Subscribe:

Sunday, December 7, 2008

အကြိုက်ဆုံးကဗျာ


ဘ၀ကိုရိုးရိုးလေးဖြတ်သန်းချင်တဲ့သူ
အဲဒီကောင်းကင်ပေါ်က အရုပ်တွေဟာ
လှပတဲ့အိပ်မက်ဖြစ်သလို
ရုပ်ဆိုးသွားတဲ့ မျှော်လင့်ချက်လည်းဖြစ်တယ်၊
ရေစီးအားကောင်းတဲ့ စမ်းချောင်းလေးဖြစ်သလို
ကောသွားတဲ့ ဖြစ်တည်မှုလည်းဖြစ်တယ်၊
သီးနှံတွေစိမ်းလန်းတဲ့ အသက်ရှင်နေထိုင်မှုဖြစ်သလို
ပေါင်းပင်တွေတောထနေတဲ့ ဖုန်းဆိုးမြေလည်းဖြစ်တယ်။

အပျက်အစီးပုံကြီးကို ကြည့်ကြည့်ပြီး
သူများကိုလည်း အပြစ်မတင်တတ်ခဲ့ဘူး (အကောင်းမြင်ဝါဒ)
ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်တတ်ခဲ့ဘူး (အဆိုးမြင်ဝါဒ)
တစ်စုံတစ်ရာကိုလည်း အပြစ်မတင်တတ်ခဲ့ဘူး (နတ္ထိဝါဒ)
ဘ၀မှာတော့ နေတက် ထိုင်တတ်သွားခဲ့တယ်။

ဘ၀ကို လေတံခွန်လို အလိုက်သင့်လွှင့်တင်ရင်း
ကိုယ်ရည်သွေးတီးလုံးကို အလွန်အကျွံဖွဲ့ဆိုခဲ့မိတယ်၊
သူလိုကိုယ်လို ရှင်သန်ကြီးပြင်းရင်း
သူလိုကိုယ်လို ဒုက္ခတွေရှိခဲ့ပေမယ့်
(ငွေ၊ လိင်ကိစ္စ၊ စဉ်းစားချိန် ၊အချစ် နဲ့ အလင်းရောင်)ကို
သူလိုကိုယ်လိုထက် ပိုတောင့်တမိခဲ့တယ်။

အတ္တရေကန်ထဲမှာ လှိုင်းဂယက်ဖွဲ့ရင်း
လပြည့်ဝန်းကိုတောင်မှ
အစိတ်စိတ်အမြွှာမြွှာခွဲခွဲပြီး ဆော့ကစားတက်တဲ့အထိ
ပြီးမြောက်ခဲ့တယ်။
အေးလေ …
ဖြစ်ချင်တာတွေ မဖြစ်မှတော့
မဖြစ်ချင်တာတွေ ဖြစ်ခဲ့ပေါ့။

ရေးသားသူ.....မြမြင့်မိုရ်

အစိမ်းရောင်မာယာ
ကြေကွဲ အိမ်ထဲကပါးပြင်ကို
နှမြောနေမိစဉ်မှာတော့
မာယာတွေဟာ အလံထူလို့
ပလွှားခြင်းရဲ့ အထိအတွေ့မှာ
သာယာနေလေရဲ့

အစာသွတ်ထားတဲ့ အချစ်ကိုမှ
သပ်သပ်ရပ်ရပ် တန်ဖိုးထားမှုဟာ
(အခုမှ) ရယ်စရာဖြစ်မှန်း
တစ်ယောက်တည်း(မှန်ကြည့်ပြီး)
ဝန်ခံမိတော့တယ်...

ပန်းရိုင်းဟာ ပန်းရိုင်းပါပဲ
ပျားတွေနဲ့ ယဉ်ပါးဖို့
အားထုတ်ရဦးမယ်လေ။

ကပိုကရိုအချစ်တွေကြောင့်
ဘ၀ရဲံ အမိုးအကာအောက်
သံစဉ်ဟောင်း ပြက်လုံးတွေကြားမှာ
အမှန်အကန်နှလုံးသားကို
အပျင်းပြေခဲ့ရပြန်ရော
ရေးသားသူ.... မြတ်မိုးလတ်

အိပ်မက်
သိပ်ချောက်ချောက်ချားချားကြီးတော့ မဟုတ်ပါဘူး
လေရူးတွေတိုက်နေတဲ့နွေဦးလို
မငိုဘဲမျက်ရည်ကျနေရုံပါပဲ...
ရွက်ဝါတွေကြွေနေသလိုပေါ့... ။
ရှပ်တိုက်ပြေးလွှားနေရတဲ့မြေပြင်
မင်းရင်ခွင်ဖြစ်သင့်စေချင်ခဲ့
အိပ်မက်ရဲ့အပြင်ဘက်
ခြေတစ်ဖက်မှမချနိုင်သေးသရွေ့တော့
ဦးမော့နေသေးတဲ့မာနတချို့ဟာ
ဝေးကွာခြင်းရာသီထဲ
စိမ်းဝေဆဲဖြစ်နေဦးမှာ... ။
အီကွေတာရပ်ဝန်းက
အမြဲစိမ်းသစ်တောတွေရဲ့အတွင်းဘက်
တစ်ချက်လောက်စောင်းငဲ့ကြည့်စမ်းပါ
ရွက်ဝါတချို့
စိမ့်ဝင်သွားခဲ့တဲ့မြေပြင်
ရင်ခွင်တစ်ခုဖြစ်ခဲ့ရင်။

ရေးသားသူ..... မနောဟရီ


ကိုရင်ဝသန်ပေါ့... အကြိုက်ဆုံး ကဗျာတွေ ရေးပေးဆိုပြီး တက်ဂ်ထားတာလေ။ ခက်တာက မက်မက်က ကဗျာ ကောင်းမှန်ရင် အကုန်လုံးကို ကြိုက်နေတာ ခက်နေတယ်၊ အကုန်လုံး ရေးပေးလိုက်ရင် ဘလော့မှာ စာမျက်နှာ တော်တော် စားသွားမှာ..ဟိဟိ..တခုထဲနဲ့လည်း အားမရဘူး..ဒါကြောင့် သုံးပိုဒ်လောက် တင်ပေးလိုက်တယ်။ ကျေနပ်ပါတော့ ဦးအန်ထော်နီဝသန်(ခေါ်) ဦးခပ်ညံ့ညံ့ကောင်ရေ...အဲမှားလို့ ကိုရင်ဂျူဝသန်....ရေ.... (တခွက်လောက် :P ) မောလို့ :P

ဘယ်ရမလဲ... ဒီတခါ မတတ်ဂ်စဖူး အတက်ဂ်ထူးပါလို့...လာလေရော့.. အဒူ့ကို တက်ဂ်ရရင်ကောင်းမလဲ..
မှန်းစမ်း... ဟော..တွေ့ပြီ...

1.ဦးဦးအောင်(ကိုအောင်ဦး) ရေးပြီး
2.ဖိုးဖိုးဦးကောက်(ကိုသိင်္ခ) ရေးပြီး
3.ဖိုးဖိုးဟိန်းညီ (ကိုဟိန်းညီ)
4.ဦးဦးပန်းဂျဂါး(ကိုပန်းစကား) ရေးပြီး
5.၁၀၀ပဲပေးရတဲ့ဦးရီးတော်(ကိုအလှတရား) ရေးပြီး
6. ဦးဦးအိန်(ကိုအိမ်)
7.ဦးရှင်ကြီး(ကိုရှင်ရဲထွတ်)
8.ဦးဦးတီတီအာမီ(foreverarmy) ရေးပြီး
9.ဦးဦးတိန်(ကိုပုသိမ်)
10.တီတီပယဲ(မပုလဲ) ရေးပြီး
11.တီတီတင်ချာ(မသဉ္ဇာ) ရေးပြီး
12.တီတီငယ်(ကိုရင်နော်ခင်လေးငယ်)
13.တီတီငွန်(မငွန်ငယ်မိုး) ရေးပြီး
14.တီတီ60(မဝေလေး) ရေးပြီး
15.တီတီယောင်းယောင်း(မီးလေးဇာ) ရေးပြီး
16. တီတီမေတူ(မမေသူ) ရေးပြီး
(4)၇က်အတွင်းတက်ဂ်ပို့စ်ရေးပေးရင် ချစ်တဲ့သူနဲ့ အတူတူ ပေါင်းရတယ်လို့ ကြားဖူးတယ်နော်.. ခစ်ခစ်.. :P
အဲဒီတော့.... အဟမ်းအဟမ်း... :P

15 comments:

  1. အရမ်းတော်တဲ့ မက်မက်ပဲ။ ဟိ ဟိ။ ကောင်းလှောင့်တေး... ကောင်းလှောင့်တေး......။

    ReplyDelete
  2. အော်...... သူများရေးထားတာလားလို့
    ချီးမွမ်းမလို့ အဆုံးကျမှ သူကဆားချက်ထားတာ
    ကိုး

    ReplyDelete
  3. tt ကတော့ တော်လိုက်တာ လို့..ဟွန်းတူလည်းရေး
    တာဟုတ်ပဲနဲ့..လူကြီးကိုလိမ်တယ်..

    ReplyDelete
  4. ဟွန်း.. သုဇိတာလေး ကတော့လုပ်ပြီ. ၃ ပုဒ်တောင်
    တဲ့.. ကောင်းပါ့..အများကြီးဖတ်ရတာပေါ့..ဟဟ
    စည်းကမ်းချက်နဲ့ ညီဘူး. သီလရှင်ဝတ်ရတော့ဘူး. :D

    ReplyDelete
  5. အော်...သူများရေးထားတာနဲ့ တက်လိုက်တယ်ပေါ့။ရပါတယ်....ရေးပေးရမှာပေါ့

    ReplyDelete
  6. ဘာပြောမှာလဲသိသွားပြီကွယ် ...
    ကဗျာလေးဖတ်ပြီး အိမ်ပြန်ပြီမက်ကလေးရေ
    ၅ရက်မြောက်နေ့ကျရေးပေးမယ်နော်
    တူမလေးဆုကတီတီ့အတွက် မထူးတော့ပါဘူးလေ ..အဟွန့်... :P

    ReplyDelete
  7. ဟယ်ဘိုးဘိုးအောင် ၀လုံး
    ဂလိုမှန်းသိရင်
    မလာပါဘူး
    တူမတော်တို့ကတော့လေ။

    ReplyDelete
  8. အောက်မြတ်ငေး-
    ဟီးဟီး-နှပ်နှပ်တောင်ထွက်တယ်
    လူလိမ်မလေး-ဟီးဟီး

    ReplyDelete
  9. ဒေါ်ဒေါ်ဂျီး စီစီ...

    လေးရက်တော့ လုပ်နဲ့...
    အချိန်နည်းလွန်းတယ်...
    ဒီမှာ အကြွေးတွေများလွန်းနေပြီ...
    ဒါဘဲ... အ ဟင့်...

    မီးမီးလေးမယ်မယ်

    ReplyDelete
  10. အဲလိုကဗျာမျိုးတွေ ကြိုက်တတ်တယ်ဆိုတော့ လေးစားနေမိပါရဲ့ တူမကြီးရေ

    ReplyDelete
  11. ကဗျားလာဖတ်တယ်၊ ကောင်းတယ်ဗျ

    http://winzaw-mdy.blogspot.com

    ReplyDelete
  12. ရေးခိုင်းတာ တစ်ပုဒ်တည်းပါ ( ကျမအကြိုက်ဆုံးတည်း မှကဗျာတစ်ပုဒ်) ရှင်းပါတယ်နော်။ စည်းကမ်းချက် နံပါတ် (၆) ကိုလည်း ဖောက်ဖျက်ထားသလိုတွေ့ရပါတယ်။ ထို့ကြောင့် ကျောသား၊ ရင်သားမခွဲခြားပဲ နံပါတ် (၁ဝ) အတိုင်း အရေးယူရပါလိမ့်မယ်။ တည်ဆဲဥပဒေ အတိုင်း တရားဆွဲပါတယ်..။ တရားအဆွဲခံပါ။

    ပုံ..
    အဲဒီတာချုပ်၊ စာတည်းမှူး
    ပြာတာ၊ ဓမ္မသာရ ပီယဝါစာ
    ခပ်ညံ့ညံ့ကောင်

    ReplyDelete
  13. အစိမ်းရောင်မာယာဆိုတာ ကျွန်မကဗျာမဟုတ်သလိုပဲ...မနောဟရီဆိုတာများ
    ရှိသေးလားစဉ်းစားမိနေတုန်း အိပ်မက်ကတော့ ကျွန်မကဗျာဖြစ်နေတယ်..

    ReplyDelete
  14. ဟိဟိ... အစ်မကဗျာ လေးတွေကို မက်မက်က ကြိတ်ခိုက်နေတာသိလား.. ငါ့အစ်မက အရေးအသား ကဗျာစပ် တာက အရမ်းတော် တယ်... အာဝါးးးးးးး မမ မနော်... အခုလို လာပြောတာကိုလည်း ကျေးဇူးနော် ချစ်မ ...

    အစ်မနော်..ရေ...ရေးသူမှား တွားတယ် နော်.. စိတ်မဆိုးနဲ့... ဟုတ်ပါ့.. အစ်မပြောမှ မက်မက်လည်း
    သွားကြည့်မိတယ်.. ကျေးဇူးနော်ချစ်မ.. အာဝါးးး

    ReplyDelete
  15. ကဗျာကောင်းလေးကို ဖတ်သွားတယ်***
    ခေါင်းစဉ်ကိုအကြိုက်ဆုံးပဲ***

    ReplyDelete