မှားလားတဲ့ ..ဟုတ်ပါတယ်။လောကကြီးမှာ လူတိုင်းမ မှားဘူးတာ ရှိကြမယ် မထင်ပါဘူး။ ဒါမို့လို့လဲ မမှားသော ရှေ့နေ မသေသော ဆေးသမားစတဲ့ စကားပုံတွေ ပေါ်ထွန်းလာတာ ဖြစ်ပါလိမ့်မယ်။ အဲ..အမှားဆိုလို့ အဆိုတော်တွေတောင် ဆိုထားတာ ရှိသေးတယ်။ ပလေးဘွိုင်း သန်းနိုင်ဖြစ်မယ် ထင်တယ်။ ဘာတဲ့... (မှားလားးး....တို့နှစ်ဦး ချစ်ကြတာ မှားလား.....ဘ၀ခြင်းက ဝေးကွာ ခြားနား .....)စတဲ့..စတဲ့ မှားတာတွေလဲ ရှိကြမှာပဲ နော်။ ဒါက ဆယ်ကျော်သက်တွေ ဖြစ်ကြတဲ့အမှား။
ဟော..ငယ်ငယ်တုန်းက ကလေးအရွယ်မှာ ကျောင်းစာတွေ လုပ်တဲ့အခါ ခဏခဏ မှားလွန်းလို့ မိဘဆရာတွေက
ခဲဖျက်တောင် ထည့်ပေးရတာ မဟုတ်လား။ အဟား....စာရေးသူတို့ ငယ်ငယ် ကျောင်းသူကျောင်းသား အရွယ်တုန်းကတော့ ပြောခဲ့တဲ့ စာဆိုလေးတောင် ရှိသေးတယ်။ ဘာတဲ့။ "ဆရာမှားရင် ဆောတီး၊ တပည့်မှားရင် ဗျောတီး" ဆိုပြီးတော့လေ။ တချို့လူကြီး မိဘတွေကြတော့ သူတို့မှားလုပ်၊ မှားပြောမိ တဲ့အခါ ငြိမ်နေတတ်ကြပြီး ကလေးတွေမှားပြော၊ မှားလုပ်မိ တဲ့အခါ ဆူကြတာလဲ ရှိပါတယ်။ အဲဒီအခါ "လူကြီးမှားတော့ ဆောရီး ၊ ကလေးမှားရင် ဗျောတီး" ဆိုပြီး ကလေးတွေက ပြောဆိုတတ် ကြပါတယ်။
ဒါဆို အမှားတွေကို ဘယ်လိုတွေ ပြုလုပ်မိတတ် ကြသလဲ။ မှားပုံမှား နည်းတွေတာ မတူရင် မတူကြမယ်။ ကလေးအစ လူကြီးအဆုံး အမှားလုပ်တတ် ကြတာတော့ လူတိုင်းပါပဲ။ တချို့က လုပ်ငန်းခွင်မှာ၊ တချို့က လူမှုရေးမှာ ၊ တချို့က စီးပွားရေးမှာ ၊ တချို့က အချစ်ရေးမှာ၊ တချို့က ဒေါသ၊ မောဟ၊ လောဘရမ္မက် စုံလင်စွာနဲ့ စသည်ဖြင့် အမှားတွေ ကျူးလွန်မိမယ်။
တချို့အမှားတွေက ပြင်လို့ရတဲ့ အမှားရှိသလို တသက်လုံး ဘယ်တော့မှ ပြင်လို့မရတဲ့ အမှားလဲ ရှိတယ်။သိသိကြီး နဲ့မှားတာ ရှိသလို ၊ မသိဘဲ မှားကြတာလဲ ရှိတယ်။ ဒီနေရာမှာ လောဘ၊မောဟ၊ ဒေါသဇောတွေ ကပ်နေရင် ဘာမှမမြင်ဘဲ မှားတတ်ကြပါတယ်။ မှားတယ်ဆိုရာမှာလဲ မိမိကိုယ်တိုင်ကြောင့်၊ တချို့ကတော့ အပေါင်းအသင်းကြောင့်၊ တချို့က ပတ်ဝန်းကျင်ကြောင့် မှားတတ်ကြပါတယ်။ ဘယ်လိုပဲ မှားမှား ၊ ဘာကြောင့်ပဲ မှားမှား ၊ လွန်လွန်ကျူးကျူး မှားတတ်တဲ့ အမှားမျိုး ဟုတ်မဟုတ်၊ မှားနိုင်မမှားနိုင်၊ မှားသင့် မမှားသင့်ကို မမှားခင်က ဝေဖန်ပိုင်းခြား သိနိုင်စွမ်း ရှိရမယ်။(ဆိုလိုချင်တာက ဘုန်းကြီးထိပ်ခေါက်ပြီးမှ ကန်တော့၊ကန်တော့ လို့ပြောတာထက် အဲဒီလို မလုပ်ခင်က သင့်ဧ။် မသင့်ဧ။် ဆိုတာကို ပိုင်းခြားဝေဖန် နိုင်ရမှာပါ။)
တချို့မှားကြတဲ့ အမှားက တဖက်သား ဘ၀ကို ထိခိုက်နိုင်လောက်တဲ့ အမှားမျိုး ဖြစ်တတ်ပါတယ်။ တချို့ကြတော့လဲ မတော်တဆ ပြုလုပ်လိုက်တဲ့ အမှားတခုကြောင့် တစ်ဘ၀လုံး ပေးဆပ်လိုက်ရတဲ့ အမှားမျိုးလည်း ရှိတတ်ပါတယ်။ တချို့ကြတော့လဲ မထင်မှတ်တဲ့ အမှားတစ်ခုကြောင့် အသက်ရှင်ရက်နဲ့ ဘ၀သေဆုံး နေကြတဲ့သူတွေ ရှိပါတယ်။ တချို့ကျတော့လဲ အမှားတစ်ခုကြောင့် ဘ၀ပါပျက် သွားရတဲ့ သူတွေ အများကြီးပါ။ တစ်ချို့ကျတော့လည်း ကိုယ်လုပ်လိုက်တဲ့ အမှားကြောင့် မိသားစုတစ်စု၊ အိမ်ထောင်စုတစ်ခုဖြင့် အသက်ပါ သေဆုံးကြရတာ ယနေ့တိုင် အထိပါပဲ။ တချို့ကြတော့လဲ မှားမှန်းသိရဲ့နဲ့ အဲဒီအမှားကိုပဲ ခုံမင်စွာ ဆက်လက်ပြုလုပ် မှားကြတာလဲ ရှိပါတယ်။
ဘယ်လိုအမှားမျိုးပဲ ဖြစ်ဖြစ် ၊ သိရဲ့နဲ့ ကျူးလွန်မိတဲ့ အမှား၊ မသိပဲ ကျူးလွန်မိတဲ့ အမှား၊ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်သော် လည်းကောင်း မိမိကိုယ်တိုင်နဲ့ ပတ်သတ် ဆက်နွယ်ပါတယ်။ ဘယ်သူမပြု မိမိမှု ဆိုသည့်အတိုင်း ကိုယ်ကိုတိုင်မှာ တာဝန်ရှိပါတယ်။ ဘယ်အမှား ပဲမဆို အားလုံးကို ဆင်ခြင်နိုင်မှ တော်ရာကျပါမယ်။ ကိုယ့်ကြောင့် သူတစ်ပါး ထိခိုက်နစ်နာ သွားစေမယ့် အမှားမျိုးဆို ပိုတောင်ရှောင်ကြဉ် ရပါမယ်။
အမှားဆိုသည်မှာ ပြန်ပြင်၍ ရနိုင်သော အမှားနဲ့ ပြုပြင်လို့ မရနိုင်သော အမှားဆိုပြီး ခွဲခြားထား တယ်ဆိုတော့ အဲဒီအမှား တွေကရော ခွင့်လွတ်နိုင် စရာအမှားလား၊ ခွင့်မလွတ်နိုင်တဲ့ အမှားလား ။သိသိကြီးနဲ့ မှားတဲ့အမှား၊ မသိလို့ မှားမိတဲ့ အမှား ၊မတော်တဆနဲ့ မှားသွားတဲ့ အမှားတွေမှာ ဘယ်အမှားက ခွင့်လွတ်ဖို့ သင့်သလဲ လို့မေးရင်တော့ ၊ ဟုတ်ကဲ့။ သိသိကြီးနဲ့ ဆက်ပြီးမှားတဲ့ အမှားက ခွင့်လွတ်နိုင်စရာ အကြောင်းမရှိ ပါဘူးလို့ပဲ ဖြေရမှာပေါ့။ မသိလို့ မှားတဲ့အမှား တစ်ခုကို သိတဲ့အချိန်ကနေ စပြီးပြန်ပြင်ယူလို့ ရပါတယ်။ အဲဒီလို ပြုပြင်တဲ့သူကို လူတော်လို့ လူ့ပတ်ဝန်းကျင်မှ သတ်မှတ်ကြပြီး၊ ပြုပြင်တဲ့ သူတွေကို လူ့ပတ်ဝန်းကျင်မှာ ပြန်လည် လူတောတိုးနိုင်အောင် လက်တွဲ ခေါ်ယူနိုင် ရပါမယ်။ တဖန် အခွင့်အရေး ပေးသင့်ပါတယ်။ မှားမှန်းသိသိကြီးနဲ့ ဆက်ပြီး ပြုလုပ်တဲ့ အမှားကြတော့ ဘယ်လောက်ပဲ ပညာတတ်၊ ချမ်းသာနေပါစေ အလကား လူပါပဲ။ တဖန် လူမိုက်လို့ ဆိုထိုက်ပါတယ်။
ခွင့်လွတ်ထိုက်တဲ့ အမှားနဲ့ ခွင့်မလွတ်ထိုက်တဲ့ အမှားဆို ရာမှာလည်း သတ်မှတ်ထားတဲ့ ဥပဒေ စည်းမျဉ်း၊ ဘာသာရေးကျင့်ဝတ်၊ လူမှု့ရေး ကျင့်ဝတ်၊ စတာတွေနဲ့ တိုင်းတာပြီး တစ်ခုနဲ့ တစ်ခုဆက်စပ်လျှက် ရှိနေပြန်ပါတယ်။ တချို့အမှားက ဥပဒေက(မည်သို့အကြောင်းကြောင့်) ခွင့်လွတ်လိုက်ပေမယ့် လူမှုရေး စည်းမျှဉ်းအရ ခွင့်လွတ်ထိုက်စရာ မရှိပါဘူး။ လူမှုရေး စည်းမျှဉ်းအရ ခွင့်မလွတ် နိုင်ရင်လည်း ဘာသာရေး စည်းမျှဉ်းအရ ခွင့်လွတ်နိုင်စရာ မရှိပါဘူး။ တစ်ခါ ဒီနေရာမှာလည်း လူမှုရေးနဲ့ ဘာသာရေးက အရမ်းနီးစပ်ပါတယ်။(ဒါက စာရေးသူအမြင်၊ သဘောထား ကွဲလွဲနိုင်ခွင့် ရှိပါသည်)။
ဒါဆို သင်ရော ငယ်စဉ်ကလေး ဘ၀ကစပြီး အခုချိန်ထိ အမှားတွေ ဘယ်လောက်လုပ်ခဲ့ မိဘူးလဲ ။ငါလုပ်ခဲ့မိတဲ့ အမှားတွေက သူတစ်ပါးအပေါ် သွယ်ဝိုက်သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း ထိခိုက်စေခဲ့သလား၊ ငါ့အမှားကြောင့် လူဘယ်နှစ်ယောက် ထိခိုက်ခဲ့သလဲ၊ ဆိုတာကို ညအိပ်ရာဝင်တိုင်း နဖူးပေါ် လက်တင်ပြီး စဉ်းစားမိဖူး ခဲ့ရဲ့လား။ သူတပါးအပေါ် ထိခိုက်အောင် မလုပ်တဲ့ အမှားဆိုရင် ချစ်စရာ အမှားလေးတွေပါ။ ကိုယ့်ကြောင့် သူတစ်ဖက်သား ထိခိုက်နစ်နာမှု မဖြစ်ရင်တော့ အကောင်းတကာ့ အကောင်းဆုံးပေါ့ရှင်....နော့်။
မမှားဘူးသော ရှေ့နေ၊ မသေဖူးသော ဆေးသမား ဆိုသည့်အတိုင်း လူတိုင်းအမှားနဲ့ မကင်းကြဘူး။ လူသားတိုင်း ချစ်စရာ အမှားလေးတွေဖြင့်သာ ဘ၀မှာ မှားနိုင်ကြပါစေ။ မှားခဲ့မိတိုင်းကိုလည်း ခွင့်လွတ်နိုင်သော သူဖြစ်နိုင်ကြပါစေ။
ဒီပို့စ်ထဲက အမှားတွေ အကြောင်းကို ဖတ်ပြီး မှားပါတယ် မက်မက်ရယ်လို့ တွေးနေပြီး မက်မက်ရော အမှားနဲ့ ကင်းရဲ့လား လို့ ပြန်မေးရင် ဟုတ်ကဲ့ အခုစာရေးသူ မက်မက်လဲ အမှားနဲ့ မကင်းပါဘူး။ တစ်ခုမဟုတ် တစ်ခုကို အမြဲလိုလို အလွဲလွဲ အချော်ချော်နဲ့ ယနေ့တိုင် မှားနေပါသေးတယ်။ ဒါပေမယ့် ချစ်စရာ အမှားတွေပါနော်။
အဟားး..အမှားဆိုလို့ ဂျီတော့ခ်မှာ အာဝါးးးးးတောင် မှားပေးမိတဲ့ အဖြစ်ကလဲ ရှိသေးတယ်။ အကြောင်းသိ စင်္ကာပူက ဘလော့င်္ဂါ သူငယ်ချင်းတွေ ရူး......တိုးတိုးနေနော်။ ဘယ်ရိုမွှား ဒါရဲချိုဒါ အဒူမှပေါနဲ့... အာဝါးးအမြှောက် တစ်သိန်းပေးမယ်နော်......အဟား...ကျေနပ်လား......မှားပါတယ် မက်မက်ရယ်တော့ မလုပ်နဲ့နော်....ဒါဗြဲ......) :P
နှစ်ဟောင်းမှာ တနှစ်တာလုံး ပြုလုပ်ခဲ့တဲ့ အမှားတွေ ၊ ဆိုးပေတေခဲ့ သမျှတွေ၊ နိမ့်ကျခဲ့ သိမ်ဖျင်းခဲ့ မိတဲ့ စိတ်ဓာတ်တွေ၊ ကြုံခဲ့သမျှ ဘေးဆိုးတွေ ၊ မကောင်းသောကံတွေ ၊ အငြိုးအာဂါတတွေ ၊ အမုန်းတွေ စတဲ့ နှစ်ဟောင်းမှာ ကြုံခဲ့ဆုံခဲ့သမျှ မကောင်းသော အရာဟူသမျှ သင်္ကြန်ရဲ့ နောက်ဆုံး အတက်နေ့မှာ အားလုံးထားခဲ့ပြီး နှစ်သစ်မှာ စိတ်သစ်၊ လူသစ် ဘ၀သစ်နဲ့၊ ကံကောင်းခြင်းတွေ ခညောင်းရောက်ရှိပြီး ဘေးဘရာ ကင်းကွာ၍ မြင့်မြတ်သော စိတ်ထားဖြင့် ဘ၀ပန်းတိုင်ကို ဆက်လက်ချီတက် နိုင်ကြပါစေလို့ သင်္ကြန်အတက်နေ့မှာ တောင်းဆုပြုရင်း အမှတ်တရ ရေးသားလိုက်ရပါတယ်။
(သင်္ကြန်တွင်းမှာ ကံကုန်၍ သေဆုံးသည်ပဲ ဖြစ်ဖြစ် သေကံရှိလို့ သေဆုံးတာပဲ ဖြစ်ဖြစ် ၊အကြတ်နေ့မှာ မတော်တဆ သေဆုံးခဲ့သူတွေလည်း ဒီဘ၀ ဒီနှစ်မှာပါ ၀ဋ်ကြွေးတွေ ပြေပျောက်ပါစေ ၊ ဘ၀ဆက်တိုင်းမှာ ဒီလိုအဖြစ်ဆိုး၊ ဥပါဒ်ဆိုးမှ ကင်းဝေးပါစေ)

မှားယွင်းသော မှားမိသော မှားခဲ့သော ဆက်မှားရန်ရှိသော
ReplyDeleteမှားခဲ့သမျှ အမှားမှန်သမျှကို အမှားတွေ ကြားထဲမှာပဲ အမှန်ကို ရှာတွေ့နိုင်ကြပါစေ
မှားခဲ့ဖူးတယ်...မှားနေဆဲ ...... ဆက်မှားနေဦးမှာလား....း)) ဒါပေမယ့် လူဆိုတာကလဲ ပြင်ရန်ခက်သားလား ...း))
ReplyDeleteအတက်နိုင်ဆုံးတော့...ကိုယ့်ကြောင့် ဘယ်သူမှ ထိခိုက်မှု မရှိအောင် ကြိုးစားနေတာပါပဲ..းဝ
မက်မက်ရေ .. အမှားတွေကတော့ ....... နဖူးပေါ်လက်တင်စဉ်းစားလိုက်ရင် ကိုယ်လေရင်မောတယ် (အေသင်ချိုဆွေ သီချင်းမထင်နဲ့နော်) ဖြစ်နေတာ အသေအချာပဲ ။ နှစ်သစ်ကစပြီး အမှားများများမဖြစ်ဖို့သာ ကြိုးစားနေထိုင်သွားရပါအုံးမယ်။
ReplyDeleteနံပါတ် ၄ တော့ယူထားလိုက်အုံးမယ်
ReplyDeleteကျောင်းတုန်းက စာမှားခဲ့တာက ခဲဖျက်နဲ့ ပြန်ဖျက်ပြီး ပြင်လို့ရတယ်....
ReplyDeleteဘဝနဲ့ ရင်းပြီးမှားမိတဲ့ အမှားကျတော့ ပြန်ပြင်လို့မရနိုင်တော့ဘူးလေ....
အမှားနည်းလေ ကောင်းလေပဲပေါ့.....
သိသိကြီးနဲ့ မှားတဲ့အမှားကြတော့ အဆိုးဆုံးပဲ
ဟုတ်တယ်ဟုတ်...
မှားခဲ့ပါတယ်..
ReplyDeleteအမှားနဲအောင် ကြိုးစားနေတုန်းပဲ...
ReplyDeleteအို ဂျီးထော်ရာ မှားတာများ
ReplyDeleteမမှားသော ဆေးသမား မသေသော ရှေ့နေ ဆိုတာလေးလိုပဲ
ခုခေတ် ရှေ့နေလည်း ထောင်တွေ သေဒဏ်တွေ ဖြစ်ကုန်ပြီ အဟီး
ဆေးသမားတွေ ဆေးမှားထိုးမိလို့  ရောဂါတွေ ပျံနေပြီ ဂျီးထော်ရ
အမှားသိမှ အမှန်ကို ပြန်ေ၇ာက်တာကိုးဗျ နော့
မှားတာ မကောင်းဘူးလားဆိုတော့ ကောင်းတယ်
ကောင်းလားဆိုတော့လည်း မကောင်းပြန်ဘူး ခဏခဏမှားနေတာကိုက
ဒီတော့ ဂျီးထော်ရယ် ဒွန်တွဲပြီး အတူတူ သွားကျပါစို့ ဗျာ
အကောင်းတစ်ဖက် အဆိုးတစ်ဖက် နဲ့ သွားကြတာပေါ့ ဘဝ ခရီးကို
မှားပါတယ် မက်မက်ရယ်။းဝ)
ReplyDeleteမှားတာတော့ပြောပါနဲ့ မက်ရေ စာရေးရင်တောင်စာလုံးပေါင်းကမှားသေတယ်။အမှားက ပြင်လို့ ရတဲ့ အမှား ဆိုရင် ခွင့်လွတ်စရာအမှားဖြစ်သွားမှာတော့ သေချာတာပေါ့ ။လူတိုင်းတော့လည်းအမှားနဲ့ မကင်းကြဖူးလေနော်။အဓိက ကတော့  ဘာလုပ်လုပ် ကိုယ်ကြောင့်သူများ ဘာဖြစ်သွားမလဲဆိုတာ ကိုယ်ကိုကိုယ်ကော ဘာဖြစ်နိုင်လဲစဉ်းစားလိုက်ရင် လွယ်လွယ်မမှားတော့ဖူးပေါ့ လေ။ ပိုစ့်လေးကောင်းဖတ်လို့ ကောင်းပါတယ်ရှင်းးး
ReplyDeleteသာယာချမ်းမြေ့ပါစေနော်
မိုး
[url=http://community.gazzetta.gr/profiles/blogs/consolidate-credit-cards ]consolidate credit cards us [/url]consolidate student loan and credit cards consolidate credit cards us cards consolidate credit loan student
ReplyDelete[url=http://www.officialflo.com/profiles/blogs/consolidate-credit-cards ]bank loan to consolidate credit cards [/url]bill consolidation consolidate credit cards companies to consolidate credit cards consolidate my credit cards
[url=http://community.bonniehunt.com/profiles/blogs/consolidate-credit-cards ]consolidate us credit cards [/url]consolidate credit cards $8000 consolidate credit cards and car loans credit card to consolidate credit cards