Saturday, August 30, 2008
အချစ်ဟာအတ္တကြောင့်တကယ်သေဆုံးခဲ့ရတာလား
ဒီနေ့တော့ အန်တီDreamက သားသားတို့ မီးမီးတို့ကို ပုံပြင်လေး တစ်ပုဒ် ပြောပြမယ်နော်.. ဟိုးရှေးရှေး တုန်းကပေါ့ကွယ် ပင်လယ်ထဲမှာ ကျွန်းလေး တစ်ကျွန်း ရှိတယ်တဲ့။အဲဒီကျွန်းလေးမှာ
ခံစားမှု မျိုးစုံဆိုတဲ့ လူတွေစုပြီး နေကြသတဲ့။ ဒီလိုနဲ့ တနေ့မှာ မုန်တိုင်း တစ်ခုက ပင်လယ်ကို ဆိုးရွားစွာ တိုက်ခိုက်လာသတဲ့။ ဒါနဲ့ကျွန်းလေးကလည်း တဖြည်းဖြည်းနဲ့ မြုပ်တော့မယ့် အခြေအနေ တွေနဲ့ကြုံ လာတာပေါ့။ အဲဒါကြောင့် အမျိုးမျိုးသော ခံစားမှုဆိုတဲ့ လူတွေဟာ ကြောက်ရွံ ကြတာပေါ့။ကြောက်မှာ ပေါ့နော်... ကျွန်းကြီးက မြုပ်တော့မှာကိုး ကလေးတို့ရဲ့။ အဲ.. ကျွန်းပေါ်က လွတ်မြောက် ဖို့အတွက် အချစ်ဆိုတဲ့ လူက ရွက်လှေကြီး တစ်ခုပြု လိုက်တာပေါ့။ ပြုလုပ်ပြီး သွားတော့ လူတွေ အားလုံးက ရွက်လှေကြီး ပေါ်တက်ပြီး ရွက်လွှင့်မယ်ပေါ့။ ဒီလိုနဲ့ အချစ်ဆိုတဲ့ လူက ဘယ်သူ ကျန်သေးလဲ ဆိုပြီး အောက်ကို ဆင်းကြည့် တာပေါ့။ ဟော..... တွေ့ပါပြီ.... အတ္တဆိုတဲ့လူ ကျန်နေ သေးတာကိုး.. ဒါနဲ့ လှေပေါ်ကို မြန်မြန်တက်ဖို့ အချစ်က အတ္တကို အကြိမ်ကြိမ် ခေါ်တာပေါ့။ ဒါပေမယ့် အချစ်က ဘယ်လောက်ပဲ ခေါ်ခေါ် အတ္တက မလိုက်ဘူးတဲ့။ အဲ.. ကျွန်းကြီးကလည်း ရေတွေ မြုပ်တော့မယ်။ နဲနဲပဲ လိုတော့တယ်။ ဒါနဲ့ လှေပေါ်က လူတွေက အချစ်ရေ အတ္တကို ထားခဲ့ပြီး လှေပေါ်မြန်မြန် ပြန်လာခဲ့လို့ အော်ပြော တာပေါ့။ဒါပေမယ့် အချစ်က ကျွန်းပေါ်မှာ အတ္တကို တစ် ယောက်ထဲ မထားခဲ့နိုင် ဘူးလေ.. အချစ်ကလည်း နေခဲ့တာပေါ့ ကလေးတို့ရဲ့.... ဒီလိုနဲ့ ရေတွေ တက်လာပြီး ကျွန်းကြီးဟာ တစ်ဖြည်းဖြည်း ရေအောက်ကို မြုပ်သွား ခဲ့တာပေါ့။ လူတွေအားလုံးက အသက်ဘေးက လွတ်မြောက် ခဲ့ပေမယ့် အချစ်နဲ့ အတ္တကတော့ ရေအောက်မှာ ဘ၀ကူး ပြောင်းသွား ခဲ့ရတာပေါ့ ကလေးတို့ရယ်.. အင်း..အတ္တကြောင့် အချစ် သေဆုံးသွား ခဲ့ရတယ်လေ။ ကဲ..ကလေးတို့ရေ.. ပုံပြင်လေး ကတော့ ဒီလောက်ပါပဲကွယ်.... ကဲ..ကလေးတို့ရေ...
ဒီပုံပြင်လေးရဲ့ အဓိပ္ပါယ်က ဘာကိုဆို လိုချင်တာလဲဆိုတာ အန်တီDreamကို Comment နေပြီး ပြောခဲ့နော်။ ဒီပုံပြင်နဲ့ ပတ်သတ်တဲ့ နောက်ဆက်တွဲလေးနဲ့ ကဗျာလေးကို တီတီ နောက်နေ့ကျမှ ပြောပြမယ်နော်... အန်တီDream ကလေ ဒီပုံပြင်လေးကို Sweetuuuu ဆိုတဲ့လူက ပေးပို့တဲ့ မေးလ်ထဲကနေ ကလေးတို့ အတွက် မတောက်တခေါက် ဘာသာပြန်ပြီး ရေးလိုက်တယ်နော်....
Labels:
ဘာသာပြန်
Subscribe to:
Post Comments (Atom)
တယ်ကောင်းတဲ့ ပုံပြင်လေးပဲ ဟေ့ တီတီတို့ကတော့ လုပ် ပြီ အချစ်ဟာအတ္တကြောင့်သေဆုံးသတဲ့ ပုံပြင်လေးနဲ့ကို ပညာပေးတာပါလားနော် ဟိဟိ
ReplyDeleteခစ်ခစ် ရီရတယ် ဗျဲ တီတီတဲ့ ခစ်ခစ် တီတီ ရေ ပွမ်ပွမ်
ReplyDeleteမှားကုန်ပြီ သားသား လည်းစိတ်ဝင်စားတယ်နောက်ဘာတွေဖြစ်ကုန်လည်း ချစ်ချစ်နဲ့ တတ က ငါ့းတွေစားလို့ကုန်ရောလား ခစ်ခစ် ရီရတယ် ဗျဲ ခစ်ခစ်
တီတီ dream ရေ တားတားက အချစ်အကြောင်းကို တိတေးဘူးရယ် တီတီ dream က ဒီလိုနေရာမျိုးမှာ mature ရယ်။ ဟီးဟီး ယုံလား တီတီ dream
ReplyDeleteအလကားစတာပါ။
ဟုတ်တယ် dream ရေ အတ္တမပါတဲ့ ဖြူစင်တဲ့ အချစ် သာရှိနေမယ်ဆိုရင် ကမ္ဘာကြီး ဘယ်လောက်ငြိမ်းချမ်း
လိုက်မလဲနော်။ အားလုံးဟာ အတ္တဆိုတဲ့အရာကြောင့်ပူလောင်နေကြပါတယ်။ မင်းကိုချစ်တယ် ဆိုတာ တကယ်တော့ ကိုယ့်ကိုယ်ကိုသာ ချစ်တာပါတဲ့ ဆရာတော်တစ်ပါး ဟောဖူးတယ်လေ ။ ဒါဟာ အတ္တပဲပေါ့။ အတ္တမဲ့ အချစ်များ ပေါ်ထွန်းနိုင်ပါစေ
ချစ်ခြင်းတရားမှာ အတ္တဆိုတာမရှိမှ ကောင်းမှာနော် အတ္တကင်းတဲ့ ချစ်ခြင်းနဲ့ချစ်နိုင်ကြရင် သိပ်ပျော်စရာကောင်းမှာပါ
ReplyDeleteကြီးဒေါ် ကျုပ်က ဒီအတ္တတို့
ReplyDeleteအချစ်တို့ကို နားမလည်ဘူးဗျ
ဒီအချစ်ဆိုတဲ့ကောင်ကလည်း
အတ္တဆိုတဲ့ကောင်ကိုထားခဲ့
အေးရော............
ရေမွှန်းသေရမယ့်အရေး
မလွယ်ဘူးနော့ ကြီးဒေါ်
ပုံပြောပြမယ် ဆိုလို့ လိုက်လာတာ ပုံပြင် ကတိုတိုလေး။
ReplyDeleteထပ်ပြောပြအုံး တီတီ.။:P
Hi TiTi Dream!
ReplyDeleteThanks for sharing a nice story.
Waiting for poem and another story. :D
တီလေးရေ...ပုံပြောပြမယ်ဆိုလို့ လိုက်လာတာ..ပုံပြင်ကတိုတိုလေးရယ်။
ReplyDeleteဒီ အချစ်ကလည်း အတ္တဆိုတဲ့ ကောင်ကို နပန်ကျင်းပြီး အတင်းခေါ်ပေါ့။ မူးမေ့သွားအောင် ဆော်ပစ်လိုက်။ ပြီးရင် ရေထဲဆွဲချပြီး လှေပေါ်ဆွဲတင်လိုက်။ အေးရော။ ဟီးဟီး။
အဲဒီအချစ်က လည်းအလိုက်တာ...
ReplyDelete၀ါးရင်းတုတ်နဲ့ ရိုက်လိုက် မေ့သွားတော့မှ တရွတ်တိုက်ဆွဲသွားလိုက်... ပြီးရော...
အန်တီ Dream က ပုံပြောကောင်းတယ်နော် ...
ReplyDeleteအတ္တကြောင့် အချစ် သေသွားသလို
အချစ်ကြောင့်လည်း အတ္တ ပျောက်သွားနိုင်ပါတယ် ထင်တာပဲလေ
အတ္တဆိုတဲ့လူ တော်တော်ဆိုးတာပဲဗျ... အချစ်က သနားပါတယ်ဗျာ... :)
ReplyDeleteအတ္တဟာ အချစ်ထက်အင်အားကြီးတပ်ပါတယ်၊ တကယ်
ReplyDeleteတော့ အတ္တဟာ ဖန်ဆင်းရှင်ပါ လှပတဲ့ အချစ်ဆိုတာကို သူ
ကပဲမသိလိုက်မသိဖါသာဖန်ဆင်းခဲ့ သလို အမုန်းဆိုတာကို
လည်း လိုရင်လိုအပ်သလို ချက်ချင်းမွေးဖွားပေးလိုက်နိုင်
ပါတယ် ကျွန်းတကျွန်းလုံးမြုတ်သွားမှအတ္တသေသွားမှာပါ
အချစ်ဟာအတ္တနဲ့ အတူအသေခံသွားခြင်းဟာ မှန်ကန်တဲ့ 
ဆုံးဖြတ်ချက်တခုပါ အနဲဆုံးတော့ အချစ်နဲ့ အတ္တကလွဲရင်
အခြားသူတွေဆက်လက်ရှင်သန်နေနိုင်ကြတာပေါ့ အချစ်မ
ပါတော့ ပဲ ဆက်လက်ရှင်သန်ကြရတာဟာသိပ်စိုပြေမှူမရှိ
တော့ ပေမဲ့ လိုအပ်လာရင်လုပ်တပ်ကြပါတယ် အတ္တနဲ့ အ
ချစ်ကိုထားခဲ့ ကြရတဲ့ လှေကလေးတွေအများကြီးရှိပါတယ်လို့ 
တီတီ ရေး.. ယောင်တွားလို့ ဘာတွေဆက်ဖြစ်လည်း တိချင်တယ် ပြောပြ ။တိုတိုလေး ပြောတယ် ညာခေါ်တယ် ရဘူး။ တမီးကို မုန်ကျွေး မကျွေးရင်နောက် အလည်လာ တောဝူး...ဒါပဲ..ကျန်တာ ငရုတ်တီး...ဟုတ်ပေါင်...
ReplyDeleteအင်း..ပုံပြင်ထဲ က လို အချစ်နဲ့ အတ္တ သေသွားခဲ့ရင်..
ReplyDeleteအင်း မဟုတ်သေးဘူးနဲ့တူတယ်နော် .. တူမကြီး DREAM.. သူတို့ သေ မသေကို သေသေချာချာ ပြန်စုံစမ်း ပါအုံး ၊၊ သူတို့ က အမြဲရှင်သန် နေတဲ့အရာတွေလို့ထင်တယ် ၊၊ ကိုယ့်ရှေ့မှာ သေသွားပေမယ့် ကိုယ့်နောက်မှာပြုံးပြီး ရပ်ကြည့်နေတတ်တယ် ၊၊ ဟုတ်..မဟုတ် ၊၊တွေးကြည့်ပေတော့ တူမကြီးရေ ၊၊
ပျော်ရွှင်ပါစေဗျာ ၊၊
....
ဦးလစ်
ပုံပြင် အဓိပ္ပါယ်ကတော့ အတ္တနဲ့အချစ်ကို ငပူတင်းတွတ်သွားတာပါကွယ်
ReplyDeleteဖုံဖြင်ကရဲရိုရိုရေးနဲ့ တီတီဆို ဘာမှန်းရဲအသိဝူးးး
ReplyDeleteကျန်တော့မယ်.. :P
တီ..တီ ကျွန်းလေးမှာ ရေကူးနေပြန်ပြီလား.... မင်းသမီး..
ReplyDeleteဟီ..ဟိ...
အချစ်ဟာ အတ္တကြောင့် သေဆုံးတယ် ဆိုတော့ အတ္တကရော ဘာကြောင့်မှ မသေဆုံးဘူးလားဟင်..
ReplyDeleteအတ္တသာ မသေဆုံးတတ်ဘူးဆိုရင် အချစ်ကလည်း အတ္တကို ဖက်တွယ်ထားစရာ လိုမယ်မထင်ဘူး..။
အတ္တက အမြဲ ရှင်သန်နေဦးမှာပဲလေ..။
မီ သိသလောက်ကတော့ အတ္တဆိုတာ အချစ်ထက် အသက်ပြင်းတယ်။
အတ္တ နဲ့ အချစ်...
ReplyDeleteအချစ် နဲ့ အတ္တ...
အတ္တဆိုတာ ဘယ်လို အတ္တမျိုးလဲ...
အချစ်ဆိုတာကရော ဘယ်လို အချစ်မျိုးလဲ...
စဉ်းစားရင်း တွေးရင်း မေးခွန်းလေးတွေ ပေါ်လာ...
တီတီရေ မီးမီးသိတာကတော့ အချစ်ကြီးတော့အတ္တကြီးတယ်ဆိုတာပဲ :P
ReplyDeleteနားတော့လည်တယ် ရှင်းပြရ ခက်တယ်။
ReplyDeletethankie for sharing..dream lay :)
ReplyDeleteတီတီက ပြောပြတော့လည်း အနော်တို့က နားထောင်ရတာပေါ့နော်။ ပုံကြိုတ်တယ် အနော်က :D
ReplyDeleteကျုပ် နောက်တစ်ပိုင်း ဆက်ရေးလိုက်တယ်။
ReplyDeleteအချစ်ဟာ တကယ်တော့ မသေသေးဘူး၊ အဲဒီအချိန်မှာ အဲဒီလို သေလုမျောပါးဖြစ်နေတဲ့ အချစ်ကို တစ်ယောက် လာကယ်တယ်။ လာကယ်တဲ့သူက အချိန်တဲ့။ အချစ်ဟာ နားမလည်နိုင်ဖြစ်နေတယ်။ အဲဒီမှာ အချိန်ကပြောတယ်... `လောကမှာ အချိန်ကာလ ဖြင့်သာ အချစ်ကို နားလည်ပေးနိုင်စွမ်းရှိတယ်´ တဲ့။ :)
ပုံပြင်လေးဖတ်သွားတယ်. .ကိုဟန်သစ်ငြိမ်ပြောသွားတဲ့ ပုံပြင်အဆက်လေးလဲဖတ်သွားတယ် တီတီ Dream ရေ
ReplyDeleteနောက်လည်းဒီလိုပုံလေးတွေပြောပါအုံး :P
အင်း မအိ ကျနော်က တော့ အတ္တဘက်က ပြန်တွေးကြည့်ချင်
ReplyDeleteတယ် အချစ်ရဲ့ ခံစားမှုကိုတော့ သိပြီးသွားပြီပေါ့ မအိရာ
ဒါပေမယ့် အတ္တကရော ဘာဖြစ်လို့ သူရေနစ်မှာကို သိရဲ့သားနဲ
အဲဒီကျွန်းမှာ ကျန်နေခဲ့ရတာလဲ..သူမှာလည်း သူခံစားချက်တော့ ရှိဦးမယ် ထင်ပါတယ် နော် မအိ..
ဟဲ ဟဲ ကျနော်လည်း သိသလောက် တွေးမိတာကို ပြောပြတာပါ.........
For Firefox browser users - an indispensable extension
ReplyDeleteIf you come across some word and you don't understand on web pages
hover your mouse on that word and Press Shift key and move a bit-
within 3 secs Hero Byatta will get the meaning in Burmese characters and sentence making structure in English -
so blitzing fast and very very convenientMore ... HERE