ဝသူက ၀လွန်းသည်ဟု ညည်းသည်။ ပိန်သူက ပိန်းလွန်းသည် ဟုညည်းသည်။
အရပ်ရှည် သူကလည်း ရှည်ရန်ကောဟု စိတ်ပျက်သည်။ ပုသူကလည်း ပုလို့ စိတ်မကောင်း။
စင်စစ် တွေးကြည့်လျှင် လူသည် တခြားရန်ဖြစ်စရာ မရှိသော် ကိုယ့်ခန္ဓာနှင့်ကိုယ်ရန် ဖြစ်နေ တတ်ကြောင်း တွေ့ရမည်။ ဤသို့ ရန်ဖြစ်မှုသည် အာဒမ်နှင့် ဧ၀ တွေ့ခဲ့ကြသော အီဒင်ခြံ ကတည်းပင် စတင်ခဲ့သည်။ မိမိခန္ဓာကိုယ်ကို မကျေနပ်ရာ၌ အရပ်အမောင်း ကိစ္စမှာ ဘုရားသခင်လည်း မတတ်နိုင်။ ခေတ်မီသော နည်းပညာ တို့ဖြင့်လည်း မပြင်ဆင်နိုင်။ ပုသူကို ရှည်အောင် လုပ်လို့ လုပ်မရ၊ ရှည်သူကို ပုအောင် လုပ်လို့ လည်းမဖြစ်။ နောက်ပေါက်ဖွားမည့် မိမိ၏ မျိုးဆက်သစ် ကိုသာ အပုအရှည် ပြောင်းလဲသွား အောင်စီမံနိုင်မည်။ ပိန်ခြင်း ၀ခြင်း ကိုမူ မိမိသက်တမ်း ၌ပြုပြင်နိုင်ကုန်၏။ အရပ်ရှည်ခြင်း၊ ပုခြင်းသည်ပြဿနာ မဟုတ်လျှင် ၀ခြင်းသည်လည်း ပြဿနာ ဖြစ်စရာ အကြောင်း မရှိဟု Anti-Diet သမားတို့က အဆိုပြုကြသည်။ အစားအသောက်ကို ချင့်ချိန်ခြိုးခြံ စားသောက်ခြင်းကြောင့် အ၀လျှော့သွား နိုင်စေကာမူ တစ်ဖက်၌ ရှူနာရိုက်ကုန်း ရောဂါဝင်မည်။ Anorexia ရောဂါဝင်မည်။ ဒုတိယ အ ကြောင်း မှာ ဖက်ရှင် မယ်တွေလို ဘ၀တစ်လျှောက်လုံး ပါးပါးလှပ်လှပ်။ ကိုယ်ဟန်ကျော့ရှင်း နေချင်လို့ ဘယ်ဖြစ်နိုင် မှာလည်းဟု မေးခွန်းထုတ် ကြည့်သော အချက်တို့ဖြစ်သည်။ ကျန်းမာရေး အလို့ငှာ ၀ခြင်းကို လျှော့သင့် စေကာမူ လှချင်၍ အ၀လျှော့ပါက ယင်းမှာ သဘာဝနှင့် ဆန့်ကျင်သော လောဘသာ ဖြစ်လိမ့်မည်။
အ၀လျှော့ အသင်းဥက္ကဋ္ဌက သမ္မာကျမ်းစာမှ စိန့်ချူး၏ ပြောစကားကို ထောက်ခံသည်။ စိန့်မက်ချူးက အသားအရည် အားပျော့ စေကာမူ စိတ်ဓာတ်က မာ၏ဟု ဟောသည်။ ပိန်သူက ပိုပြီး စိတ်ဓာတ် ခိုင်မာသည်ဟု ဆိုလိုသလား မသိ။ ၀လွန်းခြင်း Obesity ကိုရောဂါ အဖြစ် ရှုမြင်သူတို့က ၀သူ တစ်ဦးတည်း ကိုယ်ဟာကိုယ် ကျိတ်ပြီး စဉ်းစားသင့် ဟုဟောသည်။ စုပေါင်းဖြေရှင်းရန် အကြံပြုရာမှ ၀သူများ အသင်းတွေ ကမ္ဘာအနှံ ပေါ်လာခဲ့သည်။ ဤအသင်းတို့က ကိုယ်အလေးချိန် ပန်းတိုင်"A weight goal" ကိုဆရာဝန်တို့နှင့်တိုင်ပင်ပြီး ချမှတ်ပေးသည်။ အဘယ်ကြောင့် ၀သလဲ။ နောက်ဆုံး သုတေသနတွေ့ ရှိချက်ကို ၀သူများအသင်းက သိပ်လက်ခဲ့ ချင်ပုံမရ။ အကြောင်းမူ ၀ခြင်းပြဿနာသည် အစားအသောက် ပြဿနာ မဟုတ်ပေ။ သို့ရာတွင် အ၀ပြဿနာသည် သူဌေးပြဿနာ ဖြစ်သည်ဆိုသော ဆင်ခြေကိုမူငြင်းဆိုရန် ခက်ခဲနေကြသည်။ အ၀ပြဿနာသည် ဆင်းရဲသော နိုင်ငံတို့မှာ ထက်ချမ်းသာသော နိုင်ငံတို့တွင် ပို၍ ကြီးကြီး ကျယ်ကျယ် ဖြစ်ပေါ်ကြောင်း တွေ့နေကြသည်။ ချမ်းသာလာ သောအခါ အဆီအဆိမ့် တို့ကို ဇိမ်ခံပြီး မဆင်မခြင် အရသာ ခံစားလာကြ သောကြောင့် ၀လာကြခြင်း ဖြစ်တန်ရာသည်။ သူဌေးရောဂါဟု ဆိုခြင်းသည် မှားအံ့မထင်။ အပိန်အ၀ ရှုထောင့်ဘက်မှာ ထက်ပို၍ ကျယ်ပြန့်သော ရှုထောင့်ဘက်မှ ကြည့်လျှင် အနိစ္စတရားသည် မလွန်ဆန် နိုင်စေကာမူ ယခုအခါနှင့် နောင်တွင်ရွှေ့ ဆိုင်းလို့ရလာကြောင်း တွေ့ရမည်။ လူတို့ပို၍ အသက်ရှည် လာကြခြင်းသည် ဤသဘောပင် ဖြစ်သည်။ ခေတ်မီဆေး ပညာတို့ကြောင့် ရောဂါအမျိုးမျိုး တို့ကို ကုသနိုင် လာကြသည်။ ယင်းအချက်က နောက် ထပ်ဘာပြဿနာ နည်းဆိုသော် လူတို့သည် အသက်ရှည် လာသလောက် သက်တမ်း၏ အရည်အသွေး Quality of life ကလည်း မြင့်သွားခြင်း ကိုပြသည်။ အဓိပ္ပာယ်မှာ အသက်၏ အလျားသည် ရှည်လျား သွားသကဲ့သို့ အသက်၏ အနံသည်လည်း မြင့်တက်သွားခြင်း ဖြစ်သည်ဟု ပြောဟန်ရှိသည်။ အသက်၏ အနံမြင့် တက်သွားသည် ဆိုရာ၌ ရှည်လျားလာသော ဘ၀သက်တမ်း၏ အရည်အသွေးသည် အဆင့်မြင့် လာခြင်းကို ဆိုလိုသည်။ မိမိတို့၏ မိဘများ လက်ထက်က ထက်ပို၍ အဆင့်အတန်းမြင့် လာခြင်းကို ဂရုမူနိုင် ကြပါလိမ့်မည်။ ဇရာထောင်း ပေါ့ပါးသက်သာ သွားသော အဆင့်ပုံ ဖြစ်သည်။
Dream တော့နော်..
ReplyDeleteကြောက်တတ်ပါတယ်ဆိုမှ..ဟွန်းးးး
အဲလောက်ကြီးတော့ ပိန်ချင်ဝူးးးးနော်
;P
;P
;P
ဒီမှာထူခြားတာတစ်ခုတွေတယ် ကျန်တာတွေကတော့ အတူတူပါပဲ။ ထူးခြားတာကတော့ ဝတဲ့သူက သေရင် အခေါင်းကြီးကြီးလိုတယ် ပိန်တဲ့သူအတွက်တော့သေရင် အခေါင်းသေးသေးလိုမယ်။ ရှည်တဲ့သူအတွက်တော့ အခေါင်းရှည်ရှည်လိုမယ်။ ထို့အတူ ပုတဲ့သူအတွက်တော့ အခေါင်း ပုပုလေးလို့မယ် ဒါလေးပဲထူခြားတာပါ။ လူရယ်လို့ဖြစ်လာရင် ကိုယ်မှာဘာရှိတယ်ဆိုတာလက်ခံနိုင်ရင် လောကကြီးကတော်တော်နေရထိုင်ရသက်သာပါတယ်
ReplyDelete:P :P
အမလေး.မော်ဒ.ယ်ဂဲတွေမော် ဒယ်ပြဲတွေ.ကြည့်ဘီး ရွေးရခက်နေဘီဂျ
ReplyDelete