"ဟဲလို "
"သားလား"
"အဖေ နေကောင်းလား အမေရော နေကောင်းလား"
"အေးသား..အဖေရော အမေရော နေကောင်းကြတယ်။ သားရော နေကောင်းရဲ့လား နေရထိုင်ရတာ အဆင်ပြေလား
ရှေ့တန်းတစ်နေရာမှ တာဝန်ပြီးဆုံး၍ ကိုယ့်နေရပ် ဌာနေသို့ ပြန်ရတော့မှာ ဖြစ်တဲ့အတွက် အဖေနဲ့ အမေထံကို သားဖြစ်သူ ဖုန်းဆက်နေခြင်းပါ။
"အဖေနဲ့ အမေ သားမကြာခင် အိမ်ကို ပြန်လာရတော့မယ်၊ အဲဒါ အဖေတို့ကို သားပြောစရာ ရှိလို့ပါ ။ သားသူငယ်ချင်း တစ်ယောက်ကို သားတို့အိမ်ကို ခေါ်လာခွင့် ပြုပါနော် အဖေ၊ "
"ခေါ်လာလို့ ရပါတယ် သားရယ်။ သားသူငယ်ချင်းဆိုတော့ အဖေတို့ ကြိုဆိုပါတယ်၊ အဖေတို့ အိမ်မှာ ပျော်သလောက်နေပေါ့ အဖေတို့ လက်ခံပါတယ်။ "
"အဖေ သူကအရမ်းကို သနားစရာ ကောင်းပါတယ် ။ တိုက်ပွဲမှာ အပြင်းအထန် ဒဏ်ရာရပြီး သူ့ခြေထောက်နဲ့လက် တစ်ဖက်ကို ဆုံးရှုံးသွား ခဲ့တယ်အဖေ။ သူ့မှာ သွားစရာ နေရာဆိုလို့ မရှိတော့ပါဘူး။ ဒါကြောင့် သူ့ကိုသားနဲ့ နေဖို့ ခေါ်လာချင်တာပါ။"
"အို...ကြားရတာ စိတ်မကောင်းလိုက်တာ သားရယ်။ ဒါဆို အဖေတို့အမေတို့ သူ့ကိုနေစရာ တစ်နေရာ ရှာပေးလိုက်ပါ့မယ်။ "
"မဟုတ်ဘူး အဖေ ၊ သားက သူ့ကို သားတို့ အိမ်မှာပဲ နေစေချင်တာပါ။"
"သား၊ သားဘာတွေ တွေးနေ ပြောနေသလဲ ဆိုတာ အဖေ မသိတော့ဘူး။ ဒီလိုဒုက္ခိတ တစ်ယောက်ကို အဖေတို့နဲ့ နေစေတာဟာ အားလုံးအတွက် ၀န်ထုတ်ဝန်ပိုး ဖြစ်စေမယ်။ အဖေတို့ ကိုယ်ပိုင်ဘ၀ကို ဖြတ်သန်းဖို့ အတွက် ဒီလိုဒုက္ခိတ တစ်ယောက်နဲ့ အဖေတို့ အချိန်မကုန် စေချင်ဘူး။ဘာပဲဖြစ်ဖြစ် အဲဒီသားသူငယ်ချင်းကို မေ့ထားလိုက်ပါ သားရယ်။သားတာ အိမ်ကို အရောက်ပြန်ခဲ့။ ဟုတ်ပြီလား။ သူ့လမ်းသူ လျှောက်ပါလိမ့်မယ် သားရယ် ။သူ့အတွက် ပူမနေစမ်းပါနဲ့။ "
"သား..သား..သား..ဟဲလို..... ဟဲလို..သား......"

တစ်ဖက်မှ သားဖြစ်သူ ရုတ်တရပ် ဖုန်းချသွားပြီး ကတည်းက အဆက်အသွယ် လုံးဝ မရတော့ပါ။ သိပ်မကြာခင်
အတွင်းမှာပဲ ရဲစခန်း တစ်ခုမှ ဖုန်းတစ်ကောလ် လက်ခံရရှိ ခဲ့ပါတယ်။
"ဟဲလို..#$%# ရဲစခန်းကပါခင်ဗျာ။ လူကြီးမင်းတို့ သား သေဆုံးမှု အတွက် အကြောင်းကြားတာပါ။
ရဲများရဲ့ စစ်ဆေးပြောကြားချက် အရတော့ သေဆုံးသူဟာ တိုက်အဆောက်အဦးပေါ်မှ ကိုယ့်ကိုကိုယ် ခုန်ချ၍ သတ်သေနိုင်ဖွယ် ဖြစ်နိုင်ကြောင်း ယုံကြည်နေ ကြပါတယ်။
သောက ရင်ဝယ်ပိုက်ပြီး မိဘနှစ်ပါးလုံး သေဆုံးသူ သားရှိရာ မြို့ကိုအမြန်ရောက် ရှိလာပါတော့တယ်။ ရေခဲတိုက်ထဲမှာ ဘ၀တစ်ပါးကို ရောက်ရှိနေတဲ့ သားဖြစ်သူ ရုပ်အလောင်းကို သေချာစစ်ဆေး ကြည့်ရှုရာမှာ
အမှန်တကယ်ပင် သူတို့သားလေး ဖြစ်ကြောင်း တွေ့မြင်ခဲ့ ရပါတယ်။
သို့သော် သူတို့ မနှစ်မြို့ခဲ့တဲ့ လက်တစ်ဖက်နဲ့ ခြေတစ်ဖက်တည်းသာ ရှိနေတဲ့ အေးဆေးတည်ငြိမ်စွာ လှဲလှောင်းနေသော သားဖြစ်သူကို တွေ့ရှိသွားသောအခါ...................
ဒီပုံပြင် လေးထဲက မိဘနှစ်ပါးလိုပဲ စာရေးသူတို့ ပတ်ဝန်းကျင်မှာ အများကြီးပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ လှပသာလွန်နေတဲ့ အရာတွေကို သိမ်းပိုက်ချစ်ခင် တွယ်တာချင် ကြတဲ့သူ တွေပါပဲ။ မနှစ်မြို့စရာ အခြေအနေ သို့မဟုတ် ပြည့်စုံမှု မရှိကြတဲ့ အကျည်းတန် အခြေအနေတွေကို လူသားတွေ လက်မခံချင် ကြပါဘူး။ ကိုယ့်ထက် မကျန်းမာခြင်း၊ မလှပခြင်း၊သို့မဟုတ် စမတ်စ်မကျခြင်း တို့ရှိနေရင် အဝေးကို ပြေးချင်ကြပါတယ်။ ဘ၀ကို အရှိအရှိအတိုင်း လက်ခံနိုင်ဖို့နဲ့ နိမ့်ပါးတဲ့ အခြေအနေ လက္ခဏာ မရှိခြင်းအတွက် ကိုယ့်ဘ၀ကို ကျေးဇူးတင်လိုက်ပါ။ တနည်း ရောင့်ရဲ တင်းတိမ်ပါ။
တစ်ခါတစ်ခါ ကျွန်တော် စဉ်းစားပါတယ်။ ကျွန်တော့မှာသာ ဒီလိုမျိုး ဒုက္ခိတ ဘ၀သာ မတော်တဆ ရောက်သွားခဲ့ မယ်ဆိုရင် ကျွန်တော်ချစ်တဲ့သူတွေ ကျွန်တော့ကို ချစ်တဲ့သူတွေ ဘယ်သူက အစစ်အမှန် လဲဆိုတာ သိချင်တဲ့ စိတ်အတွေးဝင်ဝင်လာပါတယ်။ အကယ်၍သာ ဒီလိုမျိုး ဒုက္ခိတဘ၀ သမားတွေဟာ သင့်မိသားစုဝင် မဟုတ်ခဲ့ ဘူးဆိုရင်ရော လူသားတစ်ယောက် အနေနဲ့ သင် လက်ခံကြို ဆိုနိုင်ရဲ့လား။
ကျွန်ုပ်တို့တွေမှာ ဘယ်အရာတွေပဲ ဆုံးရှုံးသွားပါစေ၊ နောင်တရခြင်း ပူပန်ခြင်း၊ ဘ၀ကို ရင်မဆိုင်ရဲ ခြင်းတွေကို ကျော်လွှားလိုက်ပါ။ ဒီလို သာမန်အခြေ နေနဲ့ မတူညီတဲ့ နိမ့်ပါးတဲ့ အခြေအနေမှာ ဖြစ်ပေါ်လာတဲ့ ဖြူစင်တဲ့ ခင်မင်မှု၊ချစ်ခြင်း မေတ္တာ၊ စေသနာနဲ့ ကိုယ့်ကိုပြုမှု ဆက်ဆံလာရင် သင်လက်ခံကြိုဆို ပေးလိုက်ပါ ။ ဒါဟာ သင့်နဲ့သင့်ဘ၀ရဲ့ ထာဝရ မိသားစု ဖြစ်ပါတယ်။
ယနေ့ည သင်မအိပ်စက်ခင်မှာ လူဖြစ်ခွင့် ရခြင်းနဲ့ ခွန်အားမြင့်မားရခြင်း၊ မိမိဘ၀နဲ့ အခြေအနေ မတူကြတဲ့ ဘ၀ခြင်း မတူညီတဲ့ လူသားတွေကို ကူညီ၊အကျိုးပြုခွင့် ရခြင်းတွေကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပြီး အိပ်စက်ပါ။
သင့်ရဲ့ နှလုံးအိမ်ထက်မှာ သင်မသိဘဲ ထာဝရ ကိန်းအောင်းတည်နေတဲ့ စံနေတဲ့ အရာကတော့ ချစ်ခင်ကြင်နာမှုပါ။ ဘုရားသခင်ရဲ့ အကောင်းတကာ့ အကောင်းဆုံး လက်ဆောင်ဖြစ်တဲ့ နားလည်မှု ၊ ချစ်ခင်ကြင်နာမှု၊ စာနာမှု တွေ ကို သင့်ဘ၀အတွက် လှေကားသဖွယ် အသုံးချပြီး အမြှင့်ကို တက်လှမ်းပါ။
သင့်ဘ၀ တစိတ်တပိုင်းမှာ မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ တကယ့်ကို ရှားပါးအဖိုး တန်လှတဲ့ ကျောက်မြတ်ရတနာ တခုလို လိုအပ်ပါတယ်။ သူတို့ဟာ သင့်ကို ပျော်ရွှင်အောင် ခွန်အားတွေ ရှိအောင် အောင်မြင်အောင် ပံ့ပိုးပေးနေတာပါ။ သူတို့အတွေ့အကြုံ တွေကိုပြန်လည် ဝေမျှပြီး ချီးမွှန်းစကားတွေနဲ့ သူတို့ဟာ လှပတဲ့ နှလုံးသားတွေနဲ့ ကျွန်တော်တို့ အတွက် အမြဲတံခါးဖွင့် ထားပါတယ် ။
ref: UNCONDITIONAL LOVE ဆိုတဲ့ Story ကို သိသလောက်လေးနဲ့ ဘာသာပြန်ရေးခြင်း ဖြစ်ပါတယ်။ စာအရေးအသား မကြေညပ်သေးလို့ အဓိပါယ်ပေါ့ပြီး အမှားပါ နိုင်ပါတယ်။ခွင့်လွတ်သည်းခံ ဖတ်ပေးမယ့်သူတွေကို ကျေးဇူးအထူး တင်ပါတယ်နော့် ။စာမရေးတာ ကြာလို့ အင်မတန်မှကို အားနာရပါတယ်။
ဖတ်လို့လည်းကောင်းတယ် ဗဟုသုတရော. . စာနာစိတ်တွေအပြည့်ထားရမယ့် ဆိုတဲ့ စိတ်ထားလေးရှိရမယ့် အတွေးလေးကို သဘောကျပါတယ်ရှင်.
ReplyDeleteအခုမှ စာပြန်ရေးပေမဲ့ အနှစ်သာရကောင်းကောင်း အားဆေးတခွက်သောက်သွားရလို့ကျေးဇူးတင်ပါတယ်... အားတင်းထား... လောကမှာ တယောက်တည်း ဒုက္ခတွေနဲ့ ရင်ဆိုင်ရတာ မဟုတ်ဘူး လူတိုင်းကိုယ်စီမှာ ရှိတယ်နော်.. ဥပမာ ကိုယ်လဲပါတယ်လေ.. အဟိ
ReplyDeleteသနားပါတယ် နော် မက်
ReplyDeleteဖတ်ရင်း မျက်ရည်ဝဲသွားသလိုပဲ
အာဘွားးးးးးးးးးး
သနားဖို့တော်တော်ကောင်းတဲ့ ဇာတ်လမ်းပါလား
ReplyDeleteစာဖတ်နေရင်း မျက်ရည်တွေရော နှပ်တွေရော ထွက်ကုန်ပြီ.. အင့်
တန်ဖိုးရှိတဲ့ပို့စ်ပါ မက်မက်ရေ
ReplyDeleteလူတွေရဲ့သဘောက ဂလိုပဲကွဲ့း)
အခုမှပေါ်လာတယ်နော်
တခါမှ သေသေချာချာ မတွေးဖူးတဲ့ အကြောင်းအရာပဲ။ ကျေးဇူး..ပါ။ တွေးစရာ ဖြစ်သွားတယ်။
ReplyDeleteပိုစ့်တွေ ဖတ်ပြီးပဲ ပြန်ပြန်သွားတာ မက်မက်လေးရေ။ အစ်မတို့ဆီက စီဘုံးမမြင်ရဘူးတော့။ ညီမလေး လာလည်တာကို ကျေးဇူးတင်ပါတယ်ရှင်။
ReplyDeleteဟလို အမေ... အမေ နေကောင်းလား ဟင် ?
ReplyDeleteသား နေကောင်းပါတယ် အမေ :P
နေ့အိပ်မက်လည်း ခဏခဏ အဲလိုစဉ်းစားဖူးတယ်၊ ခုနေ အောက်ပိုင်းသေသွားရင် ကောင်းမယ်ဆိုပြီး :P ဘယ်သူများ ဂရုစိုက်မလဲ သိချင်လို့လေ။ :D ဒါနဲ့ တီတီမက်.. စာလုံးပေါင်းတွေ မှားနေတယ်။ မကြေညက်၊ ခွင့်လွှတ်၊ အဓိပ္ပာယ်၊ ချီးမွမ်း၊
ReplyDeleteခွိ ခွိ.. ပြန်လာတာနဲ့ ဇာတိပြတော့တာပဲနော်.. စိတ်ဆိုးနဲ့
တောက်ခေါက်တာ မြန်မာဘဲရှိတယ် ဘယ်နိုင်ငံသားမှ မခေါက်တတ်ဘူး
ReplyDelete