Tuesday, August 12, 2008
ကောင်းကင်မှာလနှစ်စင်းထွန်းလင်းမဲ့သြဂုတ်လ27ရက်နေ့
တစ်ကမ္ဘာလုံးကစောင့်စားနေကြတဲ့သြဂုတ်လ၂၇ရက်နေ့
ကဲ...သူငယ်ချင်းတို့ရေ. ...လက်တို့ပြီးတော့ ပြောရဦးမယ် သတင်းထူးလေးကို သြဂုတ်လမှ စတင်၍ အင်္ဂါဂြိုလ်ဟာ အထွန်းလင်း အတောက်ပဆုံး ဖြစ်ပါလိမ့်မည်။ ၄င်းဂြိုလ်ဟာ ကြီးမားတောက်ပတဲ့ လတစ်စင်းပမာ အစွမ်းကုန် ထွန်းလင်း တောက်ပမှာပါ။ အဲဒါကတော့ သြဂုတ်လ 27ရက်နေ့မှာ အင်္ဂါ ဂြိုလ်ဟာကမ္ဘာနဲ့ မိုင်ပေါင်း 34.65 M miles စတင် နီးကပ်လာမှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ကြေငြာထား ပါတယ်။ဒါကြောင့်27th သြဂုတ်လ12:30AMမှာ ကောင်းကင်မှာ လနှစ်စင်း ပမာ ထွန်းလင်းတာကို တွေ့မြင်ကြ ရမှာပါတဲ့။ဒီတစ်ကြိမ်မှာ မကြည့်လိုက် ရရင်တော့ အင်္ဂါဂြိုလ်ဟာ ကမ္ဘာနဲ့ နီးကပ်လာဖို့ကို နောက်နှစ် 2287ခုနှစ်ထိ စောင့်ကြရ မှာတဲ့နော့်။ ကဲသူငယ်ချင်းတို့ရေ... တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး သတင်းလေးကိုဖြန့်ဝေပေး လိုက်ပါဦး ။ကြုံတောင့်ကြုံခဲမို့လို့ပါ။ တော်နေ ဒီအကြိမ် မကြည့်လိုက် ရရင်2287 ခုနှစ်ထိကို မသေချာပဲ စောင့်စား နေရမှာ စိုးလို့နော်။ :) ကဲ.. နွှဲလိုက်ကြစို့... အော်..မေ့နေမှာစိုးလို့.....နေ့ရက်က 27ရက်၊ အချိန်က မနက် 12:30၊ နေရာကတော့ မိုးကောင်းကင်မှာပါ။ လနှစ်စင်းကို စောင့်ကြည့်ဖို့ မမေ့နဲ့နော်။ :)
Labels:
သိကောင်းစရာ
Subscribe to:
Post Comments (Atom)
ကျေးဇူးဗျို့။ သူများတွေကို လက်တို့လိုက်အုံးမယ်။
ReplyDelete35 million miles ဆိုတော့ အတော်နီးလာတာဘဲ ယူကေ အချိန် ၉း၅၁ မနက်လို့ ပြောတယ်။
ReplyDeletehi..coming by to read yr blog.. nice posts u hv.. keep it going.. take care..
ReplyDeletelet's wait n see naw sis..
ReplyDeleteif u saw it,do take a pix and upload naw..
but at mid night..i suppose me me will b zzz..hehee
DREAM ရေ..
ReplyDeleteစိတ်တော့မရှိနဲ့ဗျာ။ ကျနော် မနေနိုင်လို့ ၀င်ပြောလိုက်ဦးမယ်။ တစ်ခုခု လွဲနေတယ်ထင်တယ်နော်။ ကျနော်သိသလောက်တော့ အဲဒါ ၂၀၀၃ တုန်းက ဖြစ်သွားတာဗျ။ အဲဒီကိစ္စကို အီးမေးလ်ထဲမှာလည်း ကျနော် တော်တော် လိုက်ရှင်းနေရတယ်။ ဘယ်သူက 3 နဲ့ 8 နဲ့ မှားဖတ်လည်းတော့ မသိဘူးဗျ။ ၂၀၀၃ ခုနှစ် သြဂုတ် ၂၃ မှာ ဖြစ်သွားတာပါ။ ကမ္ဘာနဲ့ ၃၄၆၄၆၄၁၈ မိုင် (ကီလိုမီတာနဲ့ဆို ၅၅၇၅၈၀၀၆ ကီလိုမီတာ) အထိ နီးကပ်ခဲ့ပါတယ်။ နောက်တစ်ကြိမ် အနီးဆုံးကို ရောက်လာမှာက ၂၀၈၂ သြဂုတ်လ ၃၀ ရက်နေ့ကျမှပါ။ ဒါပေမယ့် အဲဒီအချိန်ကျရင် ၂၀၀၃ ခုနှစ်ကထက် ၇၈၄၈၇ မိုင် ပိုဝေးပါလိမ့်မယ်။ အသေးစိတ်သိချင်ရင် ဒီမှာ သွားကြည့်နိုင်ပါတယ်ခင်ဗျာ။ အမှန်ကိုသိစေချင်တဲ့သဘောပါ။ ၀င်ရှုပ်တယ်လို့ မထင်စေချင်ပါခင်ဗျာ။ http://www.spacetoday.org/SolSys/Mars/MarsThePlanet/MarsNearEarth.html