Subscribe:

Sunday, September 12, 2010

တောက်

"တောက်"
အသိတစ်ချက်မှာ
ထိတွေ့မိတာက
နွေးခနဲ

ဟင်...
ဘာပါလိမ့်

အော်....

လူမသိ
သူမသိ
ငါကိုယ်တိုင်တောင် 
မသိဘဲ
တိတ်တိတ်လေး

 
ကျလိုက်တဲ့
မျက်ရည်တစက်

"တောက်" 
ခနဲပါလား

သမုဒ္ဒရာ ရေဆိုတာ 
ခမ်းချင်ခမ်းမယ်
မျက်ရည်ဆိုတာ 
ခမ်းတဲ့အရာမှ မဟုတ်တာ။
ဒီတော့ ..ဒီနေ့မှာ

ငါကျမိလိုက်တဲ့
မျက်ရည်တစက်က
မထူးဆန်းပေမယ့်
ငါ့အတွက်တော့
ထူးခြားနေတာ
ဘယ်သူသိနိုင်မလဲ 

28 comments:

  1. အစတုန်းက တောက်ခေါက်တဲ့အသံ ထင်နေတာ ..

    ReplyDelete
  2. အမလေး လန့်သွားတာပဲ.. တက်ခေါက်တဲ့အသံက ကျယ်လိုက်နော် အဟိ :p

    ReplyDelete
  3. လူငတေ said that မျက်ရည်ကျတဲ့အသံက ”တောက်” တဲ့..ကျယ်လှချည်လား.ငါအစကသိထားတာကတော့ ”ဖောက်” ပဲ..ဘယ်လိုဖြစ်ပြီး ကျူးကပြောင်းသွားတာလဲမသိဘူး..ရွေးနီမလေး ”ဆုန်အော်” လုပ်လုပ်ရင် ဒီအတိုင်းကြီးပဲလာတော့မယ်ထင်တယ်..(စကားချပ်။ ။ သူလဲဦးကျော်သူရဲ့ ” ဟိတ် ” ကိုသဘောကျလို့ထင်ပါရဲ့ဗျာ )

    ReplyDelete
  4. တောက်ဆိုလို့ တက်ခေါက်တဲ့အသံ မှတ်လို့...
    မျက်ရည်ကျတဲ့အသံကိုး...

    Happy Birthdayပါ မက်မက်ရေ...
    မက်မက်ရဲ့ မွေးနေ့ ပျော်ရွှင်လှပပါစေ...

    မွေးနေ့မှာ မျက်ရည်မကျနဲ့တော့နော်...
ိတိတ်..တိတ်... :)

    ReplyDelete
  5. WOAH .. ဖွားမက်ရဲ့ ရေးချက်က လန်ထွက်တယ် .. :)

    ReplyDelete
  6. ဘာကိုဆိုလိုမှန်း မီးမီး နားမလည်လို့ 
    ကဗျာဖတ်သွားပြီနော်

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  7. မွေနေ့ လား သိဖူး အပေါ်ကမန့်ကိုဖတ်ကြည့်မိလို့တော်သေး
    မက်မက်ရေးးးး
    ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေရှင်းးးး
    ဘဝရည်မှန်းချက်များအမြန်ဆုံးအောင်မြင်ပြီး သာယာချမ်းမြေ့တဲ့ဘဝလေးကိုပိုင်နိုင်ပါစေရန်တောင်းဆုပြုပါတယ်နော်

    HAPPY BIRTHDAY TO U HAPPY BIRTHDAY TO U HAPPY BIRTHDAT TO မက်မက်လေး HAPPY BIRTHDAY TO U ဖြောင်းဖြောင်းလက်ခုပ်သံ အမြန်ဆုံးစိတ်အေးချမ်းမှုတွေနဲ့ပျော်ရွှင်နိုင်ပါစေရှင်း
    မိုး

    ReplyDelete
  8. ဟတ်ပီး ဘတ်ဒေး မမက်မက်

    ReplyDelete
  9. ဟာာ မွေးနေ့ပဲ
    အေးချမ်းသာယာပါစေဗျာာား)

    ReplyDelete
  10. ဟုတ်ပါ့ တောက်ခေါက်တယ်အောက်မေ့နေတာ.. ဒီလိုနေ့ကြီး ဘာလို့မျက်ရည်ကျရတာတုံး.. ဘာလို့ပဲကျကျ... နေ့တိုင်းနေ့တိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြစ်ချင်တာတွေအကုန်လုံးကို လုပ်ချင်သလောက်လုပ်ခွင့်ရတဲ့ မမမက်မက်ဖြစ်ပါစေ

    ReplyDelete
  11. ဘယ်သူ သိနိုင်မလဲ အစ်မရဲ့??????????.။။ကျွန်တော်တော့ မသိတာသေချာတယ်။ :D

    ReplyDelete
  12. မက်မက်...
    ခဏခဏ "တောက်" မနေနဲ့ဦး။ မိုးခေါင်နေဦးမယ်။
    ဟဲ ဟဲ။ စတာ။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  13. မှောင်မိုက်September 13, 2010 at 10:40 PM

    သြော် မျက်ရည်ကို......
    တောက်ခနဲ ကျသွားတာ :)

    ReplyDelete
  14. မွေးနေ့ အတွက်ရော ကဗျာအတွက် အာဘွား မက်မက်ရေ. .
    ပျော်ရွှင်သော မွေးနေ့ပေါင်းများစွာကို ပိုင်ဆိုင်ပါစေ နော်..

    ReplyDelete
  15. တောက် ခေါက် သံ ထင်သွားတာ အစတုန်းက....

    ReplyDelete
  16. မွေးနေ့မှာ ပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးမလို့ဟာကို သူ့ တက် ခေါက်သံကြောင့် လန့်သွားရယ်
    မက်ရယ် ဒေါသမထွက်ပါနဲ့လေ
    ပျော်ပါစေနော် တာ့တာ

    ReplyDelete
  17. မွေးနေ့ရက်ကတော့ ကျော်ခဲ့ပါပြီ ဒါပေမယ့် မျက်ရည်အတွက် မက်ကို သနားမိပါတယ် တကယ်ပါ ငယ်ငယ်ထဲက မျက်ရည်တွေနဲ့ပဲ နပန်းလုံးခဲ့ရသူဆိုတော့လေ ကိုယ့်လို လူကို မြင်ရင် အလိုလိုကို သနားမိတယ် ကိုယ်နဲ့ ထပ်တူမကျတောင် နီးစပ်ရင်ကို သနားနေရော (ကိုယ်ကလေ)

    ReplyDelete
  18. မွေးနေ့တောင်မသိလိုက်ရဘူး... ဆောရီး။

    ဘ၀မှာ တိတ်တိတ်ကလေးတွေ ကြိတ်ဖြစ်နေတာများပါ တယ်...။
    ပျော်ရွှင်တဲ့ ဘ၀လေးပိုင်ဆိုင်ပါစေ.

    ReplyDelete
  19. “တောက်”...ဆိုလို့
    “တပ်”ခေါက်ပြန်သွားပါတယ်....

    ReplyDelete
  20. အီးးးးးးးး
    တောက်ခေါက်သံ ပြင်းလိုက်တာ......

    ReplyDelete
  21. မိုက်တယ်...။ကဗျာလေးကမော်ဒန်ဆန်တယ်။
    ကြိုက်တယ်အမ...

    ReplyDelete
  22. တီတီက မက်မက်လေးဘယ်သူ့ ကို တင်းနေသလဲမှတ်တာ . . ဘယ်ဟုတ်မလဲ
    သူရဲ့  တောက်က
    တောက်ခနဲ ကျတဲ့ မျက်ရည်ဖြစ်နေပါရောလား
    ပြော . . တီတီကိုပြော
    မက်မက်လေးကို ဘယ်သူ တောက်ခနဲ ကျအောင်
    လုပ်သွားတယ်ဆိုတာ . . :)

    ReplyDelete
  23. ကဗျာလေးက ကောင်းလိုက်တာ...နင်တော်တော် ချွန်နေပါလား...လက်...။:) မွေးနေ့ မှန်း ငါမသိလိုက်ရဘူး...တောက်...

    ReplyDelete
  24. သြော် ........ တောက် !! ဆိုတာ ဒီလိုမျိုးကို
    ဘတို့က ဒုံးဝေးတော့ တယ်မရှင်းဘူး !! တောက် !!
    အတော်ပိန်းတဲ့ ငါပါလားနော် ။

    ReplyDelete
  25. မျက်ရည်ကျတာ တောက် တဲ့လား...
    တိန်..လြို့မည်သလားလို့...

    ReplyDelete
  26. မွေးနေ့ နှစ်ပတ်လည်နေ့တိုင်း နှင့်အတူ နေ့တိုင်းမှာ ပျော်ရွှင်ပါစေ။

    ReplyDelete