"hello"
"#^&**%@"
"အခုပြောနေတာ ဘယ်ကုမ္မဏီကလဲရှင်"
"ငါက xxxx ကုမ္မဏီကပဲ... မင်းတို့ဆီမှာ မှာထားတဲ့ပစ္စည်းက အခုချိန်ထိကို မရသေးပါလား.."
"ဟုတ်ကဲ့၊ အကောင်းဆုံး ဖြစ်အောင်လုပ်ပေးပါ့မယ်၊ Account No.လေးပါ ပြောပြပေးပါ၊"
"%##@*&"
"စစ်ဆေးကြည့်ပါ့မယ်။ ခဏလေးတော့စောင့်ပေးပါနော်"
"ဘယ်သူ့ဆီမှာများ အော်ဒါမှာထားတာလဲ ၊ ဒီမှာ အော်ဒါလက်ခံမရှိပါဘူးရှင်"
"xxx ဆိုတဲ့မိန်းကလေးဆီမှာ၊ သူက မနေ့ကတည်းက ပို့ရမယ့်ရက်ကို မပို့လာသေးလို့ ဖုန်းဆက်ပြောတာ၊ မင်းတို့ အလုပ်ကို ဘယ်လိုလုပ်တာလဲ၊ ..@$%^*%.."
"ဟုတ်ကဲ့၊ စိတ်မရှိပါနဲ့ရှင်၊ အခု လူကြီးမင်း မှာတဲ့ပစ္စည်းကို မနက်ဖန် အရောက် ပို့ပေးပါ့မယ်"
ဘာပဲဖြစ်ဖြစ် စိတ်ထဲကတော့ ဒေါသထွက်သွားပေမယ့် ကိုယ့်ဆီက ပစ္စည်းတွေ အမြဲဝယ်ယူနေတဲ့ ကာစတန်မာ ဆိုတော့ သူ့ကိုစကားနဲ့ ပြေပြေပြစ်ပြစ် ပြောဆို နှစ်သိမ့်လိုက်ပါတယ်။
စိတ်ထဲမှာတော့ အဲဒါ ငါ့နာမည်ကြီး၊ ငါ့နာမည်ကို အလွဲသုံးစား လုပ်တာ ခံလိုက်ရပြီ လို့ စိတ်ထဲကပဲ ကောက်ချက် ချလိုက်ပါတယ်။ တကယ်ဆို ၀ယ်သူဆီကနေ အော်ဒါလက်ခံရင် အဲဒီ လက်ခံသူရဲ့ နာမည်ကို ကာစတန်မာ တွေကမေးတယ်လေ၊ အမှန်အတိုင်း မပြောဘဲနဲ့ တခြားလူရဲ့ နာမည်ကို အစားထိုး ပြောလိုက်တာလေ၊။ တကယ်ဝယ်သူနဲ့ ပြဿနာ တတ်မယ်ဆိုရင် အဲဒီနာမည်ရှင်ပဲ အဓိကထား ဖြေရှင်းရမှာလေ၊ အော်..ငါ့နှယ့်နော်... ကိုယ့်ကို မလိုသူ တွေကတော့ ဒီလိုပါပဲလေ ဆိုပြီး ကိုယ့်ကိုကိုယ် နှစ်သိမ့်ပြီး အားပေးလိုက်ပါတယ်။ ကိုယ့်နာမည်ကို အလွဲသုံးစား လုပ်ပြီးချောက်ချတာ ခံလိုက်ရတာလေ။ ကာစတန်မာ တွေရဲ့ ကွန်ပလိန်းတွေ လိုက်လိုက်ဖြေရှင်း ပေးနေရတော့ စိတ်ထဲလည်း ပန်ပန်းပါတယ်။
ကာယကံရှင် အလွဲသုံးစားလုပ်တဲ့ ကောင်မလေးကိုလည်း အဲဒီအကြောင်း သွားပြီး မပြောတော့ပါဘူး၊ ကိုယ့်ဟာကိုယ်ပဲ အဆင်ပြေအောင် ဖြေရှင်းပေး လိုက်ပါတယ်။သွားပြောနေရင် ရန်စရှည် နေမယ်လေ၊ မကောင်းမြင်တဲ့ သူက ကိုယ့်ကို ဘယ်လို ချောက်ချရမလဲ၊ နာမည်ဖျက်ရမလဲ၊ ဘယ်လို တုန့်ပြန်ရ မလဲဆိုပြီး အမြဲတွေး နေမှာလေ၊ သွားလည်း အဖက်လုပ်ပြီး စကားမပြော ချင်တော့ပါဘူးလေ။ဒါကြောင့် ကိုယ့်ဟာကိုယ်ပဲ ထွက်နေတဲ့ ဒေါသလေးကို ပြန်ထိမ်းလိုက်ပါတယ်၊
ဘယ်လိုမျိုးပဲဖြစ်ဖြစ် ကောင်းသောဘက်မှာ နာမည်အလွဲ သုံးစားလုပ်တာ ကိစ္စမရှိပေမဲ့၊ မကောင်းတဲ့ ဘက်မှာ ကိုယ့်နာမည်ကို အလွဲသုံးစား လုပ်တာခံ လိုက်ရရင် အခု စာဖတ်နေတဲ့ သူတွေရော ဘယ်လိုခံစားရမလဲ။
အော်...ဒါတင်လား ဆိုတော့ မဟုတ်သေးဘူးဗျ၊ အပြင်လောကမှာတင် ဒီလိုမဟုတ်ဘူး၊ ဟော...ဘလော့လောကရော မဖြစ်ဘူးလား ဆိုတော့ ပိုဆိုးတာပေါ့လို့ပဲ ပြောရတော့မယ်။ ဘလော့မှာ စာပေ အရေးအသားတွေ အသိပညာတွေ ဖြန့်ဝေပေးတဲ့ လူတွေလည်း ဒီလိုမျိုး ခံနေရတာ ပါလားဆိုတာ သိလိုက်ရတယ်။ တစ်ယောက်နဲ့ တစ်ယောက် လေးစားကြတဲ့ ခင်မင်မှုကို အခွင့်ကောင်းယူပြီး နာမည်ဖျက်လိုမှု နဲ့ အလွဲသုံးစား လုပ်တာခံလိုက်ရတဲ့ ဘလော့စာမျက်နှာမှာ သမိုင်း အကြောင်းတွေ လူငယ်တွေ သိအောင် ရေးပေးတဲ့ အစ်မ မသက်ဇင် ဆိုလည်း သူ့နာမည်နဲ့ လင့် ကို အလွဲသုံးစား လုပ်တာ ခံလိုက်ရဆိုတာကို သူရေးထားတဲ့ အသိပေး ကြေငြာချင်း ဆိုတဲ့
(ကျမ မသက်ဇင် ၏ ဘလောဂ့်တွင် လင့်ချိတ် ထားခြင်း မရှိသော--အခြား ဘလောဂ့် တခု ၏ စီပုံးတွင် မသက်ဇင် အ မည်ဖြင့် ကျမ-မရေးခဲ့ပါ-- ကျမ နှင့် မည်သို့မျှ မပတ်သက်သော ဘလောဂ့် တွင် ကျမ အမည် နှင့် ကျမ ဘ လောဂ့် url ကို အလွဲသုံးစား ပြုပြီး အောက်တန်းကျစွာ ရေးသား လုပ်ဆောင်နေကြောင်း စာဖတ်သူ အားလုံးကို အသိပေးအပ် ပါသည်)ကိုဖတ်မိမှ သိလိုက်ရပါတယ်၊

ဒါတင်ပဲလား ဆိုတော့ မဟုတ်ပါဘူး၊ မက်မက် မရောက်တာ ကြာပြီဖြစ်တဲ့ ဘလော့ကာ အစ်ကို မိုးပြေး အိမ်ကို နည်းပညာနဲ့ ပတ်သတ်ပြီး ဖတ်ချင်လို့ အသစ်လေးများ တင်ထားမလားလို့ သွားကြည့်ပါတယ်။New posts တင်တဲ့နေရာမှာ Under Control ဆိုပြီး ပြထားတော့ ပို့စ်အသစ်ထွင်ပြီး များတင်ထားတာလား ပေါ့ဆိုပြီး ဆီပုံးမှာ နောက်ပြောင် ပြီးတော့တောင်
8 Dec 08, 12:35
Dream: ပို့စ်အသစ်အနေနဲ့ တင်ထားတာလားဦးဦးရ... :P
8 Dec 08, 12:35
Dream: မတွေ့တာ အတော်ကြာပေါ့.. ဒါနဲ့ this blog is under control ..so sad ဖြစ်နေပါလား...
8 Dec 08, 12:34
Dream: မင်္ဂလာပါ ကိုမိုးပြေးရေ
ပြောခဲ့ပါသေးတယ်၊ သိပ်မကြာပါဘူး၊ ဘလော့ပိုင်ရှင် ကိုမိုးပြေးက မက်မက် စီဘုံးမှာ ဒီလိုလာ ပြောသွားပါတယ်။
8 Dec 08, 16:41
မိုးပြေး: အခုထိတော့ ဖတ်လို့ ရသေးတယ်လေ
8 Dec 08, 16:41
မိုးပြေး: ကျွန်တော်ဘလော့ကို ကျွန်တော်မပိုင်တော့ဘူးဗျာ
8 Dec 08, 16:40
မိုးပြေး: ယုံကြည်မှုတွေပေါ့ အစ်မရေ
8 Dec 08, 16:39
မိုးပြေး: ကျွန်တော့် ဘလော့ကို သူများဝင်နေတာပါဗျာ
8 Dec 08, 16:39
မိုးပြေး: အစ်မရေ ကျွန်တော့် ဘလော့က ဘယ်အချိန် DELETE လုပ်ခံရမလည်း မသိပါဘူးဗျာ.. အခုအစ်မ မေးတဲ့  Under Control က ကျွန်တော် တင်တာ မဟုတ်ဘူး
ဒါတွေကို ကြည့်ခြင်းအားဖြင့် ဘာတွေမှန်းတော့ မက်မက်လည်း မသိပါဘူး၊ ဘာတွေ ဖြစ်နေကြလဲ ဆိုတာလည်း မက်မက် မသိပါဘူး၊ စီးပွားရေး လောကမှာ နာမည်အလွဲ သုံးစားလုပ်တာ ခံလိုက်ရလို့ စိတ်မကောင်း ဖြစ်နေချိန်မှာပဲ ဘလော့ကာ အစ်ကိုတွေ အစ်မတွေ ကပါ ဒီလိုမျိုး ကိုယ့်နာမည်နဲ့ လင့်နဲ့ အလွဲသုံးစား လုပ်တာခံ နေရတာလည်း ရှိပါသေးလား ဆိုပြီး သိလိုက်ရတော့ ပိုစိတ်မကောင်း ဖြစ်သွားတယ်။ ကာယကံရှင်တွေ ဘယ်လောက် စိတ်မကောင်း ဖြစ်နေမယ် ဆိုတာလဲ တွေးကြည့်မိ လိုက်ပါတယ်။ ထပ်တူခံစားလိုက် ပါတယ်။
ကဲ...အပြင်လောကမှာ နာမည် အလွဲသုံးစား လုပ်တာက လူကို လိုက်ရှာ လို့ရတယ် ၊လူလုံးပေါ်ပြီး ကိုယ်က အဖြစ်မှန်ကို သိနိုင်သေးတယ်၊ အွန်လိုင်းဘလော့ လောကမှာတော့ ကိုယ့်နာမည်လင့်နဲ့ တခြားအရာကို အလွဲသုံးစား လုပ်တာ ခံရမယ်ဆိုရင် ဘယ်လို လိုက်ကြမလဲ၊ ဘယ်လိုသိနိုင်မှာလဲ၊ ဒါတွေကို အခွင့်ကောင်း ယူပြီး လုပ်ချင်တဲ့ သူတွေ ကလည်း လုပ်နေကြတာပဲနော်၊ ဒါကလည်း လူရဲ့ စာရိတ္တနဲ့ ကိုယ်ကျင့် တရားပေါ်မှာပဲ မူတည်တော့မယ် လို့ထင်တယ်လေနော်။
မက်မက်လိုမျိုး အပြင်စီးပွားရေး လောကမှာ နာမည်ကို အလွဲသုံးစား လုပ်တာ ခံလိုက်ရမယ်၊ဘလော့လောက မှာဆိုရင်တော့ မသက်ဇင်နဲ့ ကိုမိုးပြေးတို့လို ကိုယ့်နာမည်နဲ့ လင့်နဲ့ ဘလော့မှာ အလွဲသုံးစား လုပ်တာ ခံလိုက်ရမယ်ဆိုရင် အခု စာဖတ်နေတဲ့ ဦးဦးတို့ တီတီတို့ရော ဘယ်လိုမျိုး ခံစားရမလဲနော်၊ သိချင်လို့ပါ။ ထင်မြင်ချက် လေးတွေပေါ့၊ ကိုယ့်ထင်မြင်ချက် လေးတွေကို ကြိုက်သလို ကွန်မန့်မှာ ပြောပြသွား နိုင်ပါတယ်။
p.s နာမည်ကို ခွင့်ကြို မတောင်းဘဲ တင်လိုက်တဲ့ အတွက် တီတီဇင်လို့ ချစ်စနိုး ခေါ်တဲ့ အစ်မ မသက်ဇင် နဲ့ ကိုမိုးပြေး တို့ရေ နားလည် ခွင့်လွတ်ပါ။

ရေးသားချက်ကို ဖတ်ပြီး အတွေးလေးတွေရလိုက်တယ်။ တင်ပြပုံလေး ကောင်းပါတယ်။ အမှန်ကတော့ လူတွေ မှာ သီလတရား အားနည်းမှုတွေကြောင့်ပါပဲ။ သီလမှာ စာရိတ္တသီလနဲ့ ၀ါရိတ္တသီလဆိုပြီးရှိတယ်။ လိုက်နာရမှာနဲ့ စောင့်ထိန်းရမှာ ဆိုပြီး ၂ မျိုးပါ။ သူတပါးမသိပဲ အခြားနည်းလမ်း ယူတာဟာ ခိုးမှုမြောက်ပါတယ်။ အလွဲသုံးစားလုပ်တယ်ဆိုတာလဲ လိမ်လည်မှုပါပဲ။ ဘယ်သူ မသိသိ မိမိကိုယ်တိုင်တော့ သိကျမှာပါပဲ။ ဒီတော့ ကိုယ့်ရဲ့ ကံကို ကိုယ်ပိုင်ဖန်တီးကြတာပါ။ မသိလို့ သုံးမိတာမျိုးဆိုလဲ နောင်မဖြစ်အောင် ဂရုစိုက်ပါ။ သိရက်နဲ့ လုပ်တာမျိုးဆိုရင်လဲ စာရိတ္တသီလ ဖြစ်တာကြောင့် သူတပါးရဲ့ ကိုယ်ရေကိုယ်တာကို ၀င်ရောက်တာ မကောင်းပါဘူး။
ReplyDeleteအမှန်တော့ သူတပါးတွေအကြောင်း၊ သူများကို လုပ်ချင်တာထက် မိမိ ခန္ဓာအကြောင်း၊ စိတ်အကြောင်းကို သိအောင်လုပ်ကြရမှာပါ။ သူတပါးအကြောင်းပဲ စိတ်ဝင်စားနေလို့တော့ သံသရာက မလွတ်နိုင်သေးပါဘူး။ အားလုံး လိုက်နာစေချင်ပါတယ်။
ကိုယ်ချင်စာစိတ်လေး မွေးကြည့်ပါ။ ကိုယ့်ကို လုပ်တာ မကြိုက်ရင် သူတပါးလဲ ကြိုက်မှာ မဟုတ်ဘူး ဆိုတာ သတိရကြပါ။ ကိုယ်ကောင်းဖို့ အတွက်သူတပါးကို နင်းတတ်တာမျိုးတော့ သူတော်ကောင်းတွေ လက်ခံမှာ မဟုတ်ပါဘူး။ ထို့အထူ ဘုရားရှင်လဲ မကြိုက်ပါဘူး။
အကယ်၍ သူတပါးကို မုန်းတယ်ပဲဆိုပါစေဦး။ အားလုံးဟာ ဆွေးမျိုးတွေပဲ ဆိုတဲ့ စိတ်လေးနဲ့ နားလည်ခွင့်လွတ်ပေးလိုက်ပါ။ ရှည်လျားလှတဲ့ သံသရာ ခရီးမှာ ကျနော်တို့တွေဟာ မိဘ၊ မောင်နှမ၊ ဆွေမျိုး အနေနဲ့ တော်စပ်ခဲ့ဖူးတဲ့ လူတွေပါပဲ။ လူဘ၀ခဏတာ အချိန်လေးမှာ ကိုယ့်အတွက်ကြောင့် သူတပါးတွေကို စိတ်ချမ်းသာအောင် ဖန်တီးတာမျိုးပဲ သင့်တော်ပါတယ်။ ပုထုဇဉ် လူသားတွေဖြစ်တဲ့ အတွက်ကြောင့် အပြစ်မကင်းတာကိုလဲ နားလည် စိတ်မွေးနိုင်ကြပါစေ။
စိတ်ချမ်းသာနိုင်ကြပါစေ..
အင်း
ReplyDeleteဦး၇ီးတော် တင်မယ် စိတ်ကူးနေတဲ့ပိုစ့်ကို
တူမတော်အရင်တင်သွား၏။
၁) အချက်က အဲလို မသူတော်တွေ ပေါက်ကရ ရေးတဲ့ အတွက် ရှက်တတ်တဲ့ တော်တည့် ကောင်းမွန်တဲ့ ဘလော့ဂါတွေ ဘလော့လောက ကနေထွက်သွား ရတယ်ဆိုရင် အဲ့ဒီ ကိစ္စ အတွက် မသူတော်တွေ နဲ့ တကွ သင်တို့ ကျွန်ုပ်တို့ မှာ အပြည့်အ၀ တာဝန်ရှိကြောင်း...
၂)လူတစ်ဦး ချင်းရဲ့ အကျင့်ဟာ တစ်ဦးတစ်ယောက်ချင်းနဲ့သာ ဆိုင်တယ်ဆိုပေမဲ့ တစ်ဖက်တစ်လမ်းကလည်း တစ်မျိုးသားလုံးကိုလည်း ကိုယ်စားပြုနေပါသည်။ စီဘောက်စ်မှာ မဟုတ်က ဟုတ်က ရေးတတ်တဲ့ အကျင့်ကို သမိုင်းတစ်လျှောက် အဘယ် နိုင်ငံကြီးသားက ပြုကျင့်ဖူးသနည်း။ သင်တို့ ကျွန်ုပ်တို့ကကော မည်သည့် တာဝန်သိတတ်မှုဖြင့် လက်ခံအပ်သနည်း။ ကျွန်ုပ်တို့အားလုံးအတွက် ရှက်ဖွယ် ဖြစ်ရပ်ဖြစ်ပါကြောင်း။
၃)အကြင်နိုင်ငံကြီးသားတို့ ဟာ တစ်ဦးကိုတစ်ဦး မနာလို ၀န်တို တွေများ အောက်ကျ နောက်ကျ အပြုအမူတွေနဲ့ ခြေထိုးနေသ၍ မိမိတို့ အလိုရှိအပ် တောင့်တအပ်တဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်မည်လော မရောက်မည်လော နီးစပ်မည်လော မနီးစပ်မည်လော ချင့်ချိန်ကြကုန်။
၎)မနာလိုသူများကို ပုတ်ခတ်တဲ့ စကားများဟာ အများအတွက် အရေခြုံထားတဲ့ ပုဂ္ဂလိက ခံစားချက် သက်သက်မျှသာ ဖြစ်ပါတယ်.. ဆိုတာကို သတိပြုစေချင်ပါကြောင်း...
၅) မိမိပိုင်ဘလော့မှာ ဖြစ်ပေါ်လာတဲ့ ကိစ္စဟာ ရေးသားသူတွင်သာမက လက်ခံထားသော မိမိ မှာလည်း တာဝန်အပြည့် အ၀၇ှိပါကြောင်း...ကို
ရှေ့ဆောင်ကာ လမ်းပြမဟဲ့လို့ ခပ်မိန့်မိန့် နဲ့ ကြွေးကြော်၊ တွေးခေါ်ကာ စာပေရေးသား၊ တလေးတစား မွေးစားချင်တဲ့ သူတွေ ပေါ်လို့ ပေါသမို့ ၊ မမောမပန်း အဆန်းတကြယ် အဟဲ... ခပ်ထည်ထည်ရေးသား၊ (မလည် မ၀ယ် မနပ်တနပ် စာဖတ်သူများက) ဆရာ့ဆရာ ဆရာ ဆရတ် ဟု တွင်တွင်ခေါ်သမျှ ရော်ရော်ရော် အဟတ်အဟတ် ၊ အနက်ဖော် အမှန် အကျင့် အကြောင်း ပါးစပ်မညောင်းခင် မနှောင်း အကုန်သိ၊ မချိသည့်ရင်ကို ပဲ ခွဲပြနေသလိုလို အမူကပို ပညတ်က ခပ်တာတာ ပညာ က ခပ် တတ်တတ် မို့ စာအထွေထွေ ကိုးကား မရိုးသား အကြံ တစ်စက်မှ မရှိလေတဲ့၊
(ကျွန်ပ်ကဲ့သို့သော)
အကြင်. မြန်မာပြည်သား ဘလော့ဂါ လူကြီးလူကောင်း gentlemen အပေါင်းတို့ခင်ဗျား....
ဘုရားမကြိုက်၊နတ်လည်းမကြိုက်၊ဘယ်သူမှ မကြိုက် တဲ့ လိမ်လည်ခြင်းကို ကျူးလွန်ကြတာ
ReplyDeleteအရမ်းအံ့သြစရာပါပဲ။လူတွေကလည်း ခက်တယ်
ချစ်မက်ရဲ့ ...ဘာမှအကျိုးမှမရှိတာကိုမှ လုပ်နေ
ချင်ကြတာ။အချိန်ကုန် လူပန်း လူ့အောက်ကျ လူကြီးလူကောင်း မဆန်တာကို လုပ်ချင်ကြတာ
စဉ်းစားလို့ကို မရဘူး။လူအချင်းချင်း လိမ်ညာခြင်း ကင်းဝေးကြပါစေလို့ဆုတောင်း
ရင်း.....ချစ်မက် ရဲ့ ....ငွန်
ဒရင်းမို့လို့ငြိမ်ခံနေတာ အိမ်ဆိုလို့ကတော့ ကတ်ကတ်လန်ရန်တွေ့ပြီး၊ ပိုးဆိုးပက်စက်ပြောပြီး၊ မှတ်လောက်အောင်
ReplyDeleteသံပိုက်နဲ့ရိုက်ပစ်မှာပဲ။
မက်မက်ရေ.. ဒါဟာ ကိုအောင်ဦးပြောသလိုပဲ သီလအားနည်းမှုကြောင့်ပါ. ဒီထက်ရင့်ရင့်သီးသီးပြောရရင် လူတစ်ယောက်ရဲ့ စိတ်ဓါတ်အဆင့်အတန်း နိမ့်ကျမှုကို ဖေါ်ပြနေတာပါ. ။ လူ့လောကရဲ့ အခြေခံလူ့ကျင့်ဝတ်ကို ချိုးဖောက်နေတဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေပါ။
ReplyDeleteမက်မက်ပြောသွားတဲ့ ယုံကြည်မှု ဆိုတဲ့နေရာမှာလည်း ကိုယ့်ကို ယုံကြည်လို့ ဖွင့်ဟပြောဆို အသိပေးထားတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို တချိန်မှာ ရန်သူတွေ ဖြစ်သွားဦးတော့ ဆက်လက် စောင့်ထိန်းဖို့ တာဝန်ရှိပါတယ်။ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ ကိုယ့်ဂုဏ်ကိုဖေါ် မသူတော် ဖြစ်ရသလို၊ သူ့အတွက်လည်း အကျိုးမဲ့စေတဲ့ လုပ်ရပ်တွေကို လုပ်နေတဲ့ လူတွေရဲ့ စိတ်ဓါတ် အဆင့်အတန်းကို အံသြမိပါတယ်။
ရေးရင်းနဲ့ စဉ်းစားမိတာတော့ ကျနော်လည်း သူများကို ရန်စွယ်ငေါငေါနဲ့ ပြောမိနေတယ် ဆိုတာပါပဲ။ အမှန်တော့ ဒေါသသင့်တဲ့ စကားတွေကို ကျနော် အတက်နိုင်ဆုံး ရှောင်ပါတယ်။ အခုကိစ္စကတော့ ကိုအလှတရားရေးသွားသလိုပဲ ဘလော့ဂါအားလုံးနဲ့ သက်ဆိုင်နေတဲ့ ကိစ္စ၊ ဒီထက်ပိုပြောရရင် တစ်မျိုးသားလုံးရဲ့ စာရိတ္တဗလနဲ့ သက်ဆိုင်နေတဲ့ ကိစ္စမို့ ဒီလောက်အထိ ပြောမိတာပါ။ ဒီလို အခြေခံလူ့ကျင့်ဝတ်ကလေးကိုတောင်မှ မလိုက်နာနိုင်ပဲ ချိုးဖောက်နေသူတွေကို ကိုယ်နဲ့မဆိုင်သလို မသိချင်ယောင်ဆောင်ထားမယ်ဆိုရင် အလွန်တာဝန်မဲ့မှာဖြစ်တာကြောင့် အားလုံးက ၀ိုင်းဝန်းဆန့်ကျင်ကြဖို့လိုတယ် ထင်ပါတယ်။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...။
အင်း ကိုအောင်ဦး ပြောသလို ကိုယ်ချင်းစာစိတ် မမွေးပဲနဲ့တော့ ဒီလို ကိစ္စတွေ ဆက်ဖြစ်နေဦးမှာပဲ ..
ReplyDeleteအင်း ရေးသူ လုပ်သူကလည်း အစကတည်းကမှ မကောင်းတဲ့ အကြံအစည်နဲ့ လုပ်တာဆိုတော့
သူလည်း ဆက်လုပ်နေဦးမှာပဲ ....
ဘယ်သူဘယ်ဝါ ရေးမှန်း မသိတော့လည်း ခက်သား ...
သိအောင် ဖော်ထုတ်နိုင်မယ့် လူတော့ တစ်ကယ်လိုနေပြီ ..
နည်းပညာပိုင်းရော အွန်လိုင်း အထာရော နပ်တဲ့ လူမျိုးပေါ့
အထက်က လူတွေ ပြောခဲ့သလိုပဲ
ဒါက မဖြစ်သင့်တဲ့ ကိစ္စ
အားလုံး ပါဝင်သင့်တဲ့ ကိစ္စ ပဲလေ ...
လူစွမ်းကောင်းများ ပေါ်ခဲ့ရင်ဖြင့် ကြိုဆိုပါတယ်ခင်ဗျ ...
တူမလေးရေ ..သီခံကွဲ့ သီးခံကွဲ
ReplyDeleteဦးဦးကတော့ ဒါပဲမှာချင်တယ်။။ ဦးဦးရဲ့ ညီတော် နောင်တော်များဆုံးမတာကိုလဲ လိုက်နာကွဲ (ဦးဦး အိမ်လိုတော့ မလုပ်နဲ့နော်)
သဉ္ဇာ့အိမ်ကိုသာ အဲလိုလုပ်တာခံရရင် ဒွတ်ခ ပဲ...
ReplyDeleteမချိမဲ့ ချိမဲ့ အိန်ရေး ပါတွားရင် ဒွတ်ခ ....ဘိုလုပ်ရပါ့မရဲ..... :( :(
မောင်လေးအောင်ဦးရေးထားတာကို ထောက်ခံသွားပါ
ReplyDeleteတယ်။
လှလှ ပြောတာလဲ မှန်ပါတယ်။
မောင်မိုးသောက်ပြောသလို အားလုံးပါဝင်သင့်တဲ့ကိစ္စပါ
ပဲ။
အားလုံးကို အဆင်ပြေပျော်ရွှင်စေချင်ပါတယ်။
မမ၀ါ
ကိုယ်လည်း ဒီလိုအဖြစ် ကြုံဖူးတယ်၊ ကြောက်သွားတယ်၊ ထပ်တောင် မသွားရဲတော့ဘူး။
ReplyDeletehttp://winzaw-mdy.blogspot.com/
ကိုအောင်ဦးပြောသလိုပေါ့
ReplyDeleteကိုယ့်ကံကိုယ်ဖန်တာပါပဲလေ
တစ်ဖက်သူကတော့စိတ်ကောင်းမှာမဟုတ်
မက်မက်ရဲ့ပို့စ်လေးက ပညာသားပါတယ်
ဦးဦးလှလှကတော့ ယောက်ျားပီသစွာရေးသားထားတယ်( မြောက်သွားမလားမသိဘူးနော် )
အဲလိုအဖြစ်မျိုးတွေ နောက်ထပ်မရှိပါစေနဲ့လို့ မျှော်လင့်ပါတယ်
ပို့စ်လေးအတွက် ကျေးဇူးပါကွယ်
ဦးဦးအန်တီဆို ပြောပစ်လိုက်ပြီ...
ReplyDelete"@#!$%!@#!" ဆိုပြီး ဟီးဟီး
ကိုအောင်ဦးရေးထားတာလေးကို အရမ်းသဘောကျတယ်ဗျ။ အလှ၁၀၀တို့ ၊ vanko တို့ ၊ ကိုမိုးသောက်တို့  ပြောသွားတာတွေလည်း ဟုတ်ပါတယ်လေ။ အမှန်အတိုင်းပြောရရင်တော့ လူရယ်လို့ ဖြစ်လာရင် သူ့ စည်းကိုယ့်စည်းတော့ ရှိသင့်တယ်ထင်ပါတယ်။ အဲ ကိုအိမ်ပြောသလိုတော့ သွားမလုပ်လေနဲ့ ။ သိတဲ့အတိုင်း နိုင်ဂျံဂါးမှာက လက်ပါလေ အမှုကြီးလေဟ။
ReplyDeleteဒီလိုပြသနာတွေက လူ့သဘာဝအတိုင်း ဘလော့မှာဖြစ်ဖြစ်၊ လက်တွေ့ဘဝမှာကျင်လည်နေထိုင်းရင်းပဲဖြစ်ဖြစ် ရှိနေတတ်ပါတယ်။ သဘာဝတရားပါပဲ။
ReplyDeleteအမှန်တရားကို နားလည်မြတ်နိုးတဲ့သူတွေကတော့ ရှောင်ကျဉ်နိုင်ပါလိမ့်မယ်။
ဘယ်လိုရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် အလွဲသုံးစားမလုပ်သင့်ဘူး။ မသိလို့ လုပ်ခဲ့တယ်ပဲထားအုန်း၊ အချိန်တန်ရင်တော့ ပိုင်ရှင်ကို ပြန်ပေးသင့်တယ်။ အခုလို၊ သူများပစ္စည်းကြီးကို သိသိသာသာ ယူထားပြီး သွေးအေးအေးနဲ့ နေနိုင်တဲ့ အလွဲသုံးစားလုပ်တဲ့လူတွေကို အံ့ဩတယ်။ ဘုရားမကြောက်၊ နတ်မကြောက်၊ သူများပိုင်ပစ္စည်းတွေကို အလွဲသုံးစားလုပ်နေတဲ့သူတွေကို မြန်မာလို့ပြောရမှာတောင် ရှက်တယ်။
ReplyDeleteတူမလေးစိတ်ဓါတ်ကိုလေးစားတယ်ကွယ်
ReplyDelete