
တစိမ့်စိမ့်ကြည့်
တရိတ်ရိတ်တွေး
တမြေ့မြေ့ဆွေး
ငါ့လက်ထဲက
မင်းဓာတ်ပုံလေး
ထိုစဉ်အတိတ်
ပြန်လည်ကြားယောင်
ချစ်သူ့ခေါ်သံ
မ..ရေ။မ...ရေ...
အရမ်းချစ်တယ်။
ချစ်သူအပြုံး
ရင်သို့တိုးဝှေ့
ငါ့ရဲ့အနား
အရိပ်ပမာ
ထာဝစဉ်သာ
သူစိုးမိုးတယ်
အမှတ်မထင်
ကံကြမ္မာဆိုး
တိုးလို့လာခဲ့
ထိုတနေ့ဝယ်
မေ့လိုက်ပြီတဲ့။
သြော်..ခုတော့လည်း
ဖဲ့ခြွေကိုက်စား
ငါ့နှလုံးသား
ကြင်နာမှုမဲ့
နာကျင်မှု့နဲ့
ဝေးလွှင့်ခြင်းရဲ့
နောက်ဆုံးခြေရာ
အလွမ်းရင်သို့
တည်နေတာလား..

နှမတော် လုပ်လှချည်လား တယ်ကောင်းပါလား မိုက်တယ် ဆက်ရေးဆက်ရေး
ReplyDeleteလွမ်းမျက်ရည်မိုး
ReplyDeleteသွန်းကာဖြိုးတော့
ချစ်စိတ်ရယ်မပြေ
လွမ်းမျက်ရည်တောင် ဝဲမိတယ်
ကဗျာလေးကကောင်းလို့ ခံစားမိပါတယ်
အားပေးလျှက်ပါ။