Subscribe:

Thursday, March 19, 2009

အတာနှင့်သုရာ



အင်မတန် နားဝင်ချိုတဲ့ သင်္ကြန်တေးသံပါ



(မြူမှောင် ဝေကင်းငွေ အဆင်းဆန္ဒ ပြည်ထောငတိုင်းမြန်ပြည် ငြိမ်းချမ်း အောင်ဆု သွန်းခါရေ အေးစေကြောင်း လောင်းတဲ့ လုံမေ ထူးထူး ကဲကဲ လှကြပါစေ အဆင်ပြေ မြင်ရသူ ကည်နူး လောက်ပေ သံသာ ချိုမြမြ ဆိုတေး လေးတွေ မန်းမြို့သူရဲ့ ဂုဏ်နဲ့ ညီပေ ယဉ်ကျေး သူတွေ မနှစ်ကပဲ လောင်းခ့ တာတွေ အေးအေး မြမြ မမေ့တဲ့နိုင်ပေ သင်းပျံ့ပေ ရွှေပန်း ပိတောက်တွေ ရွဲရွဲနဲ့လေ အဆင်မြဲ မြန်းကာ လှတဲ့မေ ငွေငန်း မောင့်ကို လောင်းတဲ့ရေ ဘေးဘရာ ဝေးကွာ ကင်းစင်ပမယ် လေ ဒီရေ ပွဲ သင်္ကြန်ရေ)



သင်္ကြန်ဆိုတာ ကူးပြောင်းခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ သင်္ကြန်ဆိုတာ ဗြဟ္မာဏ ၀ါဒကနေ ဆင်းသက် လာတာပါ။ နှစ်အားဖြင့် တစ်နှစ်မှ တစ်နှစ်သို့ ကူးပြောင်းခြင်း လဲမှန်ပါတယ်။ကဲ....ဒါဆို ဘယ်လို ကူးပြောင်းတုန်းလို့ မေးရမယ် ဆိုရင်တော့ နေရွာကနေ သေရွာသို့လို့ အဖြေထွက်ပါတယ်။ ကောင်းရာမှ မကောင်းရာသို့ ကူးပြောင်းခြင်း ၊ မကောင်းရာမှ ကောင်းရာသို့ ကူးပြောင်းခြင်း လို့လည်း သတ်မှတ်ပါတယ်။



ကဲ....ဒါဆို သင်္ကြန်မှာ ဘာလို့ ရေလောင်းကြတာလဲ။ ရေပတ်ကြတာလဲလို့ မေးစရာ ရှိပါတယ်နော်။ သင်္ကြန်ပွဲတော်မှာ မြန်မာတိုင်းရင်းသားများ အားလုံးတို့ဟာ ပျော်ရွှင်စွာ ရေပက်ကစားကြပါတယ်။ သင်္ကြန်ရေပက် ဖျန်းခြင်းသည် လေးနက်မွန်မြတ်သော အဓိပ္ပါယ်ရရှိပါတယ် ။ ရေသည် မေတ္တာဓာတ်ကို တင်စားတာပါ။ ရေကစား ကြသည်မှာ ရေလိုအေး၍ ပန်းလိုလန်းပါစေ ဟူသော မေတ္တာဓာတ်ဖြင့် ကစားခြင်း ဖြစ်ပါတယ်။



သင်္ကြန်ရောက်ရင်တော့ သင်္ကြန်သီချင်း လေးတွေနဲ့ စိတ်ကကိုယ့် မြန်မာလူမျိုး တွေရဲ့နှစ်သစ်ကူးဆိုတော့ ပျော်ကြပါတယ်။ အဲ.. တစ်ချို့ကလည်း အဲဒီလို အကူးအပြောင်းလေးမှာ တရားဘာဝနာ အားထုတ်ရင်း ကောင်းမူကုသိုလ် ယူကြပါတယ်။ တစ်ချို့ကျတော့လည်း အရက်သေစာ သောက်စားမူးယစ်ကြပြီး အပျော်လွန်ကုန်ကာ မဖြစ်သင့် တာတွေဖြစ် ကြပါတယ်။အရက်ကို လူတော်တော် များများ သင်္ကြန်ရက်မှာ ဘာကြောင့် ယောကျာင်္းမိန်းမ အရက်သောက်ကြတာလဲ၊ ဆင်ခြေကတော့ အချမ်းပြေတဲ့။ အရက်ဆိုလို့ အရက်အကြောင်းလေး နဲနဲလောက် အတိုချုပ် ပြောပြမယ်နော် ။



ဟိုးတစ်ခါ တုန်းကပေါ့ ကြီးမားတဲ့ တောကြီးမျက်မည်းထဲမှာ ရှိတဲ့သစ်ပင်ကြီး တွေကနေ သစ်သီးတွေ ကြွေကျတာပေါ့။အဲ...အချိန်ကြာ လာတာနဲ့အမျှ အဲဒီအသီး တွေကနေပြီး အရည်ဖောက်လာတော့ ကျေးငှက် တိရစ္ဆာန်တွေက လာရောက် သောက်စားပြီး တိရစ္ဆာန်စိတ်တွေ ပျောက်ကုန်ခါ မူးယစ်နေ ကြတာပေါ့။ ဒီလိုနဲ့ ကာသိတိုင်းက တောလိုက်မုဆိုးကြီး သုရာကနေပြီး တောထဲမှာ အမဲပစ်ထွက်ရင်း ကျေးငှက်တိရစ္ဆာန်တွေ မြောက်များစွာ လဲကျနေ တာကိုတွေ့တော့ အလွယ်တကူပဲ ဖမ်းယူခဲ့တယ်။ နောက်တော့ သူစဉ်းစားတယ် ကျေးငှက်တွေ ဘာကြောင့် ဒီလိုဖြစ်တာလဲပေါ့ အဲဒီမှာ ယစ်ရည်တွေကို တွေ့တော့ မြည်းစမ်းသောက် ကြည့်တာမှာ အင်မတန် နှစ်သက်သွားတယ်။အဲဒီမှာ အနီးအနားမှာ တရားကျင့် ကြံနေတဲ့ ၀ရုဏ ရသေ့ကို တွေ့တော့ ယစ်ရည်တွေ ဆက်ကပ်လိုက်ပါတယ်။ အဲဒီမှာ ရသေ့ကလည်း နှစ်ချိုက်သွားတော့ လူထွက်လိုက်ပါတယ်။



သုရာမုဆိုးက တွေ့ရှိလို့ ယစ်ရည်ကို သုရာရည်လို့ ခေါ်ဆိုလိုက်ပါတယ်။ဒါနဲ့ ယစ်ရည် ဖြစ်လာပုံကို သိသွားတော့ ကိုယ်တိုင်လုပ် ယူပါတယ်။ ဒီလိုနဲ့ သုရာနဲ့ ၀ရုဏ တို့နှစ်ဦးက သာကေတ တိုင်းကိုသွားရောက်ပြီး သုရာရည်တွေကို ရောင်းချပါတယ်။ ဘုရင်အပါအ၀င် သာကေတ တစ်တိုင်းပြည်လုံး အရက်ရဲ့ ကျေးကျွန်တွေ ဖြစ်ကုန်ကြတာပေါ့။တိုင်းပြည် တပြည်လုံးလဲ ပျက်စီး ကုန်ပါတယ်။ ဒီလိုနဲ့ စီးပွားရေး မကောင်းတော့ သာကေတ တိုင်းပြည်ကနေ သာတတ္ထိမြို့လေးကို ရောက်ရှိလာပါတယ်။ ထုံးစံအတိုင်း ဘုရင်ကို ဆက်သတာပေါ့။ ဘုရင်က အရက်ကို သူ့နိုင်ငံမှာ စမ်းသပ်ချက်ဆိုပြီး ခွင့်ပြုထား လိုက်ပါတယ်။ ကြွက်အန္တာရာယ်တွေက ကင်းဝေးအောင် ကြောင်တွေကို အစောင့်ထားခဲ့ရာ ကြောင်တွေက သုရာရည်တွေကို သောက်သုံးပြီး စဥ့်အိုးနားမှာ မူးမေ့နေတော့ ဘုရင်က သူတို့နိုင်ငံကို သေကြောင်းကြံတယ်၊ အရက်ထဲမှာ အဆိပ်ခတ် ထားတယ်ဆိုပြီး သုရာနဲ့ ၀ရုဏတို့ နှစ်ယောက်ကို သေဒဏ် ပေးလိုက်ပါတယ်။



အဲဒီလိုနဲ့ မူမေ့နေတဲ့ ကြောင်လေးတွေ သတိရလာတော့ ဘုရင်က အံသြပြီး ချက်ထားတဲ့ အရက်အိုးကို မြည်းခိုင်းစေပါတယ်။ ဒီအခါမှာ ပစ်ဒဏ်ပေးလိုက်တဲ့ သုရာနဲ့ ၀ရုဏတို့ကို နှမြောတသ ဖြစ်တာပေါ့။ ဒါနဲ့ သူ့တိုင်းပြည်မှာ အရက်ဆက်လက် ချက်လုပ်စေတော့တယ်။ နေ့နေ့ညည သောက်စားမူးယစ်ပြီး တိုင်းပြည်က ပျက်စီးစ ပြုတော့မှာကို သိတော့ သိကြားမင်းက လူယောင် ဖန်ဆင်းပြီး ဘုရင်ဆီမှာ အရက်လာ ရောင်းပါတယ်။ ဒီလိုရောင်း တဲ့အခါမှာ အရက်၏ ဆိုးကျိုး၂၆မျိုးကို ကြော်ငြာကာ ပြောရောင်းပါတယ်။ ဒါကို ဘုရင်က အရက်၏ ဆိုးကျိုးတွေကို သိသွားပြီး အမြင်မှန် အသိတရား ရရှိပြီး အရက်ချက်ခြင်း ရပ်ဆိုင်းလိုက်ပါတယ်။



မြန်မာမှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ခိုးခံရတာ ကြာပါပြီ။ အတာသင်္ကြန်ကို မူးယစ်သောက်စား ပြီးဆင်နွဲ မယ့်အစား မြန်မာတွေရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းသော အားဖြင့် ကုသိုလ် ဘာဝနာ ပွားများရင်း အတာသင်္ကြန်ကို ဆင်နွှဲနိုင် ကြပါစေ။ ထေရ၀ါဒဗုဒ္ဓ တရားသည် စွန့်လွတ်ခြင်းကို အခြေခံပါတယ်။ဒါကြောင့် မြန်မာဗုဒ္ဓဘာသာဝင် တွေဟာလည်း ဆိုးကျိုးပဲ ပေးတတ်တဲ့ အရက်ကို မသောက်ဘဲ စွန့်လွတ်ရင်းဖြင့် ကျန်းမာရေးနဲ့ လည်းညီညွှတ် သီလကုသိုလ်လည်း ရမှာမလွဲပါဘူးနော်။သင်္ကြန်မှာ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ကိုစောင့်ထိန်းရင်း အတာသင်္ကြန်မှာ ယဉ်ကျေးမှု နဲ့အညီ မြန်မာ့ရိုးရာ သင်္ကြန်ပွဲကို ပျော်ရွှင်စွာနဲ့ ဆင်နွှဲနိုင်ကြပါစေ လို့ဆုမွန်ကောင်း တောင်းပေးပါတယ်။


13 comments:

  1. ကျနော် ကတော့သင်္ကြန် အရသာကိုမခံစားရတာကြာပီး..
    သင်္ကြန်ဆိုရင်လဲအိမ်တွင်းအောင်းနေတာများတယ်..
    အရက်ကတော့ သွေးလေလှုပ်ရှားအောင်သောက်ရင်တော့
    ဘာမှမဖြစ်လောက်ပါဘူး..ဆင်ခြင်မဟုတ်ပါဘူး..
    သောက်ထားတော့လည်နိုင်တယ်ပေါ့..
    အဲ..အလွန်အကျွံ ဆိုရင်တော့နှစ်ဖက်လုံးမကောင်းဘူးလေ
    သောက်တဲ့သူလဲမပျော်ရ...မသောက်တဲ့လူလဲဒုက္ခရောက်ရ..
    အဓိကက တော့ အရက်သောက်တာမသောက်တာနဲ့ 
    ကိုယ့်တိုင်ပျော်ချင်လို့ လုပ်တဲ့ပွဲကို ပျော်လိုက်ရတာအကောင်းဆုံးပဲပေါ့..
    ထင်တာပြောတာနော်..
    တော်ကြာအရက်သမားကဆင်ခြေလာပေတယ်ထင်နေအုံးမယ်
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်

    ReplyDelete
  2. သင်္ကြန်မတိုင်ခင် အသိပေးပြောကြားတဲ့
    ပိုစ့်လေးက အရမ်းကောင်းပါတယ်..
    ဖတ်သွားတဲ့သူတွေလဲ
    ဆင်ခြင်စရာ..
    မသိတာကိုသိရတဲ့အတွက်လည်း
    ဗဟုသုတ တိုးတာပေါ့..
    မက်မက်လဲသင်္ကြန်နှစ်ကူးမှာ
    ပျော်ရွှင်ပါစေလို့ 
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်

    ReplyDelete
  3. မက်မက်ရေ..
    လူတိုင်းမှတ်သား လိုက်နာသင့်တဲ့ အချက်တွေပါပဲ။ သင်္ကြန်းနီးမှ ထပ်ပြီး ရေးဦးပေါ့။း)

    သေနှင့်အရင်စီးပွာပျက်ကို တစ်စက်ကယ်မှ မသောက်ကြနှင့်၊ ရှောင်ကြပါလေ၊ ရှင်တော်ဟောသည့် အဆိပ်လို့ ရှင်မဟာရဋ္ဌသာရက စပ်ဆိုခဲ့ကို သတိရမိပါတယ်။ ဒီနေ့မှာ အမျိုးသားရော၊ အမျိုးသမီးအချို့ပါ သောက်တတ်လာတာတွေ့ရပါတယ်။ ဒါသည် အသိတရားတွေ ဆုတ်ယုတ်လာတာပါ။ အခုလိုရေးသား တင်ပြတာသည် အမိုက်မှောင်ကို အလင်းရောင်ပြပေးလိုက်တာနဲ့ ပုံတူပါတယ်။

    ကျန်းမာချမ်းသာစွာနဲ့ ဆက်လက်ဆောင်ရွက်နိုင်ပါစေ.. အစ်မ။

    ReplyDelete
  4. သင်္ကြန်ကို အရမ်းလွမ်းနေတာပါ။ သင်္ကြန်အကြောင်းလေးတွေ တင်ပေးတာ ကျေးဇူးတင် ပါတယ်။

    ReplyDelete
  5. စိုင်းစိုင်းလားရှိုးMarch 19, 2009 at 6:44 PM

    မက်မက်ရေ သင်္ကြန်ဆိုတာကြီးကို တူးပို့ကြားမှ မြူးရတာ ကြာပေါ့... ဟိုလေ သုရာဆိုတဲ့ မုဆိုးကလည်းနော်...
    သူကစခဲ့လို့ သိလား....

    ReplyDelete
  6. အဟင့်.. မယ်မယ် သားတော် သုရာ သောက်ရတော့ဘူးပေါ့... နောင်တော် ငနောင် လည်း ဆုံးမပါဘူး ဘုရား.. ဟိဟိ :P

    ReplyDelete
  7. ဘယ်လိုဖြစ်တာလဲ သင်္ကြန်တောင်မရောက်သေးဘူး။ သင်္ကြန်အကြောင်းရေးနေပါလား။
    ကျနော်ကတော့ သင်္ကြန်မကျခဲ့တာခုဆို ၁၁နှစ်
    ရှိပြီဗျ၊ သင်္ကြန်ဆိုတာ ဘာမှန်းတောင် မသိတော့
    ဘူး။ ဟုတ်တယ်ဗျ ခုခေတ်ဆိုပိုဆိုးနေပြီ သင်္ကြန်
    ပွဲတော် မဟုတ်တော့ဘူး အရက်၊ဘီယာနဲ့ မူးယစ်ဆေး သောက်ပွဲတော်ကြီးလို့တောင် နာမည်ပြောင်းသင့်နေပြီဗျ။

    ReplyDelete
  8. အတာအကြောင်းတော့ နည်းနည်းသိတယ်ဗျ။ တနင်္ဂနွေဆိုတဲ့ နေမင်းဟာ ရာသီခွင်ဆယ့်နှစ်ပါးကို တစ်လတစ်ရာသီနှုန်းနဲ့ဖြတ်သန်းပြီး နောက်ဆုံးမိန်ရာသီအစွန်းကနေ မိဿကြယ်စုထဲကို တကျော့ပြန်ချဉ်းနင်း လာတာကို သင်္ကြန်အတာကူးတယ်ဆိုပဲ။ သုရာကတော့ အသူရာနတ်..အဲလေ.။ ဘီယာအရက်ထန်းရက်များဆိုတော့ကာ မက်မက်ပြောသလို မနည်းလုံအောင်ထိန်းရမယ့် သီလကို ရန်းဂန်းလဲ မသိချင်ယောင်ဆောင်သွားပါကြောင်း.. ။ ဟဲဟဲဟဲ။

    ReplyDelete
  9. ကျနော်လည်းမသောက်.. ညီတွေလည်း မသောက်ရပါဘူး..
    အခုခေတ်ကျတော့ မိန်းကလေး တွေပါ သောက်တယ်နော် မက်မက်ရေ.တချို့ကျတော့ အမျိုးသမီးတန်မဲ့.. အလွန်အကျွံမူးသေးတယ်

    အဲဒီလိုတွေ့ရရင်တော့ စိတ်ထဲမှာ ယူကျုံးမရ ဖြစ်ရတယ်။

    နောက်ပြန်တွေ့ရင်လည်း အဲဒီတစ်မျိုးကြီးက ပျောက်မသွားဘူး..

    မက်မက်ပြောတာ သတိထား မှတ်သားစရာပါပဲ။

    မြူမှောင်ဝေကင်းကို ယူကျုက သီချင်းလေး ရှာတင်ပေးပါလား..
    ချမ်းမြေ့ပါစေ.. မတွေ့တာလည်းကြာပြီ.. (စာမေးပွဲရှိလို့ပါ)

    ReplyDelete
  10. သောက်တော့ဝူးလို့ပြောရအောင်ကလည်းမသောက်
    တတ်တော့ခက်တယ့်အိ့ဒါကေမဲ့ဘီယာတော့
    သောက်တယ်ဟီးဟီ့းကင်္ကြန်မှာတော့ဒီpostလေး
    ကိုဖတ်လိုက်ရလို့သောက်တော့ဘူးဗျို့

    ReplyDelete
  11. "အတာနှင့်သုရာ"
    လာဖတ်တယ်မက်မက်ရေ----
    သင်္ကြန်ကိုလွမ်းတယ်---
    ပန်းတောက်ပန်းကိုလွမ်းတယ်--
    အမိမြေကို လွမ်းတယ်--
    အလွမ်းတွေနဲ့ဝေ------

    ReplyDelete
  12. ဇာတ်လမ်းက နည်းနည်းလိုနေသလားလို့
    `အဲဒီ ယစ်ရည်တွေက သစ်ပင်ကြီးတစ်ခုရဲ့ ခွဆုံထဲမှာ ရှိနေတာကို အဲဒီမုဆိုးတွေ တွေ့သွားတာ´ လို့ ဖတ်ဖူးတာပဲ။

    ခင်မင်စွာဖြင့်

    ReplyDelete
  13. လွမ်းနေပါတယ်ဆိုမှပဲ ဘလော့တိုင်းမှာ သင်္ကြန်
    အကြောင်းပဲရေးကြတယ် အဟင့်ဟင့်ဟင့်

    ReplyDelete