Subscribe:

Sunday, August 31, 2008

သမီးမငယ်တဲ့မီးငယ်...အဲမှားလို့... တီတီမီးငယ်ရေ...

မြနဲ့မောင်နဲ့ခုမှတွေ့တာ..လူပါးမ၀ခင်တုန်းက....
အပြောရတော့....မြည်စရာ..ပါ....ဟား..ဟဟား....
ထမီလေးတိုတိုဝတ်ခါ...မြငယ်စဉ်မှာ....
လူထဲမ၀င်ချင်သေးတော့...

အလှပြင်ဆင်နေရှာ....ယဉ်ယဉ်ကုန်ကုန်ပြောမယ်...
တောတသက်မို့..မမေ့ရက်..နိုင်ပါ..
ရွံတွေ..သဲတွေ..ဗွက်တွေ..အုန်းတက်တွေ..
ပုတီးလုပ်ခါ..အိုးမှုတ်ခွက်ကို..ရှာ..ရှာ...

ဒေါ်လာပြားကနှစ်ကျပ်သား...လောက်ဆွဲ..တတ်တာ.....
ဘလော့ဂါများက..မြောက်စားပေမဲ့..ဟိုတုန်းကလောက်..
မပျော်ပါ.....ကျွန်မတို့ရွာကိုလိုက်လို့ပို့ပါ...........
လိုက်လို့ပို့မယ်..သူညာ..

အတောဘယ်လိုတောတော...အဆန်းဘယ်လိုဆန်း....
နားဝင်ချိုအောင်...ဘယ်လိုပြောပြော....
သဘောအကြိုက်ကိုဖြင့်....မလိုက်နိုင်ပြီတစ်ခါ....
ရွှေပြည်စိုး....ရွှေပြည်စိုး.....လွမ်းဖွယ်ပုံရာ.....

အော်...မနေ့ကအရှိန်ကခုထိမသေသေးဘူး...
အဟိ...အဟိ...

အော်..မေ့လို့..မေလို့..တီတီမီးငယ်ကိုသွားTag ပေးရဦးမယ်....
အဟင့်သူကပေါတယ်...Dreamလေးမတက်ရင်တဲ့နိုမှာတဲ့....
နိုတော့နိုပါနဲ့တီတီရယ်....(ကြက်တက်ဆူးလို့သေပါ့မယ်..)
အဲမှားကုန်ပြီ.... :P ဟီဟိ...
တီတီချိတ်ချိုးဏေယားမတိဝူး..တွားရှော့လိုက်အုန်းမယ်
ဗျို့...တီတီ...တီတီ..မယ်ငီး...အဲမွှားတွားပန်ဘီ....
တီတီ..မီးငယ်ယေ...တာမီးကလေ..တာမီးက...
မနေ့ကဦးဦးယေငြိမ်းဆီချင်တဲ့တကိုယ်တော်ရျှိုးပွဲ...(အဲ...မဟုတ်ပေါင်)
အငြိမ့်ပွဲကိုက်သွားလို့...မီးမီးကအကကျင့်ဏေရို့ပါတီတီယယ်...
ချိတ်ချိုးပါနဲ့နော်... နော်လို့်..ချိတ်ချိုးရင်တီတီကိုဂလိထိုးမှာ... :P

တီတီမီးငယ်ကတောင်းဆိုတော့လည်း(နေပူထုတ်မလှန်းဘူး) :P
အဟင့်...ဟင့်..Tagပေးရတော့မှာပေါ့....
ကဲ..ကဲ...တီတီမီးငယ်ရေ..Tagပြီနော်.....အဟေးဟေး..(ဦးရင်ငြိမ်းရယ်သံ)

မီးမီးရဲ့အကြောင်းကတော့ထွေထွေထူးထူးတော့မဟုတ်ပါဘူး...

ကိုယ့်ရဲ့နာမည်…...... Dream
ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ်…...Pretty Lady(မနာလိုမဖြစ်နဲ့နော် :P)
ကိုယ်ဒီမှာနေတယ်….......On The World
ကိုယ့်ဆီဖုန်းဆက်ချင်ရင်….....တယ်လီဖုန်းနဲ့ဆက်ပေါ့
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင်…...........ခရမ်းရောင်အပါအ၀င်အရောင်ဖျော့ဖျော့လေးကိုကြိုက်တယ်
အ၀တ်အစားဆိုရင်…..ပေါ့ပေါ့ပါးပါးလေးတွေပေါ့
အစားအစာဆိုရင်….....ရှမ်းခေါက်ဆွဲ၊ခေါက်ဆွဲပြုပ်၊ကြေးအိုးအရည်
ပစ္စည်းဆိုရင်….........ကိုယ်နဲ့သင့်တာအကုန်ကြိုက်ပေါ့
သီချင်းဆိုရင်…......popသီချင်းနဲ့ခံစားလို့ရတာအကုန်ကြိုက်
စာရေးစာဆရာ…....ပညာရှိစာရေးဆရာတွေအားလုံး
စာအုပ်…........... ကိုယ့်အတွက်အကျိုးရှိမဲ့စာအုပ်
Life style…......ကျန်းမာပျော်ရွှင်တဲ့ဘဝ
ကိုယ့်ရဲ့ဝါသနာ…......စကားပြန်၊စာဖတ်ခြင်း၊နဲ့တွေးတောခြင်း။
အလိုချင်ဆုံးလက်ဆောင်…......ဟန်ဆောင်မှုကင်းပြီးစစ်မှန်တဲ့ခင်မင်မှု
ကိုယ့်ရဲ့ အချစ်ဆုံးသူက….........ကိုယ်မမုန်းတဲ့သူပေါ့
ကိုယ့်ရဲ့ အလေးစားဆုံးသူက…......ကိုယ့်ထက်တော်တဲ့သူတွေ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက….....ကိုယ်ခင်သလိုကိုယ့်ကိုပြန်ခင်တဲ့သူ
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက….......ကိုယ်ကိုယ်တကယ်ခင်တဲ့သူ
ကိုယ့်ရဲ့ အမုန်းဆုံးသူက …............ကိုယ့်ကိုလိမ်တဲ့သူ
ရင်အခုန်ဆုံးအချိန်…...........၂၄နာရီလုံးလုံးပေါ့ :P
အကြောက်ဆုံးအချိန်….....ကိုယ်ချစ်တဲ့သူတွေကိုယ့်ကိုခွဲသွားမှာကိုပေါ့
အပျော်ဆုံးအချိန်….........စိတ်မညစ်တဲ့အချိန်ပေါ့ :P
အမှတ်တရနေ့…........အမှတ်တမှတ်နေ့လေးတွေကိုပေါ့
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု….......လို..တ..ရ..ပေါ့..
(အမွေးတိုင်မဟုတ်ဘူးနော်) :P
အချစ်ဆိုတာ…..............အမုန်းရဲ့ဆန့်ကျင်ဖက်
အမုန်းဆိုတာ…..........ချစ်ခြင်းရဲ့နောက်ကွယ်မှာပေါ့ (:P)
အချစ်ရဲ့ဆန့်ကျင်ဖက်
အလွမ်းဆိုတာ…...............တစ်ဦးနဲ့တစ်ဦးဝေးကွာတဲ့အခါဖြစ်ပေါ်လာတဲ့ခံစားမှု
သံယောဇဉ်ဆိုတာ…........ လွန်းတင်တဲ့ကြိုး..အဲ..ပိုးအိစံနဲ့ရောကုန်ပြီ.. :P
ဘ၀ဆိုတာ….......ကျော်သူစိုးလေ(ဟဲဟဲ..အဆိုတော်နဲ့မှားကုန်ပြီ):P
သံသရာမှာကျင်လည်နေတာပေါ့....အဟိ..တရားပေါက်ကုန်ပြီ :P
သူငယ်ချင်းဆိုတာ….......သူနဲ့ကိုယ်နဲ့သဘောထားချင်းတိုက်ဆိုင်တဲ့သူ
ချစ်သူဆိုတာ…......သရုပ်ဆောင်မော်လ်ဒယ်ဘွိုင်းလေ :P
(နောက်လူမတွေ့ခင်အထိကိုယ့်အနားမှာပဲရှိနေသူ)
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်…...... Pretty Lady ပါဆိုနေ..ဟွန်း.. :P
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က…........Always Try The Best
အပြောချင်ဆုံးစကားတစ်ခွန်း….......Before You Talk , Be Think Of First

ကိုင်း ဒီနေ့တော့တီတီမီးငယ်Tagခိုင်းလို့Tagလိုက်ပါပြီနော်။ဘယ်ရမလဲDream
ကလည်းကျန်နေသေးတဲ့ဘလော့ဂါဦးဦးတွေတီတီတွေကိုရေးဖို့
Tagလိုက်အုံးမယ်နော်..… Tag ခံလိုက်ရတဲ့လူများကတော့…

1.ဦးဦးမျက်လုံး(done)
2.ဦးဦးခိုင်ဘိုဘို(done)
3.ဦးဦးရင်နော်(done)
4.ဦးဦးရှင်ရဲထွတ်(done)
5.ဦးဦးဥယျာဉ်မှုး(done)
6.ဦးဦးနှလုံးသားပြတိုက်(done)
7.ဦးဦးစွမ်း(done)
8.ဦးဦးလစ်(done)
9.ဦးဦးတီးလ်(done)
10.ဦးဦးကနေဒါမြန်မာ
11.ဦးဦးသင်ကာ(done)
12.ဦးဦးဟန်သစ်ငြိမ်(done)
13.ဦးဦးမော်စီ(done)
14.ဦးဦးဇီးကွက်(done)
15.ဦးဦးဝင်းဇော်
16.ဦးဦးမိုးပြေး
17.ဦးဦးလင်းဦး(done)

1.တီတီခင်လေးငယ်(done)
2.တီတီRainbow(done)
3.တီတီဝါ၀ါ(done)
4.တီတီသွန်းသွန်း(done)
5.တီတီကြယ်စင်နတ်သမီး (done)
6.တီတီ60 (done)
7.တီတီဆောင်း
8.တီတီရောင်ပြန်(done)
9.တီတီlovely cloud
10.တီတီဖူးဖူး
11.တီတ်ီမယ်လိုဒီမောင်
12.တီတီချင်းမလေး(done)
13.တီတီရွှေပြည်သူ(done)
14.တီတီဒီဇင်ဘာနှင်း(done)
15.တီတီယုန်ကလေး(done)
16.တီတီခင်ဦးမေ(done)
17.တီတီရွှန်းမီ(done)

ဘယ်ရမလဲ..မီးမီးDreamလေးကလည်းသူတို့တွေကိုပြန်TAG
ခိုင်းလိုက်မှာပေါ့နော့်..
Tag ကြပါ။Tagကြပါ ဦးဦးတို့တီတီတို့ရေ...
(၇ရက်အတွင်းTagလုပ်တဲ့သူတွေကိုယ်ချစ်တဲ့သူနဲ့ညားပါစေနော်) :P
ဟီဟိ..အဲဒါမှ..ဟွန်း..

Saturday, August 30, 2008

အချစ်ဟာအတ္တကြောင့်တကယ်သေဆုံးခဲ့ရတာလား













ဒီနေ့တော့ အန်တီDreamက သားသားတို့ မီးမီးတို့ကို ပုံပြင်လေး တစ်ပုဒ် ပြောပြမယ်နော်.. ဟိုးရှေးရှေး တုန်းကပေါ့ကွယ် ပင်လယ်ထဲမှာ ကျွန်းလေး တစ်ကျွန်း ရှိတယ်တဲ့။အဲဒီကျွန်းလေးမှာ
ခံစားမှု မျိုးစုံဆိုတဲ့ လူတွေစုပြီး နေကြသတဲ့။ ဒီလိုနဲ့ တနေ့မှာ မုန်တိုင်း တစ်ခုက ပင်လယ်ကို ဆိုးရွားစွာ တိုက်ခိုက်လာသတဲ့။ ဒါနဲ့ကျွန်းလေးကလည်း တဖြည်းဖြည်းနဲ့ မြုပ်တော့မယ့် အခြေအနေ တွေနဲ့ကြုံ လာတာပေါ့။ အဲဒါကြောင့် အမျိုးမျိုးသော ခံစားမှုဆိုတဲ့ လူတွေဟာ ကြောက်ရွံ ကြတာပေါ့။ကြောက်မှာ ပေါ့နော်... ကျွန်းကြီးက မြုပ်တော့မှာကိုး ကလေးတို့ရဲ့။ အဲ.. ကျွန်းပေါ်က လွတ်မြောက် ဖို့အတွက် အချစ်ဆိုတဲ့ လူက ရွက်လှေကြီး တစ်ခုပြု လိုက်တာပေါ့။ ပြုလုပ်ပြီး သွားတော့ လူတွေ အားလုံးက ရွက်လှေကြီး ပေါ်တက်ပြီး ရွက်လွှင့်မယ်ပေါ့။ ဒီလိုနဲ့ အချစ်ဆိုတဲ့ လူက ဘယ်သူ ကျန်သေးလဲ ဆိုပြီး အောက်ကို ဆင်းကြည့် တာပေါ့။ ဟော..... တွေ့ပါပြီ.... အတ္တဆိုတဲ့လူ ကျန်နေ သေးတာကိုး.. ဒါနဲ့ လှေပေါ်ကို မြန်မြန်တက်ဖို့ အချစ်က အတ္တကို အကြိမ်ကြိမ် ခေါ်တာပေါ့။ ဒါပေမယ့် အချစ်က ဘယ်လောက်ပဲ ခေါ်ခေါ် အတ္တက မလိုက်ဘူးတဲ့။ အဲ.. ကျွန်းကြီးကလည်း ရေတွေ မြုပ်တော့မယ်။ နဲနဲပဲ လိုတော့တယ်။ ဒါနဲ့ လှေပေါ်က လူတွေက အချစ်ရေ အတ္တကို ထားခဲ့ပြီး လှေပေါ်မြန်မြန် ပြန်လာခဲ့လို့ အော်ပြော တာပေါ့။ဒါပေမယ့် အချစ်က ကျွန်းပေါ်မှာ အတ္တကို တစ် ယောက်ထဲ မထားခဲ့နိုင် ဘူးလေ.. အချစ်ကလည်း နေခဲ့တာပေါ့ ကလေးတို့ရဲ့.... ဒီလိုနဲ့ ရေတွေ တက်လာပြီး ကျွန်းကြီးဟာ တစ်ဖြည်းဖြည်း ရေအောက်ကို မြုပ်သွား ခဲ့တာပေါ့။ လူတွေအားလုံးက အသက်ဘေးက လွတ်မြောက် ခဲ့ပေမယ့် အချစ်နဲ့ အတ္တကတော့ ရေအောက်မှာ ဘ၀ကူး ပြောင်းသွား ခဲ့ရတာပေါ့ ကလေးတို့ရယ်.. အင်း..အတ္တကြောင့် အချစ် သေဆုံးသွား ခဲ့ရတယ်လေ။ ကဲ..ကလေးတို့ရေ.. ပုံပြင်လေး ကတော့ ဒီလောက်ပါပဲကွယ်.... ကဲ..ကလေးတို့ရေ...

ဒီပုံပြင်လေးရဲ့ အဓိပ္ပါယ်က ဘာကိုဆို လိုချင်တာလဲဆိုတာ အန်တီDreamကို Comment နေပြီး ပြောခဲ့နော်။ ဒီပုံပြင်နဲ့ ပတ်သတ်တဲ့ နောက်ဆက်တွဲလေးနဲ့ ကဗျာလေးကို တီတီ နောက်နေ့ကျမှ ပြောပြမယ်နော်... အန်တီDream ကလေ ဒီပုံပြင်လေးကို
Sweetuuuu ဆိုတဲ့လူက ပေးပို့တဲ့ မေးလ်ထဲကနေ ကလေးတို့ အတွက် မတောက်တခေါက် ဘာသာပြန်ပြီး ရေးလိုက်တယ်နော်....

Tuesday, August 26, 2008

လောကကြီးကိုအရှုံးမပေးပေါင်


မင်းလိုပဲ ငါလည်း လျှောက်တတ် ပါတယ်ကွ.. ဟွန်း... :P



ကဲ..အားလုံး လိုက်ဆို...


သမီးလေးရေ..အိပ်ပါကွယ်...မာမီချော့သိပ်မယ်


တော်ပြီ..နင်တို့နှစ်ယောက်ကြောင့်ငါစိတ်ညစ်တယ်..မခေါ်တော့ဘူး

.
အခုလို တက်ရောက် လာကြတဲ့ လူကြီးမင်းများကို ကျေးဇူးတင်ပါတယ်။ :D


ကဲပြန်လိုက်ဦးမယ်ဗျိုး.....နောက်မှတွေ့ကြတာပေါ့


ဟိတ်...လျှောက်မပြောနဲ့နော်...ဒီသုံးယောက်မှာ ငါအချောဆုံးဆိုတာ :P


အင်း..Massage ကလည်း တစ်မျိုးလေး ပါလား.. ဇိမ်ပဲ ... :P


မဆိုးဘူး..ဒီဟိုတယ်က ၀န်ဆောင်မှု ကောင်းတယ်။.. :P


ဟင့်..ကိုကိုလည်း လာသေးဘူး....


စောင့်လိုက်ရတာ ချစ်သူရယ်။ ညောင်းလာပြီ.. /ဟွန့်လူဆိုး... ခုမှလာတယ်.... :P


အခုဓာတ်ပုံ လေးတွေကို ကြည့်ပြီး သူငယ်ချင်း တွေလည်း ပြုံးမိ ရယ်မိကြ မှာပဲနော်။ တကယ်တော့ အဲဒီ ဓာတ်ပုံလေးကို ကြည့်ပြီး သင်ခန်းစာ ယူလို့ရပါတယ်။ ဒီခွေးလေးက ဘ၀ကို အရှုံး မပေးဘဲ ဖြစ်လာတဲ့ အခြေ အနေမှာ လောကကြီးကို အံတုရဲတဲ့ သတ္တိကို ပြလိုက်တာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုနဲ့ စိတ်စွမ်းအား အပြည့်ရှိတဲ့ တိရစ္ဆာန်လို ခွေးမျိုးတောင် ခြေနှစ်ချောင်းပဲ ရှိတဲ့သူရဲ့ ဘ၀ကို အရှုံးမပေးခဲ့ဘူး။

ဒီလိုပါပဲ လူသား တွေကလည်း ကိုယ်ရဲ့ ရလာတဲ့ ဘ၀မှာ တင်းတိမ်ရောင့်ရဲပြီး ဘ၀ကို အနိုင်မခံ အရှုံးအပေး ပဲ
ဒီပုံလေးထဲက သူ့လိုပဲ လောကကြီးကို သတ္တိရှိရှိနဲ့ အောင်မြင်မှု ပန်းတိုင်ကို ကြိုးစားပြီး အရောက် လှမ်းနိုင် ကြပါစေ။

Saturday, August 23, 2008

ချစ်ခဲ့တာမုန်းဖို့လား


ခဏလေး
တကယ်ကိုခဏလေးပါပဲ
ဆုံတွေ့ခဲ့ကြတဲ့အချိန်တိုလေးအတွင်းမှာ
တစ်ဦးနဲ့တစ်ဦးချစ်ခဲ့ကြတယ်..

မှတ်မှတ်ရရ
တကယ့်ကိုမှတ်မှတ်ရရလေးတွေပါပဲ
ချစ်ခဲ့ကြတဲ့အတိုင်းအတာတစ်ခုမှာ
ငါပျော်ရွှင်ခဲ့ရတယ်။

ရက်စက်မှု
တကယ်ကိုရက်စက်မှုလေးပါပဲ
ပျော်ရွှင်နေတဲ့ငါ့ဘ၀ကို
ကံကြမ္မာမုန်တိုင်းထန်ခဲ့တယ်

ခါးသီးမှု
တကယ့်ကိုခါးသီးမှုတွေပါပဲ
ကံကြမ္မာမုန်တိုင်းရဲ့အောက်မှာ
တို့နှစ်ယောက်လမ်းခွဲခဲ့ရတယ်

တိတ်တိတ်လေး
တကယ့်ကိုတိတ်တိတ်လေးပါပဲ
လမ်းခွဲကြရတဲ့အချိန်လေးမှာ
အလွမ်းဝေဒနာတွေနဲ့ငါ့ရင်မှာဗလောင်ဆူခဲ့ရတယ်။

Sunday, August 17, 2008

တိတ်တိတ်လေးပဲလွမ်းနေမယ်...


ငါ့နှလုံးသား
ငါ့အချစ်
ငါ့မာန
ငါ့ဘဝ
ဒါတွေအားလုံး
နင့်အတွက်ပေးပြီးခါမှ

ငါ့နှလုံးသားကိုဓါးနဲ့မွန်း
ငါ့အချစ်ကိုပျက်ရယ်ပြု
ငါ့မာနကိုထိပါး
ငါ့ဘ၀ကိုဖျက်ဆီး.......သွားတဲ့သူရယ်
ငါနင့်ကိုအမုန်းမဖက်
အပြုံးမပျက်ဘဲ
တိတ်တိတ်လေးပဲ
လွမ်းနေတော့မယ်.....

Friday, August 15, 2008

ကိုယ့်ရဲ့တန်ဖိုးရှိတဲ့လက်ကိုဘယ်လိုကျန်းမာအောင်ထားမလဲ

နည်းပညာတွေ တိုးတက်လာတဲ့ ဒီခေတ်ကြီးထဲမှာ လူတိုင်းလူတိုင်း ကွန်ပြူတာကို အသုံးပြု ကြပါတယ်။ ဒီလိုအသုံးပြု တဲ့အခါ နည်းစနစ်မှန်ဖို့လည်း အလွန်အရေး ကြီးပါတယ်။ဒါမှလည်း ကျန်းမာရေးနဲ့ ညီညွတ်မှာလေ။ ဒါကြောင့် မမတစ်ယောက် ပို့ပေးတဲ့ မေးလ်ထဲကနေ Dream သူငယ်ချင်းတွေလည်း သိရအောင် ထပ်ဆင့်မျှဝေ ပေးလိုက်ပါတယ်နော်။ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ လက်ကလေးကို အသုံးပြုပြီး ကွန်ပြူတာ သုံးနေကြတဲ့ ချစ်သူငယ်ချင်း တွေလည်း သိထားတော့ ဆောင်ရန်၊ရှောင်ရန် လုပ်လို့ရတယ်လေ။ ကဲဒီပို့စ်လေး ဖတ်ပြီး ကိုယ့်ရဲ့ လက်ကလေး တွေကို Take Care လုပ်ကြရအောင်နော်....


See the exercise recommended.
Correct Postures

Here are some correct postures which should be used while using a computer to reduce stress and other ill effects.







Please take good care of your wrist while using the keyboard and mouse of your computer.

Long term repetitive action stress can lead to Carpal Tunnel.
You could end up going under a surgery that looks like this:







Plz don't Ignore this mail
Follow the simple exercises in this email


Carpal Tunnel Syndrome and Manual therapy
Exer! cises for relief from Carpal Tunnel Syndrome


While you are receiving treatment for Carpal Tunnel Syndrome regular exercise sessions can help your rapid recovery. We have included some photos and explanations of recommended exercises.

The following exercises may be prescribed by your healthcare provider in conjunction with Low Level Laser therapy. In the photos you will see below, the right wrist is the one being exercised. If your left wrist is affected, do the same exercises with the left hand.

When doing each of these exercises, the hand should be flexed until a sensation of stretching is felt in the arm. The position should be held for 10 to 15 seconds for each of 10 repetitions. Try to this set of exercises three times a day.
Exercises 1 and 2 flex and ex! tend the hand and stretch the wrist. Bend the hand as shown in the pho tos and apply moderate pressure to it with the other hand.

n i d o k i d o sExercise 1 - Wrist Flexion Bend the hand being exercised backward ( palm away from you ), as shown in the photos. With the fingers of the other hand, apply pressure.
(Click on photo for larger view)

n i d o k i d o s
n i d o k i d o sExercise 2 - Wrist Extension Bend the hand being exercised forward ( palm toward you ), ! as shown in the photos. With the fingers of the other hand, apply pressure.

Exercises 3 and 4 are similar to 1 and 2 except that an object, such as a pad provides the resistance to the hand, instead of your other hand.


n i d o k i d o sExercise 3 - Wrist Flexion against surface With your arm held vertically, press your hand, palm down, on a firm surface, as shown in the photo..



n i d o k i d o sExercise 4 - Wrist Extension against surface With your arm held vertically, press your hand, palm up, on a firm surface, as shown in the photo.

Exercises 5 and 6 in! volve the side to side range of motion of the hand.



n i d o k i d o sExercise 5 - (Radial Deviation) Place your hand palm downward. Grasp the fingers of the hand to be exercised with your other hand (as shown in the photo) and twist the hand toward you. Keep the hand horizontal.

Exercise 6 - (Ulnar Deviation)
Place your hand palm downward. Grasp the fingers of the hand to be exercised with your other hand (as shown in the photo) and twist the hand away from you. Keep the hand horizontal.

Dream ချစ်တဲ့ သူငယ်ချင်း တွေလည်း ဒီပို့စ်ထဲက လေ့ကျင့်ခန်း အတိုင်း လေ့ကျင့်နိုင် ပါစေနော်။ အားလုံးပဲ ကျန်းမာ ပျော်ရွှင်နိုင်ပါစေလို့.....

Tuesday, August 12, 2008

ကောင်းကင်မှာလနှစ်စင်းထွန်းလင်းမဲ့သြဂုတ်လ27ရက်နေ့



တစ်ကမ္ဘာလုံးကစောင့်စားနေကြတဲ့သြဂုတ်လ၂၇ရက်နေ့


ကဲ...သူငယ်ချင်းတို့ရေ. ...လက်တို့ပြီးတော့ ပြောရဦးမယ် သတင်းထူးလေးကို သြဂုတ်လမှ စတင်၍ အင်္ဂါဂြိုလ်ဟာ အထွန်းလင်း အတောက်ပဆုံး ဖြစ်ပါလိမ့်မည်။ ၄င်းဂြိုလ်ဟာ ကြီးမားတောက်ပတဲ့ လတစ်စင်းပမာ အစွမ်းကုန် ထွန်းလင်း တောက်ပမှာပါ။ အဲဒါကတော့ သြဂုတ်လ 27ရက်နေ့မှာ အင်္ဂါ ဂြိုလ်ဟာကမ္ဘာနဲ့ မိုင်ပေါင်း 34.65 M miles စတင် နီးကပ်လာမှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ကြေငြာထား ပါတယ်။ဒါကြောင့်27th သြဂုတ်လ12:30AMမှာ ကောင်းကင်မှာ လနှစ်စင်း ပမာ ထွန်းလင်းတာကို တွေ့မြင်ကြ ရမှာပါတဲ့။ဒီတစ်ကြိမ်မှာ မကြည့်လိုက် ရရင်တော့ အင်္ဂါဂြိုလ်ဟာ ကမ္ဘာနဲ့ နီးကပ်လာဖို့ကို နောက်နှစ် 2287ခုနှစ်ထိ စောင့်ကြရ မှာတဲ့နော့်။ ကဲသူငယ်ချင်းတို့ရေ... တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး သတင်းလေးကိုဖြန့်ဝေပေး လိုက်ပါဦး ။ကြုံတောင့်ကြုံခဲမို့လို့ပါ။ တော်နေ ဒီအကြိမ် မကြည့်လိုက် ရရင်2287 ခုနှစ်ထိကို မသေချာပဲ စောင့်စား နေရမှာ စိုးလို့နော်။ :) ကဲ.. နွှဲလိုက်ကြစို့... အော်..မေ့နေမှာစိုးလို့.....နေ့ရက်က 27ရက်၊ အချိန်က မနက် 12:30၊ နေရာကတော့ မိုးကောင်းကင်မှာပါ။ လနှစ်စင်းကို စောင့်ကြည့်ဖို့ မမေ့နဲ့နော်။ :)

Monday, August 11, 2008

သူငယ်ချင်းတွေအတွက်ဝိုင်လက်ဆောင်

Dreamဒီနေ့အဖိုးတန်wineလေးတွေလက်ဆောင်ရလာတယ်လေ။

ဒါကြောင့်Dreamချစ်တဲ့သူငယ်ချင်းတွေကိုအိမ်လာလည်ရင်တိုက်မယ်ဆိုပြီးပြင်ဆင်ထားတယ်။

ကိုယ်ကြိုက်နှစ်သက်တဲ့ဝိုင်ပုလင်းလေးတွေကိုScroll bar

လေးဆွဲပြီးတော့တာယူသောက်နော်...အားရပါးရတာသောက်သိလား..

အမြည်းအတွက်လည်းဘာမှမပူနဲ့Dreamပြင်ဆင်ပေးထားတယ်။ :P

အားလုံးစိတ်ကျသာသုံးဆောင်နော်။ပျော်ပျော်ရွှင်ရွှင်ပေါ့.....နော် ..

သူငယ်ချင်းတွေအားလုံးCheers..... :P





BassBall


Football


Wedding


Drinking Coffee


American Football


Waitress


Playing Golf


Japan Samurai


Chinese General


Shopping Lady


Handsome Man


Playing Tennis


Capatain


သောက်လည်းသောက်မူးလည်းမမူးစေနဲ့နော်...

ဝိုင်ကကျန်းမရေးနဲ့ညီညွတ်တယ်။မိန်းလေးတွေနဲ့လည်းသင့်တော်တယ်။ ကဲ...
Gan Pei... ( Cheers)