Subscribe:

Friday, December 31, 2010

နိုက်ကလပ်မှ မြတ်ဗုဒ္ဓ

အမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ့ စားသောက်ဆိုင်ကြီး တစ်ဆိုင်မှာ မြန်မာအလုပ် သမားလေး ရန်မျိုးအောင်ဟာ ဆူရှီလိပ်ရင်း ဘုရားဂုဏ်တော်တွေ တတွတ်တွတ်ရွတ် နေရှာတယ်။ သူ့ဘ၀ သူ့အခက်အခဲ သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ဘုရားသာ အားကိုးရာရှိ တော့တယ်လို့ သူယုံ ကြည်ထားလို့ပါ။









သူ့ရည်ရွယ်ချက် ဆိုတာကြွယ်ဝ ချမ်းသာဖို့ သူဋ္ဌေးဖြစ်ဖို့ ဘ၀အောင်မြင်ဖို့ ချစ်တဲ့သူနဲ့အတူ လက်တွဲပြီး သာယာတဲ့ ဘ၀ခရီး လျှောက်လှမ်းနိုင်ဖို့ ဆိုတဲ့လူငယ်တို့ သဘာဝ ရှိတတ်တဲ့ မျှော်မှန်းချက်တွေတော့ မဟုတ်ပါဘူး၊ လူငယ်နဲ့ မလိုက်ကိုယ့် အခြေအနေနဲ့ မတတ်နိုင်တဲ့ မျှော်မှန်းချက်တစ်ခု သူ့မှာရှိ နေလို့ပါ။ သူ့မျှော်မှန်းချက် ဆိုတာ ၂၀၁၀ခု၊ သြဂုတ်လက စတင်ခဲ့တာပါ။ သူအလုပ်လုပ်တဲ့ စားသောက်ဆိုင်က လူသုံးရာကျော် စားနိုင်တဲ့ ဆိုင်ကြီးပါ။ အာရှအစားအစာ မျိုးစုံရနိုင်ပါတယ်။ ဂျပန်စာဖြစ်တဲ့ ဆူရှီဌာနမှာ ရန်မျိုးအောင်က ဆူရှီလိပ်ရသူပါ။

ရန်မျိုးအောင်ဟာ တနေ့တော့ အလုပ်ကအပြန် ရေမိုးချိုးပြီးအနားယူနေချိန်မှာ နိုက်ကလပ် သွားချင်တဲ့ စိတ်တွေပေါ် လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲ ၀ါသနာပါသူ မဟုတ်တော့လို့  သွားချင်တဲ့ စိတ်တွေ မဖြစ်ခဲ့တာလည်း ကြာခဲ့ပါပြီ။ ဒီနေ့တော့ ဘာကြောင့်လို့ရယ် မသိသွားချင်တဲ့ စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်နေတယ်လေ။ မတော်ပါ ဘူးဆိုပြီး တီဗွီကြည့်လိုက် ပုတီးစိတ်လိုက်နဲ့ ဖြေဖျောက်ဖို့ ကြိုးစား ခဲ့တယ်။မရဘူး၊ မသွားရ မနေနိုင် လောက်အောင် ဖြစ်နေတယ်။ ကဲ ဒီလောက် တောင်ရှိရင် သွားမယ်ဆိုပြီး ဘယ်သူမှ မခေါ် ဘယ်သူမှ မတိုက်တွန်းပဲ သွားချင်လှတဲ့ ဆန္ဒကို ရှေ့တန်းတင်ပြီး ထွက်ခဲ့တော့တယ်။နိုက်ကလပ် ဆိုလို့ အခြားဆိုင်တော့ မဟုတ်ပါဘူး။ သူအလုပ် လုပ်တဲ့ဆိုင်ပါ။ နေ့ခင်းမှာ စားသောက်ဆိုင်လုပ်ပြီး ည ၁၀-နာရီကျော်မှ ၂-နာရီအထိ နိုက်ကလပ်အဖြစ် ဖန်တီးပြင်ဆင် လိုက်တာပါ။

ဆိုင်ထဲရောက်သွားရင်ပဲ “ဘုရား-- ဘုရား--”လို့ ရေရွတ်တမ်း တမိပြီး တအံ့တသြ ငေးမောကြည့် နေမိတယ်။ တဘက်နံရံမှာ ရှိနေတဲ့ (၁၀)ပေ ခန့်ရှိတဲ့ ဘုရားဆင်းတုတော်ကြီးကို သူအလုပ်လုပ်တိုင်း မြင်နေကျပါ။ ဆိုင်မှာအလှအပ အဖြစ်ထား တယ်လို့ပဲ သူနားလည်ထား ခဲ့ပါတယ်။ ဒီမြင်ကွင်းမျိုးမြင်ရလိမ့်မယ်လို့ သူမမျှော် လင့်ခဲ့ဘူး။ ခုတော့ ဘုရားခမျာ ဗယုတ်သုတ်ခနဲ့  လှုပ်လှုပ်ရွရွ မြူးတူးပျော်ပါးနေတဲ့ ကာမမှောင် တောထဲမှာ သီတင်းသုံးတော် မူနေရရှာတယ်။







လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော်ကြီး ၀န်းကျင်မှာ ဖိုမအစုံစုံ ယစ်မူးအဟုန်ဖြင့် အစွမ်းကုန် မြူးတွန့်နေကြတယ်။ ဘုရားရဲ့ ရှေ့တည့်တည့် (၁၀)ပေခန့်အကွာမှ ခုံပေါ်မှာတော့ လက်တစ်ဝါးခန့် အ၀တ်လေးများ ဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မလေး များကသူတို့ကို ကိုယ်အလှ သူ့တိုအကတွေနဲ့ ကာမမှောင်ကို မှောင်သည်ထက် မှောင်အောင် ဆွဲဆောင်နေပြန်တယ်။ ဘုရားနောက်ကြောနံရံမှ ထွက်လာတဲ့ မှိတ်ချီဖွင့် ချီရောင်စုံမီး ဆလိုက်များက ဘုရားဦးခေါင်းတော် ဘေးဝန်းကျင်ကို ဖြတ်ကျော်ပြီး ညဥ့်ငှက်မ လေးများရဲ့ကိုယ်အလှကို မြင်သာအောင်ထိုးပြနေ ပြန်တယ်လေ။ ဘုရားက ရောင်ခြည်တော်ဖြင့် ထိုးပြနေသလို စီမံထားလေ သလားတော့မသိ။

ဆင်းတုကိုယ်တော်မြတ်ကြီးက “ငါဘုရား အဇပါလ ညောင်ပင်အောက် သီတင်းသုံးစဉ်က မာရ်နတ်ရဲ့သ္မီးများ ဖြစ်တဲ့ တဏှာ၊ရတီ၊ရာဂါ တို့ညီမသုံးယောက်က ငါဘုရားကို လာဖြားယောင်းဖူးတာ တစ်ခါပဲ ရှိခဲ့ဖူတယ်။ ဒီအဖြူမ လေးတွေက ညတိုင်းလာ ဖြားယောင်း နေပါလား ”လို့ တွေးထင်တော်မူလေ မလားမသိ။ ရန်မျိုးအောင်တော့ ဘုရားကြီးအတွက် စိတ်မသက် မသာဖြစ် ခဲ့ရပြီ။ ရန်မျိုးအောင်ဟာ မောင်မယ်အစုံများကို တိုးဝှေ့ပြီး ဘုရားအနီး ချဉ်းကပ်သွားခဲ့တယ်။

အလား--လား-- ပိုဆိုးပါလား။ စကပ်လေးတို နန့်နန့်နဲ့ မိန်းကလေးက ဘုရားခုံပေါ်ထိုင်ပြီး ဘုရားပေါင်တော်ကို သူ့ပေါင် နဲ့ထိထိုင်ကာ စတိုင်ကျကျနဲ့ အရက်ခွက် ကိုကိုင်လို့၊ တစ်ချို့က ဘုရားခြေတော် လက်တော်တွေပေါ်မှာ အရက်ခွက်တွေ တင်ထားပြန်တယ်။ ဒီထက်ဆိုးတာက မိန်းကလေးက ဘုရားကို ကျောမီနေပြီး သူ့တွဲဖက် ကောင်လေးက ဘုရားပေါ် လက်ထောက်ကာ ပူးကပ်ပွတ်သပ်လို့ ရစ်မူးနေပြန်တယ်။ ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော် ကြီးဝန်းကျင်မှာ ဖြစ်ပျက်နေ ပုံများကိုကြည့်ပြီး ဒေါသတွေ ချောင်းချောင်း ထွက်မိတယ် ၊ဖြစ်နိုင်ရင် ၀ါးရင်းဒုတ်နဲ့ အားလုံးကို မောင်းထုတ်ပစ် လိုက်ချင်တယ်။ မပြုဝံ့ပါပေ၊ “ခါကျဉ်ကောင် မာန်ကြီးပေမဲ့ တောင်ကြီးကို တဲ့ဖြိုမယ့်ကြံ ခါးကမသန်”ဆိုသလို သာမန်အလုပ် သ္မားလေး ရန်မျိုးအောင် ဘာတတ်နိုင် ပါမည်နည်း။






ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွား တော်ကြီးကို ကြည့်ပြီးကြိတ်မနိုင် ခဲမရ ဖြစ်နေရတယ်၊ လှုပ်လှုပ်ရွရွ တွန့်လိမ်ပွတ်သပ် နေတဲ့မြင်ကွင်း၊ မြူးကြွဆူညံနေတဲ့ ဂီတသံ၊ ထောင်းထောင်းမွှန် နေတဲ့အရက်နံ့၊ မျက်နှာ တော်တည့်တည့်မှာ တစ်ကိုယ်လုံး နီးပါးပေါ်နေတဲ့ ကခြေသည်မ လေးတွေရဲ့ တုန်ကာလုပ်ကာ မြူဆွယ်ပြ နေတဲ့အက ၊ဒီဝန်းကျင်မှာ နေရရှာတဲ့ ဘုရားရုပ်ပွားတော် ကြီးခမျာ ဆင်းရဲရှာ မှာပဲနော်လို့ သူ့အတွေး သူ့အမြင်နဲ့ ရုပ်ပွားတော်ကြီးကို သိပ်သနား နေမိတယ်။ ဘုရားဆိုတာ သနားစရာ မဟုတ်ပေမဲ့ သူ့ရင်ထဲမှာ တော့ တကယ်သနား နေမိတယ်။ ဘုရားနဲ့ ဒီဝန်းကျင်က လုံးဝဆန့်ကျင် နေတယ်လေ။ ဘုရားရုပ်ပွားတော်ရဲ့ မျက်နှာတော်ကို စိုက်ကြည့်မိရာက သူ့ရင်ထဲမှာ “ဒါယကာလေး ရန်မျိုးအောင်၊ ငါဘုရားကို တစ်ခြားနေရာကို ပင့်နိုင်ရင် ပင့်စမ်းပါကွာ” လို့မိန့်တော်မူ နေသလို ခံစားမိပြန်တယ်။

ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကို ရောက်လာရခြင်းမှာ သာမန်ရောက်လာ ခြင်းမျိုးမဟုတ်၊ လာချင်တဲ့ ဆန္ဒတွေ ပြင်းပြလွန်းလို့ အရောက်လာ ခဲ့ရတာ။ ဘုရားစောင့်နတ် တွေကများ ဒီမြင်ကွင်းကို ခေါ်ပြလေသလား မသိ။ မည်သို့ပင်ဖြစ်စေ အခြေအနေ အရပ်ရပ်ကို သူသိလိုက်ရပြီ။ အမျိုးဘာသာ သာသနာအတွက် လူတိုင်းမှာ တာဝန်ရှိတယ်။ တာဝန်ရှိသူဟာ တာဝန်ကိုသိရမယ်။ သိသည့်အတိုင်းလဲ ဆောင်ရွက်ရမယ်။ ရန်မျိုး အောင်ဟာ လူငယ်ပေမဲ့ စိတ်ထားသေးငယ် သူတော့မဟုတ်။ တာဝန်ရှိလာရင် ဆောင်ရွက်ရန် အဆင်သင့်၊ သာသနာ အတွက်ဆိုရင် ပိုလို့ပင် ကြိုးစားချင်သူ။ ဒီကာမမှောင် အတွင်းက ဗုဒ္ဓရုပ်ပွားတော် ကြီးကို ပင့်ထုတ် ရမယ့်တာဝန်ဟာ ငါ့တာဝန်လို့ ဦးထိပ်မှာ တင်ကာခံယူ လိုက်တော့တယ်။ “ဘုရားရုပ်ပွား တော်ကြီးကို ငါရအောင်ပင့်မယ်”လို့ သံဒိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တယ်။ သူရဲ့အဓိပတိ စွမ်းအားရှိတဲ့ ဆန္ဒ အလင်းရောင်ဟာ ဒီဝန်းကျင် ကာမမှောင် ကိုကျော်လွန်ကာ တောက်ပခဲ့ပေပြီ။

ရန်မျိုးအောင်ဟာ နောက်နေ့မှာ စောစောအလုပ်ဆင်း ဖြစ်တယ်။ ဆူရှီဘားမှာ အလုပ်လုပ်ရင်း ဆိုင်ရှင် သူဋ္ဌေးအလာကို စောင့်နေတယ်။ သူဋ္ဌေးရောက်လာပြီး ခဏမှာ ဘုရားအတွက် ဆန္ဒပြင်းပြနေတဲ့ ရန်မျိုးအောင်ဟာ ရဲရဲဝံ့ဝံ့ သူဋ္ဌေးရုံးခန်း ထဲသို့ဝင်ခဲ့ရာ မခေါ်ပဲနဲ့ရောက်လာတဲ့ အလုပ်သ္မားကို သူဋ္ဌေးက ခပ်စိမ်းစိမ်း မော့ကြည့်တယ်။ “သူဋ္ဌေးကို ပြောစရာ ရှိလို့ပါ”။ “အေး-ပြော”။ “ဒီဆိုင်ထဲက ဗုဒ္ဓပုံတော်ကြီးကို ကျွန်တော့်ကို ရောင်းပါ၊ ဘယ်လောက်ပေးရမလဲ။ ဒါမှမဟုတ် ကျွန်တော်လုပ်ခ မယူပဲ တနှစ်လုပ်ပေးပါ့မယ်”။ ရန်မျိုးအောင်ဟာ သူ့ကြံစည်ထား တဲ့အတိုင်း ဟောဟောဒိုင်းဒိုင်း ပြောချလိုက်တယ်။ သူဋ္ဌေးက ဒီကောင် မတန်မရာ ဘာတွေလာ ပြောနေတာလဲ ဆိုတဲ့သဘောမျိုးနဲ့ လှောင်ပြုံးပြုံးလိုက်ပြီး ဦးခေါင်းကို ငြင်သာစွာ ရမ်းပြလိုက်တော့ ရန်မျိုးအောင်ခေါင်း ငိုက်ဆိုက်ဖြင့် အခန်းထဲက ထွက်ခဲ့ရ ရှာတော့တယ်။ ပြောဆိုမာန်မဲ မလွှတ်လိုက် သည်ကိုပင် ကျေးဇူးတင်ရမလို။







ရန်မျိုးအောင်ဟာ အလျှော့မပေး စိတ်ဓါတ် ဆိုင်မန်နေဂျာ အမျိုးသ္မီး ထံချဉ်းကပ်ပြီး သူဋ္ဌေးကို ကူညီပြော ပေးပါရန် အသနား ခံခဲ့တယ်။ မန်နေဂျာကလဲ မဖြစ်နိုင်ကြောင်း နှစ်သိမ့်စကား သာပြောတယ်။ရင်းနှီးနေလို့ မန်နေဂျာကိုတော့ အခွင့်သင့်တိုင်း အကူအညီ တောင်းဖြစ်တယ်။ ဘာမှတော့ အကြောင်းမထူးခဲ့။ တနေ့တော့ မန်နေဂျာကို ပြောမိတယ် “ ဒီဗုဒ္ဓ ရုပ်ပုံတော်က ငါတို့ဗုဒ္ဓ ဘာသာတွေအတွက် အထွတ်အမြတ် ကိုးကွယ်တဲ့ ဗုဒ္ဓ၊နင်တို့ ကိုးကွယ်တဲ့ ဘုရားကို အခုလို မရိုမသေ မဖွယ်မရာတွေ ပြုလုပ်နေတာကို တွေ့ရင် နင်တို့ကြိုက်ပါ့မလား။ ငါတို့ဗုဒ္ဓကို ဒီလိုပြုလုပ် နေတာကို မြင်ရတော့ ငါသိပ်စိတ်ဆင်း ရဲရတယ်။” လို့ မအောင့်ပဲ ခံစားမိတဲ့ အတိုင်းပြော ချလိုက်မိတယ်။ သူတို့အားလုံးက ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။ ရန်မျိုးအောင် စကားကြောင့် မန်နေဂျာ ငိုင်ပြီး တွေဝေသွားတယ်။ သူပြောတာ အမှန်တရားပဲလို့ ယူဆသွား ပုံရတယ်။ အသိတရား ရှိသူတိုင်း အမှန်တရားကို လက္ခံကြမည်သာ…။

ပြောချင်တာတွေ ပြောလိုက်ရလို့ ရန်မျိုးအောင် ရင်ထဲမှာ အနည်းငယ် ပေါ့သွားတယ်။ သူဋ္ဌေးကိုလဲ ပြောပြလိမ့်မယ်လို့ မျှော်လင့်မိရင်း ကျေနပ် နေမိတယ်။ ရန်မျိုးအောင်မှာ သူဋ္ဌေးက မခန့်ပါပဲ အလုပ်တစ်ခု တိုးခဲ့ပြီ်၊ အလုပ်ကို စောစောလာပြီး ညကမြူတူး ပျော်ပါးသောက်စားကြရင်း ဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်မှာ တင်ထားခဲ့တဲ့ အရက်ခွက်တွေ၊ ပေကျန်နေတဲ့ အရက်စက်တွေ၊ ဘုရားဝန်းကျင်မှာ စွန့်ပစ်သွားကြတဲ့ အရက်ခွက်တွေကို သုတ်သင်ရှင်းလင်းတယ်။ ပြီးရင် သရဏ ဂုံသုံးပါးနဲ့ ဘုရားဂုဏ်တော် ကိုးပါးကို အခေါက်ခေါက် အခါခါရွတ်ဆိုပြီး ပူဇော်ကန်တော့တယ်၊ ဘုရားကြီးကို ပင့်နိုင်ရ ပါလို၏ လို့လည်း အကြိမ်ကြိမ် ဆုတောင်းမိတယ်။ ဒါသည်ပင် သူ့ရဲ့နေ့စဉ်အလုပ်၊ နေ့စဉ်ကုသိုလ် တစ်ခုဖြစ် ခဲ့လေပြီ…။

ဒီလိုနဲ့ ရက်တွေ လတွေပြောင်း ခဲ့ပေမဲ့ ရန်မျိုးအောင် မျှော်လင့်ချက်ကတော့ ဘာမှအကောင် အထည်ပေါ် မလာသေး။ “ဆန္ဒ၀တော ကိံနာမကိစ္စံ န သိဇ္ဈတိ” (ပြင်းထန်သော ဆန္ဒရှိသူသည် ဘယ်ကိစ္စမဆို မပြီးသည် မည်သည်မရှိ)ဆိုသည့် အတိုင်း ဘုရားပင့်လို တဲ့ဆန္ဒက ပိုလို့ပင် တိုးလာမိတယ်။ ဒုတိယအကြိမ် သူဋ္ဌေးရုံးခန်းထဲသို့ ၀င်ခဲ့မိပြန်တယ်။“သူဋ္ဌေးကို ဒေါ်လာ ခြောက်ထောင်လဲပေးပါ့မယ်၊ ခြောက်လလဲ လုပ်အားခမယူပဲ အလုပ်လုပ် ပေးပါ့မယ်၊ ကျေးဇူးပြုပြီး ဗုဒ္ဓပုံတော်ကြီး ကျွန်တော့်ကို ရောင်းပေးပါ”၊ ရန်မျိုးအောင်က ဒီတခါတော့ ပုံစံ တစ်မျိုးပြင်ပြီး တောင်းဆိုလိုက်တယ်။ သူဋ္ဌေးရဲ့ မျက်နှာဟာ ပထမအခါလို မဟုတ်တော့လို့ ရန်မျိုးအောင် အားတက်မိတယ်။ မန်နေဂျာကလဲ ပြောထားလိမ့်မယ်လို့ သူထင်မြင်မိတယ်။

“မင်း ဒီလောက်တောင် လိုချင်နေရင် ဒီနေရာမှာ အစားထားဖို့ နဂါးကြီး တစ်ကောင်ရှာပေးပါ”။ ရန်မျိုးအောင် သိပ်ပျော်သွားတယ်၊ “ဟုတ်ကဲ့၊ ကျွန်တော် ရှာပေးပါ့မယ်”လို့ဝမ်းမြောက်ဝမ်းသာ ကတိပေးလိုက်တယ်။ အလုပ်အားရက်တိုင်း ရန်မျိုးအောင် နဂါးရှာပုံတော် ဖွင့်လေပြီ။ သူငယ်ချင်း ကိုမိုးဝင်းတို့ ဇနီးမောင်နှံ ကလည်းကူညီ ရှာပေးတယ်။ လော့စ် အိမ်ဂျ လိစ်မှာရှိတဲ့ ဆိုင်ပေါင်းစုံကို အနှံ့ရောက်ခဲ့ပြီ။ အသိမိတ်ဆွေ များကိုလည်း ဖုံးဆက်စုံစမ်းတယ်။ စာရေးသူထံ ကိုလည်းဖုံး ဆက်ခဲ့တယ်“ဆရာတော် နဂါးရုပ်ကြီးကြီး ဘယ်မှာရနိုင်မလဲဘုရား။” “တရုပ်ဆိုင်တွေမှာ ရှိမှာပေါ့ကွာ”လို့ လွယ်လွယ်ပဲ ဖြေလိုက်တယ်။ အကျိုးအကြောင်းလည်း မမေးလိုက်မိပါ။

နဂါးရှာရင်း ငွေခြောက်ထောင် အတွက်လည်း ရှာရသေး၊ တကယ်တော့ သူ့မှာမရှိ၊ သိမ်းထားတာ လေးတွေ တွက်ချက်ကြည့် လိုက်တော့ သုံးထောင်သာရှိပြီး သုံးထောင်လိုသေးတယ်။ ဘုရားပင့်ဖို့ သယ်ယူ စရိတ်ကလည်း တစ်ထောင်လောက် ကုန်လိမ့်မယ်။ လေးထောင်ပင်လိုသေး၊ ဘယ်လိုလုပ်ရပါ့။ ခေါင်းကုတ်လို့ ကြံသော်လည်း အကြံက မထွက်။ ချေးးဖို့ငှါးဖို့ ဆိုတာလဲ မလွယ်ကူလှ။ ရှိတဲ့ပစ္စည်း ကြည့်ပြန်တော့လဲ ဆွဲကြိုးတစ်ကုံးနဲ့ မော်တော်ကား သာရှိရဲ့။ ကားကလဲ အလုပ်သွား ဖို့အတွက် မရှိမဖြစ်ပြန်။ ကြံရာမရနိုင်ခဲ့၊ မိမိငှါးရမ်းနေတဲ့ ၁၀-ပေ ၁၅-ပေ အခန်းလေးထဲမှာ ငွေလေးများ တွေ့လိုတွေ့ငြား လှန်လှောမွှေနှောက် ရှာမိပြန်တယ်။ ဗလာနတ္ထိ ဘာတစ်ခုမှ မရှိပါပေ။








ရန်မျိုးအောင် ဇွဲမလျှော့ ဆန္ဒမပျက်၊ ဘုရားအတွက် ဘ၀ကိုပင် ပေးဆပ်ချင် ပေးဆပ်ရပါစေ၊ ငါဖြစ်အောင် လုပ်မယ်လိုဆုံးဖြတ်ထား ပြီးဖြစ်ရာ ကားကိုရောင်းမယ်၊ အိမ်နဲ့အလုပ်က လေးမိုင်ပဲ ဝေးတာ၊ လမ်းလျှောက်သွားမယ်။ ဘုရားအတွက်ပဲ ဒီလောက်တော့ ဒုက္ခခံ ရမှာပေါ့။ရန်မျိုးအောင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ် သိပ်ကျေနပ်မိတယ်၊ ပီတိဖြစ်မိတယ်။ ခက်ခက်ခဲခဲ အိပ်သွန်ဖာမှောက် ဒါနမြောက်အောင် လှူဒါန်းတဲ့ စေတနာဟာ အလွန်အကျိုး ကြီးတယ်လို့ မြန်မာပြည် မှာကထဲက ကြားခဲ့ဖူး နာခဲ့ဖူးတယ်။

ဒါပေမဲ့ အကျိုးကို သူမမျှော်၊ ကာမမှောင် အတွင်းက ဘုရားရုပ်ပွားတော်ကြီး ပင့်ထုတ်နိုင်ဘို့သာ အဓိက မျှော်မှန်းချက်။ အလုပ်အားရက်မှာ နဂါးရှာထွက်ရင်း ကားအဟောင်း ရောင်းဝယ်တဲ့ ဆိုင်တွေကို သူ့ကား ဈေးနှုန်း စုံစမ်းတယ်။ ရွှေဆိုင်မှာ သူ့အမေပေးထားတဲ့ အမြတ်တနိုး ဆွဲကြိုးကိုလဲ ဈေးစုံစမ်းလိုက်တယ်၊ နှစ်ခုပေါင်းလိုက်တော့ လေးထောင်ကျော်လောက် ရမယ်လေ။ ဟုတ်ပြီ၊ ရန်မျိုးအောင် သိပ်ပျော်သွားပြီ၊ ဘာမှပူစရာ မလိုတော့။ ဟန်ကျလိုက်ပုံက နဂါးကိုလဲ တွေ့လိုက်ပြန်သေး၊ ၇-ပေခန့်ရှိတဲ့ နဂါးကြီး တောင်ပံကြီးနဲ့ လှမှလှ၊ သူဋ္ဌေးတော့ သိပ်သဘော ကျလိမ့်မည်။ ရန်မျိုးအောင် ပျော်မဆုံးတော့၊ သူငယ်ချင်းကို မိုးဝင်းကို ပုခုံးကို လက်သီးနဲ့ ထိုးပြီး “အောင်ပြီကွ”လို့ ကြွေးကြော်မိတယ်။

နောက်ရက် အလုပ်ဆင်းတော့ ၀တ္တရားမပျက် ဘုရားကြီးကို သန့်ရှင်းပူဇော်ပြီး ဘုရားရဲ့လက်တော်ကို လက်နှစ်ဖက်နဲ့ တင်းကျပ်စွာကိုင်ကာ “အရှင်ဘုရားကို ပင့်နိုင်တော့မည် ဘုရား”လို့ အားပါးတရလျှောက် ထားလိုက်မိတယ်။ သူဋ္ဌေးလာတော့ သူဋ္ဌေးရုံးခန်းထဲကို အောင်လံကိုင် သွားသူလို ရွှင်လန်းတက်ကြွစွာ ၀င်ခဲ့ပြန်တယ်။ တတိယ အကြိမ်ဝင် ခဲ့ခြင်းပေါ့။ “ ရန်- မင်းနဂါးတွေ့ပြီလား။” “ဟုတ်ကဲ့၊ တွေ့ခဲ့ပြီ၊နဂါးကြီးက သိပ်လှတာပဲဗျာ။” “မင်း နဂါးက ဘယ်နှစ်ပေလောက်ရှိလဲ။” “၇-ပေရှိပါတယ် ခင်ဗျာ။” “ငယ်တယ်ကွာ၊ ငါက ၁၀ ပေအထက်နဂါးပဲလိုချင်တယ်”။ရန်မျိုးအောင်ရဲ့ အောင်လံကို အချိုးခံလိုက်ရပြီ။ ခေါင်းငိုက်ဆိုက်ဖြင့် ထွက်ခဲ့ရပြန်ပြီ။ ခဲလေသမျှ သဲရေကျပြီထင့်…။

ရန်မျိုးအောင်ဟာ ဆူရှီဘားမှာထိုင်ကာ ငိုင်နေမိတယ်၊ ဘာလုပ်ရမလဲလို့ စဉ်းစားနေမိတယ်။ ဆိုင်ပေါင်းစုံ ရောက်ခဲ့ပြီးဖြစ်လို့ ၁၀-ပေ လောက်ကြီးတဲ့နဂါး မရှိဘူး ဆိုတာလဲ သူသိထားပြီးဖြစ်သား။ ဇာတ်လမ်း ကတော့ပြီးလေပြီ.. ။ဒါပေမဲ့ ရန်မျိုးအောင် အရှုံးမပေးချင် ဆက်လက်ကြိုးစား ချင်တယ်။လမ်းစလဲမမြင်။ အဖန်ဖန် အထပ်ထပ် ရှာကြံစဉ်းစား ဆင်ချင်မိပြန်တယ်။ ခေါင်းထဲမှာ ဉာဏ်အလင်းရောင် ပေါ်လာတယ် “ဟုတ်ပြီ - ဘုရားမှ တစ်ပါး အားကိုးရာမရှိဘူး၊ ဘုရားဂုဏ်တော်တွေကို ရွတ်ပွားပြီး သစ္စာဆိုမယ်”လို့ မျက်စိလယ် လမ်းပျောက်နေသူ လမ်းမှန်တွေ့သလို အရမ်းအား တက်သွားတယ်၊ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုရင်း ဆူရှီလိပ် လေတော့တယ်။

ရန်မျိုးအောင် တစ်ယောက် ဂုဏ်တော် ပေါက်လေမလား၊ လူပေါက်နေသူလို့ ထင်ကြလေမလား မသိ၊ တချိန်လုံးဂုဏ်တော် တွေကိုသာရွတ် နေတော့တယ်။ အလုပ်သွား အလုပ်ပြန် ကားမောင်းရင်းလဲ ဂုဏ်တော်ရွတ်၊ ဈေးသွား ဈေးဝယ်ပြန်ရင်လဲ ဂုဏ်တော်ရွတ်၊ ချက်ရင်းပြုတ်ရင်း အိမ်မှာနေရင်းလဲ ဂုဏ်တော်ရွတ၊် တစ်ခါတရံ အာခေါင်တွေ ခြောက်ပြီး လျှာပင်ပူလာ တဲ့အထိ ဖြစ်ခဲ့ရတယ်။ ဒီအထဲ အလုပ်ကလဲ ပူလာပေပြီ၊ သူ့ဆူရှီဘားတွင် အလုပ်သ္မား သုံးယောက်လုပ် နေရာမှ အခြားနှစ်ယောက်ကို စီးပွားရေး မကောင်းဟုဆိုကာ ရှေ့ဆင့်နောက်ဆင့် ဖြုတ်ပစ်လိုက်ရာ၊ သုံးယောက် တာဝန်ကို တစ်ယောက်တည်း လုပ်နေရတော့တယ်။ မပြီးသေးဘူးလား၊ ကြာလှချည့်လားလို့လဲ မကြာမကြာ အအော်ခံရ၊ အဆူခံရပြန်တယ်။ ရန်မျိုးအောင် စိတ်ညစ်လာပြီ၊ အလုပ်က နှစ်ဆလောက်ပိုပင်ပမ်း၊ ဟောက်လိုက် ဆူလိုက်တာကလဲ နေ့စဉ်လိုဖြစ်နေတော့ အလုပ်ထွက် တော့မယ်လို့စိတ်ကူးမိတယ်၊ မဖြစ်သေးပါ၊ ဘုရားကြီးကို ထားခဲ့လို့ မဖြစ်သေးပါ၊ ဘုရားကြီးကို တစ်ပါတည်း ပင့်နိုင်မှ ငါထွက်တော့ မယ်လို့ စိတ်ဒုန်းဒုန်းချကာ ပင်ပမ်းသမျှ၊ ဆူသမျှတွေကို သည်းခံပြီး ဂုဏ်တော်တွေကိုသာ အဖန်ဖန် ရွတ်ပွားနေတော့တယ်။







တရွေ့ရွေ့ဖြင့် အောက်တိုဘာလ နောက်ပိုင်းသို့ပင် ရောက်ခဲ့ပေပြီ။ ဘုရားကြီးဝန်းကျင်မှာ မြူးတူးပျော်ပါး ကနေကြဆဲ၊ ရန်မျိုးအောင်လည်း ဘာရန်မှ မအောင်နိုင်ရှာ။ ဂုဏ်တော်သာ ရွတ်နေဆဲပင်။ တနေ့တွင် သူဋ္ဌေးရဲ့ ဖခင် အဖိုးကြီး ဆိုင်ကိုရောက်လာတယ်၊ ရန်မျိုးအောင် အလုပ်လုပ် နေရာမှ ထွက်လာပြီး အဖိုးကြီးကို ရိုရိုသေသေ ပြင်ဆင်ကျွေးမွေး ပြုစုတယ်။ အဖိုးကြီးကို မေတ္တာပို့ တယ်၊ အဖိုးကြီး မပြန်မချင်း စူးစူးစိုက်စိုက်ပို့ နေမိတယ်။ ဂုဏ်တော်အစွမ်း မေတ္တာပန်းတို့က အချည်းအနှီး မဖြစ်ပါပေ။ ဗုဒ္ဓဘာသာ ၀င်တို့ရဲ့ အားအကောင်းဆုံး လက်နက်များပင် မဟုတ်ပါလား။ လက်နက်ကောင်း တွေရှိပါလျှက် မသုံးတတ်လျှင် အောင်ပွဲဆင်နိုင်မည် မဟုတ်ပေ။

ရန်မျိုးအောင်ကတော့ သူပိုင် လက်နှက်များဖြင့် ဒလပ်စပ် ပစ်ခတ်နေပေပြီ။ နောက်တစ်ပတ် လောက်မှာ ရန်မျိုးအောင်ရဲ့မွေးနေ့ရောက်လာတယ်၊ နိုဝင်္ဘာလ ၂ ရက်နေ့ပေါ့၊ ဆိုင်ကိုစောစောလာပြီး ပြုလုပ်နေကြဖြစ်တဲ့ ဘုရားဆင်းတု တော်ကြီးကို သန့်ရှင်းရေး လုပ်တယ်။ပါလာတဲ့ ပန်းစည်းကို မွေးနေ့ ကုသိုလ်အဖြစ် ဘုရားရဲ့လက်တော်ထဲ ကပ်လှူပြီး ၀တ်ပြု ဂုဏ်တော်ပွား ဆုတောင်းပါ တယ်၊ ဆုတောင်းရပေမဲ့ အားသိပ်မရှိလှပါဘူး၊ သူ့ခံစားချက်အတိုင်း ဘုရားကြီးကို သနားစိတ်တွေ ဖြစ်နေမိတယ်။ ဒါပေမဲ့ ဆင်းတုတော်ကြီးရဲ့ မျက်နှာတော်မှာ ခါတိုင်းနေ့ထက် ကြည်လင်တောက်ပ နေတယ်လို့ ရန်မျိုးအောင် ထင်နေမိတယ်.. ။

ဘုရားဝတ်ပြုပြီး အလုပ်လုပ်နေစဉ် သူဋ္ဌေးခေါ်တယ်ဆိုလို့ ရန်မျိုးအောင် လန့်သွားတယ်။ငါ့များ အလုပ်ဖြုတ် တော့မှာလား ဆိုတဲ့အတွေးက ပဌမဆုံးဝင် လာခဲ့တယ်၊ ဖြစ်နိုင်တယ်၊ သူတို့ဆိုင်မှာ စီ်းပွားရေးအရ အဓိက ထားတဲ့ဘုရား ရုပ်ပွားတော်ကြီးကို ရန်မျိုးအောင် ထုတ်ယူဖို့ ကြိုးစားခဲ့ပြီ။ ဘာသာရေး ပြဿနာများ ဖြစ်ပေါ်လာအောင် ဖန်တီးသူလို့လဲ ထင်မြင်နိုင်တယ်။ ဓါတ်ပုံရိုက်ခွင့် မရှိတဲ့ နိုက်ကလပ် အချိန်မှာလဲ ရန်မျိုးအောင် ဓါတ်ပုံတွေ ရိုက်ခဲ့ပြီ။ သူရည်ရွယ်တာက ဘုရားကြီးကို ငါပင့်လို့ မရနိုင်ခဲ့ရင် ဓါတ်ပုံတွေပြပြီး အကူအညီ တောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်နေတာပါ။

ဒါကို အစောင့်တွေမြင်ပြီး သူဋ္ဌေးအား တိုင်ကောင်းတိုင် ပေလိမ့်မယ်။ သူတို့အမြင်တော့ ရန်မျိုးအောင်ဟာ အပြစ်ရှိသူ တယောက်ပါ။ ဒီဆိုင်မှာ မရှိသင့် သူတစ်ယောက်ပါ။ ဒါကို ရန်မျိုးအောင်အသိ၊ သိလို့လည်း မာဖီးယားလို အင်အားကြီးတဲ့ သူတွေမို့ ငါ့ကိုရန်ပြု လေမလားဆိုပြီး သတိကြီးစွာနဲ့ နေခဲ့ရတယ်။ တစ်ချိန်ချိန်မှာ အလုပ်ဖြုတ်ပစ် နိုင်တယ်လို့ မျှော်လင့်ထားပြီးသား.. ။ ဒီမျှော်လင့်ချက်နဲ့ သူဋ္ဌေးရုံးခန်း ထဲဝင်ခဲ့ ရပြန်တယ်။ ဒါစတုတ္ထအကြိမ်ပါ၊ ဒီတစ်ခါတော့ သူတောင်းဆိုဖို့ ၀င်လာခြင်းမဟုတ်၊ အမိန့်နာခံဖို့ ၀င်လာခြင်းပါ၊ နောက်ဆုံး စီရင်ချက်များ ဖြစ်လေမလား။ ရင်တထိတ်ထိတ်နဲ့ပေါ့။







(အဇူဇာကျောင်းသို့ကြွတော်မူစဉ် အဇူဇာမြို့အ၀င်တွင်)

သူဋ္ဌေးက ချိုသာသော မျက်နှာနဲ့ “ရန်-လာ၊ ထိုင်”လို့ ကြိုဆိုနှုတ်ဆက်တော့ ရန်မျိုးအောင် အနည်းငယ်စိတ် သက်သာသွားတယ်။ သူဋ္ဌေးက သူ့ကို ပြုံးရွှင်စွာကြည့်ပြီး “ရန်- မင်းလိုချင်တဲ့ ဗုဒ္ဓကြီးကို မင်း ယူလို့ရပြီ။”“ဟာ-တကယ်လား” ရန်မျိုးအောင် အရမ်းဝမ်း သာသွားကာ၊ ထခုန်ချင် လောက်အောင်ပင် ဖြစ်ခဲ့ရတယ်။ သူဋ္ဌေးအား လက်အုပ်ချီကာ “ကျေးဇူးတင် လိုက်တာဗျာ”လို့ လှိုက်လှိုက် လှဲလှဲ ဆိုမိတယ်။သူဋ္ဌေးက ဆက်ပြောတယ် “ဒီကောင်လေးဆိုရင် ပေးလိုက်ပါလို့ ငါ့အဖေက ပေးခိုင်းတာကြောင့် ပေးတာပါ။”လို့ သူ့ဖခင်ရဲ့သဘောထားကိုပါ ရှင်းပြတော့။“အော်- ဟုတ် လား၊ အန်ကယ်ကိုလဲ ကျေးဇူးတင်ကြောင်း ပြောပေးပါဗျာ။ အရမ်းကို ကျေးဇူးတင်ပါတယ်။” ရန်မျိုးအောင် သိလိုက်ပါပြီ၊ ဂုဏ်တော်များနဲ့ထုံမွှန်းထားတဲ့ မေတ္တာစွမ်းဟာ အဖိုးကြီးရဲ့ နှလုံးသားကို ထိမှန်ခဲ့ပေပြီ။ ဘုရားဂုဏ်တော်တို့ရဲ့ အစွမ်းအာနိသင်ကိုလဲ လေးလေးနက်နက် ယုံကြည်မဆုံးတော့..။

သဗ္ဗညုတ ဘုရားရှင်သည် သုံးလောကတွင် အအောင်မြင်ဆုံး အမြတ်ဆုံး။ ဗုဒ္ဓ၏ဂုဏ်တော်များ ထုံမွှန်းထားသူမှာလည်း ကိုယ့်ပမာဏ အလိုက်အောင်မြင် ရမည်မှာမုချ..။ရန်မျိုးအောင်ဟာ မိမိဘ၀ တိုးတက်ရေး အတွက် ထိုအားကိုးရာ လက်နှက်ကောင်း တစ်ခုကို ယုံကြည်ချက် အပြည့်ဖြင့် လက္ခံ ရရှိလိုက်ပေပြီ။ ၀မ်းသာလွန်း၍ သူငယ်ချင်း ကိုမိုးဝင်းကိုလဲ အကြောင်းစုံ ဖုန်းဆက်ကာ ရည်မှန်းထား သည့်အတိုင်း ကားနှင့်ဆွဲကြိုးကို အတူသွားရောင်းရန် ရက်ချိန်းလိုက်တော့တယ်။

ရန်မျိုးအောင်ဟာ အလုပ်သွား အလုပ်ပြန် ခြေလျှင်သွားရမည့် ဒုက္ခကို သူမမြင်၊ ဘုရားကြီး ပင့်နိုင်ရေး ကသာအဓိက မျှော်မှန်းချက်။ ကိုမိုးဝင်းကမူ ရန်မျိုးအောင်ရဲ့ ဒုက္ခကိုမြင်ကာ သနားကရုဏာ ဖြစ်နေတယ်။ ရန်မျိုးအောင်ရဲ့စေတနာ သဒ္ဓါတွေကိုလည်း လေးစားနေမိတယ်။ ချိန်းတဲ့ရက်မှာ ကိုမိုးဝင်းအိမ်မှာ ဆုံကြတယ်။ ရန်မျိုးအောင်က ဖြစ်ခဲ့တာတွေ၊ ကားရောင်းမဲ့ အစီအစဉ် တွေကိုအားရ ၀မ်းသာနဲ့ ပြောပြတယ်။ ကိုမိုးဝင်းက မှတ်ချက်ပေးတယ် “ရန်မျိုးအောင်-မင်းမှာလည်း ဘာမှမကျန်တော့ဘူး၊ လူပဲကျန်တော့ တာပါလား”။ ရန်မျိုးအောင် အားရပါးရ ရယ်လိုက်တယ်၊ ဒီစကားကို သိပ်သဘောကျ သွားပုံရကာ“ဟုတ်တယ် ကိုမိုးဝင်း၊ လူပဲကျန်တော့တယ်၊ လူလဲ ဘုရားကျွန် ဖြစ်ချင်ဖြစ်ပါစေ၊ ကျွန်တော်တို့က တစ်သံသရာလုံး သားကျွန် မယားကျွန် ဖြစ်ခဲ့ရတာဗျ၊ ဘုရားကျွန် ဖြစ်ခွင့် ရခဲပါတယ်ဗျာ။”







(အဇူဇာကျောင်းသို့ ဘုရားပင့်လာပုံ)

အရွယ်နဲ့မလိုက်တဲ့ ရန်မျိုးအောင် စကားကြောင့် ကိုမိုးဝင်း အံ့သြသွားကာ “ကောင်းပါတယ်ကွာ၊ မင့် စိတ်ဓါတ်ကို ချီးကျူးပါတယ်၊ လေးစားပါတယ်။မင်းကို သနားလဲ သနားမိပါတယ်။ ဒို့လင်မယား မင့်ကို ကူညီဖို့ တိုင်ပင်ထားတယ်။ ကားလဲသွား မရောင်းပါနဲ့၊ မင်းလိုတဲ့ငွေကို ငါတို့ချေး ပေးပါ့မယ်။” “ဟာ- တကယ်။ ၀မ်းသာလိုက်တာဗျာ” ဟုပြောပြောဆိုဆို ကိုမိုးဝင်း ကိုဖက်ကာ ဝှေ့ရမ်းလိုက်မိတယ်။ ဇနီးဖြစ်သူ မဘေဘီက အသင့်ပြင်ထားတဲ့ ဒေါ်လာလေးထောင်ကို ထုတ်ပေးတဲ့ အခါမှာတော့ “အဆင်ပြေ ချင်တော့လဲချော လို့ပါလား”လို့ ရန်မျိုးအောင် ပီတိဖြစ်မဆုံးတော့။

ငွေထုပ်ပိုက်ပြီး သူဋ္ဌေးရုံး ခန်းထဲကို ရောက်ခဲ့ပြီ၊ “ငွေခြောက်ထောင် ပေးပါ့မယ်၊ ခြောက်လလည်း အခမဲ့ အလုပ်လုပ် ပေးပါမယ်” ဆိုတဲ့ ကတိစကားအရ သူဋ္ဌေးအား ခြောက်ထောင်ပေး ချေလိုက်တယ်။ “မင်းမိုလို့ ဒီဗုဒ္ဓကြီးကို ရောင်းပေးတာပါ၊ အရင်ကလဲ ခဏခဏ လာဝယ်ကြတယ်၊ ဒို့မရောင်း ခဲ့ပါဘူး။ ဒီဗုဒ္ဓကို တရုပ်ပြည်ကမှာ ယူထားတာ၊ ဒေါ်လာ နှစ်သောင်းခွဲ ကျတယ်။ မင်းပေး တာက အစွန်းထွက် လောက်ပဲ ရှိပါတယ်။”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ၊ အခုလိုရောင်းပေးတဲ့ အတွက် ခင်ဗျား တို့မှာလည်း ကောင်းကျိုးတွေ ဖြစ်မှာပါ။ ဖြစ်ပါစေလို့လည်း ကျွန်တော် ဆုတောင်းပါတယ်။”အလုပ်ကိစ္စအတွက် ဆက်လက် ဆွေးနွေးကြတယ်။ ခြောက်လ အခမဲ့ လုပ်ပေးရန် မလို၊ လုပ်ခ တစ်ဝက်ပေးမည်၊ တနှစ်တိတိ လုပ်ပေးရမည်။ တစ်နာရီ ဆယ့်ငါးဒေါ်လာဖြင့် လုပ်နေရာမှ ကိုးဒေါ်လာ ဖြင့်လုပ်ရန် နှစ်ဦးသဘောတူ လိုက်ကြတယ်။ ဘုရားကျွန် ဖြစ်လိုသော ရန်မျိုးအောင်.. ဘယ်လိုအခြေအနေ ပဲဖြစ်ဖြစ် ဘုရားအတွက်ဆို လုပ်မယ်လို့ ဆုံးဖြတ်ပြီး သားဖြစ်လို့ ဘာမျှအခက်အခဲမရှိ။







(ရန်မျိုးအောင် ဘုရားရေသပ္ပါယ်နေပုံ)

ရန်မျိုးအောင်က ကတိတစ်ခု တောင်းဆိုလိုက်တယ် “နောင်ကို ဒီနေရာမှာ ဗုဒ္ဓရုပ်ပုံတော်တွေ ဘယ်တော့မှ မထားပါ နဲ့ခင်ဗျာ၊ ဒီကတိလေး တစ်ခုတော့ ကျွန်တော့ကို ပေးပါဗျာ။” သူဋ္ဌေးက ပြုံးပြုံးကြီး ကြည့်ပြီး ကတိပေးတယ်။ ရန်မျိုးအောင်ရဲ့ သဘောထားကို သူဋ္ဌေးသိနေပြီး ဖြစ်ပေလိမ့်မယ်..။ ရန်မျိုးအောင်ဟာ ယခု ဘုရားဆင်း တုတော်ကြီးကို နိုက်ကလပ်မှ ပင့်ယူကယ်တင် လိုက်နိုင်သလို နောက်နောင် ဘုရားဆင်း တုတော်များ အတွက်လည်း ကာကွယ် ပူဇော်နိုင်ခဲ့ပြီကော… ။ ဗုဒ္ဓဘာသာဝင်တိုင်း ရှိသင့်တဲ့ စိတ်ဓါတ်ပါပေ။

ရန်မျိုးအောင် ဘုရားကြီးအတွက် ပေးဆပ်လိုက်ရတဲ့ တန်ကြေးမှာ နည်းလှသည်မဟုတ်။ ငွေကြေး ပမာဏ ဘက်ကကြည့်ရင် လက်ငင်းခြောက်ထောင် ပေးဆပ်ရ သည့်အပြင် တစ်နှစ်လုံးအတွက် လုပ်အားများ ပေးဆပ်ရသေး.. ။ တစ်နှာရီ $ 15 နှုန်းဖြင့် တနှစ်မှာ $ 28,800 ရရှိရာမှ တစ်နှာရီ$ 9 နှုန်းဖြင့်ဆိုရင် တနှစ်မှာ $17,280 သာရရှိတော့မည်။ တနှစ်လုံးအတွက် ပေးဆပ်ရမည့် ငွေမှာ $ 11,520 ရှိပြီ၊ လက်ငင်းပေးရတဲ့ ငွေပါဆိုရင် $ 17,520 ပင်.. ။ ဒါ့အပြင် ဆူရီ Menu အသစ်ပြောင်း တိုင်းရမည့် $ 3,000 ကိုလည်း ထပ်ဆောင်း ရပြန်သေး..။ လူမှုရေး ဘက်ကကြည့်ရင် တစ်နှစ်လုံး ခြေချုပ်မိရပြီ၊ ဒီထက် ၀င်ငွေကောင်းတဲ့ အလုပ်မျိုး ပြောင်းရွှေ့ လုပ်ကိုင်ခွင့် မရနိုင်တော့ပေ။

ဒီထက်ဆိုးသည်မှာ မိဘများနှင့် တွေ့ခွင့်မရခြင်းပင်၊ ရန်မျိုးအောင် အမေရိကန်နိုင်ငံ ရောက်နေတာ (၁၅)နှစ်ရှိခဲ့ပြီ၊ ပြန်ခွင့်မရတဲ့ အခြေအနေမို့ မိဘများထံမပြန်နိုင်ခဲ့။ အတွယ်အတာလည်း မရှိတော့ မိဘများကို ပိုလွမ်းနေမိတယ်၊ သိပ်တွေ့ချင်နေပြီ။ ပြန်ခွင့်ရ ရခြင်းပြန်မယ်လို့ မျှော်လင့်ချက် ကြီးလည်း ဘယ်တော့ပြည့်မည် မမှန်းသာခဲ့…။ကံများကလဲ ဆန်းပါဘိ၊ ဘုရားကြီးအတွက် သဲသဲမဲမဲ အားခဲကြိုးစားနေတဲ့ အောက်တိုဘာလကမှ ပြန်ခွင့်ရခဲ့တယ်။ အမေရိကန် ရောက်စကထဲက အားထုတ်ခဲ့ရတဲ့ အခွင့်အရေးကြီး ဂုဏ်တော်များ ပွားနေတဲ့ အချိန်မှ ရခဲ့လို့ ဂုဏ်တော် အစွမ်းကို ပိုလို့ ပိုလို့ ယုံကြည်ခဲ့ပြီ..။









ို(အဇူဇာကျောင်း ဆရာတော်များနှင့် ဂေါပကလူကြိုးများ ဘုရားကြိုဆိုအပြီးတွင် အမှတ်တရ)

မိဘနဲ့တွေ့လိုရေးထက် ဘုရားကြီး ပင့်လိုရေးက ပိုအရေးကြီး နေချိန်မို့ ဘုရားကြီး ပင့်ပြီးမှ ပြန်တော့မယ်လို့ မိဘတွေ့ လိုစိတ်ကို မျိုသိပ်ထား ခဲ့ရပြန်တယ်။ ဘုရားကြီးပင့်ပြီးမှ ပြန်မယ်ပေါ့။ခုတော့ ဘုရားကြီးပင့် နိုင်ခဲ့ပါပြီ။ မိဘနဲ့တွေ့ဘို့ အရေးကတော့ ဝေးခဲ့ပြန်ပြီ။ တနှစ်အတွင်း မိဘများနဲ့ မတွေ့နိုင်လေပြီ။ ဒီအတွက် ရန်မျိုးအောင် စိတ်မကောင်းပေမဲ့ ဘုရားကြီး ကြည်ညိုစိတ်နဲ့ ဖြေသိမ့်နေ ရပေတော့မယ်…။ နိုဝင်္ဘာလ (၆)ရက်နေ့က အဇူဇာ-ဗြဟ္မ၀ိဟာရကျောင်းသို့ ရန်မျိုးအောင် ဘုရားကြီး ပင့်လာခဲ့တယ်။ ကိုမိုးဝင်းတို့မိသားစုနဲ့ အလုပ်သ္မားများလဲ ပါလာကြတယ်။ အရက်စက်တွေ ပေကြံနေတဲ့ ဘုရားကြီးကို ကားပေါ်မှာပင် ရန်မျိုးအောင်က နံ့သာရေများနဲ့ ရေသပ္ပါယ်တယ်။ကမ္ဘာပေါ်မှာ အလုပ်ချင် ဆုံးအလုပ် ခုမှလုပ်ရတော့တယ်လို့ပြောလိုက်သေးတယ်။

ဘုရားကြီး နေရာတကျ သီတင်းသုံးပြီးတော့ ရန်မျိုးအောင်က စာရေးသူကို လျှောက်ထားတယ် “ဆရာတော် ဟိုတစ်ချိန်က တပည့်တော်ဟာ ဆေးသ္မား အဖြစ်နဲ့ ကျောင်းကိုရောက် လာခဲ့တယ်၊ ခုတစ်ခါတော့ ဘုရားဒါယကာ အဖြစ်နဲ့ ရောက်လာတာ ပါဘုရား” တဲ့။ သူအတိတ်ကို သတိရမိပြီး အတိတ်သမိုင်းကို ပြင်လိုက်ပေပြီ။ မှန်တယ် .. တစ်ချိန်က သူဟာဆေးစွဲ ခဲ့ဖူးသူ..။ ဆူရှီဆိုင်ရလို့ ကိုယ်တိုင်ဆိုင်ဖွင့်သူ..။ အရွယ်က ငယ်ငယ်၊ ငွေကရွှင်ရွှင်၊ အပေါင်းအသင်း တွေကလဲ များပါဘိ၊ အမေရိကန်မှာ လွတ်လပ်တယ်ဆိုပြီး လွတ်လပ်မှုတွေကို အလွဲသုံးစားလုပ်၊ နောက်ဆုံးတော့ ဆေးသ္မားဖြစ်ကာ ဆိုင်လည်းမရှိ၊ ငွေလည်း ဗလာနတ္ထိ၊ အားကိုးစရာလည်း မရှိဖြစ်ကာမှ စာရေးသူထံရောက်လာခဲ့တယ်။ သူ့ကိုစောင့်ရှောက်ပြီး ဆေးသ္မားဘ၀က လွတ်မြောက်အောင် ကယ်တင်ခဲ့ရတယ်၊ လမ်းမှန်ရောက်အောင် တင်ပေးခဲ့ရတယ်။ မူလဓါတ်ခံ စိတ်ရင်း ကောင်းသူမို့ ပြင်ရတာ သိပ်မခက်လှ.. ။ သူဟာ လူကောင်း ပကတိ ဖြစ်ယုံမက မူးယစ်ဆေး၊ အရက်သေစာ အားလုံးကို နာကျည်းစွာ ဖြင့်စွန့်ပယ် နိုင်ခဲ့တယ်။ ဒီဘ၀မှာ ဒီအမှားမျိုး ဒီတစ်ခါပဲ အဖြစ်ခံမယ်၊ နောင်ဘယ်တော့မှ မဖြစ်စေ ရဘူးလို့ ခိုင်မာစွာ ဆုံးဖြတ်ထား သူလည်းဖြစ်နေပါပြီ။ ခုတော့ ဘုရားဒါယကာကြီး ကိုရန်မျိုးအောင် ဘုရားကြီးပင့်၍ ရောက်လာပေပြီ။ သူ့ကိုကြည့်ပြီး စာရေးသူပီတိတွေ တသိမ့်သိမ့် ဖြစ်ခဲ့ရပါပြီ။ ပိုးကင်းပြီး ဖူးပွင့်လာတဲ့ ပန်းပွင့်လေး ကိုကြည့်ပြီး ပီတိဖြစ်နေတဲ့ ဥယျာဉ်မှူးလိုပင်.. ။

ဘုရားကြီးကလည်း ဘုန်းတော်ကြီး ပါပေတယ်၊ ကျောင်းတော်က အဆင်သင့်ပဲ၊ ဒေါ်လာခြောက် သောင်းကျော် အကုန်အကျခံပြီး ဆောက်လုပ်ထားတဲ့ မဏ္ဍပ်ကြီးက အောက်တိုဘာ လကမှ ဆောက်ပြီး ခဲ့ပါတယ်။ ကြေးညို ရောင်သန်းပြီး ဉာဏ်တော် ၈-ပေရှိတဲ့ ထိုင်တော်မူ ရုပ်ပွားတော်ကြီးဟာ ၆၃ ပေ၊ ၃၆ ပေ ကျယ်ဝန်းတဲ့ မဏ္ဍပ်ကြီး အတွင်းမှာ တင့်တယ်သပ္ပါယ်စွာ သီတင်းသုံးတော် မူနေပါပြီ။ မာရ်နတ်ရဲ့ အသင်းအပင်း ကာမမှောင်အတွင်းမှ လွှတ်မြောက် တော်မူခဲ့ပြီး ဗောဓိအောင်မြေမှာ စံတော်မူ လေသကဲ့သို့ အေးငြိမ်း တိတ်ဆိတ် အဇူဇာ ကျောင်းတော်ရိပ်မှာ နိဗ္ဗာနဓါတ် ချမ်းသာမြတ်ကို ခံစားတော်မူလေပြီ။







(ငွေများထုပ်ချေး အစစကူညီပေးခဲ့တဲ့ ကိုမိုးဝင်း+မဘေဘီ တို့ကို ရန်မျိုးအောင်ကျေးဇူးတင်လွန်း၍ ကန်တော့)

ဘုရားဒါယကာ ကိုရန်မျိုးအောင်ရဲ့ စေတနာ သဒ္ဓါတရားများ၊ အဓိပတိ ပစ္စည်း စွမ်းအားရှိသော ဆန္ဒ ၀ီရိယများနဲ့ ဂုဏ်တော်စွမ်းအား များကိုလည်း ချီးမွှန်းလောက် ပါပေစွ.. ။ သာဓုခေါ် လောက်ပါပေစွ.. ။ငွေမချမ်း သာသော်လည်း သဒ္ဓါစတဲ့ သူတော်ကောင်း တရားများ ချမ်းသာတဲ့သူမို့ တာဝန်ရှိရှိ တာဝန်သိသိဖြင့် ဆောင်ရွက်နိုင် ခဲ့ပေပြီ။ အမေရိကန်လို ပြည်ပနိုင်ငံများမှာ ကိုရန်မျိုးအောင်လို သာသနာပြု လိုသူများ လိုအပ်နေပါပြီ။ တစ်ချို့ နိုက်ကလပ် များမှာ ဘုရားရုပ် ပွားတော်များ ရှိနေပါသေးတယ်။ ကမ္ဘာကျော် အပျော်အပါး လောင်းကစား မြို့ဖြစ်တဲ့ လပ်စ်ဗေးဂပ်စ်မြို့ရဲ့ နိုက်ကလာပ်တစ်ခုမှာ ရုပ်ပွားတော်ကြီး တစ်ဆူ အထက်ပါနည်းအတူ စံနေတော်မူရကြောင်း ကြားရပါတယ်။ ဗုဒ္ဓဆင်းတုတော်များကို မတော်တဲ့ နေရာဌာနတွေမှာ အသုံးပြုနေတာ မျိုးတွေပ ပျောက်အောင် ဆောင်ရွက်ကြဖို့ ရန်မျိုးအောင် လိုလူတွေ တစ်ရာမက ရှိစေချင် စမ်းပါဘိ......။ ။

ဘုန်းဘုန်း အရှင်ဧသက ဗြဟ္မ၀ိဟာရ (အဇူဇာကျောင်း)လော့စ် အိမ်ဂျလိစ်မြို့၊ အမေရိကန် (မြတ်ပဋ္ဌာန်း) မှကူးယူ ဖော်ပြပါတယ်။ ဒီပို့စ်ကို ဖတ်နေရင်းနဲ့ တကယ်ကို ကြက်သီးတ ဖျန်းဖျန်းထပြီး ရင်ထဲမှ ပီတိအဟုန်ဖြင့် ကိုရန်မျိုးအောင်ကို သာဓုအကြိမ်ကြိမ် ခေါ်ဆိုမိပါတယ်။

Sunday, September 12, 2010

တောက်

"တောက်"
အသိတစ်ချက်မှာ
ထိတွေ့မိတာက
နွေးခနဲ

ဟင်...
ဘာပါလိမ့်

အော်....

လူမသိ
သူမသိ
ငါကိုယ်တိုင်တောင် 
မသိဘဲ
တိတ်တိတ်လေး

 
ကျလိုက်တဲ့
မျက်ရည်တစက်

"တောက်" 
ခနဲပါလား

သမုဒ္ဒရာ ရေဆိုတာ 
ခမ်းချင်ခမ်းမယ်
မျက်ရည်ဆိုတာ 
ခမ်းတဲ့အရာမှ မဟုတ်တာ။
ဒီတော့ ..ဒီနေ့မှာ

ငါကျမိလိုက်တဲ့
မျက်ရည်တစက်က
မထူးဆန်းပေမယ့်
ငါ့အတွက်တော့
ထူးခြားနေတာ
ဘယ်သူသိနိုင်မလဲ 

Sunday, September 5, 2010

အာဟာရမှတ်စု

1။လွဲမှားတဲ့ အတွေးအခေါ် အယူအဆတွေနဲ့ ရှင်သန်နေရတဲ့ ဘ၀ရဲ့ ပြုမူချက်တိုင်း၊ အချိန်တိုင်းက မင်းဘ၀ကို သေဆုံးစေဖို့ အဆိပ်ရည် သောက်သုံး နေရတာနဲ့ ဘာမှကို မထူးဘူး။

2။ကိုယ်ဘာကောင်လဲ မသိသေးသရွေ့ ကိုယ်ဘာလုပ် သင့်တယ်ဆိုတာ မင်းသိနိုင်မှာ မဟုတ်ဘူး။ ဒီတော့ လုပ်သင့်၊ မလုပ်သင့် လောကကြီး ထဲမှာပဲ ယောင်လည်လည်နဲ့ မင်းဘာကောင်မှ ဖြစ်လာတော့မှာ မဟုတ်ဘူး။ (ဘာကောင်မှန်းမသိသေးသရွေ့ ဘာကောင်မှ ဖြစ်မလာနိုင်)

3။ထမင်းစား နေရုံနဲ့တော့ မင်းကိုယ်ခန္ဓာကြီးပဲ ကြီးလာမှာပေါ့ ။ ဘာမှသုံးစားလို့ မရနိုင်ဘူး။ အဓိက ကြီးရမှာက မင်းရဲ့ဦးနှောက် ၊ ဦးနှောက် ကြီးချင်ရင်တော့ အသိဥာဏ် ၊ဗဟုသုတ များနိုင်သလောက် များအောင်စား။ ဒါဆိုမင်း သုံးလို့ရပြီ။

4။မနေ့က လုပ်ခဲ့တာတွေ ၊ဒီနေ့ လုပ်ရမယ့် အရာတွေ၊ မနက်ဖြန် လုပ်တော့မယ့်ဟာတွေ ဘယ်လိုလုပ် ရမယ်ဆိုတာ မင်းသိနေပြီလား။ပြောချင်တာကကွာ မင်းကြောင့် မင်းဘယ်အဆင့်၊ ဘယ်အခြေအနေမျိုး ရောက်နေပြီလဲ ဆိုတာ သိအောင်လုပ်၊

5။ငါ မာန မကြီးဘူး ဆိုတဲ့လူ တစ်ချို့တောင်မှ ““မာန မကြီးဘူး””ဆိုတဲ့ မာနတံခွန် လောက်တော့ လွှင့်ထူပြ နေကြလေရဲ့။
6။10 ဆိုတာ 9 ထက် အမြဲတမ်း သာနေမှာပဲ။ ယောင်လို့တော့ 10 ကို 01 ဖြစ်အောင် မလုပ်မိစေနဲ့။ ဘာမှကို ရစရာရှိမှာ မဟုတ်တော့ဘူး။ အေး အဲဒီလိုပဲ မင်းအဆင့် 10လောက်ရှိရင် 10 အဆင့်နဲ့ တန်အောင်နေ ။ ယောင်လို့တော့ မဟုတ်တာ မလုပ်လိုက်နဲ့ ။ မင်းဘ၀ 01 အဆင့်တောင် ရှိမှာ မဟုတ်တော့ဘူး။

7။လောကကြီးထဲက လူသားတွေက အချစ်ဆုံးရဲ့ သစ္စာဖောက်မှုကို ခံနေကြရတယ်။ (အတ္တာ သမာ ပေမံ နတ္ထိ)

8။ အလှတရားက ကမ္ဘာပေါ်မှာ အရက်စက်ဆုံး ၊ အကြမ်းတမ်းဆုံး အရာတွေကို ဖြစ်ပေါ်အောင် လုပ်ဆောင် ပေးနေတယ်။

9။ အခု မင်းရဲ့ လိမ်ညာခြင်းဟာ နောင်တစ်ချိန် မင်းအတွက် မီးတောင်ကြီး တစ်ခုပါပဲ။ (လိမ်ညာဖို့ စတင်ခြင်းက မီးတောင်တစ်ခု အစပြုစေတယ်

10။ ရဟန်းဆိုတာ ပညာတတ်နေရုံနဲ့ အကျိုးမပြီးဘူး။ အဓိက အရေးကြီးဆုံးက သီလရှိဖို့ပဲ။

11။ အရာရာကို သတိထားခြင်းက သင့်ဘ၀အတွက် ပြည့်စုံမှုကို ဖြစ်စေတယ်။

အရှင်ဇနက(ဇလွန်)နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်(ရန်ကုန်)

ဘုန်းဘုန်းရဲ့ ဒဿန စာစုများ ကိုကြိုက်လို့ မက်မက်ရဲ့ ဤဘလော့ဂ်တွင် တင်၍ပူဇော်ပါသည်။ ဤဒဿန စာစုလေးကို ပေးတဲ့ဘုန်းဘုန်းကိုလဲ အင်မတန်မှ ကျေးဇူးတင်ပါတယ်။ မက်မက်အတွက် အားဆေးတစ်ခွက် သောက်သုံးလိုက် ရသလိုပါပဲ။ အခုအချိန်မှာ အရှုပ်တွေ ရှုပ်နေတာမို့ စာရေးဖို့လဲ မုဒ်မ၀င် သေးသလို စာဖတ်ဖို့လဲ မုဒ်မရှိ သေးပါဘူး။ စိတ်ပိန်နေပါသည်။ အဟီးးး) နားလည်ပေးတဲ့ ဦးဦးတီတီတို့ကို ကျေးဇူးးးးးးးးးးးးးးးးးတင်သလို အာဝါးးးးးးးးးးအမြှောက်တစ်သိန်းပါ။

Wednesday, August 18, 2010

စဉ်းစားပေးကြပါ

လူတွေဟာ အမြင်ကောင်းလို့ အကောင်းမြင်နေတာလား သို့မဟုတ် အကောင်းမြင်လို့ အမြင်ကောင်း နေတာလား ဆိုတာကို သေသေချာချာ သိရအောင် ခုတစ်လော မက်မက်နေ့တိုင်း စဉ်းစားကြည့် မိပါတယ်။ ဒါပေမယ့် ခုချိန်ထိ အဖြေတိတိကျကျ မရသေးဘူး။ အဟင့်း( အဟဲ...ကဲ..မိတ်ဆွေရော ဘယ်လို စဉ်းစားမိလဲ ။ အကောင်းမြင်လို့ အမြင်ကောင်းတာလား ၊အမြင်ကောင်းလို့ အကောင်းမြင်တာလား။ :P ရေရေရာရာ သိဖို့လိုတယ်နော်။

Thursday, August 12, 2010

အခြေအနေမတူတဲ့ချစ်ခြင်းမေတ္တာ

"ဟဲလို "
"သားလား"

"အဖေ နေကောင်းလား အမေရော နေကောင်းလား"

"အေးသား..အဖေရော အမေရော နေကောင်းကြတယ်။ သားရော နေကောင်းရဲ့လား နေရထိုင်ရတာ အဆင်ပြေလား

ရှေ့တန်းတစ်နေရာမှ တာဝန်ပြီးဆုံး၍ ကိုယ့်နေရပ် ဌာနေသို့ ပြန်ရတော့မှာ ဖြစ်တဲ့အတွက် အဖေနဲ့ အမေထံကို သားဖြစ်သူ ဖုန်းဆက်နေခြင်းပါ။

"အဖေနဲ့ အမေ သားမကြာခင် အိမ်ကို ပြန်လာရတော့မယ်၊ အဲဒါ အဖေတို့ကို သားပြောစရာ ရှိလို့ပါ ။ သားသူငယ်ချင်း တစ်ယောက်ကို သားတို့အိမ်ကို ခေါ်လာခွင့် ပြုပါနော် အဖေ၊ "

"ခေါ်လာလို့ ရပါတယ် သားရယ်။ သားသူငယ်ချင်းဆိုတော့ အဖေတို့ ကြိုဆိုပါတယ်၊ အဖေတို့ အိမ်မှာ ပျော်သလောက်နေပေါ့ အဖေတို့ လက်ခံပါတယ်။ "

"အဖေ သူကအရမ်းကို သနားစရာ ကောင်းပါတယ် ။ တိုက်ပွဲမှာ အပြင်းအထန် ဒဏ်ရာရပြီး သူ့ခြေထောက်နဲ့လက် တစ်ဖက်ကို ဆုံးရှုံးသွား ခဲ့တယ်အဖေ။ သူ့မှာ သွားစရာ နေရာဆိုလို့ မရှိတော့ပါဘူး။ ဒါကြောင့် သူ့ကိုသားနဲ့ နေဖို့ ခေါ်လာချင်တာပါ။"

"အို...ကြားရတာ စိတ်မကောင်းလိုက်တာ သားရယ်။ ဒါဆို အဖေတို့အမေတို့ သူ့ကိုနေစရာ တစ်နေရာ ရှာပေးလိုက်ပါ့မယ်။ "

"မဟုတ်ဘူး အဖေ ၊ သားက သူ့ကို သားတို့ အိမ်မှာပဲ နေစေချင်တာပါ။"

"သား၊ သားဘာတွေ တွေးနေ ပြောနေသလဲ ဆိုတာ အဖေ မသိတော့ဘူး။ ဒီလိုဒုက္ခိတ တစ်ယောက်ကို အဖေတို့နဲ့ နေစေတာဟာ အားလုံးအတွက် ၀န်ထုတ်ဝန်ပိုး ဖြစ်စေမယ်။ အဖေတို့ ကိုယ်ပိုင်ဘ၀ကို ဖြတ်သန်းဖို့ အတွက် ဒီလိုဒုက္ခိတ တစ်ယောက်နဲ့ အဖေတို့ အချိန်မကုန် စေချင်ဘူး။ဘာပဲဖြစ်ဖြစ် အဲဒီသားသူငယ်ချင်းကို မေ့ထားလိုက်ပါ သားရယ်။သားတာ အိမ်ကို အရောက်ပြန်ခဲ့။ ဟုတ်ပြီလား။ သူ့လမ်းသူ လျှောက်ပါလိမ့်မယ် သားရယ် ။သူ့အတွက် ပူမနေစမ်းပါနဲ့။ "

"သား..သား..သား..ဟဲလို..... ဟဲလို..သား......"

တစ်ဖက်မှ သားဖြစ်သူ ရုတ်တရပ် ဖုန်းချသွားပြီး ကတည်းက အဆက်အသွယ် လုံးဝ မရတော့ပါ။ သိပ်မကြာခင်
အတွင်းမှာပဲ ရဲစခန်း တစ်ခုမှ ဖုန်းတစ်ကောလ် လက်ခံရရှိ ခဲ့ပါတယ်။

"ဟဲလို..#$%# ရဲစခန်းကပါခင်ဗျာ။ လူကြီးမင်းတို့ သား သေဆုံးမှု အတွက် အကြောင်းကြားတာပါ။

ရဲများရဲ့ စစ်ဆေးပြောကြားချက် အရတော့ သေဆုံးသူဟာ တိုက်အဆောက်အဦးပေါ်မှ ကိုယ့်ကိုကိုယ် ခုန်ချ၍ သတ်သေနိုင်ဖွယ် ဖြစ်နိုင်ကြောင်း ယုံကြည်နေ ကြပါတယ်။

သောက ရင်ဝယ်ပိုက်ပြီး မိဘနှစ်ပါးလုံး သေဆုံးသူ သားရှိရာ မြို့ကိုအမြန်ရောက် ရှိလာပါတော့တယ်။ ရေခဲတိုက်ထဲမှာ ဘ၀တစ်ပါးကို ရောက်ရှိနေတဲ့ သားဖြစ်သူ ရုပ်အလောင်းကို သေချာစစ်ဆေး ကြည့်ရှုရာမှာ
အမှန်တကယ်ပင် သူတို့သားလေး ဖြစ်ကြောင်း တွေ့မြင်ခဲ့ ရပါတယ်။

သို့သော် သူတို့ မနှစ်မြို့ခဲ့တဲ့ လက်တစ်ဖက်နဲ့ ခြေတစ်ဖက်တည်းသာ ရှိနေတဲ့ အေးဆေးတည်ငြိမ်စွာ လှဲလှောင်းနေသော သားဖြစ်သူကို တွေ့ရှိသွားသောအခါ...................


ဒီပုံပြင် လေးထဲက မိဘနှစ်ပါးလိုပဲ စာရေးသူတို့ ပတ်ဝန်းကျင်မှာ အများကြီးပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ လှပသာလွန်နေတဲ့ အရာတွေကို သိမ်းပိုက်ချစ်ခင် တွယ်တာချင် ကြတဲ့သူ တွေပါပဲ။ မနှစ်မြို့စရာ အခြေအနေ သို့မဟုတ် ပြည့်စုံမှု မရှိကြတဲ့ အကျည်းတန် အခြေအနေတွေကို လူသားတွေ လက်မခံချင် ကြပါဘူး။ ကိုယ့်ထက် မကျန်းမာခြင်း၊ မလှပခြင်း၊သို့မဟုတ် စမတ်စ်မကျခြင်း တို့ရှိနေရင် အဝေးကို ပြေးချင်ကြပါတယ်။ ဘ၀ကို အရှိအရှိအတိုင်း လက်ခံနိုင်ဖို့နဲ့ နိမ့်ပါးတဲ့ အခြေအနေ လက္ခဏာ မရှိခြင်းအတွက် ကိုယ့်ဘ၀ကို ကျေးဇူးတင်လိုက်ပါ။ တနည်း ရောင့်ရဲ တင်းတိမ်ပါ။

တစ်ခါတစ်ခါ ကျွန်တော် စဉ်းစားပါတယ်။ ကျွန်တော့မှာသာ ဒီလိုမျိုး ဒုက္ခိတ ဘ၀သာ မတော်တဆ ရောက်သွားခဲ့ မယ်ဆိုရင် ကျွန်တော်ချစ်တဲ့သူတွေ ကျွန်တော့ကို ချစ်တဲ့သူတွေ ဘယ်သူက အစစ်အမှန် လဲဆိုတာ သိချင်တဲ့ စိတ်အတွေးဝင်ဝင်လာပါတယ်။ အကယ်၍သာ ဒီလိုမျိုး ဒုက္ခိတဘ၀ သမားတွေဟာ သင့်မိသားစုဝင် မဟုတ်ခဲ့ ဘူးဆိုရင်ရော လူသားတစ်ယောက် အနေနဲ့ သင် လက်ခံကြို ဆိုနိုင်ရဲ့လား။

ကျွန်ုပ်တို့တွေမှာ ဘယ်အရာတွေပဲ ဆုံးရှုံးသွားပါစေ၊ နောင်တရခြင်း ပူပန်ခြင်း၊ ဘ၀ကို ရင်မဆိုင်ရဲ ခြင်းတွေကို ကျော်လွှားလိုက်ပါ။ ဒီလို သာမန်အခြေ နေနဲ့ မတူညီတဲ့ နိမ့်ပါးတဲ့ အခြေအနေမှာ ဖြစ်ပေါ်လာတဲ့ ဖြူစင်တဲ့ ခင်မင်မှု၊ချစ်ခြင်း မေတ္တာ၊ စေသနာနဲ့ ကိုယ့်ကိုပြုမှု ဆက်ဆံလာရင် သင်လက်ခံကြိုဆို ပေးလိုက်ပါ ။ ဒါဟာ သင့်နဲ့သင့်ဘ၀ရဲ့ ထာဝရ မိသားစု ဖြစ်ပါတယ်။

ယနေ့ည သင်မအိပ်စက်ခင်မှာ လူဖြစ်ခွင့် ရခြင်းနဲ့ ခွန်အားမြင့်မားရခြင်း၊ မိမိဘ၀နဲ့ အခြေအနေ မတူကြတဲ့ ဘ၀ခြင်း မတူညီတဲ့ လူသားတွေကို ကူညီ၊အကျိုးပြုခွင့် ရခြင်းတွေကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပြီး အိပ်စက်ပါ။

သင့်ရဲ့ နှလုံးအိမ်ထက်မှာ သင်မသိဘဲ ထာဝရ ကိန်းအောင်းတည်နေတဲ့ စံနေတဲ့ အရာကတော့ ချစ်ခင်ကြင်နာမှုပါ။ ဘုရားသခင်ရဲ့ အကောင်းတကာ့ အကောင်းဆုံး လက်ဆောင်ဖြစ်တဲ့ နားလည်မှု ၊ ချစ်ခင်ကြင်နာမှု၊ စာနာမှု တွေ ကို သင့်ဘ၀အတွက် လှေကားသဖွယ် အသုံးချပြီး အမြှင့်ကို တက်လှမ်းပါ။

သင့်ဘ၀ တစိတ်တပိုင်းမှာ မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ တကယ့်ကို ရှားပါးအဖိုး တန်လှတဲ့ ကျောက်မြတ်ရတနာ တခုလို လိုအပ်ပါတယ်။ သူတို့ဟာ သင့်ကို ပျော်ရွှင်အောင် ခွန်အားတွေ ရှိအောင် အောင်မြင်အောင် ပံ့ပိုးပေးနေတာပါ။ သူတို့အတွေ့အကြုံ တွေကိုပြန်လည် ဝေမျှပြီး ချီးမွှန်းစကားတွေနဲ့ သူတို့ဟာ လှပတဲ့ နှလုံးသားတွေနဲ့ ကျွန်တော်တို့ အတွက် အမြဲတံခါးဖွင့် ထားပါတယ် ။

ref: UNCONDITIONAL LOVE ဆိုတဲ့ Story ကို သိသလောက်လေးနဲ့ ဘာသာပြန်ရေးခြင်း ဖြစ်ပါတယ်။ စာအရေးအသား မကြေညပ်သေးလို့ အဓိပါယ်ပေါ့ပြီး အမှားပါ နိုင်ပါတယ်။ခွင့်လွတ်သည်းခံ ဖတ်ပေးမယ့်သူတွေကို ကျေးဇူးအထူး တင်ပါတယ်နော့် ။စာမရေးတာ ကြာလို့ အင်မတန်မှကို အားနာရပါတယ်။


Wednesday, August 4, 2010

အဟမ်းအဟမ်း အနောင့်စ်မန့်

အာဝါးမက်မက် ပို့စ်အသစ်ကို မကြာခင် တင်ပါတော့မည် ဖြစ်ပါကြောင်း နော့်။ :P ဘာမှတော့ ထွေထွေထူးထူး မဟုတ်ပါဘူး တင်စရာ မတွေ့သေးတာနဲ့ ပျင်းလို့ ဆားချက်တာ။ အဟတ် :P

အာဝါးးမက်မက် ပျောက်ချက်သားကောင်း နေလို့ပါ။ အကြွေးတင်နေတဲ့ အာဝါးးးးးးးးးးးးးးးးးးးးးအမြှောက်တစ်သိန်း
ကိုအတိုးရော အရင်းရော ပေးတော့မယ်။ အဟတ်.... :P အာဝါးမက်မက် ပြန်လာပြီနော်။ အားလုံး တံတားထိ တံတားထိ ၊ :P .... အားလုံးကို အမြှောက်တစ်သိန်း ချစ်ပါသည်။ :P

Tuesday, May 25, 2010

အမှတ်တရထဲကအမှတ်တရ




ပြောရမယ်ဆိုရင် သူနဲ့ စတွေ့ကတည်းက ထူးထူးခြားခြားပါပဲ။အရပ်က ကလန်ကလား၊ နဖူးကပြောင်ပြောင်၊ ဆံပင်ကရှည်ရှည်နဲ့ ဟွန်းးးးးလက်ထဲမှာ ကင်မရာကြီး တစ်လုံးနဲ့။ ဘယ်ဂိုင်းစတား အဖွဲ့ကလဲပေါ့ တစ်ယောက်ထဲ တွေးမိရင်း သူငယ်ချင်း တစ်ယောက်အိမ်မှာ ရှမ်းခေါက်ဆွဲ စားရင်း ဆုံမိကြတယ်။

ဟဲ့...မက်မက်...ဒါကမိုးကုတ်သားလို့ ခေါ်တယ်။
ဘာာ...မိုးခိုသား...ဟုတ်လား.... ဟွန်းးနာမည်ကြီးကလဲ....
အမဲသားရောင်းတဲ့သူလားမသိဘူး။ ဟိဟိ....
တကယ်က ကိုယ်က ကြားချင်ရာ ကြားနေတာ။ မိုးကုတ်သားကို မိုးခိုသားလို့ မှားကြားမိတာ။း)) အဲ့လိုနဲ့ စနောက်ပြောင်ရင်း ခင်မင်လာခဲ့ ကြတယ်ပေါ့လေ။

ဘယ်နေရာ ဘယ်ရောက်ရောက် ဘလော့ဂ်မောင်နှမတွေ တွေ့ဆုံတိုင်းမှာ သူမပါရင် ပွဲမစည်ဘူး။ (အင်းးး....ကင်မရာ မျက်နှာတော်တော် ကြီးတာပဲ..ဟတ်ဟတ်.... :P ) ကဲထားတော့..သူ့အတွက် အမှတ်တရ တခုခု ရေးမယ်လို့ ကြံမိပေမယ့် ဘလော့မှာ စာစီဖို့ လုပ်လိုက်ရင် စာမျက်နှာတွေ တော်တော်ကုန်မှာ စိုးတဲ့အတွက် (တကယ်က ဆင်ခြေပေးတာ :P ) အတိုချုံ့လိုက် ရပါတယ်။

သူနဲ့အမှတ်မထင် တွေ့ဆုံပြီး ခင်မင်ခွင့် ရခဲ့တဲ့သူ
စိတ်သဘောထား ပြည့်ဝပြီး ဘ၀ကို ရိုးသားစွာ ကြိုးစားပြီး ဖြတ်သန်းနေတဲ့သူ
၂၁ရာစုရဲ့ လူပျိုကြီး စာရင်းဝင် ဖြစ်တဲ့သူ ၊
အသက်ကြီးပေမယ့် စတိုင်လ်မိမိနဲ့ အမြဲတမ်း လန်းနေတဲ့သူ
စင်းဘလော့ဂ်ါများရဲ့သက်ကြီးတန်းဝင်သွားသူ :P
ဘလော့ဂ်ါမောင်နှမတိုင်းရဲ့ ချစ်ခင်ရသောသူ
ထိုသူကတော့ မိုးခိုသား မဟုတ်တဲ့ ကိုမိုးကုတ်သားခေါ် ကိုဘိုဘို ဖြစ်ပါတယ်။ ဘွဲ့နာမည်တွေကတော့ ထင်ထင်ရှားရှားပါပဲ။
တချို့ကလဲသူ့ကို ကိုမိုးကုတ်တဲ့
တချို့ကတော့ ကိုဘိုတဲ့
တချို့ကတော့ အုပိုပိုတဲ့
တချို့ကတော့ ကိုဘိုကြီးတဲ့
တချို့ကတော့ ကိုကိုတဲ့
တချို့ကတော့ အူးဘိုတဲ့။
သူ့ကိုယ်ကိုယ်တော့ ကိုမောင်ဟတ် တဲ့။ :P

ကဲ...အူးအူးဘိုဘို..မွေးနေ့မှာ စတင်ပြီး အမြန်ဆုံး စွံပါစေ.........လို့ မက်မက်က ဆုတောင်းပေးပါတယ်.... မွေးနေ့လက်ဆောင် အဖြစ်တော့ ထုံးစံအတိုင်း အာဝါးးမက်မက်က အာဝါးးးအမြှောက်တစ်သိန်းးးးကိုပဲလက်ဆောင် ပေးခဲ့မယ်နော်။း)


ဒီကနေ့ကတော့ ကိုဘိုဘိုခေါ် ကိုမိုးကုတ်သားရဲ့ သက်တော် ၃၆နှစ်မြောက် မွေးနေ့လေး ဖြစ်ပါတယ်။ :P (ဖော်ကောင်လုပ်တာ) မိမိမွေးနေ့လေးမှာ ကုသိုလ်ရေးကို မမေ့တဲ့ ကိုဘိုတစ်ယောက် အမွန်မြတ်ဆုံး ဒါနကုသိုလ်လေး တစ်ခုကို လုပ်ခဲ့အတွက် သာဓုခေါ်ပါတယ်။ မွေးနေ့မှာ ကိုယ့်အသွေးအသားကို ဖောက်ထုတ်လှူ ဒါန်းခဲ့တဲ့ မွေးနေ့ရှင်လေး အတွက် ထပ်တူထပ်မျှ ပီတိဖြစ်ရသလို ဂုဏ်လဲယူ မိပါတယ်။ မွေးနေ့ရှင် ကိုဘိုကြီး မွေးနေ့မှ စ၍ ၀င်သက်ထွက်သက် ရှိနေသမျှ ကာလပတ်လုံး ရောက်လေရာ နေရာ ၀န်းကျင်မှာ စိတ်ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး အစစအရာရာ အဆင်ပြေပါစေ။ကြံစည်သမျှ အောင်မြင်ပါစေလို့ မက်မက်အဒေါ်ဖြစ်တဲ့ ဒွင်းက ဆုတောင်းပေးပါတယ်ရှင်။

HaPpY bIrThDaY .. mAnY hApPy rEtUrNs oF tHe dAy..........

Cheers!!

ကဲကဲ...မွေးနေ့ရှင်ကနေ စားစရာတွေ အများကြီးနဲ့ တည်ခင်းဧည့်ခံ ထားတယ်လို့ မှတ်ပြီး စားစရာရှိတာ စားသွားကြနော်..ဘာမှအားမနာနဲ့။း) ဘာပဲလိုလို ၊ဘာပဲစားချင်စားချင် မျက်စိမှိတ်ပြီး တလိုက်တာနဲ့ ဂူဂယ်လ်မှာ ရှိပါတယ်။ ရှာစားလိုက်ကြနော်။း)) အဟီးးး :P

Wednesday, May 12, 2010

မြင့်မြတ်သူတို့ရဲ့အလုပ်(သို့) မျက်နှာသုံးမျိုး

ဆရာတော် အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)နှင့် ဆရာတော် အရှင်နေမိန္ဒာဘိဝံသ ဆရာတော် နှစ်ပါးတို့သည် ယခုလာမယ့် မေလ ၁၄၊ ၁၅ ၊၁၆ ရက်နေ့မှာ သိရီမင်္ဂလာကျောင်း(Portland Oregon)တွင် ဓမ္မမိတ်ဆွေ အပေါင်းတို့အား တရားတော်များ ဟောကြားချီးမြှင့်ပေး သွားမည်ဖြစ်ပါကြောင်းနဲ့ တရားပွဲတော်များအား http://livedhamma.com မှရုပ်သံတိုက်ရိုက် ထုတ်လွင့်ပေးမှာ ဖြစ်ကြောင်း သတင်းကောင်း ပါးရင်းနဲ့ ကဲ...မိတ်ဆွေတို့ရေ..တူတူတရား နာရအောင် ဖိတ်ပါတယ်နော်။

နောက်ပြီး ဘုန်းဘုန်းရာဇိန္ဒ ရေးသားထုတ်ဝေတဲ့ ဒီဆောင်းပါးစာစုလေးနဲ့ ဘုန်းဘုန်းကိုလဲ ပူဇော်ပါတယ်။ ခုတစ်လော စိတ်ပင်ပန်း ဆင်းရဲမှုတွေကြောင့် ကိုယ့်မျက်နှာဟာလဲ အပူဓာတ်များ လွန်းနေတဲ့ အတွက် မကြည်လင်နိုင်ပါ။ ဒီလိုတွေ ဖြစ်နေတာ ကိုယ့်ကိုယ်ကိုယ် သိလို့မေတ္တာဓာတ် နဲ့ငြိမ်းချမ်းအောင် လုပ်ယူနေ ရပေမယ့် အချိန်တိုင်း မရဘူး၊ သတိလွတ်တာနဲ့ စိတ်အစဉ်က ရွေ့တာပဲ။ ဒေါသ၊ မာနက ထန်လာရော။ စိတ်ကဆတ်တဲ့ လူဆိုတော့ ပိုဆိုးတာပေါ့။ ဒါကိုသိတာနဲ့ ချက်ချင်းပြန်ပြင် ယူပါတယ်။ မသိစိတ်က တအားနေရာ ယူတဲ့အခါ အပူသည်ရုပ် ငြိမ်းချမ်းမယ့် တစ်နေ့ကို မျှော်လင့်ရင်း ကိုယ့်ကိုကိုယ် အမြဲမေတ္တာ ပို့ပါတယ်။ (မိမိကိုယ်က အေးချမ်းမှ တစ်ပါးသူကို အေးချမ်းမှု ပေးနိုင်မယ်လို့ ထင်လို့ပါ) ဘုန်းဘုန်းပြောတဲ့ နံပါတ်သုံး အမျိုးအစားထဲမှာ ပါနေတာကို နံပါတ်နှစ် အမျိုးအစားထဲ ပါအောင် လေ့ကျင့်နေပါတယ်။ မေးလ်ကတဆင့် ၀င်လာတဲ့ ဘုန်းဘုန်းရဲ့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက် ပါဦးနော်။

မျက်နှာ က သုံးမျိုးရှိပါတယ်။ ပူသည့် မျက်နှာရယ်၊ အေးသည့် မျက်နှာရယ် ၊မပူမအေး မျက်နှာ ရယ်ပါ ။ တစ်ချို့များ မျက်နှာ မြင်လိုက် ရရင်ပဲ သူ့မျက်နှာမှာ အအေးဓာတ်က အထင်းသား ပေါ်နေတာပါ။ မျက်နှာက ကြည်နေတာပါ။ သူတင်လား ဆိုတော့ မဟုတ်ပါဘူး။ မြင်ရတဲ့ သူရဲ့ရင်ကို အေးသွားတာပါ။ ကုသိုလ်တွေ ရင်ထဲမှာ ပြည့်နေမယ်၊ စိတ်ထား လေးတွေကောင်း နေမယ်ဆိုရင် အေးတဲ့ မျက်နှာကို ရနေတာပါ။

တစ်ချို့ကျတော့ မျက်နှာမြင်လိုက် ရတာနဲ့ သူ့မျက်နှာ မှာ အပူဓာတ်က အထင်းသား ပေါ်နေတာပါ။ မြင်ရတဲ့သူ ရင်ထဲကိုတောင် ပူချင်ပူ သွားတာပါ။ အကုသိုလ်တွေ ရင်ထဲမှာ ပြည့်နေမယ် ၊စိတ်ထားလေးတွေ ညံ့နေမယ်ဆိုရင် ပူတဲ့ မျက်နှာကို ရနေတာပါ။ စကားလုံး လှလှတွေ အမူအရာ ကောင်းကောင်းတွေနဲ့ ဘယ်လောက်ပဲ ဟန်ဆောင်ထား နိုင်ပေမဲ့ မျက်နှာမှာတော့ ညာလို့မရပါဘူး။ အကုသိုလ် သိပ်များနေ တဲ့သူရဲ့ မျက်နှာဟာ ကြည်ကြည်လင်လင်ကို မရှိပါဘူး။ မျက်နှာကြည့်ရုံနဲ့ သိပ်သိသာပါတယ် ။ ရုပ်လှတာ မလှတာ၊ အသာဖြူတာ၊ မဖြူတာနဲ့ လည်းမဆိုင်ပါဘူး။ မျက်နှာမှာကို အပူဓာတ်ကသိသာ ပေါ်လွင်နေတာပါ။

အကောင်းဆုံး အလှပြင်ဆိုင် ကိုသွားပြီး အကောင်းဆုံး ပြင်ထားဦးတော့ ၊ရင်ထဲမှာ အကုသိုလ်တွေ ရှိနေရင် စိတ်ထားတွေ ညံ့နေရင် အပူမျက်နှာပဲ ဖြစ်နေမှာပါ။ အအေး မျက်နှာကို မရနိုင်ပါဘူး။တစ်ချို့ကျတော့ တစ်ခါတစ်လေ ကုသိုလ်စိတ် ဖြစ်လိုက်၊ တစ်ခါတစ်လေ အကုသိုလ်စိတ် ဖြစ်လိုက် စိတ်ထား ကောင်းလိုက် စိတ်ထား ညံ့လိုက်နဲ့ အဲလို လူမျိုးရဲ့ မျက်နှာ မပူမအေး မျက်နှာပါ ။
စာဖတ်သူကော မျက်နှာသုံးမျိုးထဲက ဘယ်မျက်နှာ မျိုးထဲမှာ ပါပါသလဲ ။ စာရေးသူကတော့ တစ်ခါတစ်လေ ပူတဲ့ မျက်နှာဖြစ်လိုက် တစ်ခါတစ်လေ အေးတဲ့ မျက်နှာ ဖြစ်လိုက်နဲ့ပါ။ ပူတဲ့မျက်နှာ ဖြစ်နေတယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် သိနေတာပါ။ အဲဒီ နေ့တွေများဆို ပရိတ်သတ်နဲ့ မတွေ့ချင်ပါဘူး။ အားနာလို့ပါ ။တွေ့ဖြစ်ခဲ့လျှင်လည်း အဆင်မပြေဖြစ် တတ်လွန်းလို့ပါ။ အအေးမျက်နှာ ရပြီဆိုရင်တော့ ဘယ်သူနဲ့ပဲ ဆက်ဆံဆက်ဆံ အစစအရာရာ အဆင်ပြေ နေတတ်ပါတယ်။

အမှန်တော့ ကိုယ့်မျက်နှာကိုယ် (မှန်ကြည့်သောအခါ) ရေချိုးခန်းထဲမှာ တံခါးပိတ်ပြီး အသေချာ ကြည့်ရင် သိသာပါတယ်။ တကယ်လို့ ကိုယ့်မျက်နှာဟာ ပူတဲ့မျက်နှာ ဖြစ်နေရင် ဘာမှအားငယ်စရာ မလိုပါဘူး ။ အေးတဲ့မျက်နှာ ဖြစ်အောင် ပြုပြင်ယူလို့ ရပါတယ်။ ကိုယ်က အေးတဲ့ မျက်နှာရှိချင် တဲ့သူဖြစ်ဖို့ ပဲလိုပါတယ်။ အေးတဲ့မျက်နှာ ဖြစ်ဖို့အတွက်တော့ လွယ်တဲ့ ကမ္မဋ္ဌန်း တစ်ခုခုကို အမြဲနှလုံးသွင်း နေလိုက်ရုံပါပဲ။ ခက်တဲ့ ကမ္မဋ္ဌန်းဆို မလုပ်ဖြစ်မှာ ဆိုးလို့ပါ။

ဥပမာ - နမောတဿ ကို အချိန်များများ ပွားနေလိုက်မယ် ဆိုရင်လည်း ရပါတယ်။ ထမင်းချက် ရင်းလည်း ပွားလို့ရတာပါ ပဲ။ ဈေးရောင်းရင်းလည်း ပွားလို့ရတယ်။ ဈေးဝယ်ရင်းလည်း ပွားလို့ရပါတယ်။ သွားရင်းလာရင်းလည်း ပွားလို့ရနေတာပါ ပဲ။နောက်ဆုံး ရေချိုးခန်း ၀င်ရင်းနဲ့လည်း ပွားလို့ရ နေတာပါပဲ။ တစ်ခါတစ်လေ မကောင်းတဲ့စိတ် တစ်ခုခုများ ၀င်ခဲ့ရင် ချက်ချင်းပဲ နမောတဿ ကိုးခေါက်၊ ဆယ်ခေါက်လောက် ပွားပစ်လိုက်ပါ။

မကောင်းတဲ့စိတ် ၀င်လိုက်တာနဲ့ နမောတဿ ပွားလိုက် နဲ့ ကြာလာတော့ မကောင်းတဲ့ အကုသိုလ် စိတ်ဝင်မှုတွေ လျော့သွားပါလိမ့်မယ်။ မကောင်းစိတ်တွေ လျော့လျော့သွားရင် မျက်နှာက အပူဓတ်တွေပါ လျော့လျော့သွားတာပါ။ ပွားရင်း၊ ပွားရင်းနဲ့ မျက်နှာမှာ အအေးဓတ်က ပေါ်လာတာပါ။ အဲဒီအခါမှာ မှန်ထဲပြန်ကြည့်ရင် အအေးဓာတ်နဲ့ ကိုယ့်မျက်နှာကိုယ် ကျေကျေနပ်နပ်နဲ့ တွေ့ရတော့မှာပါ။ ပွားစမှာတော့ အအေးမျက်နှာကို ချက်ချင်း ရဦးမှာ မဟုတ်ပါဘူး။ ပွားတဲ့အထုံ ရက်ကလေး ကြာလာမှ ရလာမှာပါ။ ကိုယ်က အလုပ်တစ်ခု အနေနဲ့ ပွားနေဖို့ပါပဲ။ အအေးဓာတ် မျက်နှာရ သွားပြီဆိုရင် နေရထိုင်ရ တာကစ ပေါ့ပေါ့ပါးပါးကို ရှိသွားတော့တာပါ။
လောကရဲ့ သဘောအရ အေးတဲ့ မျက်နှာရှိတဲ့ သူကိုပဲ လူတွေက ဆက်ဆံချင် ကြတာပါ။ ပူတဲ့မျက်နှာ ရှိတဲ့သူကို အလုပ်သဘောအရ ဆက်ဆံရဦးတော့ မဆက်ဆံ ချင်ကြပါဘူး။ ကိုယ်က ဒီအကျိုးအပစ် လေးတွေကို အာရုံပြုပြီး အေးတဲ့မျက်နှာဖြစ်အောင် အသိနဲ့ပြုပြင် ယူရမှာပါ။ ပုထုဇဉ်တွေ ဆိုတော့လည်း အမြဲတမ်း အေးတဲ့မျက်နှာ ဖြစ်နေဖို့ဆိုတာ မလွယ်ပါဘူး။ တစ်ခါတစ်လေ ဒေါသကြောင့်ပဲ ဖြစ်ဖြစ် ဣဿာ မစ္ဆရိယ ကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ မျက်နှာက ပူတဲ့မျက်နှာ ဖြစ်သွားတတ်ပါတယ်။ ကိုယ့်မျက်နှာ ပြောင်းလဲ သွားပြီဆိုတာနဲ့ ကိုယ်က သိလိုက်ဖို့ပါပဲ။ သိပြီးရင်ပြုပြင်ယူ သွားဖို့ပါပဲ။ ကိုယ်က အေးတဲ့မျက်နှာ ရထားရင် အနုပညာ အလုပ်ကိုပဲ လုပ်လုပ် ၊ဈေးပဲရောင်းရောင်း ၊ စာပဲသင်သင် ၊ ဆိုက်ကားပဲနင်းနင်း၊ ဘာစီးပွားရေး ပဲလုပ်လုပ် ကိုယ့်ရဲ့အလုပ်ကို အအေးမျက်နှာက အထောက်အပံ့တွေ ပေးနေတာပါ။
ဘာပဲပြောပြော ရင်ထဲမှာ အကုသိုလ် စိတ်တွေဖြစ်မနေအောင် လွယ်ကူတဲ့ ကမ္မဋ္ဌန်း တစ်ခုခုကို အမြဲ နှလုံးသွင်း နေဖြစ်ရင် အအေး မျက်နှာကို ရနေတာပဲလေ ။တကယ်တော့ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ရာထူး၊ အာဏာ၊ ငွေကြေး၊ အရာအားလုံးဟာ ဘာမှ မမြဲပါဘူး။ မမြဲတဲ့ သဘောတရားတွေကို မမြဲဘူးလို့ ကိုယ်ကသိ လိုက်ဖို့ပါပဲ။

အဲဒီမမြဲတာတွေကိုပဲ အမှီပြုပြီး လောဘ၊ ဒေါသ၊ ဣဿာ မစ္ဆရိယ၊ ဖြစ်နေတာကိုက သိပ်ပြီးရှက်ဖို့ ကောင်းတာပါ။ ပြီးတော့သေရင် ကိုယ့်နောက်ပါမှာ ကျနေတာပဲ။ မမြဲတဲ့ သဘောတရားကို သိတတ်တဲ့ ဥာဏ်ဓာတ်ဟာ နောက်ဘ၀ နောက်ဘ၀ တွေအထိလည်း အထုံဓာတ် ပါသွားမှာပါ။ နောက်ဘ၀ နောက်ဘ၀ မှာလည်း အထုံဓာတ်က ပါလာတာ ဆိုတော့ မမြဲတဲ့ သဘောတရားတွေကို သတိဥာဏ် ပွင့်ပြီး နောက်ဘ၀ နောက်ဘ၀တွေမှလည်း တရားတွေ အားထုတ် ဖြစ်ရဦးမှာပါ။ နောက်ဘ၀ နောက်ဘ၀ တွေမှာလည်း တရားတွေ အားထုတ်ဖြစ်ပြီး နေက္ခမ္မ ပါရမီ (နေက္ခမ္မ ပါရမီ ဆိုသည်မှာ လောဘ စတဲ့ အကုသိုလ် တရားတွေကို ကိုယ့် သန္တာန် မှာ မရှိအောင် လုပ်တာပါ ) ကိုလည်း ဆင့်ကာ ဆင့်ကာ ဖြည့်ကျင့် နေကြဦးမှာပါ။နေက္ခမ္မ ပါရမီတွေ ဖြည့်ရင်း ဖြည့်ရင်းနဲ့ တစ်ဆင့်ထက် တစ်ဆင့် မြင့်လာပြီး ပါရမီတွေ ပြည့်လာတဲ့အခါ ဘ၀ရဲ့ တကယ့် ပန်းတိုင်ဖြစ်တဲ့ မဂ်ဖိုလ် နိဗ္ဗာန်ကို ရောက်ရှိသွား တော့မှာပါပဲလေ။

မြင့်မြတ်သူ တို့ရဲ့ အလုပ် ရဝေနွယ် (အင်းမ) ဓမ္မ အမြုတေ စာစဉ် ၁၀ စာအုပ်၊ စာမျက်နှာ ၉၄ ~ ၉၉ မှ ထုတ် နုတ် ကူးယူ ပူဇော်ပါသည်။

Wednesday, April 28, 2010

ငယ်ချစ်ဟောင်းနဲ့စောင်းအိုရှင်

စောင်းသံမပီ တေးလည်းမညီလေပြီ
လူလည်းအို စောင်းအိုငယ်ကျွမ်းနဲ့
ရည်ရွယ်လှမ်းရာ လမ်းရှာသူ အဖြစ်များသည်
ငယ်ချစ်ဟောင်းကို အောက်မေ့သတိရ
စောင်းမှတေးသံ ခေါ်ဟန်လေလား
အစွဲအလမ်းနဲ့ ချစ်အားငယ်လေပြီ....

စိတ်တူကိုယ်တူ အနုပညာ မြတ်နိုးကြတာညီ
ဒါတွေမမေ့နိုင်ချေပြီ စည်းနဲ့ဝါးကို စိတ်အလိုရွှင်ပျ
ငယ်ချစ်ကကိုင်ကာ နုသောနွဲ့သော တေးအလှတွေသီ
ခိုင်မြဲတည်ကြည် ရည်ရွယ်မှု အသိတရားများသည်
ချစ်သူနှစ်ဦးစလုံးမှာ အပြုံးကလေးတွေ ကိုယ်စီ
ကိုယ့်စောင်းသံသည် သာယာညိမ့်ညောင်း
မင်္ဂလာအပေါင်းနဲ့ ပြည့်လေပြီ။

အဖြစ်ဟောင်းဆိုတာ လူတိုင်းကိုယ်စီ ရှိကြလေပြီ
သူနဲ့ကိုယ့်အကြောင်း ကိုယ့်စောင်းသံသည်
ဆန့်ကျင်ဖီလာ သံသာငုတ်လျှိုး
စောင်းကြိုးတွေလဲ ပြတ်ရှာလေပြီ။

အော်...ကိုယ့်တစ်ယောက်တည်း အဖော်ကွဲ
တကယ်မဖြစ်ကောင်းတဲ့ အကြောင်းတွေသည်
ငယ်ချစ်ဟောင်းနဲ့ နှောင်းခဲ့လေပြီ



ဒီသီချင်းကို ကြိုက်လို့ပါ။ စာသားကလဲ မိုက်တယ်။ သံစဉ်ကလဲ ညိမ့်တယ်။ အသံကလဲ နားဝင်ချိုတယ်။ အသံရော သံစဉ်နဲ့စာသားပါ အေးအေးလေးနဲ့ နှလုံးသားကို စွဲကိုင်နိုင်တဲ့ သီချင်းတစ်ပုဒ်ပါပဲ။ ကိုယ့်အကြိုက်ဆုံး မြန်မာသီချင်း စစ်စစ်ထဲက သီချင်းတစ်ပုဒ်ပေါ့။ ကဲ...အဲ့လိုမြန်မာသံနဲ့ မြန်မာသီချင်း စစ်စစ်ကို သူတို့တွေများ ကြိုက်တတ်မလား မသိဘူးနော်။ မြန်မာမှန်ရင် မြန်မာသံစဉ် စစ်စစ် သီချင်းကိုတော့ ကြိုက်မယ့်သူ ရှိမှာပါ။ မေးကြည့်ဦးမှပဲ....အဟမ်းအဟမ်းး.....သူတို့ကလည်း အခုလို မြန်မာသံနဲ့ မြန်မာသံစဉ် စစ်စစ်ကို အင်မတန် ကြိုက်ပါသတဲ့လေ။ အဲ..နေဦး...စည်းကမ်းကတော့ နံပါတ်တစ်-မြန်မာသံစဉ် စစ်စစ်ဖြစ်ရမယ်။ နံပါတ်နှစ်-ဗုဒ္ဓ၀င်တေး မဖြစ်စေရ။(ရှေးသီချင်း ဖြစ်လည်း ရပါတယ်။)နံပါတ်သုံး-အချစ်တေး သီချင်းသာ(အလွမ်းအဆွေး နှစ်သက်ရာ) ဖြစ်ရမည်။ နံပါတ်လေး- ပို့စ်ခေါင်းစဉ်သည် သီချင်းခေါင်းစဉ်သာ ဖြစ်ရမည်။ နံပါတ်ငါး-သီချင်းစာသားပါဝင်ရပါမည်။

ကဲ..မိတ်ဆွေ သင့်ရဲ့ LUCKY DRAW ကဘယ်လောက်လဲ။ ဟဲဟဲ...အာဝါးးးးးးးးနော်.....ချစ်လို့ တက်ခ် လိုက်တာ။
(ဘလော့တွေမှာ မြန်မာသံစဉ်နဲ့ အလှဆင်ရန် ရည်ရွယ်၍ သာစိတ်ကူးခြင်း ဖြစ်ပါသည်။ ပို့စ်မရေးချင်ပဲ နေနေတဲ့ သူတွေကိုလဲ စိတ်ပြေလက်ပျောက် လမ်းဖောက်လိုက်တာပါ။ ) အားမနာတမ်း ပြောရရင် ဆား ချက်တာ.... :P ငါ့နံပါတ် ဘယ်လောက်လဲ ဖြစ်မလဲဆိုပြီး နံပါတ်တွေ တစ်ခုချင်း လိုက်နှိတ်နေရလို့ မှားပါတယ် မက်မက်ရယ် လို့မပြောနဲ့နော်။ ကံစမ်းမဲ ပေါက်တဲ့သူတွေကို အာဝါးးးးးးးးးးအမြှောက်နှစ်သိန်း ပေးထားပါတယ်နော်။ ဟဲဟဲ....... :P :P

1 ဦးဦးဝင်းလတ်(ဗေဒါလမ်း-ဒေါ်ကြည်၂ဌေး) Done
2
3
4
5 တီတီဆောင်းဦး(မအေးကိုချစ်လို့ပါ-လွှမ်းမိုး)Done
6
7
8 တီတီ၅၁၆/တီတီပန်း(ပန်းတောက်ဝါ)
9
10တီတီနန်း(အရိန္ဒမာအသိဆုံးပါ-ပိုးအိစံ)Done
11ဦးကိုကိုမောင်(ပန်းရနံ့)(ချစ်မိုးကြီး-ဖြူသီ)Done
12
13
14
15
16မမိုးခါး(ဆောင်းအမှီ/ပျို့မှာတမ်း-ဒေါ်မေရှင်)Done
17မကောင်းကင်ပြာ(ကသစ်ပန်း-ကိုအံ့ကြီး)Done
18
19ကိုဖိုးစိန်(ဂုဏ်မြင့်သူ-မောင်နေ၀ါ/ရာဇာဝင်းတင့်) Done
20ကိုဖိုးသင်္ကြန်(ချစ်မိုးဆွေ-ပြည်လှဖေ)Done
21ကိုမိုးခိုသား(လူချွန်လူကောင်း-ကိုအံ့ကြီး) Done
22
23
24
25မပွင့်မြူးဇင်(အညာမြေတမာလမ်းက ရွှေညာသူအလွမ်း-ချိုပြုံး) Done
26
27
28
29
30
31
32
33
34
35
36ကိုပိုးဟပ်လေး(ချစ်ခွင့်ပေးပါတော့ချစ်သူရယ်-သန်းဖေလေး)Done
37
38
39
40
41
42
43မချိုချိုသဇင်(ချစ်အာရုံ-မို့မို့ဇော်ဝင်း)Done
44
45
46
47၀က်ဝံလေး(မွှေးလွန်းသည့်ပန်း-စန္ဒားချစ်ဆွေ) Done

Sunday, April 25, 2010

စိတ်ဝင်စားစရာသချာင်္ကမ္ဘာ

1 x 8 + 1 = 9
12 x 8 + 2 = 98
123 x 8 + 3 = 987
1234 x 8 + 4 = 9876
12345 x 8 + 5 = 98765
123456 x 8 + 6 = 987654
1234567 x 8 + 7 = 9876543
12345678 x 8 + 8 = 98765432
123456789 x 8 + 9 =987654321

1 x 9 + 2 =11
12 x 9 + 3 =111
123 x 9 + 4 =1111
1234 x 9 + 5 =11111
12345 x 9 + 6 =111111
123456 x 9 + 7 =1111111
1234567 x 9 + 8=11111111
12345678 x 9 + 9 =111111111
123456789 x 9 +10=1111111111


9 x 9 + 7 =88
98 x 9 + 6 =888
987 x 9 + 5 =8888
9876 x 9 + 4=88888
98765 x 9 + 3 =888888
987654 x 9 + 2 =8888888
9876543 x 9 + 1=88888888
98765432 x 9 + 0 =888888888

1 x 1=1
11 x 11 =121
111 x 111 =12321
1111 x 1111 =1234321
11111 x 11111 =123454321
111111 x 111111=12345654321
1111111 x 1111111 =1234567654321
11111111 x 11111111 =123456787654321
111111111 x 111111111 =12345678987654321

ပျင်းနေတာနဲ့ METACAFE ကနေ ရှာလာတာ။ အဟဲ... ဆားချက်တာလေ...တစ်တို့လောက် တို့သွားဦး... :P

Friday, April 16, 2010

မှားလား

မှားလားတဲ့ ..ဟုတ်ပါတယ်။လောကကြီးမှာ လူတိုင်းမ မှားဘူးတာ ရှိကြမယ် မထင်ပါဘူး။ ဒါမို့လို့လဲ မမှားသော ရှေ့နေ မသေသော ဆေးသမားစတဲ့ စကားပုံတွေ ပေါ်ထွန်းလာတာ ဖြစ်ပါလိမ့်မယ်။ အဲ..အမှားဆိုလို့ အဆိုတော်တွေတောင် ဆိုထားတာ ရှိသေးတယ်။ ပလေးဘွိုင်း သန်းနိုင်ဖြစ်မယ် ထင်တယ်။ ဘာတဲ့... (မှားလားးး....တို့နှစ်ဦး ချစ်ကြတာ မှားလား.....ဘ၀ခြင်းက ဝေးကွာ ခြားနား .....)စတဲ့..စတဲ့ မှားတာတွေလဲ ရှိကြမှာပဲ နော်။ ဒါက ဆယ်ကျော်သက်တွေ ဖြစ်ကြတဲ့အမှား။

ဟော..ငယ်ငယ်တုန်းက ကလေးအရွယ်မှာ ကျောင်းစာတွေ လုပ်တဲ့အခါ ခဏခဏ မှားလွန်းလို့ မိဘဆရာတွေက
ခဲဖျက်တောင် ထည့်ပေးရတာ မဟုတ်လား။ အဟား....စာရေးသူတို့ ငယ်ငယ် ကျောင်းသူကျောင်းသား အရွယ်တုန်းကတော့ ပြောခဲ့တဲ့ စာဆိုလေးတောင် ရှိသေးတယ်။ ဘာတဲ့။ "ဆရာမှားရင် ဆောတီး၊ တပည့်မှားရင် ဗျောတီး" ဆိုပြီးတော့လေ။ တချို့လူကြီး မိဘတွေကြတော့ သူတို့မှားလုပ်၊ မှားပြောမိ တဲ့အခါ ငြိမ်နေတတ်ကြပြီး ကလေးတွေမှားပြော၊ မှားလုပ်မိ တဲ့အခါ ဆူကြတာလဲ ရှိပါတယ်။ အဲဒီအခါ "လူကြီးမှားတော့ ဆောရီး ၊ ကလေးမှားရင် ဗျောတီး" ဆိုပြီး ကလေးတွေက ပြောဆိုတတ် ကြပါတယ်။

ဒါဆို အမှားတွေကို ဘယ်လိုတွေ ပြုလုပ်မိတတ် ကြသလဲ။ မှားပုံမှား နည်းတွေတာ မတူရင် မတူကြမယ်။ ကလေးအစ လူကြီးအဆုံး အမှားလုပ်တတ် ကြတာတော့ လူတိုင်းပါပဲ။ တချို့က လုပ်ငန်းခွင်မှာ၊ တချို့က လူမှုရေးမှာ ၊ တချို့က စီးပွားရေးမှာ ၊ တချို့က အချစ်ရေးမှာ၊ တချို့က ဒေါသ၊ မောဟ၊ လောဘရမ္မက် စုံလင်စွာနဲ့ စသည်ဖြင့် အမှားတွေ ကျူးလွန်မိမယ်။


တချို့အမှားတွေက ပြင်လို့ရတဲ့ အမှားရှိသလို တသက်လုံး ဘယ်တော့မှ ပြင်လို့မရတဲ့ အမှားလဲ ရှိတယ်။သိသိကြီး နဲ့မှားတာ ရှိသလို ၊ မသိဘဲ မှားကြတာလဲ ရှိတယ်။ ဒီနေရာမှာ လောဘ၊မောဟ၊ ဒေါသဇောတွေ ကပ်နေရင် ဘာမှမမြင်ဘဲ မှားတတ်ကြပါတယ်။ မှားတယ်ဆိုရာမှာလဲ မိမိကိုယ်တိုင်ကြောင့်၊ တချို့ကတော့ အပေါင်းအသင်းကြောင့်၊ တချို့က ပတ်ဝန်းကျင်ကြောင့် မှားတတ်ကြပါတယ်။ ဘယ်လိုပဲ မှားမှား ၊ ဘာကြောင့်ပဲ မှားမှား ၊ လွန်လွန်ကျူးကျူး မှားတတ်တဲ့ အမှားမျိုး ဟုတ်မဟုတ်၊ မှားနိုင်မမှားနိုင်၊ မှားသင့် မမှားသင့်ကို မမှားခင်က ဝေဖန်ပိုင်းခြား သိနိုင်စွမ်း ရှိရမယ်။(ဆိုလိုချင်တာက ဘုန်းကြီးထိပ်ခေါက်ပြီးမှ ကန်တော့၊ကန်တော့ လို့ပြောတာထက် အဲဒီလို မလုပ်ခင်က သင့်ဧ။် မသင့်ဧ။် ဆိုတာကို ပိုင်းခြားဝေဖန် နိုင်ရမှာပါ။)

တချို့မှားကြတဲ့ အမှားက တဖက်သား ဘ၀ကို ထိခိုက်နိုင်လောက်တဲ့ အမှားမျိုး ဖြစ်တတ်ပါတယ်။ တချို့ကြတော့လဲ မတော်တဆ ပြုလုပ်လိုက်တဲ့ အမှားတခုကြောင့် တစ်ဘ၀လုံး ပေးဆပ်လိုက်ရတဲ့ အမှားမျိုးလည်း ရှိတတ်ပါတယ်။ တချို့ကြတော့လဲ မထင်မှတ်တဲ့ အမှားတစ်ခုကြောင့် အသက်ရှင်ရက်နဲ့ ဘ၀သေဆုံး နေကြတဲ့သူတွေ ရှိပါတယ်။ တချို့ကျတော့လဲ အမှားတစ်ခုကြောင့် ဘ၀ပါပျက် သွားရတဲ့ သူတွေ အများကြီးပါ။ တစ်ချို့ကျတော့လည်း ကိုယ်လုပ်လိုက်တဲ့ အမှားကြောင့် မိသားစုတစ်စု၊ အိမ်ထောင်စုတစ်ခုဖြင့် အသက်ပါ သေဆုံးကြရတာ ယနေ့တိုင် အထိပါပဲ။ တချို့ကြတော့လဲ မှားမှန်းသိရဲ့နဲ့ အဲဒီအမှားကိုပဲ ခုံမင်စွာ ဆက်လက်ပြုလုပ် မှားကြတာလဲ ရှိပါတယ်။

ဘယ်လိုအမှားမျိုးပဲ ဖြစ်ဖြစ် ၊ သိရဲ့နဲ့ ကျူးလွန်မိတဲ့ အမှား၊ မသိပဲ ကျူးလွန်မိတဲ့ အမှား၊ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်သော် လည်းကောင်း မိမိကိုယ်တိုင်နဲ့ ပတ်သတ် ဆက်နွယ်ပါတယ်။ ဘယ်သူမပြု မိမိမှု ဆိုသည့်အတိုင်း ကိုယ်ကိုတိုင်မှာ တာဝန်ရှိပါတယ်။ ဘယ်အမှား ပဲမဆို အားလုံးကို ဆင်ခြင်နိုင်မှ တော်ရာကျပါမယ်။ ကိုယ့်ကြောင့် သူတစ်ပါး ထိခိုက်နစ်နာ သွားစေမယ့် အမှားမျိုးဆို ပိုတောင်ရှောင်ကြဉ် ရပါမယ်။

အမှားဆိုသည်မှာ ပြန်ပြင်၍ ရနိုင်သော အမှားနဲ့ ပြုပြင်လို့ မရနိုင်သော အမှားဆိုပြီး ခွဲခြားထား တယ်ဆိုတော့ အဲဒီအမှား တွေကရော ခွင့်လွတ်နိုင် စရာအမှားလား၊ ခွင့်မလွတ်နိုင်တဲ့ အမှားလား ။သိသိကြီးနဲ့ မှားတဲ့အမှား၊ မသိလို့ မှားမိတဲ့ အမှား ၊မတော်တဆနဲ့ မှားသွားတဲ့ အမှားတွေမှာ ဘယ်အမှားက ခွင့်လွတ်ဖို့ သင့်သလဲ လို့မေးရင်တော့ ၊ ဟုတ်ကဲ့။ သိသိကြီးနဲ့ ဆက်ပြီးမှားတဲ့ အမှားက ခွင့်လွတ်နိုင်စရာ အကြောင်းမရှိ ပါဘူးလို့ပဲ ဖြေရမှာပေါ့။ မသိလို့ မှားတဲ့အမှား တစ်ခုကို သိတဲ့အချိန်ကနေ စပြီးပြန်ပြင်ယူလို့ ရပါတယ်။ အဲဒီလို ပြုပြင်တဲ့သူကို လူတော်လို့ လူ့ပတ်ဝန်းကျင်မှ သတ်မှတ်ကြပြီး၊ ပြုပြင်တဲ့ သူတွေကို လူ့ပတ်ဝန်းကျင်မှာ ပြန်လည် လူတောတိုးနိုင်အောင် လက်တွဲ ခေါ်ယူနိုင် ရပါမယ်။ တဖန် အခွင့်အရေး ပေးသင့်ပါတယ်။ မှားမှန်းသိသိကြီးနဲ့ ဆက်ပြီး ပြုလုပ်တဲ့ အမှားကြတော့ ဘယ်လောက်ပဲ ပညာတတ်၊ ချမ်းသာနေပါစေ အလကား လူပါပဲ။ တဖန် လူမိုက်လို့ ဆိုထိုက်ပါတယ်။

ခွင့်လွတ်ထိုက်တဲ့ အမှားနဲ့ ခွင့်မလွတ်ထိုက်တဲ့ အမှားဆို ရာမှာလည်း သတ်မှတ်ထားတဲ့ ဥပဒေ စည်းမျဉ်း၊ ဘာသာရေးကျင့်ဝတ်၊ လူမှု့ရေး ကျင့်ဝတ်၊ စတာတွေနဲ့ တိုင်းတာပြီး တစ်ခုနဲ့ တစ်ခုဆက်စပ်လျှက် ရှိနေပြန်ပါတယ်။ တချို့အမှားက ဥပဒေက(မည်သို့အကြောင်းကြောင့်) ခွင့်လွတ်လိုက်ပေမယ့် လူမှုရေး စည်းမျှဉ်းအရ ခွင့်လွတ်ထိုက်စရာ မရှိပါဘူး။ လူမှုရေး စည်းမျှဉ်းအရ ခွင့်မလွတ် နိုင်ရင်လည်း ဘာသာရေး စည်းမျှဉ်းအရ ခွင့်လွတ်နိုင်စရာ မရှိပါဘူး။ တစ်ခါ ဒီနေရာမှာလည်း လူမှုရေးနဲ့ ဘာသာရေးက အရမ်းနီးစပ်ပါတယ်။(ဒါက စာရေးသူအမြင်၊ သဘောထား ကွဲလွဲနိုင်ခွင့် ရှိပါသည်)။

ဒါဆို သင်ရော ငယ်စဉ်ကလေး ဘ၀ကစပြီး အခုချိန်ထိ အမှားတွေ ဘယ်လောက်လုပ်ခဲ့ မိဘူးလဲ ။ငါလုပ်ခဲ့မိတဲ့ အမှားတွေက သူတစ်ပါးအပေါ် သွယ်ဝိုက်သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း ထိခိုက်စေခဲ့သလား၊ ငါ့အမှားကြောင့် လူဘယ်နှစ်ယောက် ထိခိုက်ခဲ့သလဲ၊ ဆိုတာကို ညအိပ်ရာဝင်တိုင်း နဖူးပေါ် လက်တင်ပြီး စဉ်းစားမိဖူး ခဲ့ရဲ့လား။ သူတပါးအပေါ် ထိခိုက်အောင် မလုပ်တဲ့ အမှားဆိုရင် ချစ်စရာ အမှားလေးတွေပါ။ ကိုယ့်ကြောင့် သူတစ်ဖက်သား ထိခိုက်နစ်နာမှု မဖြစ်ရင်တော့ အကောင်းတကာ့ အကောင်းဆုံးပေါ့ရှင်....နော့်။

မမှားဘူးသော ရှေ့နေ၊ မသေဖူးသော ဆေးသမား ဆိုသည့်အတိုင်း လူတိုင်းအမှားနဲ့ မကင်းကြဘူး။ လူသားတိုင်း ချစ်စရာ အမှားလေးတွေဖြင့်သာ ဘ၀မှာ မှားနိုင်ကြပါစေ။ မှားခဲ့မိတိုင်းကိုလည်း ခွင့်လွတ်နိုင်သော သူဖြစ်နိုင်ကြပါစေ။

ဒီပို့စ်ထဲက အမှားတွေ အကြောင်းကို ဖတ်ပြီး မှားပါတယ် မက်မက်ရယ်လို့ တွေးနေပြီး မက်မက်ရော အမှားနဲ့ ကင်းရဲ့လား လို့ ပြန်မေးရင် ဟုတ်ကဲ့ အခုစာရေးသူ မက်မက်လဲ အမှားနဲ့ မကင်းပါဘူး။ တစ်ခုမဟုတ် တစ်ခုကို အမြဲလိုလို အလွဲလွဲ အချော်ချော်နဲ့ ယနေ့တိုင် မှားနေပါသေးတယ်။ ဒါပေမယ့် ချစ်စရာ အမှားတွေပါနော်။

အဟားး..အမှားဆိုလို့ ဂျီတော့ခ်မှာ အာဝါးးးးးတောင် မှားပေးမိတဲ့ အဖြစ်ကလဲ ရှိသေးတယ်။ အကြောင်းသိ စင်္ကာပူက ဘလော့င်္ဂါ သူငယ်ချင်းတွေ ရူး......တိုးတိုးနေနော်။ ဘယ်ရိုမွှား ဒါရဲချိုဒါ အဒူမှပေါနဲ့... အာဝါးးအမြှောက် တစ်သိန်းပေးမယ်နော်......အဟား...ကျေနပ်လား......မှားပါတယ် မက်မက်ရယ်တော့ မလုပ်နဲ့နော်....ဒါဗြဲ......) :P

နှစ်ဟောင်းမှာ တနှစ်တာလုံး ပြုလုပ်ခဲ့တဲ့ အမှားတွေ ၊ ဆိုးပေတေခဲ့ သမျှတွေ၊ နိမ့်ကျခဲ့ သိမ်ဖျင်းခဲ့ မိတဲ့ စိတ်ဓာတ်တွေ၊ ကြုံခဲ့သမျှ ဘေးဆိုးတွေ ၊ မကောင်းသောကံတွေ ၊ အငြိုးအာဂါတတွေ ၊ အမုန်းတွေ စတဲ့ နှစ်ဟောင်းမှာ ကြုံခဲ့ဆုံခဲ့သမျှ မကောင်းသော အရာဟူသမျှ သင်္ကြန်ရဲ့ နောက်ဆုံး အတက်နေ့မှာ အားလုံးထားခဲ့ပြီး နှစ်သစ်မှာ စိတ်သစ်၊ လူသစ် ဘ၀သစ်နဲ့၊ ကံကောင်းခြင်းတွေ ခညောင်းရောက်ရှိပြီး ဘေးဘရာ ကင်းကွာ၍ မြင့်မြတ်သော စိတ်ထားဖြင့် ဘ၀ပန်းတိုင်ကို ဆက်လက်ချီတက် နိုင်ကြပါစေလို့ သင်္ကြန်အတက်နေ့မှာ တောင်းဆုပြုရင်း အမှတ်တရ ရေးသားလိုက်ရပါတယ်။

(သင်္ကြန်တွင်းမှာ ကံကုန်၍ သေဆုံးသည်ပဲ ဖြစ်ဖြစ် သေကံရှိလို့ သေဆုံးတာပဲ ဖြစ်ဖြစ် ၊အကြတ်နေ့မှာ မတော်တဆ သေဆုံးခဲ့သူတွေလည်း ဒီဘ၀ ဒီနှစ်မှာပါ ၀ဋ်ကြွေးတွေ ပြေပျောက်ပါစေ ၊ ဘ၀ဆက်တိုင်းမှာ ဒီလိုအဖြစ်ဆိုး၊ ဥပါဒ်ဆိုးမှ ကင်းဝေးပါစေ)



Tuesday, March 30, 2010

အာဝါးမက်မက် ပြန်လာပြီ

လူမူရေး စီးပွားရေးမှာ အခက်အခဲတွေ နဲ့စိတ်ရှုတ်နေတုန်း ဘလော့မှာေ၇ာ ဂျီတော့ခ်မှာရော သူငယ်ချင်း မောင်နှမတွေရဲ့ အားပေးမှုက မက်မက်အတွက် တကယ့်ကို အားဆေးတခွက် ဖြစ်ခဲ့ပါတယ်။ ခုတလော မက်မက်ရဲ့ သူငယ်ချင်း မောင်နှမတွေကို စိတ်ပူအောင် လုပ်ခဲ့သလို ဖြစ်သွားတယ်။ဝမ်းနည်းနေချိန်မှာ အားပေးစကား ပြောတဲ့သူတွေ အားလုံးကို တကယ်ကျေးဇူး တင်ပါတယ်။ စိတ်ပူအောင် အပူအပင်တွေ ပေးခဲ့မိတဲ့သလို ဖြစ်သွားတဲ့အတွက် တကယ်ကို စိတ်မကောင်း ဖြစ်မိပါတယ် ။ မောင်နှမတွေ စိတ်ပူမှာစိုးလို့ နောက်နောင် မက်မက်ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းတွေ၊ အဆင်မပြေ မှုတွေကို အတတ်နိုင်ဆုံး ဘလော့မှာ လုံးဝမတင်တော့ပါဘူး။ အမြဲတမ်း ပျော်ပျော်ပဲ ပြန်နေတော့မယ်လို့ ကတိပေး ပါတယ်နော့်။ ပို့စ်တွေလဲ တင်နိုင်အောင် ရေးပါ့မယ်။ အဟား.....အားဝါးးးးမက်မက် ပြန်လာပါပြီ။ အားလုံးကို အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အင်ဖနတီ အထိပါနော်......

Sunday, March 14, 2010

စနေဂြိုလ်(သို့မဟုတ်)၀ဋ်ကြွေးတစ်ခု

စနေဂြိုလ်ထဲ ရောက်နေတဲ့ မက်မက် စနေဂြိုလ်ဆိုး ခတ်သွားတာ ခံရလို့ အစိတ်စိတ် အမွှာမွှာ ကွဲသွားတဲ့ ဘ၀လေးကို တစီစီ ပြန်ကောက်ပြီး နလန်ပြန် ထူနိုင်အောင် ကြိုးစားလိုက်ပါဦးမယ်။

တစ်ခုသော ဘ၀သံသရာက ပြုလုပ်ခဲ့တဲ့ မကောင်းတဲ့ကံဧ။် အကျိုးဆက်ကို ယခုဘ၀မှာ ၀ဋ်ကြွေးအဖြစ် ပေးဆပ်လိုက် ရတယ်လို့ သတ်မှတ်ပါတယ်။ ၀ဋ်ကြွေးရှိ ခဲ့ပါကလဲ ဒီနေ့ဒီရက်မှ စ၍ကြေပါစေတော့။

တချိန်ချိန်မှာတော့ ခံစားရသမျှကို စာစီပြီး ပြောပြမှာပါ။ ခုတော့ ခံစားချက်တွေ ပြောပြချင်ပေမယ့် စကားလုံးတွေက ပါးစပ်ထဲက ထွက်မလာတော့လို့ ရင်ဘတ်နဲ့သာ ဖတ်သွားပေးပါ။

ဒီပို့စ်မှာ ဘာမှမရှိဘူးလို့ ဆိုပေမယ့် ရင်နဲ့အမျှ နေ့တိုင်းခံစား ရတာတွေကို ရင်ဘတ်နဲ့ရင်းပြီး မျက်ရည်များနဲ့ ရေးထားပါတယ်။ ရင်ဘတ်တူ တဲ့သူတိုင်း မက်မက် ရေးထားတာကို ဖောက်ထွင်းပြီး မြင်နိုင်၊ ခံစားနိုင်မှာပါ။ :'(


Sunday, March 7, 2010

နှင်းဆီဖြူနှင့် အရုပ်ကလေး

ဒီကနေ့ အလုပ်နားတာနဲ့ လိုအပ်တာတွေ ၀ယ်ဖို့ ကုန်တိုက်တစ်ခု ကိုထွက်လာ ခဲ့ပါတယ်။ "စိတ်မကောင်းပါဘူး ကလေး ဒီအရုပ်ကို မင်းဝယ်ဖို့ မင်းရဲ့ ငွေမပြည့်ဘူး။ "ဟု ကျွန်မ အနားမှ ၅နှစ်၆နှစ်အရွယ် ကလေးတစ်ယောက်ကို အရောင်းစာရေးမမှ ပြောနေသံကို ကျွန်မကြား နေရပါတယ်။

ဒါနဲ့ အဲဒီကလေးက ကျွန်မဘက်ကိုလှည့်ပြီး " အန်တီ တကယ်ပဲ သားမှာ ငွေမပြည့် ဘူးလားလို့ အားကိုးတကြီးနဲ့ အကူအညီ တောင်းပြီး ရေတွက်ခိုင်းပါတယ်။ ဒါနဲ့ ကျွန်မလဲ ကလေးရဲ့ ပိုက်ဆံကို ရေတွက်ကြည့်ပြီး "ဟုတ်တယ်ကလေး ၊ မင်းမှာ ဒီအရုပ်ကို ၀ယ်ဖို့ငွေ မပြည့်ဘူး၊"လို့ပြောပြီး ကျွန်မလဲ လိုအပ်တာတွေ ၀ယ်ယူဖို့ ဟိုဟိုဒီဒီ လိုက်ကြည့်နေရင်း ငွေမပြည့်တာ သိပေမယ့် အရုပ်ကလေးကို လိုချင်လို့ လက်ထဲမှာ ကိုင်ထားတဲ့ ခုနက ကလေးရှိသေးတာ တွေ့ရတော့ သူ့ဆီကျွန်မ လျှောက်သွားလိုက်ပါတယ်။

"သားက ဒီအရုပ်ကလေးကို ဘယ်သူ့ပေးဖို့လဲ"

"သားအစ်မကို လက်ဆောင် ပေးဖို့ပါ အန်တီ။ သူက ဒီအရုပ် ကလေးကို အရမ်းချစ်ပြီး လိုချင် နေခဲ့တာ ကြာပါပြီ။ ဒါကြောင့် သားက သူ့မွေးနေ့မှာ လက်ဆောင်ပေးဖို့ ၀ယ်ချင်တာ။ သားအမေကနေ တဆင့်သား အစ်မကို ပေးခိုင်းမလို့ပါ။"

ကလေးကပြောရင်း သူ့မျက်ဝန်းမှာ ၀မ်းနည်းလာကာ "သားအစ်မက ဘုရားသခင် အနားမှာ ရောက်နေတာပါ။ မင်းအမေလဲ မကြာခင်မှာ ဘုရားသခင်ကို သွားတွေ့တော့မယ်လို့ သားအဖေကလဲ ပြောပါတယ်။ ဒါကြောင့် အမေကို ဒီအရုပ်လေး ယူသွားခိုင်းပြီး သားအစ်မကို ပေးခိုင်းမလို့ပါ။

အဲဒီချိန်မှာ ကျွန်မရင်ထဲမှာ ဆို့နစ်စွာ ခံစားလိုက် ရပါတယ်။ ကလေးငယ်က ကျွန်မကိုကြည့်ပြီး ဆက်ပြောနေပါတယ်။
"ခုတောင် အမေ့ကို ချက်ချင်း မသွားခိုင်းပဲနဲ့ သားကုန်တိုက်ကနေ ပြန်လာတဲ့ အထိစောင့် နေပေးဖို့ သားအဖေ့ကို မှာခဲ့တယ်လို့ ပြုံးရွှင်ရယ်မောစွာ သူ့အမေနဲ့ ရိုက်ထားတဲ့သူ့ ဓာတ်ပုံလေးကို ထုတ်ယူပြီး ကျွန်မကို ပြနေလေရဲ့။ သားနဲ့အမေ အတူရိုက်ထားတဲ့ ဓာတ်ပုံကို အစ်မ တွေ့တဲ့အခါ သားကိုသူ မေ့မသွားပဲ အမြဲသတိ ရနေမှာ။"

"သားအမေ့ကို သိပ်ချစ်တယ်။ သားအမေနဲ့ မခွဲနိုင်ဘူး။ ဒါပေမယ့် အစ်မဆီကို အမေကလိုက် သွားရတော့ မယ်လို့ အဖေက ပြောတယ်"လို့ အရုပ်ကလေးကို ၀မ်းနည်းစွာနဲ့ ကြည့်ပြီး ပြောနေပါတယ်။

ကျွန်မ ၀မ်းနည်းစွာ ခံစားလိုက်ရပါတယ်။ ကျွန်မ သူ့ကို ဘယ်လိုလုပ်ပေးရမလဲ စဉ်းစားရင်း ကလေးငယ်လေးရဲ့ ပုခုံးကို ကိုင်ထားတဲ့ ကျွန်မလက်က ပိုက်ဆံအိတ်ဆီ တိတ်တဆိတ် ရောက်သွားပါတယ်။

"သား နောက်တခေါက်လောက် ဒီပိုက်ဆံတွေကို ရေတွက်ကြည့် ရအောင်နော်။ မတော်တဆ ငွေပြည့်နေတာကို မသိဘဲ အန်တီတို့ ရေတွက်တာ မှားတာလဲ ဖြစ်နိုင်တာပဲ။ အန်တီ နောက်တခေါက် ထပ်ရေကြည့်မယ်နော်။"

"ဟုတ်ကဲ့ အန်တီ။"

ကျွန်မ ကလေးငယ် မမြင်အောင် အသာလေး ငွေဖြည့်လိုက်ပါတယ်။ ပြီးတော့ သူ့အရှေ့မှာ ရေတွက်ပြလိုက်ပါတယ်။

"ဟာ...သား...အရုပ်ဝယ်ဖို့ ငွေလုံလောက် နေတဲ့အပြင် ပိုတောင်ပိုနေ သေးတာပဲ" လို့ပြောလိုက်တော့ ကလေးငယ်လေးက ၀မ်းသာစွာနဲ့ "ဘုရား သခင်က လုံလောက်တဲ့ငွေ ပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတော် တင်ပါတယ်" လို့ပြောရင်း ကျွန်မကို ကြည့်ကာ

"သား အမေသွား တဲ့အခါ အစ်မအတွက် အရုပ်လေး ယူသွားဖို့ သားဆုထား တဲ့ငွေနဲ့ လောက်ငှစွာနဲ့ အရုပ်လေး ၀ယ်နိုင်ရ ပါလိုဧ။်လို့ ဘုရားသခင်ဆီမှာ သားညတုန်းက မအိပ်ခင် ဆုတောင်းခဲ့တယ် အန်တီ။ ဘုရားသခင်က သားဆုတောင်း တာကြားလို့ ပြည့်အောင် လုပ်ပေးတယ်။ သားအမေ အတွက်လဲ သူအရမ်းကြိုက်တဲ့ နှင်းဆီပန်း အဖြူလေးကို ၀ယ်ပေးချင်ပေမယ့် သား လောဘကြီးသလို ဖြစ်နေမှာဆိုးတဲ့ အတွက် ဘုရားသခင်ဆီမှာ ဆုအများကြီး မတောင်းရဲဘူး ။ ဒါပေမယ့် အခု အရုပ်လေးနဲ့ နှင်းဆီပန်းကို ၀ယ်ဖို့ ငွေလုံလောက်စွာ သူပေးခဲ့တယ် သားဆုတောင်း ပြည့်သွားပြီး အန်တီ"

လို့ဝမ်းသာစွာ ပြောပြီး နှုတ်ဆက်ထွက် ခွာသွားတဲ့ ကလေးငယ်လေးကို ကျွန်မပြုံးပြခါ ငေးကြည့်ရင်း လိုအပ်တာတွေကို ဆက်လက်ဝယ်ယူ နေလိုက်ပါတယ်။ဈေးဝယ်ရင်း ကလေးငယ်လေး ပြောပြသွားတဲ့ အကြောင်းကို စိတ်ကရောက်သွားရင်း ရုတ်တရက် ကျွန်မသတိရ သွားလိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ရက်က သတင်းစာထဲမှာ အရက်မူးပြီး မောင်းနှင်လာတဲ့ ကုန်ကားတစ်စီးနဲ့ တဖက်မှ မိသားတစု မောင်းနှင်လာတဲ့ ကားတစီး တိုက်မိတဲ့ သတင်းကို ဖော်ပြထားပါတယ်။ ကားပေါ်ပါလာတဲ့ မိန်းမငယ်လေး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်းနဲ့ မိခင်ဖြစ်သူမှာ ပြင်းထန်စွာ ဒဏ်ရာရနေပြီး သတိလုံးဝ မလည်တော့ဘဲ မေ့မြောနေရာ သတိပြန်လည် ရရှိဖို့ Life-Sustaining Machine နဲ့ အသက်ကို ဆွဲထားရပြီး အရေးပေါ် ကုသမှု ခံယူနေကြောင်း ဖတ်လိုက်ရတာကို သတိသွား ရလိုက်တော့ ဒီကောင်လေးက အဲဒီမိသားစု ၀င်ထဲက ကျန်ရစ်ခဲ့တဲ့ ကလေးများလား? လို့ စဉ်းစားမိ လိုက်ပါတယ်။

အခက်အခဲနဲ့ တွေ့ကြုံနေတဲ့ အဲဒီကလေး ငယ်လေးနဲ့ တွေ့ဆုံပြီးတဲ့နောက် နှစ်ရက် လောက်ကြာတော့ ကျွန်မသတင်း စာဖတ်နေရင်း အမျိုးသမီး သေဆုံးသွားကြောင်း သတင်းတွေ့ ရပါတယ်။

ကျွန်မဘယ်လိုမှ ခံစားလို့ မရတော့ လောက်အောင် ၀မ်းနည်းပြီး အဲဒီအမျိုးသမီးရဲ့ အသုဘကို သွားဖို့ ပန်းစည်းတစည်း ၀ယ်ကာ အမျိုးသမီးရဲ့ ရုပ်အလောင်း ထားရှိရာ သုင်္သာန်သို့ ချက်ချင်းထွက် လာခဲ့ပါတော့တယ်။ အမျိုးသမီးကို မီးမရှို့ခင် နောက်ဆုံးနှုတ်ဆက်ဖို့ ၀တ်ပြုဆုတောင်း နေကြတဲ့ လူတွေအနား ကျွန်မ ရောက်ရှိ သွားပါတယ်။

အခေါင်းထဲမှာ သူမ သားငယ်လေး ၀ယ်ပေးလိုက်တဲ့ အရုပ်လေးက သူမရဲ့ ရင်ဘတ်ပေါ် မှာနေရာယူရင်း လှပတဲ့ နှင်းဆီပန်းဖြူ ပန်းစည်းနဲ့ ဓာတ်ပုံလေး တစ်ပုံကို ကိုင်ထားတဲ့ အမျိုးသမီး အလောင်းကို တွေ့ရတဲ့အခါ ကျွန်မရင်ထဲမှာ ဆို့နစ်စွာ ခံစားလိုက်ရပြီး ငိုမိပါတယ်။

ကျွန်မရဲ့ အတွေးထဲမှာတော့ ကလေးငယ်လေးဟာ သူချစ်တဲ့ အမေနဲ့ အစ်မတို့နဲ့ တူတူရှိ နေတယ်လို့ စိတ်ကူးယဉ် မြင်ယောင်နေမိပါတယ်။ ဒါပေမယ့် ခုတော့ မြင်ယောင်နေတဲ့ ဒီစိတ်ကူးထဲက ပျော်ရွှင်နေတဲ့ မိသားစုကို မျက်စိတမှိတ် စက္ကန့်လေး အတွင်းမှာ အမှုးလွန်ပြီး မောင်းလာတဲ့ ကားဒရိုင်ဘာက ကျန်ရစ်ခဲ့သူ သားငယ်လေးဆီမှ ယူဆောင်သွား လိုက်ပါပြီ။ ကျွန်မ ဆို့နစ်ကြေကွဲစွာ ထပ်တူခံစား လိုက်ရပါတယ်။

လွန်ခဲ့တဲ့ သုံးရက်လောက်က စင်္ကာပူနိုင်ငံ Pioneer North နဲ့ Jurong အနီးတ၀ိုက်မှာ ည9.00 နာရီလောက်က ဖြစ်ပွားခဲ့တဲ့ အသက် ၅၂ အရွယ်ရှိ မြန်မာဦးလေးကြီး တစ်ယောက်မောင်း လာတဲ့ကားဟာ မီးပွိုင့်နားက ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်လာနေတဲ့ အသက်၄၇ နှစ်အရွယ်ရှိ စင်္ကာပူ လူမျိုး တရုတ်မ တစ်ယောက်ကို ပလက်ဖောင်းပေါ် ၀င်တိုက်ခဲ့မိတဲ့ အဖြစ်ပျက်လေးကို နားထောင်ရင်း ဒီပို့စ်လေးကို ရေးလိုက်ပါတယ်။ အဲဒီမြန်မာဦးလေးကြီး ကတော့ အလုပ်ကို နေ့မအိပ် ညမအိပ် မနားမနေ အလုပ်လုပ်ပါတယ်။

အိပ်ပျက်တာတွေ များလာတော့ ကားမောင်းရင်း တချက်လေးငိုက် သွားတာကြောင့် ဖြစ်သွားတာပါ။ စင်္ကာပူအာဏာပိုင် တွေကတော့ အရက်သောက် ပြီးမောင်းတာ မဟုတ်တဲ့ အတွက်ကြောင့် ပြစ်ဒဏ်တော့ လျှော့ပေါ့ပေးမယ်လို့ ထင်တာပဲလေ။

ဒါကြောင့် ကားမောင်းအခါ သင့်အိမ်ပြန်ချိန်ကို သင့်မိသားစုက စောင့်စားနေ တယ်ဆိုတယ် မမေ့ပါနဲ့၊ ဘာမဟုတ်တဲ့ စက္ကန့်လေး အတွင်းမှာ မိသားစု တစ်စုဆုံးရှုံး ပျက်စီးသွား ရတာကြောင့် ကားမောင်းတဲ့ အခါမှာ မူးရင်လဲ မမောင်းနဲ့ မောင်းရင်မမူးပါနဲ့၊ အိပ်ငိုက်နေရင်လဲ မမောင်းတာ အကောင်းဆုံးပါပဲ ။ ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူခံစားရင်း ဒီပို့စ်လေးကို ဘာသာပြန်ရေး သားလိုက်ပါတယ်။