ဘီယာဟာ အရက်တော့ မဟုတ်ပါ။ တစ်ငွေ့ငွေ့လေးနဲ့ အတော်လာတာ...အဟား.. ဒီသီချင်းလေးကို ကြားဖူးကြ မှာပါနော်။ ဘယ်သူဆိုတာလဲတော့ မမှတ်မိတော့ဘူး။ အဟဲ.. :P တစ်နေ့ က RAFFLES PLACE ကိုရောက်တော့ ဟန်နီကယ်လ် ဘီယာပိုစတာ ကြောငြာကို တွေ့လိုက်မိပါတယ်။ဒါနဲ့ GHOBY GHAUT ကိုရောက်တော့လည်း တစ်ခါ တိုက်ဂါးဘီယာကို ပရိုမိုရှင်းလုပ်တာနဲ့ ကြုံခဲ့ပြန်ရော။
ဒါနဲ့ ဘီယာနဲ့ ပတ်သတ်တဲ့ အကြောင်းလေး ရေးမယ်ပေါ့ဆိုပြီး စိတ်ကူးနဲ့ ဓာတ်ပုံလေးပဲ ရိုက်လာလိုက်တယ်။ ဒါပေမယ့် သိတဲ့အတိုင်း အခုတစ်လော အလုပ်တွေက ရှုတ်နေရယ်၊ ကွန်နက်ရှင် အခက်အခဲ ရယ်ကြောင့် ဘယ်လိုမှ ပို့စ်အသစ်တင်ဖို့ မရဘူး ဖြစ်နေတယ်လေ။တစ်ခါတစ်ခါ ကိုယ့်အိမ်ကို ကိုယ်ဝင်လို့ တောင်မရတဲ့ အခြေအနေ နဲ့တိုးတိုးနေတာလေ။ အဟဲ..အဲလိုနဲ့ အကြောင်းပြပြီး ပျင်းနေတာလည်း ပါပါတယ်။ ဒါကြောင့် ပင်လယ်ရေ ခမ်းရင်ခမ်း ပါစေကွာ ဘာဖြစ်လဲဆိုပြီး ဆားချက်လိုက်ပါတယ်။ :P :P အားနာပါးနာနဲ့ ဖတ်လိုက်ပါဦးနော်။
ဒါကတော့ ဖော်ဝပ်မေးထဲက ဘီယာနဲ့ ပတ်သတ်တဲ့ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးလေးပါ။ အားလုံးသိရအောင် ပြန်လည်ဖော်ပြ ပေးပါတယ်။ ဘီယာကြိုက်တဲ့ ဦးဦးတို့ ကိုကိုတို့၊ မောင်မောင်တို့ မမတစ်ချို့တို့လည်း တန်ဆေးလွန်ဘေး မဖြစ်အောင် ရှောင်လို့ရတာပေါ့နော်။
ဘီယာ တပိုင့်(နှစ်ခွက်စီ) မျှ နေ့စဉ် နေ့တိုင်း သောက်သုံးခြင်းသည် ဆီးကြိတ် ကင်ဆာကို ဖိတ်ခေါ်သလို ဖြစ်လာစေကြောင်း ပညာရှင်များက တွေ့ရှိ ခဲ့ကြသည်။ဗြိတိန် ကျန်းမာရေး ၀န်ကြီးဌာနသည် ဘီယာ၊ အရက်တို့ နှင့်ဆီးကြိတ် ကင်ဆာ ဆက်နွယ်မှုကို လေ့လာသည့် စစ်တမ်း (၃၅)ခုကို စုစည်းပြီး လေ့လာမှုများ ပြုလုပ်ကာ နောက်ဆုံး ရလဒ်အဖြစ် နေ့စဉ် ဘီယာတပိုင့် သောက်ပါက ဆီးကြိတ် ကင်ဆာ ဖြစ်လာနိုင်ခြေ (၂၀)ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြခဲ့သည်။
တစ်ပါတ်အတွင်း ဘီယာ(၁၄)ခွက် ထက်မနည်း သောက်လေ့ ရှိသူများတွင် ထိုအချက်မှာ ပိုမို သိသာကြောင်း သုတေသီများက ဆိုသည်။ ဗြိတိန် နိုင်ငံတွင် အရက်နှင့် ဘီယာ နှစ်ခြိုက်စွာ သောက်သုံးလေ့ရှိသူ (၉၀၀၀) မျှနှစ်စဉ် ကင်ဆာဖြင့် သေဆုံး လျှက်ရှိကြောင်း သတင်း ရရှိပါသည်။
ဟုတ်ကဲ့..ကျေးဇူးပါပဲနော်။ဒါနဲ့ ဘီယာနဲ့ ပတ်သတ်တဲ့ အကြောင်းလေး ရေးမယ်ပေါ့ဆိုပြီး စိတ်ကူးနဲ့ ဓာတ်ပုံလေးပဲ ရိုက်လာလိုက်တယ်။ ဒါပေမယ့် သိတဲ့အတိုင်း အခုတစ်လော အလုပ်တွေက ရှုတ်နေရယ်၊ ကွန်နက်ရှင် အခက်အခဲ ရယ်ကြောင့် ဘယ်လိုမှ ပို့စ်အသစ်တင်ဖို့ မရဘူး ဖြစ်နေတယ်လေ။တစ်ခါတစ်ခါ ကိုယ့်အိမ်ကို ကိုယ်ဝင်လို့ တောင်မရတဲ့ အခြေအနေ နဲ့တိုးတိုးနေတာလေ။ အဟဲ..အဲလိုနဲ့ အကြောင်းပြပြီး ပျင်းနေတာလည်း ပါပါတယ်။ ဒါကြောင့် ပင်လယ်ရေ ခမ်းရင်ခမ်း ပါစေကွာ ဘာဖြစ်လဲဆိုပြီး ဆားချက်လိုက်ပါတယ်။ :P :P အားနာပါးနာနဲ့ ဖတ်လိုက်ပါဦးနော်။
ဒါကတော့ ဖော်ဝပ်မေးထဲက ဘီယာနဲ့ ပတ်သတ်တဲ့ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးလေးပါ။ အားလုံးသိရအောင် ပြန်လည်ဖော်ပြ ပေးပါတယ်။ ဘီယာကြိုက်တဲ့ ဦးဦးတို့ ကိုကိုတို့၊ မောင်မောင်တို့ မမတစ်ချို့တို့လည်း တန်ဆေးလွန်ဘေး မဖြစ်အောင် ရှောင်လို့ရတာပေါ့နော်။
ဘီယာ တပိုင့်(နှစ်ခွက်စီ) မျှ နေ့စဉ် နေ့တိုင်း သောက်သုံးခြင်းသည် ဆီးကြိတ် ကင်ဆာကို ဖိတ်ခေါ်သလို ဖြစ်လာစေကြောင်း ပညာရှင်များက တွေ့ရှိ ခဲ့ကြသည်။ဗြိတိန် ကျန်းမာရေး ၀န်ကြီးဌာနသည် ဘီယာ၊ အရက်တို့ နှင့်ဆီးကြိတ် ကင်ဆာ ဆက်နွယ်မှုကို လေ့လာသည့် စစ်တမ်း (၃၅)ခုကို စုစည်းပြီး လေ့လာမှုများ ပြုလုပ်ကာ နောက်ဆုံး ရလဒ်အဖြစ် နေ့စဉ် ဘီယာတပိုင့် သောက်ပါက ဆီးကြိတ် ကင်ဆာ ဖြစ်လာနိုင်ခြေ (၂၀)ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြခဲ့သည်။
တစ်ပါတ်အတွင်း ဘီယာ(၁၄)ခွက် ထက်မနည်း သောက်လေ့ ရှိသူများတွင် ထိုအချက်မှာ ပိုမို သိသာကြောင်း သုတေသီများက ဆိုသည်။ ဗြိတိန် နိုင်ငံတွင် အရက်နှင့် ဘီယာ နှစ်ခြိုက်စွာ သောက်သုံးလေ့ရှိသူ (၉၀၀၀) မျှနှစ်စဉ် ကင်ဆာဖြင့် သေဆုံး လျှက်ရှိကြောင်း သတင်း ရရှိပါသည်။
ကျောင်းလေး ၁ ရက်ပိတ်တုန်း ဘီယာလေးသောက်မလို့စဉ်းစားနေတာ နည်းနည်းတောင် လန့်သွားတယ်...:)..ဘီယာနဲ့ပတ်သတ်တဲ့ Knowledge လေးတွေဖော်ပြပေးတဲ့အတွက် ကျေးဇူးပါ အန်တီဒွင်း :D
ReplyDeleteဘီယာမသောက်ရလဲနေပါ.... ဝိုင်ပဲသောက်တော့မယ်..
ReplyDeleteရေရောစရာမလို တော့
အသေလဲမစောဘူးပေါ့
မက်၂ရေ စာလာဖတ်သွားပါတယ် ညီမလေး...
ReplyDeleteဒီညတော့ ဘီယာ မချတော့ဘူး
ReplyDeleteအပြင်းတော့ ၀ယ်လာတယ်။
c ဘုံးဘယ်ရောက်သွားလဲဟင်
ReplyDeleteဘီယာလာသောက်တယ်နော်
အို ဖြစ်ဖြစ်ဗျာ။ သောက်မှာပဲ။ ဟီးဟီး
ReplyDeleteကိုခရောင်းကိုပြောတဲ့ ကော်နတ်ရှင် မကောင်းဘူးလေဘာလေးနဲ့ စော်စော်ကားကား။ သူ့တန်းပလိတ်က မကောင်းတဲ့ဟာကို ကျုပ်လည်း မမြင်ရဘူးဗျ။ ခဏခဏပျောက်တယ်။ :D :D :D
ReplyDeleteစီဗုံးကိုပြောတာနော်။ ကျန်ခဲ့လို့။ :)
ReplyDeleteတော်ဘီ...း(
ReplyDeleteဘီယာကို တစ်နေ့ တစ်ခွက်ပဲ သောက်တော့မယ် ရေချိုးတဲ့ ခွက်နဲ့။
ကိုရီးယားနွေရောက်တော့မယ်...
ReplyDeleteဘီယာသောက်ချိန်လေ...
ခက်တာပါပဲ....ညီမရယ်...ကျန်းမာရေးအရ
ဆောင်ရန်...ရှောင်ရန်..သတိပေးတော့ ကျေးဇူးပဲနော်...
ကောင်းတယ်တူမတော်
ReplyDelete"ဘီယာနှင့်ကျန်းမာရေး"
ReplyDeleteလာဖတ်တယ်--မက်မက်ရေ---
သင်္ကြန်ကျတော့မယ်နော်---
သောက်ကြတော့မယ် တူပါရဲ့---
တန်ဆေးလွန်ဘေး နည်းနည်းပါးပါး လေးပါ..
ReplyDeleteဘီယာ
ReplyDeleteဘီယာဘီယာ
ဘီယာဘီယာဘီယာ....
သူကတစ်ခါတစ်လေဆိုရင်သောက်တဲ့...
:) :)
ဘီယာဆိုင်တွေမှာ ကြော်ငြာသွားကပ်မယ်... ပြီးရင် မမဖြန့်တာလို့ပြောမယ်.. ခွိ.. ခွိ.... လမ်းသွားရင်တော့ သတိထားပေါ့နော်.. တစ်ခုခုဖြစ်ရင် နေ့အိပ်မက်နဲ့မဆိုင်... :P :P :P
ReplyDeleteတားကတော့ တောက်နိုင်ပါဘူး
ReplyDeleteတီတီမက်ရယ် ဈေးကကြီးကကြီးနဲ့း)
အမှန်တော့ ရောဂါဖြစ်မှာဆိုးလို့ပါ
ဒါကြောင့် ဂျယ်လီပဲ စားတယ်။
ကင်ချင်ကင် ဆာချင်ဆာ
ReplyDeleteဆီးချင်ဆီး ကြီးချင်ကြီး
ကြိတ်ချင်ကြိတ် ဖိတ်ချင်ဖိတ်
တရိပ်ရိပ် စိမ့်ပြီး လိမ့်နေချင်တာ...
“သောက်မှာပဲ သောက်မှာပဲ ငါ့ကို လာမတားနဲ့..” (အဲလက်(စ်စ်စ်စ်) အသံနှင် ဆိုရန်) အေ့..
ကိုရင်နော်
တနေ့ နှစ်ခွက်တော့ သောက်ဖူး..
ReplyDeleteသောကြာနေ့ကျမှပဲ အိုရီယမ်တယ်မှာ တစ်ယောက်တပုလင်းလောက်ပဲသောက်တာပါဗျာ
..
ယောကျာ်းလေးတွေ သတိထားရမယ်..
ReplyDeleteအင်း.. ဘာပြောပြော သေချင်လဲ သေဗျာ သောက်တာတော့ သောက်မှာပဲ ဘယ်အရာမဆို တန်ဆေး လွန်ဘေးတဲ့ အဲဒီတော့ ချင့်ချိန်သောက်မယ်ဗျာ။
ReplyDelete