေ ပေါ့ကွယ်၊ သူတို့က နတ်တို့တန်ခိုးနဲ့ အစာမစားလည်း နေလို့ရတယ် သမီးရဲ့။
"အဲဒါ အိပ်မက် မင်းသမီးလေးရဲ့ မေတ္တာဂေဟာ ကိုလာလည်တဲ့ သူတွေက နှုတ်ခွန်း ဆက်ချွေတဲ့ မှတ်တမ်းလေး ပေါ့ကွယ်"
"ဒါဆို မက်မက်တို့လည်း တွားနှုတ်ချက် မယ်နော်၊ တီတီဒွင်း..ရာ..ရာ မက်မက်တို့ တွားပီးနှုတ်ချက် ရအောင်နော်"
"ဒါဆို မက်မက်တို့လည်း တွားနှုတ်ချက် မယ်နော်၊ တီတီဒွင်း..ရာ..ရာ မက်မက်တို့ တွားပီးနှုတ်ချက် ရအောင်နော်"
သမီးမက်မက်မှာ အပျော်ကြီး ပျော်နေလေသည်။
"တီတီဒွင်း ဟိုနေ့ဂ မက်မက်ကြည့်တဲ့ တာတွန်းတားဂျီး အိပ်မက် မင်းသမီး နန်းချောင်မှာ ယဲပြတယ်နော် ..ခစ်ခစ်.. "
အဒေါ်လုပ်သူ ဒွင်းမှာလဲ တူမဖြစ်သူမက်မက် ၏ ဟာသ စကားကြောင့် ပျော်ရွှင် ရလေသည်။
"ဦးဦးမာဂျလိ ဟိုမှာ လူနာမည်တွေ အများကြီးပဲ ဘာဖစ်ယို့ ရေးထားတာလဲ"
"အဲဒါက အိပ်မက် မင်းသမီးလေးရဲ့ ဆွေတော် မျိုးတော်တွေလေ။ သူ့ရဲ့ ဆွေတော် မျိုးတော်တွေကို အိပ်မက် နန်းဆောင်မှာ မင်းသမီးလေးက မှတ်တမ်းတင်ပြီး ကမ္မည်းတင် မော်ကွန်း ထိုးထားတာ သမီးရဲ့"
"ဟယ်..ဟုတ်လား..ဒါဆို အဲဒီ အိပ်မက် မင်းသမီးမှာ မောင်နှမတွေ အများဂျီး ချိဒါပေါ့နော် တီတီဒွင်း"
"ဒါပေါ့ သမီးလေး မက်မက်ရဲ့"
"ဒါဆို အဲဒီထဲက နာမည်တွေ အတုန်ယုံး ချာအုတ်ထဲမှာ မတ်တွားမယ်။ လူ့ပီ ပန်ရောက်ရင် အဲဒီ အကြောင်းဂို ချာရေးပီး ကြွားလိုက်မယ်.. ခစ်ခစ်.."
တူဝရီး နှစ်ယောက် စကားကောင်း နေချိန်တွင် မာတလိနတ်သားမှ
"ကဲကဲ..အခုပဲ သိကြားမင်း Message ပို့တယ်။ ရှေ့တော်မှောက် အမြန် ခစားပါတဲ့။ ကဲ သွားကြရအောင်"
"ဦးဦးမာဂျလိ သကျားမင်းဂ မုန့်ကျွေးမို့ ထော်ဒါရား မတိဖူးနော်.. ဟိဟိ.."
"တယ်..ဒီကလေး..နတ်ပြည် လာပြီး အငတ်ကျ နေတယ် ငါ့တူမလို့ မပြောရဘူး.. ဟာ.. ဟား..."
"တီဒွင်းကလည်း တီဒွင်းတူမ ဖဲဟာ။ ဒီလောက်ဒေါ့ အဒေါ်ခြေရာ နင်းမှာပေါ့ယို့..နော့်... ခစ်..ခစ်"
ဒီလိုနဲ့ ပြောပြော ဆိုဆို သိကြားမင်း ရှေ့တော်မှောက်သို့ ရောက်ရှိ သွားလေသည်။
"အိန်း.. သင်တို့ကို ခေါ်ရခြင်းက တခြားတော့ မဟုတ်ဘူးကွဲ့။ အကျွန်ုပ် ကိုယ်တိုင် နတ်သုဒ္ဒါများနှင့် ဧည့်ခံချင်လို့ပဲ"
"တီတီဒွင်း သကျားမင်းဂ နတ်တုတ်ဒါ နဲ့ အဲ့ခံ မယို့ဒဲ့ ဟိဟိ... ချားရတော့မယ်... "
ဒီလိုနှင့် နတ်သုဒ္ဒါ သုံးဆောင်ရင်း တူမတော် မက်မက်က
"တီတီဒွင်း မက်မက်တို့ နတ်ပြည် တခေါက်အလည် တွားတာကို လု့ပီ ပန်ရောက်ရင် တီတီဝါကို ပြန်ကြွား လိုက်မယ်နော်..ဟိ..ဟိ..."
"နတ်ပြည်မှာ အရမ်းလှတဲ့ Dream Blog နန်းဆောင် မှာ နတ်ငါးတွေ၊ ပင်ဂွင်းငှက်ရယ်၊ မေတ္တာ ဂေဟာရဲ့ ဧည့်မှတ်တမ်း တွေနဲ့ အိပ်မက် မင်းသမီးလေးရဲ့ ဆွေတော် မျိုးတော် နာမည်တွေကို မှတ်တမ်း တင်ထားတာ တွေ့ခဲ့တဲ့ အကြောင်းကို ပြောပြလိုက်ပေါ့ သမီးရဲ့"
"အရှင်သိကြားမင်း သုံးဆောင်လို့ပြီး သွားပါပြီ၊အချိန်လည်း စေ့နေတဲ့ အတွက် လူ့ပြည် လူ့ရွာသို့ ပြန်ခွင့်ပြုပါ၊ မပြန်ခင် ဆုံးမစကားလေး ချွေပေး တော်မူပါ အရှင်သိကြား"
"အိန်း..အိန်း... အသင်နှမက တရား ဓမ္မနှင့် ပျော်မွေ့တတ်သူမို့ ဘုရားရှင် လက်ထက်က အကျွန်ုပ် ရရှိထားတဲ့ တန်ဖိုးဖြတ် မရတဲ့ စကားနှစ်ခွန်း လက်ဆောင် ပေးလိုက်မယ် နှမ။ သေချာ မှတ်သား ပါလော့"
"မှန်ပါ့အရှင်သိကြားမင်း"
"နှမ၊ အသင် နိဗ္ဗာန် ရောက်ချင်ရင် ခန္ဓ(၅ပါး)နောက်မှာ ပပဉ္စတရား(၃ပါး) မလိုက်စေနဲ့ နှမ"
"မှန်လှပါအရှင်သိကြားမင်း"
"ဒါဆို အဲဒီ တရား မလိုက်အောင် ဘယ်လို ကျင့်ရမလဲ ဘုရား"
"ခရ ၊ ၀ရ (ဖြစ်၊ပျက်)မှန်အောင် ရူပေါ့ နှမ ၊ ဒါဆို နိဗ္ဗာန် ရောက်မှာ မလွဲဧကန်ပဲ"
"သေချာ မှတ်သား လိုက်နာပါ့မယ် အရှင်သိကြားမင်း သာဓု..သာဓု...သာဓု.."
"ကဲ...မာတလိ ၊ဒီက နှမတော်ဒွင်းနဲ့ တူမတော်မက်မက် တို့အား ပန်းရထားဖြင့် လူ့ပြည်သို့ ချောမွေ့စွာ ပြန်ပို့စေ မောင်မင်း"
"မှန်ပါအရှင်"
ဤသို့ လက်ပြ နှုတ်ဆက်ရင်း ပန်းရထားကြီး စီးကာ သမီးမက်မက် လေးကလည်း ဦးဦးမာတလိ နတ်သားအား နှုတ်ဆက် နေလေသည်။ BYE BYE (English)ဦးဦးမာဂျလိ ၊ Selamat Tinggal (Malay)Dream Blog၊ Pa a lam (Philippine) ၀ိသုကြုံနတ်သား စသည့်ဖြင့်၊ စသည့်ဖြင့် နှုတ်ဆက်ရင်းပေါ့လေ။ :P
ဘာပဲဖြစ်ဖြစ်လေ၊အပိုမကြွား၊ အကြွားမပိုတဲ့ တက်ဂ်ပို့စ် တစ်ခု ရသွားတာပေါ့။ ဟိ..ဟိ တကယ် ကြွားရမယ် ဆိုရင် ကြွားစရာတွေက များနေလို့ တဒင်္က နတ်ပြည် ရောက်ကြောင်း စိတ်ကူးအိပ်မက် လေးကိုပဲ တက်ဂ်ပို့စ် အနေနဲ့ ကြွားလိုက်တာ... အဟိ...ကျေနပ်တော့်နော် တီတီဝါ... :k အာဝါးးးးးးးး အမြှောက် တစ်သိန်း...ဟိ..ဟိ
ဟုတ်ကဲ့...အခုလို ရူးပေါပေါ တက်ဂ်ပို့စ် လေးကိုပဲ အစအဆုံး ဖတ်ပေးတဲ့ အတွက် မက်မက်က ကျေးဇူးတင်တယ်နော်... :P

"ဟိတ်... မိမက်.... ဘယ်သူ့ကို လက်ပြ နှုတ်ဆက် နေတာလဲ"
"အော်...ငါ စိတ်ကူး ယဉ်နေတာပါလား။ ဟိ..ဟိ...ငါ ထမင်းစားချိန်မှာ တရားနာရင် စိတ်ကူးမိ သွားတာကိုး... ခစ်..ခစ် :P
"အော်...ငါ စိတ်ကူး ယဉ်နေတာပါလား။ ဟိ..ဟိ...ငါ ထမင်းစားချိန်မှာ တရားနာရင် စိတ်ကူးမိ သွားတာကိုး... ခစ်..ခစ် :P
ဘာပဲဖြစ်ဖြစ်လေ၊အပိုမကြွား၊ အကြွားမပိုတဲ့ တက်ဂ်ပို့စ် တစ်ခု ရသွားတာပေါ့။ ဟိ..ဟိ တကယ် ကြွားရမယ် ဆိုရင် ကြွားစရာတွေက များနေလို့ တဒင်္က နတ်ပြည် ရောက်ကြောင်း စိတ်ကူးအိပ်မက် လေးကိုပဲ တက်ဂ်ပို့စ် အနေနဲ့ ကြွားလိုက်တာ... အဟိ...ကျေနပ်တော့်နော် တီတီဝါ... :k အာဝါးးးးးးးး အမြှောက် တစ်သိန်း...ဟိ..ဟိ
ဟုတ်ကဲ့...အခုလို ရူးပေါပေါ တက်ဂ်ပို့စ် လေးကိုပဲ အစအဆုံး ဖတ်ပေးတဲ့ အတွက် မက်မက်က ကျေးဇူးတင်တယ်နော်... :P
အော် .....နတ်ပြည်အလည်ရောက်ခဲ့တယ်ပေါ့
ReplyDeleteကျနော်ကြားဖူးတာတော့ အဲဒီလို ခဏတဖြုတ်ရောက်နိုင်ဖို့ဆိုတာ သေလုမျောပါးဖြစ်နေတဲ့အချိန်တို့၊မေ့မျောနေတဲ့
အချိန်တို့မှာ အဲဒီလိုနေရာတွေ ရောက်တတ်တယ်ကြားဖူးတာပဲ။
အိပ်မက်ထဲ နတ်ပြည်သွားတာ နာ့ကို မခေါ်ဘူး။
ReplyDeleteအဲ..အပေါ်ကကွန်မင့်ကြောင့် လိုက်တော့ဘူး တာ့တာ...
http://winzaw-mdy.blogspot.com
အင်းပါ ရူးပေါပေါ မက်မက်လေးရယ်။ နတ်ပြည်ရောက်တယ်ဆိုလို့ ၀မ်းသာပါတယ်။ နတ်သမီးလေးတစ်ယောက်လောက် လက်ဆောင်မယူလာလို့ .... ဟင်းးးးးးးးးးး.....နောက်တစ်ခါ အိမ်လာလည်ရင် တုတ်ကောက်ခဲ့။ :P
ReplyDeleteဟွင့်..
ReplyDeleteတူ့ တက်ဂ်ပို့စ်ကလဲ စိတ်ဝင်တစားဖတ်လိုက်ရတာ..
ဘာတွေများဖြစ်မလဲလို့.. ဟတ်ဟတ်
ဖြစ်ရမယ်. ဟွန်းးး ပြောတော့ဘူးးး အာဝါးး တစ်သိန်းပေးပြီး ချွဲတတ်လို့..
ကောင်းပါ၏.. ရေးပြီးပြီ ဆိုလဲ ပြီးပြီပေါ့လေ..
ဟတ်ဟတ် ကျေးဇူးပါ ညီမလေးရေ.
ချစ်တဲ့
တီတီဝါ
နတ်ပြည်ကို ဟောလီးဒေး သွားကြတာကိုး။
ReplyDeleteအော်ဒီလိုကြွားတာပေါ့ ဟုတ်လား။ တညိုးပဲနော်။
ReplyDelete့ဟီး စောတီးဗျာ။ ဒါက ဗီလိန်။
ReplyDeleteဟုတ်မလိုလိုနဲ့ လွတ်ထားတာ နောက်ဆုံးမှ ထိတော့တာပဲ... ဂန့်
ReplyDeleteရေးလည်းေ၇းတတ်ပါပေ့ဗျာ၊ အားပေးလျှက်ပါ၊
ReplyDeleteနတ်ပြည်ရောက်ခဲ့တယ်ဆိုတော့ မြေပုံလေးဘာလေးလုပ်ပြီး နတ်ပြည်လမ်ညွှန်လေးပေးပါဦးဗျာ :P
ReplyDeleteရောက်ဖူးချင်လို့ပါ :D
အင်း ကောင်းပါတယ်။အတွေးက အကောင်းတွေပဲ
ReplyDeleteတွေးတက်လာတာ။တကယ်ခရ ၀ရ မြင်အောင်
တော့ကြည့်အုန်းနော်။သမာဓိမဂ္ဂင်(၃)ပါးဆိုတဲ့
ဝါယမ၊သတိ၊သမာဓိထားပြီးစောင့်နေ။ခန္ဓာကပြော
လာတာနဲ့ ပညာမဂ္ဂင်(၂)ပါးနဲ့ မှန်တဲ့အမြင်နဲ့
မှန်တဲ့ အတွေးလေးဘယ်လိုလိုက်ရမလဲဆိုရင်
မရှိတော့ဘူး၊ ပျက်သွားပြီ ပျက်သွားပြီ။အဲလို
အတွေးလေးလိုက်ပေး။ဒါမှ ပညာပါတာနော်
နတ်သမီးကြီး။ ဒီ(၅)ပါးနဲ့မကြည့်တက်သေးရင်
နတ်ပြည်ရောက်လည်း စိတ်မချရဘူးနော်ဖွားဖွားမက်။
ကောင်းလိုက်တဲ့ နတ်ပြည်ခ၇ီးစဉ်လေး
ReplyDeleteမသေခင်ရောက်ဘူးသွားတာပေါ့နော်
တော်တော်လေးရေးတတ်တယ်မက်မက်
ကောင်းတယ်မီးမီးရေ.. ရေးလည်းရေးတတ်ပါ့..း)
ReplyDeleteမိုးကြယ်
တူမတော်လေးနတ်ပ်ြသွားတာလိုက်ချင်လိုက်တာပြောမလို့ဟာကို အိမ်စုတ်လေးလုပ်တာနဲ့မသွားချင်တော့ဘူး ဟွန့်
ReplyDeleteအော်..ဂလိုလား..ဒါကြောင့်ပျောက်နေတာ..TT ကိုတော့ ခေါ်ဘူးနော်။အရေးကြုံတော့ ရှေ့ ပို့တက်တယ်။
ReplyDeleteတွားမခေါ်ဘူး..ချိတ်ချိုးတယ်..နောက်တစ်ခါ ဘော်ဒီ
ကပ်မလုပ်ပေးဘူး..ဒါပဲ
သာဓုသာဓုသာဓု
ReplyDeleteး)
နတ်ပြည်သွားတာ လမင်းဆီတောင် ၀င်မလာဘူး
ReplyDeleteဘယ်အချိန်သွားလိုက်တာလဲ
နတ်သမီး ၅၀၀နေတဲ့ နတ်ပြည်လား
နတ်သား ၁၀၀၀ ရှိတဲ့နတ်ပြည်လား
အိမ်ပြောတာမှန်လောက်တယ် ဟိး
နတ်ပြည် ကို အလည်ရောက်တာ ကံကောင်းတာဘဲ
ReplyDeleteအိပ်မက် နတ်သမီးရဲ့ ကမ္မည်း မော်ကွန်း ထဲ ပါရတာ ပျော်ဖို့ကောင်းလိုက်တာ .. ဟီးဟီး .. လိုက်ရူးကြည့်တာ ..:D
ReplyDeleteအဲ့ဒီး DREAM BLOG နန်းဆောင်ရှေ့က ငါးကန်မှာလေ
ReplyDeleteငါးလေး နည်းနည်း မျှားချင်လို့ :D
များများ ရရင် တစ်ကောင် ပေးပါ့မယ် :P
တီဒွင်း ကုသိုလ် ကောင်းမှုတွေ တအား မလုပ်နဲ့
တော်ကြာ နတ်သား တစ်ဖက် ၅၀၀ နဲ့ နတ်ပြည်မှာ
နတ်သမီးလေး ဖြစ်နေရင် ဒုက္ခ :P
မက်မက်ရေ
ReplyDeleteနောက်တစ်ခေါက် တာဝတိံသာ နတ်ပြည်ထပ်ရောက်ရင်
သိကြားမင်းရဲ့  သမီးတော်။ မာတလိရဲ့ တူမတော်။
ဝိသကြုံရဲ့  မြေးမလေးပိစိလေးတို့ကို ကိုကိုမောင်က သတိရကြောင်းပြောပြပေးဦးနော်။ ပြီးတော့ သတိပေးရဦးမယ်။ မာတလိမောင်းတဲ့ နတ်ရထားကိုစီးရင် မြဲမြဲကိုင်ထားနော်။ အမောင်းကြမ်းတယ်ပြောတယ်။ ပြီးတော့လဲ မာတလိက အချောအလှလေးတွေဆို သိပ်ကြိုက်တဲ့။ အလှအပလေးတွေကို ငေးကြည့်ရင်း ခဏခဏ Accident ဖြစ်တယ်တဲ့။ ဒါကြောင့် သိကြားမင်းက သူ့ကို မကြာမကြာ ဒရိုက်ဘာ ရာထူးက ဖြုတ်ချဖူးတယ်တဲ့။ တော်ကြာ စလုံးမှာနေတာကမှ ဟုတ်သေး။
တာဝတိံသာရောက်မှ Accident ဖြစ်နေဦးမယ်။
စိုးရိမ်လို့ သတိပေးတာနော်။ နောက်ပြီး အဲဒီ တီတီဒွင်းကြီးကို သိကြားမင်းဆီအပ်ထားခဲ့ပါလား။ ဒါမှ တီတီရာထူးက တစ်ဆင့်တက်ပြီး နှမတော်လေးရေ အခေါ်ခံရမှာပေါ့။ အဟဲ။
မက်မက် ရေးတတ်တယ်--
ReplyDeleteပိုစ့်ကောင်းလေးတခုပါ--
စီစီမက်ကတော့...
ReplyDeleteငရဲကြီးလိမ့်မယ် အဟင့်...
မယ်မယ့်ကို ခေါ်ဝူးနော်.. တူ ဒိုင်လျှိုလေး လစ်သွားဒယ်ပေါ့ ဟုတ်ရားး..!!
မေ့ထားရက်တယ်ပေါ့ ....
နိုမှာနော်... အီးးးးးးးးးးးး
စီလေးရဲ့
ပီပီ အဲ့.. ယောင်လို့
မယ်မယ် :P
အမယ်နတ်ပြည်ရောက်သွားတာ ဘာလက်ဆောင်ပါလဲ ပေး... :P
ReplyDeleteမက်မက်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ
ReplyDeleteဟိုကလေး မက်မက်ရယ်
ReplyDeleteအဲသလောက်တောင်ချစ်ဖို့ကောင်းရလားကွယ်
ရေးထားတာဟုတ်နေတာပဲ
နတ်ပြည်တောင်ရောက်သွားသတဲ့ ..
ဦးဦးမာဂျလိ... အဟိ ဦးဦးလှလှပဲတိတယ်ကွယ် ..:P
နတ်ပြည်မှာ နတ်တုတ်ဒါ စားကောင်းခဲ့လားကွယ့်
ဒီမက်မက်လေးနဲ့နော်
တန်ဖိုးမဖြတ်နိုင်တဲ့ စကားနှစ်ခွန်းလဲသတိပြုသွားပါတယ်
:D
တော်တော်လေးရေးတတ်ပေသကိုး နှမငယ် မက်မက်။ သေချာဖတ်သွားပါသည်။
ReplyDeleteမက်မက် ဆုတောင်းတော့ မမှားနဲ့နော် နတ်ပြည်တော့ရောက်မယ်............ ဒါပေမယ့် အဟေး...
ReplyDeleteဦးအိမ်နော်.... ဒီတခါသွားရင်လက်တို့လိုက်မယ်..
ReplyDeleteမကြောက်ပါနဲ့ ဦးဝင်းဇော်နဲ့ တီတီယောင်းရယ်။ :P
ဦးဦးပန်းဂျဂါးနဲ့ ဦးအန်ဒီအတွက် နတ်သမီးချောချော
လေးလက်ဆောင်ယူခဲ့တယ်.. ဦးမိုးဒေါက်အတွက်
နတ်ငါးလေးလက်ဆောင်ပေးမယ်။ ငါးတော့မမျှားနဲ့ ..ဦးloyalloveရေဘာမှစိတ်မပူနဲ့ မြေပုံဆွဲခဲ့တယ်..တီတီဝါ... အာဝါးး.
ပေးပီးချွဲလို့ရလို့ တီတီဝါအတွက်နတ်သားတယောက်
လက်ဆောင်ပါယူလာတယ်..ခစ်ခစ်..တီတီပန်းခရမ်း
ကိုနောက်တခါ ဟောလီဒေးလ်သွားရင်ခေါ်မယ်နော်
ဦးဘီဘီ ကြွားချင်ရင်လည်းရပါတယ်..ယမမင်းနန်း
တော်ငရဲပြည်ရှိတယ်လေ... အလည်သွားလိုက်ဦး
ဟိဟိ....ကိုရင်ဝသန်ဘာလို့ နောက်ဆုံးမှာဂန့်
သွားတာလဲ..ဟတ်ဟတ်..ဦးဦးစိတ်ဖြေရာ နဲ့ ဦးဦ
မိုးကြယ်အတွက် နတ်သမီးတယောက်စီလက်ဆောင်
ပေးမယ်...ဟိဟိ... ဦးကမာနီလာနဲ့ ဦးရီးတော်အလှ အတွက်လည်းမလုရအောင် တယောက် နတ်သမီးလေး လက်ဆောင်ပေးမယ်နော်..ခစ်ခစ်
တီတီငွန်.. စိတ်မဆိုးပါနဲ့ .. တီတီက မက်မက်
သွားတုန်းက ခရီးထွက်နေလို့ တီတီကို မပြောသွားတာ.. နောက်တခါ တီတီငွန် ထပ်သွားမယ်နော်..အာဝါးးး.. ဟိဟိ...
ဦးဖြိုးငယ်.. ကမ္မည်းမှတ်တမ်းထဲမှာ ထည့်ထားတယ်
လူက နတ်ပြည်မရောက်ပေမယ့် နာမည်တော့
ရောက်နေပြီ.. ဟိဟိ... တီတီဆောင်း..နောက်တခါသွားရင် တီတီကိုပါခေါ်သွားမယ်နော်..
တီတီညမင်းနဲ့ ဦးလခင်း ..အဲမှားလို့ တီတီလမင်း
နဲ့ ဦးဦးညခင်း..အော်..ထပ်မှားပြန်ပြီ..ဟိဟိ
တီတီညခင်းနဲ့ ဦးဦးလမင်း...တီတီအတွက်
နတ်သား ဦးဦးအတွက် နတ်သမီး.. လက်ဆောင်ယူလာတယ်..
တီတီပယဲ...တီတီအတွက်နတ်သုဒ္ဒါ ယူခဲ့တယ်.. အဒူမှမကျောနဲ့နော်.ခစ်ခစ်...အာဝါးးးး တီတီဇင်နဲ့ဦးရှင်ကြီးကျေးဇူး.. ဒီတခါ သွားရင်လက်
တို့လိုက်မယ်.. လိုက်ချင်ရင်စာရင်းပေးထားနော်.
...ခစ်ခစ်. မယ်မယ်... မက်မက်တွားဒုန်းက
မယ်မယ်က ဘယ်ပျောက်နေတာလဲ..နိုနဲ့နော်..
ဒီတခါ မယ်မယ်နဲ့ တူတူတွားမယ်... အာဝါးးး.
တိတ်တိတ်.....ဦးဦးကိုကိုမောင် ရေ..သိကြားမင်းရဲ့  သမီးတော် မာတလိရဲ့ တူမတော် ၀ိသကြုံရဲ့ မြေးမလေးပိစိလေး ကဦးဦးကိုသတိရပါတယ်တဲ့..ဟိဟိ.. ဦးအညတြ
နောက်တခါ သွားရင်ပြောမယ်နော်..လိုက်ခဲ့..
ဦးဦးချင်တေ့ နတ်ပြည်မှာ ဦးဦးနာမည်ပါတွေ့ခဲ့ပါ
တယ်..ဟိဟိ...ဦးကောက်ရေ
ဖြစ်ပျက်နော်..ဖြစ်ပျက်.. အဟိ..သေချာလေး
လုပ်ပါတယ်... ကျေးဇူး.. ခရ၀ရ လေးတွေပါ..
ကြိုးစားနေပါတယ်... ကျေးဇူး..နော်...
အခုလို ပေါတောတောအကြွားပို့စ်လေး ကိုလာရောက်
ဖတ်ပေးကြတဲ့ ဦးဦးတီတီ တို့ကို မက်မက်အရမ်း
ကျေးဇူးတင်ပါတယ်...အာဝါးးးးးးးးး
မက်မက် အသက်ကတော့ ဘယ် လောက်ရှပြီမသိဘူးဗျ ကျနော် ထက်ငယ်မှာ ကသေချာတယ်၊ဒါပေမဲ့လေ စာတော့ တော် တော် လေးကောင်း အောင် ကိုရေးတတ်တယ် ညဏ် ကလည်း ထက်တယ် တူပါရဲ့ အားပေးနေတယ် နော်။
ReplyDeleteနတ်သားလက်ဆောင် ယူချင်ပါဘူးဝေရ်..
ReplyDeleteညလေးပဲယူလိုက်နော်..ဟီးးး
အဟေး တော်လိုက်တာ နောက်ဘ၀ကျရင် နတ်သားလေးတွေ တစ်ဖက်လေးငါးရာနဲ့  နတ်သမီးလှလှလေး ဖြစ်လိမ့်မယ် ဟေဟေ.။ အပေါ်ဆုံးက ကိုအိမ်ပြောထားတာက ဘာတဲ့။ နာလည်း မှတ်မိဘူး။
ReplyDeleteနတ်ပြည်ရောက်တော့ နတ်ပြည်ရောက်တယ်ပေါ့နော် (ဟိ..ဟိ...ဘာမန့်ရမှန်းမသိတော့လို့ :P)
ReplyDeleteနတ်ပြည်ရောက်တော့ နတ်ပြည်ရောက်တယ်ပေါ့နော် (ဟိ..ဟိ...ဘာမန့်ရမှန်းမသိတော့လို့ :P)
ReplyDelete