Subscribe:

Wednesday, December 31, 2008

၂၀၀၉နှစ်သစ်ကြိုဆိုခြင်း


တရားပွဲ အပြီးမှာ နားနေခန်းတွင် ခဏနားနေစဉ် ( အဲဒီနေ့က ဘုန်းဘုန်း ကျန်းမာရေး မကောင်းပါ)


28.12.2008 Eunose ဘုန်းကြီးကျောင်းတွင် တရားဟောအပြီး နားနေစဉ်
ဒီနေ့ 31 ရက်နေ့တွင် ဘုန်းဘုန်း ရန်ကုန်သို့ ပြန်လည် ကြွသွားပါပြီ။

မက်မက်ရဲ့ ချစ်ရ ခင်ရ တဲ့ အစ်ကို အစ်မတွေ နဲ့ ဦးဦး တီတီ တို့အပါအ၀င်၊ မက်မက်ရဲ့ စာဖတ်ပရိသတ် အပေါင်း အားလုံးကို ၂၀၀၉ ၏နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နဲ့ ပြည့်စုံကြ ပါစေလို့ ဆုတောင်း မေတ္တာ ပို့သ အပ်ပါတယ်။

သီတဂူ ဆရာတော်ဘုရားရဲ့ မေတ္တာပို့လေးပါ။

ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ
မေတ္တာနှလုံး ကိုယ်စီသုံး ရွှင်ပြုံးကြပါစေ
မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ
မေတ္တာရေစမ်း ကိုယ်စီဖြန်း အေးချမ်းကြပါစေ
ခန္တီ၏ရန် ဒေါသမာန် တွန်းလှန်နိုင်ပါစေ
ခန္တီနှလုံး အစဉ်သုံး ရွှင်ပြုံးကြပါစေ
တို့မေတ္တာစွမ်း ကမ္ဘာလွမ်း ငြိမ်းချမ်းကြပါစေ

Mwah Mwah :P

မက်မက်ရဲ့ ချစ်ခင် လေးစားရတဲ့ အစ်ကို၊ အစ်မတွေနဲ့ ဦးဦး၊ တီတီတွေကို ဒီနှစ်သစ် အကြိုလေးမှာ အာဝါးးးးးးးးးး အမြှောက်တသိန်းနဲ့ ကြိုဆိုလိုက်ပါတယ်။ :k :P

နှစ်သစ်၂၀၀၉ မှာ အားလုံးအတွက် ဆုတောင်းပေးပါတယ်
╔══╦══╦══╦══╗
  ╚═╗║╔╗║╔╗║╔╗║
  ╔═╝║║║║║║║╚╝║
  ║╔═╣║║║║║╠═╗║
  ║╚═╣╚╝║╚╝╠═╝║
  ╚══╩══╩══╩══╝
¤ø„¸¨°º¤ø„¸ ¸„ø¤º°¨¸„ø¤º°¨
¨°º¤ø„¸ HaPpY ¸„ø¤º°¨
¸„ø¤º°¨ NeW yEaR``°º¤ø„¸
¸„ø¤º ``°º¤ø„¸ ¤ø„¸¨°º¤ø„

12 Month of Happiness,
52 Weeks of Fun,
365 Days Success,
8760 Hours Good Health,
52600 Minutes Good Luck,
3153600 Seconds of Joy.

My wishes for you, Great start for Jan,
Love for Feb,Peace for march,
No worries for April Fun for May,
Joy for June to Nov,Happiness for Dec,
Have a lucky and wonderful 2009.

For last year's words belong to last year's language
And next year's words await another voice.
And to make an end is to make a beginning.Happy New Year.

Before the golden sun sets,
2008's calender is destroyed,
And mobile networks get jammed,
I wish in 2009 every moment is enjoyed

Monday, December 29, 2008

လက်တွေ့စိတ်ကူးယဉ်ခြင်း


စိတ်ကူးယဉ်ခြင်းတဲ့.. တူတော်မောင် ဂျယ်လီ (ဂျယ်ဂျဲ ) နဲ့ သယ်ရင်း ဂုရုကြီး (မယ်ဂုမီ )က ထပ်တက်ဂ်လိုက်ပြန်ပြီ၊ စိတ်ကူးယဉ်... အတွေးကမ္ဘာထဲ.. ဟင်းဟင်.... သူလဲလေ အမြဲပါဆဲ...အဟတ်အဟတ်....အော်....ယောင်ကုန်ပါပြီ.....ကြော်ငြာနဲ့ မှားကုန်ပြီ... ဟားဟား..... :P

ဘယ်လိုစိတ်ကူး ယဉ်တာလဲ ဆိုတော့ အိပ်မက်တွေပေါ့........အိပ်မက်တွေ.....စိတ်ကူးယဉ် အိပ်မက်တွေ....မက်မက်က တော်တော်လေးကို စိတ်ကူးယဉ် နေတတ်တာ....အလကား နေရင်းနဲ့ကို တခုခုကို အမြဲတွေးတော နေတတ်တာ.....အဲဒီတွေးတော ထားတဲ့အရာ တွေကိုလည်း မဖြစ်ဖြစ်အောင် အကောင်အထည် ဖော်တတ်တဲ့ အကျင့်က လည်းရှိတယ်...အခုလည်း စိတ်ကူးယဉ်ပြီး စိတ်ကူးထားတာ ရှိတယ်....သိလား...အဲဒါ ဘာလဲ ဆိုတော့...တရုတ်နှစ်သစ်ကူးကို ခွင့်ရက်ရတုန်း ရန်ကုန်ကို ခဏဖြစ်ဖြစ် ပြန်ချင်တယ်......အဖေနဲ့ အမေကို လွမ်းသမျှ အတိုးချချွဲမယ်..... ကြုံသလို သတိရနေတတ်တဲ့ မက်မက် သမီးလေး မေစီရတနာ လေးကိုလည်း အတိုးချ အလွမ်းသယ် အာဝါးပေး ရတော့မယ်...အဟဲ...ပြီးရင် စားချင်တာတွေ အကုန်လျှောက် စားပစ်မယ်...ကြေးအိုး...၀က်သားတုတ်ထိုး...မြေနီကုန်းက လဘ္ဘရည်...အို...အစုံအစုံကို စားပစ်အုန်းမှာ.....အဟဲ...တော်တော်တော့ ပျော်စရာ အရမ်းကောင်းတယ်...ပြီးရင် တူမလေး ရှိတဲ့မန္တလေးကို သွားလည်မယ်...တူမလေးကို သွားကြည့်ဦးမယ်...ပြီးရင် မွေးရပ်ဇာတိ ဖြစ်တဲ့ ပန်းမြို့တော် (မေမြို့မဟုတ်တဲ့ ပြင်ဦးလွင်)ကို သွားလည်မယ်.... ပြီးရင်...ပြီးရင်..ဘာလုပ်မလဲ ဆိုတော့ ရန်ကုန် မှာရှိတဲ့ ဘလော့ကာ မောင်နှမ တွေကိုတွေ့မယ်....ရင်းနှီးချစ်ခင်မှုနဲ့ပါ...မောင်နှမတွေကို ခင်တာ ခင်ရတာ ချစ်တာ ချစ်ရတာ...တချို့ကလည်း မြင်ဖူးပြီးသား ပါသလို....တချို့ကိုလည်း မမြင်ဖူးသေးဘူး ...ဒါကြောင့် သူတို့တွေနဲ့ တွေ့မယ်..... ပြီးရင် အဲဒီမောင်နှမ တွေနဲ့စုပြီး ဘုရားဖူးခရီး ထွက်မယ်.....အခုရာသီက ဘယ်ကိုသွားရင် အသင့်တော်ဆုံးလဲ ဆိုတော့ ကျိုက်ထီးရိုး စေတီပေါ့....မက်မက်တကယ်ကို စိတ်ကူးနဲ့ သွားနေရတာပေါ့.... ပြီးတော့ အလှူအတန်းတွေ လုပ်မယ်..... တောင်တက်လမ်း တလျှောက် တွေ့ရတဲ့ ကလေးတွေကို မုန့်ဖိုးပေးမယ်... ၀ါးးးး တွေးရင်းနဲ့တောင် အခုပဲ သွားချင်လာပြီ... ဟိဟိ... :P

အခုတောင် ကိုယ့်စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့... အွန်လိုင်းမှာ ခင်ရတဲ့ ချစ်ရတဲ့ ဘလော့ကာ မောင်နှမ တွေကို ပြောပြလိုက်တယ်...မက်မက်ရဲ့ အစ်ကိုအစ်မတွေက တော်တော်လေး အားကိုးရတယ်... အိုကေတဲ့... ဒါဆို အားလုံး တွေ့ဖို့ စီစဉ်လိုက်မယ်တဲ့... .....ဟယ်.... ကြည့်စမ်း.... ဘယ်လောက် ပျော်စရာကောင်းလဲ...၀မ်းသာစရာကြီး.....နော်... မောင်နှမတွေကို စုစုစည်းစည်း နဲ့ တနေရာတည်းမှာ တွေ့ရတော့မယ်...ပြီးရင် ကျိုက်ထီးရိုးစေတီ ဘုရားကို ပျော်ပျော်ပါးပါး သွားဖူးကြမယ်....တွေးတာနဲ့တင် ဘယ်လောက် ပျော်စရာ ကောင်းလဲ... နော်... ... ဒန်ဒန်....ဒန်...... :)

မက်မက်ရဲ့ စိတ်ကူးယဉ် လေးတွေကို အကောင်အထည်ဖော်ဖို့ ဘလော့ကာ မောင်နှမတွေကို ဖိတ်ပါတယ်....မက်မက်နဲ့ အတူ ရန်ကုန်မှာ တွေ့ဆုံပွဲလေး လုပ်ဖို့ ပါဝင်မဲ့ ဘလော့ကာ အစ်ကိုအစ်မတွေ မောင်နှမတွေ အားလုံးကို ဖိတ်ပါတယ်.... အဲဒီတွေ့ဆုံ ပွဲအတွက် ပါဝင်မယ့် အစ်ကို အစ်မတွေရဲ့ နာမည်နဲ့ ဘလော့လင့် လေးတွေကို အခုပေးထားမယ့် မေးလ်မှာ ပေးပို့နိုင်ပါတယ်.....ပြီးတော့ တွေ့ဆုံပွဲ အပြီးမှာ ကျိုက်ထီးရိုး ဘုရားဖူးကို သွားရန် စီစဉ်ထား ပါတယ်ရှင်...အားလုံးကို ပျော်ပျော်ပါးပါးနဲ့ မောင်နှမတွေကို ခင်ခင်မင်မင် တွေ့ဆုံနိုင်ရန် ရည်ရွယ်ထားပါတယ်......ပြီးတော့ ဘလော့ကာ မောင်နှမတွေ ကိုလည်းပိုပြီး နယ်စည်း မခြားဘဲပို၍ ခင်ခင်မင်မင် စည်းစည်းလုံးလုံး ဖြစ်နိုင်ရန် ရည်ရွယ်ပါတယ်......အိပ်မက်ဆိုတာ ကိုယ့်စိတ်ကူး တွေကကိုယ့်ကို ပြန်ပြောပြနေတဲ့ ပုံပြင်တစ်ခုကို လက်တွေ့အကောင် အထည်ဖော် ကြပါစို့နော်......နယ်ဝေးရောက် နေတဲ့ဘလော့ကာတွေလည်း အမိမြန်မာပြည်ကို ပြန်လာ၍ ပါဝင်ကြပါရန် ဖိတ်ခေါ်ပါတယ်....တကယ်လည်း မျှော်လင့်ပါတယ်.....ဖြစ်နိုင်ရင် ခွင့်ယူပြီး အမိမြန်မာပြည်မှာ တွေ့ဆုံကြရန် ပြန်လာကြပါနော်... :P :)

တရုတ်နှစ် သစ်ကူးရက်နဲ့ အားလုံး အားလပ်နိုင်မယ့် ရက်ကို တွေ့ဆုံနိုင် ကြစေဖို့ စီစဉ်ထားပါတယ်။ ရက်အတိအကျကို ပြန်လည်ကြေငြာ ပေးပါ့မယ်.....နော်....... အော်.. အထူးအစီအစဉ် တစ်ရပ်ကိုလည်း ထည့်သွင်းထားသေးတယ် သိလား.. ပေးပို့လာတဲ့ မေးလ်ထဲကို အကြောင်းကြား ပေးမယ်နော်....ပါဝင်မယ် ဆိုရင်တော့ dream@crazydreamlover.com or crazydreamlover@gmail.com or မက်မက်ရဲ့ အစ်ကို ဖြစ်သူ ကိုရင်ဝဿန် johnsout7@gmail.com တို့ စာရင်းပေး နိုင်ပါတယ်....အားလုံး စိတ်တူကိုယ်တူ ပျော်ရွှင်စွာ ပါဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်.... နော်......

Friday, December 26, 2008

မျက်ဝန်းမှတဆင့် သို့မဟုတ် အချစ်ဆိုသည်မှာ

အချစ်ဆိုသည်မှာတဲ့ ကိုရုပ်ရင့်ကြီး အော်..မှားလို့... ကိုရဲရင့်နီ တက်ဂ်ထားတာပါ။ တက်ဂ်ကြွေးတွေ မကြေသေးတော့ စိတ်ထဲမှာလည်း ပို့စ်အသစ်တင်ဖို့ မရဲပါဘူး.. အဟဲ..ဆင်ခြေပေးနေတာ..တကယ်တော့ လုံးဝကို မအားတာပါနော်။ အဲဒီ ( အချစ်ဆိုသည်မှာ ) ကို မက်မက်ရဲ့ အဒေါ် တီတီဒွင်းက ရေးပေးထား ပြီးပါပြီ။ :P ဒါပေမယ့် ထပ်တက်ဂ်တယ် ဆိုတော့လည်း ထပ်ရေးပေးပါမယ်။ အမယ်..ရေးပေးမယ်ဒါ ပြောတာ သူတို့တွေ ရေးထားတာတွေက တော်တော်လေး ပြည့်စုံနေတော့ မက်မက်တို့ ဖတ်ရတာနဲ့တင် ရေးစရာ မကျန်တော့ဘူး...အဟဲ...အချစ်ဆိုသည်မှာ ဘာလဲ ဆိုတော့ လူတိုင်းလူတိုင်း သိစိတ်က မသိပေမဲ့ မသိစိတ်က သိနေတဲ့အရာပါ...အဟဲ..နဲနဲမြင့် သွားလား မသိဘူးနော်...... အဟိ ...အချစ်ဆိုတာ မတူညီတဲ့ လူနှစ်ဦးက တူညီအောင် ညှိပြီး အချစ်ပေါ် အချစ်ဆင့်ကာ မိသားစုဆိုတာ ဖြစ်လာပါတယ်၊ လူမှုအတိုင်းအ၀ိုင်း ဆိုတာတွေ ဖြစ်လာပါတယ်။ ပတ်ဝန်းကျင် ဆိုတာတွေ ဖြစ်လာတယ်။ မျိုးဆက်တွေ ပွားပြီးလာပါတယ်။ဒါကြောင့်

သူ+သူမ=အချစ်
သူ+သူမ+အချစ်=လက်ထပ်ခြင်း
သူ+သူမ+အချစ်+လက်ထပ်ခြင်း=သားသမီးရတနာ သူ+သူမ+အချစ်+လက်ထပ်ခြင်း+သားသမီးရတနာ=မိသားစု သူ+သူမ+အချစ်+လက်ထပ်ခြင်း+သားသမီးရတနာ+မိသားစု=ပြသနာ

ဆိုတာတွေ ဖြစ်လာတာပါ။ အကောင်းဆုံးကတော့ တဏှာဖက် မနွယ်တဲ့ အချစ်သည်သာ အေးမြတာပါ။ အချစ်ကြောင့် စွဲလမ်းမှု ဥပါဒါန် တွေ ဖြစ်ပြီး မလိုလားအပ်တဲ့ ပြသနာတွေကင်းတဲ့ ဖြူစင်တဲ့ အချစ်သည်သာ အေးမြတယ်လို့ ထင်ပါတယ်။ များများချစ်ရင် များများခံစားရပြီး နဲနဲပဲချစ်ရင် နဲနဲပဲခံစား ရတာပါ၊ အချစ်ကြီးလို့ အမျက်ကြီးသွားတဲ့ ဘုရားရှင် လက်ထက်က အကြောင်းလေးကို ပြောပြပါ့မယ်နော်။


ဘုရားရှင် လက်ထပ်က ၀ိနောဓ ဆိုတဲ့ဘုရင်တစ်ပါး ရှိပါတယ်။ သူ့မှာ အရမ်းချောမော လှပတဲ့ ဆန္ဒရလင်္ကာ ဆိုတဲ့ ကချေသည် ရှိပါတယ်။ သူမဟာဘယ်လောက်ထိချောလဲဆိုရင် ဘုရင် အပါအ၀င် စစ်သူကြီး သူဌေးကြီး တွေကပါ သူမရဲ့ ဆိုဟန်၊ ကဟန်တွေနဲ့ သူမရဲ့ ရူပါကို စွဲမက်တမ်းတ နေရတာပါ။ နိုင်ငံရဲ့ အလှဂုဏ်ဆောင် ဘုရင့်ကို ဖြော်ဖြေကပြရတဲ့ ကချေသည် ဆိုတော့ တော်ရုံချောတာ မဟုတ်ဘူးနော် ။အလွန်တရာမှ ချောမော လှပတာပါတဲ့။

ဒါကြောင့်လည်း ဘုရင်က သူမကို အနားမရှိ၊ တံခါးမရှိ၊ ဓားမထိတဲ့ ဆုတံဆိပ် ချီးမြှင့်ထားပါတယ်။ (တရုတ်ကားထဲက ပေါင်ချိန်ကို ဘုရင်က ရတနာကျောက်စီဓား ဆုပေးထားသလိုမျိုးပေါ့) နန်းတွင်းထဲကို ၀င်ချင်တိုင်းဝင် ၊ ထွက်ချင်တိုင်း ထွက်နိုင်တဲ့ မည်သူတစ်ဦး တစ်ယောက်မှ တားပိုင်ခွင့် မရှိတဲ့ ဆုပါ။ အပြစ်ရှိ ခဲ့ရင်တောင် ဘုရင့်လက်နက်နဲ့ မထိရ မသေရတဲ့ ဆုဖြစ်ပါတယ်။

တစ်နေ့တော့ဘုရင်က သရက်တော ဥယျာဉ်က သူကိုးကွယ်တဲ့ အရိယာ ရဟန္တာ တစ်ဦးဖြစ်တဲ့ အရှင်ကောဏ္ဍည ဆိုတဲ့ ရဟန်းတော်ကို နန်းတွင်းထဲခေါ်ပြီး တရားနာပါတယ်။ တရားနာ တဲ့အခါ သမာဓိ ပျက်မှာစိုးလို့ နန်းတွင်းဆောင်ထဲ မည်သူမှ မ၀င်စေရလို့ မှာထားပါတယ်။ ဒီအချိန်မှာ အလှပဂေး ဆန္ဒရလင်္ကာလေး ရောက်လာပါတယ်။ နန်းဆောင်ထဲ ၀င်မယ်လုပ်တော့ တံခါးစောင့် ဗိုလ်မှုးလေးက တားမြစ်ပါတယ်။ ဒါကို ဆန္ဒရလင်္ကာလေးက သူ့ကိုတားရ ကောင်းလားဆိုပြီး အမျက်တော်ရှကာ ဘုရင်ပေးထားတဲ့ တခါးမရှိ ဓားမထိတဲ့ ဆုကို ထုတ်ပြကာ သူ့ကို ဘယ်သူမှ တားခွင့်မရှိကြောင်း ရန်တွေ့တာပေါ့။ ဒါကိုဘုရင်က ကြားတော့ သူမကို ၀င်လာဖို့ ခေါင်းညိတ် ပြလိုက်တယ် ဆိုရင်ပဲ ဆန္ဒရလင်္ကာ လေးက၀င်လာပြီး ဘုရင့်အနားမှာ ၀င်ထိုင်ပါတယ်။ ၀တ်ကောင်းစား လှတွေနဲ့ တောက်ပြောင်နေတော့ သူမ၀င်လာတာကို အရှင်ကောဏ္ဍည ကလည်းမြင်ပါတယ်။ အဲဒီမှာ ဆန္ဒရလင်္ကာလေး ကတော့ ရဟန္တာ ကိုမြင်ပြီး အင်မတန် အေးချမ်းတဲ့ ရဟန်းရှင်ရဲ့ မျက်နှာတော်နဲ့ တည်ငြိမ်တဲ့ မျက်ဝန်းတော်ကို တွေ့လိုက်ရတော့ အဲဒီရဟန်းကို ချစ်စိတ်တွေ ဖြစ်ပေါ်ပြီး၊ စွဲလမ်းစိတ်နဲ့ ပိုင်ဆိုင်ချင် စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ တဏှာကုန်ပြီး ပပဉ္စ တရားသုံးပါး (ဒိဋ္ဌိ၊ တဏှာ၊ မာန) တွေမရှိတဲ့ ရဟန္တာအရှင်မြတ် ကတော့ အေးဆေး တည်ငြိမ်စွာနဲ့ပဲ တရားဆက်လက် ဟောပါတယ်။

ဒီလိုနဲ့ နောက်တစ်နေ့မှာ ဆန္ဒလင်္ကာလေးက ရဟန္တာ သီတင်းသုံးရာ သရက်တော ဥယျာဉ်တော်ကို ရောက်ရှိ လာပါတယ်။ ပြီးတော့ မထေရ်ရဲ့ ခြေတော်အစုံကို သူမဆံပင်နဲ့ ပတ်ကာ ၀ပ်ဆင်းပြီး အရှင်ဘုရား တပည့်တော်မကို အရှင့်ရဲ့ အပါးမှာ တဖ၀ါးမကွာ ပါရမီဖြည့်ခွင့် ပေးပါဘုရားတဲ့...ဒီတော့ အရှင်ကောဏ္ဍညက အကျွန်ုပ်မှာ ပြုစုလုပ် ကျွေးရန် ကပ္ပိယ ရှိတယ် ဒကာမ ၊ ကျွန်ုပ်အတွက် ဘာမှမလိုပါ လို့ ပြောတာပေါ့။ ဒီတော့ ကချေသည်လေးဟာ သရက်တော ဥယျာဉ်ကျောင်းကို နေ့တိုင်းနေ့တိုင်း လာပါတယ်။ အဲဒီအခါမှာ ရဟန္တာ ကလည်း တံခါးကို ပိတ်ကာ အတွေ့မခံတော့ပါဘူး။ ဒါပေမယ့် ဆန္ဒရလင်္ကာက အနုပီယ သရက်တော ဥယျာဉ်ကို သွားမြဲသွားပြီး ရဟန္တာရဲ့ မျက်နှာလေးကို တွေ့ရနိုး တွေ့ရနိုးနဲ့ တံခါး အပြင်ကနေပဲ နေ့တိုင်း စောင့်နေ ပါတယ်တဲ့။

ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက် ဆိုတဲ့အရှက်သုံးပါး ဖြစ်နေတော့ ကျန်းမာရေး တွေလည်းထိခိုက် လာပါတယ်။ ကကြိုးကကွက် တွေကလည်း မမှန်ဖြစ် နေတာပေါ့၊ ဒါကိုသိနေတဲ့ ဒုတိယ ကချေသည်မလေး ကုန္ဓရကေသာ ဆိုသူကလည်း ကုန်းချောဖို့ ချောင်းနေပါတယ်။ ပြီးတော့ ဘုရင်ဆီကို သွားလျှောက်တင်ပါတယ်။ သရက်ကိုင်းလေးကို ကိုင်ပြီး အရှင်မင်းကြီး ဒီသရက်ကိုင်းက ဆန္ဒရလင်္ကာရ လေးရဲ့ရထားလုံး ပေါ်ကရရှိတာပါ၊ ဆန္ဒရလင်္ကာလေးဟာ သရက်တောဥယျာဉ် ကျောင်းလေးကို နေ့တိုင်းသွားကြောင်း၊ အရှင်ကောဏ္ဍညနဲ့ ဆန္ဒရလင်္ကာလေးတို့ ဖောက်ပြားနေကြောင်း ကုန်းချောပါတယ်။ ဒါကိုဘုရင်က မှူးမတ်တွေကို သွားစုံစမ်း စေပါတယ်။ မှူးမတ်တွေကလည်း ဆန္ဒရလင်္ကာလေးက မထေရ်ကြီးကို သူနဲ့ပေါင်းဖော်စေ လိုကြောင်းနဲ့ နေ့တိုင်း သရက်တော ဥယျာဉ်ကျောင်းရဲ့ အပြင်မှာ ရဟန်းကို မြင်ရရုံနှင့် ကျေနပ်ကာ စောင့်နေကြောင်း စသည်ဖြင့် ပြောကြား လိုက်ပါတယ်။ အဲဒီမှာ ဘုရင်က စဉ်းစားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရဟန္တာမထေရ်နဲ့ ကချေသည်တို့ ညားတယ်ဆိုတာ ပြောမကောင်း ဖြစ်မဲ့အစား၊ ငါကိုယ်တော်ပဲ အနစ်နာခံပြီး သာသနာကို အဖတ်ဆယ်ရမယ်၊အမျိုးမြင့်တဲ့ဘုရင်နဲ့ ဇာတ်နိမ်တဲ့ ကချေသည်တို့ ဖြစ်တာက ငါတို့ပုထုဇဉ် တွေအတွက် ကိစ္စမရှိ ဒါကြောင့် သာသနာမှာ အပြောမခံရအောင် ငါကိုယ်တော်မြတ် ဆန္ဒရလင်္ကာလေးကို မိဖုရားခေါင် မြှောက်မှ သင့်တော်ပေမယ်။ ဒါဆို ဒုတိယ ကချေသည်လေး ကုန္ဓရကေသာလည်း ပထမ ကချေသည်လေး နေရာရသွားမယ်။ ဆန္ဒရလင်္ကာလေးလည်း မိဖုရားခေါင် ဖြစ်သွားမယ်။ ကဲ....ရှင်ဘုရင်နဲ့ ကချေသည် အဆင့်က ကွာခြားနေတာနော်....ဒါကိုတောင် မထောက်ထားပဲ သာသနာကို ထိခိုက်လာမှာကို မလိုလားလို့ အနစ်နာခံတဲ့ စိတ်လေးက ဘယ်လောက် မြင့်မြတ်လည်းနော်။

ဒီလိုနဲ့ မှုးမတ်တွေ ခေါ်ပြီး ရှင်ဘုရင်ကြီးက ကချေသည် မလေးရဲ့ အဆောင်ကို ကြွပါတယ်။ အရှင်မင်းကြီး ကြွလာတယ်၊ မကြွစဖူး ကြွလာတာ ဘာကိစ္စ များလဲပေါ့ ဆန္ဒရလင်္ကာရက မေးပါတယ်။ ဘုရင်ကလည်း မသိချင် ဟန်ဆောင်ပြီး နှမတော် ကျန်းမာရဲ့လား၊ နှမတော်ကျန်းမာရေး ကောင်းအောင်နေပါ၊ ကျန်းမာရေးကောင်းရင် နှမတော်ကို မိဖုရား မြှောက်ချင်ကြောင်း ပြောပါတယ်။ သဘောတူရဲ့လား လို့မေးပါတယ်။ ဆန္ဒရလင်္ကာလေး ကလည်း သဘောတူကြောင်း ပြောပါတယ်။

အရှင်မင်းကြီး နှမတော် အရမ်းကြောက် နေပါတယ်။ ဘာကြောင့် ကြောက်ရတာလဲ၊ ငါကိုယ်တော် မြတ်လောက် သင်နှမမှာ ကြောက်ရမဲ့သူ ဘယ်သူရှိလို့လဲ မေးပါတယ်။ ဆန္ဒရလင်္ကာ လေးကလည်း ဘုရင်ချီးမြှောက်တဲ့ ဖိဖုရား ရာထူးကို ယူတဲ့နေ့မှာ အဲဒီလူရဲ့ ခေါင်းကိုဖြတ်ပေးပါလို့ ကတိတောင်းပါတယ်။ဘုရင်ကလည်း နှမတော်လက်ညိုးသာ ထိုးလိုက် နှမတော်အလိုကျ ဖြစ်စေရမယ်လို့ ကတိပေးပါတယ်။တကယ်တော့ ဆန္ဒရလင်္ကာလေးက ချစ်တာကို မိန်းမမာယာ ဖြင့်ကြောက်တယ်လို့ ဖြေလိုက်တာပါ၊ သူမရတော့မဲ့ အတူတူ ရဟန္တာရဲ့ ခေါင်းကိုဖြတ်ဖို့ ကြံစည်နေတာပါ။

ဒီလိုနဲ့ ဆန္ဒရလင်္ကာလေး နေကောင်းလာတော့ မိဖုရား မြှောက်တဲ့နေ့မှာ ဆန္ဒရလင်္ကာက အရှင်မင်းကြီး နှမတော်ကို ကတိပေးထားတာ နှမတော်ကြောက်တဲ့ နှမတော်၏ ရန်သူရဲ့ကို ခေါင်းဖြတ်ပေး ပါတော့လို့ ပြောပါတယ်။ ဘုရင်က မေးပါတယ်၊ နှမတော်ပြောပါ နှမတော်ရဲ့ ရန်သူက ဘယ်သူလဲပေါ့။ အဲဒီမှာ သူမရဲ့ ရန်သူဟာ ရှင်ကောဏ္ဍည ရဟန္တာ ဖြစ်တယ်လည်း ဆိုရော ဘုရင်က အံသြတာပေါ့။ အရှင်ကောဏ္ဍည ရဟန္တာရဲ့ ခေါင်းကိုမရရင် အရှင်ဟာ တိုင်းပြည်အုပ်ချူပ် မင်းလုပ်ပြီး ကတိကို မထိန်းသိမ်း သစ္စာတရား မရှိတဲ့ ဘုရင်ဖြစ်တယ် ဆိုပြီး အပြစ် တင်တာပေါ့။ ဒါနဲ့ ဘုရင်ကလည်း အကြိမ်ကြိမ် ချီတုံချတုံ ဖြစ်နေပါတယ်။မိန်းမလိုချင် လို့တော့ မဟုတ်ဘူးနော်။ ဘုရင်ရဲ့ ရာဇပဝေဏီ ထွက်ပြီးသား ကတိစကားကို ထိန်းနေတော့ ချီတုံချတုံ ဖြစ်နေတာပါ။

ဒီလိုနဲ့ နန်းတွင်းမှာ အခြေအတင် ပဋ္ဋိပက္ခ ဖြစ်နေတုန်း ဒါတွေကို ရဟန္တာမြတ်က ဥာဏ်နဲ့ဆင်ခြင် လိုက်တော့ အော်..ငါ့ရဲ့အာယုဒီဂ သက်တမ်းက သိပ်မကျန် တော့ဘူးဆိုတာ သိနေပါတယ်။ ဒါကြောင့် အဘိဥာန်နဲ့ နန်းတွင်းကို ကြွလာပါတယ်။ ဒကာရေမြေ့ရှင် ဆရာတော်ရဲ့ သက်တမ်းက မရှိတော့ပါဘူး၊ ငါကိုယ်တော်၏ ခေါင်းကိုဖြတ်ရင် အရှင်မင်းကြီးလည်း ကတိမပျက် တော့ဘူး၊ ဆန္ဒရလင်္ကလဲ သူရဲ့ရန်သူ မရှိရင် သူအေးအေး ချမ်းချမ်း နေလို့ရမယ်၊ ဒါကြောင့် ငါကိုယ်တော်မြတ်၏ ခေါင်းကိုဖြတ်ပါ၊ ငါလှူပါတယ် လို့ပြောပါတယ်။ ဘုရင်ရဲ့ စိတ်မှာလည်း တော်တော် တုန်လှုပ်သွားပါတယ်။ ဆန္ဒရလင်္ကာ လေးကလည်း အရှင်ဖြတ်ပါတော့ လို့ပြောပါတယ်၊ ဘုရင်ကလည်း ချီတုံချတုံဖြစ်ပြီး နှစ်ကြိမ်လုံးလုံး သန်လျက်ကို ထုတ်လိုက် သွင်းလိုက်နဲ့ ဖြစ်နေပါတယ်။ သုံးကြိမ်မြောက်လည်း ကျရော ဆန္ဒရလင်္ကာလေး အမြင်မှန်ရသွားပါတယ်။

အော်..တကယ်တော့ လူတိုင်းလူတိုင်း ငါက ငါလိုချင်စိတ် တစ်ခုထဲနဲ့ ဒီရဟန်းကို ငါမှမရရင် တခြားလူလည်း မရစေရဘူး၊ ငါမှ မချစ်ရရင် တခြားမိန်းမလည်း မချစ်ရဘူး ဆိုတဲ့စိတ်နဲ့ သတ်မှတ်လိုက်တယ်။ တကယ်တော့ ရဟန်းက တခြားမိန်းမကို ချစ်ဖို့ပေါင်းဖို့မှ မဟုတ်ပဲ၊ ငါနဲ့ ဘုရင့်အတွက် အဆင်ပြေစေအောင် လာပြီး အသက်စွန့်တယ်၊ လူတွေဟာ ငါဆိုတဲ့ အတ္တ တစ်ခုတွက် အလုပ်လုပ်တယ်၊ အရှင်ကောဏ္ဍည ကတော့ အတ္တကိုစွန့်၍ ငါတို့အတွက် လာပေးဆပ်တယ်၊ ဘာကြောင့်မို့ သူဒီလို လုပ်နိုင်တာလဲ၊ ပါရမီရင့် နေတာပါနော်၊ တကယ်တော့ ငါတို့နှစ်ယောက်လုံးကို ချစ်တာပါလား၊ ယောင်္ကျားကောင်း တို့ရဲ့ချစ်တဲ့ အချစ်က ဒါကိုခေါ်တာလား မသိပါဘူးဆိုပြီး စဉ်းစားတာပေါ့၊ လင်ချစ်မယားချစ် စိတ်ကနေ လောကကြီးကို စွန့်လွတ်တတ်တဲ့ အချစ်ကို သူဘယ်လို ကျင့်ခဲ့လည်း မသိဘူး အဲဒီလို အချစ်မျိုးကို ဘယ်လိုပိုင်နိုင် အောင်ခဲ့လည်း စဉ်းစားပါတယ်။ ငါသိချင် လိုက်တာလို့ တွေးလိုက်ပါတယ်။

ဒီအခါမှာ ဘုရင်ကလည်း သုံးကြိမ်မြောက် သန်လျက်နဲ့ အရှင်ကောဏ္ဍည ရဟန္တာရဲ့ ဦးခေါင်းကို ရွယ်လိုက်တဲ့ အခါမှာ ဆန္ဒရလင်္ကာလေးက အရှင်မင်းကြီး တော်ပြီ အရှင်ကောဏ္ဍည မထေရ်ရဲ့ခေါင်းကို မဖြတ်ပါနဲ့တော့။ အရှင်ကောဏ္ဍည ကလည်း နှမတော်ရဲ့ ရန်သူမဟုတ် တော့ပါဘူးဆိုပြီး တားမြစ်လိုက်ပါတယ်။ အရှင်ကေဏ္ဍည ရဟန္တာက အခြားတစ်ယောက်ကို ချစ်ဖို့ပေါင်းဖို့ မဟုတ်ဘူးနော်၊ အရှင်ဘုရား တပည့်တော်မတို့ နှစ်ယောက်အတွက် ဦးခေါင်းကို စွန့်လွတ်ရဲတာက အရှင်ဘုရားရဲ့ စိတ်သန္တာန်မှာ ဘာတွေရှိပါသနည်း လို့မေးပါတယ်။ အရှင်ကောဏ္ဍညက နှမ ငါ၏စိတ် သန္တာန်မှာ ဓမ္မတွေ ရှိပါတယ်လို့ ပြန်ဖြေပါတယ်။ နှမ ဆန္ဒရလင်္ကာ အရိယာတွေသည် ဥာဏ်မှာ စံကြပါတယ်၊ ပုတုဇဉ်တွေသည် ကံမှာ စံကြပါတယ်။

ပုတုဇဉ်တွေက ကံတိုးအောင်နေသည်၊ အရိယာတွေက ဥာဏ်တိုးအောင်နေသည်၊ ကံတိုးရင် ခန္ဓာတိုးတယ်၊ (ကံတိုးတယ်ဆိုတာ သံသရာချဲ့တဲ့ သဘောပါ။) အရိယာတို့သည် ကံတွေကုန်သွားတာ ဖြစ်သည့်အတွက်ကြောင့် ငါ့မှာ အကုသိုလ်ရော ကုသိုလ်ရော ကုန်သွားပါပြီ၊ မရှိတော့ပါ၊ နှမရဲ့ စိတ်သန္တာန်မှာတော့ အရိယာဓမ္မ မဟုတ်တဲ့ အဓမ္မ တွေရှိတယ်၊ အဲဒီတရားတွေက နှမရဲ့ စိတ်သန္တာန်ကို ပူလောင်အောင် ဆင်းရဲအောင် လုပ်နေတာပါ၊ ဒါကြောင့် ရဟန်းကို ရဟန်းမှန်း မသိဘဲ ဖြစ်နေတာပါ။ တကယ်တော့ ဖြတ်ရမဲ့ ဦးခေါင်းက အပြင်မှာ မရှိပါဘူး၊ နှမရဲ့ စိတ်သန္တာန်မှာ ရှိတဲ့ အ၀ိဇ္ဇာနဲ့ တဏှာ ကိုသာပြတ်အောင် ဖြတ်ရမှာပါ။ အဲဒီတရား တွေဖြစ်တဲ့ အ၀ိဇ္ဇာတွေသည် နှမရဲ့ ရင်ထဲ၌သာ ရှိပါတယ်၊ ငါ့ရဲ့ ဦးခေါင်း မဟုတ်ပါဘူး၊ အဲဒီ နှမရင်ထဲ မှာရှိတဲ့ အ၀ိဇ္ဇာ တဏှာဆိုတဲ့ ဦးခေါင်းကို ဖြတ်နိုင်ရင် အလိုလိုပြတ်ပြီး သွားမှာပါ နှမရယ်လို့ ပြောလိုက်တဲ့အခါ အရှင်ကောဏ္ဍည ရဲ့သာယာ တည်ငြိမ်စွာ နှမလို့ခေါ်ဆိုမှုနဲ့ တရားသံတွေကြောင့် ဆန္ဒရလင်္ကာလေးမှာ ရှိနေတဲ့ ဒေါသဟာ အလိုလို ပြာကျသွားပါတယ်။

ပြီးတော့ မထေရ်ရဲ့ ခြေတော်အစုံကို သူမဦးခေါင်းနဲ့ ဆံပင်နဲ့ပတ်ပြီး ရှိသမျှ အပြစ်တွေကို ၀န်ချ တောင်းပန်ပါတယ်၊ ပထမတစ်ခါ အရှင်ကောဏ္ဍညရဲ့ ခြေတော်ကို ၀ပ်ဆင်းတဲ့ အကြိမ်နဲ့ မတူတော့ပါဘူး အခုတော့ အမြင်မှန် ရခဲ့ပြီး အသိတရား ရသွားတဲ့အတွက် အရှင်ဘုရား စံမြန်းတဲ့ အရိယာ စံအိမ်မှာ တပည့်တော်မ နေချင်ပါသည်၊ အရှင်ဘုရားတို့ ကျင့်သုံးတဲ့ အရိယာတွေရဲ့ ဓမ္မတွေကို ကျင့်သုံး ချင်ပါသည်၊ အရှင်ဘုရားတို့ ဖြတ်တောက်ခဲ့တဲ့ အ၀ိဇ္ဇာ တဏှာတို့ကို တပည့်တော်မ ဖြတ်တောက် ချင်ပါသည်လို့ အရှင်ကောဏ္ဍည မထေရ်ကြီးကို လျှောက်ထားပါတယ်။ ဒီလိုနဲ့ ရှင်ကောဏ္ဍည မထေရ်ရဲ့ ခွင့်ပြုချက်ကြောင့် အရှင်ကောဏ္ဍည မထေရ်ရဲ့ နောက်ကို လိုက်ပြီး တရားကျင့်ကြံ တဲ့အတွက် နောက်ဆုံး ရဟန္တာ ထေရ်ရီမ ကြီးဖြစ်သွား ပါတယ်နော်။

အခြေခံကတော့ တဏှာကြောင့် ဖြစ်လာတဲ့ အကြောင်းကို အရင်းခံထား တာပါ။အချစ်ကြီးတော့ အမျက်ကြီးသွားတဲ့ ဆန္ဒရလင်္ကာလေးကို ရေးလိုက်ရတာက အချစ်ဆိုသည်မှာ ပိုစ့်လေးကို ရေးဖို့စဉ်းစား နေစဉ်မှာ ကျေးဇူးတော်ရှင် ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ (ဦးကော) ရဲ့တရားတော်ကို နာကြားမိတာနဲ့ စိတ်ကူးလေးရလို့ ဘုန်းဘုန်း ဦးကောရဲ့ တရားတွေကို ပြန်လည် ရေးသား ပေးလိုက်တာပါ၊
ဒါကြောင့် ကိလေသာ အကုသိုလ်တရား နဲ့ တဏှာဖက် မနွယ်တဲ့ အချစ်နဲ့ ချစ်တတ်နိုင်ကြ စေရန်ဆန္ဒ ပြုလိုက်ပါတယ်။

အစအဆုံး ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုရဲရင့်နီလည်း ကျေနပ်နိုင် လိမ့်မယ်ထင်ပါတယ်။ တက်ဂ်တဲ့ အတွက်လည်း ကျေးဇူးပါ။

Tuesday, December 23, 2008

အမျိုးသမီးတို့သတိထားစရာ


ကမ္ဘာပေါ်တွင် မဖြစ်စဖူး အထူးအံ့သြဖွယ် ကောင်းသော ဖြစ်ရပ်တစ် ခုရှိခဲ့ပါပြီ။ ဆေးသိပ္ပံ ပညာရှင်တို့ မည်သို့မျှ အဖြေထုတ်၍ မရသော ရောဂါဆန်း တစ်ခုဖြစ်သည်။ ယင်းမှာ နိုင်ငံ တစ်နိုင်ငံရှိ မနုဿဗေဒ ပညာရှင် စူဇန်(Susan Mickinley ) သည် ဘယ်ဘက် ရင်သားတွင် အမည်မသိ ရောဂါဆန်း ဖြစ်ပွားလျှက်ရှိသည်။သူမမှာ နိုင်ငံတစ်နိုင်ငံမှ မိမိနိုင်ငံသို့ ပြန်ရောက်စဉ် ယင်းရောဂါ ဖြစ်ခဲ့ကြောင်း သူမမှ ပြောကြားခဲ့သည်။ သူမ၏ ရောဂါဆန်းကို အထူးကု ဆရာဝန် ဖြစ်သော Dr.Lynch ကိုပြသရာမှ တစ်ဖြည်းဖြည်း ရင်သား အတွင်းမှ အပေါက်များဖြစ်ကာ ယင်းအတွင်းထဲမှ အမည်မသိ ပိုးလောက် ကောင်များ ထိုးဖောက်လျက် ရှိသည်ကို တွေ့ရသည်။

စူဇန်မှာ သူမအနေဖြင့် အောက်ခံ အကျီ င်္ အသစ်ကို ၀ယ်ပြီးပြီးချင်း လျှော်ဖွပ်ခြင်း မပြုဘဲ ၀တ်ခဲ့မိသဖြင့် ဤရောဂါဆန်းကို ရရှိခဲ့ခြင်း ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။ စူဇန်မှာ သူမ၏ ရောဂါအား Dr.Lynch ကို ပြသဆဲ အချိန်နှစ်ပတ် အတွင်းတွင် သေဆုံးသွားခဲ့သည်။

ဆေးသိပ္ပွံ ပညာရှင်များမှာလည်း ဤရောဂါ ဝေဒနာမှာ မည်သည့် ရောဂါဝေဒနာ အမျိုးအစား ဖြစ်သည်၊ မည်သို့ ဖြစ်ရသည်ကို လေ့လာနေဆဲဖြစ်သည်။ သို့သော် စူဇန်၏ ရင်သားအတွင်းမှ ထွက်ရှိလျက်ရှိသော ပိုးလောက်ကောင်များသည် နို့ရည်လမ်းကြောင်းရှိ အဆီများ၊ အသားများကို စားသုံးလျက် တဖြည်းဖြည်း ကြီးထွားရှင်သန် လျက်ရှိနိုင် သည်ဖြစ်ကြောင်း ဆေးသိပ္ပံ ပညာရှင်များက တွက်ဆရပေသည်။

အမျိုးသမီးများ အနေဖြင့်လည်း မိမိတို့၏ အတွင်းခံ အကျီ င်္နှင့် မည်သည့် အ၀တ်မစားများကို မဆို အသစ် ၀ယ်ယူပြီး သည့်အခါ လျှော်ဖွပ်ပြီးမှသာ ၀တ်ဆင်ကြရန် အထူးဂရုပြုရန် လိုအပ် လှပေသည်။ သာမန် မျက်စိဖြင့် မတွေ့မြင် နိုင်သော ရောဂါပိုးမွှား များမှာ ကျယ်သော ချွေးဂရင်းပေါက်များ ကျယ်သော နို့ရည်လမ်းကြောင်းများမှ တစ်ဆင့် လူ၏ခန္ဓာကိုယ် အတွင်းသို့ ၀င်ရောက်ကြီးထွား နိုင်သောကြောင့် အမျိုးသမီးထုများ အနေဖြင့် ပေါ့ဆ၍ မနေသင့်ပါကြောင်း အသိပေးအပ်ပါသည်။ (မြန်မာပြည်သားး Source : internet )

ခရစ္စမတ် ကာလမှာ မက်မက်တစ်ယောက် Company မှာ Factory Sale နှင့်အရမ်း အလုပ်များ နေတာနဲ့ ဘယ်လိုမှ ပို့စ်အသစ် မတင်နိုင်သေးလို့ စာဖတ်သူတွေကို အရမ်း အားနာရပါတယ်။ အဲဒါကြောင့် အားလည်းနာ ခင်လည်းခင် ချစ်လည်း ချစ်လို့ မပျင်းရလေအောင် လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က မက်မက်ဆီကို ပို့လာတဲ့ forward mail ထဲက နေပြီး ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။

သူတဲ့သူတွေ သိကြပေမယ့် မသိတဲ့သူတွေ ရှောင်လို့ ရအောင် ၊ ဗဟုသုတ ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။ အဟဲ... တကယ်တော့ ဒီရက်ပိုင်း လုံးဝ ကို မအား လို့ ဆားချက်လိုက်တာပါ....... :P ဟီး...ဟီး.... တစ်တို့လောက်တို့သွားလိုက်ဦး... အဟတ်အဟတ်...... :P တစ်တို့နော် ...တစ်တို့ ... :P

အော်.. ဒါနဲ့ ဒီပို့စ်လေး ကိုဖတ်ပြီးရင်တော့ မိန်းကလေးပဲ ဖြစ်ဖြစ် ယောက်ျားလေးပဲ ဖြစ်ဖြစ် သတိပြုဆင်ခြင်နိုင်လိမ့်မယ်ထင်တယ်။ဒါကြောင့် ဘယ်လိုအ၀တ်အစားကို ပဲဝယ်ဝယ်၊ ၀ယ်ပြီးတာနဲ့ အရင်ဆုံး လျော်ပြီးမှ ၀တ်တတ်တဲ့အကျင့်လေး လုပ်ကြည့်ပါ၊ တစ်ကိုယ်ရည် ကျန်းမာရေးနဲ့ လည်း ညီညွတ်တာပေါ့နော်။

တစ်လက်စတည်း ကြော်ငြာပေးပါတယ်၊ ခရစ္စမတ်မှာ ပျော်ပွဲရွှင်ပွဲ အတွက် အစားအသောက် (Turkey Roasted ,Lamb Roasted အစရှိသဖြင့်) နဲ့ စားပွဲ လုပ်ချင် သူများ မက်မက်တို့ ကုမ္ပဏီက ပြုလုပ်တဲ့ အရောင်းပွဲတော်မှာ လာရောက် ၀ယ်ယူလို့ ရပါတယ်။ 22/23/24 သုံးရက်ထဲသာ Dis Sale ဖြစ်ပါတယ်နော်... :)

အ၀တ်အစား ( converse , allstar, everlast စသည့် အကျီ င်္နဲ့ ခြေအိပ်ကအစ ဖိနပ်အပါအ၀င် အိတ်က အဆုံး )အတွက်ဆိုရင်တော့ Converse Warehouse မှာ သွားဝယ်လို့ရပါတယ်။ အရမ်းတန်တယ်နော်... ဟိဟိ... ငွေကုန်အောင် အချွန်နဲ့ မ ပေးတာ ... ဟတ်ဟတ်... အော်.. လိပ်စာလား (ကန်ဇွန်းရွက်နဲ့ ပေါက်ပေါက်ဆုတ်လေ ... အဟဲ...မဟုတ်ဘူးနော်.... ) :P

Venue: 27 Harrison Road
Date: Now till 25th Dec 2008
Time: 10am - 8:30pm

ကဲ...သွားဝယ် လိုက်ကြဦးနော်........သတင်းကောင်းလေး ပေးလိုက်တယ်..မက်မက် ကတော့ ၀ယ်ပြီးပြီ...(ကြုံတုန်းတခါတည်း ကြွားလိုက်ဦးမယ်...၀ယ်တာအများကြီးပဲ ..သိလား :P :P အဲဒီမက်မက်လေးက ကြုံကြွားလေးနော်...ဟတ်ဟတ်....တီတီဒွင်းနဲ့ ပြန်မတိုင်နဲ့နော်....)...အမယ်အမယ်...အသိပေးတာ နောက်ကျလို့ စိတ်ကောက် နေတယ်ပေါ့... ဟုတ်လား...မကောက်ပါနဲ့ ဦးဦးတို့ တီတီတှို့ရယ် .....မက်မက် တကယ်ကို လုံးဝ မအားလို့ပါနော်...ကျေနပ်အောင် အာဝါးအမြှောက် တစ်သိန်း ပေးလိုက်မယ်... အင်ဖက်နတီထိနော်..... နော်.... :P

Saturday, December 20, 2008

မက်မက်ပြန်လာပါပြီ

တီတီဒွင်းနဲ့ တူမတော်မက်မက်တို့ ပြန်လာပါပြီ။ မက်မက်မအားတဲ့ ဒီရက်ပိုင်းအတွင်း မှာ လာလည်တဲ့ ဦးဦးတို့ တီတီတို့ ကို လည်းကျေးဇူးတင်ပါတယ်။ ပို့စ်အသစ်ဖတ်ချင်နေပြီလား? :P


အခုတော့ဘာမှ မတင်ထားဘူးလေ။ နောက်နေ့ကျမှ အသစ်တင်မယ်နော်...ဟီးဟီး...အာဝါးးးးးးးးးး အမြှောက်တစ်သိန်း :P

Saturday, December 13, 2008

မက်မက်တစ်ယောက် ငြိမ်နေခြင်းအကြောင်းအရင်း



ဗိုက်ဆာရင် ထမင်းကြော်လေး သုံးဆောင်ထားလိုက်နော်.. :P


ကော်ဖီကြိုက်ရင်တော့ ဒီအရသာလေးက ဂွတ်တယ် :P

နှစ်ခွက်မှ သောက်ချင်တယ်ဆိုရင်တော့ ဒီကော်ဖီ သောက် :P



ထမင်းကြော် မစားချင်ရင် ခေါက်ဆွဲပြုတ်စား :P


တစ်ခုမှ မကြိုက်ဘူးဆိုရင်တော့ ဘာဂါ လုပ်ထားတယ်.. စားလိုက်နော်.. :P

တီတီဒွင်းနဲ့ အိပ်မက်(ခ) ရှာရာပိုပါမက်မက် တို့အိမ်အပြောင်း အရွေ့လုပ် နေခြင်းကြောင့် အခုရက်ပိုင်း အိမ်တကာ ဘလော့တကာ လိုက်မလည်နိုင် ခြင်းနဲ့ ပို့စ်အသစ် မတင်နိုင် ဖြစ်နေပါတယ်။ လာလည်တဲ့ ဦးဦးတို့ တီတီတို့ ကိုလည်း အရမ်းအရမ်း အားနာပါတယ်။ နားလည်ပေးပါနော် :P အဟဲ... ကူညီချင်ရင်လည်း လာပြီး ပစ္စည်းတွေကို ကူညီရွေ့ပေးလို့ရပါတယ်... အဟီးး.. :P :P လာလည်တဲ့ သူတွေအတွက် မပျင်းရအောင် စားစရာများနဲ့ လည်း ဧည့်ခံလိုက်ပါတယ်။ ကော်ဖီလည်း ဖျော်ထားခဲ့တယ်နော်... သောက်သွားလိုက်ပါဦး...

အားလုံးအာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးး x တစ်သိန်းနော်.... :P


ဘာမှတော့ မဟုတ်ပါဘူး၊ အိမ်ပြောင်းနေလို့ ဆားချက်ထားတာ။ ဟဲဟဲ.. ပင်လယ်ရေတွေတောင် ခန်းကုန်ပြီလား မသိဘူးနော်... :P

Thursday, December 11, 2008

ရွေးကောက်ပွဲအထမြောက်အောင်မြင်ခြင်း



ဗျာများနေသော သဘောင်္သီး ဦးအိမ် :P

ဦးဦးအိမ်ပေါ့ သိလား ကောင်မလေး သုံးယောက်ကြောင့် သူ့မှာ ဗျာများပြီး ၊အရွေးရ ခက်နေတာလေ၊



(ဘယ်သူ့ကိုရွေးရပါ့ မလဲဆိုပြီး စဉ်းစားနေတဲ့ ဦးအိမ် ပေါ့ .. ဟိ..ဟိ :P )


ငါဘယ်သူ့ကို ယူရင်ကောင်းမလဲ အိမ်ဒရာကျော်ဇင် လေးကိုပဲ ယူရကောင်းမလား၊ အသက်လို ချစ်ရတဲ့ သက်မွန်မြင့် လေးကိုပဲ ယူရင်ကောင်းမလား၊ အချစ်အကြီးစား ဖြစ်တဲ့ ခစ္စတီးနားပဲ ယူရကောင်းမလား၊ ဆိုပြီး သူစဉ်းစား နေရပြီလေ၊ အကြပ်ရိုက် နေတာပေါ့... အဟိ :P


ဦးအိန်ရဲ့ ဖူးစာရှင် မိန်းမချောလေး မဒမ် chimpanzee home :P

အိမ်တရာကျော်ဇင် လေးလဲရယ်၊ သက်မွန်မြင့်လေးရယ်၊ခစ္စတီးနားလေး ရယ်က နောက်ဆုံး မျက်နှာအလွန်များတဲ့ ဦးအိမ်ကို ပစ်သွားပါလေရော၊ သနားစရာ ကောင်းလိုက်ပုံများနော်.. အဟီး.. ဒါနဲ့ မထူးပါဘူး၊ ငါက လာလျှောက်ကြတဲ့ ဘလော့ကာ ပျိုဖြူချောလေး ၂၄ ယောက်ကို အပြတ် ငြင်းလွတ်လိုက်တာ၊ ပြီးတော့ ဘလော့ကာ ကာလသား လူချောတသိုက် (အဟီး....ဖားထားတာ..) (တကယ်တော့ မထင် :P ) တွေဆီကလည်း လက်ဖွဲ့တွေ အပြီအပြင် ယူထားပြီး သွားပြီ၊ ဆိုပြီး မျက်နှာပူ နေတာပေါ့၊ ငါဘယ်လို လုပ်ရပါ့မလဲ ဆိုပြီး သောကတွေ ရင်မှာပိုက်ပါလို့ ..အဟီး... နောက်ဆုံးတော့လည်း နာမည်ကြီး ဟောလီဝုဒ် မင်းသမီးလေး မစ်စ်ချင်ပန်ဇီလေးကိုပဲ ဒူးထောက် တောင်းပန်ပြီး အခုလို မင်္ဂလာဆောင် လက်ထပ်လိုက် ပါတယ်၊ အဟဲ.. :P



Mr.Home & Ms. Chimpanzee Home



ဘာရယ်ညာရယ် မဟုတ်ပါဘူး၊ စာရေးဖို့ စိတ်သိပ်မပါလို့ ဘလော့မှာ မက်မက်ရဲ့ အစ်ကိုလို ခင်ရတဲ့ သဘောကောင်း ၊မနောကောင်း၊ ရုပ်ချော၊ ခင်စရာ အလွန်တရာမှ ကောင်းလွန်းတဲ့ မိန်းကလေးတွေ ၀ိုင်းဝိုင်းလည်နေလို့ ပြေးနေ ရှောင်နေ ရတဲ့ ဦးဦးအိန်လို့ မက်မက်က ချစ်စနိုးခေါ်တဲ့ ကိုအိမ်ကို နောက်ထားတာပါ၊ အဟီး..(ဖားထားရတာ၊ မဟုတ်ရင် ဒရင်း ဆိုပြီး နရင်း လာရိုက်နေမှ ဒွတ်ခ... :P ) ချိတ်ချိုးနဲ့နော် ဦးဦးအိန်၊ ချိတ်ချိုးရင် ရုပ်ချိုးတတ်တယ်.. ဟိဟိ... :P :P

Wednesday, December 10, 2008

နာမည်အလွဲသုံးစားမှုများ

"hello"
"#^&**%@"
"အခုပြောနေတာ ဘယ်ကုမ္မဏီကလဲရှင်"
"ငါက xxxx ကုမ္မဏီကပဲ... မင်းတို့ဆီမှာ မှာထားတဲ့ပစ္စည်းက အခုချိန်ထိကို မရသေးပါလား.."
"ဟုတ်ကဲ့၊ အကောင်းဆုံး ဖြစ်အောင်လုပ်ပေးပါ့မယ်၊ Account No.လေးပါ ပြောပြပေးပါ၊"
"%##@*&"
"စစ်ဆေးကြည့်ပါ့မယ်။ ခဏလေးတော့စောင့်ပေးပါနော်"
"ဘယ်သူ့ဆီမှာများ အော်ဒါမှာထားတာလဲ ၊ ဒီမှာ အော်ဒါလက်ခံမရှိပါဘူးရှင်"
"xxx ဆိုတဲ့မိန်းကလေးဆီမှာ၊ သူက မနေ့ကတည်းက ပို့ရမယ့်ရက်ကို မပို့လာသေးလို့ ဖုန်းဆက်ပြောတာ၊ မင်းတို့ အလုပ်ကို ဘယ်လိုလုပ်တာလဲ၊ ..@$%^*%.."
"ဟုတ်ကဲ့၊ စိတ်မရှိပါနဲ့ရှင်၊ အခု လူကြီးမင်း မှာတဲ့ပစ္စည်းကို မနက်ဖန် အရောက် ပို့ပေးပါ့မယ်"

ဘာပဲဖြစ်ဖြစ် စိတ်ထဲကတော့ ဒေါသထွက်သွားပေမယ့် ကိုယ့်ဆီက ပစ္စည်းတွေ အမြဲဝယ်ယူနေတဲ့ ကာစတန်မာ ဆိုတော့ သူ့ကိုစကားနဲ့ ပြေပြေပြစ်ပြစ် ပြောဆို နှစ်သိမ့်လိုက်ပါတယ်။

စိတ်ထဲမှာတော့ အဲဒါ ငါ့နာမည်ကြီး၊ ငါ့နာမည်ကို အလွဲသုံးစား လုပ်တာ ခံလိုက်ရပြီ လို့ စိတ်ထဲကပဲ ကောက်ချက် ချလိုက်ပါတယ်။ တကယ်ဆို ၀ယ်သူဆီကနေ အော်ဒါလက်ခံရင် အဲဒီ လက်ခံသူရဲ့ နာမည်ကို ကာစတန်မာ တွေကမေးတယ်လေ၊ အမှန်အတိုင်း မပြောဘဲနဲ့ တခြားလူရဲ့ နာမည်ကို အစားထိုး ပြောလိုက်တာလေ၊။ တကယ်ဝယ်သူနဲ့ ပြဿနာ တတ်မယ်ဆိုရင် အဲဒီနာမည်ရှင်ပဲ အဓိကထား ဖြေရှင်းရမှာလေ၊ အော်..ငါ့နှယ့်နော်... ကိုယ့်ကို မလိုသူ တွေကတော့ ဒီလိုပါပဲလေ ဆိုပြီး ကိုယ့်ကိုကိုယ် နှစ်သိမ့်ပြီး အားပေးလိုက်ပါတယ်။ ကိုယ့်နာမည်ကို အလွဲသုံးစား လုပ်ပြီးချောက်ချတာ ခံလိုက်ရတာလေ။ ကာစတန်မာ တွေရဲ့ ကွန်ပလိန်းတွေ လိုက်လိုက်ဖြေရှင်း ပေးနေရတော့ စိတ်ထဲလည်း ပန်ပန်းပါတယ်။

ကာယကံရှင် အလွဲသုံးစားလုပ်တဲ့ ကောင်မလေးကိုလည်း အဲဒီအကြောင်း သွားပြီး မပြောတော့ပါဘူး၊ ကိုယ့်ဟာကိုယ်ပဲ အဆင်ပြေအောင် ဖြေရှင်းပေး လိုက်ပါတယ်။သွားပြောနေရင် ရန်စရှည် နေမယ်လေ၊ မကောင်းမြင်တဲ့ သူက ကိုယ့်ကို ဘယ်လို ချောက်ချရမလဲ၊ နာမည်ဖျက်ရမလဲ၊ ဘယ်လို တုန့်ပြန်ရ မလဲဆိုပြီး အမြဲတွေး နေမှာလေ၊ သွားလည်း အဖက်လုပ်ပြီး စကားမပြော ချင်တော့ပါဘူးလေ။ဒါကြောင့် ကိုယ့်ဟာကိုယ်ပဲ ထွက်နေတဲ့ ဒေါသလေးကို ပြန်ထိမ်းလိုက်ပါတယ်၊

ဘယ်လိုမျိုးပဲဖြစ်ဖြစ် ကောင်းသောဘက်မှာ နာမည်အလွဲ သုံးစားလုပ်တာ ကိစ္စမရှိပေမဲ့၊ မကောင်းတဲ့ ဘက်မှာ ကိုယ့်နာမည်ကို အလွဲသုံးစား လုပ်တာခံ လိုက်ရရင် အခု စာဖတ်နေတဲ့ သူတွေရော ဘယ်လိုခံစားရမလဲ။

အော်...ဒါတင်လား ဆိုတော့ မဟုတ်သေးဘူးဗျ၊ အပြင်လောကမှာတင် ဒီလိုမဟုတ်ဘူး၊ ဟော...ဘလော့လောကရော မဖြစ်ဘူးလား ဆိုတော့ ပိုဆိုးတာပေါ့လို့ပဲ ပြောရတော့မယ်။ ဘလော့မှာ စာပေ အရေးအသားတွေ အသိပညာတွေ ဖြန့်ဝေပေးတဲ့ လူတွေလည်း ဒီလိုမျိုး ခံနေရတာ ပါလားဆိုတာ သိလိုက်ရတယ်။ တစ်ယောက်နဲ့ တစ်ယောက် လေးစားကြတဲ့ ခင်မင်မှုကို အခွင့်ကောင်းယူပြီး နာမည်ဖျက်လိုမှု နဲ့ အလွဲသုံးစား လုပ်တာခံလိုက်ရတဲ့ ဘလော့စာမျက်နှာမှာ သမိုင်း အကြောင်းတွေ လူငယ်တွေ သိအောင် ရေးပေးတဲ့ အစ်မ မသက်ဇင် ဆိုလည်း သူ့နာမည်နဲ့ လင့် ကို အလွဲသုံးစား လုပ်တာ ခံလိုက်ရဆိုတာကို သူရေးထားတဲ့ အသိပေး ကြေငြာချင်း ဆိုတဲ့

(ကျမ မသက်ဇင် ၏ ဘလောဂ့်တွင် လင့်ချိတ် ထားခြင်း မရှိသော--အခြား ဘလောဂ့် တခု ၏ စီပုံးတွင် မသက်ဇင် အ မည်ဖြင့် ကျမ-မရေးခဲ့ပါ-- ကျမ နှင့် မည်သို့မျှ မပတ်သက်သော ဘလောဂ့် တွင် ကျမ အမည် နှင့် ကျမ ဘ လောဂ့် url ကို အလွဲသုံးစား ပြုပြီး အောက်တန်းကျစွာ ရေးသား လုပ်ဆောင်နေကြောင်း စာဖတ်သူ အားလုံးကို အသိပေးအပ် ပါသည်)ကိုဖတ်မိမှ သိလိုက်ရပါတယ်၊

ဒါတင်ပဲလား ဆိုတော့ မဟုတ်ပါဘူး၊ မက်မက် မရောက်တာ ကြာပြီဖြစ်တဲ့ ဘလော့ကာ အစ်ကို မိုးပြေး အိမ်ကို နည်းပညာနဲ့ ပတ်သတ်ပြီး ဖတ်ချင်လို့ အသစ်လေးများ တင်ထားမလားလို့ သွားကြည့်ပါတယ်။New posts တင်တဲ့နေရာမှာ Under Control ဆိုပြီး ပြထားတော့ ပို့စ်အသစ်ထွင်ပြီး များတင်ထားတာလား ပေါ့ဆိုပြီး ဆီပုံးမှာ နောက်ပြောင် ပြီးတော့တောင်

8 Dec 08, 12:35
Dream: ပို့စ်အသစ်အနေနဲ့ တင်ထားတာလားဦးဦးရ... :P
8 Dec 08, 12:35
Dream: မတွေ့တာ အတော်ကြာပေါ့.. ဒါနဲ့ this blog is under control ..so sad ဖြစ်နေပါလား...
8 Dec 08, 12:34
Dream: မင်္ဂလာပါ ကိုမိုးပြေးရေ

ပြောခဲ့ပါသေးတယ်၊ သိပ်မကြာပါဘူး၊ ဘလော့ပိုင်ရှင် ကိုမိုးပြေးက မက်မက် စီဘုံးမှာ ဒီလိုလာ ပြောသွားပါတယ်။

8 Dec 08, 16:41

မိုးပြေး: အခုထိတော့ ဖတ်လို့ ရသေးတယ်လေ
8 Dec 08, 16:41
မိုးပြေး: ကျွန်တော်ဘလော့ကို ကျွန်တော်မပိုင်တော့ဘူးဗျာ
8 Dec 08, 16:40
မိုးပြေး: ယုံကြည်မှုတွေပေါ့ အစ်မရေ
8 Dec 08, 16:39
မိုးပြေး: ကျွန်တော့် ဘလော့ကို သူများဝင်နေတာပါဗျာ
8 Dec 08, 16:39
မိုးပြေး: အစ်မရေ ကျွန်တော့် ဘလော့က ဘယ်အချိန် DELETE လုပ်ခံရမလည်း မသိပါဘူးဗျာ.. အခုအစ်မ မေးတဲ့  Under Control က ကျွန်တော် တင်တာ မဟုတ်ဘူး

ဒါတွေကို ကြည့်ခြင်းအားဖြင့် ဘာတွေမှန်းတော့ မက်မက်လည်း မသိပါဘူး၊ ဘာတွေ ဖြစ်နေကြလဲ ဆိုတာလည်း မက်မက် မသိပါဘူး၊ စီးပွားရေး လောကမှာ နာမည်အလွဲ သုံးစားလုပ်တာ ခံလိုက်ရလို့ စိတ်မကောင်း ဖြစ်နေချိန်မှာပဲ ဘလော့ကာ အစ်ကိုတွေ အစ်မတွေ ကပါ ဒီလိုမျိုး ကိုယ့်နာမည်နဲ့ လင့်နဲ့ အလွဲသုံးစား လုပ်တာခံ နေရတာလည်း ရှိပါသေးလား ဆိုပြီး သိလိုက်ရတော့ ပိုစိတ်မကောင်း ဖြစ်သွားတယ်။ ကာယကံရှင်တွေ ဘယ်လောက် စိတ်မကောင်း ဖြစ်နေမယ် ဆိုတာလဲ တွေးကြည့်မိ လိုက်ပါတယ်။ ထပ်တူခံစားလိုက် ပါတယ်။

ကဲ...အပြင်လောကမှာ နာမည် အလွဲသုံးစား လုပ်တာက လူကို လိုက်ရှာ လို့ရတယ် ၊လူလုံးပေါ်ပြီး ကိုယ်က အဖြစ်မှန်ကို သိနိုင်သေးတယ်၊ အွန်လိုင်းဘလော့ လောကမှာတော့ ကိုယ့်နာမည်လင့်နဲ့ တခြားအရာကို အလွဲသုံးစား လုပ်တာ ခံရမယ်ဆိုရင် ဘယ်လို လိုက်ကြမလဲ၊ ဘယ်လိုသိနိုင်မှာလဲ၊ ဒါတွေကို အခွင့်ကောင်း ယူပြီး လုပ်ချင်တဲ့ သူတွေ ကလည်း လုပ်နေကြတာပဲနော်၊ ဒါကလည်း လူရဲ့ စာရိတ္တနဲ့ ကိုယ်ကျင့် တရားပေါ်မှာပဲ မူတည်တော့မယ် လို့ထင်တယ်လေနော်။

မက်မက်လိုမျိုး အပြင်စီးပွားရေး လောကမှာ နာမည်ကို အလွဲသုံးစား လုပ်တာ ခံလိုက်ရမယ်၊ဘလော့လောက မှာဆိုရင်တော့ မသက်ဇင်နဲ့ ကိုမိုးပြေးတို့လို ကိုယ့်နာမည်နဲ့ လင့်နဲ့ ဘလော့မှာ အလွဲသုံးစား လုပ်တာ ခံလိုက်ရမယ်ဆိုရင် အခု စာဖတ်နေတဲ့ ဦးဦးတို့ တီတီတို့ရော ဘယ်လိုမျိုး ခံစားရမလဲနော်၊ သိချင်လို့ပါ။ ထင်မြင်ချက် လေးတွေပေါ့၊ ကိုယ့်ထင်မြင်ချက် လေးတွေကို ကြိုက်သလို ကွန်မန့်မှာ ပြောပြသွား နိုင်ပါတယ်။

p.s နာမည်ကို ခွင့်ကြို မတောင်းဘဲ တင်လိုက်တဲ့ အတွက် တီတီဇင်လို့ ချစ်စနိုး ခေါ်တဲ့ အစ်မ မသက်ဇင် နဲ့ ကိုမိုးပြေး တို့ရေ နားလည် ခွင့်လွတ်ပါ။

Monday, December 8, 2008

Sharapoa Dream


ရှာရာပိုပါမက်မက် .. ခစ်ခစ်.. :P


ရှာရာပိုပါမက်မက်.. ဟိဟိ.. So Cute :P


ရှင်တို့ ရူပါ

ခြေထောက်က ကြက်ရိုး
လက်ရိုးက စမုတ်တံ
ပေါင်တံက ၀ါးချမ်းပြား
ရူပါက ပုံမလာ
အမူအယာက ချုချာ
ဒဿကအရူံးပေး
အဲဒါ သူ့ပုံလေး
မြင်ကြည့်စမ်းပါ.....မနှေး
ဒါကြောင့်သာ မြင်သူပြေး
ထိုသူ့မျက်နှာပေး

ဒင်းရုပ်မှ အားမနာ
ပျိုတကာကို လိုက်ကာငေး
အော့နှလုံး နာတဲ့ ဒဿလေး
တို့တွေကတော့ သနားသေး
ဝေး...ဟေး..ဟေး..ဝေးဟေး..ဟေး..

လှတယ်ဆို .....လိုက်ခါ ကြူ
ကြူသူတိုင်းဝေး......သူ့အဖြစ်လေး
သနားစရာ....သတ္တ၀ါလေး...
တို့တွေကတော့.....ဝေးဝေးပြေး....
အုပ်မနပ် ငှက်ပျောလို
မနောက ကလိမ်ချုံ
အပြောက ၀တိံဘုံ
ယုံလောက်အောင်ဥာဏ်ကစား
ရှင်တို့ပုရိမာယာများ
တို့တွေကတော့ ရယ်တယ်ဗျား
ဝါးဟားဟား... ၀ါးဟားဟား....

(ရေးသားသူ မက်မက်) :P

ကိုအိမ်ရဲ့ ကဗျာလေးကို အပျော်သဘော ဟာသလေးနဲ့ ပြန်ချေပပြီး စပ်လိုက်တာပါ.. ဟိဟိ.. အဲလိုမျိုး..ဦးဦး တို့ ရုပ်နဲ့များ တိုက်ဆိုင်သွား၊ စောင်းပြောမိတာများ ရှိရင် ခွင့်လွတ်နော်.. :P အဟတ်.. အဟတ်....ကဲ..ဦးဦးအိန်ရေ... ဘလော့ကာ မမတွေ ချောမချော လှမလှ ကို သိချင်ရင် ရှာရာပိုပါ မက်မက်ရဲ့ ဓာတ်ပုံကို အရင်ကြည့်လိုက်နော်.... :z ဘလော့ကာ မမတွေက မက်မက်ထက် အဆ 200 သာလွန်၍ မိုးကျမဟေသီ မဒီ အလှ စာဖွဲ့လို့ တောင် မမှီအောင် လှပ ကြတယ်ဆိုတာ ရှာရာပိုပါ မက်မက် ပုံကို နမူနာကြည့်၍ ခံစားရှုစား လိုက်နော်.... ဟတ်ဟတ်... ဘလော့ကာ ဦးဦးတို့ မနာလိုမဖြစ်နဲ့နော်.. :z ခစ်ခစ်...
:P
အဟီး.. ကဲ .. ဘလော့ကာ အပေါင်း ယောင်းမတို့ရေ... . လက်ခုပ်တီး၍ အားပေးတော် မူပေလော့... ဟီးဟီး...

Sunday, December 7, 2008

အကြိုက်ဆုံးကဗျာ


ဘ၀ကိုရိုးရိုးလေးဖြတ်သန်းချင်တဲ့သူ
အဲဒီကောင်းကင်ပေါ်က အရုပ်တွေဟာ
လှပတဲ့အိပ်မက်ဖြစ်သလို
ရုပ်ဆိုးသွားတဲ့ မျှော်လင့်ချက်လည်းဖြစ်တယ်၊
ရေစီးအားကောင်းတဲ့ စမ်းချောင်းလေးဖြစ်သလို
ကောသွားတဲ့ ဖြစ်တည်မှုလည်းဖြစ်တယ်၊
သီးနှံတွေစိမ်းလန်းတဲ့ အသက်ရှင်နေထိုင်မှုဖြစ်သလို
ပေါင်းပင်တွေတောထနေတဲ့ ဖုန်းဆိုးမြေလည်းဖြစ်တယ်။

အပျက်အစီးပုံကြီးကို ကြည့်ကြည့်ပြီး
သူများကိုလည်း အပြစ်မတင်တတ်ခဲ့ဘူး (အကောင်းမြင်ဝါဒ)
ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်တတ်ခဲ့ဘူး (အဆိုးမြင်ဝါဒ)
တစ်စုံတစ်ရာကိုလည်း အပြစ်မတင်တတ်ခဲ့ဘူး (နတ္ထိဝါဒ)
ဘ၀မှာတော့ နေတက် ထိုင်တတ်သွားခဲ့တယ်။

ဘ၀ကို လေတံခွန်လို အလိုက်သင့်လွှင့်တင်ရင်း
ကိုယ်ရည်သွေးတီးလုံးကို အလွန်အကျွံဖွဲ့ဆိုခဲ့မိတယ်၊
သူလိုကိုယ်လို ရှင်သန်ကြီးပြင်းရင်း
သူလိုကိုယ်လို ဒုက္ခတွေရှိခဲ့ပေမယ့်
(ငွေ၊ လိင်ကိစ္စ၊ စဉ်းစားချိန် ၊အချစ် နဲ့ အလင်းရောင်)ကို
သူလိုကိုယ်လိုထက် ပိုတောင့်တမိခဲ့တယ်။

အတ္တရေကန်ထဲမှာ လှိုင်းဂယက်ဖွဲ့ရင်း
လပြည့်ဝန်းကိုတောင်မှ
အစိတ်စိတ်အမြွှာမြွှာခွဲခွဲပြီး ဆော့ကစားတက်တဲ့အထိ
ပြီးမြောက်ခဲ့တယ်။
အေးလေ …
ဖြစ်ချင်တာတွေ မဖြစ်မှတော့
မဖြစ်ချင်တာတွေ ဖြစ်ခဲ့ပေါ့။

ရေးသားသူ.....မြမြင့်မိုရ်

အစိမ်းရောင်မာယာ
ကြေကွဲ အိမ်ထဲကပါးပြင်ကို
နှမြောနေမိစဉ်မှာတော့
မာယာတွေဟာ အလံထူလို့
ပလွှားခြင်းရဲ့ အထိအတွေ့မှာ
သာယာနေလေရဲ့

အစာသွတ်ထားတဲ့ အချစ်ကိုမှ
သပ်သပ်ရပ်ရပ် တန်ဖိုးထားမှုဟာ
(အခုမှ) ရယ်စရာဖြစ်မှန်း
တစ်ယောက်တည်း(မှန်ကြည့်ပြီး)
ဝန်ခံမိတော့တယ်...

ပန်းရိုင်းဟာ ပန်းရိုင်းပါပဲ
ပျားတွေနဲ့ ယဉ်ပါးဖို့
အားထုတ်ရဦးမယ်လေ။

ကပိုကရိုအချစ်တွေကြောင့်
ဘ၀ရဲံ အမိုးအကာအောက်
သံစဉ်ဟောင်း ပြက်လုံးတွေကြားမှာ
အမှန်အကန်နှလုံးသားကို
အပျင်းပြေခဲ့ရပြန်ရော
ရေးသားသူ.... မြတ်မိုးလတ်

အိပ်မက်
သိပ်ချောက်ချောက်ချားချားကြီးတော့ မဟုတ်ပါဘူး
လေရူးတွေတိုက်နေတဲ့နွေဦးလို
မငိုဘဲမျက်ရည်ကျနေရုံပါပဲ...
ရွက်ဝါတွေကြွေနေသလိုပေါ့... ။
ရှပ်တိုက်ပြေးလွှားနေရတဲ့မြေပြင်
မင်းရင်ခွင်ဖြစ်သင့်စေချင်ခဲ့
အိပ်မက်ရဲ့အပြင်ဘက်
ခြေတစ်ဖက်မှမချနိုင်သေးသရွေ့တော့
ဦးမော့နေသေးတဲ့မာနတချို့ဟာ
ဝေးကွာခြင်းရာသီထဲ
စိမ်းဝေဆဲဖြစ်နေဦးမှာ... ။
အီကွေတာရပ်ဝန်းက
အမြဲစိမ်းသစ်တောတွေရဲ့အတွင်းဘက်
တစ်ချက်လောက်စောင်းငဲ့ကြည့်စမ်းပါ
ရွက်ဝါတချို့
စိမ့်ဝင်သွားခဲ့တဲ့မြေပြင်
ရင်ခွင်တစ်ခုဖြစ်ခဲ့ရင်။

ရေးသားသူ..... မနောဟရီ


ကိုရင်ဝသန်ပေါ့... အကြိုက်ဆုံး ကဗျာတွေ ရေးပေးဆိုပြီး တက်ဂ်ထားတာလေ။ ခက်တာက မက်မက်က ကဗျာ ကောင်းမှန်ရင် အကုန်လုံးကို ကြိုက်နေတာ ခက်နေတယ်၊ အကုန်လုံး ရေးပေးလိုက်ရင် ဘလော့မှာ စာမျက်နှာ တော်တော် စားသွားမှာ..ဟိဟိ..တခုထဲနဲ့လည်း အားမရဘူး..ဒါကြောင့် သုံးပိုဒ်လောက် တင်ပေးလိုက်တယ်။ ကျေနပ်ပါတော့ ဦးအန်ထော်နီဝသန်(ခေါ်) ဦးခပ်ညံ့ညံ့ကောင်ရေ...အဲမှားလို့ ကိုရင်ဂျူဝသန်....ရေ.... (တခွက်လောက် :P ) မောလို့ :P

ဘယ်ရမလဲ... ဒီတခါ မတတ်ဂ်စဖူး အတက်ဂ်ထူးပါလို့...လာလေရော့.. အဒူ့ကို တက်ဂ်ရရင်ကောင်းမလဲ..
မှန်းစမ်း... ဟော..တွေ့ပြီ...

1.ဦးဦးအောင်(ကိုအောင်ဦး) ရေးပြီး
2.ဖိုးဖိုးဦးကောက်(ကိုသိင်္ခ) ရေးပြီး
3.ဖိုးဖိုးဟိန်းညီ (ကိုဟိန်းညီ)
4.ဦးဦးပန်းဂျဂါး(ကိုပန်းစကား) ရေးပြီး
5.၁၀၀ပဲပေးရတဲ့ဦးရီးတော်(ကိုအလှတရား) ရေးပြီး
6. ဦးဦးအိန်(ကိုအိမ်)
7.ဦးရှင်ကြီး(ကိုရှင်ရဲထွတ်)
8.ဦးဦးတီတီအာမီ(foreverarmy) ရေးပြီး
9.ဦးဦးတိန်(ကိုပုသိမ်)
10.တီတီပယဲ(မပုလဲ) ရေးပြီး
11.တီတီတင်ချာ(မသဉ္ဇာ) ရေးပြီး
12.တီတီငယ်(ကိုရင်နော်ခင်လေးငယ်)
13.တီတီငွန်(မငွန်ငယ်မိုး) ရေးပြီး
14.တီတီ60(မဝေလေး) ရေးပြီး
15.တီတီယောင်းယောင်း(မီးလေးဇာ) ရေးပြီး
16. တီတီမေတူ(မမေသူ) ရေးပြီး
(4)၇က်အတွင်းတက်ဂ်ပို့စ်ရေးပေးရင် ချစ်တဲ့သူနဲ့ အတူတူ ပေါင်းရတယ်လို့ ကြားဖူးတယ်နော်.. ခစ်ခစ်.. :P
အဲဒီတော့.... အဟမ်းအဟမ်း... :P

Thursday, December 4, 2008

အပိုမကြွား အကြွားမပို



"ဟဲ့..မာတလိ.. ဟိုးရှေ့က ပြိုးပြိုးပြတ်ပြတ်နဲ့ ခစားနေတာ ဘယ်သူများလဲကွဲ့"
"လူ့ပြည်က အဒေါ်ဖြစ်သူ ဒွင်းနဲ့ တူမလေး အိပ်မက်တို့ တူဝရီး နှစ်ယောက်ပါဘုရား"
"အေးအေး.. ငါကိုယ်တော် ရှေ့တော်မှောက် ခစားဝင်ခိုင်းစေ မောင်မင်း"
"မှန်လှပါ။အမိန့်တော်မြတ် အတိုင်းပါဘုရား"

ဤတွင် မာတလိမှ သူ၏လက်ဖြင့် ဝှေ့ယမ်းလိုက်ရာ တူဝရီး နှစ်ယောက် သိကြားမင်းရှေ့ တော်မှောက်သို့ ရောက်ရှိသွားလေသည်။

"အို.. နှမ အဘယ့် အတွက်ကြောင့် ငါ၏သာဝတ္တိံတာသို့ ရောက်ရှိလာသနည်း"
"မှန်ပါ ၊ အရှင်သိကြားမင်း ကျွန်တော်မျိုးမ၏ တူမတော် အိပ်မက် ခေါ် မက်မက် မှ အရှင်သိကြား မင်းကြီး၏ သာဝတ္တိံသာတို့ လေ့လာရေး ခရီးထွက်ချင် သည်ဆို၍ လိုက်ပို့ ရခြင်း ဖြစ်ပါတယ် ဘုရား "
"အိန်း...ကောင်းလေစွ၊ ကောင်းလေစွ၊ ဒါဆိုရင်ဖြင့် နှမတော် အလိုကျ ကျွန်ုပ် ဖြည့်ဆည်း ပေးတော်မူမည်"
"ဟဲ့..မာတလိ"
"ဘုရား"
"၀ိသုကြုံနတ်သားအား ပန်းရထား မောင်းခိုင်း၍ ဤတူဝရီး နှစ်ယောက်အား ငါ၏သာဝတ္တိံသာ နတ်ပြည် အနှံလိုက်ပြ လိုက်ပါ မာတလိ"
"အမိန့်တော်မြတ် အတိုင်းပါဘုရား"

ဒီလိုနှင့် သုံးဦးသား နတ်ပြည်အနှံ လျှောက်လည် ကြရာတွင် ချစ်စရာ ကောင်းသော တူမတော် ဖြစ်သူ မက်မက်မှာ အပျော်ကြီး ပျော်နေလေသည်။ ကလေးပီပီ စကားက လည်းများ၊ မေးခွန်းပေါင်း သောင်းခြောက်ထောင် နှင့်အမေး အမြန်း ကလည်း သန်လေးသည်။ မေးသမျှ ကိုလည်း နတ်သား မာတလိမှ မညည်း မညူ ရှင်းပြ လေသည်။

"ဦးဦးမာဂျလိ၊ ဟိုအချေ့ဂ မတ်ချိဒွေ ကျိန်းနေအောင် အရောင်ဒွေ ထွက်နေဒါ ဘာရီးယဲဟင်"
"အဲဒါ DREAM BLOG လို့ခေါ်တဲ့ အိပ်မက် မင်းသမီးလေး ပိုင်ဆိုင်တဲ့ နန်းဆောင်ပေါ့ သမီးရဲ့"
"တီတီဒွင်း တော်တော် လှတယ်နော်၊ ကြည့်ပါဦး။ ဦးဦးမာဂျလိ အဲဒီနန်းချောင်မှာ ဘာတွေ ချိရဲဟင်"
"အဲဒီကို လိုက်ပို့ပေးမှာ ပေါ့သမီးရဲ့၊ အဲဒီကျမှ ကြည့်တော့နော်"
"တီတီဒွင်းရေ ဒရင်းဘယော့ချီ အထုတွားမယ်တဲ့၊ ပျော်ချရာဂျီးနော်။ ဟိ..ဟိ.."

ဒီလိုနဲ့ သုံးဦးသား ၀ိသုကြုံနတ်သား မောင်းတဲ့ ပန်းရထားကို စီးပြီး Dream Blog ဆီသို့ ခရီးဆက်လေသည်။

"တီတီဒွင်း..ဟိုမှာကြည့်ပါဦး၊ ပန်ဒါရေးဒွေ ချစ်ချရာလေး၊ သူတို့ဒွေ က နေကြတယ်နော် ဦးဦးမာဂျလိ"
"ဟုတ်တယ်ကွဲ့၊သမီးလည်း က ချင်ရင် သူတို့နဲ့ သွားကလို့ရတယ်လေ"
"ဦးဦးမာဂျလိ ဟိုအချေ့က ငါးကန်က ငါးလေး တွေက လှလိုက်တာနော်၊ ငါးစာသွား ကျွေးချင်တယ် တီတီဒွင်း
"အဲဒါ နတ်ငါးတွေ လို့ခေါ်တယ် သမီးရဲ့။ အိပ်မက် မင်းသမီးလေး မွေးထားတဲ့ နတ်ငါးတွေ ပေါ့ကွယ်၊ သူတို့က နတ်တို့တန်ခိုးနဲ့ အစာမစားလည်း နေလို့ရတယ် သမီးရဲ့။

"ဟုတ်လား ဦးမာဂျလိ၊ ဒါဆို ပြန်ရင် အိပ်မက် မင်းသမီးဆီက အမှတ်တရ လက်ချောင် တောင်းသွားမယ်..ဟိ..ဟိ..ဟိုမှာ..အတဲပုံဂျီးဂ လှုပ်ချီလှုပ်ချိနဲ့ အတဲပုံ တေးတေး ရေးဒွေ ထွက်ထွက် လာတာက ဘာလဲ ဦးဦးမာဂျလိ"
"အဲဒါ အိပ်မက် မင်းသမီးလေးရဲ့ မေတ္တာဂေဟာ ကိုလာလည်တဲ့ သူတွေက နှုတ်ခွန်း ဆက်ချွေတဲ့ မှတ်တမ်းလေး ပေါ့ကွယ်"
"ဒါဆို မက်မက်တို့လည်း တွားနှုတ်ချက် မယ်နော်၊ တီတီဒွင်း..ရာ..ရာ မက်မက်တို့ တွားပီးနှုတ်ချက် ရအောင်နော်"

သမီးမက်မက်မှာ အပျော်ကြီး ပျော်နေလေသည်။

"တီတီဒွင်း ဟိုနေ့ဂ မက်မက်ကြည့်တဲ့ တာတွန်းတားဂျီး အိပ်မက် မင်းသမီး နန်းချောင်မှာ ယဲပြတယ်နော် ..ခစ်ခစ်.. "

အဒေါ်လုပ်သူ ဒွင်းမှာလဲ တူမဖြစ်သူမက်မက် ၏ ဟာသ စကားကြောင့် ပျော်ရွှင် ရလေသည်။

"ဦးဦးမာဂျလိ ဟိုမှာ လူနာမည်တွေ အများကြီးပဲ ဘာဖစ်ယို့ ရေးထားတာလဲ"
"အဲဒါက အိပ်မက် မင်းသမီးလေးရဲ့ ဆွေတော် မျိုးတော်တွေလေ။ သူ့ရဲ့ ဆွေတော် မျိုးတော်တွေကို အိပ်မက် နန်းဆောင်မှာ မင်းသမီးလေးက မှတ်တမ်းတင်ပြီး ကမ္မည်းတင် မော်ကွန်း ထိုးထားတာ သမီးရဲ့"
"ဟယ်..ဟုတ်လား..ဒါဆို အဲဒီ အိပ်မက် မင်းသမီးမှာ မောင်နှမတွေ အများဂျီး ချိဒါပေါ့နော် တီတီဒွင်း"
"ဒါပေါ့ သမီးလေး မက်မက်ရဲ့"

"ဒါဆို အဲဒီထဲက နာမည်တွေ အတုန်ယုံး ချာအုတ်ထဲမှာ မတ်တွားမယ်။ လူ့ပီ ပန်ရောက်ရင် အဲဒီ အကြောင်းဂို ချာရေးပီး ကြွားလိုက်မယ်.. ခစ်ခစ်.."

တူဝရီး နှစ်ယောက် စကားကောင်း နေချိန်တွင် မာတလိနတ်သားမှ

"ကဲကဲ..အခုပဲ သိကြားမင်း Message ပို့တယ်။ ရှေ့တော်မှောက် အမြန် ခစားပါတဲ့။ ကဲ သွားကြရအောင်"
"ဦးဦးမာဂျလိ သကျားမင်းဂ မုန့်ကျွေးမို့ ထော်ဒါရား မတိဖူးနော်.. ဟိဟိ.."
"တယ်..ဒီကလေး..နတ်ပြည် လာပြီး အငတ်ကျ နေတယ် ငါ့တူမလို့ မပြောရဘူး.. ဟာ.. ဟား..."
"တီဒွင်းကလည်း တီဒွင်းတူမ ဖဲဟာ။ ဒီလောက်ဒေါ့ အဒေါ်ခြေရာ နင်းမှာပေါ့ယို့..နော့်... ခစ်..ခစ်"

ဒီလိုနဲ့ ပြောပြော ဆိုဆို သိကြားမင်း ရှေ့တော်မှောက်သို့ ရောက်ရှိ သွားလေသည်။

"အိန်း.. သင်တို့ကို ခေါ်ရခြင်းက တခြားတော့ မဟုတ်ဘူးကွဲ့။ အကျွန်ုပ် ကိုယ်တိုင် နတ်သုဒ္ဒါများနှင့် ဧည့်ခံချင်လို့ပဲ"
"တီတီဒွင်း သကျားမင်းဂ နတ်တုတ်ဒါ နဲ့ အဲ့ခံ မယို့ဒဲ့ ဟိဟိ... ချားရတော့မယ်... "

ဒီလိုနှင့် နတ်သုဒ္ဒါ သုံးဆောင်ရင်း တူမတော် မက်မက်က

"တီတီဒွင်း မက်မက်တို့ နတ်ပြည် တခေါက်အလည် တွားတာကို လု့ပီ ပန်ရောက်ရင် တီတီဝါကို ပြန်ကြွား လိုက်မယ်နော်..ဟိ..ဟိ..."
"နတ်ပြည်မှာ အရမ်းလှတဲ့ Dream Blog နန်းဆောင် မှာ နတ်ငါးတွေ၊ ပင်ဂွင်းငှက်ရယ်၊ မေတ္တာ ဂေဟာရဲ့ ဧည့်မှတ်တမ်း တွေနဲ့ အိပ်မက် မင်းသမီးလေးရဲ့ ဆွေတော် မျိုးတော် နာမည်တွေကို မှတ်တမ်း တင်ထားတာ တွေ့ခဲ့တဲ့ အကြောင်းကို ပြောပြလိုက်ပေါ့ သမီးရဲ့"

"အရှင်သိကြားမင်း သုံးဆောင်လို့ပြီး သွားပါပြီ၊အချိန်လည်း စေ့နေတဲ့ အတွက် လူ့ပြည် လူ့ရွာသို့ ပြန်ခွင့်ပြုပါ၊ မပြန်ခင် ဆုံးမစကားလေး ချွေပေး တော်မူပါ အရှင်သိကြား"
"အိန်း..အိန်း... အသင်နှမက တရား ဓမ္မနှင့် ပျော်မွေ့တတ်သူမို့ ဘုရားရှင် လက်ထက်က အကျွန်ုပ် ရရှိထားတဲ့ တန်ဖိုးဖြတ် မရတဲ့ စကားနှစ်ခွန်း လက်ဆောင် ပေးလိုက်မယ် နှမ။ သေချာ မှတ်သား ပါလော့"
"မှန်ပါ့အရှင်သိကြားမင်း"
"နှမ၊ အသင် နိဗ္ဗာန် ရောက်ချင်ရင် ခန္ဓ(၅ပါး)နောက်မှာ ပပဉ္စတရား(၃ပါး) မလိုက်စေနဲ့ နှမ"
"မှန်လှပါအရှင်သိကြားမင်း"
"ဒါဆို အဲဒီ တရား မလိုက်အောင် ဘယ်လို ကျင့်ရမလဲ ဘုရား"
"ခရ ၊ ၀ရ (ဖြစ်၊ပျက်)မှန်အောင် ရူပေါ့ နှမ ၊ ဒါဆို နိဗ္ဗာန် ရောက်မှာ မလွဲဧကန်ပဲ"
"သေချာ မှတ်သား လိုက်နာပါ့မယ် အရှင်သိကြားမင်း သာဓု..သာဓု...သာဓု.."
"ကဲ...မာတလိ ၊ဒီက နှမတော်ဒွင်းနဲ့ တူမတော်မက်မက် တို့အား ပန်းရထားဖြင့် လူ့ပြည်သို့ ချောမွေ့စွာ ပြန်ပို့စေ မောင်မင်း"
"မှန်ပါအရှင်"

ဤသို့ လက်ပြ နှုတ်ဆက်ရင်း ပန်းရထားကြီး စီးကာ သမီးမက်မက် လေးကလည်း ဦးဦးမာတလိ နတ်သားအား နှုတ်ဆက် နေလေသည်။ BYE BYE
(English)ဦးဦးမာဂျလိ ၊ Selamat Tinggal (Malay)Dream Blog၊ Pa a lam (Philippine) ၀ိသုကြုံနတ်သား စသည့်ဖြင့်၊ စသည့်ဖြင့် နှုတ်ဆက်ရင်းပေါ့လေ။ :P

"ဟိတ်... မိမက်.... ဘယ်သူ့ကို လက်ပြ နှုတ်ဆက် နေတာလဲ"
"အော်...ငါ စိတ်ကူး ယဉ်နေတာပါလား။ ဟိ..ဟိ...ငါ ထမင်းစားချိန်မှာ တရားနာရင် စိတ်ကူးမိ သွားတာကိုး... ခစ်..ခစ် :P

ဘာပဲဖြစ်ဖြစ်လေ၊
အပိုမကြွား၊ အကြွားမပိုတဲ့ တက်ဂ်ပို့စ် တစ်ခု ရသွားတာပေါ့။ ဟိ..ဟိ တကယ် ကြွားရမယ် ဆိုရင် ကြွားစရာတွေက များနေလို့ တဒင်္က နတ်ပြည် ရောက်ကြောင်း စိတ်ကူးအိပ်မက် လေးကိုပဲ တက်ဂ်ပို့စ် အနေနဲ့ ကြွားလိုက်တာ... အဟိ...ကျေနပ်တော့်နော် တီတီဝါ... :k အာဝါးးးးးးးး အမြှောက် တစ်သိန်း...ဟိ..ဟိ

ဟုတ်ကဲ့...အခုလို ရူးပေါပေါ တက်ဂ်ပို့စ် လေးကိုပဲ အစအဆုံး ဖတ်ပေးတဲ့ အတွက် မက်မက်က ကျေးဇူးတင်တယ်နော်...
:P

Tuesday, December 2, 2008

အော်....ဘ၀သံသရာ


ဧည့်သည်

လာတုန်းကလဲ တစ်ယောက်ထဲနော့
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း

ပြန်သွားတော့ လည်း တစ်ယောက်ထဲနော့
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း

လာပြီးတော့နား
မသွားသေးခင် ချိန်လေးတွင်မှ
ဝန်းကျင်ခက်နွယ် နှောင်ကြိုးတွယ်ကြ
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနှင့်
ဘ၀ရိပ်မြုံ ကကြိုးစုံခဲ့ 
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ
သုတ်သုတ်ဆောလျှင် ခရီးနှင်သည်
တို့များဧည့် သည်ပါတကား...
(ဗန်မော်ရွှေညို)
ဒီဗီဒီယိုလေးကို ကြည့်ပြီး လူ့ဘ၀ဟာ တကယ်တော့ တိုတိုလေးပါလား ဆိုပြီး သံဝေဂတရား သတိနဲ့ တုန်လှုပ်မိ တဲ့ရှိသလို၊ ဟာ.. ဒီကောင်မလေး မက်မက် တစ်ယောက်ကတော့ လုပ်ပြီ ဘာတွေ လာပြနေတာတုန်း၊ ကျက်သရေ မရှိ ကျက်သရာမရှိ လူသေကိုမှ ရိုက်ထားတဲ့ ဗီဒီယို အခွေကို ဘလော့မှာ တင်ပြီး လူတွေကို ပြရလား စသည့် ပြောမဲ့သူ တွေလည်းရှိရင် ရှိမယ်နော်။ တကယ်တော့ ဒါက ကြည့်တတ်ရင် သံဝေဂ တရားရအောင် တင်ပေးတာပါ။

တရားရှာ ကိုယ်(ခန္ဓာ)မှာ တွေ့တဲ့ လူ့ဘ၀ဟာ တကယ်တော့ တိုတိုလေးပါ။ လောကမှာ သတ္တ၀ါတိုင်း သတ္တ၀ါတိုင်း ရှောင်လွဲလို့ မရတဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်း တွေကို ကြုံကြရမှာပါ။ လူတွေဟာ ကိုယ်က တကယ်ပဲ ဘယ်တော့မှ မသေကြ ရတော့မယ့် အတိုင်း မုသားသုံး မာယာသုံး တစ်ဦးနှင့် တစ်ဦး လိမ်ညာ လှည့်ဖျား ဥစ္စာပစ္စည်း ရှာဖွေကြတယ်။ ကိုယ်ဘယ်တော့မှ မနာတော့ မအိုတော့ မယ့်အလား မောဟတရား အမှောင်ဖုံးပြီး မောက်မာကြတယ်။ အချိန်တန် ခန္ဓာမှာ ဝေဒနာ ဖိစီးတော့ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ဆိုတဲ့အရာတွေနဲ့ နီးကပ်လာမှ ဆောက်တည်ရာ မရဖြစ်ကုန်ကြတယ်။ အဲဒီတော့မှ တရားရှာတော့ ကိုယ့်ရဲ့ခန္ဓာက မလိုက်နိုင်တော့ဘူး၊ အချိန်နှောင်း ကုန်ပြီလေ။ ရထားထွက်မှ ဘူတာရောက်သလို အမီပြေးလိုက် လို့လည်း မမှီတော့ ဘူးလေနော်။ဒါတွေက ဘာလို့လဲဆိုတော့ မောဟတရားရဲ့ ဖုံးလွမ်းထား မှု့ကြောင့်ပါ။ ဒါကြောင့် မအိုခင်၊ မနာခင်၊ မသေခင်၊မှာ အိုရမယ် နာရမယ် သေရမယ် ဆိုတာကို သိပြီးထားတဲ့ သူတွေ အဖို့မှာတော့ ဘ၀ဟာ ကြောက်စရာ မဟုတ်တော့ ဘူးတဲ့။

လူ့ဘ၀မှာ လူတိုင်းလူတိုင်း အကုသိုလ် စေတသိတ်တရား ၁၄ပါးရဲ့ သောင်းကျန်းမှု့ကို ခံနေရတာပါ။ ရန်လိုမှု့၊ တစ်ယောက်နဲ့ တစ်ယောက် ရန်စောင်မှု့၊ ခွင့်မလွတ်မှု့၊ သည်းမခံမှု့၊ လက်စားချေလိုမှု့၊ ရန်တိုက်လိုမှု့၊ ကုန်းချောမှု့ တယောက်နဲ့တယောက် အထင်လွဲ အမြင်လွဲအောင် လုပ်ဆောင်မှု့၊ စသည့်စသည့် သူတပါး အကျိုးပျက်စီးအောင် ကြံဆောင် နေမှု့တွေက လောကမှာ ရှိတဲ့သတ္တ၀ါ တွေရဲ့စိတ်ကို အရောင်ဆိုး နေတဲ့အရာပါနော်။ ဒါတွေကို ဘယ်လို ထိန်းမလဲ။ အလွယ်လေးပါနော်။ သတိလေးနဲ့ ထိန်းပေါ့။ ရိုင်းတဲ့စိတ်ကို ယဉ်ကျေးအောင်၊ မကောင်းတဲ့ စိတ်ကို ကောင်းအောင်၊ အောက်တန်းကျ တဲ့စိတ်ကို မြင့်မြတ်အောင် တရား သတိလေးနဲ့ ယှဉ်ပြီး ကျင့်ကြံရမယ် လေနော်။

သတ္တ၀ါတိုင်းမှာ လောဘ၊ ဒေါသ၊ မာန၊ ဣဿာ၊ မစ္ဆရိယ စိတ်တွေ ရှိတာပေါ့။ အဲဒီစိတ်တွေ မိမိတို့မှာ ပေါ်လာပြီ ဆိုရင် အလိုလို နေရင်း လောဘတွေ ပိုတိုးလာမယ်၊ ဒေါသဟာလည်း ပိုပြီး ကြီးထွားလာမယ်။ မာနဟာလည်း တံခွန်လို တလူလူ လွန့်လာတော့မယ်။ ဣဿာနှင့် မစ္ဆရိစိတ် တို့ဟာလည်း အပြိုင်အဆိုင် နင်လား ငါလား ၀င်လာမယ်လေ။ အဲဒါဆို မိမိတို့ ရရှိလာတဲ့ ခန္ဓာနဲ့လူ့ဘ၀ဟာ အလကား ဖြစ်သွားမှာပေါ့။ ရိုးသားမှု့တွေ ပျောက်ကုန်ပြီး ပျက်စီးဖို့ အလားအလာ ပိုများမယ်။ အဲဒါတွေကို အချိန်မှီ မထိန်းနိုင်ဘူး ဆိုရင် လူ့ဘ၀ဟာ လူဖြစ်ရကျိုး မနပ်တော့ ဘူးနော်။ လူတိုင်း လူတိုင်းကို ချုပ်ကိုင် ထားတဲ့အရာ ၁၄ခု ရှိတယ်နော်။ အဲဒါတွေက ဘာတွေလဲ ဆိုတော့
၁။မောဟလို့ ခေါ်တဲ့မသိခြင်း ၂။ အဟိရီကလို့ ခေါ်တဲ့မရှက်ခြင်း ၃။ အနောတ္တပ္ပလို့ ခေါ်တဲ့ မကြောက်ခြင်း ၄။ ဥဒ္ဓစ္စလို့ ခေါ်တဲ့ပျံ့လွင့်ခြင်း ၅။ လောဘလို့ ခေါ်တဲ့တပ်မတ်ခြင်း ၆။ ဒိဋ္ဌိ လို့ခေါ်တဲ့ မှားယွင်းစွာ နားလည်မှု့တွေ ၇။ မာနလို့ခေါ်တဲ့ ထောင်လွှားခြင်းတွေ ၈။ ဒေါသလို့ခေါ်တဲ့ ခက်ထန်ခြင်း ၉။ ဣဿာလို့ခေါ်တဲ့ ငြူစူခြင်း ၁၀။ မစ္ဆရိယ လို့ခေါ်တဲ့ ၀န်တိုခြင်း ၁၁။ ကုက္ကုစ္စလို့ ခေါ်တဲ့ပူပန်ခြင်း ၁၂။ ထိနလို့ခေါ်တဲ့ ထိုင်းခြင်း ၁၃။ မိဒ္ဓခေါ်တဲ့ မှိုင်းခြင်းနဲ့ ၁၄။ ၀ိစိကိစ္ဆာ လို့ခေါ်တဲ့ ယုံမှားသံသယ ဖြစ်ခြင်း ဆိုတဲ့အရာ ၁၄ချက် လွမ်းမိုး နေတာပါ။ အဲဒီရန်သူမျိုး ၁၄ပါးက လူတွေရဲ့ ရိုးသားတဲ့ စိတ်ကို မရိုးသားအောင်၊ မပွင့်လင်းအောင်၊ အမှောင်ချ နိုင်တဲ့ အရာတွေပါ။ အဲဒီထဲက အချက်(၆) ချက်ကတော့ ပိုပြီးဆိုးပါတယ်။ အဲဒါက လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာနဲ့ မစ္ဆရိယစိတ် တို့ပဲ ဖြစ်ပါတယ်။

လူတွေဟာ အို၊ နာ၊ သေ ဆိုတဲ့ ပျက်စီးခြင်း တရားတွေကို သိရဲ့နဲ့ မသိချင် ဟန်ဆောင်တယ်။ ကိုယ်ရရှိလာတဲ့ တဒင်္ဂ ဘ၀တိုလေးမှာ အပျော်ကြီးပျော်၊ အမော်ကြီး မော်နေကြတယ်နော်။ ဒီလိုနဲ့ မရဏ သေမင်းဆိုတဲ့ရွာကို လျှပ်တပြတ် ရောက်ခဲ့ရင် ငါ၊ သူတပါး၊ ယောက်ျား၊မိန်းမတို့ရေ ဘယ်လိုနည်းနဲ့ သွားမှာလဲ။ တရားနဲ့သေဆုံးတဲ့ ဒီလိုကလေးမျိုးလို သွားချင်လား။ လူ့သက်တမ်းက ၇၅နှစ် ဆိုပေမယ့် သက်တမ်း မကုန်မီ အချိန်မရွေး ကြွေသွားနိုင်တဲ့ အတွက် သိပ်မကျန် တော့တဲ့အချိန် လေးကို တရား အားမထုတ်ဘဲ သွားချင်လား ၊ သံဝေဂ လေးတွေပါနော်။ ဤဗီဒိုယို ခွေလေးကြည့်ပြီး လူတိုင်း လူတိုင်း တရား အားထုတ် နိုင်ကြပါစေ။ ခန္တီ၏ ရန် ဒေါသမာန် တွန်းလှန်နိုင် ကြပါစေ။ ခန္ဓနှလုံး အစဉ်သုံး ရွှင်ပြုံး ကြပါစေ လို့ဆုတောင်း မေတ္တာပို့ရင်း....အားလုံး တရားသတိ ရင်မှာ ငြိနိုင်ကြပါစေ။