Monday, July 14, 2008
ကျွန်မချစ်မိအပြစ်ရှိသည်
လွမ်းတယ်..
သတိရတိုင်းမင်းပို.ထားခဲ့တဲ့
စာလေးတွေပြန်ဖတ်ရင်း
ငါကျေနပ်နေဆဲပါ
လမ်းခွဲခါနီးမင်းပြောခဲ့တဲ့စကားလေးတစ်ခွန်း
ငါမှတ်မိနေသေးတယ်
ဖြစ်နိုင်ရင်သူငယ်ချင်းလိုနေကြရအောင်တဲ့
ငါလက်ခံပေးခဲ့ပါတယ်
အခုတော့....
လွမ်းနေသူရင်ထဲမှာ
မွန်းကျပ်နေတဲ့စကားလေးတွေကို
သူငယ်ချင်းလေးအဖြစ်နဲ့တစ်ချိန်ကချစ်သူကိုပြောချင်ပါတယ်
ငါမင်းကိုတစ်ရက်မှမေ့လို့မရခဲ့ပါဘူး..............တကယ်ပါ...
နင့်ကို
အချစ်ဆုံးလို့
သိလိုက်ရချိန်မှာ
ငါ့ဘေးမှာနင်မရှိတော့ဘူး...
တကယ်တော့ငါဟာ
အိမ်မက်တစ်ခုထဲက
လန့်နိုးလာသူပါ...
နင်ဟာငါ့ကို
ချစ်တတ်လာအောင်
သင်ပေးခဲ့သလို
ချစ်တတ်တော့မယ့်
အချိန်ရောက်တော့မှ
ငါ့အနားကခွဲပြီး
မုန်းတတ်လာအောင်လည်း
လေ့ကျင့်ပေးသွားခဲ့တယ်...
နင့်ကိုအပြစ်မတင်ပါဘူး
တကယ်တော့အပြစ်ရှိသူဟာ
နင့်ကိုချစ်မိခဲ့၊ချစ်သွားခဲ့တဲ့ငါပါ...
ဘယ်ဆီဘယ်မှာမသေချာတဲ့
ဆုံနိုင်ခွင့်တစ်ခုကို
မျှော်ကိုးရင်းတွေ့ကြဖို့ဆိုတာ
မဖြစ်နိုင်တဲ့အခါ
ငါ့အတွက်တော့
မင်းဓာတ်ပုံလေးကသာ
အလွမ်းပြေစရာပါ။
၁ယောက်ထဲပါ။
၂ယောက်မရှိပါဘူး။
၃သုံးနေကျစကားမဟုတ်လို့ပါ။
၎စားပေးပါ။
၅ရင်ထဲကိုဝင်ကြည့်ပါလား။
၆ကပ်နေတယ်။
၇ရက်ပတ်လုံးမင်းကိုလွမ်းလို့...
မင်းကိုသိပ်ချစ်ခဲ့တာကိုတော့ယုံပေးပါကွာ။
Labels:
ကဗျာအပိုင်းအစ
Subscribe to:
Post Comments (Atom)
သူငယ်ချင်းရေ
ReplyDeleteဘယ်အရာကမှ မတည်ငြိမ်၊ မခိုင်မြဲပါဘူး
လူ့ရဲ့စိတ်က ပိုမှန်းဆရခက်တာပေါ့
နောက်ပြီး ဖောက်ပြန်တတ်တဲ့
သဘောလည်းရှိပြန်တော့
အချိန်မရွေး
ဖြစ်ပျက်
ပြောင်းလဲ သွားနိုင်ပါတယ်။
ကဗျာကောင်းလေးတစ်ပုဒ်ကို မျှဝေပေးတဲ့ အတွက် ကျေနပ်စွာ ခံစားသွားပါတယ်။
ခင်တဲ့ .. ဝင်းဇော်
အချစ်မှာ အပြစ်မရှိပါ... ချစ်မိသူမှာသာ အပြစ်ရှိပါတယ်။
ReplyDeleteကဗျာလေးက ကောင်းတယ်.... ဆက်ရေးနော်...
မင်းကိုချစ်မိ အပြစ်ရှိသည် ....
ReplyDeleteကောင်းပါတယ်နော် ...အားပေးနေမယ်...
သတိသာထားပေတော့။
ReplyDeleteချစ်မိသူဟာ
ရှုံးနိမ့်သူ
(အလိုလို)ဖြစ်နေတတ်သတဲ့။.....။
ချိုမြိန်တဲ့ အရသာ အောင်မြင်ခြင်းမှာ ရှိတတ်ပါတယ်
ReplyDeleteထိခိုက်တဲ့ ဝေဒနာ ဆုံးရှုံးခြင်းမှာ ရှိတတ်ပါတယ်
ထာဝရ အောင်မြင်နေခြင်းဟာ တစ်ကြိမ်တစ်ခါ ဆုံးရှုံးခြင်းကို ဖုံးလွှမ်းမေ့ပျောက်နိုင်စွမ်းမရှိပါဘူး။
ထိုတစ်ကြိမ်တစ်ခါ ဆုံးရှုံးရခြင်းသည်ကား
နှလုံးသားကို စွန့်လွှတ်လိုက်ရခြင်းတည်း။
အာ....ကိုတားမြစ်ကြီး က လုပ်ပြီ...
ReplyDeleteဒါဆို ဒီတစ်သက် အရှုံးစံ ဘဝ နဲ့ဘဲ
ထာဝရ နေနေရတော့မှာ....
အမှန်တွေ ပြောသွားတယ်...
Dream ရေ.....
အိပ်မက်တွေထဲမှာရော အပြင်လောကကြီးမှာပါ
တစ်ယောက်တည်း ဖြစ်နေရတော့မှာ...
အလွမ်းတွေကို မုန်းတယ်....B...u...t......
This comment has been removed by a blog administrator.
ReplyDeletefri yay... D poem lay co I a yam khan sar ya tal ... poem htal ca a tine chit tat tot mha htar khae khan ya tal....
ReplyDelete